အခန်း ၂၀၀၀
Vol. 134 Ch. 2000
အခန်း( ၂၀၀၀ )
မင်္ဂလာရှိသောနေ့
နတ်သခင် ကောင်းကင်သည် ‘ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ’ ကို စတင် လည်ပတ် လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်း နေကြောင်း သူမ အာရုံခံ မိလိုက်၏။
လျှပ်တစ်ပြက် အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်သည် အလွန် ပူပြင်း လာပြီး ခန္ဓာကိုယ် အတွင်းရှိ နတ်စွမ်းအားများမှာလည်း ထိန်းမနိုင် သိမ်းမရ ကစဉ့်ကလျား ဖြစ်ကာ သောင်းကျန်း လာတော့သည်။
ဤအရာသည် လူနှစ်ယောက် အတူတကွ ဖက်လဲတကင်း ကျင့်ကြံရန် လိုအပ်သည့် စုံတွဲကျင့်စဉ် နတ်ကျင့်စဉ် တစ်ခု ဖြစ်သော်လည်း ယခု သူမ တစ်ဦးတည်းသာ ထိုနတ်ကျင့်စဉ်ကို လည်ပတ်နေခြင်း ဖြစ်ကြောင်း နတ်သခင် ကောင်းကင် ချက်ချင်း သဘောပေါက် သွားခဲ့သည်။
ထိုနတ်ကျင့်စဉ်ကို လည်ပတ်သည့် အခါတွင် ၎င်းသည် သူမ၏ စိတ်အတွင်းရှိ ရာဂ ဆန္ဒများကို မီးတောက်ထဲ လောင်စာထည့်သကဲ့သို့ လှုံ့ဆော် ပေးမည် ဖြစ်ပြီး အမျိုးသား တစ်ဦးနှင့် ထိုသို့ ပြုမူ ကျင့်ကြံရန် တွေးတော စေကာ ကျင့်စဉ်ကို တကယ် အသက်ဝင် စေမည် ဖြစ်သည်။
နတ်သခင် ကောင်းကင်သည် အံကိုခပ်ဖွဖွ ကြိတ်လိုက်ပြီး သူမ၏ ခရမ်းရောင် မျက်ဝန်းများဖြင့် လုချန်းကို ဒေါသတကြီး စိုက်ကြည့် လိုက်၏။ ထိုလူယုတ်မာထံ၌ မရိုးသားသည့် ရည်ရွယ်ချက် ရှိနေကြောင်း သူမ ကောင်းကောင်းကြီး သိလိုက်ပြီ ဖြစ်သည်။
ဤအရာသည် သူတော်စင်အဆင့် နတ်ကျင့်စဉ် တစ်ခု ဖြစ်သော်လည်း လုချန်းက ၎င်းကို ယခုလို လက်လွတ်စပယ် အလွယ်တကူ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုအရာက သူဆင်ထားသည့် ထောင်ချောက် တစ်ခုသာ ဧကန်မုချ ဖြစ်ရမည်။
အကယ်၍ သူမသာ ဤကျင့်စဉ်ကို ဆက်လက် လည်ပတ် နေပါက မကြာမီ သူမ ခန္ဓာကိုယ်ထဲရှိ ဆန္ဒများကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံး သွားပြီး အရှက်အကြောက် မရှိသည့် မိန်းမပျက် တစ်ဦးအဖြစ် ပြောင်းလဲ သွားမည်ကို သူမ စိုးရိမ် သောကရောက် လာမိသည်။
နတ်သခင် ကောင်းကင်က
“ဒီလို ကျင့်စဉ်လေး တစ်ခုနဲ့ ကျွန်မရဲ့ စိတ်နှလုံးကို ရနိုင်မယ်လို့ ရှင်ထင်နေတာလား။ ရယ်စရာပဲ”
ဟု ရေခဲတမျှ အေးစက်စွာ ပြောလိုက်၏။
ထိုကျင့်စဉ်သည် သူမ၏ ခန္ဓာကိုယ်တွင်း ဆန္ဒများကို တကယ် တောက်လောင် စေနိုင်သော်လည်း ထိုသို့ဖြစ်ခြင်းက သူမ လုချန်းကို တကယ် နှစ်သက် သွားစေမည်ဟု မဆိုလိုပေ။
ဆန္ဒက ဆန္ဒ၊ နှစ်သက်မှုက နှစ်သက်မှု သက်သက်စီပင်။
လုချန်းက ဘာမှမပြောပဲ ပြုံးလိုက်ပြီးနောက် နတ်သခင် ကောင်းကင်၏ နှုတ်ခမ်းများကို ပိတ်ဆို့ရန် ထပ်မံ ငုံ့ချလိုက်သည်။
“အင်း...”
ထို့နောက် ချက်ချင်းပင် လုချန်းသည် ‘ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ’ ကို စတင် လည်ပတ် လိုက်ပြီး သူ ကျင့်ကြံ လိုက်သည်နှင့် အမျှ သူ၏ ပတ်ဝန်းကျင်တွင် ‘ဖန်တီးခြင်း လမ်းစဉ်’ ၏ လမ်းစဉ်အနှစ်သာရများ တဖြည်းဖြည်း ထင်ထင်ရှားရှား ပေါ်ထွက် လာခဲ့သည်။
သူမကိုယ်တိုင် ‘ဖန်တီးခြင်း လမ်းစဉ်’ ကို တဖြည်းဖြည်း နားလည် သဘောပေါက် လာသည်ကို မြင်သောအခါ နတ်သခင် ကောင်းကင်လည်း အိမ်မက်က နိုးသလို လန့်ဖျပ် သွားခဲ့ပြီးနောက် လုချန်းနှင့် လိုလိုလားလား ပူးပေါင်း ကာ ‘ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ’ ကို ဆက်လက် လည်ပတ် လိုက်တော့သည်။
သို့သော် သူမ ကျင့်ကြံပြီး မကြာမီမှာပင် သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း မရှိတော့သလို ခံစားလိုက်ရသော်လည်း ‘ဖန်တီးခြင်း လမ်းစဉ်’ အပေါ် သူမ၏ နားလည် သဘောပေါက်မှုသည် ပို၍ထင်ရှား လာပြီး သူ၏ စွမ်းအားများ တဟုန်ထိုး တိုးတက် လာသည်ကို ရှင်းလင်းစွာ ခံစား လိုက်ရသည်။
နတ်သခင် အဆင့်တွင် စွမ်းအား အနည်းငယ်ခန့် မြှင့်တင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ပြင်ပ အထောက်အပံ့ ဖြစ်သည်။
နတ်သခင် ကောင်းကင်သည် သူမ၏ စွမ်းအား တိုးတက်မှုကို မခံစားရသည်မှာ အချိန်အတော်ကြာ ခဲ့ပြီ ဖြစ်သည်။
သူမသည် လုချန်းနှင့် တကယ် စုံတွဲကျင့်စဉ် ကျင့်ကြံချင် နေသော်လည်း သူ ပြုလုပ်သမျှမှာ သူမကို နမ်းရှုံ့ခြင်း သာ ဖြစ်သည်။
သူမကို ဗြောင်ကျကျ အထင်အရှား အရှက်ခွဲ နေသည့် လုချန်းအပေါ် ချစ်ခြင်း၊ မုန်းခြင်း ရောပြွမ်း သော ပူလောင်လှသည့် ခံစားချက်များ နတ်သခင် ကောင်းကင်၏ စိတ်ထဲ ဖြစ်ပေါ် လာခဲ့သည်။
လုချန်းသည် ဤကျင့်စဉ်၏ နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုးများကို သေသေချာချာ သိရမည် ဖြစ်သော်လည်း ယခုအချိန်အထိ သူသည် အဝတ်အစားများကိုပင် ဖယ်ရှားခြင်း မရှိသေးပေ။ ၎င်းက သူမ၏ စိတ်ထိန်းချုပ်နိုင်စွမ်းကို ဆုံးရှုံး စေပြီး သူမဘက်မှ အစပြု လာစေရန် ရည်ရွယ်နေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
နတ်သခင် ကောင်းကင် ဂရုမစိုက်နိုင်တော့ပေ။ ထိုလူယုတ်မာ၏ ဖျက်ဆီးခြင်းကို ခံရပြီးသူမ၏ တန်ဖိုးရှိလှသော ဂုဏ်သိက္ခာကို ဆုံးရှုံး စေပြီးပြီ ဖြစ်ရာ သူမ ဘာထပ်လုပ်လုပ် ဘာမှ ထူးခြားသွားမည် မဟုတ်ပေ။
နောက်တစ်ခဏ၌ နတ်သခင် ကောင်းကင်သည် သူမ၏ နတ်စွမ်းအားကို တိုက်ရိုက် အသုံးပြု လိုက်ရာ လုချန်း၏ အဝတ်အစားများ ချက်ချင်းပင် ပျောက်ကွယ် သွားခဲ့သည်။ လုချန်း ကြောင်အမ်းအမ်းဖြင့် တုံ့ပြန်ရန် အချိန်မရခင်မှာပင် သူမက အစပျိုးကာ ရှေ့သို့ တိုးသွားခဲ့တော့သည်။
ဤအခြေအနေ ရောက်မှတော့ လုချန်း အနေနှင့်လည်း ဆက်လက် သည်းခံနေရန် မလိုတော့ပေ။
…..
လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကျောင်းတော်သခင် တစ်ဦး အနေနှင့် နတ်သခင် ယွမ်မုန့်သည် သူမ၏ နတ်အာရုံကို အသုံးပြုကာ လျှို့ဝှက်လဝန်း ကျောင်းတော် အတွင်း၌ ဖြစ်ပျက် နေသမျှကို ချက်ချင်း အာရုံခံ သိ နိုင်သည်။
နတ်သခင် ကောင်းကင် ပြန်သွားပြီးနောက် သူမ မည်သို့ ပြုမူ မည်ကို အကဲခတ် ကြည့်ရှုရန် နတ်သခင် ယွမ်မုန့်က သူမ၏ နတ်အာရုံဖြင့် စုံစမ်း ထောက်လှမ်းခဲ့သည်။
နတ်သခင် ကောင်းကင်နှင့် လုချန်းတို့ ဤမျှ မြန်ဆန်စွာ စုံတွဲကျင့်စဉ်ကို စတင် ကျင့်ကြံ ကြလိမ့်မည်ဟု သူမ အိပ်မက်ပင် ထည့်မမက်ဖူးခဲ့ပေ။
နတ်သခင် ယွမ်မုန့် မျက်ခုံးတွန့် လိုက်မိ၏။ လုချန်းက အလွန် စိတ်စော လွန်းလှသည်။
ထိုစဉ် စိတ်ထဲ မတင်မကျဖြစ်ကာ တစ်ခုခု လွဲမှား နေကြောင်း နတ်သခင် ယွမ်မုန့် အာရုံခံ မိလိုက်သည်။ လုချန်းနှင့် နတ်သခင် ကောင်းကင်တို့သည် တကယ် စုံတွဲကျင့်စဉ် ကျင့်ကြံ နေပုံ မရပေ။
ယေဘုယျအားဖြင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းကို အခြေအနေ နှစ်မျိုး ခွဲခြား နိုင်သည်။ တစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသမီးတို့ စိတ်တူကိုယ်တူ မျက်နှာချင်းဆိုင် ထိုင်ကာ တစ်ဦး၏ နတ်စွမ်းအားကို အခြား တစ်ဦး၏ ခန္ဓာကိုယ် အတွင်းသို့ လက်ဝါးချင်း ထိစပ်ကာ လွှဲပြောင်း ပေးခြင်း ဖြစ်သည်။
အခြား တစ်မျိုး ကတော့ ထိုသို့ ကာမ အမှု ပြုမူ ကျင့်ကြံခြင်း ဖြစ်၏။ ၎င်းသည် ဝိညာဉ်ရေးရာ ချိတ်ဆက်မှုကို ထောက်ပံ့ ပေးကာ စုံတွဲကျင့်စဉ်၏ အကျိုးသက်ရောက်မှုကို အဆမတန် မြှင့်တင် ပေးသည်။
နီးကပ်သော ထိတွေ့မှု ကြောင့် ဒုတိယ အမျိုးအစားမှ အကောင်းဆုံး ရလဒ်ထွက်ပေါ်လာမှာ သံသယ ဖြစ်စရာ မရှိပေ။
သို့သော် မည်သည့် အမျိုးအစားပင် ဖြစ်ပါစေ စုံတွဲကျင့်စဉ် ကျင့်ကြံခြင်း၏ ပဓာနကျသော အဓိက ရည်ရွယ်ချက်မှာ ကျင့်စဉ်အဆင့်နှင့် စွမ်းအားကို မြှင့်တင်ရန် ဖြစ်သည်။
ထိုသို့ ပြုမူခြင်းများ ပါဝင်သော်လည်း ၎င်းသည် လုပ်ငန်းစဉ်၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပြီး အဓိက အာရုံစိုက်ရာ ကိစ္စ မဟုတ်ပေ။
သို့သော် နတ်သခင် ယွမ်မုန့်၏ နတ်အာရုံ အရ လုချန်းသည် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်း အပေါ် အာရုံစိုက် နေခြင်း မဟုတ်ပေ။ ထိုနှစ်ယောက်သည် တကယ်တော့ ကာမ စည်းစိမ် ခံစား နေကြခြင်း ဖြစ်ကြောင်း နတ်သခင် ယွမ်မုန့် ရိပ်မိလိုက်၏။
နတ်သခင် ယွမ်မုန့်၏ မျက်နှာ ပိုမို အေးစက် လာခဲ့သည်။ စုံတွဲကျင့်စဉ် ကျင့်သည်ဖြစ်စေ၊ မကျင့်သည်ဖြစ်စေ ထိုလူယုတ်မာသည် သိသိသာသာပင် ကာမရာဂ ထူပြော လွန်းလှသည်။
ထိုကဲ့သို့သော တဏှာရူး တစ်ယောက်က မည်သို့များ အနာဂတ်၏ လောက ကယ်တင်ရှင် ဖြစ်နိုင်မည်နည်းဟု သူမ စိတ်ပျက်လက်ပျက် တွေးတော မိကာ သူမ မြင်မက်ခဲ့သော နိမိတ် အိပ်မက်များ လွဲချော် မှားယွင်း နေသလား ဟု သံသယ ဝင်လာမိတော့သည်။
ထိုစဉ် နတ်သခင် ကောင်းကင်၏ အခြေအနေမှာလည်း ပုံမှန်မဟုတ်ကြောင်း နတ်သခင် ယွမ်မုန့် သတိပြုမိ လိုက်သည်။ သူမ၏ မြင့်မြတ်လှသော အဆင့်အတန်း အရ ဆန္ဒကို ထိန်းချုပ်ရန် လွယ်ကူ ရမည် ဖြစ်ပြီး လုချန်း၏ လုပ်ရပ်များကို ဂရုမစိုက်ပဲ နေနိုင်ရမည် ဖြစ်သည်။
သို့သော် ယခုတော့ နတ်သခင် ကောင်းကင်သည် အလွန် ပူးပေါင်း ဆောင်ရွက် နေသည့် အပြင် လုချန်းအပေါ် တက်ကြွစွာပင် တုံ့ပြန် နေပုံ ရသည်။
နတ်သခင် ယွမ်မုန့်သည် နတ်သခင် ကောင်းကင်၏ မျက်လုံး ပြူးချင်စရာ အပြုအမူကို ဆက်လက် မကြည့်ရှု နိုင်တော့သဖြင့် သူမ၏ အာရုံခံမှုကို ချက်ချင်း ပိတ်ဆို့ လိုက်ပြီး သူတို့ စုံတွဲကျင့်စဉ် ကျင့်ကြံမှု ပြီးဆုံး သည့် အခါမှ အခြေအနေမှန်ကို ဖော်ထုတ်ရန် သူမကို သွားရောက် မေးမြန်းဦးမည်ဟု စဉ်းစား လိုက်တော့သည်။
……
တစ်ချိန်တည်းမှာပင်။
တောင်ပိုင်းနယ်။
ကျယ်ပြောလှသော စိမ့်စမ်းတောကြီး တစ်ခုအတွင်း၌ မြင်မကောင်းလောက်အောင် ကြီးမားလှသော သွေးစွမ်းအားများ ရုတ်တရက် လှိုင်းထလာပြီး သွေးစွမ်းအားများက စိမ့်စမ်းတော တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ပွက်ပွက်ဆူသော ရေပူဖောင်းများ စတင် ထွက်ပေါ် လာခဲ့သည်။
မကြာမီ စိမ့်စမ်းတောသည် မြေလှန်မတတ် ပြင်းထန်စွာ တုန်ခါ သွားခဲ့ပြီး အောက်ခြေတွင် ကြီးမားသော အမည်းရောင် ဝဲဂယက် တစ်ခု ထွက်ပေါ်လာကာ ၎င်း၏ အတွင်းမှ ခန့်ညားလှသော ကြက်သွေးရောင် နန်းတော်များ ပေါ်ထွက် လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ဝတ်ရုံနက် ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး ကောင်းကင်တွင် ပေါ်လာပြီး အောက်ရှိ အမည်းရောင် ဝဲဂယက်ကို သတိပြုမိ သောအခါ သူ၏ မျက်နှာထက်၌ စိတ်လှုပ်ရှား အားရမှုများ ပြသ လာခဲ့သည်။
“ဒါဟာ တောင်ပိုင်းနယ်မှာ နှစ်ပေါင်းများစွာ ဇာတ်မြုပ် နေခဲ့ပြီးတဲ့ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ချန်ထားခဲ့တဲ့ ကမ္ဘာငယ် တစ်ခု ဖြစ်ရမယ်။”
နတ်သခင် ကောင်းကင်လင်းယုန်သည် ဝဲဂယက်မှတစ်ဆင့် ထိုကမ္ဘာငယ် အတွင်းသို့ ဝင်ရောက်လိုစိတ် ပြင်းပြလာခဲ့သည်။ သို့သော် သူ ခြေတစ်လှမ်းမှ မလှုပ်ရှားရ သေးခင်မှာပင် ထိုကမ္ဘာငယ် အတွင်းမှ လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်း ရှိသော ဖိအားတစ်ခု ဖြာထွက် လာခဲ့သည်။
နတ်သခင် ကောင်းကင်လင်းယုန်သည် သူကိုယ်သူ ပြန်လည် ထိန်းချုပ် လိုက်ပြီး သူ၏ ပြုံးရွှင်မှုများလည်း လကိုတိမ်ဖုံးသကဲ့သို့ ပျောက်ကွယ် သွားကာ ထိတ်လန့် တုန်လှုပ်မှု အရိပ်အယောင်များ အစားထိုး ပေါ်ထွက် လာခဲ့သည်။
နောက်တစ်ခဏ၌ ဝတ်ရုံနီ ဝတ်ဆင်ထားသော ဆံပင်နီနှင့် နတ်သခင် တစ်ဦး ဝဲဂယက် အတွင်းမှ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ဝဲပျံတက် လာခဲ့သည်။
သွေးမိစ္ဆာ နတ်သခင်သည် ကောင်းကင်လင်းယုန်နတ်သခင်ကို တိတ်တဆိတ် စောင့်ကြည့် လိုက်ပြီး
“ခင်ဗျားက ဘယ်သူလဲ”
ဟု ခက်ထန်စွာ မေးလိုက်၏။
သွေးလင်းယုန်ခန်းမသည် ပေါ်ထွက်လာရန် ပြင်ဆင်နေရုံသာ ရှိသေးပြီး နတ်သခင် တစ်ဦးက ၎င်းတို့၏ အိမ်ရှေ့ တံခါးဝသို့ ရောက်ရှိ လာခြင်း ဖြစ်ရာ ဤသူသည် ခမ်းနားသော ကောင်းကင်ခန်းမမှ စေလွှတ် လိုက်သူ ဖြစ်နိုင်သည်ဟု သူအား သံသယ ဝင်မိစေသည်။
ကမ္ဘာငယ်၏ အဝင်ဝမှ နတ်သခင် တစ်ဦး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် နတ်သခင် ကောင်းကင်လင်းယုန်၏ မျက်နှာ ပို၍ညှိုးမှိန် သွားခဲ့သည်။ ဤအရာသည် အစွမ်းထက် ကျင့်ကြံသူ တစ်ဦး ချန်ထားခဲ့သည့် ကမ္ဘာငယ်ဟု သူ ထင်မှတ် ခဲ့သော်လည်း ၎င်းမှာ အတွင်း၌ ခေါင်းမပြူဝံ့ပဲ ပုန်းအောင်း နေသည့် ပိုးမွှားလို သတ္တဝါများ နေထိုင်ရာ ဖြစ်နေသည်။
သူ့ အနေနှင့် အလဟဿ ခရီးတစ်ခု နှင်ခဲ့ရခြင်း ဖြစ်သည်။
နတ်သခင် ကောင်းကင်လင်းယုန်က
“ရတနာတွေ ထွက်ပေါ်လာတယ် အောက်မေ့တယ်။ ညစ်ပတ်တဲ့ မြောင်းပုပ်ထဲမှာ ပုန်းနေတဲ့ ကြွက်စုတ်တွေ ဖြစ်နေတာကိုး”
ဟု ကဲ့ရဲ့ရှုတ်ချစွာ ပြောလိုက်၏။
ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင်လင်းယုန်သည် သွေးမိစ္ဆာ နတ်သခင်ထံမှ မိစ္ဆာစွမ်းအားကို အာရုံခံ မိလိုက်သဖြင့် သူ့ကို မိစ္ဆာနတ် တစ်ဦးအဖြစ် အသေအချာ ခွဲခြား သိမြင် လိုက်သည်။
ဖြောင့်မတ်သော နတ်များသည် မိစ္ဆာနတ်များကို အမြဲတမ်းအထင်သေး တတ်ကြ၏။ နတ်သခင် ကောင်းကင်လင်းယုန် သည် စစ်မှန်သော လူကြီးလူကောင်း တစ်ဦး မဟုတ်သော်လည်း မိစ္ဆာနတ်များ အပေါ်တွင်တော့လိုလိုလားလား မရှိပေ။
သူ၏ နားမခံသာသော စကားများကို ကြားသောအခါ သွေးမိစ္ဆာ နတ်သခင် ဒေါသအမျက် ချောင်းချောင်းထွက် သွားခဲ့သည်။ ယနေ့သည် မင်္ဂလာရှိလှသော သွေးလင်းယုန်ခန်းမ ပေါ်ထွက်လာသည့် နေ့ရက် ဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူတို့အား လှောင်ပြောင် သရော် ရဲနေခြင်း ဖြစ်သည်။
သွေးမိစ္ဆာ နတ်သခင်က နှာခေါင်းရှုံ့ လိုက်ရင်း
“ကြွက်စုတ်တွေ ဟုတ်လား... ကောင်းပြီလေ။ ဒါဆိုရင် ဒီနေ့ ကျုပ် တို့ သွေးလင်းယုန်ခန်းမရဲ့ ပေါ်ထွက်လာခြင်းကို ကမ္ဘာသိ ကြေညာဖို့ ခင်ဗျားရဲ့ သွေးကို အသပြာလို သုံးရမှာပေါ့။”
--
………..