← Chapters

ကုန်းမြေနှစ်ခုကြား နောက်ဆုံးတိုက်ပွဲ

Vol. 142 Ch. 1964

ကုန်းမြေနှစ်ခုကြား နောက်ဆုံးတိုက်ပွဲ

Vol. 142 Ch. 1964

ဝမ်လင်းသည် မိစ္ဆာတာအိုကလန်က၏ အစီအရင်ကို ဆုတ်ဖြဲဖျက်စီးကာ ယင်ဓားသွားကို ပင့်မြှော်ကလိုက်စဉ်တွင် ကောင်းကင်ဘုံနွားထီးကုန်းမြေရှိ စစ်ပွဲမှာလည်း အထွတ်အထိပ်သို့ ရောက်နေခဲ့ချိန်ပင်။

ထိုစစ်ပွဲသည် စတင်ခဲ့တာ နှစ်ပေါင်းတစ်ရာ ကျော်လာခဲ့ပြီး အချိန်နှင့်အမျှ ပိုပြင်းထန်လာခဲ့၏။ ကီလိုမီတာသန်းချီအကွာသည် စစ်ပွဲနယ်မြေ ဖြစ်နေသည်။ ထိုစစ်ပွဲက ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အစိတ်အပိုင်းအများစုအပေါ် သက်ရောက်သည်။

အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများစွာသည် ဗလာနတ္ထိဖြစ်နေသော ဆေးလုံးပင်လယ်ကို ဖြတ်ကာ တတိယအဆင့်ကျင့်ကြံသူများနှင့် ထိပ်သီးအဆင့်ပုဂ္ဂိုလ်များ၏ ဦးဆောင်မှုဖြင့် ကောင်းကင်ဘုံနွားထီးကုန်းမြေထံ ဝင်ရောက်လာကြသည်။ ကောင်းကင်ဘုံနွားထီးကုန်းမြေရှိ အကာအကွယ်အစီအရင်အများစုသည် ပျက်စီးကုန်ပြီး သတ်ဖြတ်ပွဲကြီး စတင်ကြလေသည်။

အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် စစ်တပ်အုပ်စုနှစ်စု ဖွဲ့ကာ နောက်ဆုံးတိုက်ပွဲအတွက် ကောက်ရီကလန်နှင့် မဟာစိတ်ဝိညာဉ်ကလန်တို့ကို ဝန်းရံကြသည်။

အစိမ်းရောင်မိစ္ဆာကုန်းမြေဘက်မှ ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်သုံးယောက်ထဲမှ နှစ်ယောက်သည် မဟာစိတ်ဝိညာဉ်ကလန်၏ ပြင်ပတွင် စုဝေးနေသည်။

ကောက်ရီကလန်ကိုမူ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ထိပ်သီးပုဂ္ဂိုလ်များက သတ်ဖြတ်ဖို့အတွက် ရောက်လာကြသည်။

ထိုတိုက်ပွဲက နှစ်ပေါင်းတစ်ရာ ရှိလာခဲ့လေပြီ။ သို့သော် ၎င်း၏ပြင်းထန်မှုက လျှော့ကျမသွားခဲ့ပေ။ ကုန်းမြေနှစ်ခုလုံးမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သေဆုံးရကြ၏။

တတိယအဆင့်ကျင့်ကြံသူများသည်ပင် ကျရှုံးခဲ့ရ၏။ ထိပ်သီးပုဂ္ဂိုလ်များလည်း ကျရှုံးခဲ့ရ၏။ သာမန်ကျင့်ကြံသူများစွာများစွာမှာလည်း ကျရှုံးခဲ့ကြ၏။

သို့သော် ကုန်းမြေနှစ်ခုကြားရှိ ဒီတိုက်ပွဲအတွင်း တချို့အမည်မရှိပုဂ္ဂိုလ်များသည် ကြယ်ပွင့်များအလား တောက်ပကာ နှစ်ဖက်ကုန်းမြေတွင် ကျော်ကြားလာခဲ့ကြသည်။ သို့မဟုတ် ကျော်ကြားပြီးသော သူများကလည်း ဒီစစ်ပွဲတွင် ပို၍ အစွမ်းထက်လာခဲ့သည်။

ကောင်းကင်ဘုံနွားထီးကုန်းမြေဘက်၌ ယွမ်ရီဖန်ကဲ့သို့ သူမျိုးပင်။ သူသည် အစိမ်းရောင်မိစ္ဆာကုန်းမြေဘက်မှ ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့ပြီး ဓားသွားရှစ်ခုစိတ်ဝိညာဉ်ပိုင်းဖြတ်ခြင်း မန္တာန်၊ သူ၏မြင့်မားသောကျင့်ကြံမှုအဆင့်တို့ဖြင့် နာမည်ကျော်လာခဲ့တော့သည်။

လွန်ခဲ့သောလပေါင်းများစွာက သူသည် ကင်းမြှီးကောက်ဘုံကျောင်းမှ ထွက်ခွာကာ ကောင်းကင်ဘုံနွားထီးကုန်းမြေသို့ နောက်ဆုံးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲရန် ပြန်ရောက်လာခဲ့သည်။

သူ့အပြင် ထျန်ကျာနှင့် တိမ်စွန်းတို့မှာလည်း ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်ကြောင့် နာမည်ကျော်လာသည်။

မဟာစိတ်ဝိညာဉ်ကလန်မှ လူများသည်လည်း အမည်ဂုဏ်သတင်း မြင့်တက်လာကာ ဘိုးဘေးကလွဲ၍ အတောက်ပဆုံးအလင်းများ ဖြစ်လာသည်။

အစိမ်းရောင်မိစ္ဆာကုန်းမြေတွင်လည်း ဝမ်လင်း နှစ်ကြိမ်တိုင် သတ်ဖြတ်ခဲ့သော လေဟာနယ်တိမ်ကဲ့သို့ လူမျိုးများ ရှိပေသည်။ သူ၏မူလခန္ဓာကိုယ်က ကောင်းကင်ဘုံနွားထီးကုန်းမြေတွင် ရှိနေဆဲ ဖြစ်ပြီး ဝမ်လင်းက ထိုသူ၏ ကိုယ်ပွားခန္ဓာကိုယ်များကိုသာ သတ်နိုင်ခဲ့တာ ဖြစ်သည်။

လေဟာနယ်တိမ်၏ ဓားကျင့်ကြံခြင်းက သာမန်ထက်ထူးလှသည်။ သူသည် ဒီနေရာရှိ လူတိုင်း၏ အာရုံစိုက်မှုကို ရခဲ့သည်။ လေဟာနယ်တိမ်၏အောက်တွင် ကောင်းကင်ဘုံနွားထီးကုန်းမြေဘက်မှ နာမည်မြင့်တက်လာသော လူများနှင့်အတူ အစိမ်းရောင်ကုန်းမြေဘက်မှ နာမည်ထင်ရှားလူများလည်း ရှိသေး၏။ အခုအခါ လူနှစ်ဆယ်မပြည့်သော ထိုနာမည်ကျော်လာသူများက ဒီစစ်ပွဲတွင် ခေါင်းဆောင်များ ဖြစ်လာကြတော့သည်။

မဟာစိတ်ဝိညာဉ်ကလန်နှင့် ကောက်ရီကလန်တို့ကြောင့် ဒီစစ်ပွဲမှာ ဆက်လက် ဖြစ်ပွားနေ၏။ နှစ်ဖက်လုံးမှ နာမည်ကျော် ကျင့်ကြံသူဆယ့်ခြောက်ယောက်မှာလည်း အင်အားပြည့် လုပ်ဆောင်လှုပ်ရှားကြလေသည်။

ဝမ်လင်းကမူ မိစ္ဆာတာအိုကလန်အတွင်း၌ ရှိနေလေ၏။

ဝမ်လင်းသည် သူ့ကိုယ်သူ မထင်ပေါ်ချင်ပေ။ သူက လက်စားချေချင်တာသာ ဖြစ်၏။ သို့သော် ထိုသို့ လုပ်ခြင်းအားဖြင့် သူက သူ့နာမည်ဂုဏ်သတင်းကို မြှင့်တင်ရာလည်း ရောက်ပေသည်။ ကုန်းမြေနှစ်ခုကြား စစ်ပွဲကို အာရုံစိုက်သူ မည်သူမဆိုသည် ဝမ်လင်းကို ကျိန်းသေပေါက် လစ်လျူရှုကြလိမ့်မည် မဟုတ်ပါ။

ဝမ်လင်း လုပ်ဆောင်မည့်အရာက ထိုပါရမီရှင်ဆယ့်ခြောက်ယောက်ပင် မယှဉ်သာ၊ မလုပ်နိုင်သောအရာမျိုး မဟုတ်လား။ သူက ထိုသူတို့ကို လုံးဝ ဖိနှိပ်ထားနိုင်စွမ်း ရှိသည်။

ဝမ်လင်းသည် လေထဲသို့ ခုန်တက်ကာ သူ့လက်ထဲရှိ ယင်ဓားကို ပင့်မြှောက်၏။ သူ၏နောက်တွင် သူ့ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်၊ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်တို့ကလည်း သူတို့၏ ယင်ဓားကို ပင့်မြှောက်ကာ တိုးဝင်လာသော ရွှေရောင်ဝတ်ရုံအဘိုးအိုနှင့် အနီရောင်ဝတ်ရုံအဘိုးအိုတို့ထံ ခုတ်ပိုင်းလာသည်။

ထိုပုံရိပ်သုံးခုက နေရောင်အောက်တွင် တောက်ပကာ ချက်ခြင်း နီးကပ်လာ၏။

သူတို့၏ ကျယ်လောင်စွာ အော်ဟစ်သံသုံးသံက လောကရှိ တခြားအသံအားလုံးကို အစားထိုးကာ အောက်ဘက်ရှိ ကျင့်ကြံသူသုံးသောင်းကျော်၏ အာရုံကို နစ်ဝင်သွားစေသည်။ သည်အခိုက်၌ အချိန်သည်ပင် ရပ်တန့်သွားသည့်အလား။

သည်တိုက်ပွဲက ဝမ်လင်းကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ကျော်ကြားစေပေလိမ့်မည်။ သည်တိုက်ပွဲက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ဝမ်လင်း၏အမည်ကို နာမည်ကျော်စေပေလိမ့်မည်။

လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ထိပ်သီးပုဂ္ဂိုလ်နှစ်ယောက်ဖြင့် တိုက်ခိုက်ခြင်းက လူတိုင်းကို တုန်လှုပ်သွားစေဖို့ရာ လုံလောက်ပေ၏။ သူတို့က အစစ်အမှန်ထိပ်သီးများ မဟုတ်လား။ သူတို့သည် လေဟာနယ်အတိဒုက္ခအထွတ်အဆင့်(ဝါ) ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်များအဖြစ်သို့ ရောက်ချင်မှ ရောက်နိုင်လိမ့်မည် ဖြစ်သော်လည်း သူတို့ကား လေဟာနယ်အတိဒုက္ခအဆင့် ကြောက်မက်ဖွယ်ပုဂ္ဂိုလ်များ၊ လူတိုင်းက မော်ကြည့်ရသူများ ဖြစ်ကြပေ၏။

သူတို့တစ်ယောက်ချင်းစီက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူထက် များစွာ ပိုအစွမ်းထက်ကြ၏။

ယနေ့တွင် သူတို့နှစ်ယောက်လုံးက တပြိုနက်တည်း တိုက်ခိုက်လာကြ၏။ ထိုသို့သော တိုက်ပွဲက လူတိုင်းကို မတုန်လှုပ်စေမိဘဲ မည်သို့ ရှိပါ့မည်နည်း။

ယင်ဓားသွားက ခုတ်ပိုင်းကျလာ၏။ ချက်ခြင်းပင် ရွှေရောင်ဝတ်ရုံဖြင့် အဘိုးအိုထံ နီးကပ်လာ၏။ ဓားသွားသည် ထိုအဘိုးအိုနှင့် ထိပ်တိုက်တွေ့လေ၏။

ရွှေရောင်ဝတ်ရုံဖြင့် အဘိုးအိုက တုန်လှုပ်ဖွယ်ကောင်းအောင် မာန်သွင်း၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ သူ၏ရတနာအားလုံးကို ပစ်လွှတ်သည်။ ထိုရတနာများထံမှ အစွမ်းထက်အော်ရာများကို ပေးစွမ်းနေ၏။ တချိန်တည်းမှာ သူက သူ့လျှာထိပ်ကို ကိုက်၍ သွေးများ ထွေးထုတ်သည်။ သူသည် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် သူ၏ အစွမ်းထက်ဆုံးမန္တာန်ကို ထုတ်ဖော်အသုံးပြုသည်။

“ရွှေရောင်သတ္တုတာအို…” သူ မာန်သွင်း၏။ သူ့အား ရွှေရောင်အလင်းက ခြုံလွှမ်းကာ သူ့ပတ်လည်တွင် အကာအကွယ်အလွှာတစ်ခု ဖြစ်ပေါ်လာစေသည်။ သူသည် တိုက်ပွဲဝင်ကောင်းကင်ဘုံသားတစ်ယောက်နှင့်ပင် တူလာ၏။

“မဟာစွမ်းအားမိစ္ဆာ…” ထိုရွှေရောင်အလင်းထံမှ ဒုတိယကြိမ်မြောက် မာန်သွင်းသံ ထွက်ပေါ်လာ၏။ အနက်ရောင်အခိုးငွေ့များ ပေါ်လာကာ ရွှေရောင်အလင်းကို လွှမ်းခြုံပြီး မိစ္ဆာနတ်ဘုရားတစ်ပါး ပေါ်လာသည်။

ထိုမိစ္ဆာနတ်ဘုရားသည် ကြမ်းကြုတ်ကာ အနက်ရောင်မြူချပ်ဝတ်ကို ဝတ်ဆင်ထား၏။ ၎င်းထံမှ လောကကို ဖျက်စီးနိုင်သော အော်ရာမျိုး ပေးစွမ်းသည်။ ၎င်းက လက်သီးဆုပ်ကာ တစီစီအသံများကို ပေးစွမ်းလျက် ဝမ်လင်း၏ ယင်ဓားသွားနှင့် ထိပ်တိုက်တွေ့တော့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံ လောကတခွင် ပဲ့တင်ထပ်သည်။ ဝမ်လင်း၏ ယင်ဓားသွားက မိစ္ဆာနတ်ဘုရားနှင့် ထိပ်တိုက်တွေ့သည်။ ဝမ်လင်း၏ ယင်ဓားသွား၌ သူ၏ကျင့်ကြံမှုအဆင့် အပြည့်အဝ ပါဝင်သည်။ ထို့ကြောင့် ၎င်းက မိစ္ဆာနတ်ဘုရားကို စက္ကူစအလား ခုတ်ပိုင်းပစ်လိုက်သည်။

ထိုဓားသည် ရတနာအားလုံးကိုပါ ဖြတ်ပိုင်း၍ မိစ္ဆာနတ်ဘုရား၏လက်၊ ခန္ဓာကိုယ်တို့ကို ထွင်းဖောက်ကာ ရွှေရောင်ဝတ်ရုံဖြင့် အဘိုးအို၏ ရွှေရောင်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။

ရွှေရောင်အလင်း တုန်ခါကာ အတွင်းရှိ ထိုအဘိုးအိုသည် ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။ သူ၏မျက်နှာက ဖြူရောသွားကာ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှု အတိပြီးသည်။ သူ့ပတ်လည်ရှိ မိစ္ဆာနတ်ဘုရားသည် ဝမ်လင်း၏ ယင်ဓားသွားဖြင့် ဖြတ်ပိုင်းခြင်း ခံရကာ တစက်လေးမျှ မခုခံနိုင်လိုက်ပေ။

မိစ္ဆာနတ်ဘုရားသည် ပျက်စီးသွား၏။ ရွှေရောင်အလင်းက တုန်ခါသည်။ ဝမ်လင်း၏ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်ကလည်း ၎င်း၏ယင်းဓာနှင့်အတူ နီးကပ်လာကာ ထိုအဘိုးအို ပတ်လည်ရှိ ရွှေရောင်အလင်းအပေါ် ခုတ်ပိုင်းသည်။

၎င်းရွှေရောင်အလင်းက တုန်ယင်သွား၏။ ထိုအလင်းသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် တစစီဖြစ်ကုန်ကာ မျှော်လင့်ချက်မဲ့နေသော ရွှေရောင်ဝတ်ရုံဖြင့် အဘိုးအိုသည် လှစ်ဟပေါ်လာသည်။

ထိုအဘိုးအို၏ ကြောက်လန့်နေသော မျက်လုံးထဲတွင် မိုးကြိုးယင်ဓားက အစားထိုးဝင်ရောက်၏။ မိုးကြိုး တုန်ဟည်းကာ ဝမ်လင်း၏မိုးကြိုးအနှစ်သာရသည် ၎င်း၏ယင်ဓားကို ခုတ်ပိုင်းလာသည်။

ထိုခုတ်ပိုင်းမှုက မိုးကြိုးယင်ဓားက အံ့မခန်းအမြန်နှုန်းဖြင့် ထိုအဘိုးအို၏ လည်တိုင်ကို ပိုင်းဖြတ်သွားတော့သည်။ သွေးမျာသည် ထိုအဘိုးအို၏ ပြတ်သွားသော ခေါင်းနေရာကနေ ပန်းထွက်လာ၏။ သူ၏မူလစိတ်ဝိညာဉ်ပါ ထိုဓားသွားကြောင့် ပျက်စီးသွားရသည်။

လေဟာနယ်အတိဒုက္ခအဆင့် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်သည် ခုလိုပုံစံဖြင့် သေဆုံးသွားရလေပြီ။

အဖြစ်အပျက်အားလုံးသည် မိစ္ဆာတာအိုကလန်ဝင် သုံးသောင်းကျော် မည်သို့မျှ မတုန့်ပြန်နိုင်လောက်အောင် မြန်ဆန်လှပေသည်။ သူတို့ လေးစားရသော ကောင်းကင်တုန်လှုပ်ဖွယ် စွမ်းအားရှိသော အကြီးအကဲ၏ ဦးခေါင်းမှာ ဖြတ်တောက်ခံလိုက်ရပြီး ခန္ဓာကိုယ်မှာလည်း သွေးမြူများအဖြစ်သို့ ပြောင်းသွားခဲ့လေပြီ။

ထိုအဘိုးအို သေဆုံးသွားသည့်အခါ အနီရောင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူက နီးကပ်လာ၏။ သူ၏မျက်နှာသည် သေလောက်အောင် ဖြူရောသွားကာ သူ့မျက်လုံးသူငယ်အိမ် ကြုံ့သွားသည်။ သူသည် အသိစိတ်လွတ်မတတ် ထိတ်လန့်သွား၏။ တုံ့နှေးမနေဘဲ သူသည် နောက်သို့ အသည်းအသန် ဆုတ်ကာ ထွက်သွားဖို့ ကြိုးစားသည်။ သည်အခိုက်တွင် သူသည် မိစ္ဆာတာအိုကလန်ကို အရေးစိုက်မနေတော့ပေ။ သူ့အသက်ထက် အရေးကြီးသည့်အရာ ဘာမျှ မရှိလေပေ။

သို့သော် ခုချိန်မှ သူ ထွက်ပြေးမည့်အတွေးမှာ နောက်ကျလွန်းသွားပြီ ဖြစ်၏။ အမှန်တော့ ဝမ်လင်းသည် မြူအစီအရင်ကို ဆုတ်ဖြဲခဲ့ချိန်တည်းက သည်နေရာရှိ ကျင့်ကြံသူများ ထွက်မပြေးနိုင်အောင် သူက ချိပ်ပိတ်ထားခဲ့ပြီး ဖြစ်၏။

ဝမ်လင်းက လှည့်ကြည့်လိုက်၏။ သူ၏မျက်လုံးထံမှ စူးရှတောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်လာသည်။ ထိုရွှေရောင်အလင်းက ကောင်းကင်ဘုံဘိုးဘေး၏ ဓားအစိတ်အပိုင်းမှ ထွက်ပေါ်လာခဲ့တာပင်။ ထိုရွှေရောင်အလင်းသည် ထွက်ပြေးနေသော သက်လတ်ပိုင်းလူထံ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

ထိုသူက လေဟာနယ်အတိဒုက္ခထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော်လည်း ဝမ်လင်း၏ မျက်လုံးကြောင့် ဖိနှိပ်ခြင်း ခံရလိမ့်မည်သာ။

သူ၏အကြည့်က အနီရောင်ဝတ်ရုံဖြင့်လူထံ ကျရောက်သွားသည့်အခါ ထိုသူ၏စိတ်နှလုံးသည် ဓားတစ်စင်း ထွင်းဖောက်ခံရသည့်နှယ် တုန်ခါသွား၏။ သည်အခိုက်၌ ဝမ်လင်းက သူ့ဘယ်လက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းလိုက်သည်။

မိစ္ဆာတာအိုကလန်တခုလုံး၏ ကောင်းကင်မှာ နက်မှောင်လာ၏။ ထို့နောက် ကောင်းကင်ထက်တွင် ဧရာမလက်ဝါးကြီးတစ်ခု ပေါ်လာကာ အောက်ဘက်ရှိ မြေပြင်ထုထံ ဆင်းသက်လာသည်။ ထိုလက်ဝါးတွင် လက်ချောင်းကိုးချောင်း ရှိလေ၏။

ထိုမြင်ကွင်းက အနီရောင်ဝတ်ရုံဖြင့်လူကို အသည်းအသန် အလန့်တကြား အော်ဟစ်မိသွားစေသည်။ သူသည် နောက်သို့ အရူးအမူး ဆုတ်ကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူ၏မန္တာန်များကို အသုံးပြုသည်။

တချိန်တည်းမှာ အောက်ဘက်ရှိ ကျင့်ကြံသူသုံးသောင်းသည် ထိုလက်ဝါးအရိပ်မှ လွတ်မြောက်အောင် အရူးအမူး လူစုခွဲကာ နောက်ဆုတ်ကုန်သည်။ သို့သော် လက်ကိုးချောင်းဧရာမလက်ဝါးက မိစ္ဆာတာအိုကလန်၏ အစိတ်အပိုင်းအများစုကို ဖုံးအုပ်ထားပေသည်။

ဤသည်ကား လက်ဝါးတစ်ခုတည်း မဟုတ်ပါ။ နောက်ထပ်ဧရာမလက်ဝါးနှစ်ခုက လိုက်ပါလာ၏။ တစ်ခုက ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်မှ ထွက်ပေါ်လာတာ ဖြစ်ပြီး နောက်လက်ဝါးတစ်ခုကမူ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့တာပင်။ လက်ဝါးသုံးခုသည် အဖျက်အစီးအော်ရာ ပြည့်နေပြီး အနီရောင်ဝတ်ရုံဖြင့်လူထံ နီးကပ်လာသည်။

ထိုသူ၏ခန္ဓာကိုယ်မှ အနီရောင်မြူများဖြင့် ဖုံးလွှမ်းထား၏။ ထိုမြူတို့က လက်ကြီးနှစ်ဖက်အသွင်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ မြင့်တက်သည်။ ယင်းတို့က ကောင်းကင်ကို ထောက်ပိုးလေသည့်အလား ထင်မှားရသည်။

All Chapters