← Chapters

အခန်း (၁၃၇-၁၃၉)

Vol. 8 Ch. 137-139

အခန်း (၁၃၇-၁၃၉)

Vol. 8 Ch. 137-139

အခန်း(၁၃၇) တစ်ချက်တည်း

တိမ်ခွင်းလက်ဝါးသိုင်းလား။

ဘာမှမရှိတာထက်စာရင်တော့ ကောင်းပါတယ်။

'ထုတ်ယူ'

သူသည် မည်သို့မျှမတွန့်ဆုတ်ဘဲ တိမ်ခွင်းလက်ဝါးသိုင်းကို အရင်ဆုံး ထုတ်ယူလိုက်သည်။

ခဏအကြာတွင်။

ရှောင်ပီလီ ခေါင်းခါလိုက်ပြီး ချင်းမိသားစုဝင်များ ထွက်ခွာသွားရာ လမ်းကြောင်းအတိုင်း လိုက်ပါသွားလေသည်။

တစ်ဝက်တစ်ပျက် ကြာမြင့်ပြီးနောက်၊

ချင်းမိသားစုဝင်များ ရှေ့ဆက်သွားကြရာ မန်ပြည်နယ်၏ တောနက်ကြီးမှာ ရုတ်တရက် ပွင့်ထွက်သွားသည်။

ပတ်လည် ပေထောင်ပေါင်းများစွာ ကျယ်ဝန်းသော ကန်ကြီးတစ်ခုသည် လူတိုင်း၏ မျက်စိရှေ့၌ ပေါ်လာ၏။

"ဒီနေရာမှာ အဆိပ်ငွေ့တွေ မရှိဘူးပဲ"

"ဒီခရီးစဉ်ရဲ့ ခရီးဆုံးနေရာက ဒါများဖြစ်နေမလား"

"သောက်ကျိုးနည်း၊ ဒီမှာက အဆိပ်ပြင်းတဲ့ ပိုးမွှားတွေနဲ့ ရိုင်းစိုင်းတဲ့ သားရဲတွေကလွဲရင် ဘာမှမရှိဘူး။ ဘယ်လိုလုပ်ပြီး အသက်ရှင်ရမှာလဲ"

"..."

ချင်ရှုနောက်သို့ လိုက်ပါလာနိုင်သူများသည် ချင်မိသားစု၏ တိုက်ရိုက်မျိုးဆက်များသာ ဖြစ်ကြသည်။

ယခုအချိန်တွင် သူတို့အားလုံး မပျော်ရွှင်သော မျက်နှာပေးဖြင့် ရှိနေကြ၏။

ချင်မိသားစုသည် ကိုးဂိုဏ်းနှင့် ခြောက်ဂိုဏ်းစုတို့နှင့် မနှိုင်းယှဉ်နိုင်သော်လည်း ကျန်းဟူလောကတွင် ထင်ရှားသော အင်အားစုတစ်ခု ဖြစ်သည်။

သူတို့သည် အပြင်လောကတွင် သာယာချမ်းမြေ့စွာ နေထိုင်ခဲ့ဖူးသူများဖြစ်ရာ ယခုအခါတွင်မူ ဤသို့သော ဘုရားစူးသည့်နေရာ၌ နေထိုင်ရတော့မည်ဖြစ်သည်။

"ပါးစပ်ပိတ်ထားကြ"

ချင်ရှု အေးစက်စွာ ပြောလိုက်သည်။

ကန်ဘေးရှိလူများ ချက်ချင်း တိတ်ဆိတ်သွားသည်။

"ကျွန်းပေါ်ကို တက်ကြမယ်"

ချင်ရှု၏ အမိန့်ပေးမှုနှင့်အတူ ချင်မိသားစု၏ ယုံကြည်အားကိုးရသော နောက်လိုက်အချို့သည် ကန်ဘေးတွင် ဝှက်ထားသော ဝါးဖောင်များကို ဆွဲထုတ်ကာ ရေထဲသို့ ချလိုက်ကြသည်။

အဖွဲ့သည် ကျွန်းပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

ကျွန်းငယ်လေးသည် မကြီးမားလှဘဲ ရိုးရှင်းသော ကောက်ရိုးတဲအချို့သာ ရှိသည်။

ထိုကောက်ရိုးတဲများကို ကြည့်ရင်း ချင်မိသားစု တိုက်ရိုက်မျိုးဆက်များအားလုံး ဝမ်းချုပ်နေသည့်မျက်နှာများ ဖြစ်သွားကြ၏။ ချင်မိသားစု၏ တိုက်ရိုက်မျိုးဆက်များအနေနှင့် ဤသို့သော ကြမ်းတမ်းသည့်နေရာမျိုးတွင် ဘယ်သောအခါကမှ နေထိုင်ခဲ့ဖူးကြသနည်း။

သို့သော် ချင်မိသားစုအတွင်း၌ ချင်းရှု၏ အာဏာကို ကြောက်ရွံ့ကြသဖြင့် တစ်ခွန်းမျှပင် စကားမဆိုရဲကြပေ။

"မင်းတို့အားလုံး ကျွန်းပေါ်မှာပဲ နေခဲ့ကြ"

"ဘယ်မှ မသွားရဘူး"

ချင်ရှုသည် ကျွန်းပေါ်ရှိ လူငယ်မျိုးဆက်များကို ကြည့်လိုက်ပြီးနောက် ချင်မိသားစုမှ အဆင့်(၃) မဟာဆရာသခင်ကြီး နှစ်ယောက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ငါ့နောက်ကို လိုက်ခဲ့၊ သွားကြည့်ရအောင်"

"ဓားကို ယူခဲ့"

ချင်မိသားစုမှ မဟာဆရာသခင်ကြီး နှစ်ယောက်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာကာ ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြကြသည်။

သူတို့သည် ဤနေရာသို့ တစ်ကြိမ် ရောက်ဖူးသော်လည်း၊

ထိုအချိန်က ရတနာသိုက်၏ တံခါးကို မဖွင့်နိုင်ခဲ့ကြပေ။ သို့သော် ယနေ့မှာမူ ကွာခြားသည်။ သူတို့သည် နတ်ဘုရားပေးလက်နက်ကို ယူဆောင်လာခဲ့ကြပြီ ဖြစ်သည်။ နတ်ဘုရားပေးလက်နက် လက်ထဲတွင်ရှိနေလျှင် ရတနာသိုက်၏ တံခါးကို မုချပေါက်အောင် ဖွင့်နိုင်မည်မှာ အသေအချာပင်။

ချင်ရှုသည် ထိုနှစ်ယောက်ကို ခေါ်ဆောင်ကာ ကျွန်းငယ်လေးမှ ထွက်ခွာသွားပြီး ရှောင်ပီလီကလည်း အနီးကပ် လိုက်ပါသွားသည်။

သူသည် ထိုသုံးယောက် ကန်ဘေးရှိ ကျောက်ဆောင်မှ ရေတံခွန်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားသည်ကို ကြည့်နေလိုက်သည်။

"ရှေးဟောင်းမင်းဆက်၏ ရတနာသိုက်က ကျောက်ဆောင်ရေတံခွန်နောက်မှာ ဝှက်ထားတာလား"

"ဝါးတားခါတင်လိုဏ်ဂူပဲ ဖြစ်မလား"

ရှောင်ပီလီ ခေါင်းခါလိုက်ပြီး ရေတံခွန်ထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားသည်။

ရေတံခွန်၏ နောက်ဘက်တွင် ကျောက်နံရံအတွင်း၌ ဝှက်ထားသော ကမ္ဘာတစ်ခု တကယ်ပင် ရှိနေပြီး၊ ကျောက်ဆောင်၏ တစ်ဝက်ခန့်အမြင့်တွင်ရှိသော ဂူဆီသို့ တိုက်ရိုက်ဦးတည်သည့် လမ်းကြောင်းတစ်ခု ရှိနေသည်။

ချင်ရှုနှင့် နှစ်ယောက်သား ရှေ့ဆက်သွားနေကြဆဲဖြစ်ရာ၊

ရှောင်ပီလီကလည်း သင့်တော်သော အကွာအဝေးမှ လိုက်ပါသွားသည်။

သူတို့ ဂူထဲသို့ အဝေးကြီး မလျှောက်ရသေးမီတွင် နေရာသည် ရုတ်တရက် ကျယ်ပြန့်သွားသည်။ လူတို့ ထွင်းထုထားသည့်အတိုင်း နေရာတိုင်းတွင် တူးဖော်ထားသော အမှတ်အသားများ ရှိနေသည်။

ဂူ၏ အဆုံးပိုင်း ဗဟိုချက်မတွင် ကြီးမားသော ကျောက်တံခါးတစ်ခု ရှိနေ၏။

ကျောက်တံခါးသည် ရွှေနှင့် ကြေးဝါတို့ဖြင့် သွန်းလုပ်ထားသည့်အတိုင်း တိတ်ဆိတ်စွာ တည်ရှိနေသည်။ ချင်ရှုသည် ကျောက်တံခါးရှေ့တွင် ရပ်နေသည်။

ရှောင်ပီလီသည် ကျောက်တံခါးဘက်သို့ ခြေလှမ်းလှမ်းလိုက်သည်။

"ဟဲဟဲ"

"မျှော်လင့်ထားတဲ့အတိုင်း အရှေ့နန်းဆောင်က ခွေးတစ်ကောင် နောက်ကလိုက်လာတာပဲ"

ရှောင်ပီလီ၏ နောက်ဘက်မှ အေးစက်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

ချင်မိသားစုမှ မဟာဆရာသခင်ကြီး နှစ်ယောက်သည် မည်သည့်အချိန်ကတည်းက ရှောင်ပီလီ၏ နောက်ဘက်သို့ ရောက်နေမှန်း မသိ၊ သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်ကြသည်။

ကျောက်တံခါးရှေ့တွင် ရပ်နေသော ချင်ရှုသည်လည်း ခေါင်းလှည့်လာပြီး လက်တစ်ဖက်ကို ကျောက်တံခါးပေါ် တင်ထားကာ ရှောင်ပီလီကို ကြည့်နေသည်။

ဂူထဲတွင် အလင်းရောင် မှိန်ဖျော့သော်လည်း ရှောင်ပီလီ၏ မျက်နှာကို အသေအချာ မြင်လိုက်ရသည့်အခါ ချင်ရှု၏ မျက်ဝန်းတို့၌ သံသယများ ပေါ်လာသည်။

သူ့ရှေ့က လူကို ဘယ်နေရာမှာများ မြင်ဖူးသလဲ။

သို့သော် လက်ငင်းတွင်မူ သူ အမှတ်မရနိုင်သေးပေ။

ချင်ရှုသည် နှစ်ပေါင်းများစွာ တရားကျင့်နေခဲ့သူဖြစ်ရာ ရှောင်ပီလီ၏ ပုံတူပန်းချီကို တစ်ကြိမ်သာ မြင်ဖူးသည်။

ထို့ပြင် ရှောင်ပီလီသည် အဆင့်(၁) နယ်ပယ်သို့ ဝင်ရောက်ပြီးဖြစ်ရာ သူ၏ အရှိန်အဝါသည် ပန်းချီကားထဲကနှင့် လုံးဝ ကွဲပြားခြားနားနေသဖြင့် ချင်းရှု ချက်ချင်း အမှတ်မရခြင်းမှာ ဖြစ်တန်ရာပင်။

ရှောင်ပီလီသာ ချင်မိသားစုမှ မဟာဆရာသခင်ကြီး နှစ်ယောက်နှင့် မျက်နှာချင်းဆိုင်ခဲ့ရပါက သူတို့သည် ရှောင်ပီလီ၏ အထောက်အထားကို ချက်ချင်း သိရှိသွားကြမည်မှာ အမှန်ပင်။

ချင်ရှု ရှောင်ပီလီကို ကြည့်ကာ လျစ်လျူရှုသော လေသံဖြင့် ပြောလိုက်သည်။

"လမ်းတစ်လျှောက်လုံး မှောင်ရိပ်ထဲမှာ တစ်ယောက်ယောက် လိုက်ပါလာနေသလိုပဲ အမြဲခံစားနေရတာ၊ ဒါပေမဲ့ သေချာတော့ မသိခဲ့ဘူး"

"အခုတော့ ငါ့အာရုံက မှားမနေဘူးပဲ"

"အရှေ့နန်းဆောင်မှူးကတော့ ကိုယ်တိုင်ရောက်လာမှာ မဟုတ်ဘူး... မင်းက အရှေ့နန်းဆောင်ရဲ့ ဒုတိယတပ်မှူး သုံးယောက်ထဲမှာ အလျှို့ဝှက်ဆုံးဖြစ်တဲ့ 'သွေးစွန်းလက်' ဖေးထောင်များလား"

ဖေးထောင်ဟူသော အမည်ကို ကြားလိုက်ရသည့်အခါ ချင်မိသားစုမှ မဟာဆရာသခင်ကြီး နှစ်ယောက်၏ နှလုံးသားတို့ တင်းကျပ်သွားကြသည်။

ဒဏ္ဍာရီအရ အရှေ့နန်းဆောင်မှ အဆင့်(၁) နယ်ပယ်မှူးမှလွဲလျှင် 'သွေးစွန်းလက်' ဖေးထောင်သည် သိုင်းပညာ အတော်ဆုံးဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သူဟု ဆိုကြသည်။

ဤနေရာတွင် သူတို့ ချင်မိသားစုက ရာစုနှစ်ပေါင်းများစွာ ကြိုးပမ်း တည်ဆောက်ထားသော ယန္တရားများ မရေမတွက်နိုင်အောင် ရှိသော်လည်း ဘိုးဘေး၏ အဆိုအရ ဤယန္တရားများသည် ကောင်းကင်လူသား ထိပ်တန်းကျွမ်းကျင်သူကိုပင် သတ်ဖြတ်နိုင်သည်ဟု ဆိုသည်။ သို့သော် သူတို့ ကိုယ်တိုင် မမြင်ဖူးကြသေးသဖြင့် စိတ်မချ ဖြစ်နေကြ၏။

"သွေးစွန်းလက် ဖေးထောင်လား" ရှောင်ပီလီ ခေါင်းခါလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"ငါ အခုလေးတင် အရှေ့နန်းဆောင်က လူတစ်ယောက်ကိုတော့ သတ်လိုက်တယ်၊ အဲဒါ မင်းတို့ပြောတဲ့ ဖေးထောင် ဟုတ်မဟုတ်တော့ မသိဘူး"

"ဒါက ရှေးဟောင်းမင်းဆက်ရဲ့ ရတနာသိုက် ရှိတဲ့နေရာလား"

"ဒီယန္တရားတွေက တကယ်ပဲ ဉာဏ်ကောင်းသားပဲ... ဒါပေမဲ့ ငါ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလောက် ယန္တရားအဆင့်က မင်းတို့လို အဆင့်(၂) နယ်ပယ်ကို အခုလေးတင် ဝင်လာတဲ့သူတွေကိုပဲ တားဆီးနိုင်မှာ။ မင်းတို့ နောက်က လိုက်လာတဲ့ အရှေ့နန်းဆောင်က ဆရာကြီးဆိုရင်တော့ ဒီအရာတွေနဲ့ သူ့ကို သတ်ဖို့ အရမ်း ခက်ခဲလိမ့်မယ်"

"သူသာ ဒီနေရာကို ရောက်လာရင် မင်းတို့ သေဖို့ပဲ ရှိတယ်"

ရှောင်ပီလီသည် ဘယ်သူ့ကိုမှ ဂရုမစိုက်သည့်အတိုင်း ဂူထဲတွင် လမ်းလျှောက်နေသည်။

သူ ဘာယန္တရားကို နှိုးလိုက်မိသည် မသိ၊ အေးစက်သော အလင်းရောင်တောက်ပနေသည့် ထက်မြက်သော မြှားပေါင်းများစွာသည် အရပ်မျက်နှာပေါင်းစုံမှ ရှောင်ပီလီကို ဦးတည်ကာ ပစ်ခတ်လာကြသည်။

သို့သော် ရှောင်ပီလီသည် ဥယျာဉ်ထဲ လမ်းလျှောက်နေသကဲ့သို့ပင် မြှားအားလုံးကို ရှောင်တိမ်းသွားသည်။

လေးကြိုးတုန်ခါသံများ ထွက်ပေါ်လာသည်။

ပေါင်တံလောက်ထူသည့် ဒူးလေးမြှား လေးချောင်းသည် ပတ်ဝန်းကျင် နံရံများမှ မိုးကြိုးပမာ လျင်မြန်စွာ ပစ်ခတ်လာပြီး ခဏချင်းမှာပင် ရောက်ရှိလာ၏။

ရှောင်ပီလီသည် သူ၏ လက်ချောင်းကို ဓားသဖွယ် အသုံးပြုကာ အသာအယာ ဝေ့ယမ်းလိုက်သည်။

ထိုဒူးလေးမြှား လေးချောင်းစလုံး ချက်ချင်း နှစ်ပိုင်းပြတ်သွားကာ မြေပေါ်သို့ ကျသွား၏။

"ကြက်သွေးရောင်ငှက် ဒူးလေး"

"ရှေးဟောင်းမင်းဆက် စစ်တပ်က အဆင့်(၃) မဟာဆရာသခင်ကြီးတွေကို နှိမ်နင်းဖို့ တီထွင်ထားတဲ့ အစွမ်းထက် ဒူးလေးပဲ။ အဆင့်(၃) မဟာဆရာသခင်ကြီးတောင် သတိမထားမိရင် ထိခိုက်နိုင်တယ်။ နန်းတော်ကလွဲရင် ရှေးဟောင်းမင်းဆက်ရဲ့ အကြွင်းအကျန်တွေမှာပဲ အနည်းငယ် ရှိတာ"

"ဒါက ရှေးဟောင်းမင်းဆက်ရဲ့ ရတနာသိုက် မဟုတ်ရင်တောင် မင်းတို့က ရှေးဟောင်းမင်းဆက်နဲ့ ဆက်စပ်နေသေးတာပဲ"

သူ ရတနာသိုက်မြေပုံ နှစ်ခုကို ပထမဆုံး ရရှိတုန်းက ဖုန်းစစ်နန်းထံတွင် ရှေးဟောင်းမင်းဆက်အကြောင်း မှတ်တမ်းများကို ဖတ်ဖူးခဲ့ပြီး ကြက်သွေးရောင်ငှက် ဒူးလေးအကြောင်းလည်း ပါဝင်နေသည်။

ရှောင်ပီလီသည် ချင်ရှုရှိရာသို့ လမ်းလျှောက်သွားရင်း ပြောလိုက်သည်။

လေးကြိုးတုန်ခါသံများ တစ်ဖန် ထွက်ပေါ်လာပြန်သည်။

သို့သော် ဤကျဉ်းမြောင်းသော နေရာတွင် မြှားချက်များအားလုံး ရှောင်ပီလီ၏ သုံးထွာအကွာအဝေးအတွင်းသို့ မရောက်နိုင်ကြပေ။

ရှောင်ပီလီသည် ချင်ရှု၏ ငါးထွာအကွာသို့ ရောက်ရှိလာချိန်တွင် ချင်ရှု မထိန်းနိုင်တော့ဘဲ အဆုံးအဖြတ်ပေးသော တိုက်ကွက်ကို ထုတ်လိုက်တော့သည်။

သူ့လက်ထဲရှိ ဓားအိမ်သည် ဟိန်းဟွက်သံနှင့်အတူ ပေါက်ကွဲထွက်သွားသည်။

တောက်ပသော ဓားရောင်ခြည်သည် ရုတ်တရက် ပေါ်လာပြီး ထိတ်လန့်ဖွယ် ဓားစိတ်ဆန္ဒတို့သည် ရှောင်ပီလီကို လွှမ်းခြုံသွားသည်။

ခဏချင်းမှာပင် ပေပေါင်းများစွာ ရှည်လျားသော ဓားရောင်ခြည်အဖြစ် ပြောင်းလဲသွားပြီး ဝှေ့ယမ်းဖြတ်တောက်လိုက်သည်။

ဤနေရာရှိ ယန္တရားများသည် သူတို့ ချင်မိသားစု မျိုးဆက်ပေါင်းများစွာ၏ ကြိုးပမ်းအားထုတ်မှုများ ဖြစ်သော်လည်း ယခုအခါတွင် ဤသူ၏ ခြေလှမ်းကိုပင် မတားဆီးနိုင်ခဲ့ပေ။ သူသာ အခုမတိုက်ခိုက်လျှင် နောက်ပိုင်းတွင် တိုက်ခိုက်ရဲသည့်သတ္တိပင် ရှိတော့မည်မဟုတ်ဟု စိုးရိမ်မိသည်။

ချင်ရှု နတ်ဘုရားပေးလက်နက်ဖြင့် ဓားချက်ကို ဖြတ်တောက်လိုက်သည်ကို မြင်ရသဖြင့်၊

ချင်မိသားစုမှ မဟာဆရာသခင်ကြီး နှစ်ယောက် အသက်ရှူချနိုင်သွားကြသည်။

ဤသို့သော အစွမ်းထက်သည့် ဓားချက်မျိုးကို ဤသို့ ကျဉ်းမြောင်းသော နေရာမျိုးတွင်၊ ဤမျှနီးကပ်သော အကွာအဝေးမှ တိုက်ခိုက်ခြင်းဖြစ်ရာ အရှေ့နန်းဆောင်မှူး မည်သို့မျှ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

ဤဓားချက်ကို ရင်ဆိုင်ရာတွင် ရှောင်ပီလီ၏ မျက်နှာပေါ်၌ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း အလျင်းမရှိ၊ သူသည် နူးညံ့သော လက်သီးချက် တစ်ချက်ကိုသာ ထုတ်လိုက်သည်။

ထိတ်လန့်ဖွယ် လက်သီးစွမ်းအားတို့သည် လေထုကို ဖောက်ထွက်သွားကာ၊

ဓားရောင်ခြည်ကို ချက်ချင်း ဆုတ်ဖြဲလိုက်ပြီး ချင်ရှု၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။

ချင်ရှု၏ ခန္ဓာကိုယ်သည် ဟိန်းဟွက်သံနှင့်အတူ ပေါက်ကွဲထွက်သွားပြီး သူ၏နောက်ကွယ်ရှိ ရွှေကြေးဝါတံခါးကို ပေကျံသွားစေသော သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားသည်။

【ကျင့်ကြံမှုအမှတ် + ၃၂၀၀၀】

အခန်း(၁၃၈) ရတနာ

မဟာချန်အင်ပါယာ နန်းတော်။

နန်းတော်အပြင်ဘက် မြေတစ်လက်မစီတိုင်းသည် ရွှေနှင့်ညီမျှလောက်အောင် တန်ဖိုးကြီးလှသည်။

အဆင့်မြင့်အရာရှိကြီးများနှင့် မင်းမျိုးမင်းနွယ်များသာ နေထိုင်ခွင့်ရှိသည်။

သို့သော် နန်းတော်တံတိုင်းကိုသာ ခြားထားသည့် နန်းတော်အပြင်ဘက်တွင်မူ ဧရိယာကျယ်ဝန်းလှသော ရှေးဟောင်းအဆောက်အအုံတစ်ခု တည်ရှိနေသည်။

ထိုနေရာကား ချင်ထျန်းရုံးတော် ဖြစ်သည်။

ချင်ထျန်းရုံးတော်သည် နန်းတော်တွင် အလွန်ထူးခြားသော အနေအထား၌ ရှိနေသည်။ စစ်ရေးစစ်ရာ၌ အာဏာကြီးမားလှသည့် အဆင့်(၁) ကျွမ်းကျင်သူများပင် ချင်ထျန်းရုံးတော်ကို မပုန်ကန်ရဲကြချေ။

ထိုအချိန်တွင်၊

ချိုင့်ဝှမ်းသခင် ရွှမ်ကျီးသည် ချင်ထျန်းရုံးတော်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ကြီးကြပ်ရေးမှူးနှင့် တွေ့ဆုံရန်ဖြစ်သော်လည်း ကြီးကြပ်ရေးမှူး၏ တပည့်ရင်းဖြစ်သူ ကွမ်ရွှမ်ယွင်က ချင်ထျန်းရုံးတော်အတွင်း၌ သူ့ကို တားဆီးထားသည်။

“ရွှမ်ယွင်၊ ဒါ ဘာသဘောလဲ” ကွမ်ရွှမ်ယွင်ကို ရင်ဆိုင်ရချိန်တွင် ချိုင့်ဝှမ်းသခင် ရွှမ်ကျီးသည် မည်သည့်မာနကိုမျှ မပြဝံ့ချေ။

သိုင်းပညာ၌ဖြစ်စေ၊ ကံကြမ္မာတွက်ချက်ခြင်း၌ဖြစ်စေ သူသည် ကွမ်ရွှမ်ယွင်ထက် သာလွန်ခြင်းမရှိပေ။

ထို့အပြင် ကွမ်ရွှမ်ယွင်သည် နောက်လာမည့် ကြီးကြပ်ရေးမှူးအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်သည်။

ကွမ်ရွှမ်ယွင်က ပြုံးရွှင်စွာဖြင့် ချိုင့်ဝှမ်းသခင် ရွှမ်ကျီးကို လက်အုပ်ချီကာ ပြောလိုက်သည်။

“ဆရာက ကျင့်ကြံနေတယ်”

“မကျင့်ကြံခင်က ဆရာပြောသွားတာက ဆရာဦးလေးငယ် ရောက်လာလိမ့်မယ်တဲ့။ ဆရာ့ကို ဘာမှမမေးမြန်းဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ဆောင်ဖို့ ဆရာက မှာထားပါတယ်”

ချိုင့်ဝှမ်းသခင် ရွှမ်ကျီးသည် အနည်းငယ် တုန်လှုပ်သွားကာ ပြောလိုက်သည်။

“အဲ့ဒီလိုဆိုရင်တော့ ကျွန်တော် နားလည်ပါပြီ”

“ဒီတစ်ခေါက် ကြီးကြပ်ရေးမှူး ကိုယ်တိုင် လှုပ်ရှားခဲ့တယ်လို့ ကြားရတယ်။ နတ်ဆိုးဆရာတော် ပုခုန်း ဘယ်လိုဖြစ်သွားလဲ”

ကွမ်ရွှမ်ယွင်က ပြန်ဖြေသည်။

“နတ်ဆိုးဆရာတော် ပုခုန်းကို ကယ်ထုတ်နိုင်ခဲ့ပါတယ်”

“ဒါပေမဲ့ သူက ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ဆရာလည်း အနည်းငယ် ဒဏ်ရာရသွားတယ်”

ဟူး။

ချိုင့်ဝှမ်းသခင် ရွှမ်ကျီးသည် အံ့ဩစွာ ရှိုက်လိုက်သည်။

ကြီးကြပ်ရေးမှူးပင် ဒဏ်ရာရသွားသလား။

သူသည် ကြီးကြပ်ရေးမှူး၏ စွမ်းအားကို သိသည်။ သူ၏ ကံကြမ္မာတွက်ချက်ခြင်းသည် ပြိုင်ဘက်ကင်းရုံသာမက သိုင်းပညာသည်လည်း သိုင်းလောကတွင် ပြိုင်ဘက်မရှိသလောက်ဖြစ်သည်။

သို့သော် ယခု ကွမ်ရွှမ်ယွင်က ကြီးကြပ်ရေးမှူး ဒဏ်ရာရသည်ဟု ပြောနေသည်။

“သွေးဝတ်ရုံခန်းမဆောင်မှူး လျှိုကျင့်ဖုန်း မသေဘဲ ရှိနေသေးတာလား”

လျှိုကျင့်ဖုန်းမှတစ်ပါး သွေးဝတ်ရုံခန်းမဆောင်တွင် သူ၏ဆရာကြီးကို ဒဏ်ရာရအောင် လုပ်နိုင်မည့်သူကို သူ မတွေးကြည့်တတ်ချေ။

လွန်ခဲ့သော နှစ်ပေါင်းကိုးဆယ်က ဆရာကြီးသည် လျှိုကျင့်ဖုန်းနှင့် ယှဉ်ပြိုင်ဖူးပြီး ထိုစဉ်ကလည်း ဒဏ်ရာရခဲ့ဖူးသည်။

ကွမ်ရွှမ်ယွင်က ခေါင်းခါလိုက်သည်။

“ဆရာ ဘာမှ မပြောသွားဘူး”

နံ့သာတိုင်တစ်တိုင်စာ အချိန်ကြာပြီးနောက် ချိုင့်ဝှမ်းသခင် ရွှမ်ကျီးသည် ချင်ထျန်းရုံးတော်မှ ထွက်လာခဲ့သည်။

ချင်ထျန်းရုံးတော် အပြင်ဘက်သို့ ရောက်သည်နှင့်၊

မြင်းလှည်းတစ်စီးက စောင့်နေနှင့်သည်။

“ချိုင့်ဝှမ်းသခင် ရွှမ်ကျီး”

“ဆယ်နှစ်တောင် ကြာသွားပြီ၊ လာခဲ့ပြီး စကားပြောကြရအောင်လား”

မြင်းလှည်းကုလားကာကို လှပ်လိုက်ရာ အရောင်ဖျော့တော့သော အိုမင်းသည့် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

အိုယန်ကျင်းတယ်။

သိုင်းလောက၏ မျိုးရိုးကြီးခြောက်ခုအနက်မှ အိုယန်မိသားစု၏ ဘိုးဘေးဖြစ်သည်။

အဆင့်(၁) လျှပ်စီးဘေးနယ်ပယ် ကျွမ်းကျင်သူတစ်ဦး။

ချိုင့်ဝှမ်းသခင် ရွှမ်ကျီးသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

သူသည် သွေးဝတ်ရုံခန်းမဆောင်ကို တိုက်ခိုက်ခဲ့သော်လည်း သူ၏ ထျန်းကျီချိုင့်ဝှမ်းသည် ချင်ထျန်းရုံးတော်၏ နောက်ခံရှိပြီး အိမ်ရှေ့မင်းသားနေရာအတွက် ယှဉ်ပြိုင်ရန် မလိုအပ်ပေ။

အိုယန်မိသားစုသည် အားနည်းသည်မဟုတ်သော်လည်း အိမ်ရှေ့မင်းသား(၆)နှင့် ကြာမြင့်စွာကတည်းက ဆက်နွှယ်နေသည်။ အကယ်၍ အိမ်ရှေ့မင်းသား(၆)က နန်းမွေမဆက်ခံနိုင်ပါက အိုယန်မိသားစုသည် များစွာ ထိခိုက်ရလိမ့်မည်။

ဤအချိန်တွင် အိုယန်ကျင်းတယ်နှင့် နီးကပ်စွာ ပေါင်းသင်းခြင်းသည် ကောင်းသောအရာမဟုတ်ပေ။

အိုယန်ကျင်းတယ်သည် ချိုင့်ဝှမ်းသခင် ရွှမ်ကျီး၏ စိုးရိမ်မှုကို မြင်ပုံရပြီး ပြုံးလိုက်သည်။

“ဒီတစ်ခေါက်တော့ နန်းတော်အမိန့်တော်နဲ့ လာရှာတာပါ”

“အရှေ့နန်းဆောင်မှူးက လန်ခဲကျောင်းတော်ကို သွားရောက်ပြီး နတ်ဆိုးကောင်းကင်ဂိုဏ်းမှ သိုင်းသမားများနှင့် တာအိုဆွေးနွေးဖို့ ဖိတ်ခေါ်နေပြီ”

“သွေးဝတ်ရုံခန်းမဆောင်က သိုင်းလောကမှာ ဒီလောက်တောင် ဂယက်ရိုက်နေတာကို ဖိုစူပြည်နယ်ကို ထွက်ပြေးပြီး ကိစ္စပြီးသွားတယ်လို့ ယူဆလို့ မရဘူး”

“ဘုရင်မင်းမြတ်အနီးက မိန်းမစိုးထျန်းက အရှေ့မှာ စောင့်နေတယ်”

မိန်းမစိုးထျန်း၏ အမည်ကို ကြားရသောအခါ ချိုင့်ဝှမ်းသခင် ရွှမ်ကျီး၏ အကြည့်သည် အနည်းငယ် ပြတ်သားသွားသည်။

မိန်းမစိုးထျန်းသည် ငယ်စဉ်ကတည်းက ဘုရင်မင်းမြတ်နှင့်အတူ ရှိနေခဲ့ပြီး ထူးချွန်လွန်းလှသည်။ သူသည် စင်ကြယ်သော ယန်သိုင်းစွမ်းအားကို အထွတ်အထိပ်ထိ ကျင့်ကြံထားပြီး လျှပ်စီးဘေး တစ်ကြိမ်ကိုလည်း ဖြတ်ကျော်ထားသည်။

မိန်းမစိုးထျန်းသည် နန်းတော်တွင် အင်အားအကြီးဆုံး အဆင့် (၁)ကျွမ်းကျင်သူ မဟုတ်သော်လည်း ဘုရင်မင်းမြတ် အယုံကြည်ဆုံး ကျွမ်းကျင်သူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ဤတစ်ခေါက်တော့ မိန်းမစိုးထျန်းပင် ထွက်ပေါ်လာပြီ။

နန်းတော်သည် သွေးဝတ်ရုံခန်းမဆောင်ကို အမြစ်ပြတ်ချေမှုန်းရန် ဆုံးဖြတ်ချက် ခိုင်မာနေသည်။

“သွားကြရအောင်” ချိုင့်ဝှမ်းသခင် ရွှမ်ကျီးသည် ခေါင်းခါကာ မြင်းလှည်းပေါ် တက်လိုက်သည်။

မိန်းမစိုးထျန်း နန်းတော်မှ ထွက်လာခြင်းမှာ နန်းတော်အမိန့်တော် ဖြစ်ရမည်။

နန်းတော်အမိန့်တော်ကို ငြင်းဆန်၍ မရပေ။

အိုယန်ကျင်းတယ်သည် ချိုင့်ဝှမ်းသခင် ရွှမ်ကျီးကို နန်းတော်အနီးရှိ နေအိမ်တစ်နေရာသို့ ခေါ်ဆောင်သွားသည်။

မိန်းမစိုးထျန်းသည် တံခါးဝတွင် စောင့်နေနှင့်သည်။

ချိုင့်ဝှမ်းသခင် ရွှမ်ကျီးကို မြင်လိုက်သည်နှင့် မိန်းမစိုးထျန်းသည် ပြုံးလိုက်သည်။ သူသည် အင်္ကျီလက်မှ အဖိုးတန်သေတ္တာတစ်လုံးကို ထုတ်ကာ ပြုံးပြီး ပြောလိုက်သည်။

“ဒီနေ့မှပဲ ဂုဏ်ယူစွာနဲ့ တွေ့ခွင့်ရတော့တယ်”

“သွေးဝတ်ရုံခန်းမဆောင်မှ ရှောင်ပီလီက နန်းတော်ကို မထီမဲ့မြင်ပြုပြီး အမှောင်ကိုယ်ရံတော်ကိုတောင် တိုက်ခိုက်ဝံ့တယ်၊ သူ့အပြစ်တွေက သေဒဏ်ပေးထိုက်တယ် ဒါပေမဲ့ ရှောင်ပီလီက အဆင့်(၁)ကို ရောက်နေပြီ၊ သူ့နေရာကို သိနိုင်ဖို့အတွက် ထျန်းကျီချိုင့်ဝှမ်းရဲ့ သွေးတွက်ချက်ခြင်း နည်းလမ်းကို အသုံးပြုဖို့ လိုအပ်လိမ့်မယ်”

“သွေးတွက်ချက်ခြင်း နည်းလမ်းက တစ်ခါသုံးတိုင်း သက်တမ်းနှစ်တစ်ရာ လျော့နည်းသွားတယ်”

“ဒါက သန့်စင်သောတာအိုဂိုဏ်းက သက်တမ်းရှည်ဆေးလုံး ဖြစ်ပြီး ခင်ဗျားရဲ့ သက်တမ်းကို ပြန်ဖြည့်ပေးနိုင်ပါတယ်”

“ထပ်ပြောရရင် လန်ခဲကျောင်းတော်က နဂါးကျားဆေးလုံး ရှိသေးတယ်၊ အဲဒါက ခင်ဗျားရဲ့ ကျင့်ကြံမှုကို နှစ်ခြောက်ဆယ် တိုးတက်စေနိုင်တယ်”

“ချိုင့်ဝှမ်းသခင်၊ ဒီတစ်ခေါက် လှုပ်ရှားပေးပါဗျာ”

ထိုအချိန်တွင်၊

မန်ပြည်နယ် တောနက်၊ ရေတံခွန်အောက်၌။

ချင်မိသားစုမှ အဆင့်(၃) မဟာဆရာသခင်ကြီး နှစ်ဦးသည် မယုံကြည်နိုင်စွာ ဖြစ်နေကြသည်။

လက်ဝါးချက်တစ်ချက်။

လက်ဝါးချက်တစ်ချက်တည်းနှင့်!

သူတို့ချင်းမိသားစု၏ တစ်ဦးတည်းသော အဆင့်(၂) ကောင်းကင်-လူသားသည် အမြစ်ပြတ် ချေမှုန်းခံလိုက်ရသလား။

ဒီလူက ဘယ်အဆင့်မှာ ရှိနေတာလဲ။

အဆင့် (၁)ကျွမ်းကျင်သူ ဖြစ်နေမလား။

သူတို့၏ ခန္ဓာကိုယ်များ မရပ်မနား တုန်ရီနေသည်။

ရှောင်ပီလီသည် နောက်သို့ လှည့်ကြည့်လိုက်သည်။

ရှောင်ပီလီ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူတို့၏ ခန္ဓာကိုယ်များ ပို၍ ပြင်းထန်စွာ တုန်ရီသွားကြသည်။

သေစမ်း။

ခုနက သူတို့ကျောခိုင်းထားသည့်သူမှာ ရှောင်ပီလီမှန်း သိခဲ့ပါက ဘိုးဘေး ချင်ရှုကို အရှုံးပေးဖို့ တိုက်တွန်းမိမှာ အသေအချာပင်။

ရှောင်ပီလီသည် ယွင်ကျိုးတွင်အဆင့် (၁)ကျွမ်းကျင်သူတစ်ဦးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ကြောင်း သူတို့ကြားဖူးရုံသာ ရှိသည်။ ဘိုးဘေး ချင်ရှုက ရှောင်ပီလီကို ရင်ဆိုင်ချင်နေသည်မှာ သေတွင်းတူးနေခြင်း မဟုတ်ပေလော။

‘ဒိုင်း’ ခနဲ အသံနှင့်အတူ တွန့်ဆုတ်ခြင်း မရှိဘဲ။

ချင်မိသားစုမှ အဆင့်(၃) မဟာဆရာသခင်ကြီး နှစ်ဦးသည် မြေပြင်ပေါ်သို့ တစ်ပြိုင်နက် ဒူးထောက်လိုက်ကြသည်။

“သူရဲကောင်း ရှောင်… ဆရာကြီးရှောင်၊ ဆရာကြီး ကြွလာတာကို ကျွန်တော်တို့ မသိခဲ့လို့ပါ၊ သိခဲ့ရင်တော့ အသက်ကိုပဲ ပေးရမှာဖြစ်ဖြစ် ရင်ဆိုင်ဖို့ ရဲမှာမဟုတ်ပါဘူး”

“ဟုတ်ပါတယ်၊ ဘိုးဘေး ချင်ရှုက ဆရာကြီးရဲ့ ကောင်းကင်စွမ်းအားကို စော်ကားမိတာပါ၊ သူ သေသင့်ပါတယ်”

သူတို့နှစ်ဦးသည် အသနားခံနေကြသည်။

ရှောင်ပီလီသည် သူတို့စကားကို ကြားပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အပိုစကား ပြောတတ်သူတွေကို ကြိုက်သူ ဖြစ်သလော။

သို့သော် သူတို့ကို စကားဆက်ပြောခြင်းကို မတားခဲ့ပေ။

သူတို့နှစ်ဦးသည်လည်း ရှောင်ပီလီ၏ အမူအရာကို စောင့်ကြည့်ရင်း စကားမပြောနိုင်တော့သည်အထိ ဖြစ်သွားသည်။

ရှောင်ပီလီက မေးလိုက်သည်။

“ရှေးဟောင်းမင်းဆက်၏ ရတနာသိုက်က ဒီထဲမှာလား”

သူတို့နှစ်ဦးက ခေါင်းကို အကြိမ်ကြိမ် ငြိမ့်သည်။

“မှန်ပါတယ်”

“ကျွန်တော်တို့ ချင်မိသားစုက ရှေးဟောင်းမင်းဆက် ပျက်သုဉ်းပြီးနောက် အသစ်တည်ထောင်ချိန်မှာ နန်းတော်ဟောင်းက ကျွမ်းကျင်သူတစ်ဦးကို ကယ်တင်ခဲ့ဖူးပါတယ်။ ရတနာမြေပုံကို နန်းတော်ဟောင်းရဲ့ မျိုးဆက်တွေကို ပေးဖို့ ပြောခဲ့ပေမဲ့ နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီ စောင့်ခဲ့ပေမဲ့ ဘယ်သူမှ ရောက်မလာခဲ့ဘူး”

“ဒါကြောင့်လည်း ကျွန်တော်တို့ တခြားအကြံအစည်တွေ ရှိလာခဲ့တာပါ”

“ဒါပေမဲ့ ဒီသိုလှောင်ရုံကို နဂါးကျောက်တုံးတစ်ခုတည်းနဲ့ ထွင်းထုထားတာပါ။ နဂါးကျောက်တုံးက အရမ်းမာပြီး အလေးချိန်ကလည်း ပိဿာသန်းပေါင်းများစွာ ရှိတယ်။ ကောင်းကင်-လူသား ကျွမ်းကျင်သူတစ်ဦးတောင်မှ နာမည်ကြီးလက်နက်ကို ကိုင်ဆောင်ထားရင်တောင် ဖောက်ထွက်ဖို့ ခက်ခဲပြီး သော့ကလည်း နန်းတော်ဟောင်းရဲ့ မျိုးဆက်လက်ထဲမှာပဲ ရှိနေတယ်။ နှစ်ပေါင်းတစ်ထောင်လုံး ကျွန်တော်တို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မဖွင့်နိုင်ခဲ့ပါဘူး”

နဂါးကျောက်တုံးလား။

ရှောင်ပီလီသည် ခေါင်းခါကာ ကျောက်တံခါးဆီ လျှောက်သွားသည်။

သူသည် လက်ကိုမြှောက်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

တိမ်ခွင်းလက်ဝါးသိုင်း။

တိမ်စွမ်းအင်များ စုစည်းထားသည့် လက်ဝါးချက်သည် နဂါးကျောက်တုံးဖြင့် ပြုလုပ်ထားသည့် ကျောက်တံခါးကို ရိုက်ချလိုက်သည်။

ကျောက်လိုဏ်ဂူတစ်ခုလုံး တုန်ခါသွားပြီး ကျောက်တုံးများစွာ ပြုတ်ကျလာသော်လည်း မကျရောက်ခင်မှာပင် ကြောက်မက်ဖွယ် ဓားစွမ်းအင်ဖြင့် အမှုန့်ဖြစ်သွားသည်။

“တကယ်ပဲ မာတာပဲ”

ရှောင်ပီလီသည် လက်ကိုမြှောက်ကာ လက်ယပ်လိုက်သည်။

ချင်ရှုသေဆုံးပြီးနောက် ကျန်ရှိခဲ့သည့် နာမည်ကြီးလက်နက်သည် ရှောင်ပီလီ လက်ထဲသို့ ရောက်ရှိလာသည်။

ထိုဓားထံမှ ငြင်းဆန်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

“ဟမ့်”

ရှောင်ပီလီသည် အေးစက်စွာ ညည်းညူလိုက်သည်။

နာမည်ကြီးလက်နက်များတွင် ဝိညာဉ်ရှိသည်၊

သို့သော် သူသည် အဆင့် (၁)ကျွမ်းကျင်သူဖြစ်သည်၊ ဓားက သူ့ကို ငြင်းဆန်ဖို့ မျှော်လင့်ရဲသေးသလား။

ကြောက်မက်ဖွယ် စိတ်စွမ်းအင်များသည် ဓားထဲသို့ စီးဝင်သွားသည်။

ခဏလေးအတွင်းမှာပင်၊

ဓားထဲမှ အညံ့ခံသည့် အရိပ်အယောင်များ ပေါ်လာသည်။

သူသည် ဓားကို ဝှေ့ယမ်းလိုက်သည်။

ဓားစွမ်းအင်များသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားပြီး ကျောက်တံခါးပေါ်တွင် အမှတ်အသားများစွာ ကျန်ရစ်ခဲ့သည်။

“မဖောက်နိုင်ဘူးလား”

ရှောင်ပီလီသည် ခေါင်းခါလိုက်သည်။

နဂါးကျောက်တုံးသည် ဤကမ္ဘာ့ဧကရာဇ်တို့၏ သင်္ချိုင်းတံခါးများအတွက် အသုံးပြုသည့် ထူးဆန်းသော ကျောက်တုံးအဖြစ် နာမည်ကြီးသည့်အတိုင်းပင်။ နာမည်ကြီးလက်နက်အဖြစ် မလုပ်နိုင်သော်လည်း ၎င်း၏ မာကျောမှုမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။

ရှောင်ပီလီ၏ မျက်နှာတွင် မနှစ်မြို့သည့် အမူအရာ မတွေ့ရသဖြင့် သူတို့နှစ်ဦးက အမြန်ပြောလိုက်သည်။

“သူရဲကောင်း ရှောင်၊ ဆရာကြီးရဲ့ ပါရမီနဲ့ဆိုရင် အနာဂတ်မှာ ကျောက်တံခါးကို ဖောက်ထွက်ပြီး ရတနာသိုက်ကို ရနိုင်မှာ အသေအချာပါ”

“ဟုတ်ပါတယ်၊ ကျွန်တော်တို့က ဒီမှာမျိုးဆက်ပေါင်းများစွာ နေပြီး ဆရာကြီးအတွက် ရတနာသိုက်ကို စောင့်ရှောက်ပေးပါ့မယ်”

ရှောင်ပီလီသည် သူတို့ဘက် လှည့်ကြည့်ကာ ခေါင်းခါရင်း ပြောလိုက်သည်။

“ငါ့မူဝါဒကို သိလား”

“တချို့အရာတွေကို မလုပ်ရင် မလုပ်နဲ့၊ လုပ်ရင် အမြစ်ပြတ်လုပ်ရမယ်”

“ပြီးတော့ သေသွားတဲ့လူတွေကပဲ လျှို့ဝှက်ချက်တွေကို အကောင်းဆုံး သိမ်းထားနိုင်တယ်လို့ ငါ ယုံကြည်တယ်”

စကားသံဆုံးသည်နှင့်။

ဓားရောင်ခြည် တောက်ပသွားသည်။

သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး နှစ်ပိုင်းကွဲသွားသည်။

【ကျင့်ကြံမှုအမှတ် + ၁၆၀၀၀】

【ကျင့်ကြံမှုအမှတ် + ၁၆၀၀၀】အခန်း(၁၃၉) နဂါးနတ်ဆိုး ရွှေကိုယ်ခန္ဓာ၏ ပြည့်စုံသော အဆင့်

“ လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ်ကို အဆင့်မြှင့်တင်ဖို့ အတွေ့အကြုံအမှတ်တွေ အကုန်သုံးလိုက်”

လူသုံးယောက်ဆီကနေ ရရှိလိုက်တဲ့ အတွေ့အကြုံအမှတ်ပေါင်း ခြောက်သောင်းကျော်နဲ့ အရှေ့နန်းဆောင်မှ ကျွမ်းကျင်သူကို သတ်ဖြတ်လို့ ရလာတဲ့ အမှတ်တွေကို ပေါင်းလိုက်တဲ့အခါ လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ်ကို တစ်ကြိမ်ထပ်ပြီး အဆင့်မြှင့်တင်ဖို့ လုံလောက်သွားပြီ။

【 လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ် (၉၆/၁၀၀) 】

လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ်အတွက် မရေမတွက်နိုင်တဲ့ အတွေ့အကြုံအမှတ်တွေက ရှောင်ပီလီရဲ့ စိတ်ထဲကို စီးဝင်လာတယ်။

တဒုန်း ဒုန်း ဒုန်း။

ရှောင်ပီလီရဲ့ ခန္ဓာကိုယ်ထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်မှန်သော ချီစွမ်းအင်တွေ လှုပ်ရှားနေပြီး သူ့ရဲ့ နှလုံးခုန်သံတွေက တစ်ဂူလုံးကို ပဲ့တင်ထပ်သွားစေတဲ့ စည်သံကြီးလို မြည်ဟည်းနေတယ်။

အသက်ရှူနှုန်း ဒါဇင်အကြာမှာတော့၊

အသံတွေ တိတ်ဆိတ်သွားတယ်။

ရှောင်ပီလီ မျက်လုံးတွေကို ဖွင့်လိုက်တယ်:

“ အောင်မြင်ခြင်းအဆင့်ထိ လေးရာခိုင်နှုန်းပဲ လိုတော့တယ်”

“ အပြင်ထွက်ပြီး ကျွန်းပေါ်က လူတွေကို အရင်သတ်ပစ်လိုက်ရမလား”

“ ဒါမှမဟုတ်ရင် လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ်ကို အောင်မြင်ခြင်းအဆင့်ထိ ရောက်အောင် အရင်ကျင့်လိုက်ရမလား”

ဘယ်လိုပဲဖြစ်ဖြစ် သူက ဒီနေရာမှာပဲ လျှပ်စီးဘေးဒဏ်ကို ခံယူဖို့ စီစဉ်ထားတာဆိုတော့ ချင်မိသားစုဝင်တွေကို အရှင်ထားခဲ့လို့ မဖြစ်ဘူး။

ရှောင်ပီလီ ခေါင်းခါလိုက်တယ်:

“ ဒီလိပ်ခွံကို အရင်ဖွင့်လို့ ရမရ ကြည့်ရဦးမယ်။ ရတနာသိုက်ထဲကို ဝင်မိပြီးမှ လက်ဗလာနဲ့ ပြန်ထွက်လာတာမျိုးက ငါ့အကျင့် မဟုတ်ဘူး”

ချင်မိသားစုဝင်တွေက ခဏတော့ ထွက်မပြေးနိုင်ပါဘူး၊ ဒါကြောင့် သူ့ရှေ့က ရတနာသိုက်ကို အရင်ရှင်းတာက ပိုကောင်းတယ်။

ရှောင်ပီလီက နာမည်မသိတဲ့ နတ်ဘုရားပေးလက်နက်ကို ကိုင်ထားရင်း၊

နောက်ထပ် ဓားချက်တစ်ခုကို ထုတ်လိုက်တယ်။

နတ်ဘုရားပေးလက်နက်က နဂါးကျောက်တံခါးကို ထိမှန်လိုက်တဲ့အခါ မီးပွားတွေ လွင့်စင်သွားပေမဲ့ ဓားရာအချို့ပဲ ပေါ်လာတယ်။

ရှောင်ပီလီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး နတ်ဘုရားပေးလက်နက်ကို အိမ်ထဲပြန်ထည့်ကာ ကျောက်တံခါးဘေးကို လျှောက်သွားတယ်။

အဲဒါက တင်းတင်းကျပ်ကျပ် ပိတ်ထားတာဆိုတော့ သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရုပ်ခန္ဓာစွမ်းအားကို သုံးပြီး နဂါးကျောက်ကို မတင်ဖို့ ကြိုးစားပေမဲ့ အားပြုစရာ နေရာမရှိဘူး။

နတ်ဘုရားပေးလက်နက်ကို ထပ်ထုတ်လိုက်တယ်။

ရှောင်ပီလီရဲ့ လက်ထဲကနေ ဓားချက်ပြီး ဓားချက် ထွက်လာပြီး တစ်ချက်ချင်းစီက အဲဒီနေရာကိုပဲ ထိမှန်တယ်။

ဓားချက် ဒါဇင်ပေါင်းများစွာ ရိုက်ခတ်ပြီးတဲ့နောက်၊

နဂါးကျောက်တံခါးပေါ်မှာ နက်ရှိုင်းတဲ့ အရာတစ်ခု ဖြစ်ပေါ်လာတယ်။

ရှောင်ပီလီက နတ်ဘုရားပေးလက်နက်ကို မြေကြီးထဲ တိုက်ရိုက် စိုက်လိုက်ပြီး လက်နှစ်ဖက်လုံးကို အဲဒီအရာထဲ ထိုးထည့်ကာ သူ့ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှု ပညာရပ်ကို အစွမ်းကုန် အားထုတ်လိုက်တယ်။

ချက်ချင်းဆိုသလိုပဲ၊

သူက အရပ်အနည်းငယ် ပိုရှည်လာသလို ခံစားရပြီး ကြွက်သားတွေ ဖောင်းကြွလာတာကြောင့် သူ့ရဲ့ အနက်ရောင် အင်္ကျီကျပ်ကျပ်တွေက တင်းကားလာတယ်။

“ ဟား”

ရှောင်ပီလီ အသံကျယ်ကျယ်နဲ့ အော်ဟစ်လိုက်ရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အားကို သုံးလိုက်တယ်။

ဒုန်း။

တောင်နံရံတစ်ခုလုံး တုန်ခါသွားတယ်။

ရှောင်ပီလီရဲ့ လက်မောင်းပေါ်က သွေးကြောတွေ ထောင်တက်လာတယ်၊

ဒုန်း။

ဒုန်း။

ကမ်းပါးနံရံတွေ တုန်ခါသွားပြီး ရှောင်ပီလီရဲ့ ခေါင်းပေါ်ကနေ ကျောက်တုံးတွေ အများအပြား ပြုတ်ကျလာတယ်။

အသက်ရှူနှုန်း အနည်းငယ်ကြာအောင် အားပြိုင်ပြီးတဲ့နောက်။

ဘုန်း။

နဂါးကျောက်နဲ့ လုပ်ထားတဲ့ ကျောက်တံခါးမှာ အပေါက်တစ်ခု ပွင့်သွားပြီး ရှောင်ပီလီက ဆက်လက် အားပြုလိုက်တာကြောင့် ကမ်းပါးကနေ ကျောက်တုံးကြီးတွေ အများအပြား လိမ့်ကျလာပြီး ရေကန်ထဲကို ပြုတ်ကျသွားတယ်။

ရေကန်အလယ်က ကျွန်းငယ်လေးပေါ်က ချင်မိသားစုဝင်တွေတောင် အဲဒါကို မြင်လိုက်ရတယ်။

“ အဲဒီနေရာက ဘိုးဘေးနဲ့ တခြားလူတွေ ရတနာသိုက်ကို ရှာနေတဲ့ နေရာ မဟုတ်လား”

“ ဒီလောက် ကြီးမားတဲ့ လှုပ်ရှားမှုဆိုတော့ ဘိုးဘေးနဲ့ တခြားလူတွေ ရတနာသိုက်ကို တွေ့သွားပြီ ဖြစ်ရမယ်”

“ ဟုတ်တယ်၊ ဒီတစ်ခါ ဘိုးဘေးက ရှေးဟောင်းမင်းဆက်က နတ်ဘုရားပေးလက်နက်တစ်ခု ရထားတယ်လို့ ကြားတယ်၊ ဘိုးဘေးကိုယ်တိုင် လှုပ်ရှားလိုက်တာပဲ ဖြစ်ရမယ်”

“ အလွန်ကောင်းတယ် ရတနာသိုက်သာ တွေ့ပြီဆိုရင် ဘိုးဘေးရဲ့ သိုင်းပညာကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာမှာပဲ။ အဲဒီအခါကျရင် အရှေ့နန်းဆောင်တောင် ငါတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး”

ရေကန်အလယ်က ကျွန်းပေါ်က ချင်မိသားစုဝင်တွေ ပျော်ရွှင်နေကြတယ်။

သူတို့ ဒီ ဝေးလံခေါင်သီတဲ့ တောအုပ်ထဲမှာ နောက်ထပ် တစ်မိနစ်တောင် မနေချင်ကြတော့ဘူး။

ချင်မိသားစုက ကျန်ရစ်တဲ့ သိုင်းဆရာကြီးတွေတောင် ချွင်းချက်မရှိဘူး။ ဒီလို ဆိတ်ငြိမ်တဲ့ နေရာမှာ ဆယ်ရက်လောက် ဒါမှမဟုတ် တစ်လလောက် နေတာက ပြဿနာမရှိပေမဲ့ ဆယ်ရက်လောက်နဲ့ ထပ်နေရမယ်ဆိုရင်တော့ သည်းခံနိုင်စရာ မရှိဘူး။

ဒုန်း။

ဒုန်း။

ကျောက်တုံးတွေ ပြုတ်ကျလာပြီး ဂူပေါက်ကို ဖုံးအုပ်သွားတယ်။

နဂါးကျောက်တံခါးကို ရှောင်ပီလီ နောက်ဆုံးတော့ တွန်းဖွင့်လိုက်နိုင်တယ်။

ဘာမှ မဆိုင်းမတွဘဲ၊

ရှောင်ပီလီ လက်ချောင်းတစ်ချောင်းကို ယမ်းလိုက်ရာ ချင်ရှု သယ်လာတဲ့ နတ်ဘုရားပေးလက်နက်က ကျောက်တံခါးအောက်မှာ ခိုင်မြဲစွာ စိုက်ဝင်သွားတယ်။ လုံခြုံရေးအတွက် ရှောင်ပီလီ လက်ကို မြှောက်လိုက်ပြီး အတွင်းအားကို သုံးကာ ကျောက်တုံးကြီး နှစ်တုံးကို ဆွဲယူပြီး ကျောက်တံခါးအောက်ခြေမှာ ပိတ်ဆို့လိုက်တယ်။

ပြီးတော့ သူ အားကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ပြီး နဂါးကျောက်တံခါးကို ဖြည်းဖြည်းချင်း ချလိုက်တယ်။

သူက ကျောက်တံခါးထဲကို ဝင်လိုက်တယ်။

ကျောက်တံခါးရဲ့ အတွင်းနံရံမှာ ကြီးမားတဲ့ ပုလဲလုံးကြီး တစ်ဒါဇင်ကျော် တပ်ဆင်ထားတာကြောင့် နေ့ခင်းဘက်လို လင်းထိန်နေတယ်။

အတွင်းပိုင်း နေရာက သေးငယ်ပြီး စတုရန်းမီတာ နှစ်ဆယ်လောက်ပဲ ရှိပြီး ရွှေနဲ့ ငွေရတနာတွေနဲ့ ပြည့်နေတယ်။ အလယ်တည့်တည့်မှာတော့ အလွန်လှပတဲ့ ကျောက်စိမ်းခုံတစ်ခု ရှိပြီး အဲဒီပေါ်မှာ ကြည်လင်တဲ့ ကျောက်စိမ်းသေတ္တာ သုံးလုံး ရှိနေတယ်။

အထဲမှာ ဘာပါလဲဆိုတာ မပြောနဲ့၊ ဒီ ကျောက်စိမ်းသေတ္တာ သုံးလုံးတောင် ရွှေထောင်ပေါင်းများစွာ တန်တယ်။

ဒါပေမဲ့ ရှောင်ပီလီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်တယ်၊

ဂုဏ်ရှိတဲ့ ရှေးဟောင်းမင်းဆက်ရဲ့ ရတနာသိုက်က ဒီလောက်ပဲလား။

သူ့အဆင့်မှာတော့ ရွှေနဲ့ငွေ ရတနာတွေဆိုတာ လောကီပစ္စည်းတွေသာ ဖြစ်တယ်၊ သူ လိုချင်တဲ့အချိန်တိုင်း အလွယ်တကူ ရှာလို့ ရတယ်။

သူ့အတွက် အသုံးဝင်တာက အဆင့်(၁) ကျွမ်းကျင်သူတွေအတွက် အကျိုးရှိတဲ့ သိုင်းကျမ်းတွေနဲ့ ဆေးလုံးတွေပဲ။

ဒါပေမဲ့ အခုတော့ အဲဒီ ကျောက်စိမ်းသေတ္တာ သုံးလုံးထဲက အရာတွေကလွဲရင် ရွှေနဲ့ငွေ ရတနာတွေက သူ သယ်သွားဖို့တောင် တန်ဖိုးမရှိဘူး။

ပေါ့ပါးစွာ ခုန်လိုက်ပြီး၊

ရှောင်ပီလီ ကျောက်စိမ်းခုံရဲ့ အစွန်းမှာ ရပ်လိုက်ကာ ရွှေနဲ့ငွေ ရတနာတွေကို နင်းလိုက်တယ်။

ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး၊

ကျောက်စိမ်းသေတ္တာ သုံးလုံးကို ဖွင့်လိုက်တယ်။

ကျောက်စိမ်းသေတ္တာထဲမှာ ဆေးပုလင်းငယ်လေး တစ်လုံး၊ သိုင်းကျမ်းတစ်ခုနဲ့ စွန်ပလွံသီးအရွယ်လောက်ရှိတဲ့ ဓားငယ်လေး တစ်ချောင်း ရှိနေတယ်။

ရှောင်ပီလီရဲ့ မျက်မှောင်တွေက တင်းတင်းကြပ်ကြပ် ကြုတ်နေတယ်။

ဓားငယ်လေးကလည်း နတ်ဘုရားပေးလက်နက် ဖြစ်ပေမဲ့ အရမ်း သေးငယ်လွန်းတယ်၊ လျှို့ဝှက်လက်နက်အဖြစ် သုံးဖို့ပဲ သင့်တော်တယ်။

သူက လီရွှင်ဟွမ်မဟုတ်ဘူး၊ ဒီ ဓားငယ်လေးနဲ့ သူ ဘာလုပ်ရမှာလဲ။

သူ လက်ကို မြှောက်ပြီး သိုင်းကျမ်းကို တိုက်ရိုက် ကောက်ယူလိုက်တယ်။

အဲဒီပေါ်က စာလုံးတွေကို မြင်လိုက်ရတဲ့အခါ ရှောင်ပီလီ မျက်ခုံးပင့်လိုက်တယ်:

“ နဂါးနတ်ဆိုး ရွှေကိုယ်ခန္ဓာ”

“ အဲဒါ ရှေးဟောင်းမင်းဆက်ရဲ့ သိုင်းပညာလား”

သူ သိုင်းကျမ်းကို အမြန်လှန်ကြည့်လိုက်တယ်။

တကယ်ပဲ၊ အဲဒါက နဂါးနတ်ဆိုး ရွှေကိုယ်ခန္ဓာ ဖြစ်ပြီး ခန္ဓာကိုယ်ကို ထူးခြားတဲ့ သားရဲတွေရဲ့ သွေးနဲ့ သန့်စင်မှ အောင်မြင်အောင် ကျင့်ကြံနိုင်တာ။

သန့်စင်ဖို့ သုံးတဲ့ သားရဲသွေးက ပိုအားကောင်းလေ၊

သန့်စင်ထားတဲ့ ခန္ဓာကိုယ်က ပိုသန်မာလေပဲ။

ဒါပေမဲ့ သူ ဒီလောကမှာ ရောက်နေတာ ကြာပြီ၊ ဘယ်နေရာမှာမှ အားကောင်းတဲ့ ထူးခြားတဲ့ သားရဲတွေ အကြောင်း မကြားဖူးဘူး။

ဒီ တောနက်ကြီးထဲမှာ သူ တွေ့ခဲ့တဲ့ စပါးအုံးမြွေတောင်မှ နည်းနည်း ပိုကြီးတဲ့ တောရိုင်းတိရစ္ဆာန် တစ်ကောင်ပဲ။

ဒါပေမဲ့ အတွေ့အကြုံအမှတ်သာ ရှိမယ်ဆိုရင် ထူးခြားတဲ့ သားရဲသွေးတွေ မလိုဘူး။

သူ နောက်ဆုံး ဆေးပုလင်းငယ်လေးကို ဖွင့်လိုက်တဲ့အခါ လန်းဆန်းတဲ့ ဆေးရနံ့တစ်ခု ထွက်ပေါ်လာတယ်။

နေရာတစ်ခုလုံးကို ဆေးရနံ့တွေနဲ့ ဖုံးလွှမ်းသွားတယ်။

အဲဒီအနံ့ကို ရှူရှိုက်လိုက်ရုံနဲ့တင် ရှောင်ပီလီ သူ့ခန္ဓာကိုယ်ထဲမှာ စစ်မှန်သော ချီစွမ်းအင်တွေ လှုပ်ရှားလာတာကို ခံစားလိုက်ရတယ်။

အဲဒါ ကောင်းတဲ့အရာ ဖြစ်ရမယ်။

ဒါပေမဲ့ သူ့ရဲ့ လက်ရှိ အကဲခတ်နိုင်စွမ်းနဲ့တော့ ဒီ ဆေးလုံးက ဘယ်လို ဆေးလုံးမျိုးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။

သူ အဲဒါကို အရင်သိမ်းထားလိုက်ပြီး နောက်မှ ဘာအကျိုးသက်ရောက်မှု ရှိလဲဆိုတာ စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။

“ ဒီအရာတွေလောက်နဲ့တော့ ချင်မိသားစု ရသွားရင်တောင် ဘာမှ အကြီးအကျယ် မလှုပ်ခတ်နိုင်ပါဘူး”

“ ဒါက ရတနာသိုက်အတုပဲ ဖြစ်ရမယ်”

“ မဟုတ်ရင် အဲဒီ ရှေးဟောင်းမင်းဆက်ရဲ့ ကျန်ရစ်သူတွေ ဒီနေရာကို ဘာလို့ ဒီလောက် ကြာကြာ ရှောင်နေပါ့မလဲ”

“ ဒါပေမဲ့ နဂါးနတ်ဆိုး ရွှေကိုယ်ခန္ဓာ ရလိုက်တာကတော့ ငါ့အတွက် အရှုံးတော့ မဟုတ်ဘူး”

ရှောင်ပီလီ ပစ္စည်းသုံးခုလုံးကို သူ့ရင်ခွင်ထဲ ထည့်လိုက်ပြီး နဂါးကျောက် နေရာကနေ ထွက်ခွာသွားတယ်။

သူ လက်မြှောက်လိုက်ရာ ချင်ရှု ယူလာတဲ့ နတ်ဘုရားပေးလက်နက်က သူ့လက်ထဲ ကျလာတယ်။

ဓားစွမ်းအင်တစ်ခု ပစ်လွှတ်လိုက်ရာ၊

နဂါးကျောက်ကို ထောက်ထားတဲ့ ကျောက်တုံးကြီး နှစ်တုံးက ဖုန်မှုန့်တွေ ဖြစ်သွားတယ်။

နဂါးကျောက်တံခါးက မြေကြီးပေါ်ကို ပြုတ်ကျသွားတယ်။

ဂူထဲကနေ ကြီးမားတဲ့ အသံကြီး ထွက်ပေါ်လာတယ်။

ဒီအချိန်မှာ၊

ရေတံခွန်အောက်ကို ဝါးဖောင်တွေ ရောက်နေပြီ။

ချင်မိသားစုဝင် အယောက်နှစ်ဆယ်ကျော်က စိတ်လှုပ်ရှားနေကြတယ်။

သူတို့ ရှေးဟောင်းမင်းဆက်ရဲ့ ရတနာသိုက်အကြောင်း သိချင်တဲ့ စိတ်ကို မထိန်းနိုင်ကြတော့ဘဲ မြင်တွေ့ချင်တာကြောင့် အမြန်လာခဲ့ကြတယ်။

“ ရေတံခွန်နောက်မှာ ဖြစ်ရမယ်”

“ သွားကြစို့ သွားကြစို့၊ ဝင်ကြည့်ကြစို့”

“ ဘိုးဘေးနဲ့ တခြားလူတွေ ဒေါသထွက်လိမ့်မယ်”

“ ဘာကို ကြောက်နေတာလဲ ဥပဒေက လူအများအပြားကို အပြစ်မပေးဘူး”

သူတို့ ရေတံခွန်ဆီ ရောက်ခါနီးမှာပဲ၊ ကျောမှာ ဓားမကြီးတစ်လက်လွယ်ထားပြီး လက်မှာ ဓားရှည်တစ်လက် ကိုင်ထားတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူငယ်တစ်ယောက် ရေတံခွန်နောက်ကနေ ထွက်လာတယ်။

သူတို့ရဲ့ အကြည့်တွေ ဆုံသွားကြတယ်။

“ မင်းက ဘယ်သူလဲ”

ချင်မိသားစုက အသက်ကြီးတဲ့ အဆင့်(၄) သိုင်းဆရာကြီးက ရှောင်ပီလီကို ကြည့်ပြီး ဟိန်းဟောက်လိုက်တယ်။

“ ဘိုးဘေး ဘယ်မှာလဲ”

“ ဘာလို့ အပြင်လူတစ်ယောက် ဒီမှာ ရှိနေတာလဲ”

“ သောက်ကျိုးနည်း၊ အရှေ့နန်းဆောင်က လူတစ်ယောက်များလား”

ချင်မိသားစုဝင်တွေ စိုးရိမ်တကြီး ဖြစ်သွားကြတယ်။ အရင်က အရှေ့နန်းဆောင် သူတို့ကို တိုက်ခိုက်တဲ့အခါ သူတို့ရဲ့ ချင်မိသားစုအိမ်တော်မှာ ယန္တရားတွေ အများကြီး ရှိပေမဲ့ အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး အမာခံ တပည့်တွေ အများကြီး သေဆုံးခဲ့ရတယ်။

အရှေ့နန်းဆောင်က လူတွေသာ သူတို့ကို ဒီအထိ လိုက်လာခဲ့ရင် သူတို့ ထွက်ပြေးဖို့ အရမ်း ခက်ခဲလိမ့်မယ်။

“ အရမ်းငယ်သေးတယ်၊ သူ အရှေ့နန်းဆောင်က လူ ဖြစ်မှာ မဟုတ်ဘူး”

“ ဒါဆိုရင် သူ ဒီကို ရောက်လာတဲ့ မန်ပြည်နယ်က သိုင်းလောကသား တစ်ယောက်များလား”

“ ဒီနေရာအကြောင်း သတင်းတွေ ပေါက်ကြားလို့ မဖြစ်ဘူး”

စကားအနည်းငယ် ပြောလိုက်တဲ့အခါ၊

ချင်မိသားစုက သိုင်းဆရာကြီး သုံးယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်တယ်။

ဗုန်း။

သူတို့ သုံးယောက်က နေရာအသီးသီးကနေ လက်ဝါးချက်တွေ ပစ်လွှတ်လိုက်တယ်။

ပြင်းထန်တဲ့ လက်ဝါးစွမ်းအင်တွေက လေထဲကနေ ရှောင်ပီလီဆီကို ဦးတည်သွားတယ်။

“ မဟုတ်… မဟုတ်ဘူး၊ သူ အရှေ့နန်းဆောင်က မဟုတ်ဘူး”

အဆင့်(၇) ပဲ ရှိသေးတဲ့ ချင်မိသားစုဝင် လူငယ်တစ်ယောက် တုန်ရီစွာ ပြောလိုက်ပြီး သူ့မျက်လုံးတွေထဲမှာ ထိတ်လန့်မှုတွေ ပြည့်နှက်နေတယ်။

မတိုက်ခိုက်ရသေးတဲ့ ချင်မိသားစုက သိုင်းဆရာကြီးတစ်ယောက် မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။

“ သူက ဘယ်သူလဲ”

အနက်ရောင်ဝတ်စုံနဲ့ လူက လက်ကို မြှောက်လိုက်ပြီး လက်ဝါးတစ်ချက်သာ ရိုက်ထုတ်လိုက်တယ်။

တိုက်ခိုက်လိုက်တဲ့ ချင်မိသားစုက အဆင့်(၄) သိုင်းဆရာကြီး သုံးယောက်က ချင်မိသားစု အမာခံတွေရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ အကြည့်တွေအောက်မှာ ဗုန်းဆိုတဲ့ အသံနဲ့ ပေါက်ကွဲသွားပြီး သွေးမြူတွေအဖြစ် ပြောင်းလဲသွားကာ အရိုးတောင် မကျန်ရစ်တော့ဘူး။

【 အတွေ့အကြုံ +၈၀၀၀】

【 အတွေ့အကြုံ +၈၀၀၀】

【 အတွေ့အကြုံ +၈၀၀၀ 】

ဒီအချိန်မှာ အဲဒီ ချင်မိသားစု တပည့်ကလည်း ပြောလိုက်တယ်:

“ ရှောင်ပီလီ”

နေရာတစ်ခုလုံး ဆူညံသွားတယ်။

ရှောင်ပီလီလား။

နတ်ဆိုးဓား ရှောင်ပီလီလား။

အခုတော့ သိုင်းလောကတစ်ခုလုံးမှာ ရှောင်ပီလီရဲ့ နာမည်ကြီးကို မကြားဖူးတဲ့သူ ဘယ်သူ ရှိဦးမလဲ။

နန်းတော်က အဆင့်(၁) သိုင်းပညာရှင်တွေတောင် သူ့ရဲ့ ဓားတစ်ချက်ကို မခံနိုင်ကြဘူး။

ပြီးတော့ အခု သူ တကယ်ပဲ ဒီကို ရောက်နေတာလား?

ဒီလောက်နဲ့ပဲ လက်ဝါးတစ်ချက်တည်းနဲ့ သိုင်းဆရာကြီး သုံးယောက်ကို ဖုန်မှုန့်အဖြစ် ပြောင်းလိုက်နိုင်တာ မထူးဆန်းတော့ဘူး။

“ ရှောင်ပီလီ… မင်းက ရှေးဟောင်းမင်းဆက်ရဲ့ ကျန်ရစ်သူလား”

နောက်ဆုံး ကျန်ရစ်တဲ့ ချင်မိသားစုက သိုင်းဆရာကြီးက ထိတ်လန့်စွာ အော်ဟစ်လိုက်တယ်။

ဒီနေရာက ရှေးဟောင်းမင်းဆက်ရဲ့ ရတနာသိုက် ဖြစ်ပြီး ရှောင်ပီလီကို ဒီမှာ တွေ့လိုက်ရပြီဆိုတော့၊

သူက တကယ်ပဲ သူတို့ထဲက တစ်ယောက် ဖြစ်ဖို့ များတယ်။

ပြီးတော့ အခု ဘိုးဘေးနဲ့ တခြားလူတွေရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ဘူး၊ သူတို့ ရှောင်ပီလီရဲ့ အဆိပ်မိသွားတာ ဖြစ်ရမယ်။

ဒုန်း ဆိုတဲ့ အသံနဲ့၊

ချင်မိသားစုက လူငယ်တစ်ယောက် ဝါးဖောင်ပေါ်မှာ ဒူးထောက်လိုက်ပြီး တရစပ် ဦးညွတ်လိုက်တယ်။

“ ဆရာကြီးရှောင်၊ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ၊ အသက်ချမ်းသာပေးပါကျွန်တော် ဒီကို မလာချင်ဘူး၊ ကျွန်တော့်ကို ချင်မိသားစု အကြီးအကဲတွေက လာဖို့ ဆုံးဖြတ်ပေးလိုက်တာပါ”

“ ကျွန်တော် ရတနာသိုက်အကြောင်း အရင်က တစ်ခါမှ မကြားဖူးပါဘူး”

တစ်ယောက် ဒူးထောက်လိုက်တာနဲ့ ချက်ချင်းဆိုသလိုပဲ ချင်မိသားစုဝင် တခြားလူတွေလည်း ဒူးထောက်လိုက်ပြီး တရစပ် ဦးညွတ်နေကြတယ်။

“ ဟုတ်ပါတယ်”

“ ဆရာကြီးက ကျယ်ဝန်းတဲ့ စိတ်ရှိတဲ့သူပါ၊ ကျွန်တော်တို့ကို လေပူလေးတစ်ချက်လို လွှတ်ပေးလိုက်ပါ”

“…”

နောက်ဆုံး ကျန်ရစ်တဲ့ ချင်မိသားစုက အဆင့်(၄) သိုင်းဆရာကြီးတောင် ချွင်းချက်မရှိဘဲ မြေကြီးပေါ်မှာ ဒူးထောက်နေကြတယ်။

အခု သူတို့ ချင်ရှုနဲ့ ဘိုးဘေး သုံးယောက်ရဲ့ အသက်အကြောင်းကို ဂရုမစိုက်နိုင်တော့ဘူး၊ ကိုယ့်အသက်ကို ကယ်ဖို့က အရေးကြီးဆုံးပဲ။

“ မင်းတို့ အပြင်မှာ ငါ့ရဲ့ နာမည်ကို ကြားဖူးမှာပေါ့၊ ငါက သွေးဝတ်ရုံခန်းမဆောင်က လူသတ်သမားတစ်ယောက်ပဲ” ရှောင်ပီလီ ရေကန်ထဲက ချင်မိသားစုဝင်တွေကို ကြည့်ပြီး အေးဆေးစွာ ပြောလိုက်တယ်:

“ ငါက လူသတ်သမား ဖြစ်တဲ့အတွက် မြက်ပင်တွေကို အမြစ်ပါမကျန် နုတ်ပစ်ရမှာပေါ့”

ဗုန်း။

ဗုန်း။

ဗုန်း။

ရှောင်ပီလီရဲ့ စကားဆုံးတဲ့အခါမှာပဲ၊

ချင်မိသားစုဝင် အားလုံးရဲ့ ခန္ဓာကိုယ်တွေက ဗုန်းဆိုတဲ့ အသံနဲ့ ပေါက်ကွဲသွားတယ်။

【 အတွေ့အကြုံ +၂၀၀၀ 】

【 အတွေ့အကြုံ +၄၀၀၀】

【 အတွေ့အကြုံ +၈၀၀၀】

ရှောင်ပီလီရဲ့ ခန္ဓာကိုယ်က လေးကြိုးက လွှတ်လိုက်တဲ့ မြားလိုမျိုး ရေကန်အလယ်က ကျွန်းငယ်လေးဆီကို ပစ်ဝင်သွားတယ်။

ကျန်ရစ်တဲ့ ချင်မိသားစု တပည့်တစ်ဒါဇင်ကျော်ကို ရှင်းလင်းပြီးတဲ့နောက်၊

ရှောင်ပီလီ ကျွန်းငယ်လေးရဲ့ အမြင့်ဆုံးနေရာမှာ ရပ်လိုက်တယ်၊

【 အတွေ့အကြုံ: ၈၄၅၂၀ 】

တိုးလာတဲ့ အတွေ့အကြုံအမှတ်ကို ကြည့်ပြီး ရှောင်ပီလီ အေးဆေးစွာ ပြောလိုက်တယ်:

“ အတွေ့အကြုံအမှတ် ရှစ်ထောင်သုံးပြီး လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ်ကို အဆင့်မြှင့်တင်”

【 လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ် ( အထွတ်အထိပ်အဆင့်) 】

ဗုန်း။

ချက်ချင်းဆိုသလိုပဲ လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ်က အထွတ်အထိပ်အဆင့်ကို ရောက်သွားတယ်။

ရှောင်ပီလီရဲ့ မျက်လုံးတွေက တောက်ပနေပြီး ထိုင်ချလိုက်တယ်။

တစ်နာရီအကြာမှာ၊

ရှောင်ပီလီရဲ့ အရှိန်အဝါတွေက တဖြည်းဖြည်း မြင့်တက်လာတယ်။ သူ ရည်ရွယ်ချက်ရှိရှိနဲ့ သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ ကြာမြင့်စွာကတည်းက ကျရောက်ချင်နေတဲ့ လျှပ်စီးဘေးဒဏ်က သူ့နေရာကို ရှာတွေ့သွားတယ်။

ဒုန်း။

ဘာသတိပေးချက်မှ မရှိဘဲ၊

မိုးကြိုးပစ်သံကြီး ထွက်ပေါ်လာပြီး လက်သီးအရွယ်လောက်ရှိတဲ့ လျှပ်စီးတန်းကြီး ကောင်းကင်ကနေ ကျရောက်လာတယ်။

ဗုန်း။

လျှပ်စီးတန်းက ရှောင်ပီလီရဲ့ ခန္ဓာကိုယ်ကို ထိမှန်လိုက်ရာ သူ့ဆံပင်တိုင်း ထောင်သွားတယ်။

ပြီးတော့၊

ဒုန်း။

ဒုန်း။

လျှပ်စီးတန်းပြီး လျှပ်စီးတန်းက မြန်ဆန်စွာ ကျရောက်လာပြီး ရေကန်အလယ်က ကျွန်းငယ်လေးတစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။

ရှောင်ပီလီရဲ့ ခန္ဓာကိုယ်က လျှပ်စီးတန်းတွေကြားမှာ လျင်မြန်စွာ လှုပ်ရှားနေပြီး၊

ဓားစွမ်းအင်တွေ မြေကြီးကနေ တက်လာပြီး လျှပ်စီးတန်းတွေကို တစ်ခုပြီးတစ်ခု ရိုက်ခွဲပစ်တယ်။

ဒါပေမဲ့ လျှပ်စီးတွေက အရမ်း ထူထပ်လွန်းတာကြောင့် ရှောင်ပီလီတောင် ရံဖန်ရံခါ ထိမှန်သွားပြီး သူ့ခန္ဓာကိုယ်ကနေတောင် အသားလောင်တဲ့ အနံ့တွေ ထွက်လာတယ်။

“ အင်း”

ရှောင်ပီလီရဲ့ မျက်လုံးတွေထဲမှာ အံ့အားသင့်မှုတွေ ရှိနေတယ်။ ဒီ လျှပ်စီးတွေက အဆင့်(၁) ကျွမ်းကျင်သူကိုတောင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ပေမဲ့ သူ တိုက်ရိုက် ခံယူလိုက်တဲ့အခါ လျှပ်စီးထဲကနေ သန့်စင်တဲ့ ယန်စွမ်းအင်တွေ သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပြီး သူ့ရဲ့ ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်ကို သန့်စင်ပေးနေတယ်။

“ သက်ရှိတို့ရဲ့ ဖန်တီးမှုက တကယ်ကို ထူးခြားတာပဲ”

“ ဒီ လျှပ်စီးက အဖျက်စွမ်းအင်ရဲ့ အထွတ်အထိပ် ဖြစ်ပေမဲ့ သူ့ထဲမှာ သက်ရှိတို့ရဲ့ အမှုန်အမွှားလေး တစ်ခု ပါနေတယ်”

“ လျှပ်စီးဘေးဒဏ်ကို ကျော်ဖြတ်ပြီးရင် ငါ့ရဲ့ စွမ်းအားက တိုးတက်လာမှာပဲ။ ဖြစ်နိုင်တာက အဖြေက လျှပ်စီးထဲမှာပဲ ရှိနေတာ”

“ ပြီးတော့ လျှပ်စီးဘေးဒဏ် ဆယ်ဆင့်ဆိုတာ ဘေးဒဏ်တစ်ခု မဟုတ်ဘဲ အဆင့်(၁) ကျွမ်းကျင်သူရဲ့ ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်ကို ပိုသန်မာအောင် သန့်စင်ပေးတဲ့ အရာတစ်ခု ဖြစ်နေတာလား”

“ သာမန် အဆင့်(၁) ကျွမ်းကျင်သူတွေက လျှပ်စီးကို မခံနိုင်လွန်းလို့ သိုင်းပညာကို သုံးပြီး ကောင်းကင်ဘေးဒဏ်ကို ခုခံရတာ သို့မဟုတ် လျှပ်စီးဘေးဒဏ် ဆယ်ဆင့်ထဲမှာတင် သေဆုံးသွားတာမျိုး ဖြစ်နိုင်တယ်”

“ ဒီ လျှပ်စီးအဆင့်က ငါ့ကို ဒဏ်ရာရစေနိုင်ပေမဲ့ ရလာတဲ့ အကျိုးကျေးဇူးတွေကတော့… ထင်ရှားနေတာပဲ”

ဒီအတွေးနဲ့၊

ရှောင်ပီလီ နောက်ထပ် ရှောင်တိမ်းမနေတော့ဘဲ ကောင်းကင်တစ်ခုလုံးက လျှပ်စီးတွေ သူ့ခန္ဓာကိုယ်ကို ထိမှန်အောင် လွှတ်ပေးလိုက်တယ်။

သူက လျှပ်စီးစွမ်းအားကို သုံးပြီး မဖျက်ဆီးနိုင်သော နတ်ဘုရားပေးပညာနဲ့ တခြား အောင်မြင်ခြင်းအဆင့်ထိ မရောက်သေးတဲ့ ရုပ်ခန္ဓာသန့်စင်မှု သိုင်းပညာတွေကို စတင် ကျင့်ကြံလိုက်တယ်။

【 မဖျက်ဆီးနိုင်သော နတ်ဘုရားပေးပညာ (၈၀/၁၀၀) 】

【 မဖျက်ဆီးနိုင်သော နတ်ဘုရားပေးပညာ (၈၅/၁၀၀) 】

【 မဖျက်ဆီးနိုင်သော နတ်ဘုရားပေးပညာ (အထွတ်အထိပ်အဆင့်) 】

နံ့သာတိုင် တစ်တိုင်စာလောက် ကြာပြီးနောက်၊

ကောင်းကင်တစ်ခုလုံးက လျှပ်စီးတွေ ပျောက်ကွယ်သွားတယ်။

ရှောင်ပီလီ ရေကန်အလယ်က ကျွန်းငယ်လေးပေါ်မှာ ထိုင်နေပြီး သူ့အရေပြားတွေ ပြဲပြဲစုတ်စုတ် ဖြစ်ကာ သွေးတွေ စိုရွှဲနေတယ်။ အသားလောင်တဲ့ အနံ့တွေ ပြည့်နှက်နေပြီး သူ့ရဲ့ အနက်ရောင် ဆံပင်တွေအားလုံး ပျောက်ကွယ်သွားကာ သူ့ခေါင်းက ပြောင်တောက်ပနေတယ်

“ ဟူး”

သန့်စင်တဲ့ ယန်မူလဝိညာဉ်စွမ်းအင်တွေ သူ့မူလဝိညာဉ်ကနေ စီးထွက်လာပြီး သူ့ရဲ့ သက်ရှည်ကျင့်စဉ် ချီစွမ်းအင်နဲ့ ပေါင်းစပ်ကာ ရှောင်ပီလီရဲ့ ကိုယ်လက်အင်္ဂါတွေဆီကို အမြန် စီးဝင်သွားတယ်။

အရိုးတွေ ကြိတ်နယ်တဲ့ အသံ ထွက်ပေါ်လာတယ်။

ချက်ချင်းဆိုသလိုပဲ၊

ရှောင်ပီလီရဲ့ ခန္ဓာကိုယ်ပေါ်က သေနေတဲ့ အရေပြားတွေ အကုန်လုံး ကွာကျသွားပြီး သူ့ခေါင်းပေါ်က ဆံပင်တွေက နွေဦးမိုးရေပြီးတဲ့နောက် ဝါးညှောင့်တွေလို ပြန်ပေါက်လာတယ်။

နံ့သာတိုင် တစ်ဝက်လောက်ပဲ ကြာတဲ့အချိန်မှာ၊

ရှောင်ပီလီရဲ့ ဒဏ်ရာတွေအားလုံး သက်သာသွားပြီး သူ့အရှိန်အဝါက ပိုပြီး ကြောက်မက်ဖွယ်ကောင်းလာတယ်။

သူ့အဝတ်အစားတွေ စုတ်ပြဲနေတာကလွဲရင် လျှပ်စီးဘေးဒဏ် မခံယူခင်နဲ့ ဘာမှ မခြားနားတော့ဘူး။

“ အဆင့်(၁) တာအို… လျှပ်စီးဘေးဒဏ်ကို တစ်ကြိမ် ခံယူပြီးရင် မြေကြီး၊ မီး၊ လေ၊ ရေ စတဲ့ သဘာဝစွမ်းအားတွေကို နားလည်နိုင်တယ်”

“ ငါ့ရဲ့ အရင်ဘဝ မှတ်ဉာဏ်တွေအရ ကောင်းကင်ကို စားသုံးပြီး မြေကြီးကို ငြိမ်းသတ်တဲ့ ခုနစ်မျိုးသော နည်းလမ်းက ဒီလို သိုင်းပညာမျိုးပဲ။ တစ်ခါ ထုတ်သုံးလိုက်ရင် သူ့ရဲ့ စွမ်းအားက သဘာဝဘေးဒဏ်နဲ့ ညီမျှတယ်။ ဒါပေမဲ့ ဒါက လျှပ်စီးဘေးဒဏ် တစ်ကြိမ်ပဲ ရှိသေးတာ၊ အဲဒီအဆင့်ထိ ရောက်ဖို့တော့ အဝေးကြီး လိုသေးတယ်”

“ လျှပ်စီးဘေးဒဏ်ကတော့ တကယ်ကို ပြင်းထန်တယ်။ အရင်က ငါ့လက်ချက်နဲ့ သေသွားတဲ့ နဂါးကိုယ်ရံ‌တော်တွေသာ ဆိုရင် လျှပ်စီးဘေးဒဏ်အောက်မှာ သေဖို့ပဲ ရှိတော့မှာ”

“ ငါ့ရဲ့ လက်ရှိ အခြေအနေမှာ ဒုတိယ လျှပ်စီးဘေးဒဏ်ကို ကျော်ဖြတ်ဖို့က သိပ်မခက်ခဲပေမဲ့ ငါ့ရဲ့ မူလဝိညာဉ်ကို သန့်စင်ပြီး ရုပ်ခန္ဓာကို ပိုသန်မာအောင် လုပ်ချင်တယ်ဆိုရင်တော့ ရုပ်ခန္ဓာကို နောက်ထပ် နည်းနည်းလေး ထပ်တိုးတက်အောင် လုပ်ရဦးမယ်”

“ ဒါပေမဲ့ အခု ငါ့မှာ နဂါးနတ်ဆိုး ရွှေကိုယ်ခန္ဓာ ရှိနေပြီဆိုတော့… အတွေ့အကြုံအမှတ်တွေ ပိုရဖို့ပဲ လိုတော့တာ”

All Chapters