အခန်း ၄၄၃
Vol. 35 Ch. 443
အပိုင်း (၄၄၃) ကောင်းကံ ဆိုးခံ ၂
ယဲ့ကျင့်လန် က မေးလိုက်သည်။
"ဒါဆို၊ ကံဆိုးတာရော ကံကောင်းတာရော ဖြစ်နေတဲ့ ယဲ့ချန် အခု ဘာဖြစ်သွားမလဲ..."
ကူမော့ ခေါင်းယမ်းလိုက်သည်။
"ငါလည်း မသိဘူး..."
...
ယဲ့ကျင့်လန် ၏ အိမ်တွင် ရေချိုးပြီး အဝတ်အစား လဲလှယ်ပြီးနောက်၊ ယဲ့ချန် သည် သခင်လေး တစ်ဦးအဖြစ် သူ၏ ယခင် ပုံရိပ်သို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားလေသည်။ သူ၏ မျက်နှာပေါ်တွင် အမာရွတ် အချို့ ကျန်ရှိနေသေးသော်လည်း၊ ၎င်းတို့မှာ ကူမော့၏ စစ်မှန်သော ချီစွမ်းအား အောက်တွင် လျင်မြန်စွာ ကျက်နေလေသည်။
ထို့နောက် သူသည် တံခါးအပြင်ဘက်သို့ သတိထားကာ လျှောက်သွားပြီး၊ ဆိုးရွားသည့် အရာများ မဖြစ်လာကြောင်း သေချာစေရန် အချိန်အနည်းငယ် စောင့်ဆိုင်းကာ လမ်းမပေါ်သို့ ထွက်သွားလေသည်။ ထိုနေရာတွင် အချိန်အနည်းငယ် ထပ်မံ စောင့်ဆိုင်းပြီးနောက် မည်သည့် ဆိုးရွားသည့် အရာမျှ မဖြစ်လာသဖြင့် သူ စိတ်အေးသွားကာ ပြည့်တန်ဆာအိမ် သို့ သွားခဲ့လေသည်။
သူ အံ့အားသင့်သွားသည်မှာ၊ ပြည့်တန်ဆာအိမ် မှာ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေလေသည်။
သို့သော်လည်း သူ သိပ်မတွေးတော့ဘဲ အတွင်းသို့ ဝင်သွားလေသည်။
သူ ဝင်သွားသည်နှင့် တစ်ပြိုင်နက်၊ ခန်းမဆောင် တစ်ခုလုံးရှိ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်ကို သူ တွေ့ရှိလိုက်ရလေသည်။ အမျိုးသားများ၏ မျက်လုံးများတွင် မနာလိုမှုများ၊ သဝန်တိုမှုများနှင့် အမုန်းတရားများ ဖော်ပြနေပြီး၊ သူတို့ထဲမှ အများအပြားမှာ နောင်တရကာ ညည်းတွားရင်း ရင်ဘတ်များကို ထုရိုက်နေကြလေသည်။
ယဲ့ချန် ဇဝေဇဝါဖြင့် ကြည့်နေစဉ်၊ အမျိုးသမီး တစ်ဦးက တင်ပါးကို လှုပ်ခါလျက် သူ့ထံ ချဉ်းကပ်လာပြီး ပြုံးရွှင်စွာဖြင့်
"ဂုဏ်ယူပါတယ် သခင်လေး ကျွန်မတို့ရဲ့ ပြည့်တန်ဆာမ၊ ကျောက်စိမ်း အပျိုတော် ဟာ လောင်းကြေး ရှုံးသွားလို့၊ အခု အနိုင်ရတဲ့သူရဲ့ တောင်းဆိုချက်အရ အတွင်းကို ဝင်လာတဲ့ ဆယ်ယောက်မြောက် လူကို သူတောင်းစား ပဲ ဖြစ်ဖြစ် မြင့်မြတ်တဲ့သူ ပဲ ဖြစ်ဖြစ်၊ ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ပြုစုရတော့မှာပါ... လောင်းကြေး စကတည်းက ရှင်က အတိအကျ ဆယ်ယောက်မြောက် လူပါပဲ"
သာမန်လူများအတွက်မူ ဤသို့သော အခွင့်အရေးမျိုးသည် အန္တရာယ်ကင်းသော လက်ဆောင်တစ်ခုထက် ဖုံးကွယ်ထားသည့် ထောင်ချောက်တစ်ခုဟု ချက်ချင်းပင် သံသယဝင်စရာဖြစ်၏။
အကြောင်းမူကား၊ လောကတွင် အလွန်အမင်းကောင်းမွန်လွန်းသော အခွင့်အရေးများနောက်ကွယ်၌ အန္တရာယ်များ ကပ်ပါလာတတ်သည်မှာ သဘာဝပင်။
သို့သော် ယဲ့ချန်ကား သာမန်လူသားတစ်ယောက် မဟုတ်ပေ။ သူ့အတွက်မူ ဤသို့သော မမျှော်လင့်ဘဲ ရောက်ရှိလာတတ်သည့် ကံကောင်းခြင်းများနှင့် လာဘ်လာဘများသည် ထူးဆန်းသည့်ကိစ္စမဟုတ်ဘဲ ပုံမှန်ဖြစ်စဉ်များသာ ဖြစ်နေခဲ့တော့သည်။
အမျိုးသမီးက က ဆက်လက် ရှင်းပြနေဆဲ ဖြစ်ပြီး
"သခင်လေး၊ စိတ်ချပါ၊ ကျွန်မတို့က စီးပွားရေး လုပ်ငန်း ဖွင့်ထားတာပါ၊ ကျွန်မတို့ ဘယ်တော့မှ..."
ယဲ့ချန် သည် လက်ကို ဝှေ့ယမ်းကာ သူမကို ဖြတ်ပြောလိုက်ပြီး
"ပြည့်တန်ဆာမ က ငါ့ရဲ့ ဧည့်သည် ဖြစ်ဖို့ ထိုက်တန်လောက်အောင် လှပမှု ရှိမရှိ အရင်ဆုံး သွားကြည့်ရအောင်"
အမျိုးသမီး... "..."
မကြာမီ၊
အမျိုးသမီး ၏ ဦးဆောင်မှုဖြင့် ယဲ့ချန် ကို အထဲသို့ ခေါ်ဆောင်သွားလေသည်။ အတွင်းဘက် ခြံဝင်းရှိ ခြံဝင်းငယ်လေး တစ်ခု။ အထဲသို့ ဝင်ဝင်ချင်းမှာပင်၊ အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး ဖြူဖွေးသော ကြောင်ကြီး တစ်ကောင်ကို ပွေ့ဖက်ထားသည့် အမျိုးသမီး တစ်ဦးကို သူ မြင်လိုက်ရလေသည်။
သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများမှာ အလွန် ဆွဲဆောင်မှု ရှိပြီး၊ တစ်လက်မမျှ ပိုနေခြင်း၊ လိုနေခြင်း မရှိဘဲ အတိအကျ ဖြစ်နေလေသည်။
အမျိုးသမီး က အလျင်အမြန် မိတ်ဆက်ပေးသည်။
"ဒါက ကျွန်မတို့ရဲ့ ပြည့်တန်ဆာမ၊ ယု သခင်မလေး ပါ..."
ထို့နောက် သူမက ယဲ့ချန် ကို ပြည့်တန်ဆာမ နှင့် မိတ်ဆက်ပေးလိုက်ပြီး
"ယုအာ... ဒါက ပြည့်တန်ဆာအိမ် ထဲကို ဝင်လာတဲ့ ဆယ်ယောက်မြောက် ဧည့်သည်ပါ၊ သူ့နာမည်က ယဲ့ တဲ့"
သခင်မလေး သည် ယဲ့ချန် ကို အကဲခတ်ကြည့်လိုက်ပြီးနောက်၊ ဖြည်းညင်းစွာ ဦးညွှတ်လိုက်ကာ
"သခင်လေး ယဲ့... ရှင့်ကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်... ကျွန်မက အမြဲတမ်း ဖျော်ဖြေရုံ သက်သက်ပဲ လုပ်ခဲ့တာပါ၊ ခန္ဓာကိုယ်ကို ဘယ်တော့မှ မရောင်းခဲ့ပါဘူး၊ ဒါပေမဲ့ဒီနေ့မှာတော့ အဆင့်မြင့် အရာရှိ တစ်ယောက်ရဲ့ သားဖြစ်တဲ့ သခင်လေး တစ်ယောက် လာပြီး ကျွန်မကို အိပ်ရာထဲမှာ ပြုစုဖို့ အတင်းအကြပ် တောင်းဆိုခဲ့ပါတယ်... ကျွန်မတို့ရဲ့ အဖွဲ့အစည်း က သူ့ကို မစော်ကားရဲပါဘူး..."
"ကျွန်မမှာ သူ့ကို ရင်ဆိုင်ရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပါဘူး၊ ပြီးတော့ နောက်ဆုံးမှာ ကျွန်မ လောင်းကြေးတစ်ခု လုပ်ဖို့ ဖိအားပေးခံခဲ့ရပါတယ်... တကယ်တော့ လောင်းကြေး ဟာ အဲဒီ သခင်လေး က ကျွန်မကို အတင်းအကျပ် လုပ်ဖို့ နည်းလမ်း တစ်ခု သက်သက်ပါပဲ...”
“ သူတို့က နှစ်ပေါင်းများစွာ ရေမချိုးရသေးတဲ့ ပြည်တွေ ဖုံးနေတဲ့ သူတောင်းစား တစ်ယောက်ကို ရှာတွေ့ခဲ့ပြီး၊ သူ့ကို ဆယ်ယောက်မြောက် ဧည့်သည် ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ထားတာပါ၊ အဲဒါက ကျွန်မကို အတင်းအကြပ်..."
"၊ ဒါပေမဲ့ မမျှော်လင့်ဘဲ အဲဒါက သခင်လေး ယဲ့ ကြောင့် ပျက်စီးသွားခဲ့ပါတယ်..."
ထိုသို့ ပြောပြီးနောက်၊ ယု သခင်မလေး သည် သက်ပြင်းချလိုက်ပြီး၊ သူမ၏ ရင်ဘတ်ထဲမှ ပိုက်ဆံအိတ် တစ်လုံးကို ထုတ်ယူကာ
"သခင်လေး ယဲ့... ကျေးဇူးပြုပြီး ထွက်သွားပါ... ကျွန်မလို ပြည့်တန်ဆာမ တစ်ယောက် အတွက် ရှင့်အသက်ကို အန္တရာယ် မပေးစေချင်ပါဘူး..."
စကားပြောနေရင်းပင်၊ သူမသည် ပိုက်ဆံအိတ်ကို ယဲ့ချန် ၏ လက်ထဲသို့ ထိုးထည့်လိုက်ပြီး ဆိုသည်။
"ရှင့်ကို တကယ်ပဲ အားနာပါတယ်... ဒါက ကျွန်မရဲ့ ကျေးဇူးတင်မှုကို ပြသတဲ့ အမှတ်တရလေး တစ်ခုပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ... ရှင် အခု ထွက်သွားမယ် ဆိုရင်၊ ကျွန်မ ကိုယ်တိုင် အဲဒီ သခင်လေး ဆီ သွားပြီး တောင်းပန်လိုက်ပါ့မယ်... ရှင့်အတွက် ဘာပြဿနာမှ မဖြစ်စေရပါဘူး..."
ယဲ့ချန်သည် အခြားသူများကို အလွန် လေးစားပြီး မည်သူ့ကိုမျှ အတင်းအကျပ် မလုပ်ခဲ့ပါချေ။
သူသည် ငွေများကို ယု သခင်မလေး ထံသို့ ပြန်ပေးလိုက်ပြီး
"မင်းက မင်းကိုယ်မင်း မရောင်းချင်ဘူး ဆိုရင်၊ ငါ အတင်းအကျပ် မလုပ်ပါဘူး... ဒါပေမဲ့၊ ငါ ရောက်နေပြီ ဖြစ်သလို၊ မင်းကလည်း လုံလောက်အောင် လှပတဲ့အတွက်၊ ဂီတ နဲ့ သောက်စရာ တွေအတွက် သက်သက်ပဲ ဖြစ်ဖြစ်၊ ဒီည အလှဆုံး ပြည့်တန်ဆာမ ရဲ့ ဧည့်သည် ဖြစ်ဖို့ ငါ ဆုံးဖြတ်ထားတယ်... ကောင်းကင်ဘုံ ရှင်ဘုရင် ကိုယ်တိုင်တောင် ငါ့ကို မတားနိုင်ဘူး"
ထိုအခိုက်အတန့်တွင်၊ ယု သခင်မလေး ၏ နှလုံးသားမှာ လှုပ်ရှားသွားတော့သည်။
မည်သို့ဖြစ်သွားသည်ကို သူမ မသိခဲ့သော်လည်း၊ သူမသည် အဆင့်မြင့် အရာရှိ များစွာနှင့် သူရဲကောင်း များစွာကို တွေ့ဖူးခဲ့ပြီး၊ အများအပြားမှာ ယဲ့ချန် ထက် ပိုမို ရုပ်ချောကာ အသွင်အပြင် ကောင်းမွန်သော်လည်း၊ မည်သူကမျှ သူမကို ဤကဲ့သို့သော ခံစားချက်မျိုး မပေးစွမ်းနိုင်ခဲ့ပါချေ။
၎င်းမှာ တွန်းအား တစ်ခု ပင် ဖြစ်လေသည်၊ တစ်ချက် ကြည့်လိုက်ရုံဖြင့် ငြိမ်းချမ်းပြီး တည်ငြိမ်သော ဘဝတစ်ခုကို ဖြတ်သန်းကာ သူ၏ ဇနီးနှင့် မိခင် တစ်ယောက် ဖြစ်ချင်စိတ်ကို ဖြစ်ပေါ်စေခဲ့လေသည်။
ယဲ့ချန် ကို ကြည့်ရင်း သူမ လုံးဝကို ဖမ်းစားခံလိုက်ရပြီး သူမ၏ မျက်လုံးများမှာ တောက်ပနေကာ နှလုံးသားမှာလည်း အရည်ပျော်သွားတော့သည်။
"သခင်လေး..."
ယု သခင်မလေး က တိုးညင်းစွာ ဆိုသည်။
"ရှင် ထွက်သွားသင့်တယ်... အဲဒီ သခင်လေး က လက်ရှိ တရားရေး ဝန်ကြီးဌာန ရဲ့ ဒုတိယ ဝန်ကြီး ရဲ့ သားပါ..."
ယဲ့ချန် က လက်ကို ဝှေ့ယမ်းလိုက်ပြီး
"သူ ဘယ်သူဖြစ်ဖြစ် ဘယ်သူ ဂရုစိုက်လို့လဲ... ငါက တရားရေး ဝန်ကြီးဌာန ရဲ့ ဒုတိယ ဝန်ကြီး ယဲ့ကျင့်လန် ရဲ့ အိမ်ကနေ အခုလေးတင် လာခဲ့တာလေ..."
သူမက အမျိုးသမီး ကို ပြောလိုက်သည်။
"သွားပြီး အဲဒီ သခင်လေး ကို ငါ့နာမည် ယဲ့ချန် လို့ သွားပြောလိုက်... သူ သဘောမတူဘူး ဆိုရင် ယဲ့ကျင့်လန် ရဲ့ အိမ်ကို သွားပြီး ငါ ဘယ်သူလဲ ဆိုတာ သွားမေးလို့ ရတယ်... ငါ သီချင်း နားထောင်နေတုန်း လာမနှောင့်ယှက်နဲ့"
ထိုသို့ ပြောပြီးနောက်၊ ယဲ့ချန် သည် အိမ်ထဲသို့ တည့်တည့် ဝင်သွားလေသည်။
ဤအချိန်တွင်၊ ယု သခင်မလေး သည် ယဲ့ချန် ၏ ကျောပြင်ကို ကြည့်ရင်း ပါးပြင်များ အနည်းငယ် နီမြန်းလာကာ အမျိုးသမီး ကို ပြောလိုက်သည်။
. "ရှင် အရင် သွားနှင့်ပါ... ကျွန်မ သခင်လေး ယဲ့ ကို ပြုစုလိုက်ပါ့မယ်..."
"သေချာ စဉ်းစားပြီးပြီလား.."
ယု သခင်မလေး ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ခုလို ညဘက် နေရာမျိုးမှာ၊ ကျွန်မ ဖောက်သည်တွေကို စောစောစီးစီး ဒါမှမဟုတ် နောက်ကျရင် ဧည့်ခံရမှာပဲလေ... သခင်လေး ယဲ့ လိုမျိုး ရုပ်ချောပြီး ခန့်ညားတဲ့ သူတစ်ယောက်ကို ပထမဆုံး အကြိမ် ပြုစုခွင့် ရတာက ကျွန်မရဲ့ ကံကောင်းခြင်း မဟုတ်ဘူးလား...”
“ ကျွန်မက သူ့ကို ပြဿနာ တွေ ဖြစ်စေမှာကို စိုးရိမ်နေတာပါ... သူက အဲဒီ သခင်လေး ကို မကြောက်ဘူး ဆိုမှတော့ အဲဒါ ပြီးပြည့်စုံတာပေါ့... ဒါ့အပြင် သူက အစကတည်းက ရုပ်ချောတယ်လေ"
"ကောင်းပြီလေ”
အမျိုးသမီး ထွက်သွားလေသည်။
ထို့နောက်၊
ယု သခင်မလေး သည် အိမ်ထဲသို့ ဝင်သွားပြီး သူမ၏ အနောက်တွင် တံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်လေသည်။ ဝိုင်အိုး တစ်အိုးကို သယ်ဆောင်လျက် သူမ၏ အပြင်ဝတ်ရုံနှင့် ဖိနပ်များကို ချွတ်ကာ ယဲ့ချန် ဆီသို့ လျှောက်သွားလေသည်။
သူတို့ နှစ်ဦးသည် အတူတကွ စတင် သောက်စားကြပြီး၊ ကဗျာ နှင့် သီချင်း များမှသည် ဘဝ ရည်မှန်းချက် များအထိ၊ ကြယ်များ နှင့် လမင်း တို့မှသည် ဘဝ ၏ စစ်မှန်သော အဓိပ္ပာယ် အထိ၊ နေအောက်ရှိ အရာအားလုံး အကြောင်းကို စကားပြောကြလေသည်။ သဘာဝကျကျပင် သူတို့၏ ခံစားချက်များမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့သည်။
"ငါ့ရဲ့ ကံကောင်းခြင်း တွေ ပြန်ရောက်လာပြီ “