အခန်း ၁၉၉၈
Vol. 134 Ch. 1998
အခန်း (၁၉၉၈ )
နတ်ဧကရာဇ် ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ နည်းလမ်း
နတ်သခင် ကောင်းကင် ခဏခန့် တွေးတောလိုက်ပြီးနောက် မေးမြန်းလိုက်၏။
“ကျွန်မကို လှည့်စားဖို့ လွယ်တယ်လို့ ရှင် ထင်နေတာလား။”
လုချန်းက ပြုံးလိုက်ပြီး
“အဲဒီ ကမ္ဘာငယ်ထဲကနေ ပြန်လာတဲ့လူတွေဆီကနေ အထဲမှာ ဘာမှမရှိဘူး ကြားထားမိလို့ ကျုပ် လိမ်နေတယ်လို့ ထင်နေတာမလား။”
“တကယ်တော့ အထဲမှာ ဘာမှမရှိတာ မဟုတ်ပါဘူး။ အဲဒီလူတွေက သားရဲအမြုတေကို ရှာမတွေ့ခဲ့ကြလို့ပဲ။”
“နတ်ဆိုးဧကရာဇ်က အထဲမှာရှိတဲ့ လောကပြင်ပကလူရဲ့ ကျန်ရစ်တဲ့ ဝိညာဉ်အကြွင်းအကျန်ကို သတ်ပြီးတဲ့နောက်မှ အဲဒီ နတ်ဆိုးမျိုးနွယ်ရဲ့ သားရဲအမြုတေ ပေါ်လာခဲ့တာ။”
“ဒါကြောင့်မလို့ ဘယ်သူမှ မသိကြတာပဲ။”
နတ်သခင် ကောင်းကင်က ချက်ချင်းပင် ပြန်လည်မေးခွန်းထုတ်လိုက်၏။
“နတ်ဆိုးဧကရာဇ်က အဲဒီ သားရဲအတွင်းစွမ်းအားလုံးကို ရှာတွေ့ခဲ့တာဆိုရင် ဘာဖြစ်လို့ နတ်ဧကရာဇ် ရှီယွဲ့ရဲ့ လက်ထဲကို ရောက်သွားရတာလဲ။”
“နတ်ဆိုးဧကရာဇ်က အဲဒီ သားရဲအမြုတေကို စိတ်မဝင်စားဘူးဆိုတာ ကျွန်မ မယုံဘူး။”
လုချန်းက
“ခင်ဗျား ထင်တာ မှားပါတယ်။ နတ်ဆိုးဧကရာဇ်က အဲဒီ သားရဲအမြုတေကို စိတ်ဝင်စားမှု လုံးဝမရှိခဲ့ဘူး။ သူက အဲဒါကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ဘူး။”
ထိုသို့ပြောရင်း လုချန်းက နတ်သခင် ကောင်းကင်၏ အဖြူရောင် ဝတ်ရုံအပြင်အင်္ကျီကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်ပြီး သူမကိုယ်ပေါ်တွင် အတွင်းခံအင်္ကျီတစ်ခုသာ ကျန်ရစ်စေတော့သည်။
လုချန်း၏ လက်ဆော့နေသည့် လုပ်ရပ်များကို သတိပြုမိသဖြင့် နတ်သခင် ကောင်းကင်စိတ်ထဲ သတ်ဖြတ်လိုစိတ် အနည်းငယ် ပေါ်ပေါက်လာသော်လည်း လုချန်းက သူမနှင့် စကားပြောနေသည့်အတွက်ကြောင့် သူမ၏ အာရုံစိုက်မှု တစ်စိတ်တစ်ပိုင်းက ထိုအကြောင်းအရာပေါ်တွင်သာ ရှိနေသည်။ သူမ၏ အတွေးများသည် ယခုပြောလက်စ ကိစ္စရပ်ဆီသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွား၏။
လုချန်းက ဆက်လက်၍
“အဲဒီ ကမ္ဘာငယ်ထဲမှာ ရှိနေတုန်းက ရှေးဟောင်းခေါင်းလောင်းတစ်ခု ပေါ်လာခဲ့တယ်။ နတ်ဆိုးဧကရာဇ်က မထွက်ခွာခင်မှာ အဲဒီ ရှေးဟောင်းခေါင်းလောင်းကိုပဲ ယူသွားခဲ့တာ။”
နတ်သခင် ကောင်းကင် ခဏခန့် စဉ်းစားလိုက်ရာ လုချန်း၏ စကားများသည် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ပြန်ရောက်လာသူများ ပြောပြချက်နှင့် ထပ်တူကျနေသည်မှာ အမှန်ပင် ဖြစ်သည်။ လျှို့ဝှက်လဝန်း ကျောင်းတော်က အဖွဲ့ဝင် အမြောက်အမြားသည် ကမ္ဘာငယ်ထဲမှ ထွက်ခွာချိန်တွင် ထိုရှေးဟောင်းခေါင်းလောင်းကို မြင်တွေ့ခဲ့ကြရသည်။
နတ်သခင် ကောင်းကင်လင်းယုန် တောင်ပိုင်းနယ်တွင် ဆက်နေရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ ထိုရှေးဟောင်းခေါင်းလောင်း တည်ရှိနေခြင်းကြောင့် အဓိကဖြစ်၏။ ထိုအချက်က အခြားသူများ သတိမထားမိခဲ့သည့် မဟာစွမ်းအားရှင် ချန်ထားခဲ့သည့် အရာတစ်ခုခု ရှိနေနိုင်သည်ဟု နတ်သခင် ကောင်းကင်လင်းယုန်ကို ခံစားရစေသည်။
လုချန်းက ဆက်လက်ပြီး
“နတ်ဆိုးဧကရာဇ် အဲဒီ သားရဲအမြုတေကို မလိုချင်ရတဲ့ အဓိကအကြောင်းရင်းကတော့ နတ်ဆိုးဧကရာဇ်ကိုယ်တိုင်က နတ်ဆိုးမျိုးနွယ် မဟုတ်လို့ပဲ။ နတ်ဆိုးမျိုးနွယ်ရဲ့ သားရဲအမြုတေထဲက နတ်ဆိုးစွမ်းအားက နတ်ဆိုးမျိုးနွယ်အတွက်ပဲ အသုံးဝင်တာ။”
ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင်သည် နတ်ဆိုးမျိုးနွယ်၏ သားရဲအမြုတေအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး
“နတ်ဆိုးမျိုးနွယ်ရဲ့ သားရဲ
အမြုတေက နတ်ဆိုးမျိုးနွယ်အတွက်ပဲ အသုံးဝင်တာဆိုရင် ရှင် ကျွန်မကို ဒါတွေပြောပြရတဲ့ ရည်ရွယ်ချက်က ဘာလဲ။”
နတ်သခင် ကောင်းကင် အနည်းငယ် စိတ်တိုလာမိသည်။ ဤလူရှုပ်က စကားပြောပြီး သူမ၏ အာရုံကို လွှဲဖယ်ကာ တဏှာကျူးရန် သက်သက် ကြိုးစားနေခြင်းလား။
လုချန်းက နတ်သခင် ကောင်းကင်၏ နားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“ကျုပ်က နတ်ဧကရာဇ် ရှီယွဲ့ကို အဲဒီ သားရဲအမြုတေကို သန့်စင်ဖို့ ကူညီပေးခဲ့လို့ သူက အချိန်တိုအတွင်းမှာ နတ်ဧကရာဇ်အဆင့်ကို ဖောက်ထွက် တက်ရောက်နိုင်ခဲ့တာ။”
နတ်သခင် ကောင်းကင် မှင်တက်သွားရသည်။ နတ်ဧကရာဇ် ရှီယွဲ့၏ အဆင့်တက်လှမ်းနိုင်မှုက လုချန်းကြောင့် ဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သို့သော်လည်း ထိုအရာက သူမနှင့် ဘာဆိုင်လို့လဲ။
လောကပြင်ပ နတ်ဆိုးမျိုးနွယ် မဟာစွမ်းအားရှင်တစ်ဦး၏ သားရဲ
အမြုတေကို ရှာဖွေရန် သူမအတွက် ခက်ခဲလှသည်ကို ထားလိုက်ဦးတော့ ရှာတွေ့ခဲ့လျှင်ပင် လူသားမျိုးနွယ်ဖြစ်သည့် သူမအတွက် ထိုသားရဲအမြုတေက အသုံးမဝင်ပေ။
အကယ်၍ လုချန်းက သူမကို စောစောစီးစီး အကြောင်းကြားခဲ့လျှင်တော့ လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် နတ်ဧကရာဇ် ရှီယွဲ့ ထိုသားရဲအမြုတေကို သန့်စင်ခြင်းမှ တားဆီးနိုင်ခဲ့ပြီး သူမ နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်သွားခြင်းကို ဟန့်တားနိုင်ခဲ့ပေလိမ့်မည်။ ယခုတော့ နတ်ဧကရာဇ် ရှီယွဲ့သည် နတ်ဧကရာဇ် ဖြစ်သွားခဲ့ပြီဖြစ်ရာ ထိုအကြောင်းကို ပြောနေခြင်းက အပိုပင် ဖြစ်တော့သည်။
လုချန်းက ဆက်လက်၍
“ကျုပ်က သူ့ကို အဆင့်တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့တယ်ဆိုတော့ သဘာဝကျကျ ပြောရရင် အခြားသူတွေကိုလည်း နတ်ဧကရာဇ် ဖြစ်လာအောင် ကူညီပေးနိုင်တယ်ဆိုတဲ့ သဘောပဲ။”
နတ်သခင် ကောင်းကင် ထိုစကားကို တစ်လုံးမှ မယုံကြည်ပေ။
နတ်ဧကရာဇ် ရှီယွဲ့ အဆင့်တက်လှမ်းခြင်းက လောကပြင်ပ နတ်ဆိုးမျိုးနွယ် မဟာစွမ်းအားရှင်၏ သားရဲအမြုတေကြောင့်ဟု ခုနကတင် လုချန်းကိုယ်တိုင် ပြောခဲ့ပြီး ယခုတော့ သူက အခြားသူများကိုလည်း နတ်ဧကရာဇ် ဖြစ်လာအောင် ကူညီပေးနိုင်သည်ဟု ဆိုနေပြန်သည်။
နတ်သခင် ကောင်းကင် မယုံကြည်သည်ကို တွေ့မြင်လျှင် လုချန်းက
“အဲဒီ သားရဲအမြုတေကို နတ်ဧကရာဇ် ရှီယွဲ့ဆီ ကျုပ် ပေးခဲ့တာ။ ကျုပ် ဘာဖြစ်လို့ သူ့ကို ပေးခဲ့လဲဆိုတာ စဉ်းစားကြည့်ပါဦး”
ဒါက...
နတ်သခင် ကောင်းကင်သည် ခဏခန့် ကြောင်အသွားပြီးနောက်
“ရှင် ဘာပြောချင်နေတာလဲ”
ဟု မေးလိုက်သည်။
လုချန်းက သူမ၏ နားနားသို့ ထပ်မံ လေမှုတ်လိုက်ပြီး
“ဘာဖြစ်လို့လဲဆိုတော့ သူက ကျုပ်ရဲ့ လမ်းစဉ်ဖော် ဖြစ်လို့ပဲ။ အဲဒါက ကျုပ် သူ့ကို ပေးတဲ့ ချစ်သက်လက်ဆောင်ပဲ။”
နတ်သခင် ကောင်းကင်၏ ဦးနှောက် ထုံကျင်သွားရသည်။ သူမ ကြားလိုက်ရသည့်အရာကိုလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
နတ်ဧကရာဇ် ရှီယွဲ့က လုချန်း၏ လမ်းစဉ်ဖော် ဟုတ်လား။
နတ်ဧကရာဇ်တစ်ပါးက ဤတဏှာရူး လုချန်း၏ လမ်းစဉ်ဖော် ဖြစ်နေတယ်တဲ့လား။
မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရပေ။
အဆုံးတွင်တော့ နတ်ဧကရာဇ် ရှီယွဲ့သည် ယခင်က နတ်ဧကရာဇ် မဟုတ်ခဲ့ပေ။ ထိုသားရဲအမြုတေက သူမအတွက် အလွန်အရေးကြီးခဲ့သည်။
သားရဲအမြုတေ ပေးအပ်ခြင်းကို ထောက်ထားပြီး နတ်ဧကရာဇ် ရှီယွဲ့အနေနှင့် လုချန်း၏ လမ်းစဉ်ဖော်ဖြစ်ရန် သဘောတူခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
သို့သော်လည်း...
ထိုအရာက နတ်ဧကရာဇ် ရှီယွဲ့ နတ်ဧကရာဇ် မဖြစ်လာခင်တုန်းက ကိစ္စ ဖြစ်သည်။ ယခုတော့ သူမသည် နတ်ဧကရာဇ် ဖြစ်သွားပြီဖြစ်ရာ လုချန်းကို သူမ၏ လမ်းစဉ်ဖော်အဖြစ် အသိအမှတ်ပြုသေးရဲ့လားဆိုတာက ပြောရန် ခက်ခဲပေသည်။
နတ်သခင် ကောင်းကင်က သရော်တော်တော် လေသံဖြင့်
“သူက အခု နတ်ဧကရာဇ် ဖြစ်သွားပြီပဲ။ ရှင့်ကို သူရဲ့ လမ်းစဉ်ဖော်အဖြစ် ဆက်ပြီး အသိအမှတ်ပြုဖို့ဆိုတာ မသေချာတော့ဘူး။”
လုချန်းက ပြုံးလျက်
“ခင်ဗျားက အဓိကအချက်ကို နားလည်မှု လွဲနေပြီ။ ကျုပ် ပြောချင်တာက ကျုပ်ရဲ့ မိန်းမတွေအပေါ် ကျုပ် အမြဲတမ်း ကောင်းတယ်ဆိုတာကိုပဲ ပြောပြချင်တာ”
“သူက ကျုပ်ကို လမ်းစဉ်ဖော်အဖြစ် အသိအမှတ်ပြုလား မပြုဘူးလားဆိုတဲ့ အပိုင်းကိုတော့ စိတ်ချပါ။ သူက အခုထိ အသိအမှတ်ပြုတုန်းပဲ။”
နတ်သခင် ကောင်းကင်အဖို့ မယုံနိုင်စရာ ဖြစ်နေဆဲပင်။
နတ်ဧကရာဇ် ရှီယွဲ့သည် နတ်ဧကရာဇ် ဖြစ်လာပြီးသည့်တိုင်အောင် လုချန်းကို သူမ၏ လမ်းစဉ်ဖော်အဖြစ် အသိအမှတ်ပြုနေဆဲလား။
ဒါက ဖြစ်နိုင်လို့လား။
လုချန်းက သူမကို လှည့်စားနေတာလား။
နတ်သခင် ကောင်းကင် အာရုံပျံ့လွင့်နေစဉ်မှာပင် လုချန်း၏ ငြိမ်ငြိမ်မနေသော လက်က ပိုရဲတင်းလာသည်ကို သူမ ရုတ်တရက် ခံစားလိုက်ရသည်။
နတ်သခင် ကောင်းကင် ချက်ချင်း သတိပြန်ဝင်လာပြီး အေးစက်စွာ ပြောလိုက်၏။
“သူက ရှင့်ကို လမ်းစဉ်ဖော်အဖြစ် အသိအမှတ်ပြုရင်တောင် အဲဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ။”
လုချန်းက
“ကျောင်းတော်သခင်က နတ်ဧကရာဇ် ရှီယွဲ့က အလယ်ပိုင်းနယ်ကို ကျူးကျော်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖျက်ဆီးပစ်မှာကို စိုးရိမ်နေတာ မဟုတ်လား။ အခု ကျုပ်က လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့လူ ဖြစ်နေပြီဆိုတော့ နတ်ဧကရာဇ် ရှီယွဲ့က လျှို့ဝှက်လဝန်း ကျောင်းတော်ကို တိုက်ခိုက်ဦးမယ်လို့ ခင်ဗျားထင်လား။”
ဒါက...
အကယ်၍ လုချန်းပြောသည်မှာ အမှန်ဖြစ်ပြီး လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့အတွက် အရေးပါသူ ဖြစ်ပါက လုချန်းကို တကယ်ပင် စေ့စပ်ညှိနှိုင်းရေး အသုံးချဖဲချပ်တစ်ခုအဖြစ် ရှုမြင်နိုင်သည်။
သို့သော်လည်း လုချန်း နတ်ဧကရာဇ် ရှီယွဲ့အတွက် မည်မျှအထိ အရေးပါကြောင်းကိုတော့ မည်သူမှ မသေချာနိုင်ပေ။ ရိုးရိုးသားသား ပြောရလျှင် လုချန်းနှင့် နတ်ဧကရာဇ် ရှီယွဲ့တို့အကြား ဆက်ဆံရေး ထိုမျှအထိ နက်ရှိုင်းလိမ့်မည်ဟု နတ်သခင် ကောင်းကင် မယုံကြည်ပေ။
လုချန်းက သူမ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်ပြန်သည်။
“ဒါ့အပြင် ကျုပ် တကယ်ပြောချင်တာက ကျုပ်နဲ့ အတူရှိနေခြင်းအားဖြင့် ခင်ဗျား နတ်ဧကရာဇ် ဖြစ်လာစေဖို့ ကူညီပေးနိုင်တယ် ဆိုတာပဲ။”
နတ်သခင် ကောင်းကင်က
“ရှင်ကိုယ်တိုင်တောင် နတ်ဧကရာဇ် မဟုတ်ပဲနဲ့ ကျွန်မကို နတ်ဧကရာဇ် ဖြစ်အောင် ကူညီပေးနိုင်တယ်လို့ ပြောနေတာလား”
ဟု လှောင်ပြောင်လိုက်သည်။
လုချန်းက
“ကျုပ်က နတ်ဧကရာဇ် မဟုတ်ပေမဲ့ နတ်ဧကရာဇ် ရှီယွဲ့ကို နတ်ဧကရာဇ် ဖြစ်လာအောင် ကူညီပေးခဲ့တယ် မဟုတ်ဘူးလား” ဟု ဆို၏။
“ယွမ်ယုတိက နတ်သခင်အဆင့်ကို ရောက်သွားပြီးတာတောင် ကျုပ်အပေါ် ဘာဖြစ်လို့ ဒီလောက်အထိ သစ္စာရှိရှိ တွယ်တာနေရလဲဆိုတာကို ခင်ဗျား စဉ်းစားဖူးလား။”
“သူက ခင်ဗျားရဲ့ တပည့်ပဲ။ သူရဲ့ စရိုက်ကို ခင်ဗျား အသိဆုံး ဖြစ်မှာပါ။ သူက ကျုပ်အပေါ် တကယ်ပဲ နက်ရှိုင်းတဲ့ ခံစားချက်တွေ ရှိနေတယ်လို့ ခင်ဗျား ထင်လို့လား။”
လုချန်း၏ စကားများကို ကြားရလျှင်
တစ်ခုခု မှားယွင်းနေသည်ဟု နတ်သခင် ကောင်းကင် စတင် ခံစားလာရသည်။ ယွမ်ယုတိပဲ ဖြစ်ဖြစ်၊ ယွမ်ချင်းရှုပဲ ဖြစ်ဖြစ် နှစ်ဦးစလုံးသည် လမ်းစဉ်အပေါ် ခိုင်မာသော စိတ်ပိုင်းဖြတ်မှု ရှိကြသူများ ဖြစ်သည်။
အထူးသဖြင့် ယွမ်ယုတိသည် တံခါးပိတ် ကျင့်စဉ်စခန်းထဲတွင် နှစ်ပေါင်း ကုဋေချီ၍ အချိန်ကုန်ဆုံးခဲ့သူ ဖြစ်သည်။
ယွမ်ယုတိ လုချန်း၏ မိန်းမ ဖြစ်လာခဲ့ကြောင်း သိရစဉ်က သူမ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရ၏။ ယွမ်ယုတိနှင့် လုချန်းတို့ တရားမဝင် ဖောက်ပြန်ကျူးလွန်နေကြသည်ကို မြင်တွေ့ခဲ့ရချိန်တွင် ပို၍ပင် အံ့ဩတုန်လှုပ်ခဲ့ရသည်။
လမ်းစဉ်အပေါ် ထိုမျှအထိ ခိုင်မာသော နှလုံးသားရှိသည့် ယွမ်ယုတိက ဤတဏှာရူး လုချန်းကို ရွေးချယ်ပြီး ကာမဂုဏ်ခံစားမှုများထဲ၌ ဘာဖြစ်လို့ နစ်မွန်းနေရသနည်း။
အရိုင်းနယ်မြေမှ ပြန်လာကတည်းက သူမ ဤအကြောင်းကို တွေးတောနေခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် လုချန်းသည် ယွမ်ယုတိအပေါ် တစ်စုံတစ်ခုသော နည်းလမ်းကို အသုံးပြုခဲ့ကာ သူမကို ကျဆုံးစေပြီး လုချန်း၏ ကစားစရာ ဖြစ်လာစေခဲ့ခြင်း ဖြစ်ရမည်ဟု သူမ ကောက်ချက်ချခဲ့သည်။
သို့သော်လည်း ယခု ယွမ်ယုတိသည် နတ်သခင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ သူမကို လွယ်လွယ်ကူကူနှင့် ထိန်းချုပ်နိုင်ပါဦးမလား။
နတ်သခင် ကောင်းကင်သည် သူမ လက်မခံဝံ့သည့် ရဲတင်းလှသော ယူဆချက်တစ်ခုကို တွေးတောရင်း ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။
သူ့မှာ...
သူမကို နတ်ဧကရာဇ် ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ နည်းလမ်း တကယ်ပဲ ရှိနေတာလား။
--
…………