အင်ပါယာအမိန့်ပြန်တမ်း ရောက်ရှိလာခြင်း
Vol. 142 Ch. 1965
အနီရောင်မြူကြောင့် ဖြစ်ပေါ်လာသော ထိုလက်နှစ်ဖက်၌ အဆုံးမဲ့စွမ်းအားများ ပါဝင်ဟန် ရ၏။ ၎င်းလက်နှစ်ဖက်က ကျင့်ကြံသူများစွာကို သေဆုံးစေခဲ့ပြီး သူ့အား ကျော်ကြားစေခဲ့သည်ပင်။
သို့ပေမည့် ဝမ်လင်း၏လက်ဝါးကို ရင်ဆိုင်ရသည့်အခါ ယင်းလက်နှစ်ဖက်မှာ သစ်သားခြောက်ကဲ့သို့ ဖျက်စီးခံလိုက်ရပေသည်။
ထိုလက်နှစ်ဖက်က သူ့လက်ဝါးနှင့် ထိမိသည်နှင့် ချက်ခြင်း ပျက်စီးသွား၏။ ပထမဆုံးလက်တါးက မြန်ဆန်စွာ ဆင်းသက်လာပြီး အနီရောင်ဝတ်ရုံလူ၏ ပတ်လည်ရှိ မြူနှင့် ထိမိသည်။ ထိုအခါ ယင်းမြူသည် လွင့်ကြဲသွားပြီး အတွင်းရှိ အနီရောင်ဝတ်ရုံနှင့်လူက မာန်သွင်းကာ သူ့လျှာထိပ်ကို ကိုက်၍ သွေးများ ထွေးထုတ်သည်။ သူက လက်နှစ်ဖက်ကို ပင့်မြှောက်ပြီး လက်ဝါးနှင့် ထပ်မံထိပ်တိုက်တွေ့သည်။
“မိစ္ဆာတာအိုသွေးခန္ဓာ…” ထိုသူ၏အမူအရာမှာ ကြမ်းကြုတ်နေ၏။ သူ့ထံမှ ရူးသွပ်ဟန်အငွေ့အသက်ပင် ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ရှိ ဒွာရပေါက်များထံမှ သွေးများ ပန်းထွက်ကာ သူတကိုယ်လုံးအား ဖုံးလွှမ်းပြီး သွေးခန္ဓာကိုယ်တစ်ခု ဖွဲ့စည်းသည်။
သူ၏သွေးခန္ဓာကိုယ်ထံမှ အလွန်အမင်းသန့်စင်သော မိစ္ဆာတာအိုအော်ရာ ထွက်ပေါ်လာသည်။ သူ့ဘယ်လက်၌ တာအိုပါဝင်၏။ သူ့ညာလက်တွင် မိစ္ဆာပါဝင်သည်။ သူ့လက်နှစ်ဖက်ကို တွန်းထုတ်လိုက်သည့်အခါ သူ့ရှေ့ရှိ ပထမဆုံးလက်ဝါးချက်က ပျက်စီးသွားတော့သည်။
ထိုလက်ဝါးချက် ပျက်စီးသွားသည့်အခါ အနီရောင်ဝတ်ရုံလူက သွေးအန်ထွက်၏။ သို့သော် ထိုသွေးကို သူက ပြန်စုပ်ယူသည်။ သူသည် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ပြီး ဒုတိယမြောက်လက်ဝါးချက် ကျရောက်လာတော့သည်။
အနီရောင်ဝတ်ရုံနှင့်လူ၏ ဆံပင်တို့က လွင့်ကြဲကာ သူသည် အသိစိတ်လွတ်သွားသလိုပင်။ သူ့ထံ၌ ရှိနေသော တစ်ခုတည်းသောအရာမှာ မသေလိုသော စိတ်ဆန္ဒပင်။ သူ့ခြေထောက်များက မြန်ဆန်စွာ သွေ့ခြောက်ပြီး သူ၏အသွေးအသားတို့က စတင်ရွှေ့လျားသည်။ သူ့အသွေးအသားနှင့် အနှစ်သာရအားလုံးက သူ့လက်နှစ်ဖက်ထံ စုဝေးသည်။
သူ့လက်နှစ်ဖက်သည် ရုတ်တရက် အဆများစွာ ချဲ့ကားထွက်လာပြီး အင်မတန်တုန်လှုပ်ဖွယ်မြင်ကွင်းကို ဖြစ်ပေါ်စေသည်။
ထိုသူ၏ အသွေးအသားနှင့်ခန္ဓာကိုယ်တို့က သူ့လက်နှစ်ဖက်ထံ စုဝေးပြီး ကောင်းကင်ထက်ရှိ ဒုတိယမြောက်လက်ဝါးထံ ပြင်းပြင်းထန်ထန် ရိုက်ချသည်။
လောကတခွင် မြည်ဟိန်းသွား၏။ ဒြပ်စင်ငါးခုခန္ဓာကိုယ်မှ ဖန်တီးထားသော ဒုတိယမြောက်လက်ဝါးက အနီရောင်ဝတ်ရုံဖြင့်လူနှင့် ထိပ်တိုက်တွေ့သည်။ ယင်းလက်ဝါးချက် ပျက်စီးသွားသလို အနီရောင်ဝတ်ရုံလူ၏ ခန္ဓာကိုယ်မှာလည်း တုန်ယင်သွားသည်။ သူက နောက်သို့ ဆက်တိုက်ဆုတ်သွားရပြီး သူ၏ဘယ်လက်သည် သွေးမြူအဖြစ် ပေါက်ကွဲထွက်သည်။
သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်လာ၏။ တတိယမြောက်လက်ဝါးချက် နီးကပ်လာသည့်အခါ သူက သူ့ဘဝတွင် နောက်ဆုံးအကြိမ် အော်ဟစ်မာန်သွင်းသည်။ သူက မလွတ်မြောက်နိုင်တော့ပြီကို သိ၏။ သို့သော် သူက တိုက်ခိုက်ချင်သေးသည်။
ဖြတ်ခနဲအတွင်း သူသည် ကောင်းကင်ထက်ရှိ တတိယမြောက်လက်ဝါးထံ အရှိန်အဟုန်ဖြင့် တိုးဝင်လာတော့သည်။ သူ့စိတ်ဝိညာဉ်မှာ လောင်ကျွမ်းပြီး ဖျက်စီးခြင်းအော်ရာကို ပေးစွမ်းလာသည်။ အသက်ဘေးအန္တရာယ် ကြုံသည့်အခါ၌ သူက စွမ်းအား မြှင့်တင်ဖို့ သူ့အသက်ကို လဲလှယ်ရန် ဆုံးဖြတ်လိုက်ပေသည်။
သူ၏ကျင့်ကြံမှုသည် အသက်ဓာတ်အားလောင်ကျွမ်းသည့်အခါ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်ကနေ တိုးတက်လာတော့၏။ ထိုလက်ဝါးချက် နီးကပ်လာသည့်အခါ သူ၏ကျင့်ကြံခြင်းသည် ရွှေအဆင့်(ဝါ) လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်သို့ ရောက်လာသည်။
သူသည် ရွှေ့အဆင့်ထိပ်သီးပုဂ္ဂိုလ် ဖြစ်လာသည့်အခိုက်တွင် တတိယလက်ဝါးက သူနှင့် ထိပ်တိုက်တွေ့လေ၏။ ထိုမိုးကြိုးလက်ဝါးသည် ပျက်စီးသွားချေသည်။ သို့သော် ၎င်းမှာ သာမန်မိုးကြိုးသာ ဖြစ်ပြီး သတ်ဖြတ်ခြင်းမိုးကြိုး မဟုတ်သေးပေ။
ထိုလက်ဝါးချက် ပျက်စီးသွားသည့်နောက် အနီရောင်ဝတ်ရုံဖြင့်လူက ရူးသွပ်စွာအကြည့်ကို ထုတ်ဖော်၏။ သူ၏ခန္ဓာကိုယ်က သွေးအလိမ်းလိမ်း ဖြစ်နေပေပြီ။ သို့သော် သူက မသေသေးပေ။ သူသည် ဝမ်လင်းကို စိုက်ကြည့်၏။ သူ အသက်ရှင်ဖို့ အသက်ဆယ်ရှိုက်စာအချိန်သာ ကျန်ရှိတော့သည်ကို သူ သိသည်။ ထို့နောက်တွင် ဝမ်လင်း မည်သို့မျှ မလုပ်လျှင်ပင် သူ သေရလိမ့်မည် ဖြစ်၏။
သို့သော် သူ့စိတ်ထဲတွင် ရှိနေသော တစ်ခုတည်းသော အတွေးက ဒီအသက်ဆယ်ရှိုက်စာ စွမ်းအားမြင့်နေသော အချိန်အတွင်း သူ့ကို ဒီအခြေအနေထိရောက်အောင် အတင်းအကြပ် တွန်းပို့သော ဝမ်လင်းကို သတ်ရန် ဖြစ်သည်။
တုံ့နှေးမနေဘဲ သူက ဝမ်လင်းထံ တိုးဝင်လာ၏။
“သေလိုက်တော့…” သူက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်ဟစ်၏။ သူသည် ဒုတိယမြောက်အသက်ရှိုက်စာ အချိန်၌ ဝမ်လင်းနား ရောက်လာသည်။
ဝမ်လင်းက မရှောင်သွားပေ။ သူက ထိုအနီရောင်ဝတ်ရုံဖြင့်လူကို အေးတိအေးစက်သာ ကြည့်သည်။
“မင်းက ငါ့စွမ်းအား ခုနစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုစေဖို့ အရည်အချင်း ရှိတယ်…”
ထိုအနီရောင်ဝတ်ရုံဖြင့်လူ နီးကပ်လာသည့်အခါ ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်၏။ ဝမ်လင်းက ညာလက်ကို ပင့်မြှောက်လိုက်ပြီး ယင်ဓားကို ပြန်သိမ်းယူ၏။ သူ၏မျက်လုံးက အရောင်တောက်သွားပြီး သူ၏ဒြပ်စင်ငါးခုအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်နှင့် မိုးကြိုးအနှစ်သာရခန္ဓာကိုယ်တို့က သူနှင့် ပြန်ပေါင်းစပ်သွားသည်။ ထို့နောက်တွင် သူက ထိုသူ့ထံ လက်သီးတလုံး ပစ်သွင်းလိုက်ချေသည်။
ထိုလက်သီးချက်တွင် ဝမ်လင်းစွမ်းအား ခုနစ်ဆယ်ရာခိုင်နှုန်း ပါဝင်၏။ ထိုလက်သီးချက်ကာ သူ၏ရှေးတောက်စွမ်းအားနှင့် ကောင်းကင်ဘုံသွေးကြောကနေ ထုတ်လွှတ်ပေးသော သူ၏လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံခြင်း၏ ခုနစ်ဆယ်ရာခိုင်နှုန်း စွမ်းအားပါဝင်သည်။
ထိုလက်သီးချက်က အစွမ်းကင်းမဲ့ပုံ ပေါ်၏။ သို့သော် ၎င်းက လောကကိုပါ အရောင်ပြောင်းသွားစေ၏။ သူတို့နှစ်ယောက်ကြားရှိ လေဟာနယ်သည် ပုံပျက်သွားကာ လှိုင်းဂယက်များ ထ၏။ ဝမ်လင်း၏လက်သီးချက်က အချိန်နှင့်ဟင်းလင်းပြင်တို့ထက် သာလွန်သွားဟန် တူပြီး ထိုအနီရောင်ဝတ်ရုံနှင့်လူ၏ ရင်ဘက်ပေါ်သို့ ကျရောက်သွားသည်။
ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်ဖြစ်လာသော အနီရောင်ဝတ်ရုံနှင့်လူ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူက ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ၏ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲသွားတော့သည်။
သူ့ထံ၌ ရွှေအဆင့်ခွန်အား နောက်ထပ် အသက်ခုနစ်ရှိုက်စာအချိန် ပိုင်ဆိုင်နေသေး၏။ သို့သော် သူကား သေဆုံးသွားရလေပြီ။
သူ သေဆုံးသွားသည့်အခိုက်၌ သူ့အနေဖြင့် ဝမ်လင်းက မည်မျှ သန်မာသည်ကို သိရှိသွားခဲ့သည်။ သူက သူ၏အသက်ကို စတေးလျှင်ပင် ဝမ်လင်း၏ ပြိုင်ဘက် မဖြစ်နိုင်နေတုန်းပင်။
“ဒါက ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်လား…” ဝမ်လင်း၏မျက်လုံးထဲတွင် တိုက်ပွဲဆာလောက်စိတ် ပြည့်လာ၏။ သူက သူ့စွမ်းအား၏ခုနစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုရသေးသည်။ သို့သော် သူက ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်က မည်သို့မည်ပုံ သန်မာသည်ကို ခံစားမိခဲ့ရသည်။
အနီရောင်ဝတ်ရုံနှင့်လူ သေဆုံးသွားသည့်အခါ ကျင့်ကြံသူသုံးသောင်းနှင့် တတိယအဆင့်ကျင့်ကြံသူဒါဇင်ချီသည် အကြောက်အကန် ထွက်ပြေးကြတော့၏။ သို့ပေမည့် ဝမ်လင်းက မိစ္ဆာတာအိုကလန်ကို ချိပ်ပိတ်ထားသည်ဖြစ်၍ သူတို့အနေဖြင့် မလွတ်မြောက်နိုင်တော့ပါ။
ဝမ်လင်းက နေရာတွင် အေးစက်စက်အကြည့်နှင့်သာ ရပ်နေ၏။ သူသည် ကလန်၏ဗဟိုချက်ရှိ ရေကန်၊ ထိုရေကန်ပေါ်ရှိ ကျွန်းထံ လှမ်းကြည့်သည်။
“မင်းက ခုထိ ကိုယ်တိုင် မထွက်လာသေးဘူးလား…” ဝမ်လင်း၏စကားတို့မှာ မိုးကြိုးသံအလား ဟိန်းထွက်လာ၏။ သို့သော် ရေကန်ထံမှ မည်သည့်အသံမျှ ပြန်ထွက်မလာပေ။
“မင်းက အဆင့်ချိုးဖျက်ဖို့ ကြိုးစားနေတာလား။ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်…” ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး မိစ္ဆာတာအိုကလန်၏ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ဘေးနားသို့ ချက်ခြင်း ရောက်သွားသည်။ သူ၏လက်ချောင်းကို ဝေ့ယမ်းရာ ဦးခေါင်းတလုံး ပြတ်ထွက် ပျံသန်းလာသည်။
“မင်းတို့အားလုံး မိစ္ဆာတာအိုကလန်ကို မဝင်ရောက်ခဲ့သင့်ဘူး…” ဝမ်လင်းက လှည့်၍ ခြေလှမ်း၏။ ထို့နောက် သူသည် နောက်ထပ်တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ရှေ့တွင် ပေါ်လာပြန်သည်။ ထိုသူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်စဉ် ဝမ်လင်း၏လက်ချောင်းက သူ၏နှဖူးကို ထွင်းဖောက်သွားခဲ့လေပြီ။
တချိန်တည်းမှာ မိစ္ဆာတာအိုကလန်ပတ်လည်ရှိ ချိပ်တံဆိပ်က မြည်ဟိန်းနေ။ ကလန်ပတ်လည်ရှိ ချိပ်ပိတ်ခြင်းက မြန်ဆန်စွာ ကြုံ့လာသည်။ ၎င်းနှင့် ထိမိသော မည်သည့်မိစ္ဆာတာအိုကလန်က ကျင့်ကြံသူမဆို သေဆုံးကုန်သည်။
ဝမ်လင်းသည် ဒီကလန်ကို ဖျက်စီးပစ်ပေတော့မည် ဖြစ်၍ ကလန်ဝင်တစ်ယောက်တလေကိုပင် လွတ်မြောက်ခွင့် ပေးမည် မဟုတ်တော့ပေ။
ဝမ်လင်းက မထူးခြားနားစွာ လှုပ်ရှား၍ တတိယအဆင့်ကျင့်ကြံသူ ဒါဇင်ချီကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်၏။ သူက ရေကန်အနားစွန်းတွင်ရပ်ကာ အလယ်ရှိ ကျွန်းထံသို့ လှမ်းကြည့်၏။ မိစ္ဆာတာအိုကလန်၏ ကျင့်ကြံသူသုံးသောင်း သေဆုံးကုန်ကြစဉ် နာကျင်စူးဝါးစွာအော်သံများက သူ့နားထဲ တိုးဝင်လာကြသည်။
ထိုအော်သံများက လောကတွင် ဆက်တိုက် ပဲ့တင်ထပ်နေသည်။ ယင်းတို့က ဝမ်လင်း၏နားထဲသို့သာမက တံခါးပိတ်ကျင့်ကြံနေသော မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ စိတ်နှလုံးအတွင်းသို့လည်း ဝင်ရောက်လာသည်ပင်။
ကလန်ခေါင်းဆောင်၏အမူအရာက ရှုံ့တွနေသည်။ သူ၏မျက်လုံးတို့က နီရဲနေ၏။ သို့သော် သူက ဆက်၍ တင်းခံထားသည်။ သူသည် မထွက်လာဝံ့ပေ။
သူသည် ဝမ်လင်းက ရွှေရောင်ဝတ်ရုံအဘိုးအိုနှင့် ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်ကျင့်ကြံခြင်းသို့ ရောက်ရှိအောင် အသက်ကိုစတေးခဲ့သော အနီရောင်ဝတ်ရုံနှင့်လူတို့ကို သတ်ပစ်ခဲ့သည်အား စောင့်ကြည့်နေခဲ့၏။ သို့ပေမည့် သူ့ကို တုန်လှုပ်သွားစေသည်က ဝမ်လင်း၏လက်သီးချက်ပင်။
ထိုရိုးရှင်းသောလက်သီးချက်က ရွှေ့အဆင်ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ကို သတ်ပစ်နိုင်ခဲ့ပေသည်။ မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် သူ့အနေဖြင့် ထိုလက်သီးချက်အပေါ် ရှင်သန်နိုင်မည်လားကို အကြိမ်ထောင်ချီ ရှေ့ဖြစ်ကြည့်ခဲ့ပြီးပင်။
ထိုသို့ အကြိမ်တစ်ထောင်ကျော် ရှေ့ဖြစ်ကြည့်ခဲ့ပြီးနောက် အကြိမ်ငါးဆယ်ရာခိုင်နှုန်းမှာ သူ သေခဲ့ရ၏။ သို့ပေမည့် ဤသည်မှာ ဝမ်လင်းစွမ်းအား၏ ခုနစ်ဆယ်ရာခိုင်နှုန်းသာ ရှိသေးသည်။ ဝမ်လင်းသာ အစွမ်းကုန် အသုံးပြု တိုက်ခိုက်လာပါက အကျိုးဆက်သည် ရှင်းနေလေပြီ။
ပို၍ ဆိုးသည်မှာ ကလန်ခေါင်းဆောင်က ဝမ်လင်းထံ၌ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်ပါ ပိုင်ဆိုင်ထားသည်ကို သိနေခြင်းတည်း။ ဝမ်လင်းသည် ခုထိ ဒီချပ်ဝတ်ကို အသုံးမပြုရသေးပေ။
“ငါ ထွက်သွားလို့ မဖြစ်သေးဘူး။ ငါ အခုကိစ္စကို ဘိုးဘေးရှိ တင်ပြထားခဲ့ပြီးပြီ။ သူ အလျင်စလို ပြန်လာ၊မလာကိုတော့ ငါ မသိဘူး…”
အပြင်ဘက်ရှိ စူးဝါးနာကျင်စွာအော်သံများက သူ့စိတ်နှလုံးကို နာကျင်စေပေသည်။ သို့ပေမည့် သူ၏အမူအရာက မကြာခင် အေးစက်လာသည်။
“သူတို့ သေသွားတော့ရော ဘာဖြစ်သေးသလဲ။ ငါ့မိစ္ဆာတာအိုကလန်တစ်ခုလုံး သေသွားခဲ့ရင်တောင် ငါ အသက်ရှင်နေသေးသ၍ ပြန်တည်ဆောက်နိုင်တယ်…။ ဒီမှာ ပိုပြီး သေလေလေ၊ ပိုဖျက်စီးခံရလေလေ ဘိုးဘေးကို ပိုပြီး ဒေါသထွက်စေမှာပဲ…”
“ငါ့မှာ နောက်ထပ် အရံအစီအစဉ်တစ်ခုလည်း ရှိသေးတယ်။ ငါနဲ့ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အရှင်ကုန်းနျန်တို့ကြား သဘောတူညီချက်အရ အဆုံးသပ်ကို ရောက်တော့မှာ။ နောက်ဆုံးတိုက်ပွဲက ခုချိန်မှာ ဖြစ်ပွားနေလောက်ပြီ…”
“ကုန်းမြေနှစ်ခုလုံးဟာ နှစ်ပေါင်းထောင်သောင်းချီ ပြဇာတ်ကနေခဲ့တာပဲ။ လွန်ခဲ့တဲ့နှစ်တစ်ရာက ငါတို့ဟာ ဒီပြဇာတ်ပိုပြီး ပီပြင်သွားအောင်လို့ ကျင့်ကြံသူမြောက်များစွာကို စတေးပြီး စစ်ပွဲစခဲ့ကြတာ…”
“ဒီတန်ဖိုးကို အသုံးပြုပြီး ငါတို့ဟာ တော်ဝင်မိသားစုရဲ့ အာရုံကို စွဲဆောင်နိုင်လိမ့်မယ်။ အဲ့အခါကျရင် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့ ကောင်းကင်ဘုံအင်ပါယာဟာ ကျိန်းသေပေါက် သတိပြုမိပြီး အင်ပါယာကိုယ်စားလှယ်ကို စေလွှတ်မှာပဲ…”
မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် သူ့ကလန်သားများ၏ စူးဝါးနာကျင်စွာအော်သံများကို တောင့်ခံထားရင်း သူ၏မျက်လုံးက အေးစက်လာ၏။ အပြင်ဘက်တွင် ဝမ်လင်းက ရေကန်ကို ကြည့်ကာ ရေအောက်၌ ရွှေ့လျားနေသော အရိပ်တစ်ခုကို တွေ့မြင်ပေသည်။
သူ ချခင်းထားသော ချိပ်ပိတ်ခြင်းက မြန်ဆန်စွာ ကြုံ့လာခဲ့ပြီး မိစ္ဆာတာအိုကလန်၏ ကျင့်ကြံသူအများစုကို သတ်ဖြတ်ပစ်ခဲ့ပြီး ဖြစ်၏။ အဆောက်အဦများစွာကို ပျက်စီးစေခဲ့ပြီး ဖြစ်သည်။ ၎င်းက ရေကန်၏ဗဟိုချက်ထံထိ သိပ်သည်းလာနေသည်။
ထိုအချိန်တွင် ကောင်းကင်ဘုံနွားထီးကုန်းမြေ၌လည်း အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားလာခဲ့သည်။
အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများစွာသည် ကောက်ရီကလန်ကို ဝန်းရံထား၏။ သူတို့သည် ကောက်ရီကလန်၏ အစီအရင်ကို ဖွင့်လှစ်ဖို့ ရူးသွပ်ဖွယ်တိုက်ခိုက်မှုကို စတင်လေပြီ။ နှစ်ဖက်လုံး၌ နာမည်ကျော်လာသော ပါရမီရှင် ခုနစ်ယောက်ရှစ်ယောက်ကို ပိုင်ဆိုင်ထားကြသည်။ စစ်တပ်နှစ်ခုသည် သေခြင်းတရားကိုမမှုဘဲ တိုက်ခိုက်နေသည်။
ထိုစဉ် ကလန်ခေါင်းဆောင်အပါအဝင် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူအားလုံးနှင့် အစိမ်းရောင်ကုန်းမြေဘက်မှ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများသည် ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လာ၏။
ဒီအခိုက်၌ ကောင်းကင်မှာ ကြောက်မက်ဖွယ်ရွှေရောင်အလင်းနှင့် ဖုံးလွှမ်းသွား၏။ ထိုရွှေရောင်အလင်းအောက်တွင် ကောက်ရီကလန် အတွင်းအပြင်ရှိ ကျင့်ကြံသူအားလုံးသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်ကာ ကောင်းကင်ထက်သို့ အလန့်တကြား ကြည့်ကုန်၏။
ကောင်းကင်ထက်မှ အဆုံးမဲ့ဖိအားတစ်ခု ဆင်းသက်လာသည်။ ထိုရွှေရောင်အလင်းအတွင်း၌ ရွှေရောင်ပုံရိပ်တစ်ခု ရပ်နေပြီး အောက်ဘက်သို့ ငုံ့ကြည့်သည်။
“ကောင်းကင်ဘုံနွားထီးကုန်းမြေ၊ အစိမ်းရောင်မိစ္ဆာကုန်းမြေ…ကောင်းကင်ဘုံသားကလန်ဝင်အားလုံး…ဒီအမိန့်ကို လက်ခံကြ…”
တူညီသောရွှေရောင်အရိပ်နှစ်ခုလည်း ရှိနေသေး၏။ တစ်ယောက်က ကောက်ရီကလန်၏ အပြင်ဘက်တွင် ပေါ်လာပြီး ကျန်တစ်ယောက်က အံ့မခန်းအမြန်နှုန်းဖြင့် အစိမ်းရောင်မိစ္ဆာကုန်းမြေထံသို့ ရွှေ့လျားသွားသည်။