← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း (၁၃၅) တော်တော်ဆင်းရဲတာပဲ၊ ဘာတစ်ခုမှ ဝယ်လို့မရဘူး

​ချန်ကျီက ခွန်းဝူဓားကို ကြည့်ပြီးနောက် မြေကြီး အဆင့်မြင့် လက်နက် အချို့၏ ပုံရိပ်များကိုလည်း အမှတ်မထင် ထပ်မံ ရွေးချယ်ကြည့်လိုက်သည်။

​"မြေကြီး အဆင့်မြင့် လက်နက်တွေရဲ့ ဈေးနှုန်းက အကြမ်းဖျင်း အမှတ် ၁၀၀၀၀၀ ဝန်းကျင်မှာပဲ ရှိတာ၊ ကွာခြားချက်က သိပ်မကြီးမားဘူး၊ လက်နက်တစ်ခုချင်းစီရဲ့ အထူးစွမ်းကည် တွေပဲ ကွဲပြားတာ၊ စွမ်းအားကတော့ အတူတူလောက်ပါပဲ"

​ချန်ကျီက ခေတ္တမျှ တွေးကာ ယာယီ ဆုံးဖြတ်ချက် မချသေးဘဲ ထို့နောက် မန္တန် ဝယ်ယူခြင်းမျက်နှာပြင်ကို ဖွင့်လှစ်လိုက်ပြီး မြေကြီး အဆင့်မြင့် မန္တန်အချို့၏ မိတ်ဆက်ကို တိုက်ရိုက် သွားကြည့်လိုက်သည်။

​"မန္တန်တွေနဲ့ လက်နက်တွေရဲ့ ဈေးနှုန်းက အကြမ်းဖျင်း အတူတူပါပဲ၊ အားလုံး အမှတ် ၁၀၀၀၀၀ ဝန်းကျင် ပေးရတာပဲ။ ​ငါ့ဆီမှာ အခု အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းကိုးသောင်းကျော်ပဲ ရှိတာ၊ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၄၀၀ ကို ပေါင်းလိုက်ရင်တောင် စုစုပေါင်း နှစ်သိန်းသုံးသောင်းပဲ ရှိတယ်။ ​ဒါက လက်နက်တစ်ခု ဝယ်ပြီး ကျင့်စဉ်တစ်အုပ် ထပ်ဝယ်လိုက်ရင် အခုတင် ရထားတဲ့ ဝိညာဉ်ကျောက်တုံးတွေက အများကြီး ကျန်တော့မှာ မဟုတ်ဘူး၊ အရန်အဖြစ် သုံးဖို့ အပိုတောင် ကျန်မှာ မဟုတ်ဘူး"

​ချန်ကျီက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဝိညာဉ်ကျောက်တုံး နှစ်သိန်းကို အလွယ်တကူ မသုံးရက်သဖြင့် အနန္တဆိုင်အတွင်းမှ တိုက်ရိုက် ပြန်လည် ထွက်ခွာခဲ့တော့သည်။

​"ရှောင်ဖျင်... မနေ့က အမြတ် ဘယ်လောက်ရလဲ" ချန်ကျီက အနန္တဆိုင်မှ ထွက်လာသည်နှင့် ချက်ချင်းပင် ရှောင်ဖျင်ကို လှမ်းခေါ်လိုက်သည်။

​ရှောင်ဖျင်က အမြန်ပင် စာရင်းစာအုပ်ကို လှန်လှောကြည့်ကာ "သခင်... မနေ့က ကုန်စုံဆိုင်ရဲ့ စုစုပေါင်းအမြတ်က ဝိညာဉ်ကျောက်တုံး ၅၀၀၀ နဲ့ အမှတ် ၂၀၀၀ လောက် ရှိပါတယ်"

​ထိုအမြတ်စာရင်းကို ကြားပြီးနောက် ချန်ကျီက ခေတ္တမျှ စဉ်းစားကာ မချိပြုံး ပြုံးလိုက်ပြီး "ဟင်... ဝမ်နန်မြို့တော်ကနေ ရှာလို့ရတဲ့ ဝိညာဉ်ကျောက်တုံးက တကယ်ပဲ တစ်ရက်ထက်တစ်ရက် နည်းလာပြီပဲ။ ​အဲဒီကုန်စုံဆိုင်ကနေ ပြန်ဝယ်ထားတဲ့ ပစ္စည်းတွေရယ်၊ ငါ မိစ္ဆာသားရဲတွေကို သတ်လို့ရထားတဲ့ ကုန်ကြမ်းတွေကိုရယ် ယာယီ သိမ်းထားလိုက်ဦး၊ မင်းပဲ အမျိုးအစားအလိုက် သေသေချာချာ ခွဲသိမ်းထားလိုက်။ ​ဒါနဲ့... တခြားမြို့တွေမှာ ကုန်စုံဆိုင်သွားဖွင့်ဖို့ စေလွှတ်ထားတဲ့ အဖွဲ့တွေကော ဘယ်လိုအခြေအနေ ရှိပြီလဲ"

​"သခင်... သူတို့က နေ့တိုင်း သတင်းလှမ်းပို့ပါတယ်၊ အမြန်ဆုံးအဖွဲ့တွေထဲက ငါး ဖွဲ့ ကတော့ ကျင့်ကြံခြင်း မြို့တော်တွေကို ရောက်ရှိသွားပြီး လက်ရှိ မြို့ရဲ့ အခြေအနေကို စူးစမ်းနေကြပါပြီ။ ​ကျန်တဲ့ ၁၅ ဖွဲ့ကတော့ လက်ရှိ လမ်းခရီးမှာပဲ ရှိနေပါသေးတယ်၊ ကျင့်ကြံခြင်း မြို့တော်တွေကို မရောက်သေးပါဘူး၊ ဒါပေမဲ့ နောက်ထပ် ၅ အဖွဲ့ကလည်း မကြာခင် ရောက်တော့မှာပါ"

​"ကောင်းပြီ... သူတို့ကို အချိန်ဆွဲမနေဘဲ မြန်မြန်လုပ်ခိုင်းလိုက်၊ ငါ အခု ကုန်စုံဆိုင်ကရမယ့် အမြတ်တွေကို အရေးတကြီး လိုအပ်နေတယ်"

​"ဟုတ်ကဲ့ပါ သခင်"

​ထို့နောက် ချန်ကျီက စိတ်ပျက်လက်ပျက်ဖြင့် သူ၏ မူလခန္ဓာကိုယ်ဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

​အနန္တဆိုင်အတွင်း၌ အမှန်တကယ်တော့ တခြားသော မြေကြီးအဆင့် အဆင့်မြင့် လက်နက်များနှင့် မန္တန်များ ရှိနေသေးသော်လည်း ချန်ကျီက အကောင်းဆုံးအရာကို မြင်တွေ့ဖူးသွားခဲ့သဖြင့် ထိုအရာများက သူ၏ ဝယ်ယူလိုစိတ်ကို မနှိုးဆွနိုင်တော့ပေ ။

​"သခင်... သခင် ဘာဖြစ်လို့လဲ"

​"ဘာမှမဖြစ်ပါဘူး၊ နည်းနည်း ပင်ပန်းလို့ပါ၊ ငါ ခဏလောက် နားလိုက်ဦးမယ်၊ မင်း အရင်ဆုံး ထမင်းဟင်း သွားချက်ထားလိုက်၊ နောက်မှ ပြောကြတာပေါ့"

​"ဟုတ်ကဲ့ပါ သခင်" ကျောက်လင်းအာက ခြေလှမ်းသုံးလှမ်းလှမ်းတိုင်း တစ်ခေါက် ပြန်ကြည့်ကာ ချက်ပြုတ် ရန် ထွက်သွားခဲ့သည်၊ သူမအနေဖြင့် ချန်ကျီ ဤကဲ့သို့ ဖြစ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် အနည်းငယ် စိတ်ပူနေမိသည်။

​ချန်ကျီက တကယ်ကို အနည်းငယ် ပင်ပန်းသည်ဟု ခံစားနေရခြင်း ဖြစ်သည်၊ ကြေးမုံလ မီးလျှံလက်သည်းနွားသိုးနှင့် တိုက်ခိုက်စဉ်က သူ ထိန်းချုပ်ခဲ့သည်မှာ ကိုယ်ပွား၏ ခန္ဓာကိုယ် ဖြစ်ပြီး ကုန်ဆုံးခဲ့သည်မှာလည်း ကိုယ်ပွား၏ ဝိညာဉ်စွမ်းအား ဖြစ်သော်လည်း ​အချိန်အကြာကြီး အသိစိတ် ဖြင့် ကိုယ်ပွားကို ထိန်းချုပ်ခဲ့ရသဖြင့် ကုန်ဆုံးသွားခဲ့သည်မှာ သူ၏ စိတ်ဝိညာဉ်စွမ်းအား ဖြစ်သည်။

​ချန်ကျီက မည်သည့်အချိန်တွင် အိပ်ပျော်သွားသည်မသိဘဲ ပက်လက် ကုလားထိုင်ပေါ်တွင် အိပ်ပျော်သွားခဲ့တော့သည်။

​ကျောက်လင်းအာက ထမင်းဟင်းများ ချက်ပြုတ်ပြီးနောက် လာကြည့်ရာ ချန်ကျီ အိပ်ပျော်နေသည်ကို တွေ့သဖြင့် ညင်သာစွာ နှစ်ချက်မျှ လှမ်းခေါ်လိုက်သည်။ "သခင်... ထမင်းဟင်းတွေ အဆင်သင့် ဖြစ်ပါပြီ"

​ချန်ကျီက ဝေဝေဝါးဝါးဖြင့် နိုးလာရာ ကျောက်လင်းအာက မျက်တောင်တဖျတ်ဖျတ်ခတ်လျက် သူ့ကို ကြည့်နေသည်ကို မြင်သဖြင့် သူက ခပ်ဖွဖွ ပြုံးလိုက်ပြီး "ငါတောင် မသိမသာ အိပ်ပျော်သွားတာပဲ၊ လင်းအာ... ငါ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲ"

​" သခင် အနားယူနေတာကို နှောင့်ယှက်မိသွားပြီ၊ ဒါပေမဲ့ သခင် ထမင်းစားပြီးမှ ပြန်အိပ်ပါလား"

​"ရပါတယ်၊ မင်း ငါ့ကို နှိုးလိုက်တာ မှန်ပါတယ်၊ ထမင်းဟင်းတွေ အဆင်သင့် ဖြစ်ပြီမလား၊ လာ... ထမင်းသွားစားကြမယ်၊ ငါ မင်းကို ပြောပြရဦးမယ်၊ ဒီနေ့ မင်းရဲ့သခင်က အဆင့်သုံး မိစ္ဆာသားရဲတစ်ကောင်ကို သတ်နိုင်ခဲ့တယ်ကွ ဟားဟား... မိုက် တယ်မလား"

​"သခင်က တကယ်ကို မိုက် တာပဲ"

​"ဒါပေမဲ့ နှမြောစရာကောင်းတာက ငါတစ်ယောက်တည်း အင်အားနဲ့ သတ်ခဲ့တာတော့ မဟုတ်ဘူးပေါ့"

​"သခင်ရယ်... ကျွန်မတို့ရဲ့ အင်အားကို အားကိုးခဲ့ရင်တောင် အဲဒါက သခင်ရဲ့ ခွန်အားတစ်မျိုးပါပဲ၊ သခင် အဲဒီလို တွေးမနေပါနဲ့"

​"ပြောရရင်လည်း ဟုတ်တာပါပဲ၊ ငါက ငါ့ဘာသာတစ်ယောက်တည်း မိစ္ဆာသားရဲကို သတ်နိုင်ခဲ့ရင်တောင် အဲဒါက စနစ် ရှိနေလို့ပဲလေ"

​ချန်ကျီက ထမင်းစားရင်း ကျောက်လင်းအာနှင့် စကားစမြည် ပြောနေခဲ့သည်။

​နောက်တစ်နေ့

​ချန်ကျီက တစ်ညလုံး အနားယူခဲ့သဖြင့် ပင်ပန်းနွမ်းနယ်နေသော စိတ်ဓာတ်များ ပြန်လည် လန်းဆန်းလာခဲ့သည်။

​အိပ်ရာမှ ထထချင်းပင် ချန်ကျီက သူ၏ အသိစိတ် ကို အမှတ် ၆၀ ကိုယ်ပွားဆီသို့ ဆင်းသက်စေလိုက်ပြီး အမှတ် ၆၀ ကိုယ်ပွား၏ မြင်ကွင်းကို မျှဝေခံစားလိုက်သည်။

​တစ်ညလုံးလုံး အမှတ် ၆၀ ကိုယ်ပွားက မနားမနေဘဲ ဓားပျံစီးနင်းကာ အဆက်မပြတ် ပျံသန်းနေခဲ့ခြင်း ဖြစ်သည်။

​"မင်း ဆက်ပြီး ပျံသန်းလိုက်ဦး၊ ဝိညာဉ်စွမ်းအား ကုန်သွားရင် အနန္တနေရာလွတ် ထဲကို ပြန်ပြီး အနားယူ၊ လုံချင်းမြို့ကို ရောက်ခါနီးကျမှ ငါ့ကို လှမ်းခေါ်လိုက်"

​"ဟုတ်ကဲ့ပါ သခင်"

​ချန်ကျီ၏ ယခုအကြိမ် ပန်းတိုင်က ဝမ်နန်မြို့နှင့် အနီးဆုံး ဖြစ်သော ကျင့်ကြံခြင်း မြို့သို့ သွားရန် ဖြစ်သည်။

​ဝမ်နန်မြို့နှင့် အနီးဆုံး ဖြစ်သော်လည်း မိုင်ပေါင်းသောင်းချီ ကွာဝေးလှသဖြင့် ဓားပျံစီးပြီး ပျံသန်းသွားရန်မှာ ခဏချင်းနှင့် ရောက်နိုင်မည့်အရာ မဟုတ်ပေ။

​ချန်ကျီအနေဖြင့် ဟဲကွမ်းတောင်တန်း အတွင်း၌ မိစ္ဆာသားရဲများနှင့် တိုက်ခိုက်ခဲ့သည့် အတွေ့အကြုံ ရှိထားပြီး ဖြစ်ရာ လုံချင်းမြို့သို့ သွားရာ လမ်းခရီးတစ်လျှောက်တွင် ထူးထူးခြားခြား နေရာမျိုး မရှိသဖြင့် ခရီးသွားသည့် ကိစ္စကို ကိုယ်ပွားကိုသာ လုပ်ဆောင်စေပါက ဘေးကင်းစွာဖြင့် ရောက်ရှိနိုင်မည် ဖြစ်သည်။

​ချန်ကျီက အမှတ် ၆၀ ကိုယ်ပွားနှင့် စကားပြောဆိုပြီးနောက် အသိစိတ် က သူ၏ ခန္ဓာကိုယ်ဆီသို့ ပြန်လည် ရောက်ရှိသွားပြီး ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

​သူက လက်ရှိတွင် အချိန်ကို အကျိုးရှိရှိ သုံးပြီး ရွှေအူတိုင်အဆင့်သို့ အမြန်ဆုံး အဆင့်တက်လိုနေခြင်း ဖြစ်သည်။

​သုံးနာရီ ကြာပြီးနောက် ချန်ကျီက ရွှမ်ထျန်းလု ကျင့်စဉ်ကို လည်ပတ် ပြီးနောက် ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအားများကို အားလုံး ပြန်လည် ဖြည့်တင်းလိုက်ကာ မတ်တတ်ရပ်၍ အကြောဆန့် လိုက်သည်။

​"ဒီနေ့အတွက် ကျင့်ကြံမှု က လုံလောက်ပြီ၊ ကျန်တာကိုတော့ အလိုအလျောက် ကျင့်ကြံခန်း ကိုပဲ လွှဲပေးလိုက်တော့မယ်"

​ထို့နောက် ချန်ကျီက ခြံဝင်းအတွင်းရှိ ပက်လက် ကုလားထိုင်တွင် လာထိုင်လိုက်ရာ ကျောက်လင်းအာကလည်း အချိန်ကိုက်ပင် လက်ဖက်ရည်အိုးကို ယူဆောင်လာခဲ့ပြီး ချန်ကျီအတွက် တစ်ခွက် ငှဲ့ပေးလိုက်သည်။

​"သခင်... ကျင့်ကြံရတာ ပင်ပန်းသွားပါပြီ"

​"ဟားဟား... တကယ် ပင်ပန်းတာ၊ အရင်ကထက် တစ်နာရီ ပိုပြီး ကျင့်ကြံလိုက်ရတော့ နည်းနည်းတော့ အသားမကျသေးဘူး"

​ ထိုအချိန်တွင် စိုးရိမ်တကြီး ဖြစ်နေသော အသံတစ်သံက ချန်ကျီ၏ စိတ် အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

​"သခင်... မကောင်းတော့ပါဘူး၊ ယဲ့မိသားစုက ကျောက်လင်းအာနဲ့ အနန္တကုန်စုံဆိုင် ဆက်စပ်နေတာကို စုံစမ်းမိသွားပုံရပါတယ်၊ ဒါတင်မကဘဲ သခင်နဲ့ပါ ပတ်သက်နေတာကိုပါ စုံစမ်းမိသွားပုံရတယ်"

​ချန်ကျီနှင့် ရုတ်တရက် ဆက်သွယ်လာသူမှာ ယဲ့မိသားစုအတွင်း၌ သူလျှိုအဖြစ် ထားသော ကိုယ်ပွား ယဲ့ချင်ကန်း ဖြစ်သည်။

​"ဘာလဲ... ဒီကိစ္စက ပြီးသွားတာ ရက်ပေါင်းများစွာ ကြာနေပြီဥစ္စာ၊ ယဲ့မိသားစုက ဘာလို့ ရုတ်တရက်ကြီး ပြန်စုံစမ်းမိသွားတာလဲ"

​"သခင်... ယဲ့မိသားစုက ခုနတင် အစည်းအဝေးခန်းမမှာ အရေးပေါ် အစည်းအဝေးတစ်ခု လုပ်ခဲ့တာ၊ အစည်းအဝေးရဲ့ အဓိကအကြောင်းအရာက ဒီကိစ္စပဲ ။ ​ ကြည့်ရတာ ယဲ့မိသားစုရဲ့ ဆိုင်ရှင် တစ်ယောက်က အိမ်ခြံမြေ အရောင်းအဝယ်ဌာနက တာဝန်ခံ တစ်ယောက်နဲ့ စကားစပ်မိရင်း အနန္တကုန်စုံဆိုင်အကြောင်း ပြောဖြစ်ခဲ့ကြတာ တဲ့။ အဲဒီ တာဝန်ခံ က အနန္တကုန်စုံဆိုင်ကို သူ့လက်ထဲကနေ ရောင်းချခဲ့တာလို့ ပြောလိုက်မိတယ်။ ​အဲဒီနောက် သူတို့ ဘယ်လိုကနေ ဘယ်လို စကားဆက်မိသွားကြလဲ မသိဘူး၊ အဲဒီတုန်းက ဆိုင်ခန်းလာဝယ်တဲ့လူက ရှန်းဝမ်စန်း မဟုတ်ဘူးဆိုတာကို ပြောမိသွားပြီး ပြီးတော့ ကျောက်လင်းအာအကြောင်းကိုပါ ပြောမိသွားကြတာ။ ​ယဲ့မိသားစုက အရင်တုန်းက ကျောက်လင်းအာကို အကြီးအကျယ် လိုက်ရှာဖူးထားတော့ အဲဒီ ယဲ့မိသားစု ဆိုင်ရှင် က စိတ်ဝင်တစားနဲ့ စကားနှိုက်ပြီး ထပ်မေးလိုက်ရာကနေ သခင်နဲ့ ကျောက်လင်းအာတို့ရဲ့ အကြောင်းကို ဖော်ထုတ်မိသွားတာ "

​ "ဒါဆိုရင် ယဲ့မိသားစုက အခု ဘယ်လို အခြေအနေ ရှိလဲ"

​"ယဲ့မိသားစုက အခုထိတော့ တိကျတဲ့ အခြေအနေ မျိုး မပြသေးပါဘူး၊ ယဲ့ကျန်ထျန်းက တံခါးပိတ် ကျင့်ကြံနေတော့ ယဲ့မိသားစုရဲ့ လက်ရှိအလုပ်တွေကို တတိယအကြီးအကဲက ဦးဆောင်နေတာပါ၊ သူက ယဲ့မိသားစုရဲ့ ဘိုးဘေးဆီကို သွား အစီရင်ခံမယ်လို့ ပြောထားပါတယ်၊ အရင်ဆုံး ရွှေအူတိုင်အဆင့် ဘိုးဘေးရဲ့ သဘောထားက ဘယ်လိုရှိလဲဆိုတာကို ကြည့်ပြီးမှပဲ ထပ်ပြီး တိုင်ပင်ကြမယ် တဲ့ "

​"သိပြီ၊ မင်းတို့ သုံးယောက် ယဲ့မိသားစုထဲမှာပဲ ဆက်ပြီး သတင်းတွေကို ပိုစုံစမ်းထားကြ၊ သတိထားဦး၊ ကိုယ့်ကိုယ်ကိုယ် အမိမခံစေနဲ့၊ ထူးခြားတဲ့ အခြေအနေ ရှိရင် ငါ့ကို အချိန်မရွေး လှမ်းဆက်သွယ်လိုက်"

​"ဟုတ်ကဲ့ပါ သခင်"

​ ချန်ကျီနှင့် ယဲ့ချင်ကန်းတို့၏ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။

​ချန်ကျီက ဤသတင်းကို ကြားလိုက်ရသောအခါ အနည်းငယ်တော့ အံ့ဩသွားခဲ့သော်လည်း အလွန်အမင်းတော့ မစိုးရိမ်မိပေ၊ သိသွားလည်း သိသွားပေါ့၊ သူသာ ဤတံခါးကြီးအပြင်ဘက်သို့ ခြေတစ်လှမ်းမျှ မထွက်သရွေ့ ဘယ်သူက သူ့ကို ဘာလုပ်နိုင်မှာလဲ။

​"လင်းအာ... ယဲ့မိသားစုက ငါတို့ကို စုံစမ်းမိသွားပြီ"

​"ယဲ့မိသားစု လား ကျွန်မ ဒီလောက်အကြာကြီး အပြင်မထွက်ဘဲ နေတာကို ယဲ့မိသားစုက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး စုံစမ်းမိသွားတာလဲ "

​"ငါ ပေါ့ဆသွားတာပါ၊ ခန့်မှန်းရတာ အရင်တုန်းက ငါတို့ အိမ်ခြံမြေ အရောင်းအဝယ်ဌာနမှာ ဆိုင်ခန်းဝယ်တုန်းက လူတွေ မှတ်မိနေခဲ့ကြတာ ဖြစ်မယ်၊ အခု အနန္တကုန်စုံဆိုင်က ဒီလောက်အထိ နာမည်ကြီးနေတော့ ဒီကိစ္စက သဘာဝအတိုင်းပဲ ပြန်ပေါ်လာတာပေါ့။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး၊ ငါတို့နဲ့ အနန္တကုန်စုံဆိုင် ပတ်သက်နေတာကို သူတို့ သိသွားလည်း ကိစ္စမရှိပါဘူး" ချန်ကျီက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

​ကျောက်လင်းအာက ချန်ကျီ ဤမျှအထိ တည်ငြိမ်နေပြီး ဤကိစ္စကြောင့် နည်းနည်းမျှ သက်ရောက်မှု မရှိသည်ကို မြင်သဖြင့် "သခင်... သခင်က ဘာလို့ နည်းနည်းမှ စိတ်မပူတာလဲ"

​ချန်ကျီက ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ငါက ဘာကို စိတ်ပူရမှာလဲ၊ ဘာပဲဖြစ်ဖြစ် သူတို့ ငါ့ကို ရှာမတွေ့နိုင်ဘူး၊ ရှာတွေ့ရင်တောင် ကိစ္စမရှိဘူး၊ သူတို့က ဒီထဲကို ဝင်လာနိုင်မှာမို့လို့လား"

All Chapters