← Chapters

အမြင်အာရုံ အမှောင်တိ ကျသွားခြင်း

Vol. 142 Ch. 1968

အမြင်အာရုံ အမှောင်တိ ကျသွားခြင်း

Vol. 142 Ch. 1968

ကောင်းကင်ထက်ရှိ ရွှေရောင်အလင်းက တောက်ပလွန်းကာ အပျက်အစီးပုံ ဖြစ်နေသော မိစ္ဆာတာအိုကလန်ကို လင်းထင်းသွားစေသည်။ ရွှေရောင်ပုံရိပ်က အောက်သို့ပင် ငုံ့မကြည့်ဘဲ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အင်ပါယာအမိန့်ပြန်တမ်း ပေါ်လာသည်။

“မိစ္ဆာတာအိုကလန်…ဒီအမိန့်ပြန်တမ်းကို လက်ခံပါ…”

သူ ထိုသို့ ပြောလာသည့်အခါ မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ မျက်လုံးထဲတွင် အင်မတန်စိတ်လှုပ်ရှားမှုနှင့် အံ့အင်းသင့်မှုတို့ ပြည့်လာ၏။ သူက နောက်ဆုတ်နေခြင်းကို ရပ်တန့်ကာ သူ့လက်နှစ်ဖက်ကို ကောင်းကင်ထက်သို့ ဆုပ်၏။ သူ စကားပြောရန် ဟန်ပြင်လိုက်စဉ် သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက ရုတ်တရက် ပျောက်ကွယ်ကာ ကြောက်ရွှံ့မှုအစားထိုးလာသည်။

ဝမ်လင်းသည် ကောင်းကင်ထက်ရှိ ရွှေရောင်အလင်းကို မော့ပင် မကြည့်ဘဲ အင်ပါယာအမိန့်ပြန်တမ်းကို လစ်လျူရှုထားခြင်းကြောင့်ပင်။ ဝမ်လင်းက တစက်လေးမျှ မရပ်တန့်ဘဲ ကလန်ခေါင်းဆောင်နား ချက်ခြင်း ရောက်လာ၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။

ထိုလက်သီးချက် ကျဆင်းသွားသည့်အခါ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ဝမ်လင်း၏ကျင့်ကြံခြင်းအပြည့်အဝက ပေါက်ကွဲထွက်လာပြီး ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်များကိုပင် ထိတ်လန့်သွားစေမည့် စွမ်းအားတစ်ခု ပေါ်ထွက်လာသည်။

အင်ပါယာအမိန့်ပြန်တမ်းအောက်တွင် တစုံတစ်ယောက်ကို သတ်ဖြတ်ခြင်း။

မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ စိတ်နှလုံးမှာ တုန်ယင်သွားပြီး သူသည် အသည်းအသန် နောက်ဆုတ်သည်။ သူ၏ကျင့်ကြံမှု အပြည့်အဝကို အသက်သွင်းလိုက်ရာ တာအိုနှင့်မိစ္ဆာအရိပ်များသည် သူ့အား ကာကွယ်ပေးရန် ပေါ်လာသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ထပ်မံ ပဲ့တင်ထပ်၏။ ဝမ်လင်း၏လက်သီးချက်သည် တာအိုအရိပ်နှင့်မိစ္ဆာအရိပ်တို့ကို ပျက်စီးစေသည်။ ထိုလက်သီးချက်က မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ ရင်ဘက်ပေါ်သို့ ကျရောက်သွားသည်။

ကလန်ခေါင်းဆောင်သည် သွေးများစွာ အန်ထုတ်လိုက်ရ၏။ သူ၏ဒဏ်ရာများက ပို၍ ပြင်းထန်လာသည်။ သူသည် နောက်သို့ လွင့်ထွက်သွားကာ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ အတိပြီးသည်။ သူ၏ခန္ဓာကိုယ်မှ မိုးကြိုးတို့ ပျံ့လွင့်လာပြီး မရေမတွက်နိုင်သော မိုးကြိုးလုံးများ ဖြစ်ပေါ်ကာ ဝမ်လင်းထံ တန်းမတ်စွာ ဝင်ရောက်လာသည်။

တချိန်တည်းမှာ ရွှေရောင်အလင်း ဝန်းရံထားသော ရွှေရောင်ပုံရိပ်က ဝမ်လင်းကို အေးစက်စက် ကြည့်လာသည်။ သူက အင်ပါယာအမိန့်ပြန်တမ်းကို ကိုင်ဆောင်ကာ ထည်ဝါမှုအပြည့်အသံဖြင့် အော်ဟောက်လိုက်သည်။

“အမိန့်ပြန်တမ်းရှေ့မှာ တစုံတစ်ယောက်ကို သတ်ဖြတ်တာ။ မင်းက သိပ်သတ္တိရှိနေတယ်ပေါ့။ ခုချက်ခြင်း ပြန်မဆုတ်သေးဘူးလား…”

ဝမ်လင်းသည် ထိုရွှေရောင်ပုံရိပ်ကို လုံးဝ လစ်လျူရှုထားပြီး ဒဏ်ရာအပြင်းအထန် ရသွားသည့် ကလန်ခေါင်းဆောင်ထံ ခြေလှမ်းလိုက်သည်။ သူသည် မိုးကြိုးလုံးများကို လုံးဝ လစ်လျူရှုထား၏။

“ငါ သတ်ချင်တဲ့သူကို ဘယ်သူကမျှ မကယ်နိုင်ဘူး…”  ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ တတိယမြောက်လက်သီးချက်ကို ပစ်သွင်းသည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ မိုးကြိုးလုံးသည် ပျက်စီးသွားသည်။ မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ် ဖြစ်သည်။ သူက နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ သူ ထပ်မံ၍ သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားပြန်သည်။ သူ၏မျက်လုံးထဲတွင် အင်မတိအင်မတန်ကြောက်ရွှံ့မှုတို့ ပြည့်နေသည်။

“အင်ပါယာအမိန့်ပြန်တမ်း ဒီမှာ ရောက်နေပြီ။ မင်း ငါ့ကို သတ်ရင် မင်းလည်း သံသယမရှိ သေရလိမ့်မယ်…” ကလန်ခေါင်းဆောင်က သွေးရူးသွေးတန်း‌ အော်ဟစ်၏။ သူ့ခန္ဓာကိုယ်မှ သွေးမြူများ ပန်းထွက်လေသည်။ ဝမ်လင်း၏လက်သီးချက်မှ တုန်ခါလှိုင်းသည် သူ၏ခန္ဓာကိုယ်အတွင်း လှိုင်းထသွားစေကာ သူ့ခွန်အားအားလုံးကို ကုန်ခမ်းစေလုနီးနီး ဖြစ်သွားစေသည်။

သူသည် ဝမ်လင်း၏ ပြိုင်ဘက် မဟုတ်ပေ။

“အင်ပါယာအမိန့်ပြန်တမ်း ရှေ့မှာ မင်းက သတ်ဖြတ်ရဲတာလား။ မောက်မာလိုက်တာ။ ငါဟာ အင်ပါယအမိန့်ပြန်ကို ယူဆောင်လာတဲ့ အင်ပါယာတမန်တော်ပဲ။ နောက်မဆုတ်တာဟာ ဒီအမိန့်ကို အာခံတဲ့ သဘောပဲ…”

ထိုရွှေရောင်ပုံရိပ်သည် ဝမ်လင်းကို တွေ့မြင်သည့်အခါ ချက်ခြင်း လှမ်းအော်ပြီးနောက် ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်လာသည်။

သူ တိုးဝင်လာသည့်အခါ ရွှေရောင်ပုံရိပ်ထံမှ ရွှေရောင်အလင်း ထုတ်လွှတ်လာပြီး ရွှေရောင်လိုက်ကာစအဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံ ပျံသန်းဝင်လာသည်။

ထိုလိုက်ကာစထံမှ သိပ်သည်းသော ကောင်းကင်ဘုံစွမ်းအင်သည် ထည်ဝါမြင့်မြတ်မှုနှင့်အတူ ထွက်ပေါ်လာသည်။

အရူးအမူး နောက်ဆုတ်နေသော မိစ္ဆာတာအိုကလန်ခေါင်းဆောင်က ထိုသည်ကို တွေ့မြင်သည့်အခါ သူသည် ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခု ရပြီဟု ထင်လိုက်မိ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး သူ၏မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ပေါ်လာသည်။ အနက်ရောင်ဓားပျံကိုးလက်သည် ဝမ်လင်းထံ ပျံသန်းဝင်လာသည်။

“ထွက်သွားစမ်း…”  ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက နောက်လှည့်ကာ တိုးဝင်လာသော အင်ပါယာတမန်တော်ထံ လှမ်းအော်သည်။ သူက အင်ပါယာတမန်တော်ထံ လက်ဝေ့ယမ်းလိုက်၏။

လောကသည် အရောင်ပြောင်းသွားကာ ဧရာမလက်ဝါးတစ်ခု ပေါ်လာ၏။ ၎င်းက လောက၏ ခွန်အားကို သယ်ဆောင်ကာ အင်ပါယာတမန်တော်ထံ ပျံသန်းဝင်လာသည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ဧရာမလက်ဝါးက ရွှေ‌ရောင်လိုက်ကာစနှင့် ထိပ်တိုက်တွေ့သည်။ ထိုအလင်းလိုက်ကာစသည် ချက်ခြင်းပင် ပျက်စီးသွား၏။ လက်ဝါးချက်က အင်ပါယာတမန်တော်နှင့် ထိတွေ့သည်။

အင်ပါယာတမန်တော်သည် သွေးအန်ထွက်ကာ နောက်သို့ ပေတစ်ထောင်ထိ လွင့်ထွက်သွား၏။ သူက မနည်းရပ်လိုက်ရကာ ထပ်မံသွေးအန်သည်။ သူသည် ဝမ်လင်းကို မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်သည်။

“အင်ပါယာ…အင်ပါယာအတု ကျင့်ကြံခြင်းအဆင့်…”

ဝမ်လင်းသည် အင်ပါယာတမန်တော်ကို လက်ဝါးတချက်ဖြင့် နောက်ဆုတ်သွားစေ၏။ သူ၏ကျင့်ကြံခြင်းက ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် အနက်ရောင်လေပြင်း ပေါ်လာကာ ဓားပျံကိုးလက်နှင့် ထိပ်တိုက်တွေ့စေသည်။ ကျယ်လောင်စွာ မြည်ဟိန်းထွက်ပြီး ဓားကိုးလက်လုံး ပျက်စီးသွားတော့သည်။

ဝမ်လင်းက ရှေ့သို့ ခြေလှမ်းလိုက်ရာ ကလန်ခေါင်းဆောင်၏နားသို့ ချက်ခြင်း ရောက်သွားသည်။ မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ မျက်လုံးထဲ၌ အကြောက်တရားတို့ ပြည့်လာပြီး ဝမ်လင်း၏ညာလက်က ထိုသူ့ရင်ဘက်ပေါ် ရိုက်ချသည်။

ထိုသူ၏အမူအရာမှာ မှန်ဖျော့သွားပြီး သူ၏ခန္ဓာကိုယ်တွင် သေခြင်းတရားအော်ရာ ပြည့်နှက်သွားသည်။ သူသည် နောက်သို့ လွင့်ထွက်သွား၏။ ဝမ်လင်းက မြားတစ်စင်းအလား နောက်မှ လိုက်လာကာ နောက်ထပ်လက်သီးတလုံး ပစ်သွင်းလိုက်ချေသည်။

လွန်ခဲ့သောနှစ်တစ်ရာကျော်က မုန့်မြေကမ္ဘာကုန်းမြေ အပြင်ဘက်တွင် မျှော်လင့်ချက်မဲ့စွာ အသည်းအသန် ထွက်ပြေးခဲ့ရသော ပုံရိပ်မြင်ကွင်းသည် ဝမ်လင်း၏ စိတ်ထဲတွင် ပြန်ပေါ်လာ၏။ သည်တစ်ကြိမ်၌ သူက လက်သီးပစ်သွင်းလိုက်ရုံသာမက သူ့ပါးစပ်ကိုဟကာ ရှိုက်သွင်းလိုက်ချေ၏။

“သေလိုက်တော့…” ဝမ်လင်းက လက်သီးချက်တလုံး ပစ်သွင်းလိုက်၏။ မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ခန္ဓာကိုယ်သည် ပျက်စီးသွားတော့သည်။ သူ့မူလစိတ်ဝိညာဉ်က အလန့်တကြား အော်ဟစ်ကာ သူ၏ မူလစိတ်ဝိညာဉ်သည် အလန့်တကြား ထွက်ပြေးတော့သည်။

ဝမ်လင်း၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ပိုအားကောင်းလာ၏။

ဝမ်လင်း၏ ဝါးမြိုမှုက အတိုင်းမသိစုပ်အားကို ဖြစ်စေကာ မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်သည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ရပြီးနောက် သေဆုံးသွားတော့သည်။

“တမန်တော်အရှင်…ငါ့ကို ကယ်ပါ…”

အမိန့်ပြန်တမ်းကို ကိုင်ဆောင်ထားသော တမန်တော်၏အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။ သူက အံတင်းတင်းကြိတ်ကာ  ဝမ်လင်း မိစ္ဆာတာအိုကလန်ခေါင်းဆောင်ကို ဝါးမြိုခြင်းကနေ တားဆီးဖို့ ထပ်မံ ဆင်းသက်လာပြန်၏။

“ဝမ်လင်း…မင်း သူ့ကို သတ်လိုက်ရင် ငါ့အနေနဲ့ အမိန့်ပြန်တမ်းကို ထုတ်ပြန်လို့ ရမှာ မဟုတ်တော့ဘူး။ ဒီကိစ္စဟာ မင်း တောင့်ခံနိုင်မယ့် အရာ မဟုတ်ဘူး။ ဒါဟာ ကောင်းကင်ဘုံသားတွေရဲ့ ခွန်အားကို ရန်စတာ ဖြစ်သွားလိမ့်မယ်။ မင်း ကောင်းကင်ဘုံကလန်တစ်ခုလုံးကို သစ္စာဖောက်ချင်လို့လား…”

ထိုအင်ပါယာတမန်တော်အတွက် အခုအကြိမ်သည် အင်ပါယာအမိန့်ပြန်တမ်းကို လာရောက်ပို့ဆောင်တာ ပထမဆုံးဖြစ်၏။ သူသည် အခုလိုအဖြစ်အပျက်မျိုး ကြုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ အင်ပါယာတမန်တော်တစ်ယောက်အဖြစ် သူသည် ဗဟိုကုန်းမြေ၌ အစွမ်းထက်ကျင့်ကြံသူများစွာကို တွေ့မြင်ဖူး၏။ သို့သော် မည်သူကမျှ ဝမ်လင်းလောက် မမောက်မာ၊ အင်ပါယာအမိန့်ပြန်တမ်းအောက်တွင် တစုံတစ်ယောက်ကို မသတ်ဝံ့ကြချေ။

“မင်းတော့ သေပြီ။ မင်း အခုလို ဆက်လုပ်တာနဲ့ မင်း သေပြီ…”  အင်ပါယာတမန်တော်က အတော့်ကို စိတ်ဆိုးနေ၏။ သူသည် အော်ဟစ်ကာ တရကြမ်း ဝင်လာသည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်း တောက်ပကာ သူ့ပတ်လည်၌ ရွှေရောင်လက်ဝါးရာအဖြစ်သို့ ပြောင်း၏။ သူက မိစ္ဆာတာအိုကလန်ခေါင်းဆောင်ကို ဝါးမြိုနေသော ဝမ်လင်းထံ ရိုက်ချလိုက်သည်။

ထိုအခိုက်တွင် ကလန်ခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်မှာ စုပ်အားကြောင့် ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်းထိ ဆွဲငင်ခံရ၏။ သူသည် တစ်စက်လေးမျှ မချိုးဖျက်နိုင်ဘဲ မျှော်လင့်ချက်မဲ့စွာသာ အော်ဟစ်နေရ၏။

အင်ပါယာတမန်တော်၏ အပြုအမူက မိစ္ဆာတာအိုကလန်ခေါင်းဆောင်ကို ပို၍ ရုန်းကန်စေတော့သည်။ သူသာ အသက်ရှင်လိုပါက သူ့အနေဖြင့် ပြင်ပအားတစ်ခုကို ငှားယမ်းပြီးမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်လား။

ရွှေရောင်လက်ဝါးချက်က နီးကပ်လာ၏။ ချက်ခြင်း ဝမ်လင်းကို ခြုံလွှမ်းသွားသည်။ ၎င်း ကျရောက်လာသည့်အခါ ဝမ်လင်း၏မျက်လုံးထံမှ အေးစက်မှု လှစ်ခနဲ ပေါ်၏။ သူက ရုတ်တရက် လှည့်သည်။ သူ၏မျက်လုံးထံမှ ကြောက်မက်ဖွယ်ရွှေရောင်အလင်းတစ်ခု လှစ်ဟပေါ်သည်။

ထိုရွှေရောင်အလင်း၌ ကောင်းကင်ဘုံဘိုးဘေး၏ ဓား၏ အစိတ်အပိုင်း ပါဝင်ကာ ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်နိုင်သည့်စွမ်းအား ရှိပေသည်။ ထိုအခိုက်တွင် သူ့မျက်လုံးထဲရှိ ရွှေရောင်အလင်းထံမှ စွမ်းအားသည် ပေါက်ကွဲထွက်လာ၏။

“ထွက်သွားစမ်း…သင် ငါ့ကို ထပ်တားရင် သင့်အဆင့်အတန်းက ဘာပဲ ဖြစ်ဖြစ် ငါ ဒီကနေ့ သင့်ကိုပါ ဖျက်စီးပစ်ရလိမ့်မယ်…”  ရွှေရောင်လက်ဝါးသည် ဝမ်လင်း၏အကြည့်အောက်၌ ပျက်စီးသွားလေသလားဟု ထင်ရသည်။ မမြင်ရသောအားတစ်ခုက ထိုရွှေရောင်လက်ဝါးကို ဝုန်းဒိုင်းကြဲ ထိုးနှက်သဖြင့် ၎င်းသည် ရှေ့ဆက်တိုးလာနိုင်စွမ်း မရှိတော့ပေ။

အင်ပါယာတမန်တော်သည် ဝမ်လင်း၏အကြည့်ထံမှ ဖိနှိပ်ခြင်းအားကို ခံစားမိသည့်အခါ သူသည် တုန်ယင်သွား၏။ သူ့အမူအရာက ပြောင်းလဲသွားပြီး သူ့ဦးရေပြားပင် ထုံထိုင်းမိသွားသည်။ သူ၏ခန္ဓာကိုယ်သည် ထိုအကြည့်၏ထည်ဝါခမ်းနားမှုကြောင့် တုန်ယင်ရသည်။

သည်လိုအကြည့်မျိုး၊ သည်လိုထည်ဝါမှု၊ သည်လိုဖိနှိပ်နိုင်စွမ်းကို သူ့အနေဖြင့် ကောင်းကင်ဘုံအင်ပါယာထံမှသာ ခံစားမိခဲ့ဖူး၏။ ဝမ်လင်းသည် ကောင်းကင်ဘုံအင်ပါယာကို မယှဉ်နိုင်သော်လည်း ဒီအခိုက်တွင် အင်ပါယာတမန်တော်သည် သူ့အနေဖြင့် ကောင်းကင်ဘုံအင်ပါယာကို ရင်ဆိုင်နေရသည့်နှယ် ခံစားမိသည်။

သူက နောက်မဆုတ်ဝံ့ဘဲ မနေရဲတော့ပေ။ သူ နောက်ဆုတ်ရ၏။ သူ နောက်ဆုတ်သွားစဉ် မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် မျှော်လင့်ချက်လုံးဝ မဲ့သွားတော့သည်။ သူသည် သူ့မူလစိတ်ဝိညာဉ် ဝမ်လင်းနှင့် ပေသုံးရာအတွင်းသို့ ဆွဲငင်ခံရသည်ကို ဒီအတိုင်း ကြည့်နေမိတော့၏။ သူ ဝါးမြိုခံရတော့မည်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်လာသည်။

“မင်း ငါ့ကို သတ်ချင်ရင် မင်းကိုလည်း ငါနဲ့အတူ မြေမြှုပ်ပစ်မယ်။ အရှင်တမန်တော်…ဒီအဘိုးအိုက အမိန့်ပြန်တမ်းကို လက်ခံပါတယ်။ ဒီအဘိုးအိုက သေရမယ်ဆိုရင်တောင် ကောင်းကင်ဘုံအင်ပါယာရဲ့ အမိန့်ပြန်တမ်းကို နားထောင်လိုစိတ် ရှိပါတယ်…”  သူက သူ့ကိုယ်သူ ဖောက်ခွဲပစ်ဖို့ မရွေးချယ်ပေ။ ထိုအစား သူသည် အင်ပါယာတမန်တော် အမိန့်ပြန်တမ်းကို ဖတ်ခိုင်းဖို့သာ ရွေးချယ်ခဲ့၏။ ထိုသို့ဖြစ်ပါက ဝမ်လင်းသည် သူ့ကို သတ်လိုက်လျှင် ပစ်မှုကျူးလွန်မိသွားပေလိမ့်မည်။ သူက သူ့သေခြင်းကို အသုံးပြုကာ အနာဂတ်၌ ဝမ်လင်းကို တန်ပြန်ဒဏ်ခံစားရအောင် လုပ်ဆောင်လိုခြင်းပင်။

သူ၏ စူးစူးဝါးဝါးအော်သံ ထွက်ပေါ်လာသည့်အခါ သူ့မူလစိတ်ဝိညာဉ်သည် ဝမ်လင်းနှင့် ဆယ်ပေပင် မကွာတော့ပေ။ သူ၏မူလစိတ်ဝိညာဉ်က တစ္ဆေအလင်းတန်းအဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့၏။

“အတူတူ သေကြတာပေါ့…”

ကောင်းကင်ထက်ရှိ အင်ပါယာတမန်တော်၏ တာဝန်သည် အမိန့်ပြန်တမ်းကို ထုတ်ပြန်ရန် ဖြစ်၏။ အခု ထိုသူက အမိန့်ပြန်တမ်းကို လက်ခံခဲ့ပြီ ဖြစ်၍ သူ့အနေဖြင့် ထိပြန်တမ်းကို ချက်ခြင်း ဖွင့်လှစ်သည်။ တချိန်တည်းမှာ သူ့အသံ ပဲ့တင်ထပ်လာသည်။

“ကောင်းကင်ဘုံသွေးမျိုးဆက်ဟာ ရှေးအချိန်တွေထဲကစလို အခုထိ တည်ရှိတယ်။ အစိမ်းရောင်မိစ္ဆာတာအိုကလန်ခေါင်းဆောင်ဟာ အင်ပါယာမိသားစုရဲ့ ခွန်အားကို ရန်စဝံ့ခဲ့တယ်။ သူဟာ အင်ပါယာနန်းတော်ကို ဆန့်ကျင်ဖို့ အစိမ်းရောင်မိစ္ဆာအစေခံနဲ့အတူ လှည့်ဖြားကြံစည်ခဲ့တယ်။ သူ အသက်ရှိနေသေးရင် ဒီအမိန့်ပြန်တမ်း ရှေ့မှောက်မှာ မိစ္ဆာတာအိုကလန်နဲ့အတူ သူ့ကို ဖျက်စီးပစ်ရမယ်…”

“သူ သေသွားခဲ့ရင် သူ့ကို သတ်တဲ့သူက ဝမ်လင်းလို့ အမည်ရရင် ဝမ်လင်းဟာ အမိန့်ပြန်တမ်းကို လက်ခံရလိမ့်မယ်။ ဗဟိုကုန်းမြေရှိ လာရောက်ရမယ်။ ငါဟာ မင်းရဲ့ တောက်ဖေအပေါ် ကူညီပေးခဲ့တာကို သိခဲ့ရတယ်။ဒါ့ကြောင့် ဒီကိစ္စကို ငါ မေ့ပစ်မှာ မဟုတ်ဘူး…”

အင်ပါယာတမန်တော်သည် အမိန့်ပြန်တမ်းကို ဖတ်နေရင်း သူ့နှဖူးထက်၌ ချွေးပြန်လာ၏။ သူသည် အမိန့်ပြန်တမ်းကို လက်ခံမည့်သူနှင့် မတွေ့ခင် ကြို၍ ဒီအမိန့်ကို ဖွင့်၍ မရပေ။ အခုမှ သူ့အနေဖြင့် အမိန့်ပြန်တမ်းထဲရှိ အကြောင်းအရာကို တွေ့မြင်ရခြင်း ဖြစ်၏။ ၎င်းကို ဖတ်ပြပြီးနောက် သူသည် မင်သက်မိနေတော့သည်။

သူသည်ပင် ထိုသို့ ဖြစ်နေပါက မိစ္ဆာတာအိုကလန်ခေါင်းဆောင်ဆို ပြောနေဖို့ပင် လိုတော့မည် မဟုတ်ပေ။ သူသည် ဝမ်လင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီးနောက် သည်အမိန့်ပြန်တမ်းကို နောက်ဆုံးအနေဖြင့် ကြားလိုက်ရကာ သူ့အမြင်သည် အမှောင်ကျသွားတော့၏။

All Chapters