ဆန်းကြယ်ဒုက္ခများကို အပေါ်စီးမှ ရှုမြင်ခြင်း
Vol. 142 Ch. 1955
ထိုသက်လတ်ပိုင်းလူက အကွာအဝေးတစ်ခုထံ လှမ်းကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ငါ “ကပ်ဘေးတစ်ခုကနေ စောပြီး နိုးလာခဲ့တာပဲ…”
သူက ခေါင်းငုံ့ကာ သူ့အောက်ဘက်မှ အပျက်အစီးပုံကို ကြည့်ပြီး နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ သူ့နတ်ဘုရားအာရုံက အလွန်အစွမ်းထက်ကာ သူ ရှိနေသော ကုန်းမြေ၏ တလက်မမကျန်ကို ချက်ခြင်း ဖုံးလွှမ်းသွားသည်။
သူသည် ဟိုးလွန်ခဲ့သောအချိန်က သူ ဒီသို့ ရောက်လာခဲ့ကာ ဒီနေရာကို ဖျက်စီးခဲ့တာကို ခပ်ရေးရေး မှတ်မိ၏။ ဒီနေရာရှိ သက်ရှိတိင်းကို သတ်ဖြတ်ပြီး သူက သေခြင်းအော်ရာကို စုပ်ယူခဲ့ကာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
သူ၏တွက်ချက်မှုအရတော့ သူသည် ကပ်ဘေးငါးခုပြီးမှ နိုးထလာသင့်ပေ၏။ သို့သော် ခုချိန်၌ သူသည် ကပ်ဘေးတစ်ခုထက် စော၍ နိုးလာခဲ့လေပြီ။
“ငါ့စိတ်ဝိညာဉ်ရဲ့အောက်ခြေက ငါ့နှလုံးသားကို တုန်လှုပ်စေတဲ့အော်ရာက ငါ့ကို စောလျှင်စွာ နိုးထလာစေခဲ့တာပဲ။ ဒါက တူညီတဲ့အော်ရာအမျိုးအစားတစ်ခုပဲ။ အလားတူ တည်ရှိမှုမျိုး မွေးဖွားလာခဲ့တာလား…”
ထိုသက်လတ်ပိုင်းလူက ငြိမ်သက်စွာ စဉ်းစားနေ၏။
ထိုအော်ရာ ထွက်ပေါ်လာသော ဦးတည်ရာ၌ တချို့မှတ်ဉာဏ်များ ရှိသည်ကို သူ ဝိုးတဝါး ခံစားမိချေ၏။
“အဲ့နေရာဟာ စောင့်ကြပ်သူ ရှိနေတဲ့ နေရာ ဖြစ်လောက်တယ်…”
သက်လတ်ပိုင်းလူက ခဏတာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ထရပ်၏။ သူ ထရပ်လာသည့်အခါ တစ္ဆေအလင်းတစ်ခု တောက်ပကာ ဝတ်ရုံနက် ပေါ်လာ၏။ ထိုဝတ်ရုံနက်က သူ့မျက်နှာကို ဖုံးအုပ်ထားပြီး သူ၏ တုန်လှုပ်ဖွယ်ဆံပင်ရှည်တို့သာ ဝတ်ရုံကို ထွင်းဖောက်၍ အထူးနည်းလမ်းတစ်ခုဖြင့် နေရာတွင် လွင့်ကျနေသည်။
သူက ကောင်းကင်ထက်သို့ လျှောက်လှမ်း၏။ သူ၏နောက်မှ ဆံပင်ရှည်တို့သည် အနက်ရောင်နဂါးတစ်ကောင်အလား ထင်ရသည်။ သူသည် တဖြည်းဖြည်း ကောင်းကင်ထက်သို့ ပျံတက်သွားရင်း အနက်ရောင်နဂါးပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုသည်က ဒီသက်လတ်ပိုင်းလူကို အနက်ရောင်နဂါးတစ်ကောင် ဖြစ်စေသည့်အလား။ သူသည် ဒီနေရာနှင့် အလွန်အလှမ်းကွာဝေးလှသော အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ ရှိရာအရပ်သို့ ဦးတည်၍ ပျံသန်းလာတော့သည်။
သူ၏ အမြန်နှုန်းဖြင့်ပင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရောက်ဖို့ နှစ်ပေါင်းရာချီ လိုအပ်ပေလိမ့်မည်။
အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ အစိမ်းရောင်ကင်းမြှီးကောက်ဘုံကျောင်းအတွင်းနက်ပိုင်းတွင်မူ ဝမ်လင်းက သူ့ရှေ့ရှိ ဆန်းကြယ်အနှစ်သာရသုံးခုကို ကြည့်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူက ရှေ့သို့ လက်ညွှန်လိုက်သည်။
ထိုသို့ဖြင့် ဆန်းကြယ်အနှစ်သာရသုံးခုသည် စတင် စုဝေးလာကာ ဖြည်းဖြည်းချင်း ပေါင်းစပ်သည်။ ထိုအနှစ်သာရတို့မှာ ဝမ်လင်း၏ ကိုယ်ပိုင်နယ်ပယ်နှင့် နားလည်သဘောပေါက်မှုကနေ မွေးဖွားလာခဲ့တာ ဖြစ်၏။
သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်အမှား အနှစ်သာရတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် လှုံ့ဆော်ကာ တစ်ခုချင်းစီသည် ပြောင်းလဲမှု ဖြစ်လာ၏။ ယင်းတို့က ဝမ်လင်းရှေ့တွင် ဖြည်းဖြည်းချင်း ပေါင်းစည်းကြသည်။
သေခြင်းရှင်ခြင်းအနှစ်သာရအတွင်း၌ ဝမ်လင်းက ဟင်္သာပြဒါးဂြိုဟ်ကို မြင်၏။ တနူးမိသားစု၏ မျိုးဆက်သုံးဆက်ကို တွေ့မြင်သည်။
ကံမ္မအနှစ်သာရတွင် ဝမ်လင်းက လျှိုမေကို တွေ့မြင်၏။ ဝမ်ပိုင်ကို တွေ့မြင်၏။ သူကိုယ်တိုင် အဖေတစ်ယောက် ဖြစ်ခဲ့တာကို တွေ့မြင်၏။
အမှန်အမှားအနှစ်သာရတွင် သူသည် စုတောက်၊ နှစ်ပေါင်းခြောက်ဆယ်အိပ်မက်နှင့် ရင်းနှီးသိကျွမ်းသော မျက်နှာများစွာကို တွေ့မြင်သည်။
ထိုဆန်းကြယ်အနှစ်သာရသုံးခုသည် ဝမ်လင်းအဖို့ အနှစ်သာရသပ်သပ် မဟုတ်လေတော့ပေ။ ယင်းတို့မှာ မိုးကောင်းကင်ကို ဖိဆန်သည့် သူ၏ဘဝပင်။
“သေခြင်းရှင်ခြင်းအနှစ်သာရကို အသုံးပြုပြီး ငါဟာ သေမျိုးအဖြစ်ကနေ ထွက်ခွာခဲ့တယ်။ ကံမ္မအနှစ်သာရကို အသုံးပြုပြီး တာအိုကို ရရှိခဲ့တယ်။ အမှန်အမှားအနှစ်သာရကို အသုံးပြုပြီး နားလည်ထွင်းဖောက်မှုကို ရခဲ့တယ်…”
“သေခြင်းရှင်ခြင်းအတွင်းမှာ ငါ့ရဲ့ ဗရမ်းဗတာ ဖြစ်နေတဲ့အတွေးတွေဟာ ကံမ္မကို မွေးဖွားပေးခဲ့တယ်။ ဒီကံမ္မအတွင်းမှာ ငါဟာ ငါ့တာအိုကို သေချာခိုင်မာအောင် ဆက်လုပ်ခဲ့တယ်။ အဆုံးသပ်မှာတော့ အမှန်နဲ့အမှားကြားမှာ ငါ့တာအိုရဲ့ နေရာကို ရှာဖွေခဲ့တယ်…”
“သေခြင်းရှင်ခြင်းပြီးတော့ ကံမ္မ၊ ကံမ္မပြီးတော့ အမှန်နဲ့အမှား၊ အမှန်အမှားပြီးတော့ ဒါဟာ တာအိုထံ ဝင်ရောက်တာလား…”
“ဒီဆန်းကြယ်အနှစ်သာရသုံးခုကို ပေါင်းစပ်ဖို့ဟာ မခက်ခဲဘူး။ ဒါတွေက ငါ့ကြောင့် မွေးဖွားလာခဲ့တာ။ ငါ့ကြောင့် ဖြစ်ပေါ်လာခဲ့တာ။ ငါ့ကြောင့်ပဲ ပေါင်းစည်းလိမ့်မယ်…”
ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်ကာ သူ့ညာလက်ကို ဝေ့ယမ်း၏။ ဆန်းကြယ်အနှစ်သာရသုံးခုသည် မြန်ဆန်စွာပင် စတင်လှည့်ပတ်ကာ တစ်ခုနှင့်တစ်ခု ပေါင်းစည်းကြလေ၏။
ယင်းတို့ ပေါင်းစည်းနေကြစဉ် သူက သူ၏အနှစ်သာရများကို ကြည့်၏။ ထိုပေါင်းစည်းမှုအတွင်း ဝမ်လင်းသည် သူ့ဘဝ မွေးဖွားလာခဲ့ချိန်မှစ၍ အရာအားလုံးကို တွေ့မြင်သည်။
သူသည် သူ့မိဘနှစ်ပါး၏အုတ်ဂူရှေ့တွင် ဒူးထောက်နေသော သူ့ကိုယ်သူကို တွေ့မြင်၏။
သူသည် လီမူဝမ်၏ ခန္ဓာကိုယ်ကို ထွေးပွေ့ကာ ကောင်းကင်ထက်သို့ အော်ဟစ်နေသော သူ့ကိုယ်သူကို တွေ့မြင်သည်။
သူသည် လျှိုမေက သူ့ကလေးကို မွေးပေးခဲ့သည်ကိုလည်း သိလာခဲ့သည်ကို တွေ့မြင်သည်။ သူသည် ထိုကလေးမှာ မကျေမချမ်းမှုနှင့် ပြည့်ပြီး သူ့နှလုံးသား နာကျင်ရသဖြင့် သွေးအန်ခဲ့ရပုံအဖြစ်ကိုလည်း တွေ့မြင်သည်။
သူက လီချန်မေသည် သူ့ရုပ်တုအပေါ် ဆယ်နှစ်လုံးလုံး မျက်ရည်များ ကျဆင်းခဲ့၊ သွေးစက်များ ဖြည့်တင်းပေးခဲ့တာကိုလည်း တွေ့မြင်သည်။
“ဒါဟာ ငါ့ဘဝတခုလုံးပဲ…” ဝမ်လင်းသည် သက်ပြင်းချလိုက်၏။ ဆန်းကြယ်အနှစ်သာရသုံးခု ပေါင်းစည်းနေကြစဉ် သူ၏မျက်နှာက အိုမင်းသွားသည်ဟု ထင်ရသည်။
အချိန်ကုန်လွန်လာသည်။ ဝမ်လင်းက သူ့ကိုယ်ပိုင်မှတ်ဉာဏ်များကို ပြန်ပြောင်းစဉ်းစားနေရင်း ထိုအနှစ်သာရသုံးခုက ငြိမ်သက်စွာ ပေါင်းစည်းနေကြ၏။
ထိုအနှစ်သာရသုံးခု ပေါင်းစည်းခြင်းက ဝမ်လင်း၏ မှတ်ဉာဏ်များ ပြည့်နေသော အစင်းကြောင်းတစ်ခုသို့ ပြောင်း၏။ ထိုအစင်းကြောင်းက စက်ဝန်းတစ်ခုအသွင်သို့ ပြောင်းကာ သူ့နှဖူးထက်တွင် ခပ်နှိပ်၏။
ထိုစက်ဝန်း ခပ်နှိပ်သည့်အခိုက်တွင် ဝမ်လင်း၏မျက်လုံးထဲရှိ အတိတ်ကို အောက်မေ့မှုတို့ ပျောက်ကွယ်သွားကာ ရွှေရောင်အလင်းက အစားထိုး ဝင်ရောက်သည်။
ထိုရွှေရောင်အလင်းအတွင်း၌ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က ထပ်မံတိုးတက်လာ၏။ သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာသည့်အခါ အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်အတွက် ရည်ရွယ်ထားသော စွမ်းအားမှာလည်း ဝမ်လင်း၏ စုပ်ယူခြင်းကို ခံရသည်။
အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်၏ အစိတ်အပိုင်းအများစုသည်ပင် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်၏ စုပ်ယူခြင်းကို ခံလိုက်ရလေပြီ။
သို့သော် ထိုမျှက မလုံလောက်သေးပေ။ လောက၏ စွမ်းအားအများအပြားက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်အဆင့်နှင့်သာ နီးကပ်သွားစေနိုင်၏။
ဆန်းကြယ်အတိဒုက္ခအဆင့်သို့ ဝင်ရောက်ပြီး ဆန်းကြယ်အတိဒုက္ခကိုးခု ရောက်ရှိလာမည်ကို ရင်ဆိုင်ဖို့အတွက် မလုံလောက်သေးပေ။
သူသည် လောက၏စွမ်းအားကို နောက်ထပ် လိုအပ်နေသေး၏။
ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာကာ သူက ချက်ခြင်းပင် ပါးစပ်ဟ၍ ရှိုက်သွင်း၏။ သူ ရှိုက်သွင်းလိုက်စဉ် လောက၏စွမ်းအားက ဒီကင်းမြှီးကောက်ဘုံကျောင်းအတွင်းသို့ အရှိန်အဟုန်နှင့် ဝင်ရောက်လာကာ ဝဲကတော့ကြီးတစ်ခု ဖြစ်လာ၏။
ထိုရုတ်တရက် ပြောင်းလဲမှုက အစိမ်းရောင်မိစ္ဆာကုန်းမြေပေါ်ရှိ ကျင့်ကြံသူအားလုံး၏ အာရုံကို စိုက်မိလာစေသည်။ အစိမ်းရောင်မိစ္ဆာကုန်းမြေနှင့် ကောင်းကင်ဘုံနွားထီးကုန်းမြေတို့ကြား တိုက်ပွဲက အဆုံးသပ်ခါနီးလာခဲ့ပြီပင်။ ကျင့်ကြံသူများစွာ သေဆုံးပြီးနောက် အစိမ်းရောင်မိစ္ဆာကုန်းမြေ၌ ကျင့်ကြံသူ မြောက်များစွာ မကျန်တော့ပေ။
သို့သော် ကျန်နေသော ကျင့်ကြံသူအားလုံးကမူ အစွမ်းထက်ကြ၏။
အထူးသဖြင့် မရေမတွက်နိုင်သော တပည့်များ သေဆုံးပြီးနောက် မိစ္ဆာတာအိုကလန်၌ ကလန်၏သုံးဆယ်ရာခိုင်နှုန်းလောက်သာ ကျန်ရစ်တော့၏။ သို့ပေမည့်လည်း သူတို့၏ ကလန်ခေါင်းဆောင်က လွန်ခဲ့သောနှစ်တစ်ရာခန့်က တံခါးပိတ်ကျင့်ကြံဖို့ သွားခဲ့ပြီး ခုထိတိုင် မထွက်လာသေးပေ။
သည်အခိုက်တွင် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ဗဟိုချက်၊ အစိမ်းရောင်မိစ္ဆာကျောင်းတော်၌ ဖြစ်ပွားလာသော ပြောင်းလဲမှုကို ဒီကုန်းမြေ၏ ကလန်အမျိုးမျိုးမှ ကျင့်ကြံသူများသည် ခံစားမိသည်။
အစိမ်းရောင်မိစ္ဆာ ပြန်ရှင်သန်ထမြောက်လာပြီဟု ကောလဟာလကို ကြားသိသော လူတိုင်းက ၎င်းပြောင်းလဲမှု ဖြစ်စဉ်ကို ခံစားမိကြ၏။ သည်အခိုက်တွင် အလင်းတန်းဆယ်ခုကျော်ကာ ဒီကင်းမြှီးကောက်ဘုံကျောင်းထံ ဦးတည်လာကြ၏။ မိစ္ဆာတာအိုကလန်မှ အလင်းတန်းနှစ်ခုလည်း ရောက်ရှိလာပြီး အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်၏ ပြန်ရှင်သန်ထမြောက်မှုကို မျက်မြင်တွေ့လိုကြသည်။
အစိမ်းရောင်ကင်းမြှီးကောက် ဘုံကျောင်းပတ်လည်ရှိ ဖြစ်စဉ်က လပေါင်းများစွာ ကြာမြင့်၏။ သည်အချိန်အတောအတွင်း လောက၏ စွမ်းအားအများအပြားသည် သည်နေရာထံ အရူးအမူး စုဝေးကုန်သည်။ ရောက်လာကြသော ကျင့်ကြံသူများသည် အနီးအနားသို့ မကပ်လာဝံ့ကြပေ။ သူတို့သည် ဒီဖြစ်စဉ်၏ အစွန်းအဖျားကနေသာ စောင့်ကြည့်နေကြသည်။
လောက၏စွမ်းအားအားလုံးက ဒီလပေါင်းများစွာအတွင်း ဝမ်လင်း၏ခန္ဓာကိုယ်ထဲ တရကြမ်း တိုးဝင်စီးဆင်း၏။ သူ၏ကျင့်ကြံမှုက ပို၍ မြင့်မားလာနေသည်။ ယနေ့တွင် သူ၏ကျင့်ကြံမှုက ရုတ်တရက် ပေါက်ကွဲကာ သူ၏ခန္ဓာကိုယ်တွင်း၌ ကျယ်လောင်စွာ မြည်ဟိန်းသံများ ပဲ့တင်ထပ်ကုန်သည်။
ကျယ်လောင်စွာ မြည်ဟိန်းသံများ ပဲ့တင်ထပ်သည့်အခါ၌ သူ၏ကျင့်ကြံမှုအဆင့်သည် ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်သို့ ရောက်ရှိသည်။
ဝမ်လင်းသည် ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်သို့ ရောက်လာသည့်အခါ၌ မျက်လုံးဖွင့်လာ၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဒြပ်စင်ငါးခုအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သည်။
ထိုအခါ ဝမ်လင်း၏စွမ်းအားသည် အဆများစွာ ခုန်တက်လာ၏။
မကြာမီတွင် သူက ညာလက်ကို ဝေ့ယမ်းပြန်၏။ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းမိုးကြိုးအနှစ်သာရခန္ဓာကိုယ်က ရှေ့သို့ လှမ်းလာပြီး ဝမ်လင်း၏ခန္ဓာကိုယ်နှင့် တထပ်တည်း ဖြစ်သွား၏။ မိုးကြိုး အက်သံများ တစီစီ တညံညံ ထွက်ပေါ်ကာ ၎င်းက ဝမ်လင်းနှင့် ပေါင်းစပ်၍ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်း ဖြစ်လာသည်။
မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ပေါင်းစပ်သွားသည့်နောက် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ တုန်လှုပ်ဖွယ်အော်ရာ ပေါက်ကွဲထွက်လာ၏။ သူက သူ့ကိုယ်ပိုင်ခွန်အား မြင့်တက်လာပြီကို ခံစားမိသည်။ သည်အခိုက်၌ သူသည် ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ် မပါဘဲနှင့် လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နှင့်ပင် တိုက်ခိုက်နိုင်လေပြီ။
ဤသည်က သူ သတ်ဖြတ်ခြင်းမိုးကြိုးကို အသုံးမပြုသေးပေ။ သူသာ ထိုကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းမိုးကြိုးကို စွန့်စား၍ အသုံးပြုပါက ထိုအဖျက်အစီးစွမ်းအားသည် မည်မျှ ပြင်းထန်မည်ကို သူ ကိုယ်တိုင်ပင် မသိတော့ချေ။
ထိုမိုးကြိုးသည် သူ မရည်ရွယ်ဘဲ ဖန်တီးခဲ့မိခြင်း ဖြစ်ကာ ၎င်းကို သူ မထိန်းချုပ်နိုင်ပေ။
ထိုပြင်းထန်သောခံစားချက်က သူ့ကိုယ်သူ ယုံကြည်မှု ရစေ၏။
ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို နောက်ပစ်လျက် မော့ကြည့်၏။ သူ၏အကြည့်က ကင်းမြှီးကောက်ဘုံကျောင်းကို ထွင်းဖောက်ကာ အထက်ရှိ ကောင်းကင်ကို လှမ်းမြင်သည်။ သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည့်အခါ သူက ကင်းမြှီးကောက်ဘုံကျောင်းတခုလုံးကို တွေ့မြင်သည်။
ယွမ်ရီဖန်တို့သုံးယောက်မှာ ဒီနေရာတွင် မရှိတော့ပေ။ သူတို့က ဒီနေရာတွင် ဆက်မနေဝံ့ကြတော့ခြင်း ဖြစ်၏။
ခုချိန်၌ ဝမ်လင်းအဖို့ ဆန်းကြယ်ဒုက္ခကိုးခုကို ရင်ဆိုင်ရတော့မည် ဖြစ်၏။
“ဆန်းကြယ်ဒုက္ခကိုးခုကို တခါတည်းနဲ့ ငါ ဖြတ်ကျော်နိုင်ပြီး လေဟာနယ်အတိဒုက္ခအဆင့်ကို ရောက်တာနဲ့ မိစ္ဆာတာအိုကလန်တစ်ခုလုံးကို ငါ ဖျက်စီးပစ်မယ်…။ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူတွေပါ ဖျက်စီးပစ်ခံရမယ်…”
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတို့ အတိပြီး၏။ သူ့ထံ အားကောင်းလှသော သတ်ဖြတ်လိုစိတ် ပြည့်နေသည်။
အပေါ်သို့ မော့ကြည့်ကာ ဝမ်လင်းသည် စောင့်နေသည်။
သူက သူ့ကို လေဟာနယ်အတိဒုက္ခအဆင့်သို့ ဝင်ရောက်စေနိုင်မည့် ဆန်းကြယ်ဒုက္ခများ ကျဆင်းလာမည်ကို စောင့်နေခြင်းပင်။
သူသည် မည်သည့်ဆန်းကြယ်ဒုက္ခအဆင့်ကိုမျှ မမြင်ဖူးခဲ့ပေ။ သို့သော် သူသည် အထက်၌ ရပ်ကာ ထိုဆန်းကြယ်ဒုက္ခများ၏ အလှတရားကို ကြည့်မြင်ဖို့ ယုံကြည်ချက် ရှိပေ၏။
ရှေးဟောင်းအချိန်များတည်းက ဆန်းကြယ်ဒုက္ခများကို ရင်ဆိုင်ဖို့ အရည်အချင်း ရှိသော လူတိုင်းသည် အလွန်အမင်း သတိထားကာ စိုးရိမ်ပူပန်မှု ရှိကြ၏။ မဟာအင်ပါယာများသည်ပင် သူတို့ မဟာအင်ပါယာများ မဖြစ်လာခင်က ထိုသို့ ဖြစ်ခဲ့ကြသည်ပင်။ ဝမ်လင်းကဲ့သို့ လူမျိုးကမူ အတော့်ကို ရှားပေလိမ့်မည်။