← Chapters

အခန်း ၁၉၉၉

Vol. 134 Ch. 1999

အခန်း ၁၉၉၉

Vol. 134 Ch. 1999

အခန်း( ၁၉၉၉ )

တပည့်တူ ဆရာ

နတ်သခင် ကောင်းကင်၏ ခန္ဓာကိုယ် ပူနွေးလာပြီး သူမ၏ စိတ်ခံစားချက်များလည်း အတန်ငယ် လှုပ်ခတ်ဂယက်ထနေပြီဖြစ်ကြောင်းကို လုချန်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။ လုချန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ နတ်သခင် ကောင်းကင်နှင့် ယွမ်ယုတိ ဟူသော ဤဆရာတပည့် နှစ်ဦးသည် တကယ်ကို တူကြပေသည်ဟု တွေးလိုက်မိသည်။

သူတို့သည် အခြား မည်သည့်အရာကိုမှ စိတ်မဝင်စားပဲ ကျင့်စဉ်အဆင့် တိုးတက်ရန်သာ စိတ်ဝင်စားကြပြီး ထိုအရာနှင့် ပတ်သက်လျှင်လည်း လျင်မြန်စွာ စိတ်လှုပ်ရှားနိုင်ကြသည်။

ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင်က

“ရှင့်ရဲ့ စကားအရဆိုရင် ယုတိက ရှင့်ဆီမှာ သူ့ကို နတ်ဧကရာဇ် ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းရှိမှန်း သိလို့ ရှင့်ရဲ့ စုံတွဲအဖြစ် ရွေးချယ်ခဲ့တာလို့ ဆိုလိုတာလား”

ဟု စမ်းသပ်သည့်သဘောဖြင့် မေးမြန်းလိုက်၏။

လုချန်းက

“အဲဒီအကြောင်းပြချက်ကလွဲရင် သူက တခြား ဘယ်အကြောင်းပြချက်ကြောင့် ကျုပ်ရဲ့ စုံတွဲ ဖြစ်လာမယ်လို့ ခင်ဗျား ထင်လို့လဲ။”

နတ်သခင် ကောင်းကင် တိတ်ဆိတ်သွား၏။ သူမ ယွမ်ယုတိကို နားလည်ထားမှုအရဆိုလျှင် ယုတိသည် တကယ်ပင် အချစ်ရေးအချစ်ရာ ကိစ္စရပ်များကို စိတ်ဝင်စားမည့်သူ မဟုတ်ပေ။

သို့သော်လည်း အကယ်၍ လုချန်းတွင် အခြားသူများကို နတ်ဧကရာဇ်ဖြစ်အောင် ကူညီပေးနိုင်သည့် နည်းလမ်း တကယ်ရှိနေလျှင်ပင် သူက ထိုဖြစ်နိုင်ခြေကို မည်သို့ပြသနိုင်မည်နည်း။

ထို့ပြင် သူကိုယ်တိုင်ကလည်း နတ်ဧကရာဇ် တစ်ပါး မဟုတ်သေးချေ...

နေပါဦး...

နတ်သခင် ကောင်းကင်သည် ရုတ်တရက် တစ်ခုခုကို ခန့်မှန်းမိသွား၏။ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာ ဖြစ်သော ‘ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ’ ကို လုချန်း တစ်ဦးတည်းသာ အသက်သွင်း နိုင်ခဲ့ခြင်းကပင် လုချန်း၏ နတ်ဝိညာဉ် စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြနေပြီးသား ဖြစ်သည်။

လူအများစုက လုချန်း၏ အစွမ်းသည် အနည်းဆုံး နတ်သခင် အဆင့်တွင် ရှိမည်ဟု ယုံကြည်ထားကြသည်။ ယခု ပြန်လည် စဉ်းစားကြည့်လျှင် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးရှိ မည်သည့် နတ်သခင်မှ ဤသူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာကို ရေးဆွဲနိုင်ခြင်း မရှိသော်လည်း လုချန်းက ရေးဆွဲနိုင်သည်။

၎င်းက သူ၏ နတ်ဝိညာဉ်သည် နတ်သခင်အဆင့်ထက် များစွာ ပို၍အစွမ်းထက်ကြောင်း ဖော်ပြနေသည်။ ထိုသို့ဆိုလျှင် လုချန်း၏ ပင်မကိုယ်သည် နတ်သခင်အဆင့်ပင် မဟုတ်ပဲ နတ်ဧကရာဇ် ဖြစ်နေနိုင်သည် မဟုတ်ပါလား။

လုချန်းသည် အစွမ်းအစများကို ဖုံးကွယ်ထားသော နတ်ဧကရာဇ် တစ်ပါး ဖြစ်နေမလား။

သူမ၏ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် နတ်သခင် ကောင်းကင်က

“ရှင့်မှာ ကျွန်မကို နတ်ဧကရာဇ် ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ နည်းလမ်း တကယ်ပဲ ရှိတာလား”

ဟု မေးလိုက်သည်။

ရိုးရိုးသားသား ပြောရလျှင် ယခုအချိန်တွင် သူမ တကယ်ပင် စိတ်လှုပ်ရှား သွားရပြီ ဖြစ်သည်။ အကယ်၍ လုချန်းက သူမကို နတ်ဧကရာဇ် ဖြစ်လာအောင် တကယ် ကူညီပေးနိုင်မည်ဆိုပါက လုချန်း၏ စုံတွဲအဖြစ် ရပ်တည်ရုံတင် မကပဲ နေ့စဉ်နေ့တိုင်း သူ၏ လွှမ်းမိုးချုပ်ကိုင်မှုကို ခံယူရန်ပင် သူမ ဝန်လေးမည် မဟုတ်ပေ။

နတ်ဧကရာဇ် ဖြစ်လာမည့် ကိစ္စနှင့် နှိုင်းယှဉ်လျှင် သိက္ခာဟူသည်မှာ ထိုမျှအထိ အရေးကြီးပုံ မရတော့ချေ။

နတ်သခင် ကောင်းကင်က တက်တက်ကြွကြွ မေးမြန်းလာသည်ကို မြင်သောအခါ လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် သူမ၏ ခါးကို တင်းကျပ်စွာ ဖက်ကာ သူမ၏ မျက်နှာကို ထိတွေ့ရင်း

“နတ်ဧကရာဇ် ရှီယွဲ့က သက်သေတစ်ခုပဲလေ။ ကျုပ်က ခင်ဗျားကို လှည့်စားနေတယ်လို့ ထင်လို့လား။”

လုချန်း၏ စကားများကို ကြားရသောအခါ နတ်သခင် ကောင်းကင်၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားများ ပို၍ ဆူပွက်လှုပ်ခတ်လာပြီး သူမ၏ အသက်ရှူသံများမှာလည်း အလိုအလျောက် မြန်ဆန်လာခဲ့သည်။ လုချန်းအနေနှင့် သူမကို လှည့်စားရန် အကြောင်းပြချက် မရှိသကဲ့သို့ ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် သူမသည် သူ၏ လက်တစ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်ရာ လုချန်းအနေနှင့် သူမကို လှည့်စားရန် ဤကဲ့သို့သော အကြောင်းပြချက်ကို လုပ်ကြံဖန်တီးမနေပဲ သူမ၏ ခန္ဓာကိုယ်ကို အချိန်မရွေး ရယူနိုင်သောကြောင့် ဖြစ်သည်။

ထိုစဉ် နတ်သခင် ကောင်းကင်က

“ကျွန်မကို ဒီအကြောင်းတွေ ပြောပြရတဲ့ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”

နတ်သခင် ကောင်းကင်၏ ချောမွေ့သော အသားအရေကို အသာအယာ ပွတ်သပ်ပေးရင်း လုချန်းက

“ကျုပ်ရဲ့ မိန်းမ ဖြစ်လာတာက ခင်ဗျားအတွက် အခွင့်အရေးတစ်ခု ဖြစ်ပြီး မကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာကို သိစေချင်ရုံတင်ပါ။ ဒါကြောင့် အဲဒီလောက်အထိ တွန်းလှန်နေဖို့ မလိုပါဘူး။”

နတ်သခင် ကောင်းကင် ခဏခန့် တိတ်ဆိတ်သွား၏။ အကယ်၍ လုချန်း ပြောသကဲ့သို့ပင် သူမကို နတ်ဧကရာဇ် ဖြစ်လာအောင် တကယ် ကူညီပေးနိုင်မည်ဆိုပါက ၎င်းသည် သူမအတွက် တကယ့်ကို ကြီးမားလှသော အခွင့်အရေးကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

အချိန်တန်ပြီဖြစ်ကြောင်း လုချန်း သိသဖြင့် သူသည် နတ်သခင် ကောင်းကင်၏ ခန္ဓာကိုယ်ကို ဖက်တွယ်ကာ ကုတင်ဆီသို့ အသာအယာ တွန်းပို့လိုက်သည်။

လုချန်းက သူမကို ကုတင်အနားသို့ ခေါ်ဆောင်သွားသည်ကို တွေ့မြင်လျှင် နတ်သခင် ကောင်းကင် ချက်ချင်းပင် သတိပြန်ဝင်လာခဲ့သည်။

ထို့နောက် သူမက

“ကျွန်မကို အဆင့်တက်လှမ်းနိုင်အောင် ကူညီဖို့ ရှင် ဘယ်လိုနည်းလမ်းကို သုံးဖို့ ရည်ရွယ်ထားတာလဲ။”

နတ်ဧကရာဇ် ရှီယွဲ့က နတ်ဆိုးမျိုးနွယ်၏ မဟာစွမ်းအားကြီးပုဂ္ဂိုလ်၏ သားရဲအမြု‌တေကို အားကိုးနိုင်ခဲ့သော်လည်း သူမကတော့ ထိုသို့ မတတ်နိုင်ပေ။ ထို့ပြင် စုဆောင်းထားသော ကံစွမ်းအားကို အသုံးပြု၍ ဧကရာဇ်အဆင့်သို့ တက်ရောက်မည့် လမ်းစဉ်မှာလည်း လက်ရှိ ရှိနှင့်ပြီးသား နတ်ဧကရာဇ်များ၏ ပိတ်ဆို့ခြင်းကို ခံထားရသည်။

ထို့ကြောင့် လုချန်းက သူမ အဆင့်တက်လှမ်းနိုင်ရန် မည်သည့်နည်းလမ်းကို အသုံးပြုမလဲ ဆိုတာကို နတ်သခင် ကောင်းကင် သိချင်စိတ် ပြင်းပြနေမိသည်။

လုချန်းက

“ခင်ဗျား စိတ်စောလွန်းနေတယ်လို့ မထင်ဘူးလား။ ခင်ဗျားက ကျုပ်ရဲ့ မိန်းမ မဖြစ်သေးဘူးလေ။ အခုအချိန်မှာ ကျုပ်က ဘယ်လိုလုပ် ပြောပြလို့ ရမှာလဲ။”

သူမ တကယ်ပင် စိတ်စောမိသွားကြောင်း နတ်သခင် ကောင်းကင် သဘောပေါက်လိုက်သည်။ အခြားသူများကို ဧကရာဇ်ဖြစ်အောင် ကူညီပေးနိုင်သည့် ဤကဲ့သို့သော နည်းလမ်းမျိုးသည် လုချန်း၏ အရေးအကြီးဆုံး လျှို့ဝှက်ချက်ဖြစ်ရာ သူက ပြင်ပလူတစ်ယောက်ကို မည်သို့ ပြောပြနိုင်မည်နည်း။

နတ်သခင် ကောင်းကင်သည် လုချန်းနှင့် စုံတွဲကျင့်စဉ်ကို အတူတူ ကျင့်ကြံကာ သူ၏ မိန်းမ ဖြစ်လာပြီးနောက် လုချန်းထံမှ နတ်ဧကရာဇ် ဖြစ်လာမည့် နည်းလမ်းကို သင်ယူလိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။

ထိုစဉ် လုချန်းသည် သူမ၏ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး မျက်နှာချင်းဆိုင် ဖက်တွယ်လိုက်ကာ ခေါင်းကို အသာအယာ ငုံ့ရင်း နတ်သခင် ကောင်းကင်၏ အေးစက်လှပသော ရုပ်သွင်ကို စိုက်ကြည့်လိုက်သည်။

နတ်သခင် ကောင်းကင်သည် အလိုအလျောက် သူမ၏ အကြည့်ကို ဘေးသို့ လွှဲလိုက်၏။ သူမအနေနှင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပြင်ဆင်ထားပြီး လုချန်းနှင့် မကြာမီ စုံတွဲကျင့်စဉ် ကျင့်ကြံရတော့မည်ကို ကြိုတင်သိနေသော်လည်း ဤလူယုတ်မာက သူမ၏ တပည့်ကိုလည်း သိမ်းပိုက်ခဲ့သည်ကို တွေးမိသောအခါ သူမ၏ စိတ်နှလုံးထဲ မသက်မသာ ဖြစ်နေဆဲပင်။

သူမသည် လုချန်း၏ ပူနွေးမှုကို ရှင်းရှင်းလင်းလင်း ခံစားနေရ၏။ ဤလူယုတ်မာသည် အောင့်အီးထားနိုင်စွမ်း ရှိတော့ပုံ မရရာ သူမအနေနှင့် စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။

နတ်သခင် ကောင်းကင်သည် သူမ၏ အာရုံကို လွှဲပြောင်းထားပြီး လုချန်းကိုသာ စုံတွဲကျင့်စဉ် ပြီးမြောက်အောင် ဦးဆောင်ခွင့်ပြုရန် တွေးတောနေစဉ် လုချန်းက ရုတ်တရက် ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ဖိကပ် လိုက်သည်။

“အင်း...”

နတ်သခင် ကောင်းကင် ခဏခန့် တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီး လုချန်းကို ဓားဖြင့် ခုတ်ပိုင်းပစ်ချင်သည့် စိတ်အဟုန်ကို နှိပ်ကွပ်ကာ သူ စိတ်ကြိုက် စော်ကားသမျှကို ခွင့်ပြုထားလိုက်သည်။

ထို့နောက် လုချန်းက သူမကို သိမ်းပိုက်ရန် စတင်လှုပ်ရှားသော်လည်း နတ်သခင် ကောင်းကင်ကတော့ သူမနှင့် မဆိုင်သလိုမျိုး ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။ လုချန်း လုပ်ဆောင်နေသမျှအရာအားလုံး လုံးဝ မရှိခဲ့သည့်အတိုင်း ဖြစ်နေသည်။

လုချန်း၏ အနမ်းကို ခံရခြင်းမှာ ခွေးကိုက်ခံရသကဲ့သို့သာ ဖြစ်ပြီး လုချန်း၏ အသေးအဖွဲ လှုပ်ရှားမှု အမျိုးမျိုးကလည်း သူမ၏ ကာမရာဂစိတ်ကို လုံးဝ မနှိုးဆွနိုင်ချေ။

အဘယ်ကြောင့်ဆိုသော် သူမသည် နတ်သခင်အဆင့် တစ်ပါး ဖြစ်ရုံတင်မက သံယောဇဉ်မဲ့လမ်းစဉ်ကို ကျင့်ကြံသူလည်း ဖြစ်သဖြင့် လုချန်းက သူမ၏ ခန္ဓာကိုယ်ကို မည်မျှပင် ပွတ်သပ်ပွတ်သပ်၊ သူမကို မည်သို့ သိမ်းပိုက် သိမ်းပိုက် သူမ၌ ခန္ဓာကိုယ်၏ ရာဂစိတ်အာရုံများကို ဘာမှမဖြစ်ခဲ့သကဲ့သို့ လုံးဝ နှိပ်ကွပ်ထားနိုင်စွမ်း ရှိသည်။

ဆန္ဒများကို ချိုးနှိမ်သည့်အပိုင်းတွင် သူမသည် ယွမ်ယုတိနှင့် တစ်ပုံစံတည်း တူလှသည်။

သို့သော်လည်း လုချန်းသည် ယွမ်ယုတိနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့ဖူးသဖြင့် ဤကဲ့သို့သော အေးစက်သည့် နတ်သမီးများကို ကိုင်တွယ်ရန် နည်းလမ်းမျိုးစုံကို အပြည့်အဝ တတ်မြောက်ထားပြီးသား ဖြစ်သည်။ နမ်းရှုပ်နေရင်းနှင့် လုချန်းသည် နတ်သခင် ကောင်းကင်ကို ကုတင်ထက်သို့ အသာအယာ လှဲချလိုက်ပြီး သူ၏ ခေါင်းကို ငုံ့လျက် သူမ၏ လှပသော ရုပ်သွင်ကို စိုက်ကြည့်လိုက်သည်။

နတ်သခင် ကောင်းကင်သည် သူမ၏ ဦးခေါင်းကို ဘေးသို့ ထပ်မံ လွှဲလိုက်ပြီး လုချန်းကို လုံးဝ မကြည့်ပဲ ရှောင်ဖယ်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် လုချန်းက

“ကျုပ်ဆီမှာ စုံတွဲ နတ်ကျင့်စဉ်တစ်ခု ရှိတယ်။ အဲ့ဒါကို အသုံးပြုရင် ခင်ဗျားရဲ့ ကျင့်စဉ်အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိစေလိမ့်မယ်။”

၎င်းကို ကြားရသောအခါ နတ်သခင် ကောင်းကင်က ဂရုမစိုက်ဟန် ပြုလိုက်သည်။ သူမသည် နတ်သခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူမ၏ ကျင့်စဉ်ကို ထပ်မံ တိုးတက်စေရန် ခဲယဉ်းလှသဖြင့် လုချန်း၏ စုံတွဲကျင့်စဉ်က သူမကို တိုးတက်စေနိုင်မည်ဟု မယုံကြည်ပေ။

ထို့နောက် လုချန်းသည် ‘ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ’ ကို ပုလဲလုံးအဖြစ် စုစည်းလိုက်ပြီး နတ်သခင် ကောင်းကင်၏ ရှေ့မှောက်တွင် တင်ပြလိုက်သည်။ သူမသည် မျက်လုံး ထောင့်မှနေ၍ ထိုအမွေအနှစ်ပုလဲကို တစ်ချက် ကြည့်လိုက်၏။

“ဘယ်လို စုံတွဲ ကျင့်စဉ်မျိုးဖြစ်ဖြစ် ကျွန်မအတွက် အသုံးဝင်လိမ့်မယ်လို့ ကျွန်မ မယုံဘူး။”

လုချန်းက ပြုံးလိုက်ပြီး

“ စမ်းကြည့်ပြီး ခဏနေရင် သိရတာပေါ့”

နတ်သခင် ကောင်းကင် စဉ်းစားကြည့်လိုက်ပြီး အမွေအနှစ်မှတ်ဉာဏ်ပုလဲကို သူမ၏ နဖူးထက်တွင် နတ်စွမ်းအားဖြင့် အသက်သွင်းရန် ရွေးချယ်လိုက်ရာ ထိုခဏချင်းမှာပင် ‘ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ’ ၏ အကြောင်းအရာများ သူမ၏ စိတ်ထဲသို့ စီးဝင်သွားခဲ့သည်။

‘ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ’ ၏ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် သူမ၏ မျက်နှာထက်၌ မယုံကြည်နိုင်သည့် အရိပ်အယောင်များ အနည်းငယ် ပေါ်ထွက်လာခဲ့သည်။

ဤနတ်ကျင့်စဉ်၏ အဆင့်အတန်းက တကယ်ပင် သူတော်စင် အဆင့် ဖြစ်နေတာလား။

စုံတွဲကျင့်စဉ်တစ်ခုကလည်း သူတော်စင်အဆင့် နတ်ကျင့်စဉ်အဖြစ် သတ်မှတ်ခြင်း ခံရနိုင်ပါသလား။

သူမ၏ အမြင်တွင် စုံတွဲကျင့်စဉ်ဟူသည် ပါရမီ မပြည့်စုံသူများသာ ရွေးချယ်လေ့ရှိသည့် အထောက်အပံ့ ကျင့်စဉ် နည်းလမ်းတစ်ခုဖြစ်ပြီး သာမန် လမ်းစဉ်တစ်ခုဟုသာ ထင်မြင်ခဲ့သည်။ ထိုကဲ့သို့သော လမ်းစဉ်မျိုးတွင် ဘယ်လိုလုပ် သူတော်စင်အဆင့် နတ်ကျင့်စဉ် ရှိနေနိုင်မည်နည်း။

နတ်သခင် ကောင်းကင် ‘ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ’ ကို ဖတ်ရှုပြီးသွားသည်ကို လုချန်း တွေ့မြင်လျှင်

“ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို အရင် ကျင့်သုံးကြည့်ပါဦး။ ခင်ဗျားအတွက် ဝမ်းမြောက်စရာ အံ့ဩမှုတွေ ရှိလာနိုင်ပါတယ်။”

နတ်သခင် ကောင်းကင် ခဏခန့် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ‘ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ’ ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

--

……..

All Chapters