← Chapters

အခန်း ၁၉၉၇

Vol. 134 Ch. 1997

အခန်း ၁၉၉၇

Vol. 134 Ch. 1997

အခန်း (၁၉၉၇)

မက်လုံး

ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ မည်သည့်အမျိုးသားမှ နတ်သခင် ကောင်းကင်၏ လက်ကို ရဲရဲဝံ့ဝံ့ မဆုပ်ကိုင်ဖူးပေ။ သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းရန်ဆိုလျှင် ဝေလာဝေးပင်။

ထိုမျှော်လင့်မထားသော အခြေအနေကြောင့် သူမသည် အံ့အားသင့် ထိတ်လန့်သွားရပြီး လုချန်းကို အလိုလို ရိုက်ထုတ်ပစ်ချင်စိတ် ပေါ်သွားမိ၏။

သို့သော် ထိုအခိုက်အတန့်တွင် လုချန်း၏ အသံ သူမ၏ နားထဲသို့ တိုးဝင်ပျံ့လွင့်လာခဲ့သည်။

“ကျုပ်ကို အသုံးမကျဘူးလို့ ပြောခဲ့တယ်မဟုတ်လား... အခုကျတော့ ဘာလို့ ရုတ်တရက် ကြောက်နေရတာလဲ။”

ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင် ခဏခန့် မှင်တက်သွားရသော်လည်း သူမ လျင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသည်။

လုချန်းအား ရိုက်နှက်လိုသည့် စိတ်ဆန္ဒကို အတင်း ဖိနှိပ်ရင်း သူ၏ ခေါင်းကို ဘေးသို့ လွှဲလိုက်၏။ ထို့နောက် သူမ၏ စွမ်းအားအရှိန်အဝါနှင့် ဖိအားများကို ထိန်းချုပ်ကာ လုချန်း၏ စကားများကို တိတ်ဆိတ်စွာပင် လျစ်လျူရှုထားလိုက်၏။

သို့ရာတွင် ထိုအချိန်၌ လုချန်းသည် ရုတ်တရက် လက်ကို မြှောက်ကာ ထိုနတ်မိမယ်၏ မေးစေ့ကို တိုက်ရိုက်ဆုပ်ကိုင်လိုက်ပြီး သူမအား ခေါင်းလှည့်၍ သူ့ကို ကြည့်စေရန် အတင်းအကျပ် ပြုလုပ်လိုက်သည်။

နတ်သခင် ကောင်းကင်သည် မည်သည့်စကားမှ မဆိုပဲ လုချန်းအား အေးစက်စွာ စိုက်ကြည့်နေမိသည်။

သူမသည် သူမ၏ ခံစားချက်များကို မနည်း ထိန်းချုပ်နေရခြင်း ဖြစ်၏။ အကယ်၍ စိတ်မထိန်းနိုင်ပဲ လက်လွန်ခြေလွန် ဖြစ်သွားပါက မတော်တဆ လုချန်း၏ ခန္ဓာကိုယ်ကို ဖျက်ဆီးမိသွားမည်ကို စိုးရိမ်နေမိသောကြောင့်ဖြစ်သည်။

လုချန်းက ခရမ်းရောင် ကျောက်မျက်ရတနာများနှင့် တူလှသော သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ မျက်နှာတွင် ပြုံးယောင်သန်းလျက် မေးလိုက်၏။

“လေးစားရတဲ့ ဆရာ... ခင်ဗျား ကျုပ်လက်ထဲကို ကျရောက်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူးမလား”

နတ်သခင် ကောင်းကင်က မည်သည့်စကားမှ မပြောပဲ အေးစက်စွာ နှာခေါင်းရှုံ့ လိုက်၏။

လေးစားရတဲ့ ဆရာဆိုသည်မှာ ဘာလဲ...

သူမသည် ဤလူယုတ်မာကို တပည့်တစ်ဦးအဖြစ် စိတ်ထဲမှ တကယ် မသတ်မှတ်ခဲ့ဖူးပေ။

ရှုကျင့်ရှူးကြောင့်သာ မဟုတ်ပါက သူမသည် ဤလူကို တပည့်အဖြစ် ဘယ်သောအခါမှ လက်ခံခဲ့မည် မဟုတ်ပေ။

ဤလူယုတ်မာသည် သူမ၏ ခန္ဓာကိုယ်ကို မသိမ်းပိုက်မီ သူမအား အရင် အရှက်ခွဲရန် ကြံရွယ်နေခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူမ လုပ်နိုင်သမျှက သူ၏ ခံစားချက်များကို ဖိနှိပ်ထားရန်သာ ရှိတော့သည်။

နတ်သခင် ကောင်းကင်သည် အလွန် ခုခံလိုစိတ် ရှိနေဆဲဖြစ်သည်ကို တွေ့မြင်လျှင် လုချန်းသည် သူမ၏ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီးနောက် နောက်ကျောဘက်မှနေ၍ သူမ၏ ခါးကို လက်နှစ်ဖက်ဖြင့် ဖက်တွယ်လိုက်၏။ ထို့နောက် သူ၏ ဦးခေါင်းကို သူမ၏ ပခုံးပေါ်သို့ တင်လျက် သူမ၏ ဆံပင်ဖြူများဆီမှ ထွက်ပေါ်လာသည့် သင်းပျံ့သော ရနံ့ကို ရှူရှိုက်လိုက်သည်။

ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင်သည် အမျိုးသားတစ်ဦး၏ ယောက်ျားဆန်သော အငွေ့အသက်ကို နှာခေါင်းထဲ၌ မရေမရာ ရရှိလိုက်သဖြင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားများ အနည်းငယ် လှုပ်ခတ်သွားရပြီး စိတ်ခံစားချက်များလည်း မတည်မငြိမ် ဖြစ်လာခဲ့သည်။

လုချန်း၏ နက်ရှိုင်းသော အသံသည် သူမ၏ နားနားတွင် ဆက်လက် ထွက်ပေါ်လာ၏။

“ဒီလောက်အထိ ခုခံနေဖို့ တကယ်မလိုပါဘူး... ကျုပ်က ရာဂကြီးတဲ့သူ ဖြစ်နိုင်ပေမဲ့ ကျုပ်အမျိုးသမီးတွေအပေါ်မှာတော့ အထူးပဲ ကောင်းမွန်တတ်ပါတယ်။”

“စဉ်းစားကြည့်လေ... အကယ်၍ ကျုပ်က ကျုပ်မိန်းမတွေအပေါ် မကောင်းဘူးဆိုရင် သူတို့က ကျုပ်အပေါ်မှာ ဒီလောက်အထိ ဘာလို့ သစ္စာရှိပြီး နက်နက်ရှိုင်းရှိုင်း တွယ်တာနေကြမလဲ။”

လုချန်း၏ စကားများကို ကြားရသောအခါ နတ်သခင် ကောင်းကင်သည် စိတ်ထဲ အလွန် အထင်သေးမိသွားပြီး ဤလူ မည်မျှ ယုတ်ညံ့သိက္ခာမဲ့သော နည်းလမ်းများကို အသုံးပြုခဲ့တာလဲဟု တွေးတောနေမိသည်။

လုချန်းသည် သူ၏ အမျိုးသမီးများ သူ့အပေါ် ယုံကြည်ကိုးစားလာစေရန် တစ်စုံတစ်ရာသော မရိုးသားသည့် နည်းလမ်းများကို အသုံးပြုထားခြင်း ဖြစ်ရမည်ဟု သူမ ထင်မှတ်ထားခြင်းဖြစ်သည်။

လုချန်း၌ အမျိုးသမီး အလွန် များပြားလှရာ အားလုံးက သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးကြသည်ဟု သူမ မယုံကြည်နိုင်ပေ။

အကယ်၍ သူတို့အားလုံးကသာ လုချန်းကို အမှန်တကယ် နက်နက်ရှိုင်းရှိုင်း ချစ်ကြသည်ဆိုလျှင် ထိုအရာက ပြဿနာရှိနေကြောင်း ပို၍ပင် သက်သေပြနေပေလိမ့်မည်။

နတ်သခင် ကောင်းကင်ဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိသေးသည်ကို မြင်သောအခါ လုချန်း၏ ညာလက်သည် သူမ၏ ခါးပတ်ကို အသာအယာ ဆုပ်ကိုင်ကာ ဆွဲလိုက်၏။

ခါးပတ် ပြုတ်သွားသည်နှင့် သူမ၏ အပြင်ဝတ်ရုံ ချက်ချင်းပင် ပွင့်သွား၏။ ထိုအခါ နတ်သခင် ကောင်းကင်၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားများ တစ်ဖန် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး လုချန်းအား သတ်ဖြတ်လိုသည့် စိတ်ရိုင်းကို မထိန်းချုပ်နိုင်လုနီးပါး ဖြစ်သွားရသည်။

ထိုအခိုက်အတန့်တွင် လုချန်းသည် သူမ၏ နားရွက်ကို ခပ်ဖွဖွ မှုတ်လိုက်ရာ နားရင်း၌ ယားကျိကျိ ခံစားချက်တစ်ခု ဖြစ်ပေါ်လာစေသော်လည်း နတ်သခင် ကောင်းကင်သည် ထိုကဲ့သို့သော လှည့်ကွက်ကလေးများကို သိပ်ပြီး ဂရုမစိုက်လှပေ။

ကျင့်ကြံသူများအတွက် လောဘရမ္မက်များကို ထိန်းချုပ်ခြင်းမှာ အခြေခံကျွမ်းကျင်မှုမျှသာ ဖြစ်၏။ နတ်သခင် အဆင့်ရှိသူတစ်ဦးအနေဖြင့် သူမ၏ အတွင်းစိတ်ဆန္ဒများကို လွှမ်းမိုးချုပ်ကိုင်ရန်က အလွန်ပင် လွယ်ကူလှပေသည်။

လုချန်း မည်သည်အရာကို ကြံစည်နေမှန်း နတ်သခင် ကောင်းကင် သိနေ၏။ သူမကို ရန်စပြီး သူ့အပေါ် စိတ်ကစားလာအောင်နှင့် ကာမရာဂစိတ်များ နိုးကြွလာအောင် ပြုလုပ်နေခြင်းသာ ဖြစ်သည်။

နတ်သခင် ကောင်းကင် လုံးဝ တုန်လှုပ်ခြင်းမရှိသည်ကို မြင်လျှင် ယွမ်ယုတိတုန်းကလိုပင် သူမအား စိတ်ကစားလာအောင် ပြုလုပ်ရန်မှာ လွယ်ကူသောအလုပ် မဟုတ်ကြောင်း လုချန်း ချက်ချင်း သဘောပေါက်သွားသည်။

၎င်းတို့ ဆရာနှင့်တပည့် ဖြစ်နေကြသည်မှာ မဆန်းပေ။

ဤအချက်တွင် တစ်ပုံစံတည်း တူညီနေကြသည်။

ထို့နောက် လုချန်းက နတ်သခင်ကောင်းကင်၏ နားနားသို့ တိုးကပ်ကာ

“နတ်ဧကရာဇ် ရှီယွဲ့က နတ်ဧကရာဇ်အဆင့်ကို ဘယ်လို တက်ရောက်သွားလဲဆိုတာ သိချင်လား။”

“သူ နတ်ဧကရာဇ် ဖြစ်လာတဲ့အချိန်တုန်းက ကျုပ်က သူရဲ့ ဘေးနားမှာတင် ရှိနေခဲ့တာ။”

လုချန်း၏ စကားများကြောင့် နတ်သခင် ကောင်းကင်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားခဲ့သည်။ ထိုလှုပ်ရှားမှုမှာ အလွန်သေးငယ်သော်လည်း လုချန်းကတော့ သတိပြုမိသွားဆဲပင်။

နတ်သခင် ကောင်းကင် တုံ့ပြန်မှု ရှိလာသည်ကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းအစုံ အနည်းငယ် အပေါ်သို့ ကွေးညွတ်ကာ ပြုံးယောင်သန်းသွားခဲ့၏။

ဤနတ်သမီးမျိုးနှင့် ဆက်ဆံရာတွင် ကျင့်ကြံခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို အသုံးပြု၍ စိတ်ဝင်စားလာအောင် ပြုလုပ်ရန် လိုအပ်သည်။ အခြားသော နည်းလမ်းများကတော့ ထိရောက်မှု မရှိနိုင်ပေ။

နတ်သခင် ကောင်းကင်သည် ခဏခန့် တုံ့ဆိုင်းသွားပြီးနောက် သူမကိုယ်သူမ ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး မည်သည့်ခံစားချက်မှ မရှိသော မျက်နှာအမူအရာဖြင့် တုံ့ပြန်လိုက်၏။

“ရှင်က ကျွန်မကို ပြောပြမှာမှ မဟုတ်တာ”

လုချန်း၏ စကားများ အမှန်ဖြစ်စေ အလိမ်အညာဖြစ်စေ နတ်ဧကရာဇ် ရှီယွဲ့ မည်သို့ နတ်ဧကရာဇ် ဖြစ်လာခဲ့သည်ကို လုချန်း တကယ် သိနေလျှင်ပင် ၎င်းကို အလွယ်တကူ ဖွင့်ဟပြောပြလိမ့်မည် မဟုတ်ပေ။

နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်ခြင်းမှာ မည်သည့် နတ်သခင်အတွက်မဆို ကြီးမားလှသော မက်လုံးတစ်ခု ဖြစ်ပေသည်။ အထူးသဖြင့် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားက အကန့်အသတ်ရှိပြီ နတ်ဧကရာဇ် အမြောက်အမြားကို ထောက်ပံ့ပေးနိုင်စွမ်း မရှိသည့် အခြေအနေမျိုးတွင်ဖြစ်သည်။

နတ်သခင်တိုင်းကို အလားအလာရှိသော ပြိုင်ဘက်များ အဖြစ် ထည့်တွက်နိုင်သည်။

ထျန်းရန် နတ်ဘုရား နယ်မြေတွင် နတ်ဧကရာဇ် နှစ်ပါး ရှိနှင့်နေပြီဖြစ်ရာ အကယ်၍ နတ်ဧကရာဇ် ယူလန်သာ ဒုတိယမြောက်ဘဝကို ထပ်မံ အသက်ရှင်နိုင်ဦးမည်ဆိုပါက နတ်ဧကရာဇ် သုံးပါးအထိ ရှိလာပေလိမ့်မည်။

ထိုသို့သော အခြေအနေမျိုးတွင် လုချန်းက အခြားသူများအား နတ်ဧကရာဇ်အဆင့် တက်ရောက်နိုင်မည့် နည်းလမ်းကို အဘယ်ကြောင့် အလွယ်တကူ ပြောပြပါမည်နည်း။

လုချန်းက သူမအား နောက်ပြောင်ကျီစယ်နေခြင်းသာ ဖြစ်လိမ့်မည်ဟု နတ်သခင် ကောင်းကင် သံသယဝင်နေမိ၏။

လုချန်းက ဆက်လက်၍

“ဒါက ဆွေးနွေးလို့မရတဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။”

ထိုသို့ပြောရင်း လုချန်း၏ လက်သည် နတ်သခင် ကောင်းကင်၏ ဝတ်စုံအား ထိတွေ့သွားရာ သူမအား ချက်ချင်းပင် မျက်မှောင်ကြုတ် သွားစေခဲ့သည်။

လုချန်း၏ လှုပ်ရှားမှု တိုင်းက သူမ၏ စိတ်ထဲရှိ သတ်ဖြတ်လိုသော စိတ်ဆန္ဒကို နှိုးဆွနေသော်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်၏ အကျိုးစီးပွားအတွက် အတွင်းမှ လူသတ်လိုစိတ်ကို သူမ တတ်နိုင်သမျှ အားတင်းကာ ဖိနှိပ်ထားလိုက်ရသည်။

လုချန်းက ဆက်လက်‌၍

“သူက ဧကရာဇ်ဖြစ်ဖို့အတွက် တခြားနည်းလမ်းတစ်ခုကို အသုံးပြုခဲ့တာ... ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ ကံစွမ်းအားအပေါ်မှာ အမှီပြုခဲ့တာ မဟုတ်ဘူး။”

ထိုစကားကို ကြားလျှင် နတ်သခင် ကောင်းကင် ခဏခန့် မှင်တက်သွားပြီး

“နတ်ဧကရာဇ်အဆင့် တက်ရောက်ဖို့ တခြားနည်းလမ်း ဟုတ်လား”

ဟု မေးလိုက်မိသည်။

အကယ်၍ ၎င်းသာ အမှန်ဖြစ်ပါက အခြားသော နတ်သခင်များကလည်း ထိုနည်းလမ်းအတိုင်းပင် အသုံးပြုနိုင်သည်ဟု ဆိုလိုခြင်းလား။

လုချန်း၏ လက်သည် ဆက်လက် လှုပ်ရှားနေဆဲဖြစ်ပြီး နတ်သခင် ကောင်းကင်၏ နားနားတွင် ဆက်လက်၍

“သူ ဧကရာဇ်ဖြစ်လာတဲ့ နည်းလမ်းကတော့ တခြားသူတွေ အတုခိုးလို့မရဘူး... သူ အဆင့်တက်ရောက်ဖို့အတွက် လောကပြင်ပ နတ်ဆိုးမျိုးနွယ်ရဲ့ သားရဲအမြုတေပေါ်မှာ အဓိက အားကိုးခဲ့ရတာ။”

နတ်သခင် ကောင်းကင်သည် လုချန်း၏ သေးငယ်သော လှုပ်ရှားမှုများကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး သူမ၏ အာရုံစိုက်မှု အားလုံးမှာ လုချန်း ဖွင့်ဟပြောဆိုလိုက်သည့် အကြောင်းအရာပေါ်၌သာ လုံးလုံးလျားလျား ရှိနေတော့သည်။

သူမသည် လုချန်း ပြောသော စကားများ၏ အမှန်တရားကို တွေးတောချိန်ဆနေမိပြီး လုချန်းက သူမအား ဤအရာများအားလုံးကို အဘယ်ကြောင့် ပြောပြချင်နေရသနည်းဟုလည်း သံသယဖြစ်မိသည်။

သူက တကယ်ပဲ ဒီလောက် စိတ်နှလုံး ကောင်း ရှိနေ၍လား။

နတ်သခင် ကောင်းကင်သည် လူအ တစ်ယောက် မဟုတ်ပေ။ လုချန်း ဤအချက်အလက်များကို ထုတ်ဖော်ပြောပြခြင်း၏ နောက်ကွယ်တွင် ပရိယာယ် တစ်စုံတစ်ရာ ရှိနေနိုင်သည်ဟု သူမ သံသယဝင်မိသည်။

နတ်သခင် ကောင်းကင်က

“လောကပြင်ပ နတ်ဆိုးမျိုးနွယ်ရဲ့ သားရဲအမြုတေ ဟုတ်လား... သူက အဲဒီ လောကပြင်ပ နတ်ဆိုးမျိုးနွယ်ရဲ့ သားရဲအမြုတေ ကို ဘယ်ကနေ ရခဲ့တာလဲ။”

လုချန်း ဤအကြောင်းအရာကို ထုတ်ဖော်ပြောပြရသည့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ဤအခွင့်အရေးကို အသုံးချ၍ နတ်ဧကရာဇ် ရှီယွဲ့အကြောင်း သတင်းအချက်အလက် စုဆောင်းခြင်းက အကျိုးရှိနိုင်ပြီး နောင်အနာဂတ်တွင် သူမနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် အထောက်အကူ ဖြစ်စေနိုင်ပေသည်။

လုချန်းက

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက တောင်ပိုင်းနယ်ထဲက ကမ္ဘာငယ်မှာ လောကပြင်ပက လူတစ်ယောက် ချန်ထားခဲ့တဲ့အရာပဲ”

ဟု တုံ့ပြန်လိုက်သည်။

နတ်သခင် ကောင်းကင် ခဏခန့် တုံ့ဆိုင်းသွားပြီးနောက်

“အဲဒီထဲမှာ ဘာမှမရှိဘူးလို့ ထင်ရတာ မဟုတ်ဘူးလား”

သူမသည် ထိုစဉ်အခါက တောင်ပိုင်းနယ်သို့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်သွားရန် တွေးတောခဲ့ဖူးသော်လည်း နတ်သခင် ကောင်းကင်လင်းယုန်က ထိုအခွင့်အရေးကို ဦးအောင် ဆုပ်ကိုင်သွားခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာသူများထံမှတစ်ဆင့် ထိုကမ္ဘာငယ်အတွင်း၌ ဘာမှမရှိကြောင်းနှင့် ၎င်းမှာ မဟာစွမ်းအားရှင်တစ်ဦး ချန်ထားခဲ့သော ထောင်ချောက်တစ်ခုသာ ဖြစ်ကြောင်း သူမ သိခဲ့ရသည်။

ထို့ပြင် နတ်ဆိုးဧကရာဇ် ရောက်ရှိမလာခဲ့ပါက သူတို့လည်း အသက်ရှင်လွတ်မြောက်နိုင်ခဲ့ကြမည် မဟုတ်ပေ။

နတ်သခင် ကောင်းကင်လင်းယုန်သည် ထိုကမ္ဘာငယ်အတွင်း၌ ဘာမှမရှိဟူသော အချက်ကို သံသယဝင်ခဲ့ပြီး မဟာစွမ်းအားရှင်သည် တောင်ပိုင်းနယ်၌ တစ်စုံတစ်ရာသော အမွေအနှစ်များကို ချန်ထားခဲ့ရမည်ဟု ယုံကြည်ကာ ပြန်မလာပဲ ထိုနေရာတွင် ဆက်လက် ရှိနေခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ပါလျက် ယခု လုချန်းက ထိုကမ္ဘာငယ်အတွင်း၌ လောကပြင်ပ နတ်ဆိုးမျိုးနွယ်၏ သားရဲအမြုတေ ရှိနေခဲ့သည်ဟု ဘာ့ကြောင့် ပြောနိုင်ရသနည်း။

--

………..

All Chapters