← Chapters

အခန်း (၁၃၄-၁၃၆)

Vol. 8 Ch. 134-136

အခန်း (၁၃၄-၁၃၆)

Vol. 8 Ch. 134-136

အခန်း(၁၃၄)အသာစီးက ငါ့ဘက်မှာပဲ

လင်ဟူပိုင်ဝမ်၏ ပါးစပ်မှာ ဟောင်းလောင်းပွင့်သွားရှာသည်။

နင်ကျဲ့နှင့် သူ့ညီမတို့မှာလည်း မယုံကြည်နိုင်စွာဖြင့် ကြောင်အနေကြပြီး စကားပင် ပြောနိုင်စွမ်း မရှိကြတော့ချေ။

ယခင်က နန်းတော်မှ အဆင့်(၁) ကျွမ်းကျင်သူသည် သူတို့အတွက် ကောင်းကင်ဘုံကဲ့သို့သော အစွမ်းအစရှိသူများ ဖြစ်သည်။

သို့သော် ယခုမူ ရှောင်ပီလီ၏ ဓားချက်တစ်ချက်ကိုပင် နံပါတ်တစ် နဂါးက မကာကွယ်နိုင်ခဲ့လေပြီလား။

အဆင့်(၁)၊ ရှောင်ပီလီသည် အဆင့်(၁) နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူတို့ကို ကယ်တင်ရဲသည်မှာ မဆန်းတော့ပေ၊ အဆင့်(၁) ကျွမ်းကျင်သူတစ်ဦး သေဆုံးသွားခြင်းမှာ နန်းတော်အတွက် အတော်လေး နာကျင်ရမည့် ကိစ္စပင် မဟုတ်ပါလော။

ရှောင်ပီလီသည် သူတို့သုံးဦးအား ကြည့်လိုက်ပြီး တည်ငြိမ်စွာပင် "သွားကြစို့" ဟု ဆိုသည်။

"ကျွန်ုပ်က မင်းတို့ရဲ့ အသက်ရှူသံကို ဖုံးကွယ်ထားပေးမှာ ဖြစ်တဲ့အတွက် ချင်ထျန်းရုံးတော်က လူတွေတောင် မင်းတို့ရဲ့ နေရာကို ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်။"

"ဒီတစ်ယောက်ကတော့ တစ်ချက်တည်းနဲ့ ပြီးသွားပေမဲ့ စန်းယွမ်ဓားဂိုဏ်းမှာတော့ အတော်လေး အစွမ်းထက်တဲ့ ကောင် ရှိနေသေးတယ်"

လင်ဟူပိုင်ဝမ်မှာ တုန်လှုပ်သွားပြီး "စန်းယွမ်ဓားဂိုဏ်းမှာ နံပါတ်တစ် နဂါးထက် ပိုတော်တဲ့သူ ရှိနေလို့လား" ဟု မေးလိုက်သည်။

နံပါတ်တစ် နဂါး မိသားစုကြီး လေးစုမှာ နှစ်ပေါင်းတစ်ထောင်ကျော် တည်ရှိလာခဲ့သည်။ မျိုးဆက်တိုင်းတွင် အစွမ်းထက်ဆုံးသူသာလျှင် ဧကရာဇ်ဘေးတွင် နံပါတ်တစ် နဂါးအဖြစ် တာဝန်ထမ်းဆောင်ရသည်။ မဟာချန်အင်ပါယာ စတင်တည်ထောင်စဉ်က ပင်လယ်ရပ်ခြားတိုင်အောင် သိမ်းပိုက်ခဲ့ပြီး နယ်ပယ်အရပ်ရှစ်မျက်နှာကို ငြိမ်းချမ်းစေကာ သိုင်းလောကမှ ဂိုဏ်းပေါင်းမြောက်မြားစွာကို ချေမှုန်းခဲ့သည်။ နံပါတ်တစ် နဂါး မိသားစုကြီး လေးစုသည် နောက်ဆုံးဧကရာဇ်၏ အယုံကြည်ရဆုံး တပ်ဖွဲ့များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့်အတွက် လျှို့ဝှက်ကျမ်းပေါင်းများစွာကို ပိုင်ဆိုင်ထားမည်မှာ အသေအချာပင်။

ထို့အပြင် ကမ္ဘာပေါ်တွင် အဆင့်(၁) ကျွမ်းကျင်သူမှာ များပြားလှသည်မဟုတ်၊ စန်းယွမ်ဓားဂိုဏ်းတစ်ခုတည်းတွင် နံပါတ်တစ် နဂါးထက် သာလွန်သူ တစ်ဦး ရှိနေနိုင်ပါ့မလား။

ရှောင်ပီလီသည် ကျိုးပဲ့နေသော လျှို့ဝှက်နဂါးသံချပ်ကာကို သိမ်းလိုက်ပြီး "သူက ဘယ်သူဆိုတာတော့ ကျွန်ုပ်လည်း မသိဘူး၊ ဒါပေမဲ့ ထျန်းကျီချိုင့်ဝှမ်းက ချိုင့်ဝှမ်းသခင် ရွှမ်ကျီးကတော့ စန်းယွမ်ဓားဂိုဏ်းမှာ ရောက်နေတာတော့ အမှန်ပဲ" ဟု ပြောသည်။

"သွားကြစို့၊ သူတို့ ရောက်လာသည်အထိ စောင့်နေတော့ မင်းတို့ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး"ရင်

ချိုင့်ဝှမ်းသခင် ရွှမ်ကျီးဆိုပါလား။

သူတို့သုံးဦးမှာ ရုတ်တရက် နားလည်သွားကြသည်။ နန်းတော်အနေဖြင့် ရှောင်ပီလီသည် စန်းယွမ်ဓားဂိုဏ်းသို့ တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်ထားသည့်အတွက် ကြိုတင်၍ အလစ်အငိုက် ချောင်းမြောင်းနေခြင်း ဖြစ်ပေလိမ့်မည်။

ရှောင်ပီလီတို့ ထွက်ခွာသွားပြီးနောက်။

ရွှေယွင်မြို့မှ ဝေးရာသို့ ထွက်ပြေးခဲ့ကြသော သိုင်းလောကသားများမှာ စားသောက်ဆိုင်သို့ ပြန်လာရဲကြသည်။

စားသောက်ဆိုင်၏ အဓိကဝင်ပေါက်တွင် ရှိနေသော ပေတစ်ထောင်ကျော်ရှည်သည့် ဓားရာကို မြင်လိုက်ရသောအခါ အားလုံးမှာ ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်သွားကြသည်။

"အလောင်းတွေက... နှစ်လောင်း... မဟုတ်ဘူး... လေးပိုင်း ဖြစ်နေတာပဲ။"

"လူနှစ်ဦးထက် ပိုပြီး သေသွားတာပဲ၊ မြေပြင်က သွေးစွန်းနေတာကို ကြည့်ဦး၊ ဒီနှစ်လောင်းက လွဲရင် ကျန်တဲ့သူတွေတော့ အပိုင်းပိုင်း ဖြစ်သွားပြီ ထင်တယ်!"

"ဓားတစ်ချက်တည်းနဲ့ နှစ်ပိုင်းဖြစ်သွားတာ၊ နောက်မှ ရောက်လာတဲ့ ကျွမ်းကျင်သူတောင် နတ်ဆိုးဓား ရှောင်ပီလီရဲ့ ဓားချက်ကို မကာကွယ်နိုင်ခဲ့ဘူးလား။"

"စကားမပြောစမ်းပါနဲ့၊ အလောင်းတွေက အဲဒီမှာတင် ရှိနေတာပဲ၊ ဓားတစ်ချက်တည်းနဲ့ မြစ်တစ်ခုကို ဖန်တီးသွားတာလေ၊ ရှောင်ပီလီရဲ့ ဓားချက်ကို ကာကွယ်နိုင်မယ့်သူ ဒီလောကမှာ ရှိပါ့မလားတောင် ကျွန်ုပ် သံသယဝင်မိတယ်"

"..."

"ဒါပေမဲ့ ရှောင်ပီလီက သိုင်းလောကမှာ နာမည်ကြီးလာကတည်းက သူ့ကို အန္တရာယ်ပြုဖို့ ကြိုးစားတဲ့သူတွေကိုပဲ သတ်ခဲ့တာပါ၊ အပြစ်မဲ့တဲ့သူတွေကိုတော့ အကြောင်းမဲ့ မသတ်ခဲ့ပါဘူး။"

တစ်စုံတစ်ယောက်က တိုးတက်စွာ ပြောလိုက်သည်။

ဤစကား ထွက်လာသည်နှင့် သိုင်းလောကသား အချို့မှာ ချက်ချင်းပင် ထောက်ခံကြသည်။

"ဟုတ်တယ်၊ ကျောချင်းယွင်က ရှောင်ပီလီကို အန္တရာယ်ပြုဖို့ ကြိုးစားလို့သာ စန်းယွမ်ဓားဂိုဏ်းက ရှောင်ပီလီရဲ့ ရန်သူ ဖြစ်သွားတာလို့ ကြားတယ်၊ ရှောင်ပီလီရဲ့ လက်ချက်ကြောင့် လူတွေ အများကြီး သေခဲ့ရပေမဲ့ အခုနက လူတွေအများကြီးကို သတ်လိုက်တဲ့ ရှောင်ပီလီက ကျွန်ုပ်တို့ကိုတော့ ဘာမှ မလုပ်သွားဘူးလေ။"

"ဟွန်း... ရှောင်ပီလီက ရွှေယွင်မြို့ကို လာတာ သူ့ရဲ့ ချစ်သူကို ကယ်ဖို့ မဟုတ်လား၊ ကျွန်ုပ်အမြင်မှာတော့ ရှောင်ပီလီက အဲဒီလို လူယောင်ဆောင်ပြီး လှည့်စားနေတဲ့သူတွေထက် အဆပေါင်းရာချီပြီး ပိုကောင်းတယ်။ အနည်းဆုံးတော့ သူ့ရဲ့ ရန်သူ မဟုတ်ရင် သူ လှည့်စားသတ်ဖြတ်တာကို စိုးရိမ်စရာ မလိုဘူး။"

"..."

ယွဲ့လိုင် စားသောက်ဆိုင် အပြင်ဘက်တွင် သိုင်းလောကသားများ ဆူညံစွာ ဆွေးနွေးနေစဉ်၊

ချိုင့်ဝှမ်းသခင် ရွှမ်ကျီး၊ ယွင်စန်းဟိုင်နှင့် 'တောင်ပိုင်းစစ်သူကြီး' တုံဟန်တို့သည် ရွှေယွင်မြို့သို့ ရောက်ရှိလာကြသည်။ မြေပြင်ပေါ်ရှိ ရှည်လျားသော ဓားရာနှင့် ယင်းထဲတွင် ပါဝင်နေသော ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒကို မြင်လိုက်ရသည့်အခါ သူတို့သုံးဦး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

သုံးဦးစလုံးမှာ အဆင့်(၁) ကျွမ်းကျင်သူများ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် တောင်ပိုင်းစစ်သူကြီး တုံဟန်နှင့် ချိုင့်ဝှမ်းသခင် ရွှမ်ကျီးတို့မှာ လျှပ်စီးဘေးကို တစ်ကြိမ် ကျော်ဖြတ်ထားပြီးသူများ ဖြစ်သော်လည်း ယခုအချိန်တွင်မူ စိုးရိမ်ပူပန်မှုကို ခံစားနေရဆဲ ဖြစ်သည်။

"နံပါတ်တစ် နဂါးပဲ၊ အရင်မျိုးဆက်က နဂါးတွေနဲ့ မယှဉ်နိုင်ပေမဲ့ သူက အဆင့်(၁) ဖြစ်နေတာလေ" တောင်ပိုင်းစစ်သူကြီး တုံဟန်သည် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် "သွေးဝတ်ရုံခန်းမဆောင်က ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး အစွမ်းထက်နေပုံပဲ" ဟု ဆိုသည်။

"နံပါတ်တစ် နဂါးကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တယ်ဆိုတော့ အဲဒီလူက လျှပ်စီးဘေးကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ကျော်ဖြတ်ထားတဲ့သူ ဖြစ်ရမယ်၊ ပြီးတော့ ဒီဓားသိုင်းက အရင်က ချိုးဝူဟမ်နဲ့ ယွီဖုန်းတို့ရဲ့ အလောင်းမှာ တွေ့ခဲ့ရတဲ့ အမှတ်အသားတွေထက် ဓားစိတ်ဆန္ဒက ပိုပြီး အစွမ်းထက်နေတာ ရှင်းနေတာပဲ"

"ရှောင်ပီလီကို သင်ပေးတဲ့ သွေးဝတ်ရုံခန်းမဆောင်က ကျွမ်းကျင်သူက တကယ်ပဲ မရိုးရှင်းဘူး"

ချိုင့်ဝှမ်းသခင် ရွှမ်ကျီးက တည်ငြိမ်စွာပင် "ဘယ်သူက တိုက်ခိုက်လိုက်တာလဲဆိုတာ မေးကြည့်ရင် သိရမှာ မဟုတ်လား" ဟု ဆိုသည်။

ထိုစကားနှင့်အတူ ချိုင့်ဝှမ်းသခင် ရွှမ်ကျီးသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး ယွဲ့လိုင် စားသောက်ဆိုင် အဝင်ဝတွင် ပေါ်လာသည်။

ဘုန်း။

သူ၏ အရှိန်အဝါမှာ သိမ်မွေ့စွာ ထွက်ပေါ်လာပြီး ရှိနေသော သိုင်းလောကသားများကို ဖိအားပေးလိုက်ရာ သူတို့မှာ မလိုလားဘဲ ဒူးထောက်လိုက်ကြရသည်။

သိုင်းလောကသားအားလုံးမှာ ရှေ့မှ လူအိုကြီးကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။

သူ၏ အမည်ကို မသိကြသော်လည်း ရှောင်ပီလီ လူအများအပြားကို သတ်ဖြတ်သွားသည့်အတွက် ရောက်လာခြင်း ဖြစ်ပေလိမ့်မည်။

"အခုနက တိုက်ခိုက်လိုက်တာ ဘယ်သူလဲ"

ချိုင့်ဝှမ်းသခင် ရွှမ်ကျီးသည် လူအုပ်ကိုပင် မကြည့်ဘဲ တည်ငြိမ်စွာ မေးလိုက်သည်။

"အဲ... အဲဒါ ရှောင်ပီလီပါ!" သိုင်းလောကသား တစ်ဦးက တုန်လှုပ်စွာပြောသည်။

ချိုင့်ဝှမ်းသခင် ရွှမ်ကျီး မျက်မှောင်ကြုတ်သွားပြီး "မဖြစ်နိုင်ဘူး" ဟု ဆိုသည်။

"ကျွန်ုပ် ကျန်းနန်ပြည်နယ်မှာ ရှောင်ပီလီ တိုက်ခိုက်တာ မြင်ခဲ့ရတယ်၊ သူ့သိုင်းပညာက အဆင့်(၂) ကောင်းကင်-လူသား နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီး သူ့ဓားသိုင်းက အပြစ်ဆိုစရာ မရှိပေမဲ့ တစ်လအတွင်းမှာ အဆင့်(၁) နယ်ပယ်ကို ဝင်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"မင်းတို့ ကျွန်ုပ်ကို လိမ်ရဲတာလား"

ထိုစဉ်က အဝေးမှ ရှောင်ပီလီ၏ လှုပ်ရှားမှုများကို မရေမရာသာ ခံစားမိခဲ့သော်လည်း ရှောင်ပီလီ၏ အဆင့်(၂) နယ်ပယ် ကျင့်စဉ်မှာ လိမ်၍ မရနိုင်ပေ။

ရှောင်ပီလီ၏ ပါရမီမှာ ထူးချွန်သော်လည်း အဆင့်(၂) အထွတ်အထိပ်မှ အဆင့်(၁) သို့ တက်လှမ်းရန်အတွက် အနည်းဆုံး ခြောက်လ ဒါမှမဟုတ် နှစ်ပေါင်းများစွာ ကျင့်ကြံရပေလိမ့်မည်။

ယခုမူ တစ်လပင် ရှိသေးသည်မဟုတ်လော။

စောစောက စကားပြောလိုက်သည့် သိုင်းလောကသားမှာ တုန်ယင်သွားပြီး "သခင်ကြီး၊ ကျွန်ုပ် မလိမ်ပါဘူး" ဟု ပြောသည်။

"အခုနက သူ့ရဲ့ချစ်သူကို ကယ်ဖို့ ရှောင်ပီလီ ကိုယ်တိုင် ရောက်လာတာကို ကျွန်ုပ် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာပါ၊ ကျွန်ုပ်တင် မဟုတ်ဘူး၊ အားလုံးလည်း မြင်လိုက်ကြတာပဲ!"

"ပြီးတော့ ရှောင်ပီလီက သူဘယ်သူဆိုတာကိုလည်း အခုနကပဲ ဝန်ခံသွားတာပါ"

ယွင်စန်းဟိုင်၏ မျက်မှောင်များမှာ တင်းကြပ်စွာ ကြုတ်သွားပြီး "အခုနက ဘာဖြစ်သွားလဲဆိုတာ အသေးစိတ် ပြောပြစမ်း" ဟု ဆိုသည်။

သူ၏ စိတ်ထဲတွင် ယခုအခါ မရေမရာ ထင်မြင်ချက်တစ်ခု ရှိနေသည်။ ရှောင်ပီလီသည် လင်းချင်းယွမ်ကဲ့သို့ပင် အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦးက ပူးကပ်ပြီး ပြန်လည်မွေးဖွားလာခြင်း ဖြစ်နိုင်သည်၊ သို့သော် ပူးကပ်ပြီး ပြန်လည်မွေးဖွားနိုင်သည့် အခွင့်အရေးမှာ အလွန်နည်းပါးပြီး ယခုတော့ သူတို့မှာ ရန်သူတော်ကြီးတွေ ဖြစ်နေကြပြီ။

"အခုနက..."

စားသောက်ဆိုင်ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို သိုင်းလောကသားများက တစ်ဦးပြီးတစ်ဦး ပြောပြနေကြရာ ယွင်စန်းဟိုင်တို့ သုံးဦး၏ မျက်မှောင်များမှာ ပို၍ပင် တင်းကြပ်လာသည်။

ရှောင်ပီလီ တကယ်ပဲ အဆင့်(၁) နယ်ပယ်သို့ ဝင်ရောက်သွားပြီဆိုလျှင်။

ဒါဆိုရင်တော့ အခက်အခဲ ဖြစ်ပြီ

ရှောင်ပီလီက စန်းယွမ်ဓားဂိုဏ်းကို တိုက်ခိုက်ရန် ရည်ရွယ်ထားလျှင် သူတို့ စန်းယွမ်ဓားဂိုဏ်းထဲတွင် ပုန်းအောင်းနေသည်ကိုလည်း သိရှိပြီး ဖြစ်ပေလိမ့်မည်။

သူတို့ ထောင်ချောက်ထဲသို့ ထပ်ပြီး ကျလာအောင် စောင့်နေဖို့ဆိုတာတော့ မဖြစ်နိုင်တော့ပေ

ခဏအကြာတွင် တောင်ပိုင်းစစ်သူကြီး တုံဟန်က "ချိုင့်ဝှမ်းသခင် ရွှမ်ကျီး၊ သင် ကြီးကြပ်ရေးမှူးဆီ ပြန်သွားပြီး ကြည့်လိုက်ပါလား" ဟု ပြောသည်။

"ကြီးကြပ်ရေးမှူးက အရင်က သွေးဝတ်ရုံခန်းမဆောင် သခင်ရဲ့ နေရာကို ရှာတွေ့ခဲ့တာဆိုတော့ ရှောင်ပီလီကို ရှာတာလည်း ပြဿနာ မရှိနိုင်ပါဘူး။"

ချိုင့်ဝှမ်းသခင် ရွှမ်ကျီးက ခေါင်းခါလိုက်ပြီး "အရင်က ဒဏ်ရာရနေတဲ့ သွေးဝတ်ရုံခန်းမဆောင် သခင်ရဲ့ နေရာကို ရှာဖို့အတွက် ကြီးကြပ်ရေးမှူးက ဈေးကြီးပေးခဲ့ရတယ်" ဟု ဆိုသည်။

"ဒါပေမဲ့ ရှောင်ပီလီအတွက်ဆိုရင်တော့... ကျွန်ုပ် အရင်ဆုံး မြို့တော်ကို သွားဦးမယ်။"

"နန်းတော်က တစ်စုံတစ်ရာ လျော်ကြေးပေးဖို့ ဆန္ဒရှိရင်တော့ ကျွန်ုပ် ကြိုးစားကြည့်လို့ ရပါတယ်"

တစ်ဝက်တစ်နေ့ ကြာပြီးနောက်။

ရှောင်ပီလီသည် လင်ဟူပိုင်ဝမ်နှင့် တခြားသူနှစ်ဦးကို ကျုံးဟွာခန်းမသို့ ခေါ်ဆောင်လာခဲ့ပြီး ဖြစ်သည်။

နင်ဝမ်ချင်းမှာ မယုံကြည်နိုင်စွာဖြင့်၊

"ဒီတော့ ဒီအချိန်အတွင်းမှာ မင်းက စန်းယွမ်ဓားဂိုဏ်းရဲ့ နှာခေါင်းအောက်မှာတင် ပုန်းနေတာလား" ဟု မေးသည်။

ရှောင်ပီလီက ခေါင်းညိတ်လိုက်ပြီး "စန်းယွမ်ဓားဂိုဏ်းမှာ ကျွန်ုပ်အပေါ် ကြံရွယ်ချက်တွေ ရှိနေသလို၊ ကျွန်ုပ်မှာလည်း စန်းယွမ်ဓားဂိုဏ်းအပေါ် ကြံရွယ်ချက်တွေ ရှိနေတာပေါ့"

"အခုတော့ နန်းတော်က ကျွမ်းကျင်သူတွေက စန်းယွမ်ဓားဂိုဏ်းမှာ အလစ်အငိုက် ချောင်းမြောင်းနေကြပြီ၊ ဒါကြောင့် ဘယ်သူက အရင် စိတ်ရှည်သည်းခံနိုင်မလဲဆိုတာပဲ"

"အသာစီးက ကျွန်ုပ်လက်ထဲမှာ ရှိနေတယ်"

"နန်းတော်က ကျွမ်းကျင်သူတွေ ထွက်မသွားရင်တောင်မှ မကြာခင်မှာ စန်းယွမ်ဓားဂိုဏ်းကို ကျွန်ုပ် ဖျက်ဆီးပစ်နိုင်မှာပါ"

သူသည် ပထမဆုံး လျှပ်စီးဘေးကို ကျော်ဖြတ်နိုင်ရန် ယုံကြည်မှု ရှိနေပြီ ဖြစ်သော်လည်း သေချာစေရန်အတွက် လျှပ်စီးဘေးနှစ်ကြိမ် ကျော်ဖြတ်ပြီးမှ စန်းယွမ်ဓားဂိုဏ်းရှိ ကျွမ်းကျင်သူများကို ကိုင်တွယ်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

သူသည် ကျင့်ကြံမှုအမှတ်များကို တစ်ခါရိတ်သိမ်းထားခဲ့ပြီး ဖြစ်ရာ တိုးတက်ဖို့ အချိန်တန်ပြီ။

သုံးဦးအတွက် ဆေးပေးပြီးနောက် ရှောင်ပီလီက သူတို့ကို အနားယူစေပြီး သူ၏ အခန်းသို့ ပြန်သွားသည်။

【အရှင်သခင်ရှောင်ပီလီ။】

【နယ်ပယ်: အဆင့်(၁) လျှပ်စီးဘေးနယ်ပယ် (လျှပ်စီးဘေးကို မကျော်ဖြတ်ရသေးပါ)】

【သိုင်းပညာ: ချန်ရှန့်ကျင့်စဉ် (အထွတ်အထိပ်), လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ် (20/100), မဖျက်ဆီးနိုင်သော နတ်ဘုရားပေးပညာ (75/100), ခုနစ်သတ်ဓား (81/100), ရေတွင်းထဲမှ နည်းလမ်းရှစ်သွယ် (35/100), စိန်ပွင့်ကဲ့သို့ မဖျက်ဆီးနိုင်သောကိုယ်ခန္ဓာ (အထွတ်အထိပ်), ကောင်းကင်ဓား ကျင့်စဉ် (၈)ရပ် (အထွတ်အထိပ်)... အဘိဓမ္မာ ဓားမသုံးမျိုး (အထွတ်အထိပ်), အသက်ရှူခြင်းပညာ (အထွတ်အထိပ်), နတ်ဘုရားဓားချက် (အထွတ်အထိပ်), နဂါးနတ်ဆိုး ရွှေကိုယ်ခန္ဓာ (အထွတ်အထိပ်), ထိုးဖောက်မရသော ရွှေကိုယ်ခန္ဓာ, ဓားဖြင့် တာအိုသို့ဝင်ရောက်ခြင်း။】

【ကျင့်ကြံမှုအမှတ်: 246400】

【ရယူရန်: သတ်ဖြတ်ခြင်း လက်သီး, နတ်ဆိုးဓား ဓားသိုင်း, လေနတ်ဘုရား ကန်ချက်။】

တစ်ခါ ထွက်လိုက်ရုံနဲ့ ကျင့်ကြံမှုအမှတ်တွေက တစ်သိန်းကျော်တောင် တိုးသွားသည်။

တိုးတက်ဖို့ အချိန်တန်ပြီ။အခန်း(၁၃၅) ကျန်းရှန်ဆောင်

“သတ်ဖြတ်ခြင်း လက်သီး၊ နတ်ဆိုးဓား ဓားသိုင်း နဲ့ လေနတ်ဘုရား ကန်ချက်တွေကို ထုတ်ယူလိုက်မယ်”

ရှောင်ပီလီ တိုးတိုးလေး ပြောလိုက်သည်။

ဗုန်း။

ချက်ချင်းဆိုသလိုပင် သတ်ဖြတ်ခြင်း လက်သီး၊ နတ်ဆိုးဓား ဓားသိုင်း နှင့် လေနတ်ဘုရား ကန်ချက်တို့၏ ကျင့်စဉ်များစွာနှင့် ယင်းသိုင်းပညာရပ် သုံးခုကို ကျင့်ကြံထားသည့် အတွေ့အကြုံတို့သည် ဒီရေလှိုင်းကဲ့သို့ သူ့စိတ်ထဲသို့ စီးဝင်လာသည်။

အခန်းငယ်လေးထဲတွင် အားကောင်းလှသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ ရှောင်ပီလီ၏ ဆံပင်များမှာ ထောင်မတ်သွားပြီး နတ်ဆိုးစွမ်းအင်များ ဝန်းရံနေသဖြင့် ပြိုင်ဘက်ကင်း နတ်ဆိုးသခင်တစ်ပါးနှင့် တူနေတော့သည်။

အချိန်အတန်ကြာပြီးနောက်၊

ရှောင်ပီလီ၏ အရှိန်အဝါမှာ ဖြည်းဖြည်းချင်း ငြိမ်ကျသွားသည်။

“နတ်ဘုရားတွေကို စွန့်၊ ဗုဒ္ဓတွေကို စွန့်၊ တရားလမ်းမှန်ကို လမ်းလွဲစေတာပဲ”

“ဒီနတ်ဆိုးဓားကတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ”

ရှောင်ပီလီမှာ နတ်ဆိုးစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသော်လည်း သူ့မျက်လုံးများမှာ နတ်ဆိုးဆန်သည့် အရိပ်အယောင် လုံးဝမပါဘဲ အလွန်ကြည်လင်နေသည်။

“ငါသာ ကောင်းကင်-လူသားနယ်ပယ်မှာ ရှိနေပြီး ဒီနတ်ဆိုးဓားကို အလျင်စလို ကျင့်မိရင်တော့ ထိခိုက်နိုင်လိမ့်မယ်။ ဒါပေမဲ့ ငါက အဆင့်(၁) လျှပ်စီးဘေးနယ်ပယ်ကို ရောက်နေပြီ။ ဒီနတ်ဆိုးဓားကို အထွတ်အထိပ်ထိ ကျင့်ရင်တောင် နတ်ဆိုးတစ်ကောင် ဖြစ်မလာတော့ဘူး”

“လေနတ်ဘုရား ကန်ချက်နဲ့ သတ်ဖြတ်ခြင်း လက်သီးကတော့… အတွေ့အကြုံတွေကို သုံးပြီး မြှင့်တင်ဖို့ မတန်ပါဘူး”

“ဒါကြောင့်… ကျင့်ကြံမှုအမှတ် တစ်သိန်းကို သုံးပြီး နတ်ဆိုးဓားကို မြှင့်တင်လိုက်မယ်”

ဗုန်း။

နတ်ဆိုးဓားကို ကျင့်ကြံထားသည့် အတွေ့အကြုံများစွာသည် ရှောင်ပီလီ၏ စိတ်ထဲသို့ စီးဝင်လာသည်။

နတ်ဆိုးစွမ်းအင်များ ဝန်းရံနေပြီး သူ့မျက်လုံးများမှာ သွေးရောင်ဖျန်းနေသဖြင့် ပြိုင်ဘက်ကင်း နတ်ဆိုးသခင်တစ်ပါးနှင့် တူနေသည်။

ခဏအကြာတွင်၊

【နတ်ဆိုးဓား ဓားသိုင်း (၅၅/၁၀၀)】

“အတွေ့အကြုံ အများကြီး မလိုပါဘူး”

“ကျင့်ကြံမှုအမှတ် နောက်ထပ် ကိုးသောင်းကို သုံးပြီး နတ်ဆိုးဓားကို မြှင့်တင်လိုက်မယ်”

【နတ်ဆိုးဓား ဓားသိုင်း (အထွတ်အထိပ်)】

ဗုန်း။

နတ်ဆိုးဓားကို ကျင့်ကြံထားသည့် အတွေ့အကြုံများစွာ ထပ်မံစီးဝင်လာသည်။ ချက်ချင်းဆိုသလိုပင် နတ်ဆိုးဓားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ရှောင်ပီလီ၏ အကြည့်မှာ ပြင်းပြနေပြီး သူ့မျက်လုံးထဲတွင် အနီရောင်အလင်းတန်းများ လှုပ်ခတ်နေသည်။

“ကျန်တဲ့ ကျင့်ကြံမှုအမှတ် အားလုံးကို လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ် မြှင့်တင်ဖို့ သုံးလိုက်မယ်”

【လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ် (၄၈/၁၀၀)】

သွေးစွမ်းအင်များ ရှောင်ပီလီကို ဝန်းရံနေပြီး သူ့၏ အလွန်အားကောင်းသည့် ရုပ်ခန္ဓာကို တောက်လျှောက် သွေးသားကျင့်ကြံပေးနေသည်။

ဒုန်း၊ ဒုန်း၊ ဒုန်း။

သူ့နှလုံးခုန်သံမှာ မြစ်ကြီးတစ်ခု စီးဆင်းနေသကဲ့သို့ ပဲ့တင်ထပ်နေသည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နယ်ပယ်ကိုပါ တုန်ခါစေသည်။

ရှောင်ပီလီ၏ ဘေးခန်းတွင် နေထိုင်သည့် လင်ဟူပိုင်ဝမ်မှာ ထိတ်လန့်သွားသည်။

သူသည် ဒဏ်ရာများကို ကုသရန် အတွင်းအားကို လည်ပတ်ဖို့အတွက် ကုတင်ပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။

သို့သော် ဘေးခန်းမှ ဆူညံသံများကြောင့် စိတ်ကိုစုစည်းရန် ခက်ခဲနေသည်။ ထို့ပြင် သူမှားယွင်းနေခြင်း မဟုတ်လျှင် ထိုမျှကြီးမားသော ဆူညံသံမှာ ထိုသူ၏ နှလုံးခုန်သံကြောင့်သာ ဖြစ်နိုင်သည်။ ပြင်ပလောကတွင် ထိုသူ၏ ဓားသိုင်းမှာ ပြိုင်ဘက်ကင်းသည်ဟု ပြောဆိုနေကြသည်။

သို့သော် ယခုကြည့်ရသော် လောကကြီးက သူ့ကို အထင်သေးနေခြင်း ဖြစ်သည်။

အနည်းဆုံးတော့ ထိုသူ၏ ရုပ်ခန္ဓာမှာ ဓားသိုင်းထက် လျော့နည်းမည် မဟုတ်ပေ။

ပြီးနောက် ကာလတစ်ခုကြာပြီးနောက်၊

အလှမယ်တစ်ဦးအတွက် ဒေါသထွက်ကာ ရွှေယွင်မြို့၊ ယွင်ပြည်နယ်ရှိ အင်ပါယာ နန်းတော်မှ အဆင့်(၁) ကျွမ်းကျင်သူကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့သည့် ‘နတ်ဆိုးဓား’ ရှောင်ပီလီ၏ သတင်းမှာ အရပ်မျက်နှာ အနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

သိုင်းလောကတွင် ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့သည်။

ယွီကျင်းရှို့သည် ဟွမ်ပြည်နယ်ရှိ ကျန်းရှန်ဆောင်၏ ပင်မရုံးချုပ်သို့ ပြန်ရောက်လာပြီးနောက် သူမလက်ခံရရှိထားသည့် သတင်းကို ကြည့်ကာ ပါးစပ်အနည်းငယ် ဟသွားသည်။

ကျန်းရှန်ဆောင်၏ ဂိုဏ်းချုပ် ရမ်ထျန်းစန်းကလည်း တိုးတိုးလေး ရေရွတ်သည်။

“မယုံနိုင်စရာပဲ”

“ရှောင်ပီလီက ရွှေယွင်မြို့မှာ တကယ်ပဲ နဂါးကိုယ်ရံတော်တစ်ဦးကို သတ်လိုက်တာပဲ”

ယွီကျင်းရှို့ -

“ဆရာ၊ အရင်မျိုးဆက်က နဂါးကိုယ်ရံတော်အများစုက သေကုန်ပြီ မဟုတ်လား”

“ရှောင်ပီလီ သတ်လိုက်တဲ့ ဒီနဂါးကိုယ်ရံတော်က အဆင့်(၁) ကျွမ်းကျင်သူတွေထဲမှာ ဘယ်လောက်တောင် အစွမ်းထက်သလဲ”

ရမ်ထျန်းစန်းက အေးဆေးစွာ ပြောသည်။

“အရင်မျိုးဆက်က နဂါးကိုယ်ရံတော် လေးယောက်ထဲမှာ နှစ်ယောက်ကတော့ အတော်စွမ်းတယ်”

“ဒါပေမဲ့ သူတို့အားလုံး သေကုန်ပြီ”

“ဒီနဂါးနံပါတ်တစ်က နဂါးကိုယ်ရံတော်ဆိုတဲ့ ဘွဲ့ကို ဆက်ခံထားပေမဲ့ အရင်မျိုးဆက်လောက်တော့ မကောင်းဘူး၊ ဒါပေမဲ့ သူက အဆင့်(၁) ဖြစ်နေသရွေ့တော့ မညံ့ဘူး”

“ရှောင်ပီလီ သူ့ကို သတ်နိုင်တာကို ငါသိပ်မအံ့သြဘူး၊ ဒါပေမဲ့ ရှောင်ပီလီက သူ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်တာကိုပဲ အံ့သြနေတာ”

“သူ့ရဲ့ ဓားသိုင်း၊ သူ့ရဲ့ အစစ်အမှန် အစွမ်းက အပြင်မှာ ပြောနေကြတာထက် ပိုပြီး အစွမ်းထက်နေနိုင်တယ်”

ယွီကျင်းရှို့သည် ဘေးနားရှိ ဆံပင်များတွင် မီးခိုးရောင် သမ်းနေသည့် သူမ၏ဆရာကို ကြည့်ကာ နောက်ဆုံးတွင် မေးမြန်းလိုက်သည်။

“ဆရာ၊ သွေးဝတ်ရုံခန်းမဆောင်နဲ့ ကျွန်မတို့ရဲ့ ဆက်သွယ်မှုက ဘာလို့ ဒီလောက်တောင် နက်ရှိုင်းနေရတာလဲ”

ဒါက သူမ အမြဲတမ်း မေးချင်နေသည့် မေးခွန်းဖြစ်သည်။

အကယ်၍ သွေးဝတ်ရုံခန်းမဆောင်က အထွတ်အထိပ်မှာ ရှိနေတုန်းကဆိုရင် သူမ နားလည်နိုင်ပေမဲ့၊ အခုဆိုရင် သွေးဝတ်ရုံခန်းမဆောင်မှာ ကျန်ရှိတဲ့ ကျွမ်းကျင်သူတွေက ‘လေလွင့်ခရီးသည်’၊ ‘နတ်ဆိုးဆရာတော် ပုခုန်း’ နဲ့ ရှောင်ပီလီတို့ပဲ ရှိတော့တာ။

သို့သော် အင်ပါယာ နန်းတော်နဲ့ ယှဉ်ရင် သူတို့က ဘာမှမဟုတ်ကြဘူး။

ဒါပေမဲ့ သူမဆရာက သူမကို နှစ်ပေါင်းများစွာ သွေးဝတ်ရုံခန်းမဆောင်ကို သတင်းပို့ခိုင်းနေတာဖြစ်ပြီး အဲ့ဒီသတင်းတွေထဲက အများစုက အင်ပါယာ နန်းတော်နဲ့ အဓိက သိုင်းလောက အင်အားစုတွေအကြောင်း ဖြစ်နေလို့ ကျန်းရှန်ဆောင်ရဲ့ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတယ်။

ရမ်ထျန်းစန်းသည် ယွီကျင်းရှို့ကို ကြည့်ကာ အေးဆေးစွာ ပြောသည်။

“မင်းရဲ့ ပါရမီက ကောင်းပါတယ်။ နောက်တစ်ချိန်မှာ ငါသေသွားရင် မင်းပဲ ဂိုဏ်းချုပ်အဖြစ် တာဝန်ယူရလိမ့်မယ်”

“ဒါကြောင့်ပဲ မင်းကို သွေးဝတ်ရုံခန်းမဆောင်နဲ့ အရင်ကတည်းက ဆက်သွယ်ခိုင်းထားတာ”

“ငါက ကျန်းရှန်ဆောင်ရဲ့ ဂိုဏ်းချုပ်ဆိုတာပဲ မင်းသိတယ်၊ ဒါပေမဲ့ ငါ့မှာ တခြားကိုယ်ပိုင် ဝိသေသတစ်ခု ရှိသေးတာကို မင်းမသိဘူး”

ယွီကျင်းရှို့၏ နှလုံးသားမှာ တင်းကျပ်သွားသော်လည်း ရမ်ထျန်းစန်းကို ဆက်ကြည့်နေသည်။

ရမ်ထျန်းစန်းက အေးဆေးစွာ ဆက်ပြောသည်။

“ငါနဲ့ သွေးဝတ်ရုံခန်းမဆောင်ရဲ့ သခင် ‘သွေးမြစ်နဂါး’ လျှိုကျင့်ဖုန်းတို့က ဆရာတူ ညီအစ်ကိုတွေပဲ”

“ငါ အဆင့်(၇) ပဲ ရှိတုန်းက ငါ့ဆရာတူအစ်ကိုက သိုင်းလောကမှာ နာမည်ကျော်နေပြီ၊ မဟာဆရာသခင်များ စာရင်းရဲ့ နံပါတ်(၁) ဖြစ်လာတယ်”

“ငါ အသက် ၂၅ နှစ်အရွယ်မှာ နဂါးနှင့်ကျားစာရင်းရဲ့ ၁၃ နေရာကို ရခဲ့တယ်၊ ငယ်ရွယ်ပြီး ရဲရင့်ခဲ့တယ်၊ သူရဲကောင်းလုပ်ရင်း ကျင်းလဲ့ဆောင်ရဲ့ သခင်လေးကို ဒဏ်ရာရစေခဲ့တယ်၊ အဲ့ဒီခေတ်က ကမ္ဘာ့ဂိုဏ်းကြီး ခြောက်ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ကျင်းလဲ့ဆောင်ကို စော်ကားမိသလို ဖြစ်သွားတယ်။ ဒါကြောင့် ကျင်းလဲ့ဆောင်က ကောင်းကင်-လူသားနယ်ပယ် ကျွမ်းကျင်သူ နှစ်ယောက်က လှုပ်ရှားလာတယ်။ ငါတို့ ဂိုဏ်းတစ်ခုလုံးက လူခြောက်ယောက်ပဲ ကျန်ခဲ့တယ်၊ ငါက အဲ့ဒီထဲမှာ တစ်ယောက်ပါ”

“ဆရာတူအစ်ကို လျှိုက ဆရာတူအစ်ကို သုံးယောက်ကို ခေါ်ပြီး သွေးဝတ်ရုံခန်းမဆောင်ကို ဝင်လိုက်တယ်၊ ဒါပေမဲ့ ငါနဲ့ ဆရာတူညီလေး ချန်ကိုတော့ လုပ်ကြံသတ်ဖြတ်သူတွေ မဖြစ်ခိုင်းခဲ့ဘူး”

“ဆယ်နှစ်အတွင်းမှာပဲ ဆရာတူအစ်ကို လျှိုက အဆင့်(၁) နယ်ပယ်ကို ရောက်သွားတယ်၊ ပြီးတော့ သူက ဆရာတူအစ်ကိုတွေနဲ့ သွေးဝတ်ရုံခန်းမဆောင်က လုပ်ကြံသတ်ဖြတ်သူ ဒါဇင်နဲ့ချီကို ခေါ်ပြီး ကျင်းလဲ့ဆောင်ကို တိုက်ခိုက်ခဲ့တယ်၊ ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်လိုက်တယ်။ ကျင်းလဲ့ဆောင်ရဲ့ အရင် ဂိုဏ်းချုပ်၊ အဆင့်(၁) ကျွမ်းကျင်သူ ‘မိုးကြိုးအပြစ်ပေး အရှင်သခင်’ တောင် မလွတ်မြောက်ခဲ့ဘူး”

“အဲ့ဒီအချိန်တုန်းက သွေးဝတ်ရုံခန်းမဆောင်မှာ အင်ပါယာ နန်းတော်က ကျောထောက်နောက်ခံ ပေးထားတယ်။ လူသတ်ခ ယူတာအပြင်၊ အင်ပါယာ နန်းတော်အတွက် မနာခံတဲ့သူတွေကိုလည်း ဖယ်ရှားပေးခဲ့တယ်၊ ဒါကြောင့် ကမ္ဘာ့နံပါတ်(၁) လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်း ဖြစ်ခဲ့တယ်”

“ဒါပေမဲ့ ဆရာတူအစ်ကို လျှိုက သွေးဝတ်ရုံခန်းမဆောင်ကို တာဝန်ယူလိုက်ပြီးနောက်မှာတော့… လျှိုကျင့်ဖုန်း ရှိနေတဲ့အတွက်ကြောင့် သွေးဝတ်ရုံခန်းမဆောင်က နံပါတ်(၁) လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်း ဖြစ်လာခဲ့တယ်”

“ဆရာတူအစ်ကို လျှိုက သွေးဝတ်ရုံခန်းမဆောင်ထဲက အင်ပါယာ နန်းတော်က လူတွေကို ရှင်းထုတ်လိုက်လို့၊ ခန်းမသခင်ရာထူးကို သိမ်းပိုက်လိုက်လို့၊ အင်ပါယာ နန်းတော်ကို မနာခံလို့ပဲ လွန်ခဲ့တဲ့ နှစ် ၉၀ က တိုက်ပွဲ ဖြစ်ပွားခဲ့တာ”

“ပြီးတော့ ကျန်းရှန်ဆောင်ဆိုတာ ဆရာတူအစ်ကို လျှိုက ငါနဲ့ ဆရာတူညီလေး ချန်အတွက် ပြင်ဆင်ပေးထားတဲ့ နောက်ဆုတ်စခန်းပဲ”

“ဆရာတူညီလေး ချန်နဲ့ ငါတို့က ကျန်းရှန်ဆောင်ဟာ ဆရာတူအစ်ကို အတော်များများအတွက် နောက်ဆုံးစခန်း ဖြစ်စေရမယ်လို့ မျှော်လင့်ခဲ့ကြတယ်”

“ကံမကောင်းစွာနဲ့ပဲ လွန်ခဲ့တဲ့ နှစ် ၉၀ က ဆရာတူအစ်ကို လျှို ပျောက်သွားတယ်၊ တခြား ဆရာတူအစ်ကို နှစ်ယောက်က အင်ပါယာ နန်းတော်က ကျွမ်းကျင်သူတွေလက်ချက်နဲ့ သေသွားတယ်၊ အဲ့ဒီအချိန်တုန်းက ငါလှုပ်ရှားခဲ့ပေမဲ့ အင်ပါယာ နန်းတော်က ကောင်းကင်-လူသားနယ်ပယ် ကျွမ်းကျင်သူ နှစ်ယောက်ကိုပဲ သတ်နိုင်ခဲ့ပြီး ဆရာတူအစ်ကို လျှိုကို ကယ်နိုင်ခဲ့တယ်”

ယွီကျင်းရှို့၏ မျက်နှာမှာ ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေသည်။

ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသော တပည့်ရင်းအနေနဲ့ သူမဟာ ငယ်စဉ်ကတည်းက တခြားသူတွေ မသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ အများကြီးကို ကြားခဲ့ရတယ်။ ‘သွေးမြစ်နဂါး’ လျှိုကျင့်ဖုန်းက ကမ္ဘာ့အစွမ်းထက်ဆုံး ဆိုတဲ့ ခေါင်းစဉ်အတွက် ယှဉ်ပြိုင်နိုင်တဲ့သူ၊ သူမဆရာက လျှိုကျင့်ဖုန်းရဲ့ ဆရာတူအစ်ကို ဖြစ်နေတာလား။

ထို့ပြင် သူမဆရာပြောတဲ့ ဆရာတူညီလေး ချန်နဲ့ ဆရာတူအစ်ကို လျှိုက ဘယ်သူတွေလဲဆိုတာ သူမ ရိပ်မိလိုက်သည်။

ဆရာတူညီလေး ချန်ဆိုတာ သူမရဲ့ ဆရာဦးလေးငယ် ချန် ဖြစ်ပြီး အဆင့်(၂) ကောင်းကင်-လူသားနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်။

လျှို့ဝှက်ခန်းမကို စောင့်ရှောက်တဲ့ အကြီးအကဲကတော့ ဆရာဦးလေးငယ် ချန်က ဆရာတူအစ်ကို လျှိုလို့ ခေါ်တဲ့သူ။ အဲ့ဒီသူကလည်း အဆင့်(၂) ကောင်းကင်-လူသားနယ်ပယ် ကျွမ်းကျင်သူပဲ။

သူမဆရာက သွေးဝတ်ရုံခန်းမဆောင်က လာတာလို့ အရင်ကတည်းက ခန့်မှန်းခဲ့ပေမဲ့ သူမဆရာနဲ့ သွေးဝတ်ရုံခန်းမဆောင် သခင်က ဆရာတူညီအစ်ကိုတွေ ဖြစ်နေလိမ့်မယ်လို့ ဘယ်တော့မှ မထင်ခဲ့မိဘူး။

ယွီကျင်းရှို့က တုန်တုန်ယင်ယင် မေးလိုက်သည်။

“ဒါဆိုရင်… သွေးဝတ်ရုံခန်းမဆောင် သခင်က တကယ်ပဲ ဘယ်လောက်တောင် အစွမ်းထက်သလဲ”

ရမ်ထျန်းစန်းက ရေရွတ်သည်။

“ဘေးဒဏ်ကို ငါးကြိမ် ခံယူထားတဲ့ ကျွမ်းကျင်သူတောင် သူ့ရဲ့ ဓားချက်တစ်ချက်ကို မခံနိုင်ဘူး”

ဒီအချိန်မှာတော့၊

ရှောင်ပီလီက ကျုံးဟွာခန်းမကနေ ထွက်ခွာသွားပြီ ဖြစ်သည်။

အဆင့်(၁) လျှပ်စီးဘေးနယ်ပယ်မှာ ဘေးဒဏ်ခံယူရတာက အန္တရာယ် အလွန်များသည်။ ရန်သူတွေ ဝိုင်းနေရင် ဘေးဒဏ်ခံယူတာ အောင်မြင်သွားရင်တောင်၊ အားနည်းနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး သတ်ဖို့ ရန်သူတွေက စောင့်နေကြလိမ့်မယ်။

ဒါကြောင့် သူတို့မှာ ယုံကြည်ရတဲ့ ကျွမ်းကျင်သူ သူငယ်ချင်းတွေ အကာအကွယ်ပေးမထားရင်၊ သာမန် ကျွမ်းကျင်သူတွေက လူသူကင်းမဲ့တဲ့ နေရာမှာပဲ ဘေးဒဏ်ခံယူဖို့ ရွေးချယ်ကြလိမ့်မယ်။

ပြီးတော့ ရှောင်ပီလီက အနောက်ဘက်ကို ဦးတည်ပြီး ဘေးဒဏ်ခံယူဖို့ မန်ပြည်နယ်ကို ပြန်ဖို့ ရွေးချယ်လိုက်သည်။

မန်ပြည်နယ်ရဲ့ နက်ရှိုင်းတဲ့ နေရာတွေမှာ အဆိပ်ငွေ့တွေ ပြည့်နှက်နေပြီး လူတွေနေထိုင်ဖို့ မသင့်တော်ဘူး။ ထို့ပြင် မန်ပြည်နယ်ရဲ့ သိုင်းလောကက အလွန်အားနည်းတယ်၊ အဆင့်(၁) လျှပ်စီးဘေးနယ်ပယ် ကျွမ်းကျင်သူကို ထားလိုက်၊ မဟာဆရာသခင် တစ်ယောက်တောင် ရှာမတွေ့နိုင်ဘူး။

ဘေးဒဏ်ခံယူဖို့ အသင့်တော်ဆုံး နေရာပဲ ဖြစ်သည်။

တစ်ယောက်ယောက်က သိသွားပြီး သတင်းပြန့်သွားရင်တောင်၊

သူက ဘေးဒဏ်ခံယူတာ အောင်မြင်သွားပြီး မိုင်တစ်ထောင် အဝေးကို ထွက်ပြေးသွားပြီ ဖြစ်လိမ့်မယ်။

အခန်း(၁၃၆) တစ်ယောက်ယောက်နဲ့ တွေ့ဆုံခြင်း

မန်ပြည်နယ်။

ယွမ်မြစ်။

ဝါးဖောင်တစ်ခုသည် ရေစီးကြောင်းကို ဆန်တက်ကာ ယွမ်မြစ်၏ မြစ်ဖျားခံရာဆီသို့ ဦးတည်သွားနေသည်။

ဝါးဖောင်ပေါ်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ရပ်နေ၏။ သူ၏ ဝတ်ရုံရှည်များမှာ လေအဝေ့တွင် လွင့်နေပြီး ရုပ်ရည်မှာလည်း ချောမောခန့်ညားလှသည်။

"ငါနဲ့အတူ လမင်းကို ငေးကြည့်မယ့်သူတွေ ဘယ်မှာများလဲ၊ ရှုခင်းတွေကတော့ မနှစ်ကအတိုင်းပဲ ရှိနေသေးတာပဲ"

လူငယ်၏ ပါးစပ်မှ ကဗျာနှစ်ကြောင်း ထွက်ပေါ်လာသည်။

"ဟင်း"

"ဒီကဗျာနှစ်ကြောင်းကတော့ နည်းနည်းတော့ ဟန်လုပ်လွန်းနေပြီ၊ ကူးပြောင်းလာတာ တစ်နှစ်ရှိပြီ၊ ငါဆိုရင် လူသတ်လိုက်၊ မဟုတ်ရင်လည်း လူသတ်ဖို့ လမ်းမှာပဲ ရှိနေတာ၊ ငါနဲ့အတူ လမင်းကို ဘယ်သူက လိုက်ငေးပေးမှာလဲ"

"ဒါပေမဲ့ ကိုယ့်ဇာတိမြေကို ပြန်သွားတဲ့အကြောင်း ကဗျာလေးတချို့ပဲ မှတ်မိတော့တာမို့ ဒီကဗျာလေးနဲ့ပဲ အဆင်ပြေအောင် သုံးလိုက်တော့မယ်"

ရှောင်ပီလီ တီးတိုးရေရွတ်လိုက်သည်။

ဒီလိုအခြေအနေမျိုးမှာ သူက အမြဲတမ်း ကြွားလုံးထုတ်ချင်နေတတ်ပေမဲ့ ဒီတစ်ခါ ကြွားလိုက်တာကတော့ အနည်းငယ် အတင်းအကျပ် ဆန်နေသည်။

သူ့ရဲ့ သိုင်းပညာနဲ့ဆိုရင် ပေါ့ပေါ့ပါးပါး ခရီးနှင်ရုံနဲ့ မန်ပြည်နယ် တောအုပ်ထဲကို မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်ပေမဲ့ တောအုပ်ရဲ့ အတွင်းပိုင်းကို သွားဖို့ဆိုရင်တော့ ရေလမ်းကြောင်းက သွားရ ပိုလွယ်ကူသည်။

သူ့ခြေထောက်အောက်က ဝါးဖောင်က အလွန်မြန်ဆန်စွာ ရွေ့လျားနေသည်။

တစ်ဝက်ခန့်ကြာပြီးနောက်တွင် တောအုပ်ကြီးကို မြင်နေရပြီ ဖြစ်သည်။

မီးခိုးရောင် အဆိပ်ငွေ့များက တောအုပ်ကို ဖုံးလွှမ်းထားသည်။

မန်ပြည်နယ် တောအုပ်ရဲ့ အတွင်းပိုင်းက အဆိပ်ငွေ့တွေက အလွန်ပြင်းထန်လှသည်၊ အတွေ့အကြုံရှိတဲ့ အမဲလိုက်သူတွေနဲ့ ဆေးမြစ်ရှာသူတွေတောင် အတွင်းပိုင်းအထိ မဝင်ရဲကြဘဲ တောအစွန်းပိုင်းလောက်မှာပဲ အမဲလိုက်ပြီး ဆေးမြစ်ရှာကြသည်။

ရှောင်ပီလီရဲ့ သုံးကျန်း (ပေ) ပတ်လည်မှာတော့ မမြင်နိုင်တဲ့ အကာအကွယ်တစ်ခုက အဆိပ်ငွေ့တွေကို လုံးဝပိတ်ဆို့ထားသည်။

ဒီလောက်အဆိပ်ငွေ့တွေက ရှောင်ပီလီကို ဘာမှမလုပ်နိုင်ပေမဲ့ အဆိပ်ငွေ့တွေက အနံ့ဆိုးလွန်းတာကြောင့် သူကတော့ အနံ့မရချင်ပေ။

ချွတ်ခနဲ။

ဓားရောင်ခြည် ဖြတ်သန်းသွားသည်။

အလျား သုံးဆယ်ကျော်ရှည်တဲ့ စပါးအုံးမြွေကြီးက အပိုင်းပိုင်း ပြတ်ထွက်သွားပြီး ရေထဲကို ကျသွားသည်။

မြွေရဲ့ သွေးတွေက ရေကို နီရဲသွားစေသည်။

ရှောင်ပီလီရဲ့ ခြေထောက်အောက်က ဝါးဖောင်က မြွေအလောင်းကို ကျော်ဖြတ်သွားပြီး နောက်ကရေပြင်ကတော့ လှုပ်ခါနေဆဲ ဖြစ်တာကြောင့် ရေအောက်မှာ တစ်ခုခုရှိနေမှန်း သိသာသည်။

ရှောင်ပီလီ ထွက်ခွာသွားပြီး ဆယ်သက်မကြာခင်မှာပဲ မြွေအလောင်းက ပျောက်ကွယ်သွားသည်။

တစ်နာရီအကြာတွင် ရှောင်ပီလီသည် ဝါးဖောင်ကို စွန့်ပစ်လိုက်ပြီး ရေလှိုင်းများပေါ်တွင် လမ်းလျှောက်ကာ မန်ပြည်နယ် တောအုပ်အတွင်းပိုင်းဆီသို့ ဦးတည်သွားသည်။

"ဘယ်လောက်တောင် ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်လဲ"

"ဒီလိုနေရာမျိုးမှာ အမှန်တကယ်လမ်းဆုံးမနေတဲ့သူ မဟုတ်ရင် ဘယ်သူက လာနေမှာလဲ"

"အဆင့်(၅) ကျွမ်းကျင်သူတောင် ဒီမှာ ကြာကြာနေရင် ဒုက္ခရောက်မှာပဲ"

"ဒါပေမဲ့ ဒီလောက်နက်တဲ့နေရာကတော့ သင့်တော်ပါတယ်။ ဒီမှာ လျှပ်စီးဘေးကို ရင်ဆိုင်မယ်ဆိုရင် တောအစွန်းပိုင်းလောက်မှာတော့ ထူးဆန်းတဲ့ အရာတွေ ဖြစ်ပေါ်လာနိုင်ပေမဲ့ မဟာဆရာသခင်ကြီး ဒါမှမဟုတ် ကောင်းကင်-လူသားအဆင့် မဟုတ်ရင်တော့ ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး"

ရှောင်ပီလီသည် သစ်ပင်ကြီးတစ်ပင်ပေါ် ဆင်းသက်လိုက်ပြီး လျှပ်စီးဘေးကို ဆွဲခေါ်နိုင်ရန် အကောင်းဆုံးအခြေအနေကို ပြင်ဆင်နေစဉ်...

"အင်"

"တကယ်ပဲ လူတွေ ရောက်လာတာလား"

"အုပ်စုလိုက်ကြီးပါလား"

သစ်ပင်ကြီးပေါ်မှာ ရပ်နေတဲ့ ရှောင်ပီလီသည် အရှေ့ဘက်ကို ကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

ဒီလူတွေက သိုင်းပညာ နည်းတဲ့သူတွေ မဟုတ်၊ သူတို့ကို ကြည့်ရှုပေးနေတဲ့ ကောင်းကင်-လူသားတစ်ယောက်တောင် ပါသေးသည်၊ သူတို့က ရှောင်ပီလီနဲ့ နီးတဲ့နေရာအထိ ရောက်နေပြီ။

ဒါ့အပြင် ဒီလူအုပ်စုရဲ့ နောက်ကွယ်မှာတော့ လျှို့ဝှက်စွာ လိုက်ပါလာတဲ့ အဆင့်(၂) ကောင်းကင်-လူသားတစ်ယောက် ရှိနေသေးသည်။ ထိုသူ၏ ပေါ့ပါးမှု သိုင်းပညာမှာ အလွန်ကောင်းမွန်တာကြောင့် ရှေ့ကလူအုပ်စုထဲက ကောင်းကင်-လူသားတောင် သူ့ကို လိုက်ပါလာမှန်း မသိလိုက်ပေ။

"စိတ်ဝင်စားစရာပဲ" ရှောင်ပီလီ ပြုံးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်:

"နောက်ကျတာထက်စာရင် နောက်မကျတာ ပိုကောင်းတာပေါ့"

"ကောင်းကင်-လူသားနှစ်ယောက်ကို ဆွဲခေါ်လာနိုင်တယ်ဆိုတော့ အတွင်းထဲမှာ တစ်ခုခု ကောင်းတာရှိနေပုံပဲ"

"အဲ့ဒီလိုဆိုရင် လျှပ်စီးဘေးကို ရင်ဆိုင်ဖို့ကတော့ အရေးမကြီးတော့ဘူးပေါ့"

ဒီအချိန်မှာတော့၊

လူဆယ်ဂဏန်းလောက်ပါတဲ့ အုပ်စုတစ်စုက ရှောင်ပီလီရှိတဲ့ နေရာဆီသို့ ဦးတည်လာနေကြသည်။

သူတို့ရဲ့ အဝတ်အစားတွေက စုတ်ပြဲနေကြပြီး ရှောင်ပီလီထက်တောင် ပိုပြီး ရှုပ်ပွနေကြသည်။

"သေစရာကောင်းလိုက်တာ"

"အရှေ့ဘက်စခန်းက သတင်းကို ဘယ်ကနေ ရသွားတာလဲ"

"ငါတို့ ချင်မိသားစုကို နောက်မဆုတ်တမ်း လိုက်ဖမ်းနေတာပဲ"

"အဟွတ်၊ အဟွတ်၊ အဟွတ်"

အစိမ်းရောင်မည်းမည်း ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့ အဆင့်(၃) မဟာဆရာသခင်ကြီးတစ်ယောက် ချောင်းဆိုးနေသည်မှာ ထိခိုက်ဒဏ်ရာ ရထားမှန်း သိသာသည်။

နောက်ထပ် အဆင့်(၃) မဟာဆရာသခင်ကြီး အကြီးအကဲတစ်ယောက်က အေးစက်စက် ပြောလိုက်သည်:

"အရှေ့ဘက်စခန်းက ငါတို့နဲ့ ရှေးမင်းဆက်နဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယဝင်နေတာမို့ ငါတို့ကို စောင့်ကြည့်နေတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာက ငါတို့ရဲ့ ဘိုးဘေးတွေက အရှေ့ဘက်စခန်းကို အာရုံလွှဲဖို့ ရည်ရွယ်ပြီး အတုအယောင် ရတနာသိုက်မြေပုံ လေးခုကို ဖန်တီးခဲ့ကြတာ"

"အဲ့ဒီအချိန်တုန်းက အရှေ့ဘက်စခန်းရဲ့ အာရုံက အကုန်လွှဲသွားခဲ့ပြီး အဲ့ဒီမြေပုံတွေထဲက နှစ်ခုက သူတို့လက်ထဲ ရောက်သွားခဲ့တယ်။ သူတို့က ယန်နယ်မြေနဲ့ ရှာကျိုး သဲကန္တာရထဲမှာပဲ ရှာနေခဲ့တာ"

"အကုန်လုံးက ရှောင်ပီလီကြောင့်ပဲ၊ အကယ်၍ သူသာ ရှန်းဇုန်ဆီက ရတနာသိုက်မြေပုံကို မယူခဲ့ရင် အရှေ့ဘက်စခန်းက ငါတို့ဆီကို အာရုံပြန်ရောက်လာမှာ မဟုတ်ဘူး"

"ဒီတစ်ခါသာ အရှေ့ဘက်စခန်းရဲ့ ရည်ရွယ်ချက်ကို ကြိုမသိခဲ့ရင် ငါတို့တော့ သေပြီပေါ့"

သူတို့နှစ်ယောက် ပြောတာကို နားထောင်ရင်း။

အဓိက အုပ်စုနဲ့အတူ အဆိပ်ငွေ့တွေပြည့်နေတဲ့ တောထဲကို ဝင်လာတဲ့ လူငယ်မျိုးဆက်တွေကတော့ ဘာမှနားမလည်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေကြသည်။

သူတို့အကြီးအကဲတွေ ပြောနေတဲ့ မြေပုံတွေက ဘာလဲဆိုတာတောင် သူတို့ မသိကြပေ။

ပြီးတော့ ရှေးမင်းဆက်။

သူတို့ ချင်မိသားစုနဲ့ ရှေးမင်းဆက်နဲ့ ဘာဆက်စပ်မှုရှိတာလဲ။

"တော်ပြီ"

အဆင့်(၂) ကောင်းကင်-လူသားဖြစ်တဲ့ ချင်ရှုက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်:

"ကံကောင်းတာက ငါတို့ ချင်မိသားစုက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း အဲ့ဒီနေရာကို ဆယ်ကြိမ်ထက်မနည်း ရောက်ဖူးတယ်၊ ရတနာသိုက်ထဲကို ဝင်မရခဲ့ပေမဲ့ အဲ့ဒီမှာတော့ နေထိုင်လို့ရတဲ့ နေရာတစ်ခုကိုတော့ ဖွင့်ထားနိုင်ခဲ့တယ်"

"ဒီတစ်ခါတော့ အဲ့ဒီမှာ နှစ်အနည်းငယ်လောက် နေပြီးမှ အခြေအနေကို ကြည့်ဖို့ ထွက်လာကြတာပေါ့"

"အဲ့ဒီအချိန်ကျရင် နေရာသေးသေးလေးတစ်ခုကို ပြောင်းပြီးတော့ အရှေ့ဘက်စခန်းက ငါတို့ကို လိုက်ရှာတာ ရပ်သွားတဲ့အထိ စောင့်နေကြတာပေါ့၊ ပြီးမှ နောက်ထပ် အစီအစဉ်တွေ လုပ်ကြတာပေါ့"

"ဒီတစ်ခါတော့ ရတနာသိုက်ကို ဖွင့်နိုင်မလားဆိုတာ ထပ်ကြိုးစားကြည့်ကြတာပေါ့"

"အကယ်၍ ရတနာသိုက်ထဲက အမွေအနှစ်ကို ရခဲ့ရင် ငါတို့ ချင်မိသားစုက အရှေ့ဘက်စခန်းကို ကြောက်စရာ မလိုတော့ဘူး"

ချင်ရှုရဲ့ မျက်ဝန်းထဲမှာတော့ မကျေနပ်မှုတွေ ရှိနေသည်။

အဆင့်(၂) ကောင်းကင်-လူသား ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ သူက အမြဲတမ်း မဟာဆရာသခင်ကြီးလို့ပဲ ဟန်ဆောင်ပြီး အစွမ်းတွေကို မထုတ်ပြခဲ့ပေမဲ့ ဒီတစ်ခါတော့ ပေါ်သွားပြီ၊ သူက ရှေးမင်းဆက်ရဲ့ သိုင်းပညာဖြစ်တဲ့ ရွှမ်ပင်း နတ်ဘုရားလက်ဝါးချက်ကိုတောင် သုံးခဲ့တာမို့ ချင်မိသားစုအနေနဲ့ သူတို့ရဲ့ အထောက်အထားကို ပြန်ဖုံးကွယ်ဖို့ ခက်ခဲလိမ့်မယ်။

ဒီအုပ်စု ရှောင်ပီလီရှိတဲ့ နေရာကို ဖြတ်သွားပြီးနောက်။

ချင်မိသားစုကို လိုက်လာတဲ့ အရှေ့ဘက်စခန်းက ကောင်းကင်-လူသားတစ်ယောက်ကလည်း သစ်ကိုင်းပေါ်ကို ပေါ့ပါးစွာ ဆင်းသက်လိုက်ပြီး ချင်မိသားစုဆီ ကပ်သွားသည်။

သို့သော် သူက သစ်ပင်ကြီးရဲ့ အကိုင်းတစ်ခုပေါ်ကို ပေါ့ပါးစွာ ဆင်းသက်လိုက်ချိန်မှာပဲ၊

ရုတ်တရက်၊

သူ့မျက်စိရှေ့မှာ အရိပ်တစ်ခု ပေါ်လာသည်။

"မင်း..."

အရှေ့ဘက်စခန်းမှ ဒုတိယတပ်မှူး ချိုးယွမ် စကားပြောဖို့ ပြင်နေချိန်မှာပဲ ထိုအရိပ်က သူ့မျက်စိရှေ့ ပေါ်လာပြီး အားကောင်းတဲ့ လက်တစ်ဖက်က သူ့လည်ပင်းကို ညှစ်ထားလိုက်သည်။

သူ့ကျောပြင်ကနေ အေးစက်စက် ခံစားချက်တစ်ခု တက်လာသည်။

ချက်ချင်းဆိုသလိုပဲ ဒီလူက သူ့ရဲ့ စစ်မှန်သော ချီစွမ်းအင် အကုန်လုံးကို ဖိနှိပ်ထားရုံတင်မကဘဲ သူ့ရဲ့ မူလဝိညာဉ်ကိုလည်း သူ့ရဲ့ ဘိုးဘွားအသက်မှတ်မှာ တင်းတင်းကျပ်ကျပ် ဖိထားလိုက်သည်။

သူ တုန်လှုပ်သွားသည်။

သူကိုယ်တိုင်က အဆင့်(၂) ကောင်းကင်-လူသားအဆင့် နောက်ဆုံးအဆင့် ကျွမ်းကျင်သူတစ်ယောက်မို့ ဒီလိုလုပ်နိုင်တဲ့သူက အနည်းဆုံး အဆင့်(၁) လျှပ်စီးဘေးနယ်ပယ် ကျွမ်းကျင်သူဆိုတာ သူသိလိုက်သည်။

"ငါပြောတာကို မင်းဖြေ"

"မဟုတ်ရင်တော့ မင်း အဆုံးမရှိတဲ့ ဒုက္ခတွေကို ခံစားပြီးမှ သေရလိမ့်မယ်"

ချင်မိသားစုဝင်တွေ ဝေးသွားပြီးနောက် ရှောင်ပီလီက ချိုးယွမ်ကို သစ်ကိုင်းပေါ်ကို ပစ်ချလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

ချိုးယွမ် ခေါင်းကိုသာ တရစပ် ငြိမ့်ပြနေသည်။

ရှောင်ပီလီက "အရှေ့ဘက်စခန်းကလား"

ချိုးယွမ်က"အရှေ့ဘက်စခန်း ဒုတိယတပ်မှူး ချိုးယွမ်ပါ၊ ချင်မိသားစုနဲ့ ရှေးမင်းဆက်နဲ့ ဆက်စပ်မှုကို စုံစမ်းဖို့ အမိန့်ပေးခံထားရတာပါ"

ရှောင်ပီလီက"ချင်မိသားစုက ရှေးမင်းဆက်ရဲ့ ရတနာသိုက်နဲ့ ဆက်စပ်နေတာလား"

"ဒါဆိုရင် ငါ့ဆီမှာ ရှိတဲ့ ဒီရတနာသိုက်မြေပုံ နှစ်ခုက ဘာဖြစ်တာလဲ"

ရှောင်ပီလီက လျှိုဖူးရှန့်နဲ့ ရှန်းဇုန်ရဲ့ စာကြည့်ခန်းက ရထားတဲ့ မပြည့်စုံတဲ့ မြေပုံနှစ်ခုကို ချိုးယွမ်ကို ပေးလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

ချိုးယွမ်ရဲ့ အမူအရာ ပြောင်းလဲသွားပေမဲ့ သူကပဲ ပြောလိုက်သည်။

"ဒီမြေပုံတွေက အတုတွေပါ၊ ဒါက ချင်မိသားစုက အပြစ်ကို လွှဲချဖို့ သုံးတာပါ"

"ရတနာသိုက်က မန်ပြည်နယ်ရဲ့ အတွင်းပိုင်းမှာ ရှိတာပါ"

"မင်းက တော်တော် ရိုးသားတာပဲ" ရှောင်ပီလီ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"နောက်ဆုံး မေးခွန်း၊ ငါ့ကို မှတ်မိလား"

ဒီစကားကြားလိုက်တာနဲ့ ချိုးယွမ်က ရုတ်တရက် သူ့ရဲ့ စစ်မှန်သော ချီစွမ်းအင်တွေကို စုစည်းလိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားသည်။

ဒါပေမဲ့ နောက်တစ်ခဏမှာပဲ၊

ဓားရောင်ခြည် လက်သွားသည်။

ချိုးယွမ်ရဲ့ ခန္ဓာကိုယ်က အလယ်ကနေ နှစ်ပိုင်း ပြတ်ထွက်သွားသည်။

【ကျင့်ကြံမှုအမှတ် + 32000】

【တိမ်ခွင်းလက်ဝါးသိုင်း + 1】

All Chapters