← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀) မိတ်ဆွေ ဒုတိယထပ်ကို ကြွပါ၊ စီနီယာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေး ပါ

​ချန်ကျီက အမှတ် ၆၆ ကိုယ်ပွား၏ ခန္ဓာကိုယ်ကို ထပ်မံထိန်းချုပ်လိုက်ရာ ယခုတစ်ခေါက်တွင် သူ၏ ခံစားချက်မှာ ယခင်ကထက် သိသိသာသာ ထူးခြားကွဲပြားနေသည်ကို ခံစားလိုက်ရသည်။

​ရွှေအူတိုင်အဆင့်သို့ တက်လှမ်းပြီးနောက် ချန်ကျီ၏ ဝိညာဉ်အာရုံ မှာ သိသိသာသာ ပိုမိုသန်မာ လာခဲ့သည်။

​ယခင်က ကျင့်ကြံခြင်းအဆင့်ကို အကဲမဖြတ်နိုင်ခဲ့သော ကျင့်ကြံသူများကိုပင် ယခုအခါ သူ သိလိုပါက အလွယ်တကူ အာရုံခံ ကြည့်နိုင်ပြီ ဖြစ်သည်။

​"ဘာလို့ ရွှေအူတိုင်အဆင့် ကျင့်ကြံသူတွေ ဒီလောက်တောင် များနေရတာလဲ" ချန်ကျီက ရင်ထဲမှ မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

​ယခင်ကမူ သူက လုံချင်းမြို့တွင် ချီသန့်စင်ခြင်း နှင့် အုတ်မြစ်ချခြင်း အဆင့်များသာ များပြားသည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဝိညာဉ်အာရုံ သန်မာလာသည့်အတွက် အာရုံခံနိုင်သည့် အတိုင်းအတာမှာလည်း ပိုမိုကျယ်ပြန့်လာပြီး အာရုံခံနိုင်စွမ်းမှာလည်း ပိုမိုထက်မြက်လာခဲ့သည်။

​သို့သော်လည်း ဤသို့ ပြုလုပ်ခြင်းက တစ်ဖက်လူအား သူ၏ စုံစမ်းထောက်လှမ်းမှုကို ရိပ်မိသွားစေနိုင်သဖြင့် ပုံမှန်အားဖြင့် သူက ကျင့်ကြံသူတစ်ဦး၏ အတိအကျ ကျင့်ကြံခြင်းအဆင့်ကို ဝိညာဉ်အာရုံဖြင့် တိုက်ရိုက် စုံစမ်းလေ့မရှိဘဲ တစ်ဖက်လူ၏ အော်ရာကိုသာ အနည်းငယ် ခံစားကြည့်လေ့ရှိသည်။

​မကြာမီ အချိန်အတွင်းမှာပင် ချန်ကျီက စစ်ဟိုင် ကုန်သွယ်ရေးအသင်း၏ အဆောက်အအုံ ရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

​စစ်ဟိုင် ကုန်သွယ်ရေးအသင်းအတွင်းသို့ ဝင်ထွက်သွားလာနေကြသော လူများမှာ တကယ့်ကို မနည်းလှပေ၊ ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက် သားနားလှပသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး မျက်နှာပေါ်တွင်လည်း ယုံကြည်ချက်ရှိသော အပြုံးများ ဆင်မြန်းထားကြရာ ကြည့်ရုံမျှဖြင့် ဝိညာဉ်ကျောက်တုံး မရှားပါးသော သူဌေးများဖြစ်ကြောင်း သိသာလှသည်။

​"တကယ့်ကို ကျင့်ကြံသူတွေရဲ့ မြို့ကြီးပဲ၊ ကျင့်ကြံခြင်း အငွေ့အသက်က တကယ့်ကို အားကောင်းတာပဲ" ချန်ကျီ၏ မျက်စိရှေ့တွင် လမ်းလျှောက်နေသော သိုးကမ္ဘာပတ် အုပ်စုကြီးကို မြင်တွေ့နေရသည့်အလား ခံစားလိုက်ရသည်။

​"မဖြစ်ဘူး၊ နောင်ကျရင် ဒီလို ကျင့်ကြံခြင်း မြို့ကြီးတွေမှာ ငါ့ရဲ့ ကုန်စုံဆိုင်တွေကို လိုက်ဖွင့်ရမယ်"

​ချန်ကျီက စိတ်ထဲမှ တွေးတောရင်း စစ်ဟိုင် ကုန်သွယ်ရေးအသင်းအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း ဝင်ရောက်သွားခဲ့သည်။

​ချက်ချင်းပင် ဝန်ထမ်းတစ်ဦးက ချန်ကျီကို လာရောက် နှုတ်ဆက်လေသည်။ " မိတ်ဆွေ ... ကျွန်တော်တို့ဆီက ဘာများ ကူညီပေးရမလဲ"

​"ဒီလို ဝန်ဆောင်မှုပေးတဲ့ အမူအရာက မဆိုးဘူးပဲ၊ ငါ့ကုန်စုံဆိုင်ကလူတွေ ဒါကို အတုယူရမယ်"

​ချန်ကျီသည် အတွင်းသို့ မဝင်ခင်က မသိခဲ့သော်လည်း ဝင်ကြည့်လိုက်မှသာ စစ်ဟိုင် ကုန်သွယ်ရေးအသင်းကြီး၏ အတွင်းပိုင်းမှာ တကယ့်ကို ကျယ်ဝန်းလှကြောင်း သိရှိလိုက်ရသည်။

​ကောင်တာ တစ်ဒ အပြင် ယခု ပထမထပ်တွင် လူပေါင်း လေးဆယ်ကျော်ခန့် ရှိနေသော်လည်း ဤနေရာကြီးမှာ လုံးဝ ကျပ်ညပ်ပိတ်လှောင်နေခြင်း မရှိပေ။

​ယခုအခြေအနေမှာ စစ်ဟိုင် ကုန်သွယ်ရေးအသင်း၏ ပထမထပ်မျှသာ ရှိသေးပြီး ချန်ကျီက ဒုတိယထပ်သို့ တက်ရောက်နိုင်သော လှေကားကိုလည်း မြင်တွေ့ထားပြီး ဖြစ်သည်။

​"ဒုတိယထပ်မှာတော့ ပိုပြီး အဖိုးတန်တဲ့ ပစ္စည်းတွေကို ရောင်းချတဲ့နေရာ ဖြစ်ရမယ်"

​ချန်ကျီက စစ်ဟိုင် ကုန်သွယ်ရေးအသင်းအတွင်းရှိ ဧည့်ကြို ဝန်ထမ်း အရေအတွက်မှာ ပစ္စည်းလာ ဝယ်ယူကြသော ကျင့်ကြံသူများထက်ပင် ပိုမိုများပြားနေသည်ကို သတိပြုမိလိုက်သည်။

​" မိတ်ဆွေ..." ဝန်ထမ်းက ချန်ကျီကို နောက်တစ်ကြိမ် လှမ်းခေါ်လိုက်သည်။

​ချန်ကျီက ထိုအခါမှ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်ဟန်ဆောင်ကာ မေးလိုက်သည်။ "မင်းတို့ဆီမှာ ဘာပစ္စည်းတွေ ရောင်းဖို့ရှိလဲ ငါ လိုအပ်တဲ့ ပစ္စည်းတွေက နည်းနည်း များတယ်"

​ဆိုင်ဝန်ထမ်းက ချန်ကျီ၏ စကားကို ကြားလိုက်ရသောအခါ မျက်လုံးထဲတွင် အရောင်တစ်ချက် တောက်ပသွားပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "အော်... မိတ်ဆွေ စိတ်ချပါ၊ ကျွန်တော်တို့ဆီမှာ အကုန်ရှိပါတယ်၊ မိတ်ဆွေ လိုအပ်တာမှန်သမျှ အားလုံးကို တောင်းဆိုနိုင်ပါတယ်။ ​တကယ်လို့ ရှားပါးအဖိုးတန် ပစ္စည်းတွေဆိုရင်တောင် ကျွန်တော်တို့ စစ်ဟိုင် ကုန်သွယ်ရေးအသင်းရဲ့ လေလံပွဲမှာ ဝယ်ယူနိုင်ပါတယ်"

​"အော်... ဒီလိုလား ဒါဆိုရင် ငါက ဆေးလုံးအချို့ လိုချင်တယ်၊ ပြီးတော့ ပစ္စည်းအချို့လည်း ရှိသေးတယ်၊ မင်းတို့ဆီက လက်ခံမခံတော့ မသိဘူး"

​ချန်ကျီက ဤစစ်ဟိုင် ကုန်သွယ်ရေးအသင်း၏ အရောင်းအဝယ် အယူအဆမှာ သူ၏ အနန္တကုန်စုံဆိုင်နှင့် တစ်ပုံစံတည်း တူညီနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

​"ကျေးဇူးပြုပြီး မိတ်ဆွေ ဘာပစ္စည်းတွေ လိုအပ်လဲဆိုတာ ပြောပြပေးပါ၊ ကျွန်တော်တို့ စစ်ဟိုင် ကုန်သွယ်ရေးအသင်းမှာ မရှိဘူးဆိုရင် လုံချင်းမြို့က ဘယ်ဆိုင်မှာမှ ဒုတိယတစ်ဆိုင် ရှိလာမှာ မဟုတ်ပါဘူး"

​"အုတ်မြစ်ချ ဆေးလုံး ရော ရှိလား"

​"ရှိပါတယ်"

​ချန်ကျီက ခေါင်းငြိမ့်ပြလိုက်ပြီး "တစ်လုံးကို ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ"

​"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆၀၀၀ ပါ"

​ဆိုင်ဝန်ထမ်း၏ ဈေးနှုန်းကို ကြားလိုက်ရသောအခါ ချန်ကျီက ခေတ္တမျှ ဆွံ့အသွားပြီး ဆိုင်ဝန်ထမ်းကို ချက်ချင်း ပြန်မဖြေဘဲ ရင်ထဲ၌ တွက်ချက်နေမိသည်။

​"ဒီအုတ်မြစ်ချ ဆေးလုံးက ထင်သလောက် ဝယ်ရမခက်ပါလား၊ ဒါပေမဲ့ ဈေးက နည်းနည်း ကြီးတယ်၊ အရင်းဈေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀ ပဲ ရှိတာကို အဆ ၂၀ တောင် တင်ထားတာပဲ၊ အရေးကြီးဆုံးက ငါရောင်းတာထက် ပိုဈေးကြီးနေတယ်၊ ပြီးတော့ ဒါက အလယ်အလတ် ဆေးလုံးလည်း သေချာပေါက် မဟုတ်လောက်ဘူး"

​" မိတ်ဆွေ..." ဆိုင်ဝန်ထမ်းက ချန်ကျီကို သံသယဖြင့် ကြည့်လိုက်သည်။

​"အင်း... စျေးသိပ် မကြီးပါဘူး၊ ဆန်းကြယ် အဆင့် လက်နက် ရော ရှိလား"

​ဆိုင်ဝန်ထမ်းက ဤသူသည် ဖောက်သည်ကြီး ဖြစ်ကြောင်း သိလိုက်သဖြင့် မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားပြီး ပြောလိုက်သည်။ "မိတ်ဆွေ လိုအပ်တယ်ဆိုရင် ကျွန်တော် အခုပဲ မိတ်ဆွေကို ဒုတိယထပ်ကို ကြွဖို့ စီစဉ်ပေးပါ့မယ်"

​စစ်ဟိုင် ကုန်သွယ်ရေးအသင်းတွင် ဖောက်သည်များ၏ ကျင့်ကြံခြင်းအဆင့်ကို စိတ်ကြိုက် စုံစမ်းထောက်လှမ်းခြင်း မပြုရဟူသော စည်းကမ်းရှိသည်၊ ဤအရာက ရိုင်းပျသော အပြုအမူ ဖြစ်သောကြောင့် ဖြစ်သည်။

​ထို့ပြင် အကယ်၍သာ အဆင့်မြင့် ကျင့်ကြံသူကြီးများကို စိတ်အနှောင့်အယှက် ဖြစ်စေပါက မကောင်းသဖြင့် သူက ချန်ကျီ၏ ကျင့်ကြံခြင်းအဆင့်ကို အာရုံမခံခဲ့သောကြောင့် ချန်ကျီတွင် မည်သည့် လိုအပ်ချက်များ ရှိနေသည်ကို မသိရှိရခြင်း ဖြစ်သည်။

​ချန်ကျီကဲ့သို့ ရောက်ရောက်ချင်း ဆန်းကြယ် အဆင့် လက်နက်ကို မေးမြန်းသော ဖောက်သည်မျိုးမှာ ကျင့်ကြံခြင်းအဆင့် သေချာပေါက် မနိမ့်နိုင်သကဲ့သို့ အရေးကြီးဆုံးမှာ ဝိညာဉ်ကျောက်တုံး မရှားပါးသည်မှာ သေချာသဖြင့် သေချာပေါက် ဒုတိယထပ်သို့ ဖိတ်ခေါ်ရမည် ဖြစ်သည်။

​စစ်ဟိုင် ကုန်သွယ်ရေးအသင်း၏ ပထမထပ်တွင် ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများ လိုအပ်သော ပစ္စည်းများကိုသာ ရောင်းချပြီး ဒုတိယထပ်မှသာ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူများအတွက် ပစ္စည်းများကို ရောင်းချခြင်း ဖြစ်သည်။

​"အော်... ဒီလိုလား ဒါဆိုရင် ဒုတိယထပ်ကို သွားကြတာပေါ့" ချန်ကျီက စိတ်ထဲမှ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။

​"ကောင်းပါပြီ၊ မိတ်ဆွေ ဒီဘက်ကို ကြွပါ"

​ချန်ကျီက ခေါင်းငြိမ့်ပြလိုက်ပြီး လောက အပြင်မှ ပညာရှိကြီးတစ်ဦးအလား ဟန်ပန်ဖြင့် လျှောက်လှမ်းလိုက်သည်။ သူက ထိုလှေကားကို စောစောကတည်းက သတိပြုမိထားပြီး ဖြစ်ရာ သူ၏ ခန့်မှန်းချက်နှင့် ကွက်တိ ကိုက်ညီနေခဲ့သည်။

​ဆိုင်ဝန်ထမ်းက ချန်ကျီကို ခေါ်ဆောင်ကာ ဒုတိယထပ်သို့ တက်သွားစဉ် အခြားသော ဝန်ထမ်းများက သူ့ကို အားကျသော အကြည့်များဖြင့် ဝိုင်းကြည့်ကြသည်။

​ဒုတိယထပ်တွင် ရောင်းချသော ကုန်ပစ္စည်းများ၏ ဈေးမှာ မြင့်သဖြင့် ရရှိမည့် ကော်မရှင်ခမှာလည်း ပထမထပ်ထက် အဆမတန် များပြားသည်။

​အကယ်၍ အရောင်းအဝယ်တစ်ခု အောင်မြင်သွားပါက ပထမထပ်တွင် တစ်လလုံး ရောင်းချရသည့် ကော်မရှင်ခထက်ပင် ပိုမိုများပြားလှသည်။

​ဆိုင်ဝန်ထမ်းက ချန်ကျီကို ဒုတိယထပ်သို့ ခေါ်ဆောင်လာပြီးနောက် ချန်ကျီက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

​ဤနေရာက ပထမထပ်ထက် သေချာပေါက် ပိုမိုတိတ်ဆိတ် ငြိမ်သက်လှသည်၊ ဒုတိယထပ်ရှိ ကောင်တာများမှာ ပထမထပ်လောက် မများပြားသကဲ့သို့ နေရာလွတ် မှာလည်း ပိုမိုကျယ်ဝန်းကာ ပစ္စည်းလာ ဝယ်ယူနေကြသော ကျင့်ကြံသူများမှာလည်း ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သာ ရှိသည်။

​"ဒီကို တက်လာတော့ တခြား ဝန်ထမ်းနဲ့ လဲဖို့ မလိုဘူးလား" ချန်ကျီက သံသယဖြင့် မေးလိုက်သည်။

​"မိတ်ဆွေ တွေးလွန်သွားပါပြီ၊ ဒုတိယထပ်မှာလည်း ကျွန်တော်ကပဲ မိတ်ဆွေအတွက် ဝန်ဆောင်မှု ပေးသွားမှာပါ၊ ဒုတိယထပ်ကို ဖိတ်ခေါ်ရတာက ပထမတစ်ခုအနေနဲ့ မိတ်ဆွေရဲ့ ဂုဏ်သိက္ခာကို ဖော်ဆောင်ပေးတာဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ ဒီနေရာက ပိုပြီး တိတ်ဆိတ်တဲ့အပြင် လူရှုပ်တာ ကင်းတဲ့အတွက် မိတ်ဆွေရဲ့ လျှို့ဝှက်ချက်ကိုလည်း အာမခံချက် ပေးနိုင်လို့ပါ"

​"ဒီလိုကိုး" ချန်ကျီက သဘောပေါက်သွားသော်လည်း ဤမျှအထိ လုပ်ရန် မလိုအပ်ဟု ခံစားလိုက်ရသည်။

​"မိတ်ဆွေက ဆန်းကြယ် အဆင့် လက်နက်ကို ဝယ်ယူဖို့ လိုအပ်တာ မဟုတ်လား"

​"ဟုတ်တယ်၊ ဆန်းကြယ် အဆင့် လက်နက်တွေက ဈေးနှုန်း ဘယ်လောက်ရှိလဲ"

​ဆိုင်ဝန်ထမ်းက တက်ကြွစွာဖြင့် ပြောလိုက်သည်။ "ဆန်းကြယ် အဆင့် အဆင့်နိမ့် လက်နက်တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၊ အလယ်အလတ် ဆိုရင် ၂၀၀၀၀ နဲ့ အဆင့်မြင့် ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀၀၀ ပါ၊ မိတ်ဆွေ ကြည့်ပါ၊ ဘယ်လိုအမျိုးအစားကို လိုချင်ပါသလဲ"

​"ဒီဈေးက နည်းနည်း ကြီးတယ်၊ ငါ တခြားဟာတွေပဲ အရင်ကြည့်လိုက်ဦးမယ်"

​" မိတ်ဆွေ... ဒီဈေးက မကြီးလှပါဘူး၊ မိတ်ဆွေအနေနဲ့ ကျွန်တော်တို့ စစ်ဟိုင် ကုန်သွယ်ရေးအသင်းမှာမို့လို့သာ ဒီပစ္စည်းတွေကို ဝယ်ယူနိုင်တာပါ၊ တကယ်လို့ တခြားဆိုင်တွေကို သွားမယ်ဆိုရင် ဒီဈေးနဲ့ ရဖို့ မပြောနဲ့၊ ပစ္စည်း ရှိမရှိဆိုတာတောင် မသေချာပါဘူး"

​"အော် စစ်ဟိုင် ကုန်သွယ်ရေးအသင်းရဲ့ အင်အားက ဒီလောက်တောင် သန်မာ တာလား ငါ အရင်က ဘာလို့ မကြားဖူးရတာလဲ"

​"မိတ်ဆွေ... ဒါကတော့ မိတ်ဆွေ မသိသေးလို့ပါ၊ ကျွန်တော်တို့ စစ်ဟိုင် ကုန်သွယ်ရေးအသင်းက လုံချင်းမြို့ကို ရောက်ရှိ အခြေစိုက်လာတာ တစ်နှစ်တောင် မပြည့်သေးပါဘူး"

​"စစ်ဟိုင် ကုန်သွယ်ရေးအသင်းက ဒီလောက် အစွမ်းထက်တာကို အရင်က ဘာလို့ လုံချင်းမြို့ကို မလာခဲ့တာလဲ"

​"ဒါကတော့ ထုတ်ပြောဖို့ အဆင်မပြေပါဘူး" ဆိုင်ဝန်ထမ်းက လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလိုက်သည်။

​ချန်ကျီက ခေတ္တမျှ တွေးပြီးနောက် ထပ်မံ မေးလိုက်သည်။"ဒါဆို ရွှေအူတိုင်အဆင့်တက် ဆေးလုံး ကော ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ"

​"ရွှေအူတိုင်အဆင့်တက် ဆေးလုံး ဟုတ်လား" ဆိုင်ဝန်ထမ်းက ခေတ္တမျှ တွန့်ဆုတ်သွားပြီး ချန်ကျီကို အကဲခတ်ကြည့်ကာ နောက်ဆုံးတွင် ပြောလိုက်သည်။ "ရွှေအူတိုင်အဆင့်တက် ဆေးလုံး တစ်လုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀၀၀ လိုအပ်ပါတယ်"

​ချန်ကျီက ပြုံး၍ ပြောလိုက်သည်။ "စစ်ဟိုင် ကုန်သွယ်ရေးအသင်းမှာ တကယ်ကို အကုန်ရှိတာပဲ"

​"ဒါကတော့ မိတ်ဆွေ စိတ်ချပါ၊ စစ်ဟိုင် ကုန်သွယ်ရေးအသင်းမှာ ဒီလောက် အင်အားတော့ ရှိပါတယ်" ဆိုင်ဝန်ထမ်း၏ စကားလုံးများထဲတွင် ဂုဏ်ယူဝင့်ကြွားနေသော အငွေ့အသက်များ ပါဝင်နေသည်။

​"ဒါဆို မြေကြီး အဆင့် လက်နက် နဲ့ အခြေတည်ဝိညာဉ် အဆင့်တက် ဆေးလုံး ကော ရှိလား"

​ဆိုင်ဝန်ထမ်းက ချန်ကျီ၏ ရည်ရွယ်ချက်ကို စတင် သံသယဝင်လာခဲ့ပြီး လေသံမှာလည်း မာထန်သွားကာ ပြောလိုက်သည်။ " မိတ်ဆွေ... မိတ်ဆွေက တကယ်ပဲ ပစ္စည်းလာဝယ်တာ ဟုတ်ရဲ့လား"

​"ဘာလဲ... မတူလို့လား" ချန်ကျီက ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ ရွှေအူတိုင်အဆင့် ၏ ဖိအားနှင့် အော်ရာများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

​ဆိုင်ဝန်ထမ်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားခဲ့ပြီး သူ စကားမှားသွားကြောင်း သိလိုက်ရသည်။ "စီနီယာ... ကျွန်တော် အဲဒီလို ရည်ရွယ်တာ မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

All Chapters