← Chapters

အခန်း ၂၀၀၃

Vol. 134 Ch. 2003

အခန်း ၂၀၀၃

Vol. 134 Ch. 2003

အခန်း (၂၀၀၃)

နတ်သခင် ယွမ်မုန့်၏ သတိပေးချက်

လုချန်း၏ စကားများကြောင့် နတ်သခင် ကောင်းကင် ခဏခန့် ကြောင်အမ်းသွားခဲ့သည်။

လုချန်းနှင့် စုံတွဲကျင့်စဉ်ကို ကျင့်ကြံခြင်းက လုချန်း ကျင့်ကြံသော လမ်းစဉ်ကို သူမအား အာရုံခံသိမြင်စေနိုင်သော်လည်း လုချန်းကိုယ်တိုင်ကတော့ ထိုမျှများပြားသော လမ်းစဉ်များကို ကျင့်ကြံထားခြင်း မရှိပေ။

စုံတွဲကျင့်စဉ်တစ်ခုတည်းနှင့် သူမ လမ်းစဉ်အားလုံးကို မည်သို့ သိမြင်နိုင်မည်နည်း။

နေပါဦး...

နတ်သခင် ကောင်းကင်သည် တစ်ခုခု မှားယွင်းနေသည်ကို မရေမရာ အာရုံခံမိလိုက်သည်။

လုချန်း၏ ကျင့်ကြံခြင်းတွင် လမ်းစဉ်တစ်ခုထက်မက ပါဝင်နေသည်ကို သူမ သတိပြုမိခဲ့သည်မှာ အစောကတည်းကပင် ဖြစ်သည်။

လုချန်း ပြောပုံအရဆိုလျှင် သူက ကျင့်ကြံခြင်းလမ်းစဉ်အားလုံးကို နားလည်သဘောပေါက်ထားတာလား။

စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် နတ်သခင် ကောင်းကင်သည် လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ

“ရှင်က ကျင့်ကြံခြင်းလမ်းစဉ် အားလုံးကို နားလည်သဘောပေါက်ထားတာလား။”

ယေဘုယျအားဖြင့် နတ်ဧကရာဇ်တစ်ပါးသည် နတ်ဧကရာဇ် မဖြစ်လာမီ ကျင့်ကြံခြင်းလမ်းစဉ် တစ်ခုတည်း၏ အထွတ်အထိပ်သို့ ရောက်ရှိလေ့ရှိသည်။

ထိုသို့ဖြစ်လျှင်ပင် သူတို့သည် အလွန်ဆုံး ကျင့်ကြံခြင်းလမ်းစဉ် အနည်းငယ်ကိုသာ နားလည်သဘောပေါက်နိုင်သည်။

အကယ်၍ လုချန်းသာ ကျင့်ကြံခြင်းလမ်းစဉ်အားလုံးကို တကယ် နားလည်သဘောပေါက်ထားပါက သူ၏ စွမ်းအားအစစ်သည် နတ်ဧကရာဇ်တစ်ပါးထက်ပင် ပို၍ ခြောက်ခြားဖွယ် ကောင်းနေမည် ဖြစ်သလို လောကကြီးကို မှောက်လှန်နိုင်လောက်အောင်ပင် စွမ်းအားကြီးနေပေလိမ့်မည်။

လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသော်လည်း သူက တုံ့ပြန်ခြင်း မရှိခဲ့ပေ။

နောက်ထပ် အခိုက်အတန့်တွင် အခန်းတစ်ခုလုံးသည် ပန်းပေါင်းစုံ ဖူးပွင့်လာသကဲ့သို့ အမျိုးမျိုးသော လမ်းစဉ်တုန်ခါမှု များဖြင့် ပြည့်နှက်သွားတော့သည်။

အခန်းထဲရှိ ရောင်စုံလမ်းစဉ်တုန်ခါမှုများကို မြင်လိုက်ရသည့်အခါ နတ်သခင် ကောင်းကင်တစ်ယောက် ကျောက်ရုပ်ပမာ လုံးဝ ဆွံ့အသွားခဲ့ရသည်။

အချိန်အတော်ကြာမှ သူမ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး လုချန်းကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။

“ရှင်က တကယ်တော့ ဘယ်သူလဲ”

လုချန်း ထျန်းရန် နတ်ဘုရားနယ်မြေမှ တကယ် လာသူဟုတ်မဟုတ်ကို ယခု သူမ အပြင်းအထန် သံသယဝင်နေမိသည်။

ထျန်းရန် နတ်ဘုရားနယ်မြေမှ မည်သည့်နတ်ဧကရာဇ်မှ ကျင့်ကြံခြင်းလမ်းစဉ်အားလုံးကို တတ်မြောက်ထားသည်ဟု သူမ တစ်ခါမှ မကြားဖူးပေ။

ထိုအခိုက်အတန့်တွင် လုချန်းသည် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး သူ၏ ရင်ဘတ်ကို နတ်သခင် ကောင်းကင်၏ နူးညံ့သော ခန္ဓာကိုယ်နှင့် ဖိကပ်ထားကာ သူမ၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားရဲ့ ယောက်ျားလေ”

လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ကောင်းကင်က

“မပြောချင်ရင်လည်း ထားလိုက်ပါ”

သူတို့၏ ခန္ဓာကိုယ်များ ထပ်တူနီးပါး ဖိကပ်ထားခြင်းကြောင့် နတ်သခင် ကောင်းကင်သည် ယခင်က တစ်ခါမှ မခံစားဖူးသည့် ထူးဆန်းသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

သူမသည် ရုတ်တရက် စိတ်အေးချမ်းမှုကို ခံစားလိုက်ရပြီး သူမကိုယ်သူမ မသိလိုက်ပဲ သူမ၏ လက်က လုချန်း၏ ခါးကို လှမ်းဖက်ရန် ပြင်လိုက်မိသည်။

သို့သော်လည်း သူမ ၏ရင်ထဲမှ အာသီသကို ထိန်းချုပ်လိုက်စဉ် လုချန်း၏ အသံက သူမ၏ နားထဲသို့ ထပ်မံ ပျံ့လွင့်လာပြန်သည် ။

“ကျုပ်အတွက် ကလေးတစ်ယောက် မွေးပေးမလား”

လုချန်း၏ နက်ရှိုင်းသော အသံက သူမ၏ နားထဲသို့ ဝင်ရောက်လာပြီး သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် တုန်ရင်သွားစေကာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ခန္ဓာကိုယ် အပူချိန်မှာလည်း မီးလျှံပမာ ရုတ်ချည်း မြင့်တက်လာခဲ့သည်။

ဒီလူယုတ်မာအတွက် ကလေးမွေးပေးရမယ် ဟုတ်လား။

သူသည် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ ဖြစ်ရမည်။

သတိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် နတ်သခင် ကောင်းကင်က ချက်ချင်းပင်

“စိတ်ကူးယဉ်မနေနဲ့”

လုချန်းက သူ၏ နက်ရှိုင်းသော အသံဖြင့် ဆက်ပြောလိုက်၏။

“ဒါက ခင်ဗျားသဘောအပေါ်မှာ မူတည်တာ မဟုတ်ဘူး။ နတ်ဧကရာဇ် ရှီယွဲ့ တောင်မှ အစက ကျုပ်ကလေးကို မွေးဖို့ ငြင်းဆန်ခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ သူ့မှာ ကျုပ်ရဲ့ ရင်သွေး ရှိနေပြီ မဟုတ်လား။”

လုချန်း၏ စကားကို ကြားလိုက်ရသည့်အခါ သူမ၏ စိတ်ထဲ လေပြင်းမုန်တိုင်းတိုက်ခတ်ခံရသလို ဖြစ်သွားခဲ့သည်။

နတ်ဧကရာဇ် ရှီယွဲ့က လုချန်း၏ ကလေးကို ကိုယ်ဝန်ဆောင်ထားရတယ် ဟုတ်လား။

အရှေ့က နေဝန်း အနောက်က ထွက်ခြင်းက ပိုဖြစ်နိုင်ပေလိမ့်မည်။

မဖြစ်နိုင်ပေ။

လုံးဝ မဖြစ်နိုင်ပေ။

နတ်ဧကရာဇ် ရှီယွဲ့သည် ယခုအခါ နတ်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ နာဧကရာဇ် အဆင့် မဆိုထားနှင့် သူမသည် ယခင်ကလို နတ်သခင်အဆင့် ဖြစ်ခဲ့လျှင်ပင် ကိုယ်ဝန်ရဖို့ အလွန်တရာ ခက်ခဲလှသည်။

ထို့ပြင် နတ်ဧကရာဇ် ရှီယွဲ့က ဤလူယုတ်မာကို ဘာကြောင့် သဘောတူရမှာနည်း။

လုချန်းက ထိုအရာကို လောကပြင်ပ နတ်ဆိုးမျိုးနွယ်စုဝင် မဟာစွမ်းအားကြီး ပုဂ္ဂိုလ်ရဲ့ သားရဲအမြုတေကို အသုံးပြုပြီး လဲလှယ်ခဲ့တာလား။

ထိုသို့ ဖြစ်ခဲ့လျှင်ပင် နတ်ဧကရာဇ် ရှီယွဲ့သည် ယခုအခါ နတ်ဧကရာဇ်တစ်ပါး ဖြစ်နေပြီဖြစ်၍ လုချန်းနှင့် ထားခဲ့သော သဘောတူညီချက်ကို လိုက်နာရန် မလိုတော့ပေ။

ကိုယ်ဝန်ရှိနေလျှင်ပင် သူမ အနေနှင့် အလွယ်တကူ ဖျက်ချပစ်နိုင်သည်။

ခန္ဓာကိုယ်အတွင်းရှိ အသက်ဇီဝကို ဖျက်ဆီးပစ်ရန်က နတ်ဧကရာဇ်တစ်ပါး အတွက် စိတ်ကူးလိုက်ရုံမျှသာ ဖြစ်သည်။

ဒီလူယုတ်မာက သူမကို လှည့်စားနေတာလား။

နတ်ဧကရာဇ် ရှီယွဲ့က လုချန်း၏ ကလေးကို မွေးပေးလိမ့်မည်ဟု သူမ မယုံကြည်နိုင်သောကြောင့် လုချန်းက သူမကို လှည့်စားနေခြင်းသာ ဖြစ်သည်ဟု နတ်သခင် ကောင်းကင် ခံစားမိလိုက်သည်။

သူမက အေးစက်သော အသံဖြင့်

“ရှင် ကျွန်မကို ပြောတဲ့ စကားတွေက ဘာအဓိပ္ပာယ်မှ မရှိဘူး။ ကျွန်မ ရှင့်အတွက် ဘယ်တော့မှ ကလေးမွေးပေးမှာ မဟုတ်ဘူး”

သူမသည် ကာမရာဂကိစ္စရပ်များတွင် အတန်ငယ် နစ်မွန်းနေမိပြီ ဖြစ်သော်လည်း စိတ်ကိုတော့ ရှင်းရှင်းလင်းလင်း ထိန်းထားနိုင်ဆဲဖြစ်ကြောင်း သူမ သိသည်။

သူမဘက်က အနည်းငယ် ဂရုစိုက်နေပါက လုချန်း၏ ကလေးကို ကိုယ်ဝန်ရရှိရန် မမည်သို့မှ မဖြစ်နိုင်ပေ။

ထို့ပြင် နတ်သခင်တစ်ဦးအတွက် ကိုယ်ဝန်ရရန်မှာ မလွယ်ကူသလို ကိုယ်ဝန်ရခဲ့လျှင်ပင် ဖျက်ဆီးပစ်နိုင်သည်။

နတ်သခင် ကောင်းကင်၏ စကားများကို ကြားလိုက်ရသည့်အခါ လုချန်း၏ ရင်ထဲတွင် သိမ်းပိုက်လိုသော စိတ်ရိုင်းများ တောမီးပမာ ထပ်မံ သောင်းကျန်းလာပြန်သည်။

သူ၏ မိန်းမက သူ၏ ရင်သွေးကို မမွေးချင်လေလေ သူမကို ကိုယ်ဝန်ရှိအောင် လုပ်ချင်စိတ်က ပို၍ ပြင်းပြလာလေလေ ဖြစ်သည်။

လုချန်း စိတ်လှုပ်ရှားလာသည်ကို နတ်သခင် ကောင်းကင်လည်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ပြီး သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားကာ အကြောင်းပြချက်မရှိစွာဖြင့် စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ဖြစ်ပေါ်လာသည်။

အကယ်၍ လုချန်း ပြောသည်မှာ အမှန်ဖြစ်ပြီး သူက နတ်ဧကရာဇ် ရှီယွဲ့ကိုပင် တကယ် ကိုယ်ဝန်ရအောင် လုပ်နိုင်ခဲ့ပါက လုချန်းသည် တစ်နေ့တွင် သူမကိုလည်း တကယ် ကိုယ်ဝန်ရအောင် လုပ်နိုင်ပေလိမ့်မည်။

လုချန်းတွင် နတ်သခင်အဆင့်ရှိသူကို ကိုယ်ဝန်ရစေနိုင်သော တစ်စုံတစ်ရာသော အတတ်ပညာ ရှိနေ၍လား။

အကယ်၍ ထိုသို့သာ တကယ် ဖြစ်ပါက သူမ အနေနှင့် ပို သတိထားရန် လိုအပ်ပြီး ဤလူယုတ်မာကို အမြဲတမ်း စောင့်ကြည့်နေရပေမည်။

…..

ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွား၏။ ဤရက်များအတွင်း လုချန်းနှင့် နတ်သခင် ကောင်းကင်တို့ စုံတွဲကျင့်စဉ်ကို ဆက်လက် ကျင့်ကြံနေခဲ့ကြသည်။

နတ်သခင် ယွမ်မုန့်သည် တစ်ခါတစ်ရံတွင် နတ်သခင် ကောင်းကင်နှင့် လုချန်းတို့အကြား အခြေအနေကို စူးစမ်းချင်စိတ် ဖြစ်ပေါ်လာတတ်ပြီး ရံဖန်ရံခါတွင် ကောင်းကင်တောင်ထိပ်ကို နတ်အာရုံဖြင့် စူးစမ်းကြည့်လေ့ရှိရာ ၎င်းတို့ နှစ်ဦး စုံတွဲကျင့်စဉ်ကို စဉ်ဆက်မပြတ် ကျင့်ကြံနေကြသည်ကိုသာ တွေ့ရှိရသည်။

ထျန်းရန် နတ်ဘုရားနယ်မြေအတွင်း စုံတွဲကျင့်စဉ်သည် ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်သော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုမှာ အကန့်အသတ်ရှိလှ၏။ မည်သူမှ စုံတွဲကျင့်စဉ်တစ်ခုတည်း၌သာ အချိန်ကြာမြင့်စွာ စဉ်ဆက်မပြတ် နစ်မွန်းမနေကြပေ။

နတ်သခင် ကောင်းကင်နှင့် လုချန်းတို့အကြား အဆက်မပြတ် ကျင့်ကြံနေသည့် စုံတွဲကျင့်စဉ်ကို စောင့်ကြည့်ရင်း ၎င်းတို့ နှစ်ဦးသည် တကယ် ကျင့်ကြံနေခြင်းလား သို့မဟုတ် ကာမဂုဏ်ခံစားမှုများထဲတွင် အလွန်အကျွံ နစ်မွန်းနေခြင်းလားဟု နတ်သခင် ယွမ်မုန့်ကို ပို၍သံသယဝင်လာစေခဲ့သည်။

လွန်ခဲ့သော အချိန်အတော်ကြာက လုချန်းနှင့် ရှုကျင့်ရှူးတို့သည် တွေ့ဆုံသည်နှင့် တစ်ပြိုင်နက် စုံတွဲကျင့်စဉ်ကို ကျင့်ကြံခဲ့ကြပြီး ထိန်းချုပ်မရသော အခြေအနေသို့ ရောက်ရှိသွားကာ နောက်ဆုံးတွင် သူမကိုယ်တိုင် လုချန်းကို ရှုကျင့်ရှူး၏ ကမ္ဘာငယ်လေးထဲမှ နှင်ထုတ်ခဲ့ရသည်ကို နတ်သခင် ယွမ်မုန့် ပြန်လည်အမှတ်ရမိလိုက်သည်။

အချိန်တို့သည် ရေစီးသန်သော မြစ်ရေပမာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်တာ အချိန်ကာလ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

နတ်တစ်ပါးအတွက် တစ်နှစ်တာ အချိန်ကာလမှာ မရှည်လျားလှပေ။

အချို့သော နတ်များသည် ကျင့်ကြံနေစဉ်အတွင်း ဆယ်စုနှစ်ပေါင်းများစွာကို ခဏခန့် တရားထိုင်ခြင်းဖြင့် ကုန်လွန်စေနိုင်ကြသည်။

သို့သော်လည်း တရားထိုင်ခြင်းတွင် တစ်နှစ် ကုန်လွန်ခြင်းက ပြဿနာမရှိသော်လည်း စုံတွဲကျင့်စဉ် ကျင့်ကြံရင်း တစ်နှစ် ကုန်လွန်သွားခြင်းကတော့ မည်သို့ပင် ကြည့်ကြည့် ထူးဆန်းနေသည်။

…..

ယွမ်မုန့်ခန်းမအတွင်း၌။

နတ်သခင် ယွမ်မုန့်သည် ကောင်းကင်တောင်ထိပ်တွင် ဖြစ်ပျက်နေသည့် အရာများကို ကြည့်ရှုရန် နတ်အာရုံကို အသုံးပြုလိုက်သည်။

နတ်သခင် ကောင်းကင်တစ်‌ယောက် လုံးဝ နစ်မွန်းနေပုံရသည်ကို ကြည့်ပြီး လုချန်းက သူမအပေါ်တွင် နည်းလမ်း တစ်စုံတစ်ရာကို အသုံးပြုထားခြင်းများလားဟု နတ်သခင် ယွမ်မုန့် တွေးတောမိလိုက်သည်။

နတ်သခင် ကောင်းကင်အား လုချန်း၏ အဖော် ဖြစ်လာစေရန် သူမ ခွင့်ပြုခဲ့ခြင်းမှာ လုချန်းဘက်မှ တောင်းဆိုချက်ကြောင့်လည်း ပါဝင်သလို နတ်သခင် ကောင်းကင်က လုချန်းကို ဆွဲဆောင်ညှို့ယူနိုင်ပြီး သူမအပေါ် အချစ်စိတ်ဝင်စေကာ လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် စိတ်လိုလက်ရ အလုပ်အကျွေးပြုလာစေရန် မျှော်လင့်ခြင်းကြောင့်လည်း ဖြစ်သည်။

သို့သော် ယခုအခါ လုချန်း၌ သူမအပေါ် တကယ် အချစ်စိတ် ရှိမရှိကိုတော့ မသိရသေးပေ။

သို့သော် အကယ်၍ နတ်သခင် ကောင်းကင်သာ ဤသို့ ဆက်သွားနေပါက သူမသည် လုချန်း၏ ယဉ်ပါးအောင် မွေးမြူခြင်းကို တကယ် လုံးဝ ခံရပေလိမ့်မည်။

နတ်သခင် ယွမ်မုန့်လည်း စောင့်ကြည့်ခြင်းကို ရပ်တန့်လိုက်ပြီး နတ်သခင် ကောင်းကင်ထံသို့ တိုက်ရိုက် အသံလွှင့်ကာ ပြောလိုက်သည်။

“ညီမလေး... တစ်နှစ်ဆိုရင် လုံလောက်ပါပြီ”

ယွမ်မုန့်၏ အသံလွှင့်စကားကို ကြားလိုက်ရသည့်အခါ နတ်သခင် ကောင်းကင်၏ စိတ်နှလုံး တုန်လှုပ်သွားပြီး ရုတ်ချည်းပင် ကြည်လင်ပြတ်သားသွားကာ အိပ်မက်ဆိုးမှ လန့်နိုးလာသကဲ့သို့ ဖြစ်သွား၏။ သူမ၏ မိန်းမောနေသော မျက်ဝန်းများသည် ချက်ချင်းပင် နိုးကြားလာခဲ့သည်။

သူတို့၏ ကိစ္စရပ်များကို နတ်သခင် ယွမ်မုန့် အာရုံခံမိလိမ့်မည်ကို အပြည့်အဝ သိထားပြီးဖြစ်သည်။ နတ်သခင် ယွမ်မုန့်သည် ကျောင်းတော်သခင် ဖြစ်သဖြင့် သူမ၏ ကံစွမ်းအားသည် လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် ဆက်နွှယ်နေပြီး ဖြစ်ပျက်သမျှ အသေးစိတ်အချက်အလက်တိုင်းက သူမ၏ စောင့်ကြည့်မှု အောက်တွင် ရှိနေ၏။

သို့သော်လည်း နတ်သခင် ယွမ်မုန့်၏ သတိပေးချက်ကို ကြားလိုက်ရခြင်းက လွန်ခဲ့သည့် တစ်နှစ်အတွင်း လုချန်း၏ အမျိုးမျိုးသော စော်ကားမှုများကို နတ်သခင် ကောင်းကင်အား တွေးတောမိစေ၏။ သူမ ကာမဂုဏ်ထဲတွင် နစ်မွန်းနေခဲ့သည်ကို နတ်သခင် ယွမ်မုန့်က အပြည့်အဝ စောင့်ကြည့်နေခဲ့သည်ဟူသော အသိကလည်း သူမကို အလွန် ရှက်ရွံ့မိသွားစေသည်။

ထိုစဉ် ဖန်တီးခြင်းစွမ်းအားကို လှုံ့ဆော်ရန် သူမ ကြိုးပမ်းလိုက်၏။ အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့မှုကြောင့် သူမ၏ ဖန်တီးခြင်း လမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုက နက်ရှိုင်းလှသည်။

သူမ ဖန်တီးခြင်းစွမ်းအားကို လှုံ့ဆော်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းမှုတစ်ခုကို အာရုံခံမိလိုက်သည်။ ဖန်တီးခြင်း လမ်းစဉ်အတွင်းရှိ ကောင်းကင်လမ်းစဉ်၏ ကန့်သတ်ချက်များအကြားတွင် ရောနှောနေသော မျိုးပွားခြင်းဆိုင်ရာ နိယာမများကို သူမ မရေမရာ သိနားလည်လိုက်ခြင်း ဖြစ်၏။

--

………..

All Chapters