← Chapters

ကောင်းကင်ဘုံဖိဆန်ခြင်းဂိတ်တံခါး

Vol. 142 Ch. 1960

ကောင်းကင်ဘုံဖိဆန်ခြင်းဂိတ်တံခါး

Vol. 142 Ch. 1960

အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် ခုချိန်၌ ဆန်းကြယ်ဒုက္ခဖိအား ပျောက်ကွယ်ကာ ပျက်စီးသွားသော ကင်းမြှီးကောက်ဘုံကျောင်းထံ ဦးညွှတ်လိုက်ကြပြီး အလွန်လေးစားသော ဟန်အမူအရာဖြင့် ရှိနေကြသည်။

ထိုမုန်တိုင်းအတွင်း၌ လေဟာနယ်အတိဒုက္ခအော်ရာသည် အားကောင်းလွန်းစွာ လှိုင်းတပိုး ထနေ၏။ ယင်းအော်ရာ ပြန့်ကြဲသည့်အခါ လောကသည် အရောင်များ ပြောင်းလဲ၏။

ယင်းမုန်တိုင်းအတွင်း၌ အထီးတည်းပုံရိပ်တစ်ခု ရှိနေ၏။ ထိုပုံရိပ်၏ ဆံပင်တို့မှာ လွင့်ဝဲနေသည်။ ထိုပုံရိပ်၏ ပုံပန်းသွင်ပြင်ကို ကောင်းကောင်း မမြင်ရပေ။ သို့သော် သူ့ထံမှ လေဟာနယ်အတိဒုက္ခအော်ရာကို ထုတ်လွှတ်နေသည်။

၎င်းသည် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ ဖိအားသာ ဖြစ်သော်လည်း ဒီနေရာရှိ ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးကို တုန်ယင်သွားစေသည်။ သူတို့က လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်ရှိ တစုံတစ်ယောက်နှင့် ရင်ဆိုင်ရသကဲ့သို့ ခံစားမိနေ၏။

မုန်တိုင်းအတွင်းရှိ ပုံရိပ်က အချိန်အတန်ကြာပြီးနောက် ဖြည်းဖြည်းချင်း လှမ်းလျှောက်လာကာ ပိုထင်ရှားလာ၏။ ဝမ်လင်းက ကောင်းကင်ထက်သို့ တည်ငြိမ်စွာ မော့ကြည့်၏။

ကိုးခုမြောက်ဆန်းကြယ်ဒုက္ခကို ဖျက်စီးပစ်ပြီးနောက် သူသည် သူ့ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားသော အတားအဆီးသည် ပျက်စီးသွားပြီဟု ခံစားမိ၏။ သူ၏ကျင့်ကြံမှုအဆင့်မှာ အခုအခါ လေဟာနယ်အတိဒုက္ခအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။

“လေဟာနယ်အတိဒုက္ခ…”  ဝမ်လင်းက မျက်လုံးမှိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင်း၌ ဧရာမဝဲကတော့တစ်ခု မြန်ဆန်စွာ လှည့်ပတ်နေ၏။ ထိုဝဲကတော့ထံမှ ကြောက်မက်ဖွယ်အော်ရာတစ်ခုကို ပေးစွမ်းနေသည်။ ထိုအော်ရာဖြင့် ဝမ်လင်းသည် လောကကို ဆုပ်ကိုင်ဖို့ လက်ဝါးဖြန့်လိုက်ရုံသာ လိုသည်ဟု ခံစားမိသည်။

ယင်းကား အံ့အားသင့်ဖွယ်ကောင်းလှသော ခံစားချက်ပင်။

တအောင့်အကြာတွင် သူ၏နောက်မှ မုန်တိုင်းက လွင့်ပြယ်ပျောက်ကွယ်သွား၏။ သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ့ညာလက်ကို တင်းတင်းဆုပ်လိုက်သည်။ သူ၏လက်ထဲတွင် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်ထက် သာလွန်သော ကြောက်မက်ဖွယ်စွမ်းအားတစ်ခု စုဝေးလာချေ၏။

သူ့ညာလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည့်အခါ သူ၏အောက်မှ မြေပြင်ထုသည် တုန်ဟိန်းကာ မရေမတွက်နိုင်သော အက်ကြောင်းများ ပျံ့ကုန်သည်။ သူ၏လေဟာနယ်အတိဒုက္ခကျင့်ကြံခြင်းဖိအားက ရုတ်တရက် ပျံ့နှံ့သည်။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် ချက်ခြင်း နောက်ဆုတ်ကာ ဝမ်လင်းကို စူးစမ်းဟန်ဖြင့် လှမ်းကြည့်သည်။

သူတို့သည် ဝမ်လင်းထံမှ အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်၏ အော်ရာကို မခံစားမိကြပေ။ သည်အခါ သူတို့၏အမူအရာများ ပြောင်းလဲကုန်၏။

“လေဟာနယ်အတိဒုက္ခရဲ့ ခံစားချက်…”  ဝမ်လင်းက ခေါင်းငုံ့လိုက်၏။ သူက သူ့လက်ကို ကြည့်သည်။ သူ ထွက်သွားရန် ဟန်ပြင်ကာ သူ၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ လေဟာနယ်အတိဒုက္ခအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က အင်ပြည့်အားပြည့် စတင်လှုပ်ရှားလာ၏။ သူ၏ခန္ဓာကိုယ်မှ စုပ်အားတစ်ခု ထွက်ပေါ်ကာ အောက်ဘက်မြေပြင်ထိ ရောက်ရှိသည်။

ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထံမှ အသိစိတ်တုန်ခါလှိုင်းကို ရှင်းလင်းစွာ ခံစားမိ၏။ ထိုတုန်ခါလှိုင်းတွင် အားကောင်းသောလိုအင်ဆန္ဒ ပြည့်နှက်သည်။

ထိုတုန်ခါလှိုင်းကို ဝမ်လင်း လေဟာနယ်အတိဒုက္ခအဆင့်သို့ မရောက်ခင်က ရှင်းလင်းစွာ မခံစားမိပေ။ သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာသည့်နောက် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က အရင်နှင့် သိသိသာသာ ကွဲပြားလာသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ညာလက်ကို ပင့်မြှောက်ကာ အောက်ဘက်ရှိ မြေပြင်ထံသို့ လက်သီးတလုံး ပစ်သွင်းသည်။

သူ၏လက်သီးချက် ကျဆင်းလာသည့်အခါ ၎င်းက လက်ဝါးအသွင်သို့ ပြောင်း၍ မြေပြင်ထက်သို့ ကျရောက်သည်။ မြေပြင်ထက်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာပြီး မြေပြင်မျက်နှာပြင်မှာ ပြန့်ကြဲသွားသည်။

အဖျက်အစီးအားတစ်ခု ပေါက်ကွဲထွက်ကာ မြေပြင်ထဲသို့ ဝင်ရောက်၏။ ထိုမြေပြင်ထု ပျက်စီးသွားသည့်အခါ ကြီးမားသောတွင်းပေါက်ကြီးတစ်ခု ပေါ်လာ၏။

ယင်းမှာ ကင်းမြှီးကောက်ဘုံကျောင်း၏အောက်ခြေ အစိမ်းရောင်ကင်းမြှီးကောက်မိစ္ဆာကို ဖိနှိပ်ထားသော နေရာပင်။ ထိုအခိုက်တွင် ဝမ်လင်းက မြေပြင်ကို ပျက်စီးစေပြီး ကင်းမြှီးကောက်စိတ်ဝိညာဉ် ချိပ်ပိတ်ထားသော နေရာထံ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်၏။

မြေပြင်ထု ပွင့်ဟသွားခိုက်၌ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများကို တုန်လှုပ်သွားစေသော ဟိန်းအော်သံတစ်သံ ထိုတွင်းနက်ထဲမှ ထွက်ပေါ်လာ၏။ ထိုဟိန်းသံက အလွန်အမင်း ကြမ်းကြုတ်ကာ အတိုင်းမသိမကျေမချမ်းခြင်းနှင့် ပြည့်နှက်သည်။

တဝီဝီအသံများ မြည်ဟိန်းပဲ့တင်ထပ်လျက် အစိမ်းရောင်အခိုးအငွေ့များစွာက ထိုတွင်းနက်ထဲမှ ထိုးထွက်လာ၏။ ထိုမြူတို့မှာ တိုင်လုံးတစ်ခုနှယ် ကောင်းကင်ထက်သို့ ထိုးတက်ပြီး ကောင်းကင်ယံတွင် ဧရာမအစိမ်းရောင်ကင်းမြှီးကောက်တစ်ကောင် အလျင်အမြန် ဖွဲ့စည်းပေါ်ထွက်လာသည်။

ထိုကင်းမြှီးကောက်က ပေတစ်ရာလောက် ကြီးမား၏။ ၎င်း ပေါ်လာသည့်နောက် ၎င်းသည် အောက်ဘက်ရှိ မြေပြင်ထံ အရိပ်ကျစေသည်။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် ထိုသည်ကို တွေ့မြင်သည့်အခါ ထိတ်လန့်တကြား ဖြစ်ကုန်သည်။

“အရှင်အစိမ်းရောင်မိစ္ဆာ…”

“ဒါ…ဒါက ဘယ်လို ဖြစ်တာလဲ။ အရှင်အစိမ်းရောင်မိစ္ဆာရဲ့ စိတ်ဝိညာဉ် ပေါ်လာခဲ့ပြီ။ ဒါဆိုရင် သူက ဘယ်သူလဲ…”

“သူဟာ အရှင်အစိမ်းရောင်မိစ္ဆာ ပြန်လည်ရှင်သလာတဲ့သူ မဟုတ်ဘူးလား…”

ထိုကျင့်ကြံသူများ၏ စိတ်ထဲ၌ သံသယများ ပြည့်လာ၏။ အစိမ်းရောင်မြူက ဧရာမကင်းမြှီးကောက်အဖြစ်သို့ ပြောင်းသွားသည့်အခါ မယုံကြည်နိုင်ဖွယ်အတွေးတစ်ခု သူတို့၏ စိတ်ထဲ၌ ပေါ်လာတော့၏။

“ဝမ်လင်း…သူဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေက ဝမ်လင်းပဲ…”

မိစ္ဆာတာအိုကလန်မှ ကျင့်ကြံသူတစ်ယောက်က ထိုသို့ ပြောလာ၏။ လွန်ခဲ့သော နှစ်တစ်ရာကျော်က သူသည် အစိမ်းရောင်မိစ္ဆာကုန်းမြေနှင့် မုန့်မြေကမ္ဘာကုန်းမြေတို့ကြား နယ်စပ်၌ ဝမ်လင်းကို လိုက်လံသတ်ဖြတ်ရာတွင် ပါဝင်ခဲ့ဖူးသည်။

သူက ဝမ်လင်းမှန်း သိသွားသည့်အခါ စိတ်ထဲ၌ ဆောက်တည်ရာမရ ဖြစ်သွားသည်။

တွင်းနက်ထဲမှ ထွက်ပေါ်လာသော အစိမ်းရောင်မိစ္ဆာစိတ်ဝိညာဉ်သည် ပြင်းထန်စူးရှစွာ အော်ဟစ်၏။ ၎င်း၏ကြီးမားသောခန္ဓာကိုယ်က ကောင်းကင်ထက်တွင် လှုပ်ခတ်ကာ ဝမ်လင်းကို စိုက်ကြည့်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ချိပ်တံဆိပ်လေးခု ရှိနေ၏။ ထိုချိပ်တံဆိပ်များက ၎င်း၏ ဦးခေါင်း၊ အမြှီး၊ ရင်ဘက်နှင့်ကျောတို့တွင် တည်ရှိကာ ဖိနှိပ်ခြင်းအားကို ထုတ်လွှတ်သည်။

ကောင်းကင်ဘုံဘိုးဘေးက ပြုလုပ်ခဲ့သော ထိုချိပ်ပိတ်မှုလေးခုသည် သည်စိတ်ဝိညာဉ်ကို ချိပ်ပိတ်ကာ အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ စွမ်းအားကို ဖြစ်စေပေသည်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် ထိုအစိမ်းရောင်ကင်းမြှီးကောက်ရှေ့၌ အလွန်သေးငယ်နေ၏။ သို့သော် သူသည် နေရာတွင် အေးစက်စက်အကြည့်ဖြင့် ရပ်နေပြီး ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်ကို ဖိနှိပ်နိုင်သော အော်ရာတစ်ခုကို ပေးစွမ်းသည်။

သူ၏ဆံပင်ဖြူတို့က ပုခုံးထက်သို့ ဝဲကျနေ၏။ ကင်းမြှီးကောက်စိတ်ဝိညာဉ်က ဟိန်းအော်ရင်း သူ့လက်ကို ပင့်မြှောက်ကာ လက်သီးတလုံး ပစ်သွင်းသည်။ ထိုလက်သီးချက်တွင် ဝမ်လင်း၏ ရှေးတောက်စွမ်းအားနှင့် လေဟာနယ်အတိဒုက္ခကျင့်ကြံခြင်း ပါဝင်သည်။ ၎င်းသည် ကင်းမြှီးကောက်ထံ တိုးဝင်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ရုတ်တရက် ပဲ့တင်ထပ်ကာ အစိမ်းရောင်စိတ်ဝိညာဉ်၏ ခန္ဓာကိုယ်သည် တုန်ခါကာ အားကောင်းပြင်းထန်သော လေပြင်း၏ ထိမှန်ခြင်း ခံရကာ နောက်သို့ လွင့်ထွက်သွားသည်။ ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်က ငြှိမ်းသေပျောက်ကွယ်တော့မည်ဟု ထင်ရသည်။ သို့သော် ထိုအခိုက်တွင် ချိပ်တံဆိပ်လေးခုက လင်းလက်ကာ ဝမ်လင်း၏လက်သီးချက်ကို ခုခံသည်။ ပေထောင်သောင်းချီ လွင့်ထွက်သွားပြီးနောက် ၎င်း၏ခန္ဓာကိုယ်က ဆက်ရှိနေလေ၏။

ဝေါင်း…။

ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်၏ ခန္ဓာကိုယ်သည် တုန်ယင်ကာ ဝမ်လင်းထံ ထပ်မံ တိုးဝင်လာသည်။ သည်အခိုက်တွင် နက်မှောင်သုန်မှုန်သော နတ်ဘုရားအာရုံတစ်ခု ပဲ့တင်ထပ်သည်။

“အစိမ်းရောင်မိစ္ဆာကုန်းမြေရဲ့ ကျင့်ကြံသူအားလုံး…ဒီလူ့ကို သတ်ကြ…”

ထိုနတ်ဘုရားအာရုံ ပြန့်နှံ့လာသည့်အခါတွင် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူဒါဇင်ကျော်၏ အမူအရာက ပြောင်းလဲသွားသည်။ သူတို့အားလုံးက ဝမ်လင်းကို ကြည့်ကာ သူ့ထံ တရကြမ်း တိုးဝင်လာသည်။

“ကောင်းကင်ဘုံဘိုးဘေးရဲ့ ချိပ်ပိတ်မှုဟာ နှစ်ပေါင်းများစွာ ကြာခဲ့တဲ့နောက်တောင် ဒီလောက်ထိ အစွမ်းထက်နေတုန်းပဲ။ ဒါဟာ အတိတ်တုန်းက ကောင်းကင်ဘုံဘိုးဘေး ဘယ်လောက်ထိ အစွမ်းထက်ခဲ့လဲဆိုတာကို ပြသရာ ရောက်တယ်…”

ဝမ်လင်းသည် သူ့ထံ နီးကပ်လာသော ကင်းမြှီးကောက်စိတ်ဝိညာဉ်ကို အေးစက်စက် ကြည့်၏။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကလည်း ခွန်အားပြည့် လှည့်ပတ်ကာ ၎င်း၏အကန့်အသတ်သို့ ရောက်လာသလား မှတ်ရသည်။ ၎င်းထံမှ လိုအင်ဆန္ဒက ပို၍ သိပ်သည်းလာသည်။

ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။ သူက အစိမ်းရောင်ကင်းမြှီးကောက်ထံ လက်ဝေ့ယမ်းသည်။ သူ့လက်မှ အဖြူရောင်အလင်းတစ်ခု လင်းလက်သွားသည်။ သူ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရောက်လာခဲ့ချိန်မှစ၍ အခုသည် ပထမဆုံးအကြိမ်အဖြစ် ပေါ်လာခြင်းပင်။

ထိုပုတီးစေ့ပေါ်လာသည့်အခါ ၎င်းသည် အဆုံးမဲ့အဖြူရောင်အလင်းကို ထုတ်လွှတ်ပြီး ဒီဧရိယာကို လင်းထင်းစေသည်။ ကင်းမြှီးကောက်စိတ်ဝိညာဉ်က ထိုပုတီးစေ့ကို တွေ့မြင်သည့်အခါ မင်သက်သွား၏။ သို့သော် ထို့နောက်တွင် ၎င်း၏မျက်လုံးထဲတွင် အတိုင်းမသိ ထိတ်လန့်ကြောက်ရွှံ့မှု ပြည့်၏။ ၎င်းက ဟိန်းသံပေးသည်။ ထို့နောက် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်သည် လှုပ်ရှားတာ ရပ်တန့်ကာ နောက်သို့ အသည်းအသန် ဆုတ်လေတော့သည်။

“အဖြူရောင်အလင်း…ဒါဟာ..ဒါဟာ အဖြူရောင်ပုတီးစေ့ပဲ…”

၎င်း၏ကြောက်ရွှံ့မှုနှင့် နောက်သို့ အမြန်ဆုတ်သွားမှုက တိုးဝင်လာသော ကျင့်ကြံသူများကို မင်သက်သွားစေသည်။ သူတို့၏အကြည့်များက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ပေါ်တွင် ချက်ခြင်း စုဝေးကျရောက်သည်။

ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်သည် နောက်သို့ အမြန်ဆုတ်သော်လည်း ၎င်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့လောက် မမြန်ပေ။ ထိုပုတီးစေ့သည် အံ့မခန်းအမြန်နှုန်းဖြင့် ပျံသန်းကာ ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်နား ရောက်ရှိလာသည်။ ချိပ်တံဆိပ်လေးခုသည် တဖျတ်ဖျတ်လင်းလက်ကာ ပုတီးစေ့က ယင်းတို့ကို ထွင်းဖောက်၍ ကင်းမြှီးကောက်စိတ်ဝိညာဉ်ထဲ တိုက်ရိုက်ဝင်ရောက်သည်။

ထိုအခါတွင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထံမှ ကြောက်မက်ဖွယ်စုပ်အားသည် ထွက်ပေါ်လာ၏။ ကြီးမားလှသော ကင်းမြှီးကောက်စိတ်ဝိညာဉ်သည် လူတိုင်း၏ရှေ့မှာပင် မြန်ဆန်စွာ ကြုံ့လာသည်။

အသက်တရှိုက်စာ၊ နှစ်ရှိုက်စာ၊ သုံးရှိုက်စာ။

အသက်သုံးရှိုက်စာအချိန်အတွင်း ထိုကြီးမားသော ကင်းမြှီးကောက်စိတ်ဝိညာဉ်သည် အရူးအမူး ကြုံ့ကာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ လုံးဝ စုပ်ယူခြင်း ခံလိုက်ရပြီး ကောင်းကင်ဘုံဘိုးဘေး ချန်ထားခဲ့သော ချိပ်တံဆိပ်လေးခုသာ ကျန်ခဲ့လေသည်။ ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်ကို ဖိနှိပ်ထားခြင်း မရှိတော့၍ ထိုချိပ်တံဆိပ်များသည် မီးခိုးရောင်အဖြစ် ပြောင်းကာ လောကအတွင်း ပျောက်ကွယ်သွားတော့သည်။

ထိုရုတ်တရက် ပြောင်းလဲမှုက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား အသိစိတ်လွတ်သွားစေမတတ်ပင်။ သူတို့အတွက် ဝမ်လင်းသည် အိပ်မက်ဆိုးတစ်ခုပင်။ သူတို့အားလုံးသည် ပြန့်ကြဲလူစုခွဲကာ သူတို့၏မန္တာန်များကို သုံး၍ အမြန်ဆုံး ထွက်ပြေးကြတော့သည်။

ဝမ်လင်းသည် သူတို့နောက်သို့ မလိုက်ပေ။ နေရာတွင်သာ ရပ်၍ ကင်းမြှီးကောက်စိတ်ဝိညာဉ်ကို စုပ်ယူလိုက်သော ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ကြည့်သည်။ သူ၏မျက်လုံးက တလက်လက် တောက်ပကာ ညာလက်ကို ပင့်မြှောက်ပြီး လေဟာနယ်ထံ ဆန့်ထုတ်သည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် ချက်ခြင်းပင် ဝမ်လင်း၏ညာလက်ဝါးထံ ပျံသန်းလာချေ၏။

ဝမ်လင်းက ထိုပုတီးစေ့ကို ဆုပ်ကိုင်လိုက်သည့်အခါ၌ သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူသည် ထိုပုတီးစေ့က ပြီးပြည့်စုံခြင်းနောက်တဆင့်သို့ ရောက်သွားပြီး တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားနေသည်ကို ခံစားမိသည်။

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက သူ့ဘယ်လက်ကို ဝေ့ယမ်း၏။ သူ၏ပတ်လည်တွင် မုန်တိုင်းတစ်ခု ပေါ်လာသည်။ ထိုမုန်တိုင်းသည် ပေတစ်ထောင်ကျယ်ဝန်းကာ ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းပြီး သက်ရှိအားလုံး ဝင်ရောက်လာခြင်းကို ဟန့်တားထားသည်။

ထိုအကာအကွယ်ကို အထိုင်ချပြီးနောက် ဝမ်လင်း၏နတ်ဘုရားအာရုံက ပုတီးစေ့အတွင်းသို့ တရကြမ်း ဝင်ရောက်၏။ သူသည် ပုတီးစေ့သည် နောက်ထပ်ပြီးပြည့်စုံပြီးနောက် မည်သို့သော ပြောင်းလဲမှု ဖြစ်လာမည်နည်းကို မြင်လိုနေသည်။

ဝမ်လင်း၏ နတ်ဘုရားအာရုံ ပုတီးစေ့အတွင်း ဝင်ရောက်သည့်အခါ၌ သူ့အမြင်က ဝေဝါးသွားသည်။ သူ အမြင်အာရုံ ပြန်ကြည်လင်လာသည့်အခါ သူက အဆုံးမဲ့လေဟာနယ်အတွင်း ရောက်နေ၏။ ထိုနေရာတွင် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားဟန် ထင်ရသော ကြီးမားသည့်ဂိတ်တံခါးတစ်ခု ရှိ၏။

ထိုတံခါးပေါ်ရှိ အစိမ်းရောင်လက်တဖက်က အဖျက်အစီးအော်ရာတစ်ခုကို ပေးစွမ်းနေသည်။

ကောင်းကင်ဘုံဖိဆန်ခြင်းဂိတ်တံခါး။

All Chapters