← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း (၂၆၂) ထမင်းတစ်နပ်တည်းအတွက် ယွမ်ရှစ်သိန်း ကုန်ကျခြင်း

"ကောင်းပြီလေ... ဒါဆိုရင် ကျွန်မလည်း အားနာမနေတော့ဘူးနော်"

ဝမ်ဝမ်သည် အင်မတန် ဈေးအကြီးဆုံး ဟင်းလျာများအားလုံးနီးပါးကို မှာယူလိုက်ပြီးနောက် မီနူးကို သူမ၏ဘေးရှိ မိန်းကလေးများထံသို့ ကမ်းပေးလိုက်လေ၏။

ထိုမိန်းကလေးများသည်လည်း တကယ်ကို အားနာခြင်း မရှိကြချေ။ ဈေးကြီးသမျှ အကုန်လုံးကို မှာယူကြပေသည်။

အချို့ဆိုလျှင် နှစ်ပွဲပင် မှာယူလိုက်ကြသေး၏။

တစ်ပွဲကို အခုစားပြီး နောက်တစ်ပွဲကို ပါဆယ်ဆွဲသွားရန် ဖြစ်လေသည်။

အစားအသောက်များ မှာယူပြီးနောက်။

ဝမ်ဝမ်က ခေါင်းမော့ကာ အိုယန်ဝူကို တည်ကြည်စွာ ကြည့်ကာ ပြောလိုက်သည်။

"အချိန်တွေ ဆက်မဖြုန်းကြတော့ဘူးလေ... ကျွန်မရဲ့ တောင်းဆိုချက်တွေကို ပြောပြမယ်... ရှင်က အိုယန်မိသားစုက ဆိုတာ ကျွန်မသိတယ်... ဒါပေမဲ့ အခု ရှင့်ရဲ့ အိုယန်မိသားစု အခြေအနေ ဘယ်လိုဖြစ်နေလဲ ဆိုတာကိုတော့ ကျွန်မ ဂရုမစိုက်ဘူး"

"တကယ်လို့ ကျွန်မတို့ လက်ထပ်ဖြစ်ရင် ရှင့်ရဲ့ အိုယန်မိသားစု ငွေကြေးအင်အားအရ တင်တောင်းငွေ ယွမ် ဆယ်သန်းဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

"ပြီးတော့ ရှင်က ကျွန်မကို စတုရန်းမီတာ ၅၀၀ ထက်ကျယ်တဲ့ ဗီလာတစ်လုံး ပေးရမယ်... အဲဒါကို ကျွန်မနာမည် တစ်ယောက်တည်းနဲ့ပဲ ထားရမယ်"

"ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ အိုယန်မိသားစု ဒေဝါလီခံရရင်တောင် ကျွန်မ နေဖို့ နေရာတစ်ခု လိုသေးတယ်လေ"

"ဒါက..."

အိုယန်ဝူ ထပ်မံ၍ မျက်မှောင်ကြုတ်သွားလေ၏။

ဘာမှတောင် မစရသေးဘူးလေ။

အခုကတည်းက တင်တောင်းငွေနဲ့ အိမ်အကြောင်း စပြောနေကြပြီလား။

အကယ်၍ အိုယန်မိသားစုသာ ဒီတစ်ကြိမ် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည်ဆိုလျှင် တင်တောင်းငွေ ယွမ် ဆယ်သန်းကို တတ်နိုင်ပါသေးသည်။

သို့သော် သူ၏ရှေ့ရှိ မိန်းမကမူ...

အိုယန်ဝူတွင် အချစ်ရေး အတွေ့အကြုံ နည်းပါးခြင်းသာဖြစ်ပြီး အမျိုးသမီးများကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခြင်းမျိုး မဟုတ်ချေ။

အမျိုးသမီးတစ်ဦး ကောင်း၊ မကောင်းကို သူ ခွဲခြားနိုင်စွမ်း ရှိသေးသည်။

ဤမိန်းကလေး၏ နာမည်မှာ ဝမ်ဝမ် ဖြစ်ပေ၏။ သူမသည် အတော်လေး ကြည့်ကောင်းသော်လည်း သူမ၏ ဝတ်စားဆင်ယင်မှုနှင့် စကားပြောဆိုပုံအရ သူမမှာ ဖြူစင်တဲ့ မိန်းကလေးတစ်ယောက် လုံးဝ မဟုတ်မှန်း သိနိုင်ပေသည်။

"နောက်တစ်ချက်က ကျွန်မတို့ရဲ့ ဝမ်ဝမ်က လက်ထပ်ပြီးရင် ကလေးမယူနိုင်ဘူးနော်... ကလေးမွေးတာက သူ့ကို မြန်မြန် အိုမင်းရင့်ရော်စေပြီး အရေးအကြောင်းတွေ ဖြစ်လာစေနိုင်လို့ပဲ"

"ဟုတ်တယ်... ဟုတ်တယ်... တကယ်လို့ ကျွန်မတို့ ဝမ်ဝမ်ကို အပြင်ထွက်လည်ဖို့ ခေါ်ချင်ရင် သူက အချိန်မရွေး အဆင်သင့် ဖြစ်နေရမယ်"

"ရှင်တို့နှစ်ယောက် တွဲဖြစ်မယ်ဆိုရင် ရှင့်အနေနဲ့ ဝမ်ဝမ်အတွက် အခုကတည်းက ဇိမ်ခံကားတစ်စီး ဝယ်ပေးသင့်တယ်လို့ ကျွန်မ ထင်တယ်... ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ အိုယန်မိသားစုက ဒေဝါလီခံလုနီးပါး ဖြစ်နေပြီဆိုတော့ အခု သုံးနိုင်တဲ့ ပိုက်ဆံတစ်ပြားက မြတ်တဲ့ တစ်ပြားပဲလေ"

အနီးအနားရှိ အမျိုးသမီးအချို့က ဝင်ရောက်ပြောဆိုလိုက်ကြ၏။

ဝမ်ဝမ်က ပြုံးနေလေသည်။

တားဆီးခြင်းလည်း မရှိသလို ငြင်းဆန်ခြင်းလည်း မရှိချေ။

ဤသည်မှာ အပါးနပ်ဆုံးသော နည်းလမ်းပင် ဖြစ်ပေ၏။

အကယ်၍ သူမ ကိုယ်တိုင်သာ ဤစကားများကို ပြောလိုက်ပါက သူမအား ရုပ်ဝတ္ထုမက်မောသူတစ်ဦးအဖြစ် မလွဲမသွေ မြင်သွားစေနိုင်သည်။

သို့သော် သူငယ်ချင်းဖြစ်သူက ပြောပေးခြင်းကတော့ ကွာခြားပေ၏။

ယောကျာ်းတစ်ယောက်အနေဖြင့် အကယ်၍ သင်က မဖြည့်ဆည်းပေးနိုင်ပါက လူအများရှေ့တွင် အရှက်ကွဲရမည်ဖြစ်ပြီး အကယ်၍ ဖြည့်ဆည်းပေးလိုက်ပါက သင်သည် အသုံးချခံ ငတုံးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ချန်ဖုန်းသည် သူတို့၏ သရုပ်ဆောင်မှုကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

‘ဒီမိန်းမက တကယ့် ဂရင်းတီးဘစ်ချ် အစစ်ပဲ…’

အိုယန်ဝူက အတင်းအကျပ် ပြုံးလိုက်၏။ သူ၏ရှေ့ရှိ မိန်းကလေးမှာ သူရှာဖွေနေသူ မဟုတ်ကြောင်း ယခုအခါတွင် သူ သေချာသွားလေပြီ။

အိုယန်မိသားစုတွင် သားတစ်ယောက်တည်းသာ ရှိလေသည်။

အဘိုးကြီးက သူ့ကို လက်တွဲဖော်ရှာရန် အဆက်မပြတ် တိုက်တွန်းနေခြင်းမှာ သူ လက်ထပ်ရန်အတွက်သာမကဘဲ အိုယန်မိသားစု၏ မျိုးဆက်ကို ဆက်လက်ထိန်းသိမ်းထားရန်လည်း ဖြစ်ပေ၏။

‘ကလေးမွေးရင် မြန်မြန် အိုမင်းရင့်ရော်စေတယ် ဟုတ်လား...

အချိန်မရွေး အပြင်ထွက်လည်ဖို့ အဆင်သင့် ဖြစ်နေရမယ် ဟုတ်လား...

ဟီးဟီး…’ဟု တွေးရင်း အိုယန်ဝူက

ကြိတ်ရယ်လိုက်၏။

"အိုယန်ဝူ... ရှင်က ဘာလို့ ဘာမှမပြောရတာလဲ... ကျွန်မကို အထင်သေးနေတာလား"

ဝမ်ဝမ်က ရင်ကော့ကာ အဆင့်မြင့်သူတစ်ဦးကဲ့သို့ ခံစားရင်း ပြောဆိုလိုက်သည်။

"မထင်ပါဘူး..."

အိုယန်ဝူက စကားဆက်မပြောချင်တော့ချေ။

ထိုအချိန်၌ သူတို့မှာထားသော အစားအသောက်များ ရောက်လာခဲ့ပေသည်။

စားပွဲအပြည့် ဟင်းလျာများပင်။

"သခင်လေးအိုယန်... ကျွန်မတို့ ဝိုင် နည်းနည်းလောက် မှာလို့ ရမလားရှင့်"

အမျိုးသမီးတစ်ဦးက ပြုံးဖြီးဖြီးဖြင့် ပြောဆိုလိုက်သည်။

အိုယန်ဝူ ပြန်မဖြေရသေးမီမှာပင် တစ်ဖက်လူက ဝိတ်တာထံမှ ဝိုင်ပုလင်း အတော်များများကို မှာယူပြီးနေလေပြီ။

သူတို့က တစ်ပုလင်းလျှင် ယွမ် တစ်သိန်းခန့် တန်ဖိုးရှိသော ဝိုင်နီ ခြောက်ပုလင်းကို မှာယူလိုက်ကြခြင်း ဖြစ်ပေ၏။

တစ်ယောက်ကို တစ်ပုလင်းစီပင်။

ချန်ဖုန်းသည် မိန်းကလေးတစ်ဦးက ဝိုင်နီတစ်ပုလင်းကို သူမ၏ အိတ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်သည်ကိုပင် မြင်တွေ့လိုက်ရသေးသည်။

ခဏတာ တိတ်ဆိတ်သွားလေ၏။

ချန်ဖုန်းသည် အဓိပ္ပာယ်မရှိ စကားပြောနေကြသော ထိုလူစုကို ကြည့်ရင်း သူတို့ကို ဂရုမစိုက်တော့ချေ။ သူသည် ဖုန်းကိုထုတ်ကာ ယွင်ထင်ထံသို့ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။

စောစောက ရှန်ယန်းယန်းသည် စိတ်ဓာတ်ကျနေကြောင်း သိသာထင်ရှားလှပြီး နောက်ရက်အနည်းငယ်တွင် ယွင်ထင်က သူမအား လမ်းညွှန်မှုနှင့် ခွန်အားများပေးနိုင်မည်ဟု သူ မျှော်လင့်မိပေသည်။

နာရီဝက်ကြာပြီးနောက်။

သူတို့၏ အစားအသောက်များကို စား၍ လုနီးပါး ဖြစ်သွားခဲ့ပြီ။

"အိုယန်ဝူ... ဒီနေ့ ရှင်က ကျွန်မအပေါ်မှာ အထင်ကြီးစရာ ကောင်းတဲ့ ပုံရိပ်တစ်ခု ချန်ထားခဲ့နိုင်တယ်... နောက်တစ်ခါ ထပ်တွေ့ကြတာပေါ့... ဘာပဲဖြစ်ဖြစ် ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသေးတာမဟုတ်တော့ ပိုပြီး နားလည်အောင် လုပ်ဖို့ လိုသေးတယ်လေ"

ဝမ်ဝမ်က ပြုံးလျက် ပြောဆိုလိုက်၏။

"ကြည့်ရတာပေါ့..."

အိုယန်ဝူက မည်သည့် စိတ်ဝင်စားမှုမျှ လုံးဝ မပြသခဲ့ချေ။

သူက ဝိတ်တာကို ခေါ်လိုက်ပြီး မီနူးပေါ်ရှိ ဈေးနှုန်းများကို ကြည့်ရှုလိုက်သည်။

ထို့နောက် သူ့နှုတ်ခမ်းများ ရုတ်တရက် တွန့်ကွေးသွားတော့၏။

‘ရှစ်သိန်းတောင်…’

ထို့နောက် သူမတို့က ဝိုင်နီ ခြောက်ပုလင်း မှာထားသော်လည်း တစ်ပုလင်းသာ သောက်ခဲ့ကြပြီး ကျန်ငါးပုလင်းကို အိတ်များထဲ ထည့်သွားကြသည်ကို သူ သတိရသွားလေသည်။

‘ဒါက တကယ့်ကို...

လွန်လွန်းတယ်...

မင်းတို့က ဘလိုင်းဒိတ် (Blind Date) တွေ့ဖို့ လာတာ သေချာရဲ့လား…’ဟု တွေးရင်း ဒေါသထွက်လာတော့သည်။

"ဝမ်းကွဲအစ်ကို... ကျွန်တော် ရှင်းလိုက်မယ်"

ချန်ဖုန်းက မတ်တတ်ရပ်ကာ ဖုန်းကိုထုတ်၍ QR ကုတ် ဖတ်ပြီး ယွမ် ၃၀၀ ကို တိုက်ရိုက် လွှဲပေးလိုက်လေသည်။

ဝိတ်တာမှာ မှင်တက်သွား၏။

"လူကြီးမင်း... ကျသင့်ငွေ စုစုပေါင်းက ၈၀၃,၀၀၀ ပါခင်ဗျာ..."

"ငါတို့က ရေ နည်းနည်းပဲ သောက်ခဲ့တာဆိုတော့ ဒီ ယွမ် ၃၀၀ ကို လက်ဖက်ရည်ဖိုးလို့ပဲ သဘောထားလိုက်..."

ချန်ဖုန်းက သူ့ရှေ့ရှိ ပန်းကန်များနှင့် တူများကို ညွှန်ပြကာ ပြောလိုက်သည်။

"ကြည့်လိုက်... ငါတို့ ပန်းကန်တွေ တူတွေကိုတောင် မကိုင်ရသေးဘူး... ကျန်တဲ့ ပိုက်ဆံကို သူတို့ဆီ တောင်းလိုက်... အစားအသောက်တွေကို အဲဒီ မိန်းမတွေပဲ စားသွားတာလေ"

အိုယန်ဝူမှာ အံ့အားသင့်သွားချေသည်။

ဒီလိုမျိုးတောင် လုပ်လို့ရတယ်လား...

သူနှင့် ချန်ဖုန်းသည် ရေကို အဝသောက်ထားပြီးဖြစ်ကာ တူများကိုပင် မကိုင်ခဲ့ကြချေ။

သူတင် မဟုတ်ပေ။

ဝိတ်တာမှာလည်း မှင်တက်သွားလေ၏။

မျက်နှာချင်းဆိုင်ရှိ ဝမ်ဝမ်အပါအဝင် မိန်းကလေး ခြောက်ဦးမှာလည်း မျက်လုံးပြူးသွားကြပေသည်။

သူမတို့၏ မျက်နှာများမှာ လုံးဝ ပြာယာခတ်သွားကြလေ၏။

ဝမ်ဝမ်က တုံ့ပြန်ရန် အချိန်အနည်းငယ် ယူလိုက်ရပြီး သူမ၏မျက်နှာမှာ ချက်ချင်းပင် အလွန် ကြည့်ရဆိုးသွားတော့သည်။

"အိုယန်ဝူ... ရှင် ဘာသဘောလဲ"

"ဒါက ဘလိုင်းဒိတ် (Blind Date) တွေ့တာလေ... ရှင်က မိန်းကလေးတွေကို ပိုက်ဆံရှင်းခိုင်းနေတာလား... ရှင်က ယောကျာ်းကောင်းတစ်ယောက် မဟုတ်ဘူးလား"

"ရှင် လက်တွဲဖော် မရှာတွေ့နိုင်တာ အံ့သြစရာ မရှိပါဘူး... ရှင်က ဒီလိုလူမျိုးကိုး"

"ငါ..."

အိုယန်ဝူမှာလည်း အနည်းငယ် ဒေါသထွက်သွားပေ၏။

ချန်ဖုန်းက ရယ်မောကာ ပြောဆိုလိုက်သည်။

"ဘလိုင်းဒိတ် သက်သက် ဟုတ်လား... လူငါးယောက်လောက် ခေါ်လာပြီး ထမင်းတစ်နပ်ကို အကြီးအကျယ် စားတဲ့ ဘလိုင်းဒိတ် မျိုးကို မင်း မြင်ဖူးလို့လား"

"တစ်ခါတည်းနဲ့ ယွမ် ရှစ်သိန်းတောင် သုံးတဲ့ ဘလိုင်းဒိတ် မျိုးရော မြင်ဖူးလား"

"ဒီနေရာမှာ လူတစ်ယောက်ကို ပျမ်းမျှ ယွမ် ငါးထောင်လောက်ပဲ ကျတာလေ... မင်းတို့က ငါတို့ကို အသုံးချခံ ငတုံးတွေလို့ တကယ် ထင်နေတာလား"

"နင်..."

ဝမ်ဝမ်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားလေ၏။

ချန်ဖုန်းအား အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွားပေသည်။

အခြားမိန်းကလေးများမှာလည်း ထပ်တူပင် ဒေါသထွက်နေကြ၏။ သူမတို့သည် လူများစွာကို လိမ်လည်ခဲ့ဖူးပြီး ထိုယောကျာ်းများသည် မျက်နှာပျက်မည်စိုး၍ အမြဲလိုလို ပိုက်ဆံရှင်းပေးခဲ့ကြလေသည်။

ယနေ့ကဲ့သို့သော အခြေအနေမျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးချေ။

"ဘာလဲ... ငါပြောတာ မှားလို့လား"

ချန်ဖုန်းက လှောင်ပြောင်သော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။

"ဟန်ဆောင်မနေကြနဲ့တော့... ဒါက ဘာချီးလို ဘလိုင်းဒိတ် မျိုးလဲ... မင်းတို့ အချောင်ခိုစားနေတာ တစ်ခါမှ မဟုတ်တော့ဘူးလေ"

"ဒီနေ့ မင်းတို့ကို ပညာပေးလိုက်မယ်"

"စကားပုံတစ်ခု ရှိတယ်လေ... 'ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုးတယ်လို့ ထင်ရင်တောင် သတ္တိရှိရှိ ရှေ့ဆက်သွားရမယ်' တဲ့"

"ဆင်းရဲနေရင်တောင် မင်းတို့ အလကားစားခဲ့တဲ့ ထမင်းအတွက် ပိုက်ဆံရှင်းရမှာပဲ..."

ထိုသို့ ပြောဆိုပြီးနောက် သူက အိုယန်ဝူကို ဆွဲခေါ်သွားလေ၏။

ဝိတ်တာက အစပိုင်းတွင် သူတို့ကို တားဆီးရန် ကြိုးစားခဲ့သည်။

သို့သော် သူတို့က ရေသောက်ပြီး ရေဖိုးရှင်းပြီးသွားပြီဖြစ်ရာ သူတို့ကို တားဆီးရန် အကြောင်းပြချက် မရှိတော့ချေ။

"လူကြီးမင်းတို့... ခင်ဗျားတို့ သွားလို့ မရဘူးနော်..."

ဝမ်ဝမ်နှင့် အခြားသူများလည်း ထွက်သွားရန် ပြင်နေသည်ကို မြင်သောအခါ

ဝိတ်တာက သူတို့ကို အလျင်အမြန် တားဆီးကာ ဘေလ်ပြေစာကို ကမ်းပေးရင်း ပြောလိုက်သည်။

"ခင်ဗျားတို့ရဲ့ စုစုပေါင်း ကျသင့်ငွေက ယွမ် ၈၀၀,၀၀၀ ပါ... ကျေးဇူးပြုပြီး ပိုက်ဆံရှင်းပေးပါ"

"ရှင်က ကျွန်မတို့ကို ဘာလို့ တားနေတာလဲ... ဟိုယောကျာ်း နှစ်ယောက်ဆီ သွားတောင်းလေ"

ဝမ်ဝမ်က ဒေါသတကြီး ပြောဆိုလိုက်၏။

"ထမင်းစားတာ မိန်းမက ပိုက်ဆံရှင်းတယ်လို့ ရှင် ဘယ်မှာ မြင်ဖူးလို့လဲ... အမြဲတမ်း ယောကျာ်းကပဲ ရှင်းရတာ မဟုတ်ဘူးလား... သူက ကျွန်မကောင်လေးလေ... သူ့ဆီသာ သွားတောင်း"

သူမက စကားပြောရင်း ဝိတ်တာကို တွန်းဖယ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

အခြားအမျိုးသမီးများကလည်း ထပ်တူပင် မောက်မာစွာ ပြောဆိုလိုက်ကြ၏။

"ဟုတ်တယ်... ငါတို့ တကယ်ကို ဗဟုသုတ အသစ်ရသွားပြီပဲ... ပိုက်ဆံမှ မရှိရင် ဘလိုင်းဒိတ် သွားတွေ့နေတာ ဘာအဓိပ္ပာယ်ရှိမှာလဲ... ကပ်စေးနှဲလိုက်တာ..."

All Chapters