← Chapters

လေဟာနယ်အတိဒုက္ခ

Vol. 142 Ch. 1959

လေဟာနယ်အတိဒုက္ခ

Vol. 142 Ch. 1959

ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်သည် လောက၏သိပ်သည်းသောစွမ်းအားနှင့် ဖွဲ့စည်းထားခြင်းပင်။ ဝမ်လင်းက ၎င်းကို စုပ်ယူသည့်အခါ၌ သူ၏မူလစိတ်ဝိညာဉ်သည် မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။

ခြောက်ကြိမ်မြောက်အသက်ရှိုက်စာအချိန်သို့ ရောက်လာသည့်အခါတွင် သူ၏မူလစိတ်ဝိညာဉ်က ထပ်မံ သွေ့ခြောက်ပြန်သည်။ သို့သော် ကင်းမြှီးကောက်စိတ်ဝိညာဉ်၏ စွမ်းအားဖြင့် ၎င်းက မျှခြေအနေအထားသို့ ရောက်သွားသည်။ သို့သော်လည်း ယင်းမျှခြေက အချိန်ကြာကြာ မခံပေ။ အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးလာ၏။

ဝမ်လင်းသည် သူ၏ခန္ဓာကိုယ်ကို အားအင်ဖြည့်တင်းဖို့ လောက၏စွမ်းအားကို ထပ်မံ ရှာနိုင်တော့ခြင်း မရှိပေ။

ကျင့်ကြံသူအများစုက ဒီကပ်ဘေးကို ဆေးလုံးများ သောက်သုံး၍ ရှင်သန်ဖြတ်ကျော်ကြ၏။ ထိုသွေ့ခြောက်အားကို ခုခံဖို့ တချို့အရာများကို သုံး၍ ဖြတ်ကျော်ကြ၏။

သို့သော် နောက်ဆုံးအသက်ရှိုက်စာသုံးကြိမ်က အရင်ခုနစ်ကြိမ်ထက် များစွာ ပိုကြောက်ဖို့ ကောင်း၏။ ကျင့်ကြံသူအများစုအဖို့ ဒီကပ်ဘေးကို ရှင်သန်ဖို့ ခက်ခဲလွန်းသည်။ အကြောင်းမှာ ဆေးလုံးများ၏ အစွမ်းသတ္တိထက် သွေ့ခြောက်နှုန်းက များစွာ ပိုမြန်လာသောကြောင့်ပင်။ သူတို့သည် လုံလောက်သောဆေးလုံးများကို မစုပ်ယူနိုင်ခင်မှာပင် သူတို့၏မူလစိတ်ဝိညာဉ်များသည် ဗလာနတ္ထိဖြစ်သည့်အထိ သွေ့ခြောက်သွားတတ်သည်။

ထို့ကြောင့် ဆေးလုံး၏အရည်အသွေးက အလွန်အရေးပါ၏။ အကောင်းဆုံးဆေးလုံးဖြင့်ပင် ဒီကပ်ဘေးကို ရှင်သန်ဖြတ်ကျော်ဖို့ ခက်လှ၏။

ထိုကပ်ဘေးက ကျင့်ကြံသူတို့ကို ခံဘက်သပ်သပ်သာ ဖြစ်စေ၏။ မည်သို့မှ မတန်ပြန်နိုင်ဘဲ တောင့်ခံရုံသာ ရှိ၏။ ရှေးဟောင်းအချိန်များတည်းက လူတိုင်းသည် ထိုသို့သာ တောင့်ခံပြီး ဖြတ်ကျော်ခဲ့ရတာ ဖြစ်၏။ မဟာအင်ပါယာများသည်ပင် ထို့အတူသာ။ သူတို့သည် ဒီကပ်ဘေးကို ဆေးလုံးများစွာ၏ အကူအညီဖြင့် တောင့်ခံခဲ့ရကာ စိတ်ထဲတွင်လည်း ထိတ်လန့်ခဲ့ရပေသည်။

ဆန်းကြယ်ဒုက္ခကိုးခုကို တခါတည်း ဖြတ်ကျော်သော ဒဏ္ဌာရီလာ မဟာအင်ပါယာနှစ်ယောက်သည်ပင် ၎င်းကို တောင့်ခံခဲ့ရချေ၏။ အသက်ဆယ်ရှိုက်စာ ကုန်လွန်ပြီးနောက်တွင် ၎င်းက ၎င်းဘာသာ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။

အသက်ခုနစ်ရှိုက်စာအချိန်သို့ ရောက်လာသည့်အခါ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲရှိ မျှခြေအနေအထားက ပျက်စီးသွား၏။ သူ့မူလစိတ်ဝိညာဉ်က မြန်ဆန်စွာ သွေ့ခြောက်လာသည်။ သို့သော် သူ၏အမူအရာကမူ ပြောင်းလဲမသွားပေ။ သူသည် အချိန်ဆွဲနေစဉ်အတွင်း ဒီဒုက္ခကပ်ဘေးကို ချိုးဖျက်မည့် နည်းလမ်းအား အသည်းအသန် စဉ်းစားထားခဲ့ပြီးပင်။

“ငါ ဒါကို တောင့်ခံနိုင်ချင်ရင် အရင်ဆုံး ဖိနှိပ်ခံထားရတဲ့ အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်စိတ်ဝိညာဉ်အစစ်အမှန် နေရာကို မြန်မြန် ရှာဖို့ လိုတယ်။ ဒီအစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်နဲ့ဆို ဒီကပ်ဘေးကို ဖြတ်ကျော်ဖို့ဟာ အလွယ်လေး ဖြစ်လိမ့်မယ်…”

“ဒါပေမဲ့ ဒီဖိနှိပ်ခံထားရတဲ့ စိတ်ဝိညာဉ်ကို စုပ်ယူဖို့ကတော့ လွယ်လိမ့်မှာ မဟုတ်ဘူး။ အချိန် လိုလိမ့်မယ်။ ဘယ်လောက်ကြာလိမ့်မလဲတော့ ငါလည်း မသိဘူး…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။

“ဒုက္ခဆိုတာ ကံကောင်းမှုတစ်ခုလည်း ဟုတ်တယ်။ ငါ ဒီအချက်ကို ယုံကြည်ထားတယ်။ ဒါက ထူးဆန်းပေမယ့် တကယ်တော့ ကပ်ဘေးဒုက္ခတစ်ခုသာပဲ။ ငါ့မူလစိတ်ဝိညာဉ်ကို သွေ့ခြောက်အောင် လုပ်ဖို့။ ဒီကပ်ဘေးရဲ့ သွေ့ခြောက်နိုင်တဲ့စွမ်းအားက ငါ့ယုံကြည်မှုက ပိုအားကောင်းမလား ကြည့်ရတာပေါ့…”

ဝမ်လင်းက ခေါင်းမော့၏။ သူ၏မျက်လုံးထံမှ အားကောင်းသော ယုံကြည်မှုအလင်း ထုတ်လွှတ်လာသည်။

ဝမ်လင်း၏ဉာဏ်ရည်ဖြင့် သူသည် ဒီကပ်ဘေးကို ဖြတ်ကျော်နိုင်မည့် သော့ချက်နှင့် တခြားသူများက ၎င်းကို မည်သို့ ဖြတ်ကျော်ရှင်သန်ခဲ့ပုံကို ဖြတ်မြင်ပြီး ဖြစ်၏။ ထိုနည်းလမ်းက အတော့်ကို ခံဘက်သပ်သပ် ဆန်သည်။

ဝမ်လင်းကမူ ထိုသို့ပုံစံမျိုးကို မရွေးချင်ပေ။

“ငါ့မှာ လုံလောက်တဲ့ ယုံကြည်မှု ရှိတယ်။ ငါ့မူလစိတ်ဝိညာဉ်မှာလည်း ငါ့ယုံကြည်မှု ပါဝင်တယ်။ ဒီကပ်ဘေးဒုက္ခဟာ ဒီယုံကြည်မှုနဲ့ငါ့ကို ဘယ်လိုများ ဖျက်စီးမလဲ ငါ ကြည့်ချင်သေးတယ်…”  ဝမ်လင်းသည် ကောင်းကင်ထက်ရှိ ချိပ်တံဆိပ်ထံ ခိုင်မာပြတ်သားစွာ လှမ်းကြည့်၏။

သူက သူ့ဘဝတွင် နတ်ဘုရားပြစ်ဒဏ်များကို ရင်ဆိုင်ခဲ့ဖူးကာ ၎င်းတို့ပေါ်တွင် မည်သို့မျှ မထိတ်လန့်ခဲ့ပေ။ သူသည် မိုးနှင့်မြေကို လွှမ်းမည့် ခိုင်မာပြတ်သားမှုသာ ရှိခဲ့သည်။

ရှစ်ကြိမ်မြောက်အသက်ရှိုက်စာအချိန်သို့ ရောက်လာသည့်အခါ ဝမ်လင်းက ခေါင်းမော့၏။ သူ၏မူလစိတ်ဝိညာဉ်မှာ အမျှင်တန်းတစ်ခုသာ ကျန်တော့သည့်အထိ သွေ့ခြောက်သွားခဲ့လေပြီ။ သို့သော် ထိုအမျှင်တန်း၌ သူ၏ယုံကြည်မှု ပါဝင်၏။ သူ၏ယုံကြည်မှုကို သူသည် လုံးဝ လက်မလွှတ်ပေ။ သူ၏ပြတ်သားသော ယုံကြည်ချက်မှာ လီမူဝမ်ကို ပြန်ရှင်သန်စေနိုင်ဖို့ပင်။

သည်မူလစိတ်ဝိညာဉ်အမျှင်တန်းက ရှစ်ကြိမ်မြောက်အသက်ရှိုက်စာကြောင့် မသွေ့ခြောက်သေးပေ။ ၎င်းက ဝမ်လင်း၏ပြတ်သားမှုနှင့်အတူ ဆက်လက်တည်ရှိသည်။

“ငါ့မူလစိတ်ဝိညာဉ်ဟာ အင်မောတယ် ဖြစ်လိမ့်မယ်လို့ ငါ ယုံတယ်…”

“ငါ့တည်ရှိမှုဟာ မပယ်ဖျက်နိုင်ဘူးဆိုတာ ငါ ယုံတယ်…”

“ငါ့ဘဝဟာ ငါ့လက်ထဲမှာပဲ ရှိတယ်လို့ ငါ ယုံတယ်…”

ကိုးကြိမ်မြောက်အသက်ရှိုက်စာအချိန် ရောက်လာ၏။ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ သို့သော် သူ၏အမူအရာကမူ မပြောင်းလဲသွားပေ။ ကိုးကြိမ်မြောက်အသက်ရှိုက်စာအချိန်သည် ၎င်း၏သွေ့ခြောက်စွမ်းအားကို သယ်ဆောင်ကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို ဖျက်စီးပစ်လေတော့မည်။ သို့သော် ယုံကြည်ချက်နှင့် ပြည့်နေသော သူ၏မူလစိတ်ဝိညာဉ်အမျှင်တန်းမှာ ကိုးကြိမ်မြောက်အသက်ရှိုက်စာပြီးသည့်အထိ ကျန်ရှိနေပေသည်။

ဤသည်မှာ မူလစိတ်ဝိညာဉ် မဟုတ်လေတော့၊ ယုံကြည်မှုစွမ်းအားသာ ဖြစ်ချေ၏။ ကောင်းကင်နှင့်မြေကြီးသည် မူလစိတ်ဝိညာဉ်အားလုံးကို ပယ်ဖျက်နိုင်ကောင်း၏။ သို့သော် လူတစ်ယောက်၏ ယုံကြည်မှုကိုမူ မဖျက်စီးနိုင်ပေ။ ယုံကြည်မှုသာ မရှိပါက လူတစ်ယောက်၏ ဘဝသည် မိုးကောင်းကင်၏ လက်တွင်းသို့ သက်ဆင်းရလိမ့်မည် မဟုတ်လား။ သို့သော် ဝမ်လင်းကမူ ထိုသို့ မဟုတ်ပေ။ သူ၏ ယုံကြည်မှုက ဒေါမာန်ကြီးနေသော မီးအလား။ သူက ကောင်းကင်ထက်ရှိ ချိပ်တံဆိပ်ထံ မမှိတ်မသုန် ကြည့်၏။

“ဒီကပ်ဘေးဟာ ပျောက်ကွယ်သွားလိမ့်မယ်လို့ ငါ ယုံတယ်…”

“ဝမ်အာကို ပြန်ရှင်သန်အောင် လုပ်နိုင်မယ်လို့ ငါ ယုံတယ်…”

“လောကရဲ့ အထွတ်အထိပ်ကို ငါ ခြေလှမ်းနိုင်လိမ့်မယ်လို့ ယုံတယ်…”  ဝမ်လင်းက ကောင်းကင်ထက်သို့ မာန်သွင်းကာ‌ အော်ဟစ်၏။ သူ၏ယုံကြည်ချက်ကား ကောင်းကင်ပျက်စီးစေနိုင်လောက်၏။

ဆယ်ကြိမ်မြောက်အသက်ရှိုက်စာအချိန်၌ ၎င်းသည် ဝမ်လင်း၏ယုံကြည်မှုကို ဖျက်စီးမည့် စွမ်းအားနှင့်အတူ ဆင်းသက်လာ၏။ ၎င်းက ဒေါမာန်တကြီး လှိုင်းတစ်ခုအလား သူ၏ယုံကြည်ချက်ကို ဖျက်စီးပစ်ချင်နေသည်။

သို့သော် အဆုံးသပ်၌ ဆယ်ကြိမ်မြောက်အသက်ရှိုက်စာ ကုန်လွန်သွားသည့်နောက်တွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကမူ သူ၏ယုံကြည်မှုနှင့်အတူ ဆက်ရှိနေ၏။ ၎င်းသည် ကျန်ရှိနေရုံသာမက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

“ကောင်းကင်နဲ့မြေကြီးရဲ့ ခွန်အားဟာ ငါ့ခန္ဓာကိုယ်၊ ငါ့မူလစိတ်ဝိညာဉ်၊ ငါ့စိတ်ဝိညာဉ်တို့ကို ဖျက်စီးနိုင်လိမ့်မယ်။ ဒါပေမဲ့ ငါ ယုံကြည်မှုကိုတော့ ဖျက်စီးနိုင်မှာ မဟုတ်ဘူး…”  ဝမ်လင်းသည် မာန်သွင်းကာ ကောင်းကင်ထက်သို့ ခြေလှမ်း၏။ လောကနှင့် ယှဉ်ပါက သူကား ပုရွတ်ဆိတ်တစ်ကောင်နှယ်။ သို့သော် သူ့ထံမှ လောကကို အရောင်ပြောင်းစေမည့် အော်ရာ ပေါက်ကွဲထွက်လာသည်။ သူသည် ကောင်းကင်ထက်ရှိ ချိပ်တံဆိပ်ထံ တိုးဝင်လာကာ နီးကပ်လာသည်နှင့် သူ့ညာလက်ကို ပင့်မြှောက်၍ ထိုပုံရိပ်ယောင် ချိပ်တံဆိပ်ကို ဆုတ်ဖြဲပစ်လေသည်။

ထိုသို့ဖြင့် ယင်းပုံရိပ်ယောင်ချိပ်တံဆိပ်သည် ဝမ်လင်း၏ယုံကြည်မှုကြောင့် သက်ရောက်ခြင်း ခံရကာ အထည်ဒြပ်ဖြစ်လာမည့် အရိပ်အယောင် ပြသလာသည်။ ဝမ်လင်း၏ ဆုတ်ဖြဲအားအောက်၌ ၎င်းသည် ရုတ်တရက် ပျက်စီးသွားတော့သည်။

ထိုချိပ်တံဆိပ် ပျက်စီးသွားသည်နှင့် ဝမ်လင်း၏ သွေ့ခြောက်နေသော မူလစိတ်ဝိညာဉ်က ချက်ခြင်း ပြန်ကောင်းမွန်လာသည်။ ဖြတ်ခနဲအတွင်း ၎င်း၏ အထွတ်အထိပ်သို့ ပြန်ရောက်လာကာ ပို၍ပင် ကြီးမားလာသေး၏။

ခုနစ်ခုမြောက်ဒုက္ခကပ်ဘေး၊ အသက်ဆယ်ရှိုက်စာ စိတ်ဝိညာဉ်သွေ့ခြောက်ခြင်းဒုက္ခသည် ဝမ်လင်း၏ရှေ့တွင် ပျက်စီးသွားလေသည်။

ထိုကပ်ဘေးဒုက္ခ ပျက်စီးသွားသည့်အခါ လောကသည် ကြီးစွာ ပြောင်းလဲ၏။ အလင်းများ တောက်ပလာကာ ကောင်းကင်ထက်တွင် ဒုတိယမြောက်ချိပ်တံဆိပ်တစ်ခု ပေါ်လာသည်။

ထိုဒုတိယမြောက်ချိပ်တံဆိပ်သည် ပထမတစ်ခုနှင့် လုံးဝ ကွဲပြား၏။ ၎င်းက ပို၍ ရှုပ်ထွေးကာ အတိုင်းမသိရှေးကျသောအော်ရာကိုလည်း ပေးစွမ်းသည်။ ထိုချိပ်တံဆိပ် ပေါ်လာသည့်အခါ ရှစ်ခုမြောက်ဒုက္ခကပ်ဘေး၊ အသက်စိတ်ဝိညာဉ်ဒုက္ခကပ်ဘေးမှာ ပေါ်လာတော့သည်။

ထိုကပ်ဘေးသည် မူလစိတ်ဝိညာဉ်အပေါ်သို့ ထိခိုက်သွေ့မည် မဟုတ်ပေ။ သို့သော် ၎င်းက မူလစိတ်ဝိညာဉ်၏ သက်တမ်းကို နည်းပါးလျော့ကျသွားစေမည် ဖြစ်၏။

ထိုဒုက္ခကပ်ဘေးသည် အချိန်ကို ပြန်ပြောင်းစီးဆင်းနိုင်၏။ ကျင့်ကြံသူတစ်ယောက်၏ သက်တမ်းမှာ အဆုံးမရှိတာ မဟုတ်ပေ။ ဒီစိတ်ဝိညာဉ်အသက်ဘေးဒုက္ခက ခဏတာသာ ကြာမြင့်၏။ သို့သော် ထိုအခိုက်အတန့်က နှစ်ပေါင်းသန်းချီ ဖြစ်နိုင်သလို နှစ်ပေါင်းရာချီလည်း ဖြစ်နိုင်ပေ၏။

ထိုစိတ်ဝိညာဉ် ပြန်ရောက်လာသည့်အခါ ယင်းစိတ်ဝိညာဉ်သည် သေဆုံးပေလိမ့်မည်။ တဒင်္ဂအတွင်း နှစ်ပေါင်းတစ်သန်း။ ထိုကပ်ဘေးဒုက္ခက ပြီးခဲ့သောကပ်ဘေးများထက် ပို၍ ဆန်းပြား၏။ ၎င်းသည် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းဟု မဆိုလိုပေ။ ၎င်း၏ရည်ရွယ်ချက်မှာ ကျင့်ကြံသူများသည် သက်တမ်းကို စိတ်ဆန္ဒရှိစွာ စတေးအောင် ပြုလုပ်ခြင်းပင်။

ထိုဒုက္ခကပ်ဘေးသည် ကိုးခုမြောက်ဘေးဒုက္ခနှင့်လည်း အတော်လေး ဆက်နွှယ်သည်။ လူတစ်ယောက်သည် နှစ်ပေါင်းတစ်သိန်းသက်တမ်းကို ကမ်းလှမ်းပါက ကိုးခုမြောက်ဒုက္ခသည် အလွန်ရိုးရှင်းသွားမည် ဖြစ်ပြီး ၎င်းကို လွယ်လင့်တကူ ကျော်ဖြတ်နိုင်လိမ့်မည်။ သို့ပေမည့် သက်တမ်းတစ်သိန်းကျော်ကျန်သော ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူမှာ နည်းပါးလွန်း၏။ လူတစ်ယောက်သည် ကံကောင်းမှု ကြီးကြီးမားမား မကြုံပါက ထိုသည်က မဖြစ်နိုင်ပေ။

သို့သော် လူတစ်ယောက်သည် သက်တမ်းကို မစတေးလိုပါက ကိုးကြိမ်မြောက်ဒုက္ခအတွက် ရှင်သန်နိုင်မည့် အခွင့်အရေးမှာ ဆယ်ရာခိုင်နှုန်းလောက်သာ ရှိနိုင်လိမ့်မည်။

ရှစ်ကြိမ်မြောက်ဆန်းကြယ်ဒုက္ခ၌ ကျင့်ကြံသူများသည် သူတို့၏ သက်တမ်းကို မည်မျှစတေးမည်ဟု အစဦးတည်းက ဆုံးဖြတ်ထားပြီး ဖြစ်၏။ ရှစ်ကြိမ်မြောက်ဒုက္ခအတွင်း ဝင်ရောက်ဝံ့သော သူများသည် ပုံမှန်အားဖြင့် သူတို့၏ကိုယ်ပိုင်အစီအရင်များ ရှိကြပေသည်။ သူတို့ကျင့်ကြံဖို့အတွက် လိုအပ်သော သက်တမ်းကို တွက်ချက်ပြီး ပိုသည့်သက်တမ်းများကို ကိုးခုမြောက်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးအတွက် စတေးကြလေသည်။

မဟာအင်ပါယာ ဖြစ်မလာပါက လေဟာနယ်အတိဒုက္ခအဆင့်သို့ ဝင်ရောက်ပြီးလျှင် သင်၏ သက်တမ်းက တိုးလာလိမ့်မည် မဟုတ်ပါ။

သင်သည် နောက်ထပ်ကံကောင်းမှုတစ်ခု မကြုံရပါက ၎င်းအခြင်းအရာမှာ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက ကောင်းကင်ထက်ရှိ ဒုတိယမြောက်ချိပ်တံဆိပ်ကို ကြည့်၏။ ထိုချိပ်တံဆိပ်ကို တွေ့မြင်သည့်နောက် သူ၏စိတ်ထဲတွင် အတွေးပိုများ ဖြစ်ပေါ်လာသည်။

ရှစ်ခုမြောက်ဒုက္ခကို နားလည်သွားသည့်နောက် ဝမ်လင်းသည် တော်တော်များများကို တွေးမိ၏။ သူသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက ဒီကပ်ဘေးဒုက္ခကို မည်သို့မည်ပုံ ဖြတ်ကျော်နိုင်ခဲ့တာအား မသိပေ။ သို့သော် ထိုသူက တခြားကံကောင်းမှုတစ်ခုကို ကြုံခဲ့ပုံရသည်။

သူ အရင်တုန်းက တွေးမိခဲ့သည့်အရာက မှားယွင်းခဲ့တာကိုလည်း နားလည်သွား၏။ ကျင့်ကြံသူများသည် ဆန်းကြယ်ဒုက္ခအဆင့်ရှစ်တွင် တစ်နေခဲ့ကြတာ များသည်ကို သူ တွေ့မြင်ခဲ့ရ၏။

ထိုကပ်ဘေးသည် ဖြတ်ကျော်ဖို့ မလိုပေ။ လူတစ်ယောက်က ၎င်းထံ၌ သက်တမ်းကို စတေးလိုက်သည်နှင့် ယင်းက ပြန်ဆုတ်သွားပေလိမ့်မည်။ တစ်နှစ်လောက် စတေးလျှင်ပင် ရှစ်ခုမြောက်ဘေးဒုက္ခက ပြီးမြောက်သွားလိမ့်မည် ဖြစ်၏။

သို့သော် ကိုးခုမြောက်ကပ်ဘေးကို ဖြတ်ကျော်ရာ၌ ပို၍ ခက်ခဲသွားလိမ့်မည်။

ဝမ်လင်းသည် အချိန်အတန်ကြာ စဉ်းစားနေ၏။ ထို့နောက် သူ၏မျက်လုံးက အရောင်တောက်လာသည်။ သူသည် ကောင်းကင်ထက်ရှိ ချိပ်တံဆိပ်ထံ တိုးဝင်ကာ အနားရောက်သွားသည်။ သူ့လက်ဖြင့် ထိုချိပ်တံဆိပ်ပေါ် ဖိချလိုက်သည်။

“ငါ တစ်နှစ် စတေးမယ်…”

သူ၏စကားလုံးများ ပဲ့တင်ထပ်သည်နှင့် သူ၏ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ၏ရှေ့ရှိ ချိပ်တံဆိပ်မှာလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ရှစ်ခုမြောက်ဘေးဒုက္ခက ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုရှစ်ခုမြောက်ဘေးဒုက္ခ ပြန့်ကြဲပျောက်ကွယ်သွားသည့်အခိုက်၌ ဝမ်လင်းက ထွက်ခွာဖို့ ရွေးချယ်နိုင်၏။ သို့သော် သူက ထိုသို့ မလုပ်ပေ။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ နောက်ဆုံးဘေးဒုက္ခပေါ်လာမည်ကို စောင့်နေသည်။

သူသာ နောက်ဆုံးဘေးဒုက္ခကို ဖြတ်ကျော်နိုင်ခဲ့ပါက သူသည် ဆန်းကြယ်လေဟာနယ်အဆင့်ကို ချိုးဖျက်၍ လေဟာနယ်အတိဒုက္ခအဆင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်လာချေလိမ့်မည်။

ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏ပုံပန်းသွင်ပြင်မှာ လေးနက်နေသည်။ သူသည် တပြိုင်နက်တည်း ဆန်းကြယ်ဒုက္ခရှစ်ခုကို ဖြတ်ကျော်ပြီး ဖြစ်ကာ အခု ကိုးခုမြောက်ဖြစ်သော နောက်ဆုံးဆန်းကြယ်ဒုက္ခကို ဖြတ်ကျော်ပေတော့မည်။

သူက ဘယ်လက်ကို ပင့်မြှောက်ကာ လေဟာနယ်ထံ ဆန့်ထုတ်လိုက်၏။ ရွှေရောင်အလင်း တောက်ပကာ အချိန်အတန်ကြာ ပျောက်ကွယ်နေသော လီကောင်း၏လေး ပေါ်လာ၏။

သူကညာလက်ဖြင့် လေးကြိုးကို လုံးဝန်းသည့်အထိ ဆွဲတင်လိုက်သည်။ ဖြတ်ခနဲအတွင်း လီကောင်းမြား ပေါ်လာ၏။

သူက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်သည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ သူ၏နောက်မှ ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်သည်လည်း ၎င်း၏လက်ကို ပင့်မြှောက်သည်။ ပုံရိပ်ယောင်လီကောင်းလေးနှင့်မြားက ၎င်း၏လက်ထဲတွင် ပေါ်လာချေ၏။

ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား၌ မိုးကြိုး လင်းလက်၏။ သူ၏မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က ဒြပ်စင်ငါးခုခန္ဓာ၏နောက်တွင် ပေါ်လာ၏။ ၎င်းခန္ဓာကိုယ်က ဘယ်လက်ကို ပင့်မြှောက်ကာ ညာလက်ကို ဆွဲတင်၏။ ပုံရိပ်ယောင်လီကောင်းလေးနှင့်မြားက ထိုခန္ဓာကိုယ်၏ လက်ထဲတွင်လည်း ပေါ်လာချေသည်။

သူသည် ရှစ်ခုမြောက်ဘေးဒုက္ခအတွက် တစ်နှစ်သာ စတေးခဲ့ချိန်တည်းက သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်ပြီး ဖြစ်၏။ သူက ရှစ်ခုမြောက်ဘေးဒုက္ခကို မဖြတ်ကျော်ဘဲ ၎င်းကို ဖျက်စီးပစ်မည်ပင်။

ဒီဘေးဒုက္ခက မည်မျှအစွမ်းထက်ပါစေ သူ့အနေဖြင့် ထိုသို့ မယူဆပေ။ ထို့ကြောင့် သူက ၎င်းကို ဖျက်စီးပစ်ပေတော့မည်။ သူသည် ဒီကပ်ဘေးများကို ခုခံနေရခြင်းသပ်သပ်သည် သူ၏ စရိုက်မဟုတ်ပေ။ သူက သူကိုယ်တိုင်ပင် နားမလည်သော ကောင်းကင်နှင့်မြေကြီး၏ ဒီကပ်ဘေးဒုက္ခများကို မုန်းတီးပေသည်။

သူ့ဘဝတွင် ထိုသို့သောအရာများကို အခါခါရင်ဆိုင်ခဲ့ရသည့်အတွင်း ထိုအမုန်းတရားက ပိုတိုးလာခဲ့တာပင်။

ထိုအမုန်းတရား၏ ဇစ်မြစ်မှာ လှိုဏ်ဂူလောကရှိ ဟင်္သာပြဒါးဂြိုဟ်မှ စတင်၏။ သူသည် လီမူဝမ်ကို ပွေ့ဖက်ကာ မိုးကောင်းကင်အား ဒေါသတကြီးဖြင့် မျှော်လင့်ချက်မဲ့စွာ ဟစ်အော်ခဲ့ရသည် မဟုတ်လား။

ဝမ်လင်းက လီကောင်းလေးကို ဆွဲတင်လိုက်သည့်အခါ၌ ကောင်းကင်ဘုံဘိုးဘေး၏ ဆံချည်မျှင်မှ ဖြစ်ပေါ်လာသော သွေးကြောထံကနေ ကောင်းကင်ဘုံစွမ်းအင်း ထွက်ပေါ်လာကာ လီကောင်းလေးထံ အရှိန်အဟုန်နှင့် တိုးဝင်သည်။ ၎င်းက သည်လေးကို တောက်ပလင်းထင်းသွားစေသည်။ ရွှေရောင်အလင်းက ဝမ်လင်း၏ပုံရိပ်ကို ခြုံလွှမ်းလာ၏။

ထိုရွှေရောင်အလင်းသည် ရွှေရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ၎င်းက ကောင်းကင်ထက်သို့ မာန်ဟိန်းချီကာ လောကကို ဖျက်စီးရန် ကောင်းကင်သို့ ထိုးတက်သွားတော့မည့်အလား ထင်မှတ်ရသည်။

တချိန်တည်းမှာ အပြာ၊အနီ၊အဝါအလင်းများက သူ၏ဒြပ်စင်ငါးခုခန္ဓာကိုယ် ကိုင်ဆောင်ထားသော လီကောင်းလေးထံမှ ထွက်ပေါ်လာ၏။ ထိုအလင်းသုံးခုသည် ရေ၊မီးနှင့်မြေအနှစ်သာရများပင်။ ထိုမတူညီသောအလင်းတို့သည် အရောင်မတူသော နဂါးသုံးကောင်အဖြစ်သို့ ပြောင်းသည်။

ဝမ်လင်း၏ညာဘက်ခြမ်းတွင်မူ သူ့မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာသည် နေရာတွင် အေးတိအေးစက် ရပ်နေ၏။ ၎င်း၏လက်ထဲရှိ လီကောင်းလေးတွင် မိုးကြိုးများ ဖုံးနေသည်။ မိုးကြိုးက လင်းလက်ကာ လောကကို လင်းထင်းစေ၏။ ငါးကောင်မြောက်နဂါး ပေါ်လာချေသည်။

ထိုနဂါးမှာ မိုးကြိုးဖြင့် ပြည့်ဖုံးကာ အဖျက်အစီးအော်ရာတစ်ခုကို ပေးစွမ်းနေသည်။ ထိုအော်ရာသည် ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်နှင့် ဝမ်လင်း၏မူလခန္ဓာကိုယ်တို့ကိုပါ ဖိနှိပ်သွားသည်။

အဝေးမှ ကြည့်ပါက ဤသည်မှာ တုန်လှုပ်ဖွယ်မြင်ကွင်းပင်။ ကောင်းကင်နှင့်မြေကြီးကို ဝါးမြိုနိုင်သော နဂါးငါးကောင်က ဟိန်းအော်သံများ ပေး၏။

ကောင်းကင်ထက်၌ နောက်ဆုံးချိပ်တံဆိပ်သည် ပေါ်လာခဲ့ပြီ။ ဤသည်မှာ ကိုးခုမြောက်ဆန်းကြယ်ဒုက္ခကပ်ဘေးပင်။ ယင်းကို ပြန်လည်မွေးဖွားခြင်းဟု ခေါ်တွင်၏။  ၎င်းသည် ကျင့်ကြံသူတစ်ယောက် လေဟာနယ်အတိဒုက္ခအဆင့်သို့ မရောက်ရှိအာ တားဆီးထားသော နောက်ဆုံးအရာလည်း ဟုတ်သည်။

ထိုချိပ်တံဆိပ်ပေါ်လာသည်နှင့် လောကကို အရောင်ပြောင်းစေသော ပြင်းထန်သည့်ဖိအားတစ်ခု ပေါ်လာ၏။ လူများက ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်း၌ သူတို့ကိုယ်သူတို့ ဆုံးရှုံးသွားတတ်ပြီး သူတို့ကိုယ်သူတို့ ပြန်ဆွဲထုတ်နိုင်ခြင်း မရှိဘဲ ထို့နောက်တွင် သေဆုံးသွားရလိမ့်မည်။

“ဒုက္ခကပ်ဘေးဖျက်စီးခြင်း…”  ဝမ်လင်းက မာန်သွင်းအော်ဟစ်လိုက်၏။ သူ၏အသံက သူ့ပတ်လည်ရှိ ရွှေရောင်အလင်းကို ထွင်းဖောက်ကာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ၎င်းသည် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများ၏ နားထဲထိ ရောက်ရှိသွားလေ၏။

“ဒုက္ခကပ်ဘေးဖျက်စီးခြင်း…”

“သူ…သူက ဆန်းကြယ်ဒုက္ခအဆင့်ရှစ်ခုကို တခါတည်း ဖြတ်သန်းခဲ့တာပဲ။ ကိုးခုမြောက်ဒုက္ခကိုတောင် မရင်ဆိုင်ဘဲ အဲ့အစား ဖျက်စီးပစ်မှာတဲ့လား…”

“ဒီလိုမောက်မာမှုမျိုး။ ဒါ…ဒါဟာ အရှင်အစိမ်းရောင်မိစ္ဆာသာ လုပ်နိုင်မယ့် အရာမျိုးပဲ…”

ထိုကျင့်ကြံသူများ၏မျက်နှာများသည် ဖြူရောကာ သည်စကားနှစ်ခွန်းကြောင့် သူတို့၏စိတ်နှလုံးသည် လှုပ်ခါယမ်းကုန်၏။ ရွှေရောင်အလင်းတွင်း၌ ဝမ်လင်းက လေးကြိုးကို လွှတ်လိုက်သည်။

ထိုအခါ သိပ်သည်းသောကောင်းကင်ဘုံစွမ်းအင်က လေးပေါ်သို့ ကန်ထွက်ကာ မြားချက်သည် ကျယ်လောင်စွာ တဝီဝီမြည်ဟိန်း၍ ထိုးထွက်သွားသည်။

ထိုမြားနောက်တွင် တဝီဝီမြည်သံ ကပ်ပါလာ၏။

အဝေးမှ ကြည့်ပါက ၎င်းသည် မြားတစ်စင်းနှင့်ပင် မတူတော့ပေ။ ၎င်းက ရွှေရောင်နဂါးတစ်ကောင်အသွင် ဖြစ်နေ၏။ ထိုတဝီဝီမြည်သံက ယင်းနဂါး၏ ဟိန်းသံပင်။ ထိုရွှေရောင်မြားက အနှီနဂါး၏ခန္ဓာကိုယ်အလား။

ထိုမြား ပေါ်လာသည်နှင့် လောကမှာ အရောင်များ ပြောင်းလဲ၏။ မိုးကောင်းကင်ဘုံပင် နောက်ဆုတ်ရကာ သက်ရှိများသည် အလန့်တကြား ဖြစ်ကုန်ကြရမည်။

အတိုင်းမသိဖိအားကို သယ်ဆောင်ကာ ထိုရွှေရောင်နဂါး(ဝါ)မြားချက်က ကောင်းကင်ထက်သို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်၏။ ဝမ်လင်း၏ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်သည်လည်း ၎င်း၏ညာလက်ကို ရွှေ့လျား၏။ ကျယ်လောင်စွာ မြည်ဟိန်းသံနှင့်အတူ အပြာ၊အနီ၊အဝါ နဂါးများက ကောင်းကင်ထက်သို့ ရွှေရောင်နဂါးနောက်ကနေ ကပ်လိုက်သွားသည်။

နဂါးတစ်ကောင်တည်း မဟုတ်၊ စုစုပေါင်းနဂါးလေးကောင်(ဝါ) မြားချက်လေးချက်က ကောင်းကင်ထက်သို့ ထိုးထွက်လာသည်။

လေးခုမျှသာ မဟုတ်သေးပေ။ ငါးခု ဖြစ်၏။ ဝမ်လင်း၏ မိုးကြိုးအနှစ်သာရခန္ဓာကိုယ်ကလည်း ၎င်း၏လက်ကို ဖြေလွှတ်လိုက်၏။ ထိုအခါ လောကကို ဖျက်စီးစေနိုင်လောက်မည့် တုန်ဟည်းသံ ပဲ့တင်ထပ်ကာ မိုးကြိုးနဂါးသည် ကောင်းကင်ထက်သို့ တရကြမ်း ဦးတည်သည်။

ထိုနဂါးထံ၌ ဖျက်စီးခြင်းအော်ရာ ပါဝင်၏။ အတားအဆီးအော်ရာ ပါဝင်၏။

နဂါးငါးကောင်သည် ကောင်းကင်နှင့်မြေကြီးကို ဆုတ်ဖြဲပစ်လေမည်။

မြားငါးစင်းက မိုးကောင်းကင်၏ ကံကြမ္မာကို ချိပ်ပိတ်လေမည်။

ဝမ်လင်း၏ ရွှေရောင်မြားချက်က ကိုးခုမြောက်ဆန်းကြယ်ဒုက္ခကပ်ဘေး ပြန်လည်မွေးဖွားခြင်း ချိပ်တံဆိပ်နှင့် ထိမိချိန်၌ ၎င်း၏စွမ်းအားသည် အပြည့်အဝ ပေါက်ကွဲထွက်သည်။ ထိုချိပ်တံဆိပ်သည် တုန်ခါကာ ပျက်စီးလေတော့မည့်အလား။

မကြာမီတွင် ဒြပ်စင်ငါးခုမြားချက်သုံးချက်က ရောက်ရှိလာ၏။ ကောင်းကင်ထက်ရှိ ချိပ်တံဆိပ်သည် ပျက်စီးတော့မည့် အရိပ်လက္ခများ ပြသလာ၏။ ၎င်းပေါ်၌ ကြီးမားသောအက်ကြောင်းများ ပေါ်လာသည်။

ထိုမြားများက မမြင်ရပေ။ သို့သော် ၎င်းထံ၌ ဝမ်လင်း၏ ယုံကြည်မှု ပါဝင်၏။ မိုးကောင်းကင်အပေါ် သူ၏အမုန်းတရား ပါဝင်၏။ ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးမည့် သူ၏ ယုံကြည်ချက် ပါဝင်သည်။

ထိုယုံကြည်ချက်က သည်တိုက်ခိုက်မှုအား မဟာအင်ပါယာတစ်ယောက်၏ ယုံကြည်မှုမန္တာန်နှင့် အတော့်ကို နီးကပ်သွားစေသည်။ ထို့ကြောင့် ၎င်းသည် ဗလာနတ္ထိကနေ အထည်ဒြပ်အစိုင်အခဲ ဖြစ်လာနိုင်စွမ်း ရှိခြင်းပင်။

နောက်ဆုံးမြားချက်ကတော့ အဖျက်အစီးကို သယ်ဆောင်လာသော မိုးကြိုးမြားတည်း။ ၎င်းသည် မြားသဏ္ဌာန်ရှိသော မိုးကြိုးတန်းတစ်ခုပင်။ ၎င်းက ကျယ်လောင်စွာ တုန်ဟည်းကာ ပြန်လည်မွေးဖွားခြင်းချိပ်တံဆိပ်ပေါ် နီးကပ်လာ၏။ ၎င်း၏အဖျက်အစီးအားသည် ပေါက်ကွဲထွက်လာတော့သည်။

ထိုမြားက သတ်ဖြတ်ခြင်းမိုးကြိုး အငွေ့အသက်ကို ပေးစွမ်းနေ၏။ သို့သော် ထိုအငွေ့အသက်ကပင် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေဖို့ လုံလောက်သည်။

ပြန်လည်မွေးဖွားခြင်းချိပ်တံဆိပ်က တုန်ခါလေ၏။ ရုတ်တရက် ၎င်းက မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် နေရာအနှံ့သို့ ပြန့်ကြဲသည်။ ကောင်းကင်သည် ၎င်းနှင့်အတူ ပျက်စီးလေတော့မည့်အလား ထင်မှားရသည်။

ဝမ်လင်း၏အောက်ရှိ ကင်းမြှီးကောက်ဘုံကျောင်းက ပျက်စီးသွား၏။ထိုဘုံကျောင်းက တုန်ခါမှုကို မခံနိုင်သည့်အလား။ ၎င်းသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်ဘုံကျောင်းက လွင့်ပါးပျောက်ကွယ်သွားချေ၏။

၎င်းသည် ပျက်စီးနေစဉ် ဖုန်မှုန့်များ လေထဲသို့ ထိုးတက်ကာ ဝမ်လင်း၏ပုံရိပ်ကို ကွယ်ဖုံးသွား၏။ သည်ဖုန်မှုန့်အစုအဝေးများထံမှ လောကကို တုန်ယင်စေသော လေဟာနယ်အတိဒုက္ခအဆင့်အော်ရာ ထွက်ပေါ်လာချေ၏။

ထိုလေဟာနယ်အတိဒုက္ခအဆင့် အော်ရာက အလွန်အမင်း အစွမ်းထက်ကာ ဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။ ထိုဝဲကတော့က ပျက်စီးနေသော ကောင်းကင်၊ မြေပြင်နှင့် ဆန်းကြယ်ဒုက္ခ၏ အဖျက်အစီးအားကို ဖမ်းယူ၏။ ယင်းဝဲကတော့က အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ အလယ်ဗဟိုကျကျ အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်ကျောင်းတော်နေရာတွင် တည်ရှိချေသည်။

အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူဒါဇင်ကျော်က ထိတ်လန့်တကြားဟန်များ လှစ်ဟပေါ်၏။ ဆန်းကြယ်ဒုက္ခ၏ ဖိအား လွင့်ပြယ်သွားသည့်အခါ သူတို့သည် ခပ်မြန်မြန် နီးကပ်လာကြသည်။

“အရှင်အစိမ်းရောင်မိစ္ဆာကို နှုတ်ဆက်ပါတယ်…”

“အရှင်အစိမ်းရောင်မိစ္ဆာရဲ့ ပြန်လည်ရှင်သန်ထမြောက်ခြင်းအတွက် ဂုဏ်ပြုပါတယ်…”

All Chapters