← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း ၈၅

အလုပ်ဆင်းချိန် ခေါင်းလောင်းသံ မြည်လာသည်နှင့်အတူ ချန်ကောဟွားသည် အလုပ်သမားတစ်စု၏ ခြံရံမှုဖြင့် အလုပ်ဆင်းလာသည်။

အားလုံး၏ မျက်နှာပေါ်ရှိ မျက်နှာလိုမျက်နှာရ အပြုံးများနှင့် နောင်တွင် များများ စောင့်ရှောက်ပေးရန် ပြောဆိုလာသော စကားများကို ရင်ဆိုင်ရချိန်တွင် ချန်ကောဟွားကလည်း ရိုးရှင်းစွာ ပြုံးပြရုံမျှဖြင့် အလုပ်သမားများ၏ စကားများကို တုံ့ပြန်လိုက်သည်။

မနက်ဖြန်တွင် တရားဝင် ဝယ်ယူရေးဌာနမှူး ဖြစ်လာတော့မည်ဖြစ်ရာ နေရာတော်တော်များများတွင် အားလုံး၏ ပူးပေါင်းပါဝင်မှု လိုအပ်မည် ဖြစ်သည်။ ထို့ကြောင့် လူမှုရေးအရ အနည်းငယ် ချန်လှပ်ထားခြင်းက နောင်တွင် အသုံးဝင်လာနိုင်သည်။ မည်သို့ပင်ဖြစ်စေ စက်ရုံဆိုသည်မှာ အိမ်ရာဝင်းထဲရှိ အောက်ခြေလွတ်နေသော တိရစ္ဆာန်များနှင့် မတူဘဲ အမြဲတမ်း တွက်ချက်ကာ အမြတ်ထုတ်ရန်သာ သိကြသည် မဟုတ်ပေ။

စက်ရုံအတွင်း လူချစ်လူခင် များပြားသောကြောင့် ရိုးရှင်းစွာ စက်ရုံအပြင်ဘက်သို့ ထွက်ခွာရန်ပင် အခြားသူများ၏ ဂုဏ်ပြုစကားများကို လက်ခံဖြေကြားရင်း ဆယ်မိနစ်ကျော် အချိန်ယူလိုက်ရသည်။ ဂုဏ်ပြုစကားများကို လက်ခံပြီးနောက် သူသည် စကားတစ်ခွန်းမျှ မပြောတော့ဘဲ အိမ်သို့ ချက်ချင်း ပြန်လာသည်။

အိမ်သို့ပြန်ရောက်ပြီးနောက် ချန်ကောဟွားသည် ထမင်းစားချိန်ရောက်မှသာ ရာထူးတိုးသည့် သတင်းကောင်းကို ချင်ကျင်းယွီအား ပြောပြရန် ရည်ရွယ်ထားသည်။ သို့သော် ယနေ့တွင် ချင်ကျင်းယွီမှာ နေထိုင်မကောင်း ဖြစ်နေသည်။ ထို့ကြောင့် ချန်ကောဟွားကပင် ထမင်းဟင်း ချက်ပြုတ်လိုက်သည်။

ကြက်ဥကြက်သွန်မိတ်ကြော်၊ ဝက်သားဟင်း ချက်ပြုတ်ပြီး ငါးကြင်းစွပ်ပြုတ်တစ်ခွက်လည်း ချက်လိုက်သည်။ ထမင်းဟင်းများ စားပွဲပေါ် ရောက်လာချိန်တွင် ချန်ကောဟွားက ချင်ကျင်းယွီကို ထမင်းစားရန် ခေါ်လိုက်သည်။

"မိန်းမ အရင်ဆုံး ကြက်ဥကြော် စားကြည့်၊ စားပြီးရင် ကိုယ် သတင်းကောင်းတစ်ခု ပြောပြစရာ ရှိတယ်"

ချန်ကောဟွားက ကြက်ဥတစ်ဖတ်ကို ညှပ်ကာ ချင်ကျင်းယွီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

ချင်ကျင်းယွီက တူကိုကိုင်ကာ စားရန် ပြင်လိုက်သော်လည်း ကြက်ဥအနံ့ကို ရလိုက်သည်နှင့် အန်ချင်စိတ် ဖြစ်ပေါ်လာသည်။ ထို့နောက် သူမက တူကို ချထားလိုက်ပြီး မနေနိုင်ဘဲ ပျို့အန်လာသည်။

"မိန်းမ ဘာဖြစ်လို့လဲ… နေမကောင်းလို့လား" ချန်ကောဟွားက ဂရုတစိုက် မေးမြန်းလိုက်သည်။

"ငါ ဘာမှမဖြစ်ပါဘူး… ခဏနေရင် သက်သာသွားမှာပါ"

ချင်ကျင်းယွီက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ ချန်ကောဟွားက ငြင်းပယ်ခွင့်မရှိသော လေသံဖြင့် ပြောလိုက်သည်။

"မရဘူး… ဆေးရုံသွားပြီး စစ်ဆေးကြည့်မှ ဖြစ်မယ်"

"ဘာမှမဖြစ်ပါဘူး…ဒီရက်ပိုင်း အမြဲတမ်း ဒီလိုပဲ ဖြစ်နေတာ"

သို့သော် ချင်ကျင်းယွီက မည်သို့ပင် ပြောဆိုနေပါစေ အဆုံးတွင်တော့ ချန်ကောဟွားကို မလွန်ဆန်နိုင်ခဲ့ပေ။ ချန်ကောဟွားက စက်ဘီးနင်းကာ ချင်ကျင်းယွီက နောက်တွင်ထိုင်လျက် သူ၏ ခါးကို ဖက်ထားပြီး ဆေးရုံဆီသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။

ပေကျင်းမြို့ ဆေးရုံ၊ သားဖွားမီးယပ်ဌာန…

"ဘာ…ဆရာပြောတာ ငါ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား"

ချင်ကျင်းယွီက မယုံကြည်နိုင်စွာဖြင့် ဆရာဝန်ကို ကြည့်ကာ မေးလိုက်သည်။

"ဟုတ်ပါတယ်… ဆေးစစ်ချက် အဖြေက မမှားနိုင်ပါဘူး"

ဆရာဝန်က အတည်ပြု ပြောဆိုလိုက်သည်။ ပြောရမည်ဆိုလျှင် ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့ လက်ထပ်သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ သို့သော် အစပိုင်းတွင် နေထိုင်မှု အခြေအနေ မကောင်းမွန်သဖြင့် ကလေးယူရန် မရည်ရွယ်ခဲ့ကြပေ။ ယခု ဤကာလအတွင်း သူတို့နှစ်ဦးလုံးက ကလေးလိုချင်နေကြသဖြင့် မည်သည့် သန္ဓေတားနည်းကိုမျှ အသုံးမပြုခဲ့ကြပေ။ လက်ရှိတွင် ချင်ကျင်းယွီ ကိုယ်ဝန်ရှိသွားခြင်းမှာလည်း သဘာဝကျသော အကျိုးဆက်တစ်ခုပင် ဖြစ်သည်။

ချန်ကောဟွားက ဆရာဝန်၏ စကားကို ကြားလိုက်ရပြီးနောက် ရင်ထဲတွင် အလွန်တရာ ဝမ်းသာသွားသည်။

မည်သို့ပင်ဖြစ်စေ သူသည် မကူး‌ပြောင်းခင်က လူပျိုကြီးတစ်ဦးဖြစ်ပြီး ရည်းစားပင် မထားဖူးခဲ့ချေ။ ယခု ဤကမ္ဘာသို့ ရောက်ရှိလာချိန်တွင် ဇနီးလည်း ရရှိခဲ့ပြီ၊ လုပ်ငန်းလည်း အောင်မြင်နေပြီ၊ ယခု ကလေးပါ ရရှိတော့မည် ဖြစ်သည်။

ကိုယ်ဝန်ဆောင်အားဆေး အချို့ ဝယ်ယူပြီးနောက် ချန်ကောဟွားက ချင်ကျင်းယွီကို ခေါ်ဆောင်ကာ ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်လာသည်။ အိမ်ပြန်ရောက်ပြီးနောက် ချန်ကောဟွားက မိမိ ရာထူးတိုးသည့် သတင်းကောင်းကိုလည်း ချင်ကျင်းယွီအား ပြောပြလိုက်သည်။

"ဘာ ဌာနမှူး"

"ယောကျ်ား နင် ငါ့ကို လိမ်နေတာ မဟုတ်ဘူးမလား၊ နင် အခု ခေါင်းဆောင် ဖြစ်သွားပြီလား"

ချင်ကျင်းယွီက ပါးစပ်ကို အုပ်ထားကာ ပျော်ရွှင်မှုများက ရုတ်တရက် ရောက်ရှိလာသကဲ့သို့ ခံစားနေရသည်။

"မင်းကို လိမ်ပြီး ဘာလုပ်ရမှာလဲ၊ စက်ရုံက ဒီနေ့ပဲ ကိုယ့်ကို ဝယ်ယူရေးဌာနမှူးအဖြစ် ကြေညာလိုက်တာ"

ချန်ကောဟွားက ပြုံးလျက် ပြောလိုက်သည်။ ချန်ကောဟွား၏ မျက်နှာအမူအရာမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်းကို မြင်တွေ့လိုက်ရမှသာ ချင်ကျင်းယွီက စိတ်လှုပ်ရှားသွားတော့သည်။

"ယောကျ်ား နင် လုပ်နိုင်မယ်ဆိုတာ ငါ ယုံကြည်ပြီးသားပါ"

ချင်ကျင်းယွီက ချန်ကောဟွားကို လက်နှစ်ဖက်ဖြင့် ဖက်ကာ ခေါင်းကို သူ၏ ပခုံးပေါ်တွင် တင်ထားရင်း အလွန် ပျော်ရွှင်နေသော ပုံစံလေး ဖြစ်နေသည်။ ထို့နောက် သူမက ပြောလိုက်သည်။

"ကောဟွား ဒါက မင်္ဂလာသတင်းနှစ်ခု တစ်ပြိုင်တည်း ရောက်လာတာပဲ၊ မရဘူး…ငါ အဖေနဲ့အမေဆီကို စာရေးပြီး ဒီသတင်းကောင်း နှစ်ခုကို ပြောပြရမယ်"

ပြောပြီးသည်နှင့် သူမက စိတ်လှုပ်ရှားစွာဖြင့် စာရွက်နှင့် ခဲတံကို ရှာဖွေလိုက်သည်။ သို့သော် ခဲတံကို ကိုင်လိုက်ချိန်မှသာ မိမိ စာမတတ်ကြောင်းကို သတိရသွားသဖြင့် ချန်ကောဟွားအား ကိုယ်စား ရေးခိုင်းလိုက်ရသည်။ ချန်ကောဟွားကလည်း သဘာဝကျစွာပင် လိုလိုလားလား ကူညီရေးသားပေးလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် စာရေးပြီးသွားချိန်တွင် အနီးနားရှိ စာတိုက်သို့ သွားရောက် ပို့ဆောင်လိုက်သည်။

ထို့နောက် သူသည်လည်း ယနေ့ကဲ့သို့သော နေ့ထူးနေ့မြတ်မျိုးတွင် အခြားသူများကိုပါ မင်္ဂလာယူစေသင့်သည်ဟု တွေးတောမိသည်။ ထို့ကြောင့် အိမ်ရာဝင်းထဲရှိ အိမ်နီးချင်းများအား မင်္ဂလာသကြားလုံးများ ဝေငှရန် ရည်ရွယ်လိုက်သည်။

"ဟင် မရီးက ကိုယ်ဝန်ရှိနေပြီလား… ဂုဏ်ပြုပါတယ်နော်"

ဟယ်ယွီရွှိန်က ပထမဆုံး ထွက်လာသူဖြစ်ပြီး အဖြူရောင်ယုန်ကြီး မင်္ဂလာသကြားလုံးများကို လက်ခံရယူပြီးနောက် အလွန် အံ့အားသင့်သွားကာ သတိပြန်ဝင်လာချိန်တွင် ချန်ကောဟွားတို့ ဇနီးမောင်နှံအတွက် ဝမ်းသာပေးလိုက်သည်။ အိမ်ရာဝင်းထဲရှိ အိမ်နီးချင်းအချို့ကလည်း သကြားလုံးများကို လက်ခံရရှိခဲ့ကြသည်။ သေချာသည်မှာ မိမိအား ရွံရှာဖွယ်ကောင်းအောင် ပြုလုပ်ခဲ့ဖူးသော တိရစ္ဆာန်များကိုမူ သူက ဝေငှပေးမည် မဟုတ်ပေ။

ရီကျုံးဟိုင်တို့ဇနီးမောင်နှံမှာ ထိုအမျိုးအစားတွင် ပါဝင်သည်။ချန်ကောဟွားက သူတို့ကို ဝေငှပေးလျှင်ပင် သူတို့က ယူကြမည်သာ အသေအချာပင် ဖြစ်သည်။

ယခုအချိန်တွင် သူတို့နှစ်ဦးက ဤသတင်းကို သိရှိသွားပြီးနောက် ရင်ထဲတွင် အလွန်တရာ နာကြည်းမှုများ ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဦးလေးကြီးကတော်၏ ခန္ဓာကိုယ် ကျန်းမာရေးက မကောင်းမွန်သဖြင့် ကိုယ်ဝန်မဆောင်နိုင်ခဲ့‌ပေ။ ရီကျုံးဟိုင်ကလည်း နောက်အသစ်တစ်ယောက် ထပ်မရှာခဲ့သဖြင့် လက်ရှိတွင် သူ့တွင် သားသမီး မရှိဖြစ်နေရသည်။

ဤခေတ်ကြီးတွင် သားသမီးမရှိခြင်းဆိုသည်မှာ မျိုးဆက်ပြတ်ခြင်းပင်ဖြစ်ပြီး နောင်တွင် ပြုစုစောင့်ရှောက်ရေးကိစ္စမှာ ပြဿနာကြီးတစ်ခု ဖြစ်လာပေမည်။ ထို့ကြောင့် ယခု ချင်ကျင်းယွီ ကိုယ်ဝန်ရှိနေပြီဟု ကြားလိုက်ရချိန်တွင် ဦးလေးကြီးကတော်၏ မျက်လုံးများထဲတွင် အားကျမှုများ ပြည့်နှက်သွားသည်။ အကယ်၍ ဦးလေးကြီးကတော်က အားကျနေခြင်းဆိုပါက ရီကျုံးဟိုင်ကမူ နောင်တရနေခြင်းပင် ဖြစ်သည်။

ယခု တဖက်သူတွင် မျိုးဆက် ရှိသွားပြီဖြစ်ပြီး နောင်တွင်လည်း အဆင့်ဆင့် တိုးတက်လာတော့မည် ဖြစ်သည်။

သို့သော် မိမိ ရွေးချယ်ထားသော ပြုစုစောင့်ရှောက်မည့်သူ ဟယ်ယွီကျူးကို ကြည့်လိုက်ပါက ယခု သူ မျိုးဆက်ရှိရန်ပင် မဆိုထားနှင့် အကျဉ်းထောင်ထဲတွင် ပညာပေးခံနေရဆဲ ဖြစ်သည်။ သူတို့နှစ်ဦး၏ကွာခြားချက်မှာ နည်းနည်းနောနောပင် မဟုတ်ပေ။

ရွှီတမောင်းသည်လည်း ထိုသတင်းကို သိရှိသွားပြီးနောက် ချန်ကောဟွားကို မနာလို ဖြစ်သွားသည်။ ချန်ကောဟွားတွင် ဇနီးလည်း ရှိသကဲ့သို့ ကလေးလည်း ရှိလာတော့မည် ဖြစ်သည်။ မိမိမှာမူ လူပျိုကြီးဖြစ်နေရုံသာမက လူတိုင်းက သူ့ကို ဥမဥနိုင်သော ကြက်ဖကြီးဟု ပြောဆိုနေကြသဖြင့် အောင်သွယ်များပင် သူ့အား စကားမစပ်လိုကြတော့ချေ။

လုပ်ငန်းခွင်တွင်လည်း ချန်ကောဟွားက ဌာနမှူး ဖြစ်နေပြီဖြစ်ပြီး မိမိမှာမူ အလုပ်သင်သာ ရှိသေးသည်။ ဤမျှ ကြီးမားလှသော ကွာဟချက်က သူ့ကို မည်သို့ မနာလို မဖြစ်စေဘဲ နေမည်နည်း။

လျိုဟိုင်ကျုံးမှာ ပို၍ပင် ဒေါသထွက်နေသည်။ သူက အိမ်ထဲတွင် သွားကြိတ်ကာ ဒေါသထွက်နေခြင်းမှာ ချင်ကျင်းယွီ ကိုယ်ဝန်ရှိသွားခြင်းကြောင့် မဟုတ်ဘဲ ချန်ကောဟွားက သူ၏ ဌာနမှူးနေရာကို လုယူသွားခြင်းကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချန်ကောဟွားက ဝယ်ယူရေးဌာနမှူး ဖြစ်လာခြင်းကြောင့် သဘောသဘာဝ လုံးဝ ကွာခြားသွားသောကြောင့် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ချန်ကောဟွားက သူ့အား အကောက်ကြံခြင်းမျိုး ပြုလုပ်လာမည်လား ဆိုသည်ကို မပြောနိုင်သောကြောင့် ဖြစ်သည်။ ဤအရာက သူ့ကို ခံရအခက်ဆုံး ဖြစ်စေ၏။

ထို့အပြင် နောင်တွင် စက်ရုံ၌ လူငယ်တစ်ယောက်၏ မျက်နှာကို ကြည့်ကာ စကားပြောရမည်ဖြစ်သဖြင့် လျိုဟိုင်ကျုံးမှာ ခေါင်းထူပူသွားသလို ခံစားနေရသည်။

ကျားမိသားစုမှ ကျားကျန်းရှီ၏ မျက်နှာမှာလည်း အလွန်တရာ ဆိုးရွားနေသည်။

"သေချင်တဲ့ ကောင်းကင်ကြီး တကယ် မျက်စိမပါဘူးပဲ"

"ချန်ကောဟွားလို လူမျိုးက ဘာလို့ မျိုးဆက် ရရတာလဲ"

"သူက မျိုးဆက်ပြတ်သွားသင့်တာ"

ကျားကျန်းရှီက ညည်းတွားနေသည်။ ချင်ဟွိုင်ယွီ၏ စိတ်အခြေအနေမှာလည်း အလွန် ဆိုးရွားနေသည်။ ချင်ကျင်းယွီက ချန်ကောဟွားနှင့် လက်ထပ်လိုက်ချိန်တွင် သူမက ချန်မိသားစုကို ရင်ထဲမှ အထင်သေးနေခဲ့သည်။ ယခု မိသားစုရော လုပ်ငန်းပါ အောင်မြင်နေကြပြီး ဘဝက သူမထက် ပိုမို မျှော်လင့်ချက် ရှိနေပြီ ဖြစ်သည်။

ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် ချက်ချင်းပင် မမျှတမှုများ ခံစားလာရသည်။

သူမ လူကဲခတ်မှားတာကို ဘာလို့ ချင်ကျင်းယွီလို တောသူမလေးက အခွင့်အရေး ရသွားတာလဲ

သူမ၏ ရင်ထဲတွင် အကြိမ်ကြိမ် မကျေမနပ် ဖြစ်နေမိသည်။ အဘယ်ကြောင့် ထိုစဉ်က မျက်စိကန်းပြီး ကျားမိသားစုကို ရွေးချယ်ခဲ့မိသနည်းဟု တွေးတောနေမိသည်။ အကယ်၍ ထိုစဉ်က ချန်ကောဟွားကို ရွေးချယ်ခဲ့ပါက မိမိသည် ယခု ခေါင်းဆောင်၏ဇနီး ဖြစ်နေလောက်ပေသည်။ သို့သော်လည်း အရာရာက ပြီးဆုံးသွားပြီဖြစ်ရာ သူမ၏ ရင်ထဲတွင် မည်သည့် နည်းလမ်းမျှ မရှိတော့ချေ။

အိမ်နီးချင်းအချို့ကို မင်္ဂလာသကြားလုံးများ ဝေငှပြီးနောက် ချန်ကောဟွားသည်လည်း အိမ်ပြန်ကာ ချင်ကျင်းယွီကို ပြုစုစောင့်ရှောက်ပေးနေသည်။ မည်သို့ပင်ဖြစ်စေ ချင်ကျင်းယွီမှာ ယခု ကိုယ်ဝန်ရှိနေပြီဖြစ်ရာ ပြင်းထန်သော အလုပ်များကို သဘာဝကျစွာပင် မလုပ်နိုင်တော့ချေ။ သူမ ရေချိုးရာတွင်ပင် ချန်ကောဟွားက ကူညီပေးရသည်။ အရာအားလုံးကို ပြုလုပ်ပြီးနောက် ချန်ကောဟွားက ချင်ကျင်းယွီကို ဖက်ကာ အနားယူလိုက်တော့သည်။

တစ်ညတာ တိတ်ဆိတ်စွာ ကုန်လွန်သွားပြီး နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိလာချိန်တွင် ချန်ကောဟွားသည် စောစီးစွာ ထကာ သူတို့နှစ်ဦးအတွက် မနက်စာကို ချက်ပြုတ်လိုက်သည်။ ထို့နောက် စက်ရုံသို့ သွားရောက် သတင်းပို့လိုက်၏။

အခြားတစ်ဖက်တွင်မူ စာပို့သမားက ညတွင်းချင်း ချင်ထျဲ့နျိုတို့ မိသားစုထံ စာပို့ပေးသည်။ မနက်ခင်းတွင် သမီးဖြစ်သူ ကိုယ်ဝန်ရှိကြောင်း သိရှိလိုက်ရသဖြင့် သူတို့နှစ်ဦးလည်း လိုက်ပါ ပျော်ရွှင်နေကြသည်။ သားမက်ဖြစ်သူက အလုပ်လုပ်ရမည်ဖြစ်သဖြင့် သမီးကို ပြုစုစောင့်ရှောက်ရန် အချိန်ရမည် မဟုတ်ဟု တွေးတောမိကြသည်။ ထို့ကြောင့် အိမ်ရာဝင်းသို့ သွားရောက်ကာ ချင်ကျင်းယွီကို ကြည့်ရှုရန် ပြင်ဆင်လိုက်ကြသည်။

ချန်ကောဟွားက ဤကိစ္စကို သဘာဝကျစွာပင် မသိရှိပေ။ လက်ရှိတွင် သူက ဝယ်ယူရေးဌာနသို့ ရောက်ရှိနေပြီး ဝယ်ယူရေးလက်မှတ်ကိုလည်း တရားဝင် ရရှိသွားပြီ ဖြစ်သည်။

ဤခေတ်ကြီးတွင် တရားဝင် ဝယ်ယူရေးဝန်ထမ်းများသာလျှင် နိုင်ငံတော်မှ ထုတ်ပေးသော ဝယ်ယူရေးလက်မှတ်ကို ကိုင်ဆောင်ခွင့် ရှိသည်။ အခြားသူများက ပြည်သူများထံမှ ပစ္စည်းများ ဝယ်ယူလိုပါက တရားမဝင် အရင်းရှင် အပြုအမူပင် ဖြစ်သည်။

ဝယ်ယူရေးလက်မှတ်ကို မြင်တွေ့လိုက်ရပြီးနောက် ချန်ကောဟွား၏ မျက်လုံးများ အရောင်လက်သွားကာ ချမ်းသာကြွယ်ဝလာနိုင်မည့် လမ်းကြောင်းတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။အခန်း (၈၆)

ဝယ်ယူရေးမှူး၏ တာဝန်မှာ သံမဏိစက်ရုံအတွက် ပစ္စည်းများ ဝယ်ယူပေးရန် ဖြစ်သည်။ ကုန်ကျစရိတ်နှင့် သုံးစွဲငွေများ အားလုံးကို သံမဏိစက်ရုံက တာဝန်ယူဖြေရှင်းပေးမည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော် သူကတော့ ကောင်းမွန်သည့် ပစ္စည်းများကို အကန့်အသတ်မရှိ စာရင်းသွင်း ရယူနိုင်စွမ်းရှိနေသည်။

အခြားအရာများကို မပြောလျှင်တောင် စနစ်၏ သိုလှောင်ရုံကိုသာ ကြည့်လိုက်လျှင် တစ်သက်လုံး စားသောက်နေထိုင်ရန် လုံးဝ ပူပန်စရာ မလိုတော့ပေ။ အကယ်၍ ဤပစ္စည်းများကို သံမဏိစက်ရုံသို့ ရောင်းချနိုင်ပါက အန္တရာယ်ကင်းစွာဖြင့် ငွေပေါ်လာမည်ဖြစ်သည်။

သံမဏိစက်ရုံတွင် လူဦးရေ သုံးထောင်ကျော် ရှိသဖြင့် သုံးစွဲရမည့် ပစ္စည်းပမာဏမှာ အလွန်များပြားကြောင်း သိထားရမည်ဖြစ်သည်။ သူ ကိုယ်တိုင် ပစ္စည်းများများ ဝယ်ယူနိုင်လေ သူ၏ ဝယ်ယူရေးလုပ်ငန်းအတွက် ကြီးမားသော အထောက်အကူဖြစ်‌ေလပင်ဖြစ်သည်။

ဤသို့ တွေးမိလိုက်သည့်အခါ ချန်ကောဟွားက ဝယ်ယူရေးမှူး လက်မှတ်ကို သေချာစွာ သိမ်းဆည်းလိုက်ပြီးနောက် ကောက်ရိုးဦးထုပ်တစ်လုံးကို ယူကာ စက်ဘီးစီးပြီး ကျေးလက်ဆင်ခြေဖုံး လမ်းပေါ်သို့ ထွက်လာသည်။ အိမ်တစ်အိမ်ပြီးတစ်အိမ် ကျွမ်းကျင်စွာ ဖြတ်သန်းသွားပြီးနောက် နောက်ဆုံးတွင် အနီရောင်ဆေးသုတ်ထားသော တံခါးကြီးတစ်ခုရှေ့သို့ ရောက်ရှိသွားသည်။

တံခါးကြီးကို အနီရောင်ဆေး သုတ်ထားသော်လည်း ယေဘုယျအားဖြင့် ကြည့်လျှင် ဆေးကွာကျနေပြီ ဖြစ်သည်။ သို့သော် တံခါးအပြင်ဘက်မှနေ၍ အထဲသို့ လှမ်းကြည့်လိုက်ပါက ခြံထဲတွင် ကြက်မွေးမြူထားသော တောင်သူတစ်ဦး၏ အိမ်ဖြစ်ကြောင်း သိသာထင်ရှားနေသည်။

ဒေါက် ဒေါက် ဒေါက်

ချန်ကောဟွားက တံခါးကို ခေါက်လိုက်သည်။

တံခါးခေါက်သံကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက အိမ်ထဲမှ ကမန်းကတန်း ထွက်လာပြီး တံခါးလာဖွင့်ပေးသည်။ ချန်ကောဟွားကို မြင်လိုက်ရသောအခါ သူမ မျက်နှာပေါ်တွင် သံသယအနည်းငယ် ဖြစ်ပေါ်သွားပြီး

"အယ် လူ‌ပြောင်းသွားတာလား၊ ဌာနမှူးဟွမ်က ဒီကိုလာပြီး ဝယ်တာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။

"အန်တီလီ ဝယ်ယူရေးမှူးဟွမ်က ကိစ္စလေးရှိလို့ အခု လူစားလဲလိုက်တာ၊ ငါက ချန်ကောဟွားပါ၊ ဒီနေ့ပဲ သူ့ရဲ့ရာထူးကို တရားဝင် လွှဲပြောင်းရယူလိုက်တာ၊ နောက်ဆိုရင် ငါကပဲ ဒီမှာ လာဝယ်တော့မယ်"

ချန်ကောဟွားက ပြုံးလျက်ပြောလိုက်သည်။

"ဒါနဲ့ ဒီအတောအတွင်း မလာဖြစ်တာဆိုတော့ အန်တီ့အိမ်မှာ ကြက်ဥ လေးဆယ့်သုံးလုံးလောက် ရှိလောက်ပြီမလား"

ချန်ကောဟွားက မျက်စိ‌ရှေ့ရှိ ကျေးလက်အမျိုးသမီးကို ကြည့်လိုက်သည်။

အန်တီလီက ရယ်မောကာ

"ဩော် ဌာနမှူးချန်ကိုး၊ မင်းက တကယ် တော်တာပဲ၊ ငါ့အိမ်မှာ လေးဆယ့်သုံးလုံး ရှိနေတာကို ချက်ချင်း တွက်နိုင်တယ်ပေါ့၊ လာ လာ လာ ငါ သွားယူပေးမယ်" ဟု ပြောလိုက်သည်။

ပြောပြီးသည်နှင့် အန်တီလီက ချန်ကောဟွားကို အိမ်ထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။ ထို့နောက် အိမ်ထဲမှ ဖြူဖွေးနေသော တောကြက်ဥ တစ်ခြင်းကို ယူလာသည်။ အပိုအလိုမရှိ အတိအကျ လေးဆယ့်သုံးလုံးပင် ဖြစ်သည်။

"ကြက်ဥ တစ်လုံးကို ရှစ်ပြားဆိုတော့ ဒီလေးဆယ့်သုံးလုံးအတွက် စုစုပေါင်း သုံးကျပ်နဲ့ လေးဆယ့်လေးပြားကျတယ်၊ မှန်ရဲ့လား ကြည့်ပါဦး"

ချန်ကောဟွားက ပြောရင်း အိတ်ကပ်ထဲမှ ငွေများကို ထုတ်ယူလိုက်သည်။ ဤငွေများကို စက်ရုံက ပြန်လည် ထုတ်ပေးမည်မှာ သေချာသည်။

အန်တီလီက လက်ကို ပွတ်သပ်ကာ ရယ်မောလျက်

"ငါက စာရင်းအင်း မတွက်တတ်ဘူး၊ ဘာပဲဖြစ်ဖြစ် မင်း ငါ့ကို မလိမ်ဘူးလို့ ငါယုံတယ်၊ ဒါပေမဲ့ ကြက်ဥလက်မှတ်ကို စားနပ်ရိက္ခာလက်မှတ်နဲ့ လဲပေးလို့ရမလား" ဟု ပြောလိုက်သည်။

"ရတာပေါ့"

ချန်ကောဟွားက ပြုံးလျက် စားနပ်ရိက္ခာလက်မှတ် တစ်ပိဿာခွဲစာကို ထုတ်ပေးလိုက်သည်။

စက်ရုံတိုင်းတွင် ဧည့်ခံကျွေးမွေးမှုများ ရှိစမြဲဖြစ်သော်လည်း နိုင်ငံတော်၏ ထောက်ပံ့ရေးပစ္စည်းများမှာ အကန့်အသတ်ရှိသည်။ အထူးသဖြင့် ဧည့်ခံရေးနှင့် သက်ဆိုင်သော ပစ္စည်းများဆိုလျှင် ဝယ်ယူရန် ပို၍ပင် ခက်ခဲလှသည်။

ထို့ကြောင့် စက်ရုံများသည် ကိုယ်ပိုင် ဝယ်ယူရေးစနစ်ကို တိုးချဲ့ရန် နည်းလမ်းရှာကြပြီး ကျေးလက်နေ ရွာသူရွာသားများထံမှ ပစ္စည်းအချို့ကို သီးသန့် ဝယ်ယူကြသည်။ ငွေကြေးအပြင် အသုံးမလိုသော ပစ္စည်းလက်မှတ်အချို့ဖြင့်လည်း ရွာသားများထံမှ ဝက်၊ သိုး၊ ကြက်၊ ဘဲ၊ ငါး စသည့် ပစ္စည်းများကို လဲလှယ်ယူကြသည်။

သက်ရှိသတ္တဝါများနှင့် ပတ်သက်၍မူ အခြေခံအားဖြင့် ရရှိရန် အလွန်ခက်ခဲသည်။ အထူးသဖြင့် ကြက်မကြီးများကို လူတိုင်းက ဥဥရန် ချန်ထားတတ်ကြသည်။ ကြက်ဥရှိရုံဖြင့် ငွေကြေးနှင့် စားနပ်ရိက္ခာလက်မှတ်များဖြင့် လဲလှယ်နိုင်သည်။ ဤအချက်ကပင် ကြက်ဥဈေးနှုန်းကို အခြားအရာများထက် ပို၍ ဈေးကြီးစေသည်။

မည်သို့ပင်ဖြစ်စေ ကျေးလက်ဒေသများတွင် ကြက်မွေးမြူခြင်းမှာ အခြေခံအားဖြင့် ကုန်ကျစရိတ် မရှိသလောက်ဖြစ်သော်လည်း နှစ်စဉ် ခွဲဝေရရှိသော ထောက်ပံ့ရေးပစ္စည်းများမှာ အလွန်ပင် အကန့်အသတ် ရှိနေသည်။ ထို့ကြောင့် အရှင်လတ်လတ်ကြက်များကို ရောင်းချခြင်းသည် ကြက်ဥရရန် ကြက်ကို သတ်လိုက်သည်နှင့် သိပ်မကွာခြားလှပေ။

ကြက်အရှင်ပင် ဤမျှ ခက်ခဲနေလျှင် ဝက်အရှင်၊ နွားအရှင် စသည်တို့ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

သို့သော် ပြဿနာမှာ သူ ကိုယ်တိုင် ဝယ်ယူရေးဌာနမှူးအဖြစ် စတင်တာဝန်ယူထားရခြင်းဖြစ်သည်။ ယနေ့ ပထမဆုံးအကြိမ် ဝယ်ယူရေးတာဝန်တွင် ကြက်ဥ အလုံးရှစ်ရာ ဝယ်ယူရမည့်အပြင် ကြက်အရှင် ဆယ်ကောင် ဝယ်ယူရန် ပါဝင်နေသည်။

ဤတာဝန်သည် ဝယ်ယူရေးဌာန တစ်ခုလုံး ပူးပေါင်းလုပ်ဆောင်ရမည့်အရာ ဖြစ်သော်လည်း ရာထူးအသစ် ရလာသူတစ်ယောက်အနေဖြင့် မည်သို့များ ကောင်းစွာ မလုပ်ချင်ဘဲ နေမည်နည်း။ မည်သို့ပင်ဆိုစေကာမူ ဌာနမှူးတစ်ယောက်အနေဖြင့် အများ၏ လေးစားမှုကိုရရှိရန် မိမိ၏ အရည်အချင်းကို အားကိုးရမည်သာဖြစ်သည်။

"အန်တီလီ အန်တီ့အိမ်က ကြက်ကို တစ်ကောင်လောက် ရောင်းပေးလို့ ရမလား"

ဖြစ်နိုင်ချေသိပ်မရှိမှန်း သိသော်လည်း ချန်ကောဟွားက မေးကြည့်လိုက်သည်။

"ကြက် မရောင်းဘူး"

အန်တီလီ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး လက်ကို ကမန်းကတန်း ခါရမ်းလျက်

"ငါ့ကြက်တွေ ဥဥဖို့ ချန်ထားရဦးမယ်၊ ဘယ်လိုလုပ် ရောင်းလို့ရမှာလဲ" ဟု ပြောလိုက်သည်။

"ကြက်မ မရောင်းရင် ကြက်ဖလည်း ရပါတယ်"

ချန်ကောဟွားအတွက်တော့ ကြက်မဖြစ်စေ၊ ကြက်ဖဖြစ်စေ အတူတူပင် ဖြစ်သည်။

"ကြက်ဖလည်း မရောင်းဘူး၊ ငါ့အိမ်မှာ ကြက်ဖ တစ်ကောင်ပဲ ကျန်တော့တာ၊ အဲဒါ ကြက်မတွေနဲ့ မျိုးစပ်ပေးရဦးမှာ၊ ပြီးတော့ ကြက်တွန်သံလည်း နားထောင်ရဦးမယ်"

ချန်ကောဟွားက ထိုပြဿနာကို ဖြေရှင်းပစ်ချင်နေဆဲ ဖြစ်သည်။

ထို့ကြောင့်

"ဒါဆို ဘယ်မှာ ရောင်းလဲဆိုတာ အန်တီ သိလား" ဟု ထပ်မေးလိုက်သည်။

ငွေလိုနေသည့် ရွာသားများလည်း အမြဲ ရှိတတ်စမြဲပင်ဖြစ်ပြီး ဝယ်ယူရေး တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ဟု ပြော၍ရနိုင်သည်။

ထိုစကားအဆုံးတွင် အန်တီလီက ဖြေကြားလာသည်။

"ရွာထိပ်က အဘိုးဝမ်က သူ့သားအတွက် မင်္ဂလာဆောင်စရိတ် စုနေတယ်လို့ ကြားတယ်၊ အဲဒီမှာ သွားစမ်းကြည့်ရင် အခွင့်အရေး ရနိုင်လောက်တယ်"

"ကောင်းပါပြီ"

ဆယ့်ငါးမိနစ်အကြာတွင် ချန်ကောဟွားက ပြားငါးဆယ် အသုံးပြု၍ အကောင်ပေါက်ကာစ ကြက်ကလေး ငါးကောင်ကို အောင်မြင်စွာ ဝယ်ယူနိုင်လိုက်သည်။ အကောင်ပေါက်ကာစ ကြက်ကလေးများသာ ဖြစ်သော်လည်း ချန်ကောဟွားကတော့ အလွန် ဝမ်းသာနေသည်။

မည်သို့ပင်ဖြစ်စေ ထိုကြက်ကလေးများကို မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ကျေးလက်နေရာလွတ်ကို အဆင့်မြှင့်တင်ရန် အတွေးများ ပေါ်‌လာသည်။ အဆင့်မြှင့်တင်ခြင်း အောင်မြင်သွားပါက စဉ်ဆက်မပြတ် မွေးမြူနိုင်တော့မည် ဖြစ်သည်။

နောင်တွင် သူ ကိုယ်တိုင် စားသောက်ရောင်းချ၍ မကုန်နိုင်လောက်အောင် အိမ်မွေးတိရစ္ဆာန်များ ရှိလာတော့မည်ဖြစ်သည်။ ထိုအခါ မည်သည့် ဝယ်ယူရေး တာဝန်မျိုးကိုမဆို စိုးရိမ်စရာ လိုတော့မည်မဟုတ်ပေ။

ဤကျေးရွာတွင် တစ်ပတ်ပတ်ပြီးနောက် ပစ္စည်းအချို့ကိုလည်း စုဆောင်းရရှိပြီးချိန်တွင် ချန်ကောဟွားသည် စက်ဘီးကို တွန်းလျက် ပြန်လာသည်။

လူသူကင်းမဲ့သော နေရာသို့ ရောက်သောအခါ ဂေဟစနစ် စိုက်ပျိုးမွေးမြူရေးခြံ အဆင့်မြှင့်တင်ရေး လက်မှတ်ကို အသုံးပြု၍ စနစ်၏ နေရာလွတ်ကို စိုက်ပျိုးမွေးမြူရေးခြံ နေရာလွတ်အဖြစ် အဆင့်မြှင့်တင်လိုက်သည်။

အဆင့်မြှင့်တင်ပြီးနောက် စနစ်ထဲတွင် ကမ္ဘာငယ်လေး တစ်ခု ဖြစ်ပေါ်လာသည်။ လယ်ကွင်းများသာမက ရေကန်များနှင့် သစ်တောများလည်း ရှိနေသည်။ သေချာသည်မှာ နေရာလွတ်က သိပ်မကြီးမားလှဘဲ ဘောလုံးကွင်း လေးကွင်းစာခန့်သာ အရွယ်အစားရှိသည်။

အချိန်အတန်ကြာ စူးစမ်းလေ့လာပြီးနောက် သူ ရရှိထားသော ကြက်ဥများနှင့် ကြက်ကလေး လေးကောင်လုံးကို အထဲသို့ ထည့်လိုက်သည်။ ထိုကြက်ကလေးများသည် အကောင်ပေါက်ကာစ ဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေးခြံ နေရာလွတ်ထဲသို့ ရောက်သွားသည်နှင့် ကိုယ်တိုင် ပိုးကောင်များ ဖမ်းယူစားသောက်လာကြသည်။

ထို့နောက် ကြက်ကလေးများ၏ ကိုယ်ပေါ်တွင် တိုးတက်မှုပြသည့် ဘား (ဂိမ်းထဲမှ ကာရိုက်တာများအတွက် ပါရှိသော ဘားတန်းနှင့်တူ)တစ်ခု ရှိနေသည်ကို မြင်တွေ့ရပြီး ၎င်းပေါ်တွင် မိနစ်သုံးဆယ်အတွင်း ကြီးထွားလာမည်။ မိနစ်သုံးဆယ်အတွင်း ဥဥမည်ဟု ဖော်ပြထားသည်။ အထဲသို့ ထည့်လိုက်သော ကြက်ဥများပေါ်တွင်လည်း သားဖောက်မည်လားဟု ဖော်ပြထားသည်။

ချန်ကောဟွားက သားဖောက်မည်ဟု နှိပ်လိုက်ပြီးနောက် ဆယ်စက္ကန့် အကြာတွင် ကြက်ဥများအားလုံး တစ်လုံးပြီးတစ်လုံး အောင်မြင်စွာ အကောင်ပေါက်လာသည်။ နာရီဝက်ပင် မကြာလိုက်ဘဲ မွေးကာစ ကြက်ကလေး အကောင်သုံးဆယ်ကျော် ပေါ်လာသည်။

ဤအတောအတွင်း စူးစမ်းလေ့လာမှုများမှတစ်ဆင့် ဆယ်စက္ကန့် အချိန်ယူရုံဖြင့် မွေးကာစ ကြက်ကလေးများကို ရရှိနိုင်ပြီး ဤကြက်ကလေးများ ကြီးထွားလာကာ ဥဥရန်အတွက် တစ်နာရီသာ အချိန်ယူရမည်ဖြစ်ကြောင်း ချန်ကောဟွား သိရှိသွားသည်။

ထိုအရာများကို သိရှိပြီးနောက် ချန်ကောဟွားမှာ အံ့ဩမှင်သက်သွားသည်။

တယ်ဟုတ်ပါလား

အချိန် ဘယ်လောက်မှတောင် မရှိသေးဘူးလေ၊ ကြက်‌ကလေး ရာချီပြီး ရှိနေပြီလား။

ဤအရှိန်အတိုင်းသာဆိုလျှင် ကြက်မှ ကြက်ဥ ဥပြီး၊ ကြက်ဥမှ ကြက်ပေါက်ခြင်းဖြင့် နောင်တွင် ကြက်ဥများ ပြတ်လပ်တော့မည် မဟုတ်ဟု တွေးမိလိုက်သည်။

နောင်တွင် စိုက်ပျိုးမွေးမြူရေးခြံနေရာလွတ်ထဲ၌ စားမကုန်နိုင်သော အသားစားကြက်များ ရှိလာတော့မည်ဟု တွေးတောရင်း ချန်ကောဟွားက ကြက်ကလေး တစ်သုတ် ထပ်မံ သားဖောက်ရန် ရည်ရွယ်လိုက်သည်။ ထို့ကြောင့် ယခင်က စာရင်းသွင်း၍ ရရှိထားသော ကြက်ဥအချို့ကို စိုက်ပျိုးမွေးမြူရေးခြံ နေရာလွတ်ထဲသို့ ထည့်လိုက်သည်။

မိနစ်အနည်းငယ် ကုန်လွန်သွားပြီးနောက် နေရာလွတ်ထဲတွင် အဆက်မပြတ် သားဖောက်လာရာ ကြက်ကလေး အကောင်တစ်ထောင်ခန့် ရှိလာပြီး ကျီကျီကျာကျာ အသံများဖြင့် အဆက်မပြတ် ဆူညံနေ၏။

တင်းတောင်

ကြက်ကလေး အရေအတွက်သည် စနစ်၏ အများဆုံး လက်ခံနိုင်သော ပမာဏသို့ ရောက်ရှိသွားသည်။ အကယ်၍ ကြက်ကလေးများကို ထပ်မံ သားဖောက်ပါက ပိုနေသော အရေအတွက်များကို ရှင်းလင်းပစ်မည် ဖြစ်‌‌ကြောင်း စနစ်၏ သတိပေးသံ ထွက်ပေါ်လာသည်။

၎င်းကို သိရှိသွားပြီးနောက် ချန်ကောဟွားမှာ သိပ်ပြီးစိတ်ပျက်မသွားပေ။ အကြောင်းမှာ နေရာလွတ် အကျယ်အဝန်းသည် အကန့်အသတ်မရှိ ဖြစ်မနေသောကြောင့် ကြက်အရေအတွက်တွင်လည်း ကန့်သတ်ချက် မရှိဘဲ နေမည်မဟုတ်ပေ။

သို့သော် လောလောဆယ်တွင် ကြက်ကလေး အကောင်တစ်ထောင် မွေးမြူနိုင်သည်ကိုပင် သူ ကိုယ်တိုင် အလွန် ကျေနပ်နေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စနစ်၏ သတိပေးချက်အရ စိုက်ပျိုးမွေးမြူရေးခြံ နေရာလွတ်ထဲတွင် ကြက်တစ်ကောင်သည် တစ်ရက်လျှင် ဥ ဆယ်လုံး ဥနိုင်သောကြောင့် ဖြစ်သည်။ ၎င်းကို တွက်ချက်ကြည့်လိုက်ပါက နေ့စဉ် ကြက်ဥ အလုံးတစ်သောင်းပင် ဖြစ်သည်။

ငွေကြေးအဖြစ် ပြောင်းလဲတွက်ချက်ကြည့်ပါက ကြက်ဥမှ ရရှိသော အမြတ်ငွေ သက်သက်ဖြင့်ပင် ရှစ်ရာကျပ်တိတိ ရှိနေပြီဖြစ်သည်။ ဝယ်ယူရေးတာဝန် ပြီးမြောက်မှုအတွက် စက်ရုံက သီးသန့်ပေးမည့် လစာတိုးခြင်း၊ ရာထူးတိုးခြင်းနှင့် ဆုကြေးငွေ အကျိုးခံစားခွင့်များကိုပင် ထည့်မတွက်ရသေးပေ။

ဤသည်မှာ ဝယ်ယူရေးအပိုင်းတွင် သူကိုယ်တိုင် အောင်မြင်မှု တစ်ရပ်ကို အလျင်အမြန် ဖန်တီးနိုင်မည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

ပိုက်ဆံရှိရင် ဘာဝယ်ရမလဲ၊ သေချာပေါက် လူစီးကား ဝယ်ရမှာပေါ့

မည်သို့ပင်ဆိုစေ သူကိုယ်တိုင်လည်း ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်ရာ အပြင်ထွက်ရာတွင် သွားလာရေးယာဉ်အရာတွင် နောက်ကျကျန်နေ၍မဖြစ်ပေ။

အထူးသဖြင့် နောင်တွင် ကလေးရလာပါက မိသားစုကို ခေါ်ဆောင်၍ ခရီးထွက်ရန်စသည်တို့အတွက် အများကြီး အဆင်ပြေသွားမည် ဖြစ်သည်။ထိုသို့ တွေးတောပြီး‌နောက်ချန်ကောဟွားက စက်ဘီးကို တွန်းလျက် ယနေ့အတွက် ဝယ်ယူရေးတာဝန်ကို ပြီးမြောက်သွားသည်။

မသိမသာဖြင့် အချိန်မှာ ခြောက်နာရီကျော်သွားပြီ ဖြစ်သည်။ ထိုအချိန်တွင် ထောက်ပံ့ရေးဌာနမှာလည်း အလုပ်ဆင်းသွားပြီ ဖြစ်သည်။ သို့သော် ကိစ္စမရှိပေ။ မနက်ဖြန်မှ တာဝန်သွားအပ်လည်း အတူတူပင်ဖြစ်သည်။

ချန်ကောဟွားက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တိတ်ဆိတ်၍ လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာကာ စနစ်ထဲမှ ကြက်ဥအချို့ကို ယူ၍ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်၊။ ထို့နောက် ထိုကြက်ဥများကို တင်လျက် အိမ်ရာဘက်သို့ တွန်းသွားသည်။

ကျေးလက် လမ်းငယ်လေးပေါ်တွင် နေဝင်ဆည်းဆာ၏ ရွှေရောင်အလင်းတန်းများက စစ်ကျိုမြို့၏ လမ်းသွယ်များအပေါ်သို့ ဖြာကျနေသည်။ လမ်းမပေါ်တွင် သွားလာနေကြသူများက ချန်ကောဟွား၏ စက်ဘီးပေါ်ရှိ ခြင်းတောင်းကြီးများထဲမှ ဖြူဖွေးနေသော ကြက်ဥများကို ကြည့်ကာ အားကျနေသော အကြည့်များ အသီးသီး ပေါ်လွင်နေကြသည်။

All Chapters