← Chapters

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း (၂၆၆) လှုပ်ရှားမှု စတင်ခြင်း

"မင်း..."

ဟယ်ရွှိုက်မှာ အလွန်အမင်း အံ့အားသင့်သွားပြီး ဒေါသလည်း ထွက်သွားလေ၏။

ဒေါသထွက်စရာ အကောင်းဆုံးမှာ မိမိအား သေလုမတတ် ရိုက်နှက်ပြီးနောက် အမြတ်ထွက်သွားသည်ဟု သူက ပြောနေခြင်းပင်။

‘မင်းရဲ့ ဖင်ကို အမြတ်ထွက် လိုက်ပါလား…’

အံ့အားသင့်စရာ အကောင်းဆုံးမှာ လုကျွင်း၏ လက်မောင်းကို ချန်ဖုန်းက ဖြတ်ပစ်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် သူ၏ဖခင် လုရှောင်ရှင်း၏ လက်မောင်းကိုလည်း ချန်ဖုန်းက ဖြတ်ပစ်ခဲ့ခြင်း ဖြစ်မည် မဟုတ်လော။

ထိုအခိုက်အတန့်၌

သူ အလန့်တကြား အသက်ရှူမှားသွားရတော့၏။

သူ၏ဘေးရှိ လူနှစ်ယောက်မှာလည်း ထပ်တူပင် ဆွံ့အသွားကြလေသည်။

‘အဲဒီ မြေခွေးအိုကြီး လုရှောင်ရှင်းက ဒီနေ့မှ ဘာလို့ လိမ္မာနေတာလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး... တကယ်တော့ နောက်ကွယ်မှာ ဒီလိုကိစ္စတွေ ရှိနေခဲ့တာကိုး…’ဟု သူတို့တွေးလိုက်၏။

ဟယ်ရွှိုက်သည် မလှမ်းမကမ်းရှိ ကျန်းထျန်ရှန်းနှင့် ရှန်ကွမ်ဖန်ယွင်တို့ကို ရုတ်တရက် ကြည့်လိုက်ပေ၏။

ထို့နောက် သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "ဝန်ကြီးကျန်း ခင်ဗျားက စစ်ဘက်ဆိုင်ရာဌာနရဲ့ ဝန်ကြီးတစ်ယောက် ဖြစ်နေက်စရာနဲ့ ဒီကိစ္စကို ဘာမှ မလုပ်တော့ဘူးလား..."

"ချန်ဖုန်းက လူ့အသက်ကို ဂရုမစိုက်ဘဲ ဥပဒေကို လေးစားမှုမရှိတဲ့ သစ္စာဖောက်ပဲ..."

"ဒီနေ့ သူက ငါ့ခေါင်းကို ရိုက်ခွဲရဲတယ် ပြီးတော့ လုမိသားစု သားအဖရဲ့ လက်မောင်းတွေကိုလည်း ဖြတ်ရဲတယ်..."

"မနက်ဖြန်ကျရင် ခင်ဗျားတို့ရဲ့ စစ်ဘက်ဆိုင်ရာဌာနထဲကိုတောင် ဓားကိုင်ပြီး ဝင်လာရဲလိမ့်မယ်..."

"ငါလည်း မတတ်နိုင်ဘူး..."

ကျန်းထျန်ရှန်းက တည်ငြိမ်စွာ ပြောဆိုလိုက်၏။ "မစ်အိုယန်က သေဆုံးသွားတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီ မင်းက သူ့အကြောင်းကို ခဏခဏ ပြောနေတာက သေဆုံးသွားတဲ့သူအပေါ် လေးစားမှု မရှိတာပဲ... ဒါကြောင့် မင်း အရိုက်ခံရတာ မှန်ပါတယ်..."

"ခင်ဗျား..."

ဟယ်ရွှိုက်မှာ အလွန် စိတ်အနှောင့်အယှက်ဖြစ်ပြီး ဒေါသထွက်သွားပေသည်။

သို့သော် သူ၏ ဒေါသများကို ကျန်းထျန်ရှန်းအပေါ်သို့ ပုံချ၍ မရနိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ သူသည် စစ်ဘက်ဆိုင်ရာဌာန၏ ဝန်ကြီးဖြစ်လေသည်။

သူတို့၏ အာဏာနှင့် ဩဇာလွှမ်းမိုးမှုမှာ အလွန်ကြီးမားလှပေ၏။

"မင်းတို့တွေ သေလမ်းရှာနေတာကို ရပ်လိုက်သင့်ပြီ နည်းပြချန်က အခု စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်ဖြစ်ပြီး ဟွာရှနိုင်ငံ တစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့ စွမ်းဆောင်မှုတွေ လုပ်ပေးခဲ့တာကွ..."

"အဲဒါက အထူးအဆင့် ဂုဏ်ပြုမှုတစ်ခုပဲ..."

"အိုယန်မိသားစုက ဘာပဲဖြစ်ဖြစ် သူ့အမေရဲ့ မိသားစုလေ..."

"မင်းတို့က အိုယန်မိသားစုကို အကြိမ်ကြိမ် ဖိနှိပ်ခဲ့ရုံသာမက အခု နည်းပြချန်ကိုပါ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေသေးတယ်..."

"ဟေ့ကောင် တကယ်လို့ သူ မင်းကို သတ်လိုက်ရင်တောင် သေရုံပဲ ရှိမှာ ငါတော့ ဂရုစိုက်နေမှာ မဟုတ်ဘူး..."

ဤစကားများကို ကြားချိန်တွင်။

ပရိသတ်များကြားတွင် နောက်ထပ် ဆူညံပွက်လောရိုက်မှုများ ထွက်ပေါ်လာခဲ့ပြန်၏။

ဟယ်ရွှိုက်၏ ဦးနှောက်မှာ ထူပူသွားပြီး မိုးကြိုးပစ်ခံလိုက်ရသည့်အလား ထိုနေရာတွင်ပင် အေးခဲသွားတော့သည်။

စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ် ဟုတ်လား။

သူက အထူးအဆင့် ဂုဏ်ပြုမှုတောင် ရထားတာလား။

မည်သို့သော အမှတ်အသားဖြစ်နေပါစေ။

ယခုအခါ သူစော်ကား၍ရသော လူ မဟုတ်တော့ချေ။

အံ့သြစရာ မရှိတော့ဘူး။

ဒီနေ့ အဘိုးကြီးအိုယန် ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေတာလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး။

လုရှောင်ရှင်းက လက်တစ်ဖက် ဆုံးရှုံးသွားတာတောင် ဘာလို့ အသံမထွက်ရဲတာလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး။

ယခုအခိုက်အတန့်၌

ဟယ်ရွှိုက်သည် သူ၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ဘေးရှိ လူနှစ်ယောက်မှာလည်း ထပ်တူပင် ထိတ်လန့်နေပုံရပေသည်။

စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်ဆိုသော ဂုဏ်ပုဒ်နှင့်ဆိုလျှင် အိုယန်မိသားစုသည် သေချာပေါက် အခြေအနေကို ပြောင်းပြန်လှန်နိုင်တော့မည် ဖြစ်၏။

…

အခြားတစ်ဖက်တွင်မူ။

အိုယန်မိသားစု၏ အပြင်ဘက် မှောင်မိုက်သော ထောင့်တစ်နေရာ၌။

အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော လူဒါဇင်ပေါင်းများစွာသည် ထိုနေရာတွင် ပုန်းအောင်းနေကြပေသည်။

သူတို့ထဲမှ တစ်ယောက်က မေးမြန်းလိုက်သည်။ "ခေါင်းဆောင် ငါတို့ ဘယ်တော့ လှုပ်ရှားကြမလဲ..."

"ခဏလောက် ထပ်စောင့်ဦး..."

ခေါင်းဆောင်ဖြစ်သူက နာရီကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။ "မစ္စတာဝမ်က ညစာစားပွဲမှာ လှုပ်ရှားလိမ့်မယ် ဒါပေမဲ့ ဒီနေ့ ညစာစားပွဲမှာ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခု ရှိနေတယ် ကျန်းထျန်ရှန်းနဲ့ ရှန်ကွမ်ဖန်ယွင်တို့ အဲဒီမှာ ရှိနေကြတယ်..."

"သူတို့နဲ့အတူ စစ်ဘက်ဆိုင်ရာဌာနက ကျွမ်းကျင်သူတွေ ပါလာတာ သေချာတယ်..."

"ဒါကြောင့် ငါတို့ရဲ့ ရည်ရွယ်ချက်က အိုယန်မိသားစု ခြံဝင်းထဲကို ခိုးဝင်ပြီး ပစ္စည်းရှာဖို့ သက်သက် မဟုတ်တော့ဘူး..."

"တခြား ရည်ရွယ်ချက် ရှိသေးလို့လား..." လူတစ်ယောက်က ခဏတာ ရပ်တန့်ကာ မေးလိုက်သည်။

သူတို့သည် အိုယန်မိသားစု၏ အနီးအနားသို့ ခိုးဝင်လာခဲ့ကြပြီး အားလုံးမှာ ထိုအချိန်က ပစ္စည်းကို ရှာဖွေရန် ဖြစ်ပေ၏။

တကယ်တော့ အဲဒါက ဘာလဲဆိုတာ သူတို့ မသိခဲ့ကြချေ။အရင်ဆုံး ရှာကြည့်ကြတာပေါ့လေ။

ခေါင်းဆောင်ဖြစ်သူက ခေါင်းခါယမ်းလိုက်သည်။ "ပစ္စည်းတစ်ခုကို ရှာတာက တစ်ပိုင်းပေါ့ ဒါပေမဲ့ ငါတို့လူတွေ ဒီအိမ်ကို အကြိမ်ကြိမ် လာခဲ့ပေမဲ့ အခုထိ ရှာမတွေ့သေးဘူးလေ..."

"ဒီတစ်ခါတော့ အကောင်းဆုံးဖြစ်အောင် ရှာကြတာပေါ့..."

"တကယ်လို့ ရှာမတွေ့ရင် ငါတို့က ပိုကြီးမားတဲ့ ဆူညံပွက်လောရိုက်မှုတစ်ခု ဖန်တီးပြီး ညစာစားပွဲ ဧရိယာဆီကနေ စစ်ဘက်ဆိုင်ရာဌာနက လူတချို့ကို ဆွဲဆောင်ရမယ်..."

"အဲဒီလိုဆိုရင် မစ္စတာဝမ် လှုပ်ရှားရတာ ပိုလွယ်ကူသွားမှာပေါ့..."

"ရှင်းပါပြီ..."

လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။

ခေါင်းဆောင်ဖြစ်သူက အချိန်ကို ထပ်မံစစ်ဆေးလိုက်ပြီး အမိန့်ပေးလိုက်သည်။

"လှုပ်ရှားတော့..."

လူဒါဇင်ပေါင်းများစွာသည် အိုယန်မိသားစု၏ ဘိုးဘွားပိုင်အိမ်ကြီးရှိရာသို့ ပြေးထွက်သွားကြလေ၏။

သူတို့မှာ မယုံနိုင်လောက်အောင် လျင်မြန်ကြပေသည်။

ဆယ်စက္ကန့်ပင် မပြည့်မီမှာ သူတို့သည် အထဲသို့ ပြေးဝင်သွားခဲ့ကြပြီ ဖြစ်သည်။

၎င်းတို့က လူစုခွဲရန် ပြင်လိုက်ချိန်မှာပင် ခြံဝင်းအတွင်းရှိ သစ်ပင်တစ်ပင်အောက်တွင် လက်ထဲ၌ ဓားကြီးတစ်လက်ကို ကိုင်ဆောင်ကာ ထိုင်နေသော လူတစ်ယောက်ကို သူတို့ ရုတ်တရက် သတိပြုမိသွားကြလေ၏။

"ပင်မနတ်ဘုရား လဲ့ယန်လား..."

ခေါင်းဆောင်ဖြစ်သူက လဲ့ယန်၏ သရုပ်မှန်ကို မှတ်မိသွားပေသည်။

ယခုကာလအတွင်း အဇူရာနန်းတော်မှ လူများသည် အလွန် တက်ကြွနေကြပြီး ပင်မနတ်ဘုရားဆယ်ပါးမှာလည်း အလွန် နာမည်ကြီးနေခဲ့၏။

အထူးသဖြင့် လဲ့ယန်၏ လက်နက်များပင် ဖြစ်သည်။၎င်းက အလွန် သိသာထင်ရှားလွန်းလှပေ၏။

လဲ့ယန်သည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ပြုံးဖြီးဖြီးဖြင့် ပြောဆိုလိုက်သည်။ "ငါ့ရဲ့ လက်နက်က အရမ်း သိသာထင်ရှားလွန်းလို့ ညစာစားပွဲကို ယူသွားဖို့ အဆင်မပြေဘူးလို့ နန်းတော်သခင်က ပြောတယ် ဒါကြောင့် ငါ့ကို အိုယန်မိသားစုကို စောင့်ကြည့်ခိုင်းထားတာ..."

"မင်းတို့လို ပိုးကောင်လေးတွေ တကယ် ရောက်လာလိမ့်မယ်လို့ ငါ မယုံနိုင်ဘူး..."

"အဇူရာနန်းတော်သခင်လား..."

(/ ရှုရာ နေရာမှာ အဇူရာ လို့ပြောင်းထားပါသည်)

ခေါင်းဆောင်ဖြစ်သူ၏ ဆံပင်များပင် ထောင်မတ်သွားရချေ၏။

အဇူရာနန်းတော်သခင်က ညစာစားပွဲမှာ ရှိနေတာလား။

ထိုသို့ဆိုလျှင်... မစ္စတာဝမ် တစ်ခုခု မှားယွင်းသွားနိုင်သလား။

"ဆုတ်ခွာ..."

"ဆုတ်ကြ ဒါ ထောင်ချောက်ပဲ…”

ယခုအခါ မစ္စတာဝမ်၏ဘက်တွင် အဖြစ်အပျက်များ ပြောင်းလဲသွားရုံသာမက သူတို့ဘက်တွင်လည်း အပြောင်းအလဲများ ရှိနေလေပြီ။

ခေါင်းဆောင်ဖြစ်သူသည် မည်သည့်စကားမျှ မဆိုတော့ဘဲ လှည့်ပြေးလေတော့၏။

မကြာသေးမီက အဇူရာနန်းတော်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သူတို့အားလုံး ကြားသိခဲ့ပြီးဖြစ်သည်။

အဇူရာသခင်လေးသည် ယခင် နန်းတော်သခင်ကို ဖယ်ရှားကာ မိမိကိုယ်ကိုယ် အဇူရာနန်းတော်သခင်အဖြစ် ကြေညာခဲ့ခြင်းပင်။

ထို့အပြင် မြောက်ပိုင်းနယ်စပ်တိုက်ပွဲတွင်လည်း။

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများကို မဆိုထားနှင့် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာပင် သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည် မဟုတ်လော။

မစ္စတာဝမ်ကတော့ သေချာပေါက် ပြီးသွားပြီပဲ။

"အခု ရောက်လာမှတော့ မင်းတို့ ဒီတိုင်း ထွက်သွားလို့ ရမယ်လို့ ထင်နေတာလား..."

လဲ့ယန်၏ အငွေ့အသက်များ ချက်ချင်း ပေါက်ကွဲထွက်လာပြီး သူ၏လက်ထဲရှိ ဓားကြီးသည် မှုန်ဝါးဝါးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ လျင်မြန်သော လေတိုးသံတစ်ခုနှင့်အတူ ရှေ့သို့ ခုတ်ပိုင်းချလိုက်လေသည်။

ဝှစ်…

နောက်အခိုက်အတန့်၌။

အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပေ၏။

မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် လူငါးဦးသည် ခါးမှနေ၍ နှစ်ပိုင်း ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

"အရမ်း အားကောင်းတာပဲ..."

ခေါင်းဆောင်ဖြစ်သူမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏ ဦးရေပြားပင် ကျိန်းစက်သွားရချေသည်။

အဇူရာနန်းတော်မှ လူများ ဝင်ပါလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မထင်မှတ်ထားခဲ့ချေ။

"ပြေး လူစုခွဲပြီး ပြေးကြ..."

ခေါင်းဆောင်ဖြစ်သူက အော်လိုက်ပြီး အခြားတစ်ဖက်သို့ လှည့်ပြေးလေ၏။

သို့သော် ထိုအခိုက်အတန့်မှာပင်...

ပုံရိပ်များသည် အရပ်မျက်နှာအသီးသီးမှ ထွက်ပေါ်လာကြပြီး သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြပေသည်။

အဇူရာနန်းတော်မှ အဖွဲ့ဝင်အချို့သည် ဤနေရာတွင် ပုန်းကွယ်နေခဲ့ကြပြီး ဖြစ်လေ၏။

သူတို့ ထောင်ချောက်ထဲသို့ တည့်တည့်ဝင်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းပင်။

"သေစမ်း..."

လဲ့ယန်က ရှေ့သို့ လှမ်းတက်လိုက်ချိန်တွင်

ဓားကြီးက အလျားလိုက် ခုတ်ပိုင်းထွက်သွားလေ၏။

လူအနည်းငယ်ကို လွယ်ကူစွာ ရှင်းလင်းပြီးနောက် သူသည် ခေါင်းဆောင်ဖြစ်သူထံသို့ သူ၏ ဓားဖြင့် ခုတ်ချလိုက်သည်။

ထိုလူသည် လဲ့ယန်၏ ဓားကြီးကို လုံးဝ ယှဉ်နိုင်စွမ်း မရှိချေ။ ကာကွယ်ရန် ကြိုးစားစဉ် သူ၏ လက်များမှာ ချက်ချင်းပင် ကျိုးပဲ့သွားတော့၏။

ထို့နောက် သူက အော်ဟစ်လိုက်လေသည်။

နောက်ခနတွင် သူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ကျသွားပေ၏။

သူ၏ အသက်ရှူနှုန်းများမှာလည်း ကစဉ့်ကလျားနှင့် ပုံမမှန် ဖြစ်လာခဲ့သည်။

လဲ့ယန်က သူ့ကို နင်းထားကာ ရယ်မောကာ ပြောလိုက်သည်။ "မင်း သေလို့ မရဘူး ငါတို့ရဲ့ နန်းတော်သခင်က နောက်မှ မင်းကို မေးခွန်းတွေ မေးလိမ့်မယ် တကယ်လို့ မင်း သေသွားရင် ငါ ဘယ်လိုလုပ် ရှင်းပြရမလဲ..."

စကားပြောနေစဉ်မှာပင် သူက တစ်ဖက်လူ၏ ဦးခေါင်းကို နောက်ထပ် ဓားတစ်ချက်ဖြင့် ရိုက်ချလိုက်၏။

ထိုရန်သူ့ ခေါင်းဆောင်သည် ချက်ချင်း သတိလစ်သွားလေတော့သည်။

သူတို့၏ ပတ်ပတ်လည်ရှိ တိုက်ပွဲများသည် လျင်မြန်စွာ ဖြစ်ပေါ်ပြီး လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပေသည်။

ဤလူများသည် သိပ်မစွမ်းလှချေ။

ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ဦးတစ်ယောက်မျှပင် မပါဝင်ဘဲ ခေါင်းဆောင်ဖြစ်သူမှာ ကောင်းကင်ဘုရင်အဆင့်သာ ရှိလေ၏။

သူတို့သည် အဇူရာနန်းတော် ဝင်ပါမည်ကို မထင်မှတ်ထားခဲ့၍သာ ဖြစ်ပေမည်။

ထိုသို့မဟုတ်ပါက ပို၍ အင်အားကြီးမားသူ တစ်ဦးဦးကို စေလွှတ်ခဲ့ပေလိမ့်မည်။

နာရီဝက် ကြာပြီးနောက်။

အိုယန်မိသားစုမှ အလောင်းများကို ရှင်းလင်းပြီးဖြစ်ကာ မြေပြင်ပေါ်ရှိ သွေးကွက်များကိုလည်း ဆေးကြောပြီးသွားပြီ ဖြစ်သည်။

ခေါင်းဆောင်ဖြစ်သူကို ခြေနှင့်လက်များ တုပ်နှောင်ကာ အဇူရာနန်းတော်မှ လူများက ခေါ်ဆောင်သွားကြလေ၏။

လဲ့ယန်သည် ခြံဝင်းထဲသို့ ပြန်လာပြီး သစ်ပင်ကြီးအောက်တွင် ထိုင်ကာ ဘာမှမဖြစ်ခဲ့သည့်အလား ထိုင်နေခဲ့ပေသည်။

ညစာစားပွဲနှင့် ပတ်သက်၍မူ...

ဘာမှ ပြောင်းလဲသွားမည် မဟုတ်ကြောင်း သူ ယုံကြည်ထားလေ၏။

မည်သို့ပင်ဆိုစေကာမူ နန်းတော်သခင်က ထိုနေရာတွင် ရှိနေသည် မဟုတ်လော။

ထို့အပြင် အဇူရာနန်းတော်မှ ပင်မနတ်ဘုရား လေးပါးနှင့် အကြီးအကဲသုံးဦးစလုံးသည်လည်း ညစာစားပွဲတွင် ရှိနေကြပေသည်။

All Chapters