← Chapters

ရွှေအဆင့်၊ အင်ပါယာအတု၊ ဩဇာအင်ပါယာ

Vol. 142 Ch. 1962

ရွှေအဆင့်၊ အင်ပါယာအတု၊ ဩဇာအင်ပါယာ

Vol. 142 Ch. 1962

မိစ္ဆာတာအိုကလန်သည် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ အနောက်မြောက်ဘက် ရွှံ့နွံအိုင်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်၏။ အရှေ့ပိုင်းကုန်းမြေ၏ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုတွင် တစ်ခု ပါဝင်သော ကလန်ဖြစ်၍ ယင်းကလန်၌ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေပေသည်။

ထိုသို့သော ခွန်အားမျိုးသည် အရှေ့ပိုင်းကုန်းမြေ၌ ကျော်ကြားသော ကလန်တစ်ခု ဖြစ်နိုင်၏။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် လေဟာနယ်အတိဒုက္ခအဆင့်သို့ ဝင်ရောက်သော သူတိုင်းကို ထိပ်သီးပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်၏။ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်နှင့် နီးကပ်နေပြီး လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူများကို ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်ပေ၏။

လူတစ်ယောက်သည် လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်ကို ချိုးဖျက်နိုင်သည်နှင့် ထိုသူမှာ အင်ပါယာအတုဟု သတ်မှတ်နိုင်မည် ဖြစ်သည်။ သို့မဟုတ် အင်ပါယာထိပ်သီးပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်မည်။  မဟာအင်ပါယာများသည်ပင် ထိုသို့သော ကျင့်ကြံသူများကို အာရုံစိုက်လာကြပေပြီ။ မဟာအင်ပါယာများသည် ထိုကျင့်ကြံသူများကို ကောင်းကောင်းမွန်မွန် ဆက်ဆံမည်သာမက သူတို့ဘက်တွင်ပါအောင်လည်း အားစိုက်ထုတ်ကြလိမ့်မည် ဖြစ်သည်။

တကယ်တော့ အင်ပါယာအတုအဆင့် ကျင့်ကြံသူများသည် မဟာအင်ပါယာများအောက်တွင် အသန်မာဆုံးသူများပင်။ မဟာအင်ပါယာများကြား၌လည်း ပဋိပက္ခများ ရှိကြပေ၏။ သို့သော် သူတို့က ကိုယ်တိုင် မပြုမူ၊ မလှုပ်ရှားကြပေ။ တကယ်တော့ သူတို့သာ တိုက်ခိုက်ပါက အကျိုးဆက်သည် ကြီးမားလွန်းလိမ့်မည် မဟုတ်လား။

လုံးဝ မလိုအပ်ပါက မဟာအင်ပါယာများသည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။ အတိတ်တုန်းက တောက်ရီနှင့် ရွှမ်လောတို့က ပိုင်နက်လွှမ်းမိုးမှုအတွက် တိုက်ခိုက်ခဲ့ကြဖူး၏။

သို့ပေမည့် မည်သူကမျှ တစ်ဘက်ကိုတစ်ဘက် ဘာမျှ သိပ်မလုပ်နိုင်ကြပေ။ ထို့အတွက်ကြောင့် မဟာအင်ပါယာများကြားရှိ ပဋိပက္ခများသည် သူတို့အောက်ရှိ အင်ပါယာအတု(ဝါ) အင်ပါယာထိပ်သီးပုဂ္ဂိုလ်များ ပေါ်တွင် မူတည်တော့သည်။

အင်ပါယာအတုအဆင့် ကျင့်ကြံသူများသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ အံ့မခန်းတောက်ပမှုကို ရရှိနိုင်သည်ဟု ဆိုနိုင်၏။ သူတို့သည် မဟာအင်ပါယာတစ်ယောက်၏ အာရုံစိုက်မှုနှင့် အလေးပေးမှုကိုပင် ရနိုင်ကြသည် မဟုတ်လား။

အင်ပါယာထိပ်သီးပုဂ္ဂိုလ်အဆင့်များဟု ခေါ်တွင် ရသည့်အကြောင်းရင်းမှာ အင်ပါယာအတုများနှင့် မဟာအင်ပါယာများကြားတွင် နောက်ထပ်အဆင့်အလွှာ ရှိနေခြင်းကြောင့်ဟူ၍လည်း ဆိုကြသည်။ ထိုနယ်ပယ်အဆင့်ကိုတော့ ဩဇာအင်ပါယာအဆင့်ဟု ခေါ်တွင်၏။ ထိုအဆင့် ကျင့်ကြံသူများသည် လေဟာနယ်အတိဒုက္ခအဆင့်ထက် ကျော်လွန်ကာ မဟာအင်ပါယာများအောက်တွင်ပင် ရှားပါးပေသည်။

ရှေးဟောင်းအချိန်များတည်းက မဟာအင်ပါယာအတုအဆင့်သို့ ရောက်သော ကျင့်ကြံသူများသည် မများလှပေ။ မဟာအင်ပါယာအဆင့်ကနေ ဩဇာအင်ပါယာအဆင့်သို့ တက်လှမ်းနိုင်သူများကတော့ ပို၍ ရှားပါးသေးသည်။ ဆိုကြသည်က မဟာစိတ်ဝိညာဉ်ကလန်၏ လောယွမ်ဟိုင်က ဩဇာအင်ပါယာအဆင့်ဟု ဆိုကြ၏။ ထို့ကြောင့်လည်း သူသည် မဟာအင်ပါယာတောက်ရီကို စိန်ခေါ်ဝံ့ခဲ့ခြင်းပင်။

သို့သော် ထိုသူမှာ မောက်မာလွန်းခဲ့၏။ ထို့ကြောင့် သူသည် မဟာအင်ပါယာတောက်ရီနှင့် သူ့ကြားတွင် ဘာကြောင့်မှန်းမသိရသော ပဋိပက္ခ ဖြစ်ခဲ့ပြီး တောက်ရီအနေဖြင့် သူ့ကို သတ်ပစ်ခဲ့ရသည်။ သို့သော် မဟာအင်ပါယာတောက်ရီသည် သူ၏စိတ်ဝိညာဉ်ကိုမူ မဟာစိတ်ဝိညာဉ်ကလန်သို့ ပြန်ခွင့်ပြုခဲ့၏။ အကြောင်းမှာ မဟာအင်ပါယာတောက်ရီသည် ထိုသူ၏ပါရမီအရည်အချင်းကို အသိအမှတ်ပြု၍ပင်။

ကောင်းကင်ဘုံနွားထီးကုန်းမြေ စတင်ပေါ်ပေါက်လာခဲ့ချိန်မှစ၍ အပြင်လူများသည် ထိုနေရာ၌ ဩဇာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက် ရှိခဲ့သည်ကို မသိကြပေ။

ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်၊ မဟာအင်ပါယာအတုအဆင့်၊ ဩဇာအင်ပါယာအဆင့်၊ မဟာအင်ပါယာအဆင့်။ သည်လေးဆင့်က စွမ်းအား၏ မတူညီသော အထွတ်အထိပ်လေးခုကို ကိုယ်စားပြုချေသည်။

မဟာစိတ်ဝိညာဉ်ကလန်၌ ဘိုးဘေးကုန်းနျန်နှင့် မဟာအင်ပါယာတစ်ယောက်ကို စိန်ခေါ်ဝံ့ခဲ့သော ဩဇာအင်ပါယာအဆင့် လောယွမ်ဟိုင်တို့ ရှိခဲ့ကြသည်။ ထိုသည်က ကြာမြင့်ခဲ့လှပြီ ဖြစ်သော်လည်း လောယွမ်ဟိုင်၏ ကျော်ကြားမှုက ယနေ့တိုင် တည်ရှိနေဆဲပင်။ မြင့်မြတ်သောအရှင်ကုန်းနျန်ကမူ ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်သာ ဖြစ်သော်လည်း သူ့ထံ၌ အစစ်အမှန်အနှစ်သာရခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေ၏။ မဟာစိတ်ဝိညာဉ်ကလန်၏ ဆန်းပြားသောမန္တာန်များနှင့်ဖြင့်ဆို မဟာစိတ်ဝိညာဉ်ကလန်သည် ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုတို့ကြား အဆင့်အတန်းခပ်မြင့်မြင့် ရှိသည်။

ကောက်ရီကလန်၌မူ ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ် မရှိနေပေ။ ကလန်ခေါင်းဆောင်သည်ပင် လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်တွင်သာ ရှိ၏။ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ရောက်ဖို့ သူ့အတွက် မဖြတ်သန်းနိုင်သေးသော အဟတစ်ခု ရှိနေပေသည်။

ထိုသို့ ဖြစ်သော်လည်း ကောက်ရီကလန်၌ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူ ငါးယောက် ရှိကြ၏။ သူတို့က အရေးကြီးသော နေရာများ၌ ရှိနေသည်။

ထိုကလန်က ကျော်ကြားလှသော ရှေးဟောင်းချပ်ဝတ်တစ်ခုကိုလည်း အမွေဆက်ခံထားသည်။ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယော်သည် ထိုချပ်ဝတ်ဖြင့်ဆို သူ၏ စွမ်းအားက များစွာ တိုးတက်လာမည် ဖြစ်၏။ သူတို့၏ အသက်ဓာတ်အားကိုပါ စတေးလိုက်ပါက သူတို့သည် ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်နှင့် ရင်ဆိုင်နိုင်သော စွမ်းအားကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။

သို့သော် ထိုချပ်ဝတ်မှာ အသက်ဓာတ်ကို စတေးရသည်ဖြစ်၍ သုံးကြိမ်ထက် ကျော်၍ အသုံးမပြုနိုင်ပေ။ သုံးကြိမ်အသုံးပြုပြီးနောက် လူတစ်ယောက်သည် သေဆုံးသွားရလိမ့်မည် ဖြစ်၏။ သို့ပေမည့် ကောက်ရီကလန်၌ ထိုချပ်ဝတ်ကို ဝတ်ဆင်နိုင်သော လူငါးယောက် ရှိသဖြင့် ဒီကလန်မှာ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုတွင် တစ်ခုပါဝင်နိုင်သည့် အရည်အသွေး ရှိပေသည်။

မိစ္ဆာတာအိုကလန်၌မူ သူတို့၏ကလန်ခေါင်းဆောင်မှာ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့် (ဝါ) ရွှေ့အဆင့်ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ပင်။ သူ၏အစွမ်းထက် ကျင့်ကြံမှုကြောင့် သူက အရှေ့ပိုင်းကုန်းမြေ၌ ကျော်ကြားစေသည်။ သို့ပေမည့် အရှင်ကုန်းနျန်နှင့် ယှဉ်ပါက နှစ်ယောက်လုံးသည် ရွှေအဆင့် ဖြစ်ကြသော်လည်း အရှင်ကုန်းနျန်က အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားခြင်းကြောင့် မိစ္ဆာတာအိုကလန်ခေါင်းဆောင်က သူ၏ ပြိုင်ဘက် မဟုတ်ပေ။

သို့သော် မိစ္ဆာတာအိုကလန်သည် ကလန်ကိုးခုနှင့်အင်အားစုဆယ့်သုံးခုကြားတွင် အားမနည်းပေ။ ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်ကလန်ခေါင်းဆောင်အပြင် သူတို့ထံ၌ လေဟာနယ်အတိဒုက္ခအဆင့် ကျွမ်းကျင်သူလေးယောက် ရှိကြပေ၏။ ပို၍ အရေးကြီးသည်မှာ သူတို့ထံ၌ ကလန်ပြင်ပတွင် ဘိုးဘေးတစ်ယောက် ရှိနေခြင်းတည်း။

မိစ္ဆာတာအိုကလန်၏ ဘိုးဘေးသည် အင်ပါယာအတုအဆင့် ဖြစ်၏။ သူသည် ကလန်နှင့် ပတ်သတ်၍ အရေးမစိုက်သလို အစိမ်းရောင်မိစ္ဆာဘုံကျောင်းကိုလည်း အလေးအမြတ် ထားခြင်း မရှိပေ။ သူက သူ့ကိုယ်ပိုင်ကျင့်ကြံမှုတွင်သာ အရေးစိုက်၏။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းသုံးထောင်က သူ့ကို မဟာအင်ပါယာတောက်ရီက စည်းရုံးခဲ့ပေ၏။

ထိုသို့သောဘိုးဘေးဖြင့် မိစ္ဆာတာအိုကလန်သည် အရှေ့ပိုင်းကုန်းမြေတွင် ကျော်ကြားကာ အစိမ်းရောင်မိစ္ဆာကုန်းမြေ၌ ဦးစီးဦးဆောင်နေရာကို ဆုပ်ကိုင်ထားသည်။

သို့သော် မိစ္ဆာတာအိုကလန်အပေါ် ထိုဘိုးဘေး၏ သစ္စာရှိမှုက သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာသည့်အခါ အတော့်ကို အားနည်းသွားခဲ့ပြီပင်။ သူသည် တိုက်ပွဲလေးများနှင့် ကလန်၏ လူမည်မျှသေသေ သူတို့၏ ရင်းမြစ် ကျန်နေသေးသ၍  ကလန်အပေါ် အရေးမစိုက်တော့ပေ။

သို့သော် အကယ်၍ တစုံတစ်ယောက်က မိစ္ဆာတာအိုကလန်၏ တာအိုရင်းမြစ်ကိုပါ ဖျက်စီးချင်လာပါက သူ၏ဂုဏ်သိက္ခာအတွက် သူသည် ထိုကိစ္စတွင် ပါဝင်လာပေလိမ့်မည်။

ထိုသည်တို့မှာ အရှင်ကုန်းနျန် ဝမ်လင်းကို ပေးခဲ့သော လိပ်ခွံမြေပုံပေါ်တွင် မှတ်တမ်းတင်ထားသော အချက်များပင်။

“အရှေ့ပိုင်းကုန်းမြေမှာ အင်ပါယာအတုအဆင့် ခုနစ်ယောက်ပဲ ရှိတယ်။ အခု လက်ရှိ ငါ့ကျင့်ကြံမှုအဆင့်နဲ့ ငါသာ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ကို အသုံးပြုလိုက်ရင် ငါ့ကျင့်ကြံမှုအဆင့်ဟာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာကို ငါ သိချင်မိတယ်…”

မုန်တိုင်းက ရှေ့သို့ ဆက်နေရင်း ဝမ်လင်းသည် လက်နောက်ပစ်ကာ မုန်တိုင်းပေါ်၌ မားမားရပ်နေ၏။ သူ၏မျက်လုံးတို့က တောက်ပနေသည်။

“ရွှေ့အဆင့်ပုဂ္ဂိုလ်တွေကိုတော့ ငါ လစ်လျူရှုနိုင်တယ်။ အင်ပါယာအတုအဆင့်ကျင့်ကြံသူတွေ…ငါ သူတို့နဲ့ တခါမျှ မတိုက်ခိုက်ခဲ့ဖူးဘူး။ ဒါပေမဲ့ ငါ တကယ် အဲ့အဆင့်ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ကြည့်ချင်တယ်…”

ဝမ်လင်း၏ဆံပင်ဖြူတို့က လွင့်ဝဲနေ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ သူ့ဦးခေါင်းကို ဝတ်ရုံက ဖုံးအုပ်သွားသည်။

အဝေးမှ ကြည့်ပါက ဝမ်လင်းသည် သူ့မျက်နှာနှင့် သူ့ဆံပင်ဖြူများကိုပါ ဖုံးအုပ်ပေးထားသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပေ၏။ သူ့ထံမှ ဆန်းကြယ်မှုနှင့်ရှေးအော်ရာတစ်ခုကို ပေးစွမ်းနေသည်။

မိစ္ဆာတာအိုကလန်သည် မြူများနှင့် ဖုံးလွှမ်းထားပြီး အတွင်းဘက်သို့ မြင်ရဖို့ မဖြစ်နိုင်ပေ။ မိစ္ဆာတာအိုကလန်တွင် တပည့်ပေါင်းတစ်သိန်းကျော် ရှိပေ၏။

သို့သော် ပြီးခဲ့သောနှစ်တစ်ရာကျော် တိုက်ပွဲနောက်တွင် တပည့်ပေါင်းသုံးသောင်းသာ ကျန်တော့၏။ သို့သော် သူတို့၏ စွမ်းအားက များစွာ ရုတ်လျှော့မသွားပေ။ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူလေးယောက်လုံး သက်ရှိထင်ရှား ရှိနေသေး၏။ နှစ်ယောက်သည် ကောင်းကင်ဘုံနွားထီးကုန်းမြေနှင့် တိုက်ပွဲတွင် စီမံရန် ကျန်နေကြ၏။ ကျန်နှစ်ယောက်က ကလန်ကို စောင့်ကြပ်နေသည်။

မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် လွန်ခဲ့သောနှစ်တစ်ရာကျော်တည်းက တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ထွက်မလာခဲ့ပေ။ သူသည် အင်ပါယာအတုအဆင့်သို့ ရောက်ဖို့ ကြံရွယ်ကြိုးစားနေကာ ခုထိ ထွက်မလာသေးပုံရသည်။

မိစ္ဆာကလန်၏ ကျင့်ကြံသူများစွာ ပျောက်နေခြင်းကြောင့် ကလန်အစီအရင်ကို ကလန်ကို ကာကွယ်ဖို့နှင့် မတော်တဆမှုတစ်ခုခု ဖြစ်လာမည်ကို တားဆီးဖို့ အသက်သွင်းထားသည်။

ကလန်တစ်ခုလုံးသည် မြူအတွင်း၌ ရှိနေပြီး ရွှံ့နွံအိုင်ပေါ်တွင် တည်ဆောက်ထားသည်။ သူတို့သည် ဒီနွံအိုင်ကို ဖြည့်ဖို့ဖို့အတွက် တောင်များကို ယူလာကာ ကောင်းကင်ဘုံဆန်သော တောင်များကို ဖန်တီးထားကြသည်။

သူတို့သည် နွံအိုင်ပေါ်တွင် ကျောက်ပြားများကို ချခင်ထားသည့်အတွက် တပည့်များက မြေပြင်အလား ၎င်းတို့ပေါ်တွင် လှမ်းလျှောက်သွားလာနိုင်သည်။

မိစ္ဆာတာအိုကလန်က ကြီးမားလှ၏။ အဝေးမှ ကြည့်ပါက ထိုကလန်၏ အနားသပ်ကို မမြင်ရနိုင်ပေ။ ကလန်၏ ဗဟိုချက်ကို ဝန်းရံကာ တည်ဆောက်ထားသော တောင်တန်းများနှင့် အဆောက်အဦများစွာ အစီအရီ ရှိနေကြသည်။

ကလန်၏ဗဟိုမှာ ရွှံနွံတစ်ခု မဟုတ်ပေ။ ရေကန်တစ်ခုပင်။ ထိုရေကန်သည် အောက်ခြေကို မြင်ရသည့်အထိ ကြည်လင်၏။

ထိုရေကန်ဗဟိုချက်တွင် ကျွန်းငယ်တစ်ခု ရှိသည်။ ထိုကျွန်းမှာ မိစ္ဆာတာအိုကလန်ခေါင်းဆောင် တံခါးပိတ်ကျင့်ကြံသော နေရာ ဖြစ်သလို သူတို့၏ မန္တာန်များကို သိုလှောင်သိမ်းဆည်းထားသော နေရာလည်း ဟုတ်သည်။

မိစ္ဆာတာအိုကလန်၏ အပြင်ဘက်တွင် ဝမ်လင်းသည် မြူများအပြင်ဘက်ရှိ ကောင်းကင်တွင် တည်ငြိမ်စွာ ရပ်နေသည်။ သူ့ပတ်လည်ရှိ အဖြူရောင်ဝတ်ရုံက သူ့မျက်နှာကို ဖုံးအုပ်ထားသော်လည်း သူ၏မျက်လုံးထဲရှိ အေးစက်မှုကိုမူ မဖုံးလွှမ်းထားနိုင်ပေ။ သူသည် မိစ္ဆာတာအိုကလန်ကို စိုက်ကြည့်သည်။ သူ၏မျက်လုံးထဲရှိ အေးစက်မှုက သတ်ဖြတ်ခြင်းဆန္ဒအဖြစ်သို့ ပြောင်းသည်။

“ငါ ကလန်တစ်ခုရဲ့ တာအိုရင်းမြစ်ကို မဖျက်စီးခဲ့တာ အချိန်ကြာလွန်းခဲ့ပြီ…”  ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။

ဝမ်လင်းသည် သူ့တဘဝလုံး သတ်ဖြတ်ခြင်း၌ ကုန်ဆုံးခဲ့သော်လည်း သူက သတ်ဖြတ်ရတာကို မနှစ်သက်ပေ။ အမှန်တော့ သူ၏ ကျင့်ကြံမှုအဆင့် ပိုမြင့်လာသည်နှင့်အမျှ သူသည်  အတင်းတွန်းအားပေးခံရခြင်းသာ မရှိပါက သို့မဟုတ် အသက်ဘေးအန္တရာယ်အခြေအနေ မကြုံရပါက သူသည် သတ်ခဲဖြတ်ခဲပေသည်။

သို့သော် ခုချိန်၌ သူ့ထံတွင် သတ်ဖြတ်လိုစိတ် ပြည့်နေ၏။ မိစ္ဆာတာအိုကလန်တစ်ခုလုံးက မုန့်မြေကမ္ဘာကုန်းမြေ နယ်စပ်တွင် ဝမ်လင်းကို အတင်းအကြပ် ဖိအားပေးကာ ဟန့်တားခဲ့ကြသည် မဟုတ်လား။ သူတို့က သူ့ထံ အရူးအမူး တိုးဝင်တိုက်ခိုက်ခဲ့ကြဖူးပေသည်။

သူတို့ သူ့ကို အမဲလိုက်ခဲ့စဉ်က သူတို့သည် ဦးခေါင်းများကိုပင် သူ့ထံ ပစ်လွှတ်ခဲ့ကြသေး၏။ ထိုဦးခေါင်းပြတ်များမှာ သူနှင့်အတူ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်တွင် အတူတူ တိုက်ခိုက်ခဲ့သူများ၏ ဦးခေါင်းများပင်။

သူတို့က ဝမ်လင်းကြောင့် သေဆုံးခဲ့ကြခြင်းဟု ဆိုနိုင်၏။ အကြောင်းမှာ မိစ္ဆာတာအိုကလန်က သူ့ကို ချိန်းခြောက်ဖို့ တမင်သပ်သပ် ထိုသူများ၏ ဦးခေါင်းကို ဖြတ်ကာ သူ့ထံ ပစ်ပေးခဲ့ကြတာ မဟုတ်လား။ ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူ၏စိတ်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ်ကာ ကြားယောင်မိလာသည်။

“မင်းက လူဦးခေါင်းတွေကို သဘောမကျဘူးလား။ ဒါက ငါတို့ မိစ္ဆာတာအိုကလန်အနေနဲ့ မင်းအတွက် ပထမဆုံး လက်ဆောင်ပဲ…”

“ငါ လူသားဦးခေါင်းတွေကို သဘောကျတယ်။ ငါ တကယ့်ကို သဘောကျတာပေါ့…”

ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်သည်။

မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ ဖမ်းစီးခံရခြင်းနှင့် သူ ကင်းမြှီးကောက်ဘုံကျောင်းတွင် တွေ့ကြုံခဲ့ရမှုတို့မှာ လူတစ်ယောက် အသတ်ခံရရုံနှင့် ပြန်မဖာထေးနိုင်ပေ။ ဒီမိစ္ဆာတာအိုကလန်တခုလုံးက အတိတ်တုန်းက သူ့ကို တားဆီးဖို့ ကြိုးစားခဲ့ကြတာ ဖြစ်၏။ သူသည် ယနေ့တွင် ထိုကလန်တခုလုံးကို ဖျက်စီးပစ်ရလိမ့်မည်။

“ဘယ်လိုကျင့်ကြံမှုအဆင့်ပဲ ဖြစ်ဖြစ် ဘယ်သူမှ မလွတ်စေရဘူး။  မင်းတို့ ငါ့ကို အပြစ်တင်ချင်ရင် မင်းတို့ဟာ မိစ္ဆာတာအိုကလန်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာကိုပဲ ယိုးမယ်ဖွဲ့ကြ…”

ဝမ်လင်းသည် ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းဆန္ဒကို ဆုပ်ကိုင်ထား၏။ သို့သော် သူက ၎င်းကို လက်လွတ်စပယ် မထုတ်ဖော်ပေ။ သို့ပေမည့် ယနေ့တွင်တော့ သူ လုပ်ဆောင်တော့မည်။ သူ၏သတ်ဖြတ်ခြင်းဆန္ဒသည် ပေါက်ကွဲထွက်လာခဲ့လေပြီ။

သူက ညာလက်ကို ပင့်မြှောက်ကာ အကွာအဝေးတစ်ခုရှိ မိစ္ဆာတာအိုကလန်ထံ ဝေ့ယမ်းသည်။ မီးပင်လယ်တစ်ခု ပေါ်လာကာ မီးနဂါးကိုးဆယ့်ကိုးကောင်အဖြစ်သို့ ပြောင်း၏။ ယင်းတို့သည် မိစ္ဆာတာအိုကလန်ကို လှည့်ပတ်ကာ ၎င်းကို လုံးဝ ချိပ်ပိတ်ပစ်သည်။

မကြာမီတွင် မိုးကြိုး ပေါ်လာကာ ပိုက်ကွန်တစ်ခု ဖြစ်ပေါ်သည်။ ထိုပိုက်ကါန်က မီးပင်လယ်အတွင်းသို့ ဝင်ရောက်ကာ ပိုတင်းကြပ်သော အရံအတားကို ဖြစ်စေလေသည်။

ထိုမိုးကြိုးနောက်တွင် အတားအဆီးမြောက်များစွာ ပေါ်လာကာ မိုးကြိုးနှင့်မီးကို ပေါင်းစပ်စေပြီး အားကောင်လှသော ချိပ်ပိတ်မှုနှင့် ဖိနှိပ်ခြင်းကို ဖြစ်စေသည်။

ထိုအရာများကို ပြုလုပ်ပြီးနောက် ဝမ်လင်းက ခေါင်းမော့ကာ မိစ္ဆာတာအိုကလန်ထံ လျှောက်လှမ်းလာသည်။

သူ၏ခြေလှမ်တလှမ်းစီက လောကကို ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်စေသည်။ ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းဆန္ဒက ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာကာ မိစ္ဆာတာအိုကလန်ထံ ချဉ်းကပ်လာသည်။

All Chapters