← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း ၆၅

နှစ်သစ်ကူး ပထမရက်သည် တရုတ်လူမျိုးတိုင်းအတွက် ပျော်ရွှင်ဖွယ်ကောင်းသော နေ့တစ်နေ့ဖြစ်သည်။ အကြောင်းမှာ ဓလေ့ထုံးတမ်းအရ လူတိုင်းက မိဘများကို သွားရောက်ကန်တော့ရန် ဇာတိရွာသို့ ပြန်ကြရသောကြောင့် ဖြစ်သည်။

နောင်လာနောက်သားများ၏ စကားဖြင့် ပြောရလျှင် ပိုက်ဆံရှိရှိ မရှိရှိ နှစ်သစ်ကူးရန် အိမ်ပြန်ကြရမည် ဖြစ်သည်။ ထိုစကားတစ်ခွန်းက တရုတ်လူမျိုးတိုင်း၏ ရင်ထဲတွင် နှစ်သစ်ကူး၏ အရေးပါမှုကို ပြီးပြည့်စုံစွာ ဖော်ပြနေသည်။

ချင်ဟွိုင်ယွီနှင့် ချင်ကျင်းယွီတို့ နှစ်ဦးမှာ ခြံဝင်းအိမ်တွင် သေသည်အထိ အပြန်အလှန် မဆက်သွယ်ကြသော်လည်း သူတို့နှစ်ဦးစလုံးသည် ချင်ကျေးရွာမှ ထွက်လာသော ဝမ်းကွဲညီအစ်မများ ဖြစ်ကြောင်းကိုတော့ ပြောင်းလဲ၍ မရနိုင်ပေ။

ဝမ်းကွဲဆိုသည်မှာ သူတို့နှစ်ဦးတွင် အဘိုးတစ်ဦးတည်း ရှိပြီး နှစ်ဖက်ဖခင်များမှာလည်း ညီအစ်ကိုများ ဖြစ်ကြရာ ယခုနှစ် နှစ်သစ်ကူးချိန်တွင် ချန်မိသားစုနှင့် ကျားမိသားစုတို့က ချင်မိသားစုအိမ်၌ သေချာပေါက် ဆုံတွေ့ကြမည် ဖြစ်သည်။

ချန်ကောဟွားကို ထပ်ပြောရလျှင် ချင်ဟွိုင်ယွီတို့ မိသားစုကလည်း ဇာတိရွာသို့ ပြန်မည်ဟု ချင်ကျင်းယွီ ပြောလိုက်သည်ကို ကြားလိုက်သောအခါ ချန်ကောဟွား၏ ဦးနှောက်ထဲတွင် အတွေးသစ်များ အလိုအလျောက် ထွက်ပေါ်လာတော့သည်။

ဒါကလည်း နားလည်ရ လွယ်သည်။

သူတို့နှစ်ဦး လက်ထပ်ပြီး ပထမဆုံးနှစ်တွင် ချန်ကောဟွားလည်း ယောက္ခမအိမ်သို့ သွားခဲ့ဖူးသည်။ တခြားအရာများ မပြောလျှင်ပင် သူ မအောင်မြင်သေးခင်က ယောက္ခမနှစ်ဦးစလုံးက သူ့အပေါ် အမှန်တကယ် ကောင်းမွန်ခဲ့ကြသည်။ အရသာရှိသော စားစရာ၊ သောက်စရာများဖြင့် ဧည့်ခံခဲ့သည်။ ယောက္ခမအိမ်မှ အပြန်တွင်ပင် လက်နှစ်ဖက်အပြည့် ပစ္စည်းများ သယ်လာခဲ့ရ၏။

ပြောင်းဖူးမုန့်၊ တောကြက်ဥ၊ တောဟင်းသီးဟင်းရွက်၊ တောသစ်သီး စသည်တို့ဖြစ်ပြီး အနှစ်ချုပ်အားဖြင့် အိမ်တွင်ရှိသော ပစ္စည်းများဆိုလျှင် သူ့ကို တတ်နိုင်သမျှ သယ်သွားခိုင်းသည်။

မူလက အကျိုးသင့်အကြောင်းသင့် ပြောရလျှင် ချန်ကောဟွားသည် ဤမျှ ဂရုစိုက်တတ်သော ယောက္ခမများ ရှိနေသဖြင့် သဘာဝကျကျပင် ချင်မိသားစုအိမ်သို့ မကြာခဏ အဝင်အထွက် ရှိသင့်သည်။ သို့သော် ဤနှစ်များအတွင်း အဘယ်ကြောင့် ရှောင်ရှားနေခဲ့သနည်း။

ချင်ကျင်းယွီကိုပင် အိမ်လွမ်းလျှင် တစ်ယောက်တည်း ပြန်သွားကြည့်ရန် ပြောခဲ့သေးသည်။ သို့သော် ချင်ကျင်းယွီက တစ်ခေါက်နှစ်ခေါက် ပြန်ပြီးနောက် ချင်မိသားစုအိမ်သို့ မပြန်ချင်တော့ပေ။ အကြောင်းမှာ အလွန်ရိုးရှင်းလှသည်။ ချင်ဟွိုင်ယွီတို့ မိသားစုက အလွန်အမင်း ရွံစရာကောင်းလွန်းသောကြောင့်ပင် ဖြစ်သည်။ ချန်ကောဟွားသည် ယခုတိုင် မှတ်မိနေဆဲပင်ဖြစ်သည်။

ချင်ကျင်းယွီ၏ မိသားစုနှင့် ချင်ဟွိုင်ယွီ၏ မိသားစုတို့က တစ်ရွာတည်းတွင် နေထိုင်ရုံသာမက မိသားစုနှစ်ခု၏ အိမ်များကလည်း မျက်နှာချင်းဆိုင် ဆောက်ထားကြသည်။ ကျေးလက်တွင် နှစ်သစ်ကူးခြင်းကလည်း မြို့ပေါ်လောက် အသေးစိတ် မကျပေ။

နှစ်သစ်ကူး ရက်အနည်းငယ်တွင် ဆွေမျိုးများထံ အလည်အပတ် သွားကြရပြီး အားလုံး အတူတကွ စားပွဲဝိုင်းကြီးများ ပြင်ဆင်ကာ စည်ကားပျော်ရွှင်စွာ နှစ်သစ်ကူးကြသည်။ အဒေါ်ကြီး၊ အဒေါ်လေး စသဖြင့် ဆွေမျိုးမိတ်ဆွေ အားလုံးက ဤနေရာသို့ လာရောက်ကြသည်။

ထိုစဉ်က ချင်ဟွိုင်ယွီနှင့် ကျားတုန်းရွှီတို့ လက်ထပ်ချိန်တွင် သူတို့ ကျားမိသားစု၏ အခြေအနေမှာ အလွန်ကောင်းမွန်သည်။ အနည်းဆုံးတော့ မိဘနှစ်ပါးစလုံး သေဆုံးသွားသော ချန်ကောဟွား၏ မိသားစုထက် များစွာ ပို၍ကောင်းမွန်သည်။

ထိုနှစ်က ရွာသို့ပြန်ချိန်တွင် ကျားတုန်းရွှီနှင့် ချင်ဟွိုင်ယွီတို့ အထုပ်ကြီးအထုပ်ငယ်များ သယ်ဆောင်သွားကြသည်။ ထိုပစ္စည်းများက သဘာဝကျကျပင် ချင်မိသားစု ဆွေမျိုးများအတွက် ယူဆောင်လာသော လက်ဆောင်များ ဖြစ်သည်။ ချင်ဟွိုင်ယွီ၏ ဆွေမျိုးများအပေါ် အထင်ကြီးစေရန်အတွက် သူတို့၏ ကလေးများကိုပင် အနီရောင်စာအိတ်များ ဝေငှခဲ့သေး၏။ အရေအတွက် မများသော်လည်း ချင်မိသားစုဝင် အတော်များများက ကျားမိသားစုအပေါ် ခံစားချက် ကောင်းသွားခဲ့ကြသည်။

ကျားတုန်းရွှီ ဤသို့ ပြုလုပ်ရသည့် အကြောင်းရင်းမှာလည်း အလွန်ရိုးရှင်းလှသည်။ သိသာထင်ရှားစွာပင် ချန်ကောဟွားကို မျက်နှာဖြတ်ရိုက်ခြင်းပင် ဖြစ်သည်။ ထိုစဉ်က သူသည် ဤနည်းလမ်းကို အသုံးပြု၍ ငွေကြေးကြွယ်ဝပြီး ရက်ရောသော ပုံစံမျိုး ဟန်ဆောင်ပြသချင်ခဲ့သည်။

ချင်ဟွိုင်ယွီကဲ့သို့ လှပသော အမျိုးသမီးမျိုးမှာ သူကဲ့သို့ စွမ်းဆောင်ရည်မြင့်မားသော အမျိုးသားနှင့်သာ ထိုက်တန်ကြောင်းကို ချန်ကောဟွားအား သွယ်ဝိုက်သောနည်းဖြင့် ပြောပြနေခြင်းလည်း ဖြစ်သည်။ ချန်ကောဟွားမှာမူ သူ၏ ပြိုင်ဘက်ဖြစ်ရန် အရည်အချင်းပင် မရှိပေ။ ရှုံးနိမ့်သူ တစ်ယောက်ဖြစ်ရန်သာ ထိုက်တန်သည်။

ထိုစဉ်က နှစ်သစ်ကူးချိန်တွင် ကိစ္စတစ်ခုလည်း ဖြစ်ပျက်ခဲ့သေး၏။ ၎င်းမှာ ချင်ကျင်းယွီက ချန်ကောဟွားကို မိဘများနှင့် တွေ့ဆုံရန် ခေါ်သွားပြီး မိဘနှစ်ပါးအနေဖြင့် ချန်ကောဟွား၏ ဆင်းရဲကျပ်တည်းသော မိသားစုအခြေအနေကို နားလည်ပေးနိုင်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

မိဘများကလည်း သဘာဝကျကျပင် သူမ၏ ဆန္ဒအတိုင်း လိုက်လျောခဲ့သည်။ ထို့ကြောင့် ထိုစဉ်က နှစ်သစ်ကူးချိန်တွင် ဇာတိရွာ၌ မင်္ဂလာပွဲ ကျင်းပကာ တိုက်ရိုက်ပင် လက်ထပ်ပေးလိုက်သည်။

ထိုစဉ်က ချင်ကျင်းယွီ လက်ထပ်ချိန်တွင် ကျားကျန်းရှီတို့ သားအမိနှင့် ချင်ဟွိုင်ယွီတို့က တမင်တကာ ပြဿနာရှာခဲ့ကြသည်။

နှစ်သစ်ကူးဖြစ်သဖြင့် မည်သို့ပင်ဖြစ်စေ အရသာရှိသော အစားအစာများ ချက်ပြုတ်ရမည်ဟု ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ စားပွဲဝိုင်းတွင် ငါးကင်၊ ကြက်ဥကြော်တို့ ပါဝင်ရုံသာမက အရက်ဖြူ တစ်ပုလင်းပင် မှာယူခဲ့ကြ၏။ ကျေးလက်တွင် ပစ္စည်းများ ရှားပါးလှသည်။

ချင်ကျင်းယွီ၏ မိဘများမှာလည်း ကြီးမားသော အရည်အချင်းရှိသူများ မဟုတ်ပေ။

စားသောက်ရန်အတွက်သာ လာရောက်ကြသော အချို့သော မိတ်ဆွေများနှင့် ဝေး‌ကွာ‌ေသာဆွေမျိုးများက သဘာဝကျကျပင် သူတို့၏ မျက်နှာကို မထောက်ထားတော့ဘဲ ချင်ဟွိုင်ယွီတို့၏ စားပွဲဝိုင်းသို့ တိုက်ရိုက်ပင် ပြေးကာ သွား‌ရောက်စား‌သောက်ကြတော့သည်။

ဤသည်က မူလက စားပွဲဝိုင်းနှစ်ဝိုင်း ပြင်ဆင်ထားသော နေရာတွင် လူ တဝက်သာ ကျန်ရစ်စေခဲ့သည်။

ထိုစဉ်က ချင်ကျင်းယွီ၏ မိဘများ၏ မျက်နှာများပင် ဖြူရော်သွားခဲ့သည်။ နှစ်သစ်ကူးဖြစ်နေခြင်းနှင့် မိမိတို့ သမီး၏ မင်္ဂလာနေ့ ဖြစ်နေခြင်းကို မထောက်ထားပါက ယောက္ခမက ကျားမိသားစုဝင်များထံ ပြေးသွားပြီး ရန်ဖြစ်ချင်စိတ်ပင် ပေါက်သွားခဲ့‌ေလာက်သည်။

သို့သော် ရန်မဖြစ်ခဲ့သော်လည်း ချင်ကျင်းယွီ၏ ဖခင်က အလွန်ဖြောင့်မတ်သော ကိစ္စတစ်ခုကို ပြုလုပ်ခဲ့‌သည်။ ၎င်းမှာ တံခါးမကြီးပေါ်တွင် မကောင်းဆိုးဝါးနှင်သော အဆောင်စာရွက် ကပ်လိုက်ခြင်းပင်ဖြစ်သည်။

နှစ်သစ်ကူးကြီးတွင် ဤအရာကို ကပ်လိုက်ရခြင်းမှာ ချင်ဟွိုင်ယွီတို့ မိသားစုနှင့် ကျားမိသားစုဝင်များ၏ ရှေ့တွင် ကပ်ခြင်းပင် ဖြစ်သည်။

အိမ်နီးချင်းများက သူ့ကို နှစ်သစ်ကူးမှာ ဘာလို့ ဒီလိုလုပ်ရတာလဲဟု မေးသောအခါ အဆောင်စာရွက် ကပ်ခြင်းမှာ မသန့်ရှင်းသော အရာများ မိမိတို့ အိမ်ထဲသို့ ဝင်လာခြင်းမှ ကာကွယ်ရန် ဖြစ်သည်ဟု သူက ဖြေခဲ့သည်။

ထိုအပြုအမူက ချင်ဟွိုင်ယွီတို့ အိမ်ထဲသို့ ဝင်သွားသော ဝေးကွာ‌ေသာဆွေမျိုးများကို ဒေါသထွက်လွန်းသဖြင့် တစ်ပိုင်း သေသွားစေနိုင်‌ေလာက်သည်။ သူတို့က ထပ်မံ၍ ရန်ဖြစ်ခဲ့ကြသေးသည်။ နောက်ဆုံးတွင် အပြန်အလှန် မဆက်သွယ်ကြတော့သည့် အခြေအနေအထိ ရောက်လုနီးပါးပင် ဖြစ်သည်။

သို့သော် ဤကာလက ကြာမြင့်စွာ မတည်မြဲခဲ့ပေ။ ကျားတုန်းရွှီသည် အလုပ်ခွင်ထိခိုက်မှုကြောင့် မသန်မစွမ်း ဖြစ်သွားသည်။

ဤသည်က ကျားမိသားစုထံမှ မည်သည့်အကျိုးအမြတ်မျှ မရနိုင်တော့သော ဆွေမျိုးများအား ချင်ဟွိုင်ယွီတို့ မိသားစုကို ပေါင်းသင်းရန် ကြီးကြီးမားမား လိုအပ်ချက် မရှိတော့ဟု ယူဆစေခဲ့ပြီး ချင်ကျင်းယွီတို့ မိသားစုနှင့် ပြန်လည် ဆက်သွယ်လာခဲ့ကြသည်။

ဤအခြေအနေကို ရင်ဆိုင်ရချိန်တွင် ချင်ကျင်းယွီ၏ ဖခင်က အေးစက်စက် အမူအရာပြခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ ကျေးလက်တွင် ခေါင်းငုံ့လည်း မြင်ရ ခေါင်းမော့လည်း မြင်ရပြီး မိသားစုဝင်များ ပိုမိုစည်းလုံးလေ ပိုမိုကောင်းမွန်စွာ နေထိုင်ရလေ ဖြစ်သည်။ ထို့ကြောင့် သူလည်း ဤဆွေမျိုးများနှင့် ပြန်လည်သင့်မြတ်ခဲ့သည်။ထိုအထဲတွင် ချင်ဟွိုင်ယွီ၏ ဖခင် ချင်ထျဲ့ကျူးလည်း ပါဝင်သည်။

တစ်ချိန်တည်းတွင်ပင် သူက ချန်ကောဟွားကိုလည်း လေးနက်စွာ အကြံဉာဏ်ပေးခဲ့သေးသည်။ ချန်ကောဟွားကို ကြိုးစားရန်နှင့် အလွယ်တကူ လက်မလျှော့ရန် မျှော်လင့်ကြောင်းပင်ဖြစ်သည်။

သူ ဤသို့ ပြုလုပ်ရခြင်းမှာ သားမက်ဖြစ်သူက ကြီးမားသော အောင်မြင်မှုများ ရရှိလာရန် မမျှော်လင့်သကဲ့သို့ သူတို့၏အိုစာမင်းစာကို ကျွေးမွေး‌ေစရန်လည်း မဟုတ်ချေ။ မိမိ၏ သမီးဖြစ်သူ လူရွေးမမှားရန်သာ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

ဤစကားများကို ချန်ကောဟွားက ရင်ထဲတွင် မှတ်သားထားသည်။ မိဘနှစ်ပါးစလုံး သေဆုံးသွားသော အခြေအနေတွင် ချင်ကျင်းယွီ၏ လယ်သမားဖခင်က ဤမျှ ကြင်နာတတ်သော စကားများကို ပြောဆိုနိုင်ခြင်းက သူ့ကို မိသားစုဝင်တစ်ဦးအဖြစ် အပြည့်အဝ သတ်မှတ်ထားခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ချင်ဟွိုင်ယွီလည်း မိဘအိမ်သို့ ပြန်မည်ဟု ချင်ကျင်းယွီ ပြောသောအခါ ယောက္ခမ၏ သူ့အပေါ် ကောင်းမွန်မှုများကို သတိရသွားသည်။

အရင်တုန်းကသာဆိုလျှင် ဤခေတ်ကာလသို့ ခုမှ ကူးပြောင်းလာချိန်တွင် မိမိ၌ ကျွမ်းကျင်မှုတစ်ခုမျှပင် မရှိခဲ့သလို အဆက်အသွယ် တစ်စုံတစ်ရာလည်း မရှိခဲ့‌လေရာ အဆင်မပြေခြင်းမှာ အလွန် အဓိပ္ပာယ်ရှိသည်။

သို့သော် ယခု မိမိတွင် စနစ်က နိုးထလာပြီး ပစ္စည်းကောင်းများစွာလည်း ရရှိထားရာ စားသောက်နေထိုင်ရေး အရာအားလုံး အပြည့်အစုံ ရှိနေပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် ယနေ့ ချင်မိသားစုအိမ်သို့ ပြန်၍ ယောက္ခမနှစ်ဦးအတွက် ဂုဏ်ယူဝင့်ကြွားနိုင်‌ေအာင် လုပ်ပေးရန် သူ ရည်ရွယ်ထားသည်။

ဤသို့ တွေး‌တောပြီးနောက် ဇနီးမောင်နှံ နှစ်ဦးစလုံးသည် တွေဝေမနေဘဲ ခရီးဆောင်အိတ်များကို စောစောစီးစီး သိမ်းဆည်းလိုက်ကြသည်။

တံခါးကို တွန်းဖွင့်၍ အိမ်ထဲမှ ထွက်မည်လုပ်သောအခါ ချင်ဟွိုင်ယွီသည် မိသားစုဝင် အားလုံးကို ခေါ်ဆောင်ကာ အိမ်ထဲမှ ထွက်လာသည်ကို တိုက်ဆိုင်စွာပင် မြင်တွေ့လိုက်ရသည်။

ကျားကျန်းရှီတို့ သားအမိ နှစ်ဦးပင်လျှင် ထွက်လာကြ၏။ မူလက ကျားကျန်းရှီတို့ သားအမိ နှစ်ဦးသည် ကျေးလက်သို့ သွားရန် ဆန္ဒမရှိကြပေ။ ယခင်က ကျေးလက်သို့ သွားရန် သဘောကျခဲ့ခြင်းမှာ သူတို့တွင် မြို့နေ အိမ်ထောင်စုစာရင်း ရှိနေပြီး ကျေးလက်ရှိလူများရှေ့တွင် ဟန်ရေးပြကာ ဝင့်ကြွားနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ကျားတုန်းရွှီ မသန်မစွမ်းဖြစ်သွားသည့် ကိစ္စကို ကျေးလက်မှ ဆင်းရဲသော ဆွေမျိုးများလည်း သိသွားကြပြီးနောက် အတင်းအဖျင်းများ ပြောဆိုလာကြကာ ကျားမိသားစု အဆင်မပြေကြောင်း စသဖြင့် ပြောဆိုလာကြသည်။ ထို့ကြောင့် ဤအခြေအနေအောက်တွင် ကျားကျန်းရှီနှင့် ကျားတုန်းရွှီတို့က ချင်ကျေးရွာသို့ လုံးဝ မသွားချင်ကြ‌ေတာ့ပေ။

သူတို့တွင် ရှားကျူးပေးထားသော ငွေငါးရာ ရှိသော်လည်း ဤငွေများက တစ်ဖက်တွင် အများအပြား သုံးစွဲထားပြီးဖြစ်သည်။ နောက်တစ်ဖက်တွင်မူ အသက်ကြီးလာသော် အိုစာမင်းစာရှိရန်အတွက် လုံခြုံမှု လိုအပ်သည်။ ထို့အပြင် ကလေးများလည်း မငယ်တော့သဖြင့် နောင်တွင် ကျောင်းထားရန် ငွေလိုမည် ဖြစ်သည်။ထို့ကြောင့် ကျားကျန်းရှီတို့ နှစ်ဦး ကျေးလက်သို့ သွားရန် သဘောတူလိုက်ခြင်းမှာ ပိုက်ဆံအနည်းငယ် ချွေတာနိုင်ရန်အတွက်သာ ဖြစ်သည်။

သူတို့သည် တွက်ချက်ထားပြီးသားပင် ဖြစ်သည်။ ကလေးအချို့ကို ပြားအနည်းငယ်တန် အနီရောင်စာအိတ်လေးများ ပေးလိုက်ရုံဖြင့် ကျေးလက်တွင် ဆယ်ရက်ကျော်ခန့် အလကား စားသောက်နေထိုင်နိုင်မည် ဖြစ်သည်။ ထို့အပြင် ဆင်းရဲသော ဆွေမျိုးများရှေ့တွင်လည်း မြို့ပေါ်သားတို့၏ မြင့်မားသော အနေအထားကို ပြသနိုင်သေးသည်။

ထပ်ပေါင်းဆိုရသော် ပန့်ကန့်ကလည်း ချင်ထျဲ့ကျူးမိသားစု၏ တစ်ဦးတည်းသော မြေးယောက်ျား ဖြစ်ပြီး ရှောင်တန်းနှင့် ဟွိုင်ဟွားတို့ကလည်း သူတို့နှင့် ရင်းနှီးသည်။

ဒီလိုကြည့်ရင် သူတို့က ကလေးတွေကို သေချာပေါက် နှိမ်ထားမှာ မဟုတ်ဘူး

ထို့ကြောင့် မည်သို့ပင် တွက်တွက် အရှုံးမရှိသည့် အမြတ်ချည်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ကျားမိသားစု ခြောက်ယောက်သည်လည်း အိမ်ထဲမှ ထွက်လာခဲ့ကြတော့သည်။

ထွက်လာသည်နှင့် ချင်ဟွိုင်ယွီက မသိစိတ်ကနေ ချန်ကောဟွား အိမ်ရှေ့က ၂၈ လက်မ စက်ဘီးကို ကြည့်လိုက်မိသည်။

သူတို့မိသားစု အကုန်လုံး အပြင်မထွက်ဖြစ်သည်မှာ ကြာပြီဖြစ်သည်။

ချင်ဟွိုင်ယွီသည် ပန့်ကန့်ကို ဆွဲပြီး ရှေ့ကနေ လျှောက်သွားသည်။ ဘေးဘက်တွင် ကျားကျန်းရှီက ကျားတုန်းရွှီကို တွန်းပြီး လိုက်လာသည်။ ရှောင်တန်းနဲ့ ဟွိုင်ဟွားတို့ နှစ်ယောက်ကတော့ အတူတူ လမ်းလျှောက်လာကြသည်။

လူခြောက်ယောက် အုပ်စုဖြစ်သည်။သူတို့ က ရွာကို သွားမည်ဆိုလျှင် ဘတ်စ်ကားစီးမှ ရမည်ဖြစ်ပြီး ခြံဝင်းအိမ်မှ ဘတ်စ်ကားမှတ်တိုင်သို့သွားလျှင် မီတာ ၅၀၀ခန့် လမ်းလျှောက်ရဦးမည် ဖြစ်သည်။

သူတို့ ခြောက်ယောက်ထဲတွင် ချင်ဟွိုင်ယွီ တစ်ယောက်တည်းကသာ ပြုစုရန် မလိုအပ်သူဖြစ်ပြီး ကျန်သည့် ငါးယောက်မှာမူ အခြေခံအားဖြင့် သက်ကြီးရွယ်အို၊ အားနည်းသူနှင့် မသန်မစွမ်းများသာ ဖြစ်သည်။ထို့ကြောင့် စက်ဘီးဖြင့် လိုက်ပို့ပေးမည့်သူ ရှိလျှင် သူမအတွက် သေချာပေါက် သက်သာသွား‌ပေလိမ့်မည်။

သို့သော် နှမြောစရာကောင်းသည်မှာ ခြံဝင်းထဲတွင် ထိုစက်ဘီးက မည်သူ့ဟာ ဖြစ်ဖြစ် အဆင်ပြေနိုင်သော်လည်း တိုက်ဆိုင်စွာပင် ချန်ကောဟွားဟာ ဖြစ်နေသည်။ ထိုအရာက သူမကို အနည်းငယ် စိတ်ပျက်သွားစေ၏။

ထိုအချိန်တွင် နောက်ဖေးခြံဝင်းက မျက်စိလျင်သည့် ဟယ်ယွီကျူးက ချင်ဟွိုင်ယွီရဲ့ အနေရခက်နေသည့် ပုံစံကို သတိထားမိသွားသည်။

ထို့နောက် သူက ပြေးထွက်လာပြီးနောက် ချင်ဟွိုင်ယွီကို နှုတ်ဆက်လိုက်သည်။

"အိုး…အစ်မချင် မိဘအိမ် ပြန်ပြီး နှစ်သစ်ကူးမလို့လား"

ဟယ်ယွီကျူးက ဟွိုင်ယွီလို့ ခေါ်မိတော့မလိုပင် ဖြစ်သွားကာ ကျားတုန်းရွှီက မျက်နှာ အတော်လေး ပျက်နေသည်ကို မြင်သောအခါတွင် အခေါ်အဝေါ် ပြောင်းလိုက်သည်။

ချင်ဟွိုင်ယွီက ဟယ်ယွီကျူး နှုတ်ဆက်သည်ကို မြင်‌သောအခါ ယဉ်ယဉ်ကျေးကျေးပင် ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ရှားကျူး"

ဟယ်ယွီကျူးက ထိုသို့ ကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။

နှစ်သစ်ကူးမှာ ဘယ်လိုပဲဖြစ်ဖြစ် နတ်သမီးလေး ရှေ့မှာ အစွမ်းပြရမယ်…ဟုပင်တွေးလိုက်သည်။

ထို့နောက် တံခါးဖွင့်ပြီး အခုလေးတင် ထွက်လာသည့် ချန်ကောဟွားကို ပြောလိုက်သည်။

"ချင်ကျင်းယွီ ဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ"

"မင်းလည်း ချင်မိသားစုအိမ် ပြန်ပြီး နှစ်သစ်ကူးမှာမလား၊မင်းယောက်ျားကို စက်ဘီးနဲ့ ချင်ဟွိုင်ယွီကို လိုက်ပို့ပေးခိုင်းလိုက်ပါလား"

"သူတို့ မိသားစု အကုန်လုံး သွားရတာ မလွယ်ပါဘူး"

အခန်း (၆၆)

ချင်ကျင်းယွီသည် ဟယ်ယွီကျူး၏စကားကို ကြားလိုက်ရ‌သောအခါ သားမွေးအင်္ကျီအသစ်ကို ဝတ်ဆင်ထားသော သူမ၏ စိတ်အခြေအနေမှာ ရုတ်တရက် အဆင်မပြေဖြစ်သွားတော့သည်။

ရှားကျူးက ဘာကိုဆိုလိုတာလဲ

သူကိုယ်တိုင်က မျက်နှာလိုမျက်နှာရ လုပ်ချင်နေခြင်းဖြစ်ပြီး ချင်ဟွိုင်ယွီကို ဖားယားချင်နေခြင်းဖြစ်သည်မှာ ရှင်းလင်းနေသည်။ သို့သော်လည်း ရီကျုံးဟိုင်ကဲ့သို့ပင် ပါးစပ်ဟလိုက်သည်နှင့် အခြားသူများကို အကူအညီတောင်းတော့သည်။ ထို့အပြင် ဟယ်ယွီကျူး၏စကားကလည်း အလွန်စိတ်ဝင်စားစရာကောင်းနေသည်။

အားလုံးက ချင်မိသားစုဝင်တွေဖြစ်တာကြောင့် အကူအညီပေးတာက သာမန်ကိစ္စပါဟု ဆိုလာသည်။ သို့သော် ဟယ်ယွီကျူးကလည်း မသိသည်မဟုတ်ပေ။ ချန်ကောဟွားက ချင်ဟွိုင်ယွီကို ကြည့်မရဆုံးဖြစ်သည်။

ဒါကို ဘယ်လို ဆွေမျိုးတော်စပ်မှုမျိုးကို အသုံးချပြီး သူမကို အကူအညီပေးဖို့ အတင်းအကျပ် ခိုင်းစေနေတာလဲ ရယ်စရာကောင်း မနေဘူးလား

ထို့အပြင် ချင်ဟွိုင်ယွီကဲ့သို့သော လူမျိုးကလည်း ဆွေမျိုးစာရင်းဝင်နေသေးသည်။

ထိုသို့ဆိုလျှင် ယခင်က နွေဦးပွဲတော်ကာလ သူမလက်ထပ်စဉ်က သူတို့မိသားစု၏ မာနတ‌ထောင်ထော‌င်နှင့် ကြွားလုံးထုတ်မှုများက မည်သည့်အရာကို ဆိုလိုနေပါသနည်း

ထိုစကားကို ကြားလိုက်ရသောအခါ ချင်ကျင်းယွီသည် မျက်မှောင်ကြုတ်သွားပြီး ရွံရှာမှုကိုသာ ခံစားလိုက်ရသည်။

သို့သော် သူမ စကားပြောရန် အချိန်ပင်မရလိုက်ပေ။ ဘေးနားရှိ ချန်ကောဟွားက ချင်ကျင်းယွီ၏လက်ကို ဆွဲကာ နှစ်သစ်ကူးကာလတွင် ကံဆိုးမှုများ မကူးစက်စေရန် ဤကဲ့သို့သော စက်ဆုပ်ဖွယ်ကောင်းသည့်လူများနှင့် အဆက်အဆံမလုပ်ရန် အချက်ပြလိုက်သည်။

ချင်ကျင်းယွီ စိတ်တည်ငြိမ်သွားပြီးနောက် ချန်ကောဟွားက ဟယ်ယွီကျူး၏ရှေ့တွင်ပင် စက်ဘီးကို အိမ်ထဲသို့ တွန်းသွင်းသွားကာ နောက်ဆုံးတွင် တံခါးကို သော့ခတ်လိုက်သည်။

ထိုလုပ်ရပ်များအားလုံးက အဓိပ္ပာယ်တစ်မျိုးတည်းကိုသာ ပြသနေ၏။ အိမ်ထဲတွင်ထား၍ သံချေးတက်သွားလျှင်တောင်မှ ခွေးကဲ့သို့သောကောင်ကို ငှားရမ်းအသုံးပြုခွင့်ပေးမည်မဟုတ်ပေ။

ထိုအရာက ဟယ်ယွီကျူးကို ဒေါသထွက်လုမတတ် ဖြစ်သွားစေသည်။ သို့သော် သူ ဒေါသပေါက်ကွဲတော့မည့် အချိန်တွင်ပင် ယန်ပုကွေ့အိမ်ရှိ ကလေးအချို့ ထွက်လာကြသည်။

သူတို့ကို မြင်သောအခါ ဟယ်ယွီကျူးက ကူညီလျှင် အဆုံးထိကူညီမည်ဟူသော အတွေးဖြင့် သူတို့ကို ထပ်ပြောလိုက်သည်။

"ယန်ကျဲ့ဖန်း၊ ယန်ကျဲ့ချန် မင်းတို့နှစ်ယောက် အားနေရင် အစ်မချင်တို့ကို ကူပြီး ပစ္စည်းတွေနဲ့ ကလေးတွေကို ကားဂိတ်အထိ ကူပို့ပေးလိုက်ကြ"

ယန်ညီအစ်ကိုနှစ်ယောက်က ထိုစကားကို ကြားလိုက်ရသောအခါ သူတို့၏စိတ်ထဲတွင် ဆဲရေးတိုင်းထွာလိုသော စကားများကို ပြောသင့်မပြောသင့်ပင် မသိတော့ချေ။ သို့သော် နှစ်သစ်ကူးကာလဖြစ်သဖြင့် ဆက်ဆံရေးကို အလွန်အမင်း တင်းမာအောင် လုပ်ရန်မလိုဟု တွေးမိကာ မလိုလားအပ်စွာဖြင့် ကျားမိသားစုကို ကူညီရန် လျှောက်သွားလိုက်ကြသည်။

ချင်ဟွိုင်ယွီက မြင်သောအခါ ပြုံးကာ ပြောလိုက်သည်။

"ရှားကျူး ဒီတစ်ခါတော့ တကယ်ပဲ ကျေးဇူးတင်ပါတယ်"

သူမ ပြောပြီးနောက် ယန်ညီအစ်ကိုနှစ်ယောက်မှာ ဒေါသထွက်သွားကြသည်။

ငါတို့နှစ်ယောက်က မင်းကို ပစ္စည်းတွေ သယ်ပေးပြီး ကလေးတွေကိုပါ ခေါ်ပေးနေတာကို မင်းက ဟယ်ယွီကျူးကိုပဲ ကျေးဇူးတင်နေတာလား…

ဒါက ရိုးသားတဲ့သူကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား

အမှန်အတိုင်းပြောရလျှင် သူတို့နှစ်ယောက်စလုံးက မျက်နှာလွှဲခဲပစ်လုပ်ကာ ဆက်မလုပ်ချင်တော့ပေ။ သို့သော် လူငယ်များ၏ မကောင်းသည့်အချက်တစ်ခုမှာ မျက်နှာပူတတ်ပြီး ငြင်းဆန်ရန် မသိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မပျော်မရွှင်ဖြင့်သာ ဒေါသကို မြိုသိပ်ထားလိုက်ရသည်။

တိုက်ဆိုင်စွာပင် ရွှီတမောင်းသည်လည်း သမ်းဝေရင်း အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးကို တွန်းဖွင့်ပြီးနောက် ချင်ဟွိုင်ယွီတို့ မိသားစုတစ်စုလုံးကို မြင်လိုက်ရသော်လည်း အစပိုင်းတွင် မည်သည့်စိတ်အားထက်သန်မှုမျှ မရှိပေ။

သို့သော် ချန်ကောဟွားတို့ဇနီးမောင်နှံက အိတ်တစ်လုံးကိုဆွဲကာ နှစ်သစ်ကူးရန် နယ်သို့ ပြန်မည့်ပုံစံကို မြင်လိုက်ရသောအခါ ကူညီရန် ချက်ချင်း ပြေးသွားလိုက်သည်။

ချန်ကောဟွားကို ဖားယားပြီးကတည်းက ခြံဝင်းထဲရှိ ဟယ်ယွီကျူးသည် သူ့ကို မနှိပ်စက်ရဲတော့ပေ။ ထို့ကြောင့် သူက ရိုးသားစွာဖြင့်ပင် ချန်ကောဟွား၏ တပည့်ဖြစ်ချင်နေသည်။

အနီးသို့ ရောက်သွားပြီးနောက် သူက မျက်နှာချိုသွေးကာ ပြောလိုက်သည်။

"အစ်ကိုဟွား အစ်ကိုနဲ့ မရီးက သပ်သပ်ရပ်ရပ် ဝတ်စားထားတာဆိုတော့ ဒီလိုအိတ်သယ်ရတဲ့ ကြမ်းတမ်းတဲ့အလုပ်ကို ကိုယ်တိုင်လုပ်ဖို့ မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါကလည်း မနက်စောစော အားနေတာဆိုတော့ အစ်ကိုတို့အိတ်တွေကို ကားဂိတ်အထိ ကူသယ်ပေးပါ့မယ်"

သူက ပြောပြီးနောက် ချန်ကောဟွားက အနည်းငယ်ကျေနပ်သွားကာ ခေါင်းညိတ်ပြလိုက်သည်။

ရွှီတမောင်းက အရိုးထဲစွဲနေအောင် ဆိုးယုတ်သူဖြစ်သော်လည်း အသေးအဖွဲကိစ္စများကို ဖြေရှင်းပေးမည့် လက်ပါးစေတစ်ယောက် အနားတွင်ရှိနေခြင်းက သူ့အတွက်လည်း အေးချမ်းမှုကို ဖြစ်စေသည်။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ပြီး စနစ်နယ်မြေထဲမှ ယုန်ဖြူကြီးနို့သကြားလုံးတစ်လုံးကို ထုတ်ယူကာ သူ့ကို ပေးလိုက်သည်။

"ရွှီတမောင်း နှစ်သစ်ကူးကာလမှာတောင် တခြားသူတွေကို ကူညီချင်စိတ်ရှိတဲ့အတွက် ဒီသကြားလုံးကို မင်းအတွက် ပေးလိုက်မယ်"

ရွှီတမောင်းက သကြားလုံးကို ယူလိုက်ပြီး သူ၏စိတ်ထဲတွင် တိုက်ရိုက်ပင် ပျော်ရွှင်သွားတော့သည်။

လူများစွာသည် ယုန်ဖြူကြီးနို့သကြားလုံးကို ဝယ်နိုင်သည့်ငွေရှိသော်လည်း ၎င်းနှင့်သက်ဆိုင်သည့် ကူပွန်များကို သာမန်မိသားစုများက ရရှိနိုင်မည်မဟုတ်သည်ကို သိထားရမည်ဖြစ်သည်။ ချန်ကောဟွားက သူ့ကို ယုန်ဖြူကြီးနို့သကြားလုံးပေးခြင်းက မြို့ပြလူတန်းစားတစ်ယောက်အဖြစ် သူ့ကိုယ်သူ ဟန်ဆောင်နိုင်ရန် အခွင့်အရေးရစေသည်။

သူက အစီအစဉ်ချထားပြီးဖြစ်သည်။ အကယ်၍ လုံရှောင်းအဲ့က နွေဦးပွဲတော်ကာလအတွင်း လူလာရှာပါက သူသည် ဤသကြားလုံးကို အသုံးပြုကာ သူမကို မြှူဆွယ်နိုင်ပေမည်။

ထိုသို့တွေးမိသောအခါ ရွှီတမောင်းသည် စိတ်လှုပ်ရှားလွန်း၍ ခုန်ပေါက်လုမတတ် ဖြစ်သွားသည်။

သို့သော် သူ မသိသည်မှာ လုံရှောင်းအဲ့က သူ့ကို တစ်ကြိမ်မြင်ဖူးပြီးနောက် ရွှီတမောင်းသည် ချန်ကောဟွားကို ပိုမိုပေါ်လွင်စေမည့် အရန်လူတစ်ယောက်အဖြစ်သာ သတ်မှတ်ခံထားရကြောင်းပင်ဖြစ်သည်။

ရွှီတမောင်း စိတ်လှုပ်ရှားနေစဉ်မှာပင် ယန်ညီအစ်ကိုနှစ်ယောက်က သူ အကျိုးအမြတ်ရသွားသည်ကို မြင်သောအခါ ချင်ဟွိုင်ယွီကို ဂရုမစိုက်တော့ဘဲ ချန်ကောဟွားရှိရာဘက်သို့ တိုက်ရိုက် ပြေးသွားကြသည်။

ချန်ကောဟွား၏ရှေ့သို့ ရောက်လာပြီးနောက် ယန်ကျဲ့ဖန်းက ပြောလိုက်သည်။

"အစ်ကိုကောဟွား ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်ကလည်း အားနေတာဆိုတော့ အစ်ကို့ကို ကူညီပေးပါ့မယ်"

ယန်ကျဲ့ချန်သည် ချန်ကောဟွား၏ မျက်နှာပေါ်တွင် အနည်းငယ်အံ့အားသင့်နေမှုကို သတိပြုမိပြီး ယခင်က ချန်မိသားစုကို မကူညီခဲ့ဖူးသောကြောင့် ယခုလို တုံ့ပြန်ခြင်းဖြစ်မည်ဟု ထင်လိုက်သည်။

ထို့ကြောင့် သူက အမြန် ဖြည့်စွက်ပြောလိုက်သည်။

"အစ်ကိုကောဟွား အရင်က ငါ့အဖေက နားမလည်လို့ အစ်ကို့ကို ဒေါသထွက်အောင် လုပ်ခဲ့တာပါ"

"ဒါပေမဲ့ ငါ ရဲရဲဝံ့ဝံ့ အာမခံနိုင်တာက ငါ့အဖေက ငါ့အဖေပါပဲ။ သူ နားမလည်တာက ငါတို့ နားမလည်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး"

"ဒီလိုနှစ်သစ်ကူးကာလမှာ ငါတို့ အိမ်နီးချင်းတွေက အပြန်အလှန် ကူညီသင့်တာပေါ့"

ထိုစကားကို ပြောပြီးနောက် ကျားကျန်းရှီ၏မျက်နှာပေါ်တွင် ရက်စက်ယုတ်မာသော အကြည့်များ ပေါ်လာသည်။

မိမိတို့အိမ်တွင် အိတ်ကြီးအိတ်ငယ်များအပြင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ရှိနေသော်လည်း ယန်မိသားစုမှ ထိုတိရစ္ဆာန်လေးနှစ်ကောင်က ချန်ကောဟွားကို သွားကူညီနေကြသည်။ ၎င်းက ငွေမြင်လျှင် မျက်စိကျယ်သွားခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူမက တိုးတိုးလေး ကျိန်ဆဲလိုက်၏။

"အချောင်လိုချင်တဲ့ တိရစ္ဆာန်လေးနှစ်ကောင် နင်တို့ယန်မိသားစုက တစ်သက်လုံး ဆင်းရဲမွဲတေနေတာ တန်ပါတယ်"

"ပြီးတော့ အဲဒီချန်ကောဟွားကလည်း ကူညီပေးမယ့်လူရှိနေတာပဲကို… တကယ်ပဲ ဘာတွေကြွားနေမှန်းကို မသိဘူး"

ကျားကျန်းရှီ၏စကားကို ချန်ကောဟွား မသိပေ။

ယန်ညီအစ်ကိုနှစ်ယောက်ကလည်း ဖားယားရန် ကြိုးစားနေသည်ကို မြင်သောအခါ သူ၏စိတ်ထဲတွင် အလွန်ပင် ကျေနပ်သွားသည်။ သို့သော် သူ့အတွက် အကူအညီအနည်းငယ်ပေးရုံဖြင့် အကျိုးအမြတ်လိုချင်သည့် ဖားယားသောပုံစံမျိုးကို အကျင့်လုပ်ပေးလိုက်ပါက သူကိုယ်တိုင်က ကိုယ်ကျင့်တရားအရ အသုံးချခံရမည်ဖြစ်သည်။ထို့ကြောင့် ဤတစ်ကြိမ်တွင် သူက တိုက်ရိုက်ပင် ငြင်းဆန်လိုက်သည်။

"အဲဒီလောက် အလုပ်ရှုပ်ခံစရာ မလိုပါဘူး။ အချိန်ကျရင် ငါ့ကို ကူညီမယ့်လူ ရှိပါတယ်"

ပြောပြီးနောက် သူက လက်ကိုမြှောက်ကာ အချိန်ကို ကြည့်လိုက်ပြီး တစ်ခုခုကို စောင့်နေသည့်ပုံ ပေါက်နေသည်။

သို့သော် ချန်ကောဟွား၏ မရည်ရွယ်ဘဲ လက်မြှောက်လိုက်မှုက ယန်ညီအစ်ကိုနှစ်ယောက်ကို သစ်သားကြက်ရုပ်ကဲ့သို့ မှင်တက်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နာရီတစ်လုံးကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

၎င်းက ရှန့်ဟိုင်းတံဆိပ် လက်ပတ်နာရီဖြစ်နေသည်။ ဆင်းရဲသူများက ကားကို နှစ်သက်ပြီး ချမ်းသာသူများက နာရီကို နှစ်သက်သည်ဆိုခြင်းမှာ လိမ်ညာပြောဆိုနေခြင်း မဟုတ်သည်ကို သိထားရ‌ေပမည်။

ထို့အပြင် ရှန့်ဟိုင်းတံဆိပ် လက်ပတ်နာရီသည် နှောင်းခေတ်များရှိ ရောလက်စ် နာရီများထက် မနိမ့်ကျပေ။ အောင်မြင်သော အမျိုးသားတစ်ဦး၏ အခြေခံစံနှုန်းဟု အပြည့်အဝ ဆိုနိုင်သည်။

ထို့ကြောင့် ညီအစ်ကိုနှစ်ယောက်သည် ချန်ကောဟွားထံမှ အကျိုးအမြတ်မရခဲ့သော်လည်း နှစ်ယောက်စလုံးက အလွန်အမင်း အားကျနေသည့် အကြည့်များကို ဖော်ပြနေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး၏ ငွေကြေးအင်အားအရ နာရီထည့်သည့်အိတ်ကိုပင် ဝယ်နိုင်မည်မဟုတ်ပေ။

အောင်မြင်သူတစ်ဦး၏ အမူအကျင့်ဖြစ်သော ချန်ကောဟွားနှင့် နှိုင်းယှဉ်လိုက်ပါက မိုးနှင့်မြေကဲ့သို့ပင် ကွာခြားလှသည်။

ချန်ကောဟွားသည် နာရီကို ကြည့်ပြီးနောက် သူတစ်ယောက်တည်း စကားပြောလိုက်သည်။

"တကယ် ထူးဆန်းတာပဲ ကားက ဘာလို့ မလာသေးတာလဲ"

ထိုစကား ဆုံးသွားသည်နှင့် ကျားကျန်းရှီ၏ နားထဲသို့ ရောက်သွားသည်။ စောစောက ယန်ညီအစ်ကိုနှစ်ယောက် ထွက်သွားကတည်းက သူမသည် ချန်ကောဟွားကို အလွန်ပင် မကျေမနပ်ဖြစ်နေသည်။

ချက်ချင်းပင် သူမက ရွဲ့စောင်းကာ လှောင်ပြောင်လိုက်သည်။

"တကယ် ဗဟုသုတမရှိတာပဲ"

"ကားဂိတ်က မီတာငါးရာအကွာမှာရှိတဲ့ မှတ်တိုင်မှာပဲ ရှိတာကို ဘယ်လိုလုပ်ပြီး နင့်အိမ်အထိ မောင်းလာနိုင်မှာလဲ"

"အခု တစ်ယောက်ယောက်ကများ ကားဂိတ်ကကားကို ကိုယ်ပိုင်ကားအနေနဲ့ သုံးဖို့ စိတ်ကူးယဉ်နေတာတော့ မဟုတ်ပါဘူးနော်"

လှောင်ပြောင်ခြင်းဖြစ်သော်လည်း ယန်ညီအစ်ကိုများအပါအဝင် အားလုံးက ကျားကျန်းရှီ ပြောသည်မှာ မှန်ကန်သည်ဟု ထင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ကားဂိတ်ရှိ ကားများသည် မှတ်တိုင်တွင်သာ ရပ်သောကြောင့်ဖြစ်သည်။ ၎င်းက အခြေခံဗဟုသုတတစ်ခုဖြစ်သည်။

သို့သော် ချန်ကောဟွားက ဘာကြောင့် မသိရသနည်း…

အားလုံး၏ စိတ်ထဲတွင် ထူးဆန်းနေချိန်မှာပင် ကားဟွန်းသံတစ်သံ ထွက်ပေါ်လာသည်။

ပွမ်…ပွမ်

ထို့နောက် ချက်ချင်းပင် ဘရိတ်အုပ်လိုက်ချိန်၌ တာယာနှင့် မြေကြီးပွတ်တိုက်မိရာမှ ထွက်ပေါ်လာသော စူးရှရှအသံများ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် အားလုံးကို တုန်လှုပ်သွားစေမည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့သည်။

အနက်ရောင်နှင့် ရွှေရောင် ရောစပ်ဆေးခြယ်ထားသော ခမ်းနားထည်ဝါသည့် ဇိမ်ခံကားတစ်စီးက ခြံဝင်းတံခါးဝတွင် အတိအကျ ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။

ထို့နောက် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ယာဉ်မောင်းတစ်ဦးဟု တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သော အမျိုးသားတစ်ဦးသည် ကားပေါ်မှ ဖြည်းညင်းစွာ ဆင်းလာသည်။ သူ ဆင်းလာပြီးနောက် သဘာဝကျစွာပင် ခြံဝင်းကြီးထဲသို့ ဝင်လာကာ မေးမြန်းလိုက်သည်။

"တစ်ဆိတ်လောက် ခေါင်းဆောင်ချန် ဘယ်မှာရှိလဲဆိုတာ သိတဲ့သူများ ရှိပါသလား"

ပြောပြီးနောက် ခြံဝင်းတစ်ခုလုံးသည် သေလုအောင် တိတ်ဆိတ်သွားသည်။ ထူးဆန်းလောက်အောင် တိတ်ဆိတ်သွားသည်ဟုဆိုလျှင်ပင် လွန်မည်မဟုတ်ပေ။

ခြံဝင်းတစ်ခုလုံးတွင် လျိုမျိုးရိုး၊ ဝမ်မျိုးရိုး စသည့် မျိုးရိုးနာမည်များစွာ ရှိသည်။ သို့သော် ချန်မျိုးရိုးရှိသူက တစ်ယောက်တည်းသာ ရှိသည်။ ၎င်းမှာ ချန်ကောဟွားပင်ဖြစ်သည်။

ထို့အပြင် တစ်ဖက်လူ၏ ပါးစပ်မှပြောသော ခေါင်းဆောင်ချန်ဆိုသည်က ချန်ကောဟွားကို ရည်ညွှန်းနေခြင်းများ ဖြစ်နိုင်လောက်သည်။

ထိုသို့တွေးမိသောအခါ အားလုံးသည် အသက်ကိုပင် ပြင်းပြင်းမရှူရဲဘဲ ချန်ကောဟွားရှိရာဘက်သို့ ကြောင်တောင်တောင်ဖြင့် ကြည့်နေကြတော့သည်။

All Chapters