← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇) ရွှမ်လျဲ့နှင့် ယှဉ်ပြိုင်ခြင်း၊ အစွမ်းထက်သော ရန်သူ၏ တိုက်ခိုက်မှု

ရှုချွမ်းက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် စွမ်းအားကို စမ်းသပ်ကြည့်ချင်နေခြင်း ဖြစ်၏။

ရွှမ်လျဲ့က ဤစကားကို ကြားလျှင် မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။

ဤကောင်လေးက အဆင့်တက်ခါစပဲ ရှိသေးပြီး အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူဖြစ်သော သူ့ကို စိန်ခေါ်ရဲသည်လား။

သူကပဲ မသိနားမလည်တာလား၊ သို့မဟုတ် သူ့ကိုယ်သူ ယုံကြည်ချက်လွန်ကဲနေတာလား။

သို့သော်လည်း ရှုချွမ်း၏ နောက်ထပ်ပြောလိုက်သော စကားက သူ၏ သံသယများကို ပယ်ဖျက်ပေးလိုက်သည်။

“ရွှမ်လျဲ့... မင်းရဲ့ ခွန်အားကို ကောင်းကင်ဘုရင်နယ်ပယ် အဆင့်၁အထိ ဖိနှိပ်ထားပြီး ငါနဲ့ ယှဉ်ပြိုင်ကြည့်ရအောင်” ရှုချွမ်းက ရွှမ်လျဲ့ကို ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ရွှမ်လျဲ့မှာ မှင်တက်သွားပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားကာ ပြန်ပြောလိုက်၏။

“ကောင်းပြီ... ငါ မင်းနဲ့ ယှဉ်ပြိုင်ပေးမယ်၊ ဒါပေမဲ့ ငါတို့ မြန်မြန်လုပ်ဖို့ လိုလိမ့်မယ်၊ ရန်သူတွေ မကြာခင် ရောက်လာတော့မှာ”

၎င်းနောက် ရွှမ်လျဲ့က သူ၏ ကျင့်ကြံခြင်းနယ်ပယ်ကို ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၁သို့ ဖိနှိပ်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။

သူသည်လည်း ရှုချွမ်း မည်မျှအထိ သန်မာနေပြီလဲဆိုသည်ကို သိချင်နေခဲ့၏။

လူသားတစ်ဦးနှင့် မိစ္ဆာသားရဲတစ်ကောင်တို့မှာ မဟာမိတ်များဟု ဆိုနိုင်ပေရာ ရှုချွမ်း သန်မာလေလေ ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမှု နည်းပါးလေလေ ဖြစ်ပြီး ရွှမ်လျဲ့အနေဖြင့် သူ့ကို ကာကွယ်ပေးရန် မလိုတော့ဘဲ အေးအေးလူလူ နေနိုင်မည် ဖြစ်သည်။

“မင်းရဲ့ ခွန်အားအစစ်အမှန်က ဘယ်လိုရှိလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့”

ရွှမ်လျဲ့ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သန်မာထွားကျိုင်းသော လူတစ်ယောက်အဖြစ်သို့ တိုက်ရိုက် အသွင်ပြောင်းလဲလိုက်သည်။

အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ် မိစ္ဆာသားရဲတစ်ကောင်အနေဖြင့် သူက လူသားပုံသဏ္ဌာန်သို့ ပြောင်းလဲနိုင်စွမ်း ရှိခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

သို့သော်လည်း သူက လူသားမျိုးနွယ်စု၏ ရုပ်သွင်ကို အထူးတလည် မနှစ်သက်သဖြင့် သာမန်အားဖြင့် လူသားပုံစံဖြင့် နေလေ့မရှိပေ။

ရန်သူကို အလေးအနက် ရင်ဆိုင်ရမည့် အချိန်မျိုးတွင်သာ လူသားပုံစံသို့ ပြောင်းလဲလေ့ရှိသည်။

ရေနေမျိုးနွယ်စုဝင် အချို့သည်လည်း လူသားမျိုးနွယ်စုနှင့် ကွဲပြားစေရန်အတွက် အသွင်ပြောင်းလဲသည့်အခါ သူတို့မျိုးနွယ်စု၏ ထူးခြားချက်အချို့ကို တမင်ချန်လှပ်ထားတတ်ကြသော်လည်း ရွှမ်လျဲ့ကမူ စကားအပို မပြောခဲ့ပေ။

သူက လျှပ်စီးလက်သည့်အလား ရှုချွမ်း၏ နောက်ကျောဘက်သို့ ချက်ချင်း ပေါ်ထွက်လာပြီး လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

“ဘုန်း”

ကျယ်လောင်လှသော မြည်ဟည်းသံနှင့်အတူ မမြင်နိုင်သော တုန်ခါလှိုင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။

ရှုချွမ်းက 'ဝမ်ကျီဓား' ကို ထုတ်ယူကာ လှည့်၍ ပိုင်းဖြတ်လိုက်ရာ ရွှမ်လျဲ့၏ လက်သီးချက်ကို သူ၏အရှေ့၌ တိုက်ရိုက် ပိတ်ဆို့ထားလိုက်နိုင်သည်။

ရွှမ်လျဲ့က ဤအခြေအနေကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။

သူက သူ့လက်သီး၏ စွမ်းအားကို ကောင်းစွာ သိရှိထားရာ ရှုချွမ်းက ဤမျှလောက် လွယ်ကူစွာ ပိတ်ဆို့နိုင်လိမ့်မည်ဟု ထင်မထားခဲ့သဖြင့် ၎င်းက သူ၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေခဲ့သည်။

ရှုချွမ်းကမူ ပြုံးလိုက်ပြီး ရွှမ်လျဲ့ကို ပြောလိုက်၏။

“ဒီလောက်အဆင့်နဲ့ တိုက်ခိုက်မှုက မင်း ထုတ်ဖော်သင့်တဲ့ အစွမ်းမျိုး မဟုတ်သေးဘူးထင်တယ်”

“မင်းရဲ့ တကယ့်စွမ်းရည်တွေကို ထုတ်ပြစမ်းပါ၊ မဟုတ်ရင် ငါ ရိုက်နှက်တာကို ခံရလိမ့်မယ်”

ဤလက်သီးချက်က သူ့ကို လုံးဝ ကျေနပ်မှုမပေးနိုင်သည်မှာ ရှင်းလင်းလှပေသည်။

ရှုချွမ်း ဤသို့ပြောသည်ကို မြင်လျှင် ရွှမ်လျဲ့သည်လည်း ထိန်းထားခြင်း မရှိတော့ဘဲ ပြန်ပြောလိုက်၏။

“ကောင်းပြီ... ဒါဆိုရင်တော့ ငါ့လက်သီးချက်ကြောင့် သေမသွားအောင် သတိထားဦး၊ မဟုတ်ရင် ငါ့ရဲ့ ကျင့်စဉ်ကို ဘယ်သူ့ဆီက သွားတောင်းရတော့မှာလဲ”

သူ၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် နောက်ထပ် လက်သီးချက်တစ်ခု ထပ်မံ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြန်သည်။

ဤလက်သီးချက်မှာ ယခင်အချက်ထက် များစွာ ကြီးမားပြီး ပိုမိုအစွမ်းထက်လှပေသည်။

ရှုချွမ်းက ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး မလုပ်တော့ဘဲ အလေးအနက် စတင်ရင်ဆိုင်လိုက်တော့သည်။

အားကောင်းလှသော ဓားချီ များကသူ၏ခန္ဓာကိုယ် ပတ်ပတ်လည်မှ ဖြာထွက်လာခဲ့ပြီး ဓားကို မြှောက်ကိုင်လိုက်ရာ ကောင်းကင်ယံ၌ ဓားချီ များ အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။

၎င်းနောက် သူက ဓားချက်တစ်ချက် ပိုင်းဖြတ်လိုက်ရာ ရွှမ်လျဲ့၏ လက်သီးနှင့် ချက်ချင်း ထိပ်တိုက် တိုးမိတော့၏။

ထိတ်လန့်ဖွယ်ရာ စွမ်းအားများ ဖရိုဖရဲ ပျံ့နှံ့သွားခဲ့ပြီး ရွှမ်လျဲ့၏ တိုက်ခိုက်မှုမှာ ရှုချွမ်း၏ ဆီးကြိုပိတ်ဆို့ခြင်းကို ထပ်မံ ခံလိုက်ရပြန်သည်။

ဤမြင်ကွင်းကို ကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသဖြင့် ရွှမ်လျဲ့ကိုယ်တိုင်ပင် မျက်ခုံးပင့်သွားခဲ့ရပြီး စိတ်ထဲမှ ထိတ်လန့်သွားခဲ့ရ၏။

သူက ယခင်က ရှေးဟောင်းစစ်‌မြေပြင်အတွင်း ရှုချွမ်း၏ အောင်မြင်မှုများကို မသိရှိခဲ့သဖြင့် ရှုချွမ်း၏ တိုက်ခိုက်ရေးစွမ်းရည်အပေါ် တိတိကျကျ နားမလည်ခဲ့ပေ။

ယခုမူ ရှုချွမ်းက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့်၁ ခွန်အားဖြင့် သူ၏ ကောင်းကင်ဘုရင်နယ်ပယ် ပထမအဆင့် ခွန်အားကို တကယ်ပဲ ဖိနှိပ်ထားနိုင်စွမ်း ရှိသည်ကို ကိုယ်တိုင် ကြုံတွေ့လိုက်ရချေပြီ။

အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက သူ ရှုချွမ်းကို ရှုံးနိမ့်သွားနိုင်သည် မဟုတ်ပါလော။

ရွှမ်လျဲ့၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်ပေါက်လာခဲ့သည်။

“ငါ ဒီကောင်လေးကို လုံးဝ အရှုံးမပေးနိုင်ဘူး”

သူက ရှုချွမ်းကို အစွမ်းကုန် တိုက်ခိုက်ရန် စိတ်ထဲမှ တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်သည်။

အကယ်၍ သူသာ ရှုံးနိမ့်သွားပါက သူ၏မျက်နှာကို ဘယ်နား သွားထားရမည်နည်း။

ချက်ချင်းပင် ရွှမ်လျဲ့က သူ၏ ခွန်အားအပြည့်ကို စတင်ဖောက်ခွဲလိုက်တော့သည်။

ထိတ်လန့်ဖွယ်ရာ အော်ရာ တစ်ခု သူ၏ထံမှ ဖြာထွက်လာခဲ့ပြီး သူ၏ ကြီးမားထွားကျိုင်းလှသော ကြွက်သားကြီးများမှာ ထပ်မံ၍ ဖောင်းကားလာခဲ့ရာ ကြွက်သားကြီးများနှင့် လူသန်ကြီးတစ်ဦးအလား ဖြစ်သွားခဲ့တော့သည်။

“လာစမ်း... ငါ့ရဲ့ နောက်ထပ် လက်သီးချက်ကို ခံစားကြည့်စမ်း”

ရွှမ်လျဲ့က အော်ဟစ် လိုက်ပြီး သူ၏လက်သီးကို ထပ်မံ၍ ထိုးနှက်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် သူ၏ခြေဖဝါးအောက်ရှိ ဝိညာဉ်ရေထုကြီးမှာ လက်သီးချက်နှင့်အတူ လိုက်ပါလှုပ်ရှားလာခဲ့ပြီး လက်သီးထက်တွင် လိပ်နဂါး၏ မှိန်ဖျော့ဖျော့ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာခဲ့၏။

ဤလက်သီးချက်၏ စွမ်းအားတစ်ခုတည်းဖြင့်ပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ဖိအားကြောင့် အက်ကွဲသံများ မြည်ဟည်းလာခဲ့ပြီး ဟင်းလင်းပြင်မုန်တိုင်းများနှင့် မိုးခြိမ်းသံများပင် ခပ်ဖျော့ဖျော့ ထွက်ပေါ်လာခဲ့သည်။

ဤလက်သီးချက်၏ စွမ်းအားကို ခံစားမိလျှင် ရှုချွမ်း၏ မျက်နှာထားမှာ တည်ကြည်သွားခဲ့ရသည်။

ရွှမ်လျဲ့၏ တိုက်ခိုက်မှုမှာ ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၁ ကျွမ်းကျင်သူတစ်ဦး ထုတ်ဖော်နိုင်သည့် အပြင်းထန်ဆုံး လက်သီးချက် ဖြစ်သည်မှာ ဧကန်မုချပင်။

အကယ်၍ သူသာ ဤအချက်ကို တောင့်ခံနိုင်မည်ဆိုပါက သူသည် ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၁ သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်နိုင်သော ခွန်အား ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်သည်။

ရှုချွမ်းက ဓားကို ပြန်မရုပ်သိမ်းဘဲ လက်တစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်ကာ အခြားလက်တစ်ဖက်ကိုမူ လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မူလချီများကို လက်သီးထံသို့ အပြင်းအထန် စုစည်းလိုက်တော့သည်။

ဤအခိုက်အတန့်တွင် ရှုချွမ်းက သူ၏ ခွန်အားကို မြှင့်တင်ပေးနိုင်သော ကံကြမ္မာများနှင့် နတ်ဘုရားစွမ်းရည် အားလုံးကို အပြည့်အဝ အသက်သွင်းကာ အစွမ်းကုန် ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

ဓားချက်နှင့် လက်သီးချက် နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ရင်း ရှုချွမ်းက ဟစ်ကြွေးလိုက်၏။

“ပိုင်းဖြတ်စမ်း”

ချက်ချင်းပင် ထိတ်လန့်ဖွယ်ရာ ဓားချီကြီးတစ်ခု ပိုင်းဖြတ်ထွက်လာခဲ့ပြီး ၎င်းနောက်တွင် တောက်ပလှသော အလင်းတန်းများ ဖုံးလွှမ်းနေသည့် လက်သီးချက်တစ်ခု လိုက်ပါသွားခဲ့သည်။

ကောင်းကင်ယံတစ်ခုလုံးမှာ ရေ၏ အပြာရောင်နှင့် တောက်လောင်နေသော နေမင်း၏ အနီရောင်တို့ ရောယှက်သွားခဲ့ပြီး အလွန်တရာ လှပဆန်းကြယ်လှပေသည်။

“ဘုန်း... ဘုန်း...”

တိုက်ခိုက်မှု နှစ်ခုမှာ အချင်းချင်း လိမ်ယှက်သွားခဲ့ပြီး တောက်ပလှသော အလင်းတန်းများအဖြစ် ပေါက်ကွဲသွားခဲ့သည်။

ခေတ္တမျှအတွင်း ပင်လယ်နှင့် ကောင်းကင်ကြီးမှာ တစ်ရောင်တည်း ဖြစ်သွားခဲ့ပြီး တကယ့်ကို အံ့မခန်း မြင်ကွင်းတစ်ခု ဖြစ်နေခဲ့တော့သည်။

“အားရစရာကြီးကွာ”

ရွှမ်လျဲ့က ပထမဆုံး စကားဆိုလိုက်သည်။

သူ၏ တိုက်ခိုက်မှုများစွာမှာ ရှုချွမ်း၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသော်လည်း သူ ဤကဲ့သို့သော တိုက်ပွဲမျိုးနှင့် မဆုံတွေ့ရသည်မှာ ကြာမြင့်လှပြီဖြစ်၍ အလွန်တရာ စိတ်လှုပ်ရှားမိနေဆဲ ဖြစ်သည်။

“ဟားဟားဟား... တကယ့်ကို ကောင်းတယ်”

ရှုချွမ်းသည်လည်း အားရပါးရ ရယ်မောလိုက်၏။

ဤတိုက်ပွဲတွင် နှစ်ဦးစလုံးမှာ အစွမ်းကုန် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

မည်သူနိုင်သည် ရှုံးသည်ကို မဆုံးဖြတ်ရသေးသော်လည်း ၎င်းတို့မှာ မဟာရန်သူများ မဟုတ်ကြသဖြင့် သင့်တော်ရုံမျှဖြင့် ရပ်တန့်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

မာနတစ်ခုအတွက်နှင့် အသက်အသေခံကာ တိုက်ခိုက်နေရန် မလိုပေ။

ဤတိုက်ပွဲတွင် နှစ်ဦးစလုံးမှာ စိတ်ကြိုက် တိုက်ခိုက်ခဲ့ကြပြီး ရှုချွမ်းသည်လည်း သူ၏ လက်ရှိခွန်အားကို စမ်းသပ်နိုင်ခဲ့ပြီ ဖြစ်သည်။

“သွားကြစို့” ရှုချွမ်းက ပြောလိုက်သည်။

ဤခရီးစဉ်မှာ ပြီးပြည့်စုံသွားခဲ့ပြီဖြစ်၍ ထွက်ခွာရမည့်အချိန် ရောက်ပြီ ဖြစ်သည်။

ဤမူလရေကမ္ဘာတစ်ခုလုံးမှာ ရေများသာ ရှိပြီး ၎င်းအတွင်းရှိ အရာများမှာ ရှုချွမ်းအတွက် မရှိမဖြစ် မဟုတ်သဖြင့် ဆက်လက်စူးစမ်းနေရန် မတန်တော့ပေ။

ထို့ပြင် ဤနေရာတွင် နေထိုင်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်၍ ထွက်ခွာရန် သင့်တော်ပေပြီ။

“ကောင်းပြီ”

ရွှမ်လျဲ့က ခေါင်းညိတ်လိုက်ပြီး ဤအချက်ကို မကန့်ကွက်ပေ။

သို့ဖြစ်၍ ၎င်းတို့နှစ်ဦးက ဤနေရာမှ ထွက်ခွာရန်အတွက် သူတို့ ဝင်ရောက်လာခဲ့သော ရေမျက်စိကို လိုက်လံရှာဖွေရန် ပြင်ဆင်လိုက်ကြသည်။

သို့သော်လည်း ၎င်းတို့နှစ်ဦး ထွက်ခွာရန် ပြင်ဆင်လိုက်သည့် အချိန်၌ပင် ဝေးကွာသော နေရာမှ ချဉ်းကပ်လာသော ပုံရိပ်တစ်ခုက သူတို့၏ လှုပ်ရှားမှုများကို ဖြတ်တောက်လိုက်တော့သည်။

“တကယ့်ကို ကောင်းလိုက်တာ... နောက်ဆုံးတော့ မင်းတို့ကို ဒီဘုရင်က ရှာတွေ့ပြီ”

နဂါးခေါင်းနှင့် လူခန္ဓာ ရှိသော အစွမ်းထက် သတ္တဝါကြီးသည် နောက်ဆုံးတွင် ရှုချွမ်းတို့ ရှိရာနေရာသို့ ရောက်ရှိလာခဲ့ချေပြီ။

ရှုချွမ်း အဆင့်တက်လှမ်းမှု၏ ခြေရာလက်ရာများကို သတိပြုမိပြီးနောက် ၎င်းက ကလဲ့စားချေရန်အတွက် ခေတ္တမျှအတွင်း မိုင်ပေါင်းသန်းချီသော ခရီးကို လျင်မြန်စွာ ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်သည်။

ရှုချွမ်းက သူ့အရှေ့ရှိ ပုဂ္ဂိုလ်ကို တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

ဤပုဂ္ဂိုလ်က ဧကန်မုချပင် အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး ရန်လိုသော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်၏။

သူက စောစောက ရွှမ်လျဲ့ သတ်ဖြတ်လိုက်သော နဂါးနှင့် ပတ်သက်မှု ရှိနေပုံရသည်။

သူ၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး ထိုပုဂ္ဂိုလ်၏ အချက်အလက်များမှာ ရှုချွမ်း၏ အရှေ့၌ ပေါ်ထွက်လာခဲ့တော့သည်။

【အမည် - အောင်းပင်း 】

【မျိုးနွယ် - မူလရေကမ္ဘာ၏ နဂါးမျိုးနွယ်စု】

【နယ်ပယ် - ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် (ဧကရာဇ်အရှင်နယ်ပယ်သို့ ရောက်ရှိရန် လက်တစ်ကမ်းအလို)】

【ပါရမီ - ပြိုင်ဘက်ကင်းဘုရင်】

【ကံကြမ္မာ - နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် (ရွှေ)၊ မူလရေ၏ ဝိညာဉ် (ရွှေ)၊ မိုးနှင့်မိုးကြိုး၏ သခင် (ခရမ်း)】

【နတ်ဘုရားစွမ်းရည် - ကောင်းကင်ကိုပင့်၍ မြေပြင်ကိုတုန်လှုပ်စေခြင်း၊ မိုးကြိုးလျှပ်စီး ဖြာထွက်ခြင်း၊ ဘိုးဘေးနဂါး သက်ဆင်းခြင်း】

【ဘဝဇာတ်ညွှန်း - နယ်ပယ်တစ်ခု၏ ကံတရားနှင့်အတူ မွေးဖွားလာသူ — ဇာတ်ပို့ဇာတ်ကောင်】

【ဘဝလမ်းကြောင်း - မူလရေကမ္ဘာ၏ မူလရေဝိညာဉ်ဖြစ်ပြီး နဂါးတံခါးကို ကျော်ဖြတ်ကာ ဝိညာဉ် မှ ရုပ်ခန္ဓာ သို့ ပြောင်းလဲ၍ နဂါးတစ်ကောင် ဖြစ်လာခဲ့သည်။ သူသည် နဂါးမျိုးနွယ်စုသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ်အထိ အဆက်မပြတ် ကျင့်ကြံနိုင်ခဲ့ကာ မူလရေကမ္ဘာ နဂါးမျိုးနွယ်စုကို လွှဲပြောင်းရယူခဲ့သည်။ သို့သော်လည်း သူ၏ မူလရေဝိညာဉ် အထောက်အထားကြောင့် ဧကရာဇ်အရှင်နယ်ပယ်သို့ မတက်လှမ်း နိုင်သရွေ့ သူ၏ တစ်သက်တာလုံး ဤမူလရေကမ္ဘာမှ ထွက်ခွာနိုင်မည် မဟုတ်ပေ။】

【အခွင့်အလမ်း - ချူဖန်အား မူလရေကမ္ဘာမှ ထွက်ခွာနိုင်ရန် လမ်းညွှန်ပေးခဲ့ပြီး ဧကရာဇ်အရှင်နယ်ပယ်သို့ တက်လှမ်း နိုင်မည့် နည်းလမ်းကို ရရှိခဲ့သည်။】

ရှုချွမ်းက ဤအချက်အလက်များကို မြင်လျှင် အနည်းငယ် မျက်မှောင်ကုတ်သွားခဲ့ရသည်။

ဤတစ်ကြိမ်တွင်မူ တကယ့် ရန်သူကြီးနှင့် ဆုံတွေ့ရချေပြီ။ ရှုချွမ်းအနေဖြင့် ဤပြဿနာကို မည်သို့ ဖြေရှင်းမည်နည်း။

အခန်း (၁၈၈) ထွက်ပြေးခြင်း၊ လွတ်မြောက်ခြင်း

“သေစမ်း”

အောင်းပင်းက စကားအပိုမပြောဘဲ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဒေါသတကြီး အော်ဟစ် လိုက်ပြီး ချက်ချင်းပင် တိုက်ခိုက် တော့သည်။

ထိတ်လန့်ဖွယ်ရာ နဂါးမျိုးနွယ်စု၏ ဖိအားများက ရှုချွမ်းနှင့် ရွှမ်လျဲ့တို့အပေါ်သို့ ချက်ချင်း လွှမ်းခြုံသွားခဲ့ပြီးနောက် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ဧရာမ နဂါးလက်သည်းကြီးတစ်ခုက ၎င်းတို့နှစ်ဦးထံသို့ လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

သူက ရှုချွမ်းနှင့် ရွှမ်လျဲ့တို့ကို ဤနေရာ၌တင် ချက်ချင်း အပြတ်ရှင်းပစ်ရန် ကြံစည်နေခြင်း ဖြစ်၏။

“မကောင်းဘူး... သူ့ကို တား”

အောင်းပင်းက မည်သည့်အခွင့်အရေးမျှ မပေးဘဲ ပြတ်ပြတ်သားသား တိုက်ခိုက်လာသည်ကို မြင်လျှင် ရှုချွမ်းက အလွန်တရာ တုန်လှုပ်သွားခဲ့ပြီး ရွှမ်လျဲ့အား အော်ဟစ် သတိပေးလိုက်သည်။

ရွှမ်လျဲ့သည်လည်း အခြေအနေ၏ စိုးရိမ်ရမှုကို ကောင်းစွာ သိရှိသဖြင့် သူ၏ မျက်နှာထားမှာ အလွန်တရာ တည်ကြည်သွားခဲ့ပြီး သူ၏ ကျင့်ကြံခြင်း စွမ်းအားအားလုံးကို ဤအခိုက်အတန့်တွင် အပြည့်အဝ ဖောက်ခွဲလိုက်တော့သည်။

သူက လက်သီးတစ်ချက် လွှဲ၍ ထိုးနှက်လိုက်ရာ ကောင်းကင်ဖုံးလွှမ်းနေသော ဧရာမ လက်သည်းကြီးနှင့် ထိပ်တိုက် တိုးမိတော့၏။

၎င်းတို့ အချင်းချင်း တိုးမိသွားသည့် အခိုက်အတန့်၌ ဟင်းလင်းပြင်ကြီး တုန်ခါသွားခဲ့ပြီး ရေပြင်ကြီးမှာလည်း အငွေ့ပျံသွားခဲ့ရသည်။

“ဖူး...”

ရွှမ်လျဲ့က အောင်းပင်း၏ စွမ်းအားကို တောင့်မခံနိုင်ဘဲ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ဒေါသတကြီး တိုက်ခိုက်မှုကို ရွှမ်လျဲ့အနေဖြင့် အလွယ်တကူ ဆီးကြိုရန် မဖြစ်နိုင်ပေ။

ဝေးကွာသော နေရာတွင်မူ အောင်းပင်းသည်လည်း ရွှမ်လျဲ့၏ လက်သီးချက်ကြောင့် အနည်းငယ် နောက်သို့ လွင့်ထွက်သွားခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ မည်သည့် ထိခိုက်ဒဏ်ရာမျှ ရရှိပုံမပေါ်ပေ။

“ပြေးတော့... ငါတို့ သူ့ကို မနိုင်ဘူး”

ရွှမ်လျဲ့က သူ၏ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ရင်း ရှုချွမ်းကို အော်ပြောလိုက်သည်။

အောင်းပင်းက မူလရေကမ္ဘာ၏ ဝိညာဉ်ဖြစ်သဖြင့် ဤကမ္ဘာတစ်ခုလုံးမှာ သူ၏ အိမ်ကွင်း ဖြစ်ပေသည်။

ဤကမ္ဘာကြီး၏ ကံတရား ကောင်းချီးပေးမှုနှင့်အတူ သူက သူ၏ ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် ကျင့်ကြံခြင်းဖြင့် အဆင့် ၁ ဧကရာဇ်အရှင်နယ်ပယ် ခွန်အားကို ထုတ်ဖော်နိုင်စွမ်း ရှိနေသည်။

ဤစွမ်းအားမှာ ယခင်က ရှုချွမ်း ကြုံတွေ့ဖူးသော ဝိညာဉ်အကြွင်းအကျန် သို့မဟုတ် ဒဏ်ရာရ အစွမ်းကုန်ချည့်နဲ့နေသော ဧကရာဇ်အရှင်အဆင့်မျိုး မဟုတ်ဘဲ စစ်မှန်သော ပထမအဆင့် ဧကရာဇ်အရှင် ခွန်အား ဖြစ်ပေသည်။

၎င်းမှာ လက်ရှိတွင် ၎င်းတို့နှစ်ဦး ရင်ဆိုင်ယှဉ်ပြိုင်နိုင်စွမ်း ရှိသော တည်ရှိမှုမျိုး လုံးဝ မဟု​တ်ပေ ။

ဤအခိုက်အတန့်တွင် ရှုချွမ်းတို့ လုပ်နိုင်သည်မှာ ထွက်ပြေးခြင်း တစ်ခုတည်းသာ ရှိတော့သည်။

ချက်ချင်းပင် ရွှမ်လျဲ့က ရှုချွမ်းကို ခေါ်ဆောင်ကာ အမြန်ဆုံး ထွက်ပြေးရန် ပြင်ဆင်လိုက်တော့သည်။

သူတို့ ဧကန်မုချ ထွက်ပြေးရမည် ဖြစ်၏။ မဟုတ်လျှင် မည်သည့် တောင့်ခံနိုင်စွမ်းမျှ ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း အောင်းပင်းက ရှုချွမ်းနှင့် ရွှမ်လျဲ့တို့ကို ဤမျှလောက် လွယ်လွယ်ကူကူ လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။

သူက ကောင်းကင်ယံ၌ အလျားပေ ထောင်ပေါင်းများစွာ ရှည်လျားသော ဧရာမ ရေပြာရောင် နဂါးကြီးတစ်ကောင်အဖြစ်သို့ ချက်ချင်း အသွင်ပြောင်းလဲလိုက်တော့သည်။

သူ၏ နဂါးမျက်နှာထက်တွင် ရှုချွမ်းတို့ ထွက်ပြေးနေကြသည်ကို ကြည့်ကာ လှောင်ပြုံးများဖြင့် ပြည့်နှက်နေခဲ့၏။

သူ၏ မျက်ဝန်းထဲတွင် ထိုနှစ်ဦးမှာ ပုရွက်ဆိတ်မျှသာ ဖြစ်ရာ သူ၏ လက်အတွင်းမှ မည်သို့လျှင် လွတ်မြောက်နိုင်ပါမည်နည်း။

“ဝူး...”

အောင်းပင်း၏ နဂါးလက်သည်းတစ်ခုမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီးနောက် ရှုချွမ်းနှင့် ရွှမ်လျဲ့တို့က သူတို့၏ ခန္ဓာကိုယ်ကို လှုပ်ရှား၍မရတော့ကြောင်း သိလိုက်ရသည်။

၎င်းနောက် ဟင်းလင်းပြင်ကြီး အက်ကွဲသွားခဲ့ပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ နဂါးလက်သည်းကြီးတစ်ခု ပေါ်ထွက်လာပြီး ၎င်းတို့နှစ်ဦးကို လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

ဤမြင်ကွင်းကို မြင်လျှင် ရှုချွမ်းက ဖုံးကွယ်မထားတော့ဘဲ ရှေးဟောင်း ရွှေရောင်နန်းတော်ကြီးကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။

ရွှေရောင်အလင်းတန်းများက ကမ္ဘာမြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး ကောင်းကင်ဖုံးလွှမ်းလုတတ်သော ဧရာမ နန်းတော်ကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။

ရှေးဟောင်း ရွှေရောင်နန်းတော်က ၎င်း၏ အစစ်အမှန်ပုံသဏ္ဌာန်ကို ထုတ်ဖော်လိုက်ပြီးနောက် ခုခံမှု အစီအရင်မှာ အသက်ဝင်လာခဲ့ကာ ရှေးဟောင်းအက္ခရာများ နန်းတော်ထက်၌ စီးဆင်းသွားပြီး ၎င်း၏ ကြီးမားလှသော ဖိအားကြောင့် ဟင်းလင်းပြင်ကြီးပင် ပျက်စီး သွားခဲ့ရသည်။

၎င်းနောက် ရှေးဟောင်း ရွှေရောင်နန်းတော်က နဂါးလက်သည်းကြီးထံသို့ တိုက်ရိုက် ဆောင့်ဝင်သွားခဲ့တော့သည်။

“ဘုန်း..”

ပြင်းထန်လှသော ပေါက်ကွဲသံကြီးက ဟင်းလင်းပြင်အတွင်း မြည်ဟည်းသွားခဲ့၏။

အောင်းပင်း၏ နဂါးလက်သည်းကြီးမှာ ရှေးဟောင်း ရွှေရောင်နန်းတော်၏ ဆောင့်ချက်ကြောင့် ချက်ချင်းပင် သွေးချင်းချင်းနီကာ ကြေမွသွားခဲ့ရသည်။

အောင်းပင်းက သူ၏ နဂါးလက်သည်းကို ပြန်ရုပ်သိမ်းလိုက်ရင်း သူ့အရှေ့ရှိ မြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတော့သည်။

“ဒါက... အလယ်အလတ် ဧကရာဇ်လက်နက်လား”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကောင်းကင်ဘုရင်နယ်ပယ်ကိုတောင် မရောက်သေးတဲ့ လူသားပုရွက်ဆိတ်တစ်ကောင်က ဘာလို့ အလယ်အလတ် ဧကရာဇ်လက်နက်ကို ပိုင်ဆိုင်ထားရတာလဲ”

အောင်းပင်းက သူမြင်နေရသည်ကို လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

သူ၏ စိတ်ထဲရှိ မျိုးဆက် မှတ်ဉာဏ် များအရ အလယ်အလတ် ဧကရာဇ်လက်နက်တစ်ခုမှာ မည်မျှအထိ တန်ဖိုးကြီးပြီး အစွမ်းထက်သည်ကို သူ ကောင်းစွာ နားလည်ပေသည်။

တတိယအဆင့်နှင့် ထိုထက်မြင့်သော ဧကရာဇ်လက်နက်များကိုသာ အလယ်အလတ် ဧကရာဇ်လက်နက်ဟု ခေါ်ဆိုနိုင်ခြင်း ဖြစ်၏။

ဤကမ္ဘာကြီးကို ဖန်တီးခဲ့သော မူလရေဧကရာဇ်ပင်လျှင် အလယ်အလတ် ဧကရာဇ်လက်နက်တစ်ခုကို မပိုင်ဆိုင်ခဲ့ဖူးပေ ။

သို့သော် သူ့ရှေ့ရှိ လူသားပုရွက်ဆိတ်တွင်မူ တစ်ခု ရှိနေခဲ့ချေပြီ

ထို့ပြင် ၎င်းတို့ ထိပ်တိုက်တွေ့လိုက်သည့် အခိုက်အတန့်တွင် သူက ရှေးဟောင်း ရွှေရောင်နန်းတော်၏ စွမ်းအားကို ကောင်းစွာ ခံစားလိုက်ရသည်။

လက်ရှိတွင် ပထမအဆင့် ဧကရာဇ်အရှင်နှင့် ယှဉ်နိုင်သော သူ၏ စွမ်းအားဖြင့်ပင် ထိတွေ့လိုက်သည်နှင့် ချက်ချင်း ဒဏ်ရာရရှိသွားခဲ့ရသည်။

၎င်း၏ အစွမ်းထက်မှုကို ခန့်မှန်းကြည့်နိုင်ပေသည်။

တိုက်ခိုက်မှု အောင်မြင်သွားပြီးနောက် ရှုချွမ်းက အောင်းပင်း ခေတ္တမျှ မှင်တက်သွားသည့် အခွင့်အရေးကို အသုံးချကာ ရှေးဟောင်း ရွှေရောင်နန်းတော်ကို ချက်ချင်း ပြန်သိမ်းလိုက်ပြီးနောက် ရွှမ်လျဲ့၏ ဦးဆောင်မှုဖြင့် အတင်း စတင်ထွက်ပြေးတော့သည်။

အကယ်၍ ယခုမှ မပြေးလျှင် အောင်းပင်း သတိပြန်ဝင်လာပါက သူတို့ တကယ်ပဲ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ရွှမ်လျဲ့က ဤအခိုက်အတန့်တွင် ထိတ်လန့်ဖွယ်ရာ အမြန်နှုန်း ကို ထုတ်ဖော်လိုက်ပြီး ရှုချွမ်းနှင့်အတူ ဟင်းလင်းပြင်ကို တိုက်ရိုက် ချိုးဖျက်ကာ ပြေးထွက်သွားခဲ့တော့သည်။

၎င်းတို့၏ အမြန်နှုန်း မှာ စိတ်ကူးကြည့်၍ပင် မရနိုင်တော့ပေ ။

ရွှမ်လျဲ့က ရှုချွမ်းကို ခေါ်ဆောင်ကာ မိုင်ပေါင်းသိန်းချီဝေးသော နေရာသို့ ရောက်ရှိသွားပြီးနောက်မှသာ အောင်းပင်းက သူ၏ ထိတ်လန့်မှုထဲမှ သတိပြန်ဝင်လာခဲ့တော့သည်။

သူ၏ မျက်ဝန်းထဲတွင် လောဘရိပ်များ ဖြတ်သန်းသွားခဲ့၏။

သူက သူ့ မျိုးနွယ်စုဝင်အတွက် ကလဲ့စားချေရန် လာခဲ့ခြင်းမျှသာ ဖြစ်သော်လည်း ဤကဲ့သို့သော အလယ်အလတ် ဧကရာဇ်လက်နက်ကြီးနှင့် ဆုံတွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

အကယ်၍ သူသာ ဤအလယ်အလတ် ဧကရာဇ်လက်နက်ကို ရရှိမည်ဆိုပါက ဤကမ္ဘာကြီးမှ ထွက်ခွာနိုင်မည့် နည်းလမ်း ရှိလာပေလိမ့်မည်။

သူက ဤကမ္ဘာကြီးအတွင်း နှစ်ပေါင်းသောင်းချီ ပိတ်မိနေခဲ့ရသဖြင့် ထွက်ခွာချင်နေသည်မှာ ကြာလှပြီ ဖြစ်သည်။

သို့သော်လည်း ထွက်ခွာမည့် လမ်းစကို လုံးဝ ရှာမတွေ့ခဲ့ပေ။

ယခုမူ ဤကမ္ဘာမှ ထွက်ခွာနိုင်မည့် မျှော်လင့်ချက်ကို တွေ့ရှိလိုက်ရပြီဖြစ်ရာ သူ မည်သို့လျှင် လက်လျှော့ပါမည်နည်း။

ချက်ချင်းပင် သူက အော်ဟစ် လိုက်၏။

“ပြေးချင်တာလား... အဲ့လောက်မလွယ်ဘူး”

၎င်းနောက် သူက အလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲကာ ထိတ်လန့်ဖွယ်ရာ အမြန် နှုန်းဖြင့် ၎င်းတို့နှစ်ဦးနောက်သို့ လိုက်လံ လိုက်တော့သည်။

ရှုချွမ်းက အနောက်မှ မြင်ကွင်းကို လှည့်ကြည့်ရင်း အနည်းငယ် စိုးရိမ်လာကာ တိုက်တွန်းလိုက်သည်။

“မင်း ဒီထက် မြန်မြန် သွားလို့မရဘူးလား၊ အဲ့ဒီကောင် မှီလာတော့မယ်” အကယ်၍ အဖမ်းခံရလျှင် အခြေအနေ မတွေးဝံ့စရာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ရွှမ်လျဲ့၏ နောက်ထပ်ပြောလိုက်သော စကားကြောင့် ရှုချွမ်း အနည်းငယ် စိတ်ပျက်သွားခဲ့ရ၏။

“မတတ်နိုင်ဘူး... ဒါက ငါ့ရဲ့ အမြန်ဆုံး အရှိန်ပဲ” ရွှမ်လျဲ့သည်လည်း တော်တော်လေး စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။

အကယ်၍ မင်းသာ စောစောက ယှဉ်ပြိုင်ဖို့ အတင်းမလုပ်ခဲ့ရင် ငါတို့ စောစောစီးစီး ထွက်ပြေးလို့ ရနေတာပေါ့၊ အခုမှ ဘာလို့ ဒီလောက်အထိ အသည်းအသန် ပြေးနေရမှာလဲ။

“ထားလိုက်တော့... ရသလောက်ပဲ ဝေးဝေးပြေးကြစို့” ရှုချွမ်းသည်လည်း ထပ်မံ၍ မတိုက်တွန်းတော့ဘဲ ရသရွေ့ ဝေးဝေးပြေးရန်သာ အာရုံစိုက်လိုက်တော့သည်။

သို့သော်လည်း အောင်းပင်းမှာမူ ရှေးဟောင်း ရွှေရောင်နန်းတော်ကို ရယူရန် လုံးဝ သန္နိဋ္ဌာန်ချထားပုံရပေသည်။

သူက ရှုချွမ်းနှင့် ရွှမ်လျဲ့တို့၏ နောက်သို့ လျင်မြန်စွာ ကပ်လိုက်လာခဲ့ချေပြီ။

“လူသားမျိုးနွယ် ကောင်လေး... ဧကရာဇ်လက်နက်ကို ပေး စမ်း ၊ ဒါဆိုရင် ငါ မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်”

အောင်းပင်းက နောက်ကွယ်မှနေ၍ မြှူဆွယ်စကား ပြောလိုက်သည်။

ဧကရာဇ်လက်နက်များတွင် ဝိညာဉ်ရှိကြသဖြင့် အတင်း လုယူပါက သန့်စင်ရန် အလွန် ခက်ခဲလှပေသည်။

အခြားတစ်ဖက်သူက လိုလိုလားလား ပေးအပ်ခြင်းကသာ အကောင်းဆုံး ဖြစ်၏။

အောင်းပင်းက ဤမူလရေကမ္ဘာမှ ထွက်ခွာရန် အလွန်တရာ စိတ်လောနေပြီဖြစ်ရာ ရှေးဟောင်း ရွှေရောင်နန်းတော်ကို သန့်စင်ရန်အတွက် အချိန်အများကြီး မကုန်ဆုံးလိုပေ။

ထို့ကြောင့် ရှုချွမ်းကို လိုလိုလားလား ပေးအပ်စေချင်နေခြင်း ဖြစ်သည်

“မင်း ငါ့ကို အရူး များ မှတ်နေလား” ရှုချွမ်းမှာ စကားပင် ဆွံ့အသွားခဲ့ရ၏။

ဘာဖြစ်လို့ ဒီလိုဗီလိန် တွေ အားလုံးက ဤစကားမျိုးကိုပဲ ပြောလေ့ရှိကြသနည်း။

သူတို့က တခြားလူအားလုံးကို အရူးများဟု ထင်နေကြသလော။

ရှုချွမ်းက သူ့ အလိုမလိုက်ပေ။

သူက သူ၏ သိုလှောင်လက်စွပ်ထဲမှ အရာဝတ္ထု ဒါဇင်ပေါင်းများစွာကို ထုတ်ယူကာ လက်ကို ဝှေ့ယမ်းပြီး အောင်းပင်းထံသို့ လွှင့်ပစ်လိုက်တော့သည်။

ထိုအရာများမှာ ယခင်က ပါရမီရှင်များထံမှ လုယူရရှိထားသော ခုခံမှု ပစ္စည်းများဖြစ်ကြပြီး အများစုမှာ ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်း ရှိကြသည်။

တစ်ခု သို့မဟုတ် နှစ်ခုဆိုလျှင် အောင်းပင်းကို မည်သည့်ထိခိုက်မှုမျှ ပေးနိုင်လိမ့်မည် မဟုတ်သည်မှာ သဘာဝပင်။

သို့သော်လည်း လက်ရှိတွင် သူ၏ လက်ထဲ၌ ဤကဲ့သို့သောအရာ ဒါဇင်ပေါင်းများစွာ ရှိနေခြင်း ဖြစ်သည်။

ပုရွက်ဆိတ် များရင် ဆင်တောင် သေနိုင်သည် မဟုတ်ပါလော။

ရှုချွမ်းအနေဖြင့် ဤအရာများက အောင်းပင်းကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ဘူးဟု မယုံကြည်ပေ ။

အကယ်၍ အောင်းပင်း၏ လှုပ်ရှားမှုကို အနည်းငယ်မျှ နှောင့်နှေးအောင် လုပ်နိုင်ရုံမျှဖြင့် သူနှင့် ရွှမ်လျဲ့တို့အတွက် မျှော်လင့်ချက် အလင်းရောင် ရှိလာပေလိမ့်မည်။

အကြောင်းမူကား ရှုချွမ်းက သူတို့ ဝင်ရောက်လာခဲ့သော ရေမျက်စိကို လှမ်း၍ မြင်တွေ့နေရပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ထိုနေရာသို့ ဝင်ရောက်နိုင်သည်နှင့် ၎င်းတို့နှစ်ဦး အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် ဖြစ်သည်။

အောင်းပင်းမှာမူ ဤမူလရေကမ္ဘာအတွင်း၌သာ ကျန်ရစ်ခဲ့ပြီး အလဟဿ ဒေါသထွက်နေရုံသာ တတ်နိုင်ပေလိမ့်မည်။

“ဘုန်း"

အောင်းပင်း၏ အမြန် နှုန်းမှာ အလွန်တရာ မြန်ဆန်လှသဖြင့် ရှုချွမ်း လွှင့်ပစ်လိုက်သော အရာများနှင့် တိုက်ရိုက် တိုးမိသွားခဲ့ပြီးနောက် တိမ်တိုက်များအကြားတွင် အဆက်မပြတ်သော ပေါက်ကွဲသံကြီးများ ဆက်တိုက် မြည်ဟည်းသွားခဲ့တော့သည်။

ထိတ်လန့်ဖွယ်ရာ စွမ်းအားများက အောင်းပင်း ၏ နဂါးခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ရိုက် လွှမ်းခြုံသွားခဲ့၏။

“အား...”

နာကျင်စွာ အော်ဟစ်သံတစ်ခု အောင်းပင်း၏ နှုတ်မှ ထွက်ပေါ်လာခဲ့ရသည်။

ပြင်းထန်လှသော ပေါက်ကွဲမှုကြီးက သူ့အား ပြင်းထန်သော ဒဏ်ရာကြီးများ မရရှိစေခဲ့သော်လည်း သူ အလွန်တရာ ဂုဏ်ယူရသော နဂါးချိုတစ်ခုကိုမူ ချက်ချင်းပင် ကျိုးပဲ့သွားစေခဲ့သည်။

နဂါးချိုဟူသည်မှာ ၎င်းတို့ နဂါးမျိုးနွယ်စုအတွက် အလွန်တရာ အရေးကြီးလှပေသည်။

နဂါးချိုတစ်ခု ဆုံးရှုံးသွားခြင်းက သူ့အား ချိုကျိုးနဂါးတစ်ကောင် ဖြစ်သွားစေခဲ့ချေပြီ။

“မင်းကို ငါ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”

အောင်းပင်း၏ နာကျည်းမုန်းတီးမှုမှာ ဤအခိုက်အတန့်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ရသည်။

ဤမုန်းတီးမှုကြောင့် မူလရေကမ္ဘာ၏ ရာသီဥတုပင်လျှင် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

မည်းမှောင်သော တိမ်တိုက်များ စုပြုံလာခဲ့ပြီး လျှပ်စီးလက်ကာ မိုးခြိမ်းသံများ ဆူညံလာခဲ့ရုံမျှမက ပြင်းထန်လှသော လေမုန်တိုင်းကြီးများလည်း ရုတ်တရက် ထကြွလာခဲ့တော့သည်။

“တောက်... ဒီကောင် ရူးသွားပြီဟ၊ မြန်မြန်ပြေး”

ရှုချွမ်းက သူ၏ လုပ်ရပ်တစ်ခုက အောင်းပင်းကို ဤမျှလောက်အထိ လုံးဝ ရူးသွပ်သွားစေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

All Chapters