အခန်း ၁၉၉၆
Vol. 134 Ch. 1996
အခန်း (၁၉၉၆ )
ရန်စခံရခြင်း
လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ကောင်းကင် ခဏခန့် မှင်တက်သွားမိ၏။
လုချန်းက သူမ သူ့ကို နှစ်သက်သဘောကျရန် မလိုအပ်ဟု ဆိုခြင်းမှာ ဤလူယုတ်မာသည် သူမ၏ ခန္ဓာကိုယ်ကိုသာ မက်မောပြီး မည်သည့် စစ်မှန်သော ခံစားချက်မှ မရှိပဲ သူမကို ကစားစရာတစ်ခုလို သဘောထားနေခြင်း မဟုတ်ပါလား။
ဤအရာကို တွေးတောမိရင်း နတ်သခင် ကောင်းကင် စိတ်ထဲ ပို၍ပင် လက်ခံရန် ခက်ခဲသွားတော့သည်။
သူမ၏ အလှအပကို အသုံးပြုကာ လုချန်းကို မြှူဆွယ်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် ချည်နှောင်ရန် နတ်သခင် ယွမ်မုန့်က ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း လုချန်းတွင် သူမအပေါ် မည်သည့် ခံစားချက်မှ မရှိပဲ သူမ၏ ခန္ဓာကိုယ်သက်သက်ကိုသာ လိုချင်နေခြင်း ဖြစ်ပါက...
သူမအနေနှင့် စွန့်လွှတ်အနစ်နာခံကာ လုချန်းအား သူမ၏ ဖြူစင်မှုကို ပေးအပ်ခဲ့လျှင်ပင် သူသည် သူမအတွက်နှင့် လျှို့ဝှက်လဝန်း ကျောင်းတော်ကို စိတ်ပါလက်ပါ ကူညီမည် မဟုတ်ပေ။
သို့ဖြစ်ရာ သူမ၏ စွန့်လွှတ်မှု အလကား သက်သက်သာ ဖြစ်သွားပေလိမ့်မည်။
နတ်သခင် ကောင်းကင် စိတ်လွင့်နေသည်ကို တွေ့မြင်လျှင် လုချန်း သူမ၏ အနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားပြီး နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်၏။
“ကျုပ် ခင်ဗျားရဲ့ ခန္ဓာကိုယ်ကိုပဲ လိုချင်တာ... ခင်ဗျားရဲ့ နှလုံးသားကိုတော့ ကျုပ် နည်းနည်းမှ စိတ်မဝင်စားဘူး။”
လုချန်း ရုတ်တရက် နီးကပ်လာမှုကြောင့် နတ်သခင် ကောင်းကင် အနည်းငယ် ပျာယာခတ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ အမျိုးသားတစ်ယောက် သူမနှင့် အလွန်နီးကပ်စွာ ရှိနေဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့်ပင်။
သူမသည် အလိုလို တုံ့ပြန်မှုအရ လုချန်းနှင့် အလှမ်းဝေးရာသို့ ခွာလိုက်ချင်မိသည်။
အထူးသဖြင့် လုချန်း၏ နတ်ဆိုးသဖွယ် တိုးတိုးပြောသံကို ကြားပြီးနောက် နတ်သခင် ကောင်းကင်၏ နှလုံးသားသည် ဤရမ္မက်ကြီးသော အမျိုးသားကို ပို၍ပင် ငြင်းပယ်မိတော့သည်။
နတ်သခင် ကောင်းကင် သူမ၏ ရင်ထဲမှ ဒေါသတရားများကို ဖိနှိပ်ထားလိုက်၏။ သူမ ယခု ဘာလုပ်ရမည်မှန်း မသိတော့ပေ။
ဤရမ္မက်ဇောထန်လှသော လူအား သူမ၏ ခန္ဓာကိုယ်ကို တကယ်ပဲ ညစ်နွမ်းစေခွင့် ပြုရတော့မှာလား။
ထိုအခိုက်အတန့်တွင် လုချန်းက သူမ၏ နားနားနား ကပ်ပြောလိုက်ပြန်သည်။
“ခင်ဗျား ကျုပ်ရဲ့ လျှို့ဝှက်ချက်တွေကို မသိချင်ဘူးလား”
ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင် အနည်းငယ် တုန့်ဆိုင်းသွားမိ၏။
သူ့ရဲ့ လျှို့ဝှက်ချက်တွေလား။
သူမ အနည်းငယ် စိတ်ဝင်စားသွား တာတော့ အမှန်ပင် ဖြစ်၏။ လုချန်း၏ နတ်ဝိညာဉ်သည် အလွန် အစွမ်းထက်လှပြီး သူက နတ်ဧကရာဇ် ယူလန်အကြောင်းကိုပါ သိထားရာ သူ၏ ဇစ်မြစ်အမှန်ကို သူမ တကယ်ပင် သိလိုနေသည်။
သို့သော် လုချန်းက သူမကို တကယ် ပြောပြမှာလား။
နတ်သခင် ကောင်းကင်က အေးစက်စွာဖြင့်
“စိတ်မဝင်စားဘူး”
သူမအနေဖြင့် စိတ်ထဲတွင် ဂရုစိုက်မိနေသော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင် ထုတ်ပြော၍ မဖြစ်နိုင်ပေ။ အထူးသဖြင့် လုချန်းသည် သူမကို စနောက်ကျီစယ်နေခြင်းသာ ဖြစ်နိုင်ပြီး သူ့အကြောင်းများကို ပြောပြရန် ရည်ရွယ်ချက် ရှိလိမ့်မည်မဟုတ်ဟု တွေးမိသောကြောင့် ဖြစ်၏။
လုချန်းက
“ခင်ဗျား ကျုပ်ရဲ့ စုံတွဲ ဖြစ်လာတာနဲ့ ကျုပ်ရဲ့ လျှို့ဝှက်ချက် အတော်များများကို ခင်ဗျား သိလာလိမ့်မယ်။”
“တကယ်လို့ ခင်ဗျား စိတ်မဝင်စားဘူးဆိုရင်လည်း ထားလိုက်တော့လေ။”
လုချန်း ယခု အလျင်စလို မဖြစ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်သခင် ကောင်းကင်သည် အနှေးနှင့်အမြန် သူ၏ အမျိုးသမီး ဖြစ်လာတော့မည် ဖြစ်ရာ ကုတင်ပေါ်သို့ ခေါ်ဆောင်ရန် အသည်းအသန် ကြိုးစားနေစရာ မလိုတော့သောကြောင့်ပင်။
သူမ တွန့်ဆုတ် နေလျှင်လည်း နတ်သခင် ကောင်းကင်တစ်ယောက် သူ့ထံတွင် စိတ်ပါလက်ပါဖြင့် လာရောက်ကာ စုံတွဲကျင့်စဉ် အတူတူ ကျင့်ကြံစေရန် လုချန်း ရည်ရွယ်ထားခြင်းဖြစ်သည်။
ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင် အနည်းငယ် တုန့်ဆိုင်းသွား၏။ အကယ်၍ သူမအနေနှင့် လုချန်း၏ လျှို့ဝှက်ချက်များကို တကယ် သိနိုင်ပါက သူ့ကို လှည့်စားချုပ်ကိုင်နိုင်ပေလိမ့်မည်။
သို့သော် သူမသည် လုချန်း၏ စကားများကို အလွယ်တကူ ယုံကြည်ရလောက်အောင် မိုက်မဲသူတော့ မဟုတ်ပေ။
သူ့ရဲ့ စုံတွဲ ဖြစ်လာတာနဲ့ လျှို့ဝှက်ချက်တွေကို သိခွင့်ရမယ်တဲ့လား။
လုချန်းက သူမကို အဲ့ဒီလောက်အထိ ယုံကြည်ပါ့မလား။
ထိုအရာက မဖြစ်နိုင်သလောက်ပင်။
ထင်ရှားသည်မှာ လုချန်းသည် သူမကို တမင်တကာ မြှူဆွယ်ရန် ကြိုးစားနေခြင်းသာ ဖြစ်၏။
သို့သော် သူမ လုချန်းအနားသို့ မကပ်ပါကလည်း သူ၏ လျှို့ဝှက်ချက်များကို စုံစမ်းရန် ခက်ခဲပေလိမ့်မည်။ သို့ဖြစ်ရာ လုချန်းက သူမကို မြှူဆွယ်နေသည်ဖြစ်စေ ၊ ထိုသို့ မရည်ရွယ်သည် ဖြစ်စေ သူမအနေနှင့် လုချန်း၏ နောက်ခံကို ဖော်ထုတ်လိုပါက သူနှင့် ပိုနီးကပ်အောင် သွားရမည်သာ ဖြစ်သည်။
အစပိုင်းတွင် လုချန်းက သူမအပေါ် သတိထားနေမည် ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ သူ အမှား ပြုမိပေလိမ့်မည်။ ထိုအခါ တစ်နေ့နေ့တွင် သူမ လုချန်း၏ ဇစ်မြစ်ကို သိသွားနိုင်သည်။
သို့သော် ပြဿနာတစ်ခု ကတော့ ရှိနေ၏။ သူမ ဤလူယုတ်မာ၏ ဖျက်ဆီးခြင်းကို တကယ် မခံချင်ခြင်းပင်။
နှစ်သန်းပေါင်းများစွာ ရှင်သန်ခဲ့သည့် နတ်သခင်တစ်ယောက်အနေဖြင့် အပျိုစင်ဘဝကို အလွန် အလေးအနက်ထားလွန်းသူ မဟုတ်သော်လည်း သူမသည် နတ်သခင်တစ်ပါး ဖြစ်သလို မဟာအင်အားကြီးအုပ်စုတစ်ခု၏ တောင်ထိပ်သခင်လည်း ဖြစ်၏။
သို့ပါလျက် ယခု သူတစ်ပါး၏ ကစားစရာ ဖြစ်ရတော့မည် ဆိုပါက သူမတွင် မည်သည့် သိက္ခာ ကျန်ရှိတော့မည်နည်း။
သို့သော် သူမ လုချန်းကို ထိခွင့်မပြုပါကလည်း သူသည် လျှို့ဝှက်လဝန်း ကျောင်းတော်တွင် နေထိုင်မည် မဟုတ်ပဲ နတ်ဧကရာဇ် ယူလန်နှင့် ပတ်သက်သည့် အကြောင်းအရာများကိုပါ ထုတ်ဖော်ပစ်လိုက်နိုင်သည်။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ အကျိုးအတွက် သူမတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။
နောက်ဆုံးတွင် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုများအကြား နတ်သခင် ကောင်းကင် တစ်ယောက် အလျှော့ပေးရန် ဆုံးဖြတ်လိုက်တော့သည်။
သူမသည် လုချန်းကို မည်သည့်စကားမှ ထပ်မပြောပဲ အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်လျှော့လိုက်သည့် အမူအရာဖြင့် သူ၏ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်၏။
“ရှင် ဘာလုပ်ချင်လဲ မြန်မြန်လုပ်”
နတ်မိမယ်၏ အသံသည် မည်သည့် ခံစားချက်မှ မပါပဲ အေးစက်နေတော့သည်။
လုချန်းသည် ကုတင်ပေါ်တွင် တောင့်တောင့်ကြီး လှဲနေသော နတ်သခင် ကောင်းကင်ကို ကြည့်ကာ နှုတ်ခမ်းထောင့် စွန်းများ အနည်းငယ် တွန့်ကွေးသွားမိ၏။
သူ ချက်ချင်း မလှုပ်ရှားချင်သေးပေ။
ရိုးရိုးသားသား ပြောရလျှင် နတ်သခင် ကောင်းကင်၏ လွန်လွန်ကဲကဲ နာခံလွန်းသော အပြုအမူမှာ အနည်းငယ် ပျင်းစရာကောင်းလှသည်။
လုချန်း၏ အမျိုးသမီးများအားလုံးမှာ လှပကြပြီး စရိုက်လက္ခဏာနှင့် ပုံစံအမျိုးမျိုး ရှိကြရာ ထိုအတွေ့အကြုံများကြောင့် သူသည် လှပသော အမျိုးသမီးတစ်ယောက်ကို မလွန်ဆန်နိုင်ခဲ့သည့် အတိတ်က လူစားမျိုး မဟုတ်တော့ပေ။
ထို့ပြင် နတ်သခင် ကောင်းကင်နှင့် ယွမ်ယုတိတို့ စရိုက်ချင်း အလွန်တူကြသည်။ သူသည် ယွမ်ယုတိနှင့် နှစ်ပေါင်းများစွာ စုံတွဲကျင့်စဉ်ကို အတူတူ ကျင့်ကြံခဲ့ပြီး ဖြစ်ရာ ဆန်းသစ်မှု ခံစားချက်က ကွယ်ပျောက်သွားသည်မှာ ကြာပြီ ဖြစ်၏။
အကယ်၍ နတ်သခင် ကောင်းကင်က ယခု ယွမ်ယုတိကဲ့သို့ လုံးလုံးလျားလျား လိုက်လျောနေမည်ဆိုပါက သူ စိတ်ဆန္ဒ အနည်းငယ်ပင် ရှိတော့မည် မဟုတ်ပေ။
လုချန်း ငြိမ်သက်စွာ ရပ်နေသည်ကို တွေ့မြင်လျှင် နတ်သခင် ကောင်းကင်က ဆက်ပြောလိုက်သည်။
“ရှင် ကျွန်မရဲ့ ခန္ဓာကိုယ်ကို ရဖို့ အသည်းအသန် ဖြစ်နေတာ မဟုတ်ဘူးလား”
လုချန်းက ပြုံးလျက်
“ရုတ်တရက် ကျုပ် စိတ်မဝင်စားတော့သလိုပဲ”
နတ်သခင် ကောင်းကင်၏ မျက်ခုံးများ တွန့်ကွေးသွား၏။
လုချန်းက ဘာကို ဆိုလိုတာလဲ။
သူမကို သူ၏ စုံတွဲအဖြစ် လိုချင်သည်ဟု နတ်သခင် ယွမ်မုန့်ကို ပြောခဲ့သူမှာ သူကိုယ်တိုင်ပင် မဟုတ်ပါလား။
သို့ပါလျက် ယခု သူမကိုယ်သူမ အပ်နှင်းလာသည့်အခါကျမှ စိတ်မဝင်စားတော့ဟု ဘာ့ကြောင့် ပြောနေရသနည်း။
သူ သူမကို လှောင်ပြောင်နေခြင်းလား။
နတ်သခင် ကောင်းကင်သည် လုချန်းကို စိုက်ကြည့်ကာ မေးလိုက်၏။
“ရှင် ကျွန်မကို လှောင်နေတာလား”
လုချန်းက တည်ငြိမ်စွာပင်
“ကျုပ် ခင်ဗျားကို ဘာလို့ လှောင်ရမှာလဲ”
“ခင်ဗျားနဲ့ ယုတိက အတော်လေး ဆင်တူလွန်းနေတာကို ကျုပ် သတိထားမိသွားလို့ပါ။ နှစ်ပေါင်းများစွာ သူနဲ့ နေ့တိုင်း စုံတွဲကျင့်စဉ် ကျင့်ကြံလာခဲ့တော့ ကျုပ် နည်းနည်း ငြီးငွေ့လာပြီလေ။”
နတ်သခင် ကောင်းကင်၏ မျက်နှာအမူအရာ ချက်ချင်းပင် ပို၍ အေးစက်သွားတော့သည်။
မည်ကဲ့သို့သော လူယုတ်မာမျိုးက ဤသို့သော စကားကို ထုတ်ပြောရဲသနည်း။
သူမကို ထားလိုက်ဦး...
လုချန်းက ယွမ်ယုတိကိုပင် ငြီးငွေ့နေပြီ ဖြစ်၏။
ထို့နောက် နတ်သခင် ကောင်းကင်က
“ရှင် ပြောတဲ့စကားတွေကို ကျွန်မ ယုတိကို ပြန်ပြောပြမှာကို ရှင်မကြောက်ဘူးလား။”
လုချန်းက ဂရုမစိုက်ဟန်ဖြင့် ပြုံးကာ
“ခင်ဗျား သူ့ကို ပြောပြလည်း ကိစ္စမရှိပါဘူး... ကျုပ်တင် ငြီးငွေ့နေတာ မဟုတ်ဘူး။ သူလည်း ငြီးငွေ့နေလောက်ပြီ။”
ထျန်းရန် နတ်ဘုရား နယ်မြေ၏ သမိုင်းတစ်လျှောက်တွင် မည်သည့်နတ်မှ သူတို့ကဲ့သို့ ဆယ်စုနှစ်များစွာ တောက်လျှောက် မနားတမ်း စုံတွဲကျင့်စဉ်ကို မကျင့်ကြံဖူးပေ။
သူကသာ ယွမ်ယုတိကို ကျင့်စဉ်အဆင့် တက်ရောက်အောင် မကူညီပေးခဲ့ပါက သူမသည်လည်း ယခုအချိန်တွင် ငြီးငွေ့နေလောက်ပြီ ဖြစ်သည်။
ယွမ်ယုတိကို ပြောပြမည့်အရေးအား လုချန်း ဂရုမစိုက်သကဲ့သို့ ရှိနေသည်ကို တွေ့မြင်လျှင် နတ်သခင် ကောင်းကင် စဉ်းစားမိသွားသည်။
လုချန်းက တကယ်ပဲ မစိုးရိမ်တာလား။
ယွမ်ယုတိနှင့် လုချန်း နှစ်ယောက်စလုံး ငြီးငွေ့နေကြပြီလား။
သို့သော် သူတို့ ငြီးငွေ့ခြင်းမှာ သူတို့ ပြဿနာသာဖြစ်ပြီး သူမနှင့် မည်သို့မှ မပတ်သက်ပေ။ သို့သော် လုချန်းက သူမကို ယွမ်ယုတိနှင့် နှိုင်းယှဉ်နေခြင်းကတော့ သည်းခံနိုင်စရာ မရှိပေ။
မည်သည့်အမျိုးသမီးမှ သူမအား အခြားသူတစ်ဦးနှင့် နှိုင်းယှဉ်ခံရခြင်းကို သည်းမခံနိုင်ကြပေ။
နတ်သခင် ကောင်းကင်က လှောင်ပြောင်ရယ်မောလျက်
“ငြီးငွေ့တယ်လို့ ပြောနေပေမဲ့ တကယ်တော့ ရှင် စိတ်အလိုလိုက်ခဲ့လွန်းလို့ အသုံးမကျတော့တာ မဟုတ်လား။”
သာမန်အမျိုးသားနှင့် အမျိုးသမီးကြား လွန်ကဲသော ကိစ္စရပ်များသာ ဖြစ်ပါက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ရုံသာ ရှိသော်လည်း စုံတွဲကျင့်စဉ်ကို အလွန်အကျွံ ကျင့်ကြံခြင်းကတော့ နတ်ဝိညာဉ်ကို ထိခိုက်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စုံတွဲကျင့်စဉ် ကျင့်ကြံစဉ်အတွင်း ဝိညာဉ်ချင်း ထိတွေ့ဆက်နွှယ်မှု ရှိနိုင်သောကြောင့် ဖြစ်သည်။
စုံတွဲများစွာ ရှိနေသည့်အတွက် လုချန်းသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေပုံရပြီး အခြားသူများနှင့် စုံတွဲကျင့်စဉ်ကို လွန်လွန်ကဲကဲ ကျင့်ကြံခဲ့သဖြင့် ဝိညာဉ်ကို ထိခိုက်ပျက်စီးစေခဲ့ခြင်း ဖြစ်နိုင်သည်။
“ရှင် ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ဝန်ခံနေမှတော့ ကျွန်မ ထွက်သွားတာကို အပြစ်မတင်နဲ့တော့။”
ထိုသို့ပြောပြီးနောက် နတ်သခင် ကောင်းကင်သည် ကုတင်ပေါ်မှ တိုက်ရိုက်ထရပ်လိုက်ပြီး လုချန်း၏ အခန်းထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်၏။
နတ်သခင် ကောင်းကင်၏ ရန်စစကားကို ကြားလျှင် လုချန်း ခဏခန့် မှင်တက်သွား၏။
နတ်သခင် ကောင်းကင်က သူ့ကို အသုံးမကျသူ မစွမ်းဆောင်နိုင်သူဟု တကယ်ပင် ပြောဆိုရဲတာလား။
ဘယ်ယောကျ်ားက ထိုအရာကို သည်းခံနိုင်မည်နည်း။
လုချန်းက ပြုံးလိုက်ပြီး
“ခင်ဗျားရဲ့ ရန်စမှုက တကယ်ကို ထိရောက်တယ်လို့ ကျုပ် ဝန်ခံရမယ်။”
ထိုစကားများနှင့်အတူ လုချန်းသည် နတ်သခင် ကောင်းကင်ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။
ဤရုတ်တရက် လှုပ်ရှားမှုကြောင့် နတ်သခင် ကောင်းကင်လည်း ကြိုတင်ပြင်ဆင်မှုမရှိပဲ လန့်ဖျပ်သွားရပြီး သူမ၏ စွမ်းအားအရှိန်အဝါများ ရုတ်တရက် အပြင်သို့ ပျံ့နှံ့သွားကာ နတ်သခင်တစ်ပါး၏ ဖိအားများကို ချက်ချင်း ထုတ်လွှတ်လိုက်မိတော့သည်။
--
……….