← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉) ရွှေအူတိုင် အဆင့်တက် ခြင်း

​ချန်ကျီတစ်ယောက် စစ်ဟိုင် ကုန်သွယ်ရေးအသင်းအတွင်းသို့ ဝင်ရန် ပြင်နေစဉ်မှာပင် ရုတ်တရက် သူ၏ တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအားများ ပြင်းထန်စွာ လှုပ်ခတ်လာခဲ့သည်။

​ချန်ကျီက ရင်ထဲ၌ တုန်လှုပ်သွားပြီး ရေရွတ်လိုက်သည်။ "မကောင်းတော့ဘူး"

​ထို့နောက်တွင် သူက ချက်ချင်းပင် အသက်ရှူသံဖျောက် ကျင့်စဉ် ကို အသုံးပြုကာ တစ်ကိုယ်လုံးရှိ အော်ရာ များကို ဖုံးကွယ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ စိတ်အနည်းငယ် အေးသွားတော့သည်။ "ဘာလို့ ဒီလိုအချိန်မျိုးမှ ကျင့်ကြံခြင်းအဆင့်က တက်လာရတာလဲ။ ​တကယ်ကို အချိန်မတော် ဘူးပဲ၊ တကယ်လို့ သာ လူတွေ ရှာတွေ့သွားရင် ငါ့ကို မိစ္ဆာတစ်ကောင်လို သတ်မှတ်ကြလိမ့်မယ်။ ​ဘယ်သူက လမ်းမလယ်ခေါင်မှာ ကျင့်ကြံခြင်းအဆင့် တက်ဖူးလို့လဲ"

​ချန်ကျီက ဒန်တျန် အတွင်းရှိ ဝဲကယက်ကြီးမှာ ပြင်းထန်စွာ လည်ပတ်နေပြီး ထိုဝဲကယက်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများ လှိုင်းထနေသည်ကို ခံစားလိုက်ရသည်။

​ချန်ကျီက ရုတ်တရက် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ ဒန်တျန်နှင့် သွေး ကြောများအားလုံး ပိုမိုကျယ်ပြန့်လာသကဲ့သို့ ခံစားနေရသည်။

​ချန်ကျီက စိတ်ကူးတစ်ချက်ဖြင့် ညွှန်ကြားလိုက်သည်။ "မင်း အရင်ဆုံး နေစရာ နေရာတစ်ခု ရှာထားလိုက်"

​"ဟုတ်ကဲ့ပါ... သခင်"

​ချန်ကျီ၏ အသိစိတ်က သူ၏ မူလ ခန္ဓာကိုယ်ထံသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။

​ကျောက်လင်းအာကလည်း ချန်ကျီ၏ မျက်နှာပေါ်မှ နာကျင်နေသော အမူအရာကို စောစောကတည်းက မြင်တွေ့ထားပြီး ဖြစ်သဖြင့် ချန်ကျီ၏ ကျင့်ကြံခြင်းအဆင့်မှာ တက်လှမ်း နေပြီဖြစ်ကြောင်း သိရှိထားသည်။

​သို့သော်လည်း ချန်ကျီက မျက်လုံးများကို မှိတ်ထားသဖြင့် သူမမှာ စိုးရိမ်တကြီးဖြင့် ဘေးတွင် မတ်တတ်ရပ်နေရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။

​ကံကောင်းထောက်မစွာဖြင့် ချန်ကျီက မကြာမီအချိန်အတွင်းမှာပင် ပြန်လည်နိုးထလာခဲ့သည်၊ ချန်ကျီ မျက်လုံးဖွင့်လာသည်ကို မြင်လိုက်ရသဖြင့် ကျောက်လင်းအာက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ "သခင်... သခင် အဆင်ပြေရဲ့ လား"

​ချန်ကျီက ခေါင်းခါပြလိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် နာကျင်နေသော အမူအရာက အထင်းသား ပေါ်လွင်နေဆဲ ဖြစ်သည်။

​ချန်ကျီက ယခုအချိန်တွင် ထိုနာကျင်မှုက ပိုမိုပြင်းထန်လာသည်ဟုသာ ခံစားနေရသည်။ "ရွှေအူတိုင်အဆင့် က ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ အရင်က အုတ်မြစ်ချခြင်း အဆင့်ကို ကျော်ဖြတ်တုန်းက ဘာခံစားချက်မှ မရှိဘဲ ရေစီး အတိုင်း အေးအေးဆေးဆေး အောင်မြင်သွားခဲ့တာကို၊ အခုကျမှ ဘာဖြစ်လို့ ဒီလိုအခြေအနေမျိုး ဖြစ်နေရတာလဲ"

​ချန်ကျီတွင် သူ့ကို လမ်းညွှန်ပြသပေးမည့် ဆရာသမားတစ်ဦးမျှ မရှိသကဲ့သို့ ယခုအချိန်တွင်လည်း မေးမြန်းရမည့်သူ မရှိသဖြင့် ဤနာကျင်မှုကိုသာ အံကြိတ်ခံ ရုန်းကန်နေရတော့သည်။

​"အား" ချန်ကျီက နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်မိသည်။

​ကျောက်လင်းအာက ဘေးမှကြည့်ရင်း ပိုမိုစိုးရိမ်လာခဲ့သည်၊ သူမတွင်လည်း မည်သည့်နည်းလမ်းမှ မရှိသကဲ့သို့ ချန်ကျီ၏ နာကျင်မှုကိုလည်း ကိုယ်စား ခံစားမပေးနိုင်သဖြင့် ရင်တမမဖြင့်သာ စောင့်ကြည့်နေရတော့သည်။

​ထိုအချိန်တွင် ချန်ကျီ၏ ဒန်တျန်အတွင်း လည်ပတ်နေသော ဝိညာဉ်စွမ်းအား ဝဲကယက်ကြီးက ကြောက်မက်ဖွယ်ကောင်းသော အမြန် နှုန်းသို့ ရောက်ရှိသွားခဲ့ပြီး အရာအားလုံးကို ဝါးမြိုပစ်တော့မည့်အလား ဖြစ်နေသည်။

​ထို့ပြင် ချန်ကျီ၏ ခန္ဓာကိုယ်အပြင်ရှိ ကောင်းကင်နှင့်မြေကြီး ၏ ဝိညာဉ်စွမ်းအားများကလည်း အမျှင်တန်းလေးများသဖွယ် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်း ခံနေရသည်။

​"မလုံလောက်သေးဘူး" ချန်ကျီက စိတ်ထဲ၌ တစ်စုံတစ်ခုကို ခံစားမိလိုက်သဖြင့် ချက်ချင်းပင် သူ၏ ရှေ့တွင် အလယ်အလတ် ဝိညာဉ်ကျောက်တုံး တစ်ပုံကြီးကို ထုတ်ယူကာ ချထားလိုက်ပြီး လက်ထဲတွင်လည်း အလယ်အလတ် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ဆုပ်ကိုင်ထားလိုက်သည်။

​အလယ်အလတ် ဝိညာဉ်ကျောက်တုံးများအတွင်းရှိ ဝိညာဉ်စွမ်းအားများက ဆွဲထုတ်ခြင်းခံလိုက်ရသည့်အလား၊ ချန်ကျီ၏ ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး စုပ်ယူခြင်း ခံလိုက်ရပြီး နောက်ဆုံးတွင် ဒန်တျန်အတွင်းရှိ ဝဲကယက်ကြီးဆီသို့ အားလုံး စုပြုံရောက်ရှိသွားတော့သည်။

​တစ်အိမ်လုံးတွင် ဝိညာဉ်စွမ်းအား ဝဲကယက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ ကံကောင်းထောက်မစွာဖြင့် အိမ်တော် တွင် အရိပ်မဲ့ အစီအရင် ရှိနေသဖြင့် အိမ်အတွင်းရှိ အခြေအနေများကို အပြင်လူများက မသိရှိနိုင်ပေ။

​သို့မဟုတ်ပါက ချန်ကျီ၏ အိမ်အပြင်ဘက်တွင် အပြင်လူများက လာစပ်စု နေကြပြီ ဖြစ်သည်။

​အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ ချန်ကျီက ဝိညာဉ်စွမ်းအား ပင်လယ်ပြင်ကြီးအတွင်း၌ လုံးဝ လွှမ်းခြုံခြင်း ခံထားရပြီးနောက် တဖြန်းဖြန်း မြည်သံများနှင့်အတူ သူ၏ တစ်ကိုယ်လုံးရှိ အရိုးအဆစ်များနှင့် သွေး ကြောများအားလုံးက လျင်မြန်စွာ အသွင်ပြောင်းလဲသွားတော့သည်။

​ကျောက်လင်းအာက ဘေးမှနေ၍ စိုးရိမ်တကြီး စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမတတ်နိုင်ပေ၊ ယခုအချိန်တွင် သူမ လုပ်နိုင်သည်မှာ ချန်ကျီကို စောင့်ရှောက်ပေးထားရန်သာ ဖြစ်သည်။

​ချန်ကျီက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို သေသေချာချာ ခံစားကြည့်လိုက်ရာ ယခင်က နာကျင်နေသော မျက်နှာအမူအရာက ပျောက်ကွယ်သွားခဲ့ပြီး တစ်ကိုယ်လုံး နေသာထိုင်သာရှိကာ လန်းဆန်းတက်ကြွသော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။

​ချန်ကျီက ဒန်တျန်အတွင်းရှိ ဝဲကယက်ကြီး၏ လည်ပတ်မှုအမြန်နှုန်း မှာ တဖြည်းဖြည်း နှေးကွေးသွားသည်ကို ခံစားလိုက်ရပြီး ခေတ္တမျှကြာပြီးနောက် အက်ကွဲသံတစ်ချက်နှင့်အတူ ဝဲကယက်ကြီးက လုံးဝ ရပ်တန့်သွားခဲ့သည်။

​ထို့နောက်တွင် မြူခိုးများ ကင်းစင်သွားသည့်အလားပင်၊ ရွှေဝါရောင် ရွှေအူတိုင် တစ်လုံးက ဒန်တျန်၏ အလယ်တည့်တည့်တွင် လွင့်မျော ငြိမ်သက်သွားခဲ့သည်။

​"ဒါက ရွှေအူတိုင် အဆင့်ပေါ့" ချန်ကျီ၏ မျက်နှာအမူအရာက လုံးဝ ပြေလျော့သွားခဲ့သည်။

​ရွှေအူတိုင် အဆင့်သို့ ရောက်ရှိမှသာလျှင် ငါတို့ ကျင့်ကြံသူများ၏ လမ်းစဉ်သို့ အမှန်တကယ် ရောက်ရှိခြင်း ဖြစ်ပေသည်။

​"သခင်... သခင် အဆင်ပြေရဲ့ လား"

​"ဘာမှမဖြစ်တော့ဘူး၊ ဟင် ဒါတွေက ဘာဖြစ်လို့ ကျောက်မှုန့်တွေ အများကြီး ဖြစ်နေရတာလဲ"

​"သခင်က စောစောကတင် အလယ်အလတ် ဝိညာဉ်ကျောက်တုံး တစ်ပုံကြီးကို ရုတ်တရက် ထုတ်လိုက်ပြီးတော့ ဒီလိုမျိုး ဖြစ်သွားတာပါ"

​ချန်ကျီက တစ်စုံတစ်ခုကို ပြန်လည်မှတ်မိသွားဟန်ဖြင့် မျက်နှာတွင် ချက်ချင်းပင် နှမြောတသဖြစ်သွားပြီး "ငါ ခုနကတင် အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၁၀၀ ကျော်လောက် ဖြုန်းတီးပစ်လိုက်တာပေါ့"

​ချန်ကျီက ပြန်တွေးလိုက်ပြီး "ထားလိုက်ပါတော့၊ ကုန်သွားတာလည်း ကုန်သွားပြီပဲ၊ အနည်းဆုံးတော့ အခု ကျင့်ကြံခြင်းအဆင့်က တည်ငြိမ်သွားပြီပဲ"

​ကျောက်လင်းအာက သံသယဖြင့် မေးလိုက်သည်။ "သခင်... စောစောက ဘာဖြစ်သွားတာလဲ"

​ချန်ကျီက ခေါင်းခါပြလိုက်ပြီး သူကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေသည်။ "ငါလည်း မသိဘူး၊ ရွှေအူတိုင် အဆင့်ကို ကျော်ဖြတ်တဲ့အခါ တခြားလူတွေလည်း ဒီလိုပဲ ဖြစ်မှာပါ"

​"အော် ဒါဆိုရင် သခင် အခု ဘယ်လိုနေလဲ ခန္ဓာကိုယ်မှာ တစ်ခုခု ထူးခြားတာမျိုး ရှိသေးလား"

​"မရှိပါဘူး၊ ငါ အခု အရင်ကထက် ပိုပြီး သန်မာ လာတယ်လို့ ခံစားနေရတယ်၊ တကယ်လို့ ဟို ကြေးမုံလ မီးလျှံနွားသိုး နဲ့သာ ထပ်တွေ့ရင် ငါ တစ်ယောက်တည်းနဲ့တင် အပြတ်ရှင်းပစ်နိုင်တယ်"

​ချန်ကျီက ရွှေအူတိုင် အဆင့်သို့ ရောက်ရှိသွားပြီးနောက် ခံစားချက်ကို စမ်းသပ်ကြည့်လိုက်ရာ ခန္ဓာကိုယ်အတွင်းရှိ ရွှေအူတိုင် က အလိုအလျောက် လည်ပတ်နေပြီး ကောင်းကင်နှင့်မြေကြီး ၏ ဝိညာဉ်စွမ်းအားများကို စုပ်ယူနေသဖြင့် သူ ကျင့်ကြံမနေလျှင်ပင် ကျင့်ကြံခြင်းအဆင့်က တက်လာသကဲ့သို့ ခံစားနေရသည်။

​သို့သော်လည်း ဤအရာအားလုံးက ချန်ကျီ၏ ထင်ယောင်ထင်မှားဖြစ်မှုသာ ဖြစ်ပြီး ရွှေအူတိုင် အလိုအလျောက် လည်ပတ်ပြီး စုပ်ယူနေသော ဝိညာဉ်စွမ်းအားများက သူ၏ ဆုံးရှုံးသွားသော ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းပေးရန်အတွက်သာ ဖြစ်ပေသည်။

​ထိုအချိန်တွင် ချန်ကျီ၏ စိတ်ထဲ၌ အတွေးတစ်ချက် ဖြတ်ခနဲ ပေါ်လာခဲ့သည်။ "ရွှမ်ယန်လျင်းလင် ဆေးလုံး လား"

​"ဒါက အဲဒီဆေးလုံးက ငါ့ရဲ့ ဝိညာဉ်အမြစ် အရည်အသွေး ကို ပြောင်းလဲပေးလိုက်လို့ အခု ရွှေအူတိုင် အဆင့်ကို တက် တဲ့အခါကျမှ ထူးခြားတဲ့ ခံစားချက်မျိုး ပေါ်လာရတာလား" ချန်ကျီက အမြဲတမ်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသည်။

​သူ၏ မူလ အဆင့်နိမ့် ဝိညာဉ်အမြစ်က အုတ်မြစ်ချခြင်း အဆင့်သို့ ကျော်ဖြတ် စဉ်က မည်သည့် ခံစားချက်မျှ မရှိဘဲ ရေစီးအတိုင်း အောင်မြင်ခဲ့သည်။

​ထိုအရာက စနစ်ရှိနေသဖြင့် ကျင့်ကြံမှုအကြိမ်ရေ ပြည့်သွားပါက အလိုအလျောက် ကျင့်ကြံခြင်းအဆင့် တက်သွားခြင်းကြောင့် ဖြစ်ကြောင်း သူ သိရှိထားသည်။

​သူ့ခန္ဓာကိုယ်တွင် ဖြစ်ပေါ်ခဲ့ဖူးသော တစ်ခုတည်းသော မထင်မှတ်ထားသည့် အခြေအနေမှာ ရွှမ်ယန်ချင်းလင် ဆေးလုံးကို စားခဲ့ဖူးခြင်း ဖြစ်သည်။

​"တကယ်ပဲ အဲဒီဆေးလုံးကြောင့်လား ​အရင်က စားတုန်းကတော့ ထူးထူးခြားခြား ပြောင်းလဲမှု မရှိဘဲ ရုပ်ရည်က အနည်းငယ် ပိုပြီး နုပျိုသွားတာပဲ ရှိတာ။ ​အခု ရွှေအူတိုင် အဆင့်ကို ရောက်မှပဲ ဒီဆေးလုံးရဲ့ အာနိသင်က ပေါ်လာရတာပေါ့"

​ချန်ကျီ၏ လက်ထဲတွင် အနန္တဆိုင်မှ လဲလှယ်ထားသော အလယ်အလတ် ရွှမ်ယန်ချင်းလင် ဆေးလုံးကို ကိုင်ထားပြီး သေသေချာချာ စိုက်ကြည့်နေမိသည်။

​"ဒီဆေးလုံးကို တစ်ယောက်ယောက်ကို ကျွေးပြီး စမ်းသပ်ကြည့်ဖို့ လိုအပ်နေပြီပဲ"

​"ကောင်းပြီ... လင်းအာ၊ ငါ အခု ဘာမှမဖြစ်တော့ဘူး၊ မင်း စိတ်အေးအေးထားပါ"

​ကျောက်လင်းအာက လိမ္မာပါးနပ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

​ချန်ကျီက ပက်လက် ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီးနောက် အသိစိတ်က အနန္တနေရာလွတ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

​"ရှောင်ဖျင်... ချန်ဖန် ရောက်လာတဲ့အခါကျရင် မင်း ဒီရွှမ်ယန်ချင်းလင် ဆေးလုံးကို သူ့ကို ပေးလိုက်၊ ပြီးရင် ကျိုးချွမ်ကို တိတ်တဆိတ် ကျွေးခိုင်းလိုက်၊ အဲဒီနောက် ကျိုးချွမ်ရဲ့ ပြောင်းလဲမှုတွေကို သေသေချာချာ စောင့်ကြည့်ပြီး မှတ်တမ်းတင်ထားရမယ်"

​"ဟုတ်ကဲ့ပါ... သခင်"

​ချန်ကျီက ထို့နောက်တွင် အနန္တနေရာလွတ်မှ ထွက်ခွာသွားခဲ့ပြီး အမှတ် ၆၆ ကိုယ်ပွားထံသို့ အသိစိတ် ပြန်လည်ရောက်ရှိသွားခဲ့သည်။

​အမှတ် ၆၆ ကိုယ်ပွား၏ အမြင်အာရုံမှတစ်ဆင့် ချန်ကျီက သူသည် ယခုအခါ အခန်းတစ်ခုအတွင်း ရောက်ရှိနေကြောင်း ခံစားလိုက်ရသည်။

​"အမှတ် ၆၆... ဒါ ဘယ်နေရာလဲ"

​"သခင်... စောစောက သွားစရာ နေရာ ချက်ချင်းမရှိတာနဲ့ အနီးအနားက တည်းခိုခန်းတစ်ခုကိုပဲ ရွေးပြီး ဝင်လိုက်တာပါ"

​"အင်း... ဘာပဲဖြစ်ဖြစ် ဒီလုံချင်းမြို့မှာ နေရမှာက တစ်ရက်နှစ်ရက်တည်း မဟုတ်ဘူးဆိုတော့ နားခိုစရာ နေရာတစ်ခု ရှိတာလည်း မဆိုးပါဘူး"

​ချန်ကျီက ပြောပြီးကာမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် "ဒီအခန်းက တစ်ရက်ကို ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ"

​"သခင်... တစ်ရက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀ ပါ၊ ဒါက သာမန် ဧည့်ခန်းတစ်ခုပဲ ရှိပါသေးတယ်"

​ဤစျေးနှုန်းကို ကြားလိုက်ရသဖြင့် ချန်ကျီက အမှတ် ၆၆ အား ဝိညာဉ်ကျောက်တုံးများကို လက်ဖွာသည်ဟု အပြစ်မတင်နိုင်တော့ပေ၊ လုံချင်းမြို့၏ ကုန်စျေးနှုန်းက တကယ်ကို ကြီးမားလွန်းလှသည်။

​"အခု အချိန်စောသေးတယ်၊ ငါတို့ စစ်ဟိုင် ကုန်သွယ်ရေးအသင်းဆီ နောက်တစ်ခေါက် ထပ်သွားရအောင်။ ​ဒါနဲ့... ငါ မင်းရဲ့ ခန္ဓာကိုယ်ကို သုံးနေတဲ့အချိန်မှာ မင်းရဲ့ အသိစိတ်က ဘယ်လို အခြေအနေမျိုးမှာ ရှိနေလဲ" ချန်ကျီက ရုတ်တရက် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

​"သခင်... သခင်က ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နေတဲ့အချိန်မှာ ကျွန်တော်က သခင် ဘာတွေလုပ်နေလဲဆိုတာကို မြင်တွေ့နိုင်ရုံသာ ရှိပြီး သခင်ရဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ဝင် စွက်ဖက်လို့ မရပါဘူး"

​"ဒီလိုလား" ချန်ကျီက စဉ်းစားဟန်ဖြင့် ပြောလိုက်ပြီး ခေတ္တမျှ ရပ်တန့်ကာ ထပ်မံ မေးလိုက်ပြန်သည်။ "ဒါဆို ငါ မင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတဲ့အချိန်မှာ ငါ ဘာတွေ တွေးနေလဲဆိုတာကိုရော မင်း သိနိုင်လား"

​"မသိနိုင်ပါဘူး... သခင်"

​"အော်... ဒါဆိုရင်တော့ တော်သေးတာပေါ့။ ကောင်းပြီ... မပြောတော့ဘူး၊ အရင်ဆုံး စစ်ဟိုင် ကုန်သွယ်ရေးအသင်းဆီ သွားကြရအောင်"

​ချန်ကျီက ယခုအခါတွင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်၊ သူ ကိုယ်ပွားကို ထိန်းချုပ်လိုက်သည့်အချိန်တွင် ကိုယ်ပွား၏ ခန္ဓာကိုယ်က သူ၏ ကိုယ်ပိုင်ဖြစ်သွားပြီး ကိုယ်ပွားမှာမူ ဘေးမှ ကြည့်ရှုသူသက်သက်သာ ဖြစ်သွားတော့သည်။

​ဤခံစားချက်က လူတစ်ယောက်ကို ခန္ဓာကိုယ်လုယူ ခြင်း ခံလိုက်ရသည့်အလား ဖြစ်သော်လည်း လုံးဝကြီး ထိုကဲ့သို့တော့ မဟုတ်ပေ။

All Chapters