အခန်း ၄၃၈
Vol. 35 Ch. 438
အပိုင်း (၄၃၈) ရွံ့ ရုပ်လေး မျက်တောင်ခတ်သွားခြင်း
ဤအချိန်တွင်၊ ချန်ယန် မင်းသမီး ၏ နေအိမ်တွင် မြင်းရထား တစ်စီး တံခါးရှေ့သို့ ဖြည်းညင်းစွာ ဆိုက်ရောက်လာလေသည်။
လီလီ၊ ကူချူတုန်း နှင့် အနီရောင် ဝတ်စုံရှင် အမျိုးသမီး တို့ မြင်းရထားပေါ်မှ ဆင်းလာကြလေသည်။
တံခါးဝတွင် စောင့်နေကြသော အစေခံ အချို့သည် မြင်းရထားပေါ်မှ အိတ်ကြီး အိတ်ငယ် အမြောက်အမြားကို ချက်ချင်းပင် ဂရုတစိုက် ချယူလာကြတော့သည်။
လီလီ မှာ ဝမ်းသာအားရဖြစ်ပြီး စိတ်အားထက်သန်နေလေသည်။ သူမက ကူချူတုန်း ၏ လက်မောင်းကို ကိုင်ကာ ဆိုသည်။
"ချူတုန်း... မနက်ဖြန် ထင်ယူ မြို့ ကို သွားကြရအောင်လေ ၊နင့်ကို ပြောပြမယ်၊ အဲဒီမှာ အနောက်ဘက် ဒေသ တွေက လူတွေ အများကြီး ရှိတယ်... သူတို့က ထူးဆန်းပြီး အံ့ဩစရာကောင်းတဲ့ အရာမျိုးစုံ၊ ကနေတဲ့ ကြွက်တွေ၊ အရောင်ပြောင်းတဲ့ မြွေတွေ၊အရမ်း ပျော်စရာကောင်းတဲ့ အရာတွေကို ယူလာကြတာလေ"
"ကောင်းပြီလေ၊ ငါတို့ မနက်ဖြန် မနက်စောစော သွားကြတာပေါ့..."
ကူချူတုန်း က ဆိုကာ၊ အနီရောင် ဝတ်စုံရှင် အမျိုးသမီး ကို ကြည့်ပြီး မေးလိုက်သည်။
"အနီရောင် ... နင်ကရော ဘယ်လိုထင်လဲဟင်..."
အနီရောင် ဝတ်စုံရှင် အမျိုးသမီး က ပြန်ဖြေသည်။
"သခင်မလေး သွားတဲ့ နေရာတိုင်း၊ ကျွန်မ လိုက်ခဲ့ပါ့မယ်..."
ကူချူတုန်း က
"နင် သဘောကျတာ တစ်ခုခု တွေ့ရင် ဝယ်လို့ ရပါတယ်... ကြည့်လေ၊ နင် တစ်နေကုန် ဈေးဝယ်ထွက်နေတာတောင် ဘာမှ မဝယ်ရသေးဘူး မဟုတ်လား..."
အနီရောင် ဝတ်စုံရှင် အမျိုးသမီး အနည်းငယ် ကြောင်အသွားပြီး
"ကျွန်မမှာ သဘောကျတာ ဘာမှ မရှိပါဘူး..."
"ဒါဆို နင် ဘာကို သဘောကျလဲဟင်... မနက်ဖြန် နင့်ကို သွားဝယ်ပေးမယ်လေ..."
ကူချူတုန်း က ဆိုသည်။
အနီရောင် ဝတ်စုံရှင် အမျိုးသမီး က ထပ်ပြောသည်။
"ကျွန်မမှာ သဘောကျတာ ဘာမှ မရှိပါဘူး..."
"ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ..."
ကူချူတုန်း သည် စကားတစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားလေသည်။ အနီရောင် နှင့် ဂီတသမား တို့သည် ခံစားချက် ကင်းမဲ့သူများ ဖြစ်ကြောင်း သူမ ရုတ်တရက် သတိရလိုက်သည်။
သူတို့သည် ရယ်မောခြင်း၊ ဒေါသထွက်ခြင်းနှင့် အော်ဟစ်ဆဲဆိုခြင်း ကဲ့သို့သော လူသား ခံစားချက်များကို အတုခိုးနိုင်သော်လည်း၊ ၎င်းတို့တွင် စစ်မှန်သော၊ခံစားချက်များ မရှိကြပါချေ။
ကူချူတုန်း သည် ချက်ချင်း စကားရပ်လိုက်ပြီး လီလီ ကို မေးလိုက်သည်။
" တကယ့်လူနဲ့ တူတဲ့ ရွှံ့ရုပ် တစ်ခု ရှိတယ်လို့ နင် ပြောခဲ့တယ် မဟုတ်ဘူးလား..."
လီလီ က အလျင်အမြန် ပြန်ဖြေသည်။
"အဲဒါ အိမ်နောက်ဖေးမှာ ရှိတယ်... ငါ အခုပဲ နင့်ကို သွားပြမယ်... ငါ ကြွားနေတာ မဟုတ်ဘူး၊ နင် မြင်ရင် အံ့အားသင့်သွားမှာပဲ"
ကူချူတုန်း နှုတ်ခမ်းကို တွန့်လိုက်ပြီး ဆိုသည်။
"ငါ့အစ်ကို ရဲ့ သစ်သားရုပ်တု ထက် ဘယ်လို ရွှံ့ရုပ် မျိုးကများ ပိုပြီး အသက်ဝင်နိုင်လဲ ဆိုတာကို ငါ ကြည့်ချင်သေးတယ်"
ခဏအကြာတွင်၊ လီလီ သည် ကူချူတုန်း ကို ခြံဝင်းတစ်ခုထဲသို့ ဆွဲခေါ်သွားလေသည်။
အထဲသို့ ဝင်ရောက်သွားသောအခါ ဧည့်ခန်းမဆောင် တွင် အဖြူရောင် ပိတ်စတစ်ခုဖြင့် ဖုံးအုပ်ထားသော အရာဝတ္ထုတစ်ခုကို ၎င်းတို့ မြင်တွေ့လိုက်ရလေသည်။ သို့သော်လည်း ၎င်းမှာ လုံးဝ ဖုံးအုပ်ထားသဖြင့် လူသား ပုံသဏ္ဌာန် ကိုသာ မြင်တွေ့ရလေသည်။
လီလီ သည် စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားပြီး ပိတ်စကို ဆုပ်ကိုင်ကာ ဆိုသည်။
"အခုတော့ အံ့ဖွယ် တစ်ခုကို တွေ့ကြုံရမယ့် အချိန် ရောက်ပြီ"
စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊ လီလီ သည် ပိတ်စကို အတင်း ဆွဲခွာလိုက်ရာ ထိုအခိုက်အတန့်မှာပင် ရုပ်တု တစ်ခု ပေါ်လာလေသည်။
အောက်ခံခုံမပါဘဲ ခြေနှစ်ချောင်းဖြင့်သာ မတ်မတ်ရပ်နေသော ရုပ်တုတစ်ခုမှာ တိတ်ဆိတ်စွာပင်။ လရောင်ပမာ ဖြူဖွေးသော ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားပြီး၊ ထိုဂါဝန်၏ အခေါက်အချိုးများမှာ လေတိုက်ခတ်ခံထားရသကဲ့သို့ သဘာဝကျကျ သက်ဆင်းနေသည်။
ယက်လုပ်ထားသော ချည်မျှင်စများကိုပင် အလင်းနှင့်အရိပ်တို့က ထိုးဖောက်လိုက်သည့်အခါ သိမ်မွေ့စွာ တဖျတ်ဖျတ်လက်နေ၏။
ကူချူတုန်းတစ်ယောက် မသိစိတ်ကပင် လက်ချောင်းထိပ်တို့ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ သူမ၏ နှလုံးခုန်သံများ ခဏတာ ရပ်တန့်သွားသည်။ ဤသည်မှာ လက်ရာမြောက်လှသော အနုပညာကို အံ့ဩခြင်းမျိုးမဟုတ်ဘဲ၊ အရိုးထဲထိ စိမ့်ဝင်သွားစေသည့် ထူးဆန်းသော အကြောက်တရားတစ်မျိုးသာ ဖြစ်သည်။
ရုပ်တု၏ မျက်နှာသွင်ပြင်မှာ အလွန်ပင် အသက်ဝင်လှသည်။ မျက်ခုံးရိုး၏ အကွေးအဆ၊ မျက်လုံးထောင့်ရှိ အရေးအကြောင်းကလေးများ၊ နှုတ်ခမ်းထောင့်မှ သဲ့သဲ့မျှပေါ်နေသော ပါးချိုင့်လေးအထိ လီလီနှင့် တစ်ထပ်တည်းတူနေသည်။
အကြောက်မက်ဖွယ်အကောင်းဆုံးမှာ ထိုမျက်နှာပေါ်ရှိ အမူအရာပင်။ တစ်ဝက်တစ်ပျက်ပြုံးနေသော နှုတ်ခမ်းများ၊ မီးဖုတ်ထားသည့် ရွှံ့စေးကြောင့် အညိုရင့်ရောင် သန်းနေသော်လည်း၊ အချိန်မရွေး မျက်တောင်ခတ်လိုက်တော့မည့်အလား စိုစွတ်တောက်ပနေသည့် မျက်ဝန်းများက လူကို အထိတ်တလန့်ဖြစ်စေသည်။
ဖယောင်းတိုင်မီးရောင်က ရုပ်တု၏မျက်နှာပြင်ပေါ်သို့ ဖြတ်သန်းသွားသည့်အခါ စဉ့်ရေအောက်မှ နွေးထွေးသောအလင်းတို့ ထွက်ပေါ်လာကာ အစစ်အမှန် အရေပြားနှင့်ပင် မှားယွင်းစေသည်။ ဂါဝန်ရှည်၏ လည်ပင်းအနားသတ်မှာ အသက်ရှူလိုက်တိုင်း တုန်ခါနေသယောင်ရှိပြီး၊ အသက်ရှိသူတို့သာ ပိုင်ဆိုင်သော တက်ကြွသည့်စွမ်းအင်ကို ထုတ်လွှတ်နေသည်။
ခဏတာမျှပင် ကူချူတုန်း လမ်းပျောက်သလို ခံစားလိုက်ရသည်။ သူမရှေ့တွင်ရှိနေသည်မှာ ရုပ်တုတစ်ခုမဟုတ်ဘဲ၊ အချိန်ကို ရပ်တန့်ထားသည့် မှန်ထဲမှပုံရိပ်တစ်ခုအလား လီလီ၏အစ်မပင် ဖြစ်နေသကဲ့သို့။
ထိုအပြုံးထဲတွင် လီလီ၏ ဉာဏ်များသည့် အရိပ်အယောင်များ ပါဝင်နေသည်။ လည်ပင်းတွင် ဝဲကျနေသော ဆံပင်အကွေးလေးမှအစ၊ သူမ၏ ပုံမှန်အမူအရာနှင့် တစ်ထပ်တည်းတူနေသည်။
အချိန်မရွေး စကားပြောဆိုပြီး၊ နဖူးမှ ဆံပင်စလေးများကို လက်ချောင်းဖြင့် ညင်သာစွာ ဖယ်ရှားလိုက်တော့မည့်အလား ထင်မှတ်ရသည်။ ပတ်ဝန်းကျင်တွင် မြေကြီးနှင့် စဉ့်ရေနံ့တို့ သင်းပျံ့နေသော်လည်း၊ လီလီထံမှ ထွက်ပေါ်လာသည့် ထိုတက်ကြွသော စွမ်းအင်ကိုမူ မဖုံးကွယ်နိုင်ဘဲ ကူချူတုန်း၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေတော့သည်။
သို့သော်လည်း လီလီ မှာ ဂရုမစိုက်ဘဲ ပြေးသွားကာ ကြွားဝါလိုက်သည်။
"တွေ့လားဟင်... ငါ လိမ်ပြောနေတာ မဟုတ်ဘူးလေ၊ဒါက နင့်အစ်ကို ရဲ့ သစ်သားရုပ်တု ထက် အများကြီး ပိုမကောင်းဘူးလား...”
“ နင့်ကို ပြောပြမယ်၊ ငါ အဲဒါကို ပထမဆုံး မြင်လိုက်ရတုန်းက ရွှံ့ရုပ် တစ်ခု ဆိုတာကို ငါ မယုံနိုင်ခဲ့ဘူးလေ၊ ဟီးဟီး….မနက်ဖြန် ငါ နင့်ကို အဲဒီ ရွှံ့ရုပ် ဆရာကြီး ဆီ ခေါ်သွားပြီး နင့်အတွက်လည်း တစ်ခု လုပ်ခိုင်းဦးမယ်"
ကူချူတုန်း သည် ရွှံ့ရုပ် ကို ကြည့်ကာ တံတွေးမြိုချလိုက်ပြီး ရှေ့သို့ တိုးသွားကာ သူမ၏ လက်ချောင်းဖြင့် ၎င်း၏ မျက်နှာကို ညင်သာစွာ ထိုးကြည့်လိုက်လေသည်။ သူမသည် ချက်ချင်းပင် သက်ပြင်း သဲ့သဲ့ချလိုက်လေသည်။ ၎င်းမှာ အလွန် လက်တွေ့ဆန်ပုံ ပေါ်သော်လည်း၊ သူမ ထိတွေ့လိုက်ချိန်တွင် အသွင်အပြင်ကို ခံစားနေရဆဲ ဖြစ်သည်။
၎င်းမှာ စဉ့်သုတ်ထားသော ရွှံ့ရုပ် တစ်ခု သက်သက်သာ ဖြစ်လေသည်။
သို့သော် ဤ ရွှံ့ရုပ် ကို ကြည့်ရင်း၊ ကူချူတုန်း သည် ရှင်းပြ၍ မရနိုင်လောက်အောင် စိုးရိမ်ပူပန်နေဆဲ ဖြစ်လေသည်။ သူမသည် လီလီ ထံမှ အဖြူရောင် ပိတ်စ ယူကာ ရွှံ့ရုပ် ကို ဖုံးအုပ်လိုက်ပြီး ဆိုသည်။
"ထားလိုက်ပါတော့၊ ချန်ယန်... ငါ ဒါကို ကြည့်ရတာ အနေရခက်တယ်... ငါ မလုပ်တော့ဘူး"
"နင် ဘာကို ကြောက်နေတာလဲ..."
လီလီ က ပြုံးလျက်
"ချူတုန်း... နင်က သူရဲကောင်းမလေး ကူ လေ၊ သိုင်းလောက က လူတွေနဲ့ တိုက်ခိုက်ရတာကို နင် မကြောက်ဘူးလေ"
"နင်က ရွှံ့ရုပ် တစ်ခုကို ကြောက်နေတာလား..."
"အဲဒါ မတူဘူးလေ..."
ကူချူတုန်း က လီလီ ကို ဆွဲခေါ်သွားရင်း
"ချန်ယန်... ဒီအရာကို အိမ်ထဲမှာ မထားသင့်ဘူးလို့ ငါ ထင်တယ်... ဒါက တကယ်ကို အနေရခက်စေတယ်လေ"
"ဟီးဟီး၊ နင်က ဘာကိုမှ မကြောက်ဘူးလို့ ငါ ထင်ထားတာ၊ ဒါပေမဲ့ နင် ကြောက်တဲ့ အရာတစ်ခု ရှိနေတာပဲ..."
သူတို့ နှစ်ဦး စကားပြောရင်း ထွက်ခွာသွားကြလေသည်။
ထိုအချိန်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး အဖြူရောင် ပိတ်စကို လန်တက်သွားစေကာ၊ အခန်းတွင်းရှိ ဖယောင်းတိုင်မီးရောင်ကို တဖျတ်ဖျတ် လက်သွားစေတော့သည်။
ရွှံ့ရုပ် က ရုတ်တရက် မျက်တောင်ခတ်လိုက်ပြီး ပြုံးပြလိုက်လေသည်။
နောက်တစ်နေ့ နံနက်စောစောအချိန်၌...
နံနက်ခင်း ညီလာခံမှ ပြန်ရောက်လာခါစဖြစ်သော ယဲ့ကျင့်လန် သည် ကူမော့၏ ခြံဝင်းအတွင်းသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်လာပြီး ကျယ်လောင်စွာ ရယ်မောလျက် ဆိုသည်။
"အစ်ကိုကူ၊ အစ်ကိုကူ... ဟားဟားဟား... အဲဒီ မောက်မာတဲ့ ယဲ့ချန် ဒုက္ခ အကြီးအကျယ် ရောက်နေပြီ ဆိုတဲ့ သတင်း ငါ အခုလေးတင် ရခဲ့တယ်"
ထိုအခိုက်အတန့်တွင်၊
ကူမော့သည် အိမ်ထဲ၌ ယဲ့ချန် ထံမှ သူ ထုတ်ယူလာခဲ့သော ထူးခြားသည့် "ကံကောင်းခြင်း" ကို လေ့လာနေလေသည်။ ယဲ့ကျင့်လန် ၏ စကားကို ကြားသောအခါ၊ သူက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ယဲ့ချန် ဘာဖြစ်လို့လဲ..."
ယဲ့ကျင့်လန် သည် ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်ပြီး လက်မထောင်ပြကာ
"အစ်ကိုကူ... မင်းက တကယ်ကို အံ့ဩစရာကောင်းတာပဲ... ယဲ့ချန် ရဲ့ ကံကောင်းခြင်း တွေကို ယူလိုက်ပြီလို့ မနေ့က မင်း ပြောတယ်လေ၊ ပြီးတော့ အဲဒီနေ့မှာပဲ သူ ကံဆိုးတာတွေ စဖြစ်လာတာပဲ... အခု သူ ပျောက်သွားပြီ... “
“သူ့ရဲ့ ဓားသမား လက်အောက်ငယ်သား နှစ်ယောက်က တစ္ဆေမြို့တော် ကနေ ပြေးထွက်လာပြီး ငါတို့ နန်းတွင်း ကို အကူအညီ လာတောင်းကြတယ်လေ"
"တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ..."
ကူမော့က ဇဝေဇဝါဖြင့် မေးလိုက်သည်။
ယဲ့ကျင့်လန် က
"အဲဒီ ဓားသမား နှစ်ယောက်ရဲ့ အဆိုအရ၊ ယဲ့ချန် ဟာ တစ္ဆေမြို့တော် ထဲမှာ တကယ်ပဲ တစ္ဆေ တစ်ကောင်နဲ့ တွေ့လိုက်ရသလို မယုံနိုင်လောက်အောင်ကို ကံဆိုးခဲ့တာတဲ့... ရှင်းပြလို့မရတဲ့ သတ်ဖြတ်လိုစိတ် မျိုးစုံက သူ့အပေါ် ကျရောက်လာတယ်...”
“ ယဲ့ချန် ဟာ သိုင်းပညာ မှာ အလွန် ကျွမ်းကျင်ပြီး ချူနိုင်ငံ မှာ တတိယ အကောင်းဆုံး ဖြစ်ပေမဲ့လည်း သူ မခံနိုင်ခဲ့ဘူးလေ..."
"ဓားသမား နှစ်ယောက်လည်း တစ္ဆေမြို့တော် ထဲမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ်... အခု သူက ပျောက်သွားပြီ... ကျင်းကျောက် စီရင်စု က သူ့ကို ရှာဖို့ တစ္ဆေမြို့တော် ထဲကို လူတွေ စေလွှတ်ထားပေမဲ့ မျှော်လင့်ချက် သိပ်မရှိဘူးလို့ ငါ ထင်တယ်...”
“ဒီကောင်က အခု အရမ်းကို ကံဆိုးနေတာ၊ ပြီးတော့ တစ္ဆေမြို့တော် ကလည်း ရှုပ်ထွေးပြီး အန္တရာယ် များတယ်လေ... သူ အဲဒီထဲမှာ သေသွားမှာကို ငါ စိုးရိမ်တယ်..."
ကူမော့သည် သူ၏ လက်ထဲရှိ "ကံကြမ္မာ" အလုံးကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်သည်။
"ဒါက တကယ်ပဲ ကံကောင်းခြင်း လား... ဒီကံကောင်းခြင်း က အမှန်တကယ် ရုပ်လုံးပေါ်လာနိုင်တာလား.."
ယဲ့ချန် ၏ အတွေ့အကြုံများကို ပြန်တွေးကြည့်လျှင်၊ သူ့ကို ကံကြမ္မာမှ ရွေးချယ်ခံရသူ ဟု ဖော်ပြ၍ မရနိုင်တော့ချေ။
ဇာတ်လမ်းများထဲတွင်ပင် ထူးခြားသောကံကြမ္မာရှိသည့် ဇာတ်လိုက်များသည် ယုတ္တိတန်သော ဘောင်တစ်ခုအတွင်း၌သာ ကံကောင်းခြင်းကို ကြုံတွေ့ရလေ့ရှိသည်။ အဓိကဥပမာတစ်ခုမှာ ယဲ့ကျင့်လန်ဖြစ်သည်။
သူ့ကိုသူ့ကို ကြီးမားသောကံကြမ္မာပိုင်ရှင်အဖြစ် ကူမော့က သတ်မှတ်ထားပြီး သာမန်ဇာတ်လိုက်ပုံစံနှင့် အပြည့်အဝကိုက်ညီနေသည်။ သူ၏ သာမန်ဟုထင်ရသော နောက်ခံနောက်ကွယ်တွင် ထူးခြားသောစွမ်းရည်များ ဖုံးကွယ်နေသည်။ ငယ်ရွယ်စဉ်မှာပင် နာမည်ကြီးလာကာ ရွှမ်နူနန်းတော်၏အမျက်ဒေါသကို ဆွဲဆောင်နိုင်ခဲ့သော်လည်း၊ မမျှော်လင့်ဘဲ နန်းတော်၏တပည့်ဆယ်ဦးအနက် တစ်ဦးဖြစ်သည့် လင်းချီရှနှင့်ဆုံတွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့သည်။
နောက်ပိုင်းတွင် တိုက်ဆိုင်မှုအစီအစဉ်တစ်ခုမှတစ်ဆင့် ချင်းကျိုး၏အလှဆုံးအမျိုးသမီး နန်ကုန်းယွဲ့ရှီနှင့်လက်ထပ်ခဲ့ပြီး၊ နောက်ဆုံးတွင် ချင်းကျိုး၏ထိပ်တန်းသိုင်းပညာရှင်ကို အနိုင်ယူကာ အစွမ်းထက်သော ရွှမ်နူနန်းတော်၏ကြံစည်မှုကို တားဆီးနိုင်ခဲ့သည်။
ထို့နောက်တွင် သူ၏အစစ်အမှန်အထောက်အထားကို ဖော်ထုတ်ခံလိုက်ရပြီး မကြုံစဖူးအကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း ဆရာတစ်ဦး၏အကူအညီဖြင့် အကျပ်အတည်းကိုကျော်လွှားနိုင်ခဲ့ပြီး ချီလင်၏စွမ်းအားကိုပင်ရရှိကာ၊ လောက၏ထိပ်တန်းသိုင်းပညာရှင်များအနက် တစ်ဦးအဖြစ် လျင်မြန်စွာတက်လှမ်းနိုင်ခဲ့သည်။
သူသည် အဆင့်မြင့်တိုက်ပွဲတစ်ခုဖြစ်သော ခို့ရွှီးအပျက်အစီးများတိုက်ပွဲတွင် ပါဝင်လာခဲ့သော်လည်း ချီလင်အရိုးကိုရရှိနိုင်ခဲ့ပြီး၊ သူ၏ကျင့်ကြံမှုကို ပိုမိုမြင့်မားစေကာ လောကရှိထိပ်တန်းသိုင်းပညာရှင်များစာရင်းတွင် ပါဝင်လာခဲ့သည်။
ယဲ့ကျင့်လန်၏အတွေ့အကြုံများကို ကြည့်မည်ဆိုပါက သူသည် ထူးခြားသောကံကောင်းခြင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်သည်မှာ ထင်ရှားသည်။ သို့သော်လည်း ယဲ့ချန်နှင့်နှိုင်းယှဉ်ပါက ၎င်းမှာ အတော်လေးသာမန်ဖြစ်နေဆဲပင်ဖြစ်သည်။ ယဲ့ချန်၏အတွေ့အကြုံများကို ကံကောင်းခြင်းသက်သက် သို့မဟုတ် ထူးခြားသောကံကြမ္မာဟု ဖော်ပြ၍မရနိုင်ပေ။ ၎င်းမှာ ကံကောင်းခြင်းကိုယ်တိုင်ပင် ဖြစ်လေသည်။
"အခု ဒီစွမ်းအင်ကို ငါ ယူလိုက်ပြီဆိုတော့ သူက ချက်ချင်းပဲ အရမ်းကို ကံဆိုးသွားတာပဲ... ဒါက ကံကောင်းခြင်း ဟာ တကယ်ပဲ ရုပ်လုံးပေါ်လာနိုင်တယ်၊ ထူးခြားတဲ့ ကံကောင်းခြင်း တွေ ရှိတဲ့သူတွေကို ဖန်တီးနိုင်ပြီး ခေတ်တစ်ခုရဲ့ ဇာတ်လိုက်တွေကို ဖန်တီးနိုင်တယ်လို့ ဆိုလိုတာလား..."
သို့သော်လည်း ကူမော့အတွက် အနည်းငယ် နားလည်ရခက်နေသည်မှာ ယဲ့ကျင့်လန် ကဲ့သို့ ကံကောင်းသော သူတစ်ဦးအတွက်ပင်လျှင် သတ်မှတ်ထားသော နိယာမများ ၏ လွှမ်းမိုးမှုအောက်ရှိ ကံကောင်းခြင်း သည် ထိတွေ့ကိုင်တွယ်၍ မရနိုင်သလို ခန့်မှန်း၍လည်း မရနိုင်ပါချေ။
"ဒီကောင် မသေသေးဖို့ ငါ မျှော်လင့်ပါတယ်"
ကူမော့ စိတ်ထဲမှ တွေးလိုက်လေသည်။
...