အခန်း (၅၅၆-၅၅၈)
Vol. 38 Ch. 556-558
အခန်း (၅၅၆) - အနီရောင် ဘယ်ရီသီးကြီးများ ၂
ဖြတ်လမ်းဖြင့် တောင်တက်ခြင်း၏ အဓိက အကျိုးကျေးဇူးမှာ
ကမ္ဘာ့အဆင့်သတ်မှတ်ချက် ဆုလာဘ်များကို အပြည့်အဝ ရရှိနိုင်ခြင်း ဖြစ်သည်။
ဤအချက်တစ်ခုတည်းကပင် ရှင်ကျန်သူအများစုကို ဆွဲဆောင်နိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။
ထို့အပြင်...
ကမ္ဘာ့အဆင့်စာရင်းပေါ်သို့ တက်ရောက်နိုင်ခြင်းဆိုသည်မှာ မိမိ၏ နာမည်ကို ကမ္ဘာတစ်ဝန်းရှိ ရှင်ကျန်သူအားလုံး သိရှိသွားစေမည့် အခွင့်အရေးလည်း ဖြစ်ပေသည်။
သို့သော်...
အသက်သွင်းသူ ၏ အထူးအခွင့်အရေးကိုတော့ မရရှိနိုင်ပေ။
ဆိုလိုသည်မှာ ဖြတ်လမ်းအသုံးပြု၍ တောင်တက်ခဲ့သူများသည် တယ်လီပို့စနစ်ကို အသုံးပြုနိုင်သော်လည်း ၎င်းကို ထိန်းချုပ်နိုင်မည် မဟုတ်သလို အခြားရှင်ကျန်သူများအား အသုံးပြုခွင့်ပေးနိုင်မည့် အာဏာလည်း မရှိပေ။
တယ်လီပို့စနစ် အသုံးပြုခွင့်အရဆိုလျှင် ၎င်းတို့သည် သာမန်ရှင်ကျန်သူများနှင့် မည်သည့်ကွာခြားချက်မှ မရှိဘဲ အသက်သွင်းမှုကို သက်သေခံသူအဖြစ်သာ သတ်မှတ်ခံရမည် ဖြစ်သည်။
ထို့ကြောင့်...အကယ်၍ မိမိတွင် စွမ်းရည်လုံလောက်ပါကအပြင်ဘက်မှ ကိုယ်တိုင်တက်ရောက်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
အကြောင်းမှာ အမှန်တကယ် ကိုယ်တိုင် တက်ရောက်အောင်မြင်သူသာလျှင် ထို တယ်လီပို့စနစ်၏ ပိုင်ရှင် ဖြစ်လာနိုင်သောကြောင့် ဖြစ်ပေသည်။
"ဟားဟား။ ငါပြောသားပဲ နယ်မြေ ၁၈၈ က ဘယ်သူမှ ဖြတ်လမ်းသုံးပြီး တောင်မတက်ခဲ့ဘူး"
"ငါ တကယ့်ကို အရူးပဲ... နယ်မြေ ၁၈၈ က ဆရာကြီးတွေကို သံသယဝင်မိတာ... ငါက တကယ့်အရူး.... အရူးပဲ..."
"ဖြတ်လမ်းသုံးတာ တုန်အာပေါင် တစ်ယောက်တည်းပဲ။ ဒီအဆင့်ဇယားက ယုံကြည်လို့ရသေးတယ်"
"တကယ့်ကို စိတ်လှုပ်ရှားလိုက်တာ... ဆရာကြီးတွေက ဖြတ်လမ်းတွေ့တာနဲ့ ချက်ချင်း ငါတို့ကို ပြောပြပေးခဲ့တာပဲ။ သူတို့ကိုယ်တိုင်တောင် မစမ်းကြည့်ခဲ့ဘူး..."
"ဖြစ်နိုင်တာက... နယ်မြေ ၁၈၈ က တယ်လီပို့စနစ်ကို ဖွင့်ပြီးသားမို့ စမ်းကြည့်လို့ မရတော့တာလည်း ဖြစ်နိုင်တယ်။"
"ဘာပဲဖြစ်ဖြစ်... ဒီဖြတ်လမ်း ရှိလာတော့ ဒီခွေးလို ဆောင်းရာသီကြီးက နောက်ဆုံးတော့ ပြီးတော့မယ်"
"မသေချာသေးဘူး... နှင်းထုက လေးမီတာတောင် ထူနေသေးတယ်။ နေ့တိုင်း တစ်မီတာတိုးနေသေးတာ။ ဖြတ်လမ်း ရှာတွေ့မလား မသိဘူး။ မတွေ့ရင် နောက်ဆုံး ကျောက်ကမ်းပါးပဲ တက်ရမှာလေ။"
"သေချာပေါက် ရှာနိုင်မယ့် နည်းလမ်းရှိမှာပါ"
ထိုအချိန်မှာပင် အရောင်းအဝယ်ပလက်ဖောင်းပေါ်တွင် ရောင်းကုန်အသစ်တစ်ခုကို ထိပ်ဆုံးသို့ တင်ထားလိုက်၏။
ထိုအရောင်းကို တင်ခဲ့သူမှာနယ်မြေ ၁ အဆင့်ဇယားမှ ချန်ကျွင်းအန်း ဖြစ်လေသည်။
သူ၏ မှတ်ချက်တွင် ရေးသားထားသည်မှာ"ရွှီရှင်း၊ ကျိချောင်းယန်နှင့် ရှာဖွေစူးစမ်းသူများ အဖွဲ့အား ကျေးဇူးတင်ပါသည်။
ခင်ဗျားတို့ ပေးခဲ့သော သတင်းအချက်အလက်များက ကျွန်ုပ်တို့အတွက် အလွန်အသုံးဝင်ပါသည်။
နယ်မြေ ၁ သည် ဤကျေးဇူးကို အမြဲ မှတ်သားထားပါမည်။"ဟုပင်။
အစပိုင်းတွင်သူတို့သည် ထိုသတင်းကို ယုံကြည်ခြင်း မရှိခဲ့ကြပေ။
အခြားနယ်မြေများ၏ အင်အားကို ကုန်ခမ်းစေရန် လိမ်လည်ဖန်တီးထားသော သတင်းဖြစ်မည်ဟုသာ ထင်ခဲ့ကြ၏။
သာမန်ရှင်ကျန်သူများ မသိသော်လည်းထိပ်တန်းခေါင်းဆောင်များကတော့နယ်မြေများအကြား ယှဉ်ပြိုင်မှု ရှိနေသည်ကို သိထားကြပေသည်။
သို့သော်ယခု လျှို့ဝှက်အသံ ထွက်ပေါ်လာပြီးအဆင့်ဇယားပါ ပြောင်းလဲသွားသောကြောင့်ဤသတင်းမှာ အမှန်ဖြစ်ကြောင်း သေချာသွားခဲ့၏။
ထို့ကြောင့်သူသည် နယ်မြေ ၁ ကိုယ်စား နယ်မြေ ၁၈၈ အား ကျေးဇူးတင်စကား ပြောဆိုခြင်းဖြစ်ပြီး ယင်းသည် သူတို့၏ သဘောထားကို ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပေသည်။
"ဟာ နယ်မြေ ၁ က ဆရာကြီးတောင် ထွက်လာပြီး ကျေးဇူးတင်နေပြီ"
"ဒီနေ့တော့ မျက်စိပွင့်သွားပြီဟေ့"
"အင်အားအကြီးဆုံး နယ်မြေနှစ်ခုသာ ပူးပေါင်းလိုက်ရင် ဒီကမ္ဘာမှာ ယဉ်ကျေးမှုတောင် ပြန်တည်ဆောက်နိုင်မယ်လို့ ခံစားရတယ်"
"ပူးပေါင်းမယ်...ဟဲဟဲ..."
ရွှီရှင်းကတော့ ဤအရာကို မြင်ပြီး အနည်းငယ် အံ့ဩသွားပေသည်။
ဤလူ၏ စကားများမှာတကယ် စိတ်ရင်းမှန်ဖြစ်သလားဆိုသည်ကို သူ မသေချာသေးပေ။
နောင်တွင် နယ်မြေများ အချင်းချင်း အမှန်တကယ် ဆက်သွယ်နိုင်လာသည့်အချိန်မှသာထိုစကားများ၏ အမှန်တရားကို သိနိုင်ပေလိမ့်မည်။
တစ်ဖက်တွင်တော့ စူးစမ်းရှာဖွေသူများ အဖွဲ့ချန်နယ်အတွင်း အားလုံး စိတ်လှုပ်ရှားနေကြပေသည်။
ကျောက်ရှောင်ချွမ်း : "အိုး... အစ်ကိုရှင်းနဲ့ အစ်ကိုကျိတို့က ဒီတစ်ခါလည်း အကြီးကြီး လုပ်ပြန်ပြီ"
ဝမ်ကွေ့ရှင်း : "တောင်တက်ဖြတ်လမ်းတဲ့လား၊ ဒီလောက် အရေးကြီးတဲ့ကိစ္စကို ငါတို့ကိုတောင် မပြောဘဲ ကမ္ဘာကို အရင် ကြေညာလိုက်တာ"
လီဝမ်ရှီး : "ကြာဥတူးတာရော... တောင်တက်ဖြတ်လမ်းရော... ဒါဆို ငါလည်း အဆင့်ဇယားထဲ ဝင်ဖို့ အခွင့်အရေး ရှိသွားပြီပေါ့"
ချင်ယွန်လုံ : "ဟုတ်တယ်။ ဒါပေမယ့် ဖြတ်လမ်းနဲ့ တက်ရင် မီးခိုးရောင်နာမည် ဖြစ်တာကတော့ ထူးခြားတဲ့ သတ်မှတ်ချက်ပဲ"
ချီရွှယ်ဖေး : "မီးခိုးရောင်ဆိုပေမယ့် ဆုတော့ ရသေးတာပဲ။ ကွာခြားချက် သိပ်မရှိပါဘူး။ အရင်ဆုံး တစ်ယောက်က အပြင်ကနေ တက်ပြီး ဖြတ်လမ်းဖွင့်ပေးရုံပါပဲ"
ဝမ်ကွေ့ရှင်း : "ဒါနဲ့... ငါတို့ အနီးအနားက ဆီးနှင်းတောင်တွေကို ထပ်ဖွင့်ပြီး ဖြတ်လမ်းသုံးကနေ ငါတို့ ကိုးယောက်လုံးကို အဆင့်ဇယားထဲ တင်လိုက်ရင် မကောင်းဘူးလား။ အဆင့်ဝင်ရင် ဆုရတာပဲ။ ရှာဖွေစူးစမ်းသူ တစ်ယောက်မှ မကျန်သင့်ဘူး။"
လုဖေးအာ : "ငါတော့ ထပ်တက်နိုင်သေးတယ်။ ငါ့အတွက် တောင်တက်တာ သိပ်မခက်ဘူးလို့ ခံစားရတယ်"
ကျိချောင်းယန် : "အဲဒီနည်းလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုလောလောဆယ် ဖြတ်လမ်းဝင်ပေါက်ကို အလွယ်ရှာနိုင်တဲ့ နည်းလမ်း မရှိသေးဘူး။ နှင်းတွေ အရည်ပျော်တဲ့အထိ စောင့်ရမယ်။"
ဝမ်လေ့ : "ဒါနဲ့... နေ့လယ်တောင် ရောက်နေပြီ။ မြန်မြန် လာစားကြတော့လေ။ မျက်နှာချင်းဆိုင်ပြီး စကားပြောကြရအောင်။ အခုမှ အိမ်နီးချင်း ဖြစ်လာတာကို စုမစားကြဘူးလား"
ဝမ်ကွေ့ရှင်း : "အာ... ဒီနေ့တော့ မဖြစ်နိုင်သေးဘူးထင်တယ်။ မနက်ကတည်းက ရှင်ကျန်သူ နှစ်ယောက် ရောက်လာခဲ့လို့..."
ကျိချောင်းယန် : "ဒီနေ့ လုပ်စရာတွေ များလွန်းတယ်။ အရင်ဆုံး ဒီကိစ္စတွေ အပြီးလုပ်ကြရအောင်။"
ကျောက်ရှောင်ချွမ်း : "ငါတော့ ဝမ်လေရဲ့အိမ် ရောက်နေပြီ... အော့..."
ချီရွှယ်ဖေး : "တယ်လီပို့ ဘေးထွက်ဆိုးကျိုးနဲ့ မရင်းနှီးသေးတာလား။ များများ သုံးထား။ မဟုတ်ရင် ညနေ လူတွေ ရောက်လာတဲ့အခါ အရှက်ကွဲနေမယ်။"
ကျောက်ရှောင်ချွမ်း : "ဟုတ်သားပဲ ငါ အမြန် ရင်းနှီးအောင် လေ့ကျင့်ရမယ်။"
ဝမ်လေ့ : "ဟုတ်တယ်။ ဒီနေ့တော့ မစားသင့်သေးဘူး။ ငါလည်း တယ်လီပို့တံခါးနဲ့ ရင်းနှီးအောင် လေ့ကျင့်ရဦးမယ်။ မဟုတ်ရင် တကယ် အရှက်ကွဲလိမ့်မယ်။"
ရွှီရှင်းကတော့ ယနေ့ နေ့လယ်ပိုင်းတွင် အပြင်ထွက်ရန် အစီအစဉ် မရှိပေ။
ယနေ့သည် ကံကောင်းမှု မြှင့်တင်သည့်နေ့ ဖြစ်သောကြောင့်
အဂ္ဂိရတ်ဆေးများ ဖော်စပ်ရန် အသင့်တော်ဆုံး အချိန် ဖြစ်ပေသည်။
လက်ရှိတွင်သူသည် အဂ္ဂိရတ်ဖော်စပ်မှုကို ရာနှုန်းပြည့်နီးပါး အောင်မြင်စေနိုင်ပြီ ဖြစ်သည်။
အဂ္ဂိရတ်ဆေးနှင့် တယ်လီပို့အမှတ်အသားများမှာအားလုံး အပြာရောင်အဆင့် ဖြစ်ပြီး လက်ရှိ အောင်မြင်နှုန်းမှာ (၈၈%) အထိ ရှိနေသည်။
ထို့အပြင် ကံကောင်းခြင်းငါး ၏ အကျိုးသက်ရောက်မှုနှင့်ယနေ့၏ ကံကောင်းမှုမြှင့်တင်မှု ကိုပါ ပေါင်းလိုက်လျှင်ကျရှုံးနိုင်ခြင်းမှာ ထီပေါက်နိုင်ခြင်းနှင့် မကွာလှပေ။
သူသည် ပထမအသုတ် အဂ္ဂိရတ်ဆေး ဖော်စပ်ရန်အပြာရောင်အသီးများကိုလည်း ကြိုတင် စုဆောင်းထားပြီး ဖြစ်ပေသည်။
အကယ်၍ခရမ်းရောင် အဂ္ဂိရတ်ဖော်မြူလာ သာ ရှိမည်ဆိုလျှင်
ယခုအချိန်တွင်ပင် ခရမ်းရောင်ဆေးများကိုပါ ဖော်စပ်နိုင်လောက်၏။
"ခရမ်းရောင်အဆင့်..."
ရွှီရှင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။
"ဟာ..."
ခရမ်းရောင် စိုက်ပျိုးမြေ...
သူ၏ ခရမ်းရောင် စိုက်ပျိုးမြေ ပေါ်တွင် ခရမ်းရောင်အဆင့် အနီရောင်ဘယ်ရီပင် တစ်ပင် စိုက်ထားသေးသည်။
ဒီနေ့ဆို တတိယနေ့ ရောက်ချေပြီ။
ထိုဘယ်ရီပင်သည်လည်း မှည့်နေလောက်ပြီ ဖြစ်သည်။
ခရမ်းရောင် ဘယ်ရီသီးရဲ့ အထူးစွမ်းရည်က ဘာဖြစ်မလဲ။
အရေးကြီးဆုံးကတော့ဒီခရမ်းရောင် ဘယ်ရီသီးကို အဂ္ဂိရတ်ဆေး ဖော်စပ်ရာမှာ အသုံးပြုနိုင်မလားမသိဘူး။
ရွှီရှင်း ချက်ချင်း ထရပ်လိုက်ပြီး စတုတ္ထထပ်ရှိ စိုက်ပျိုးခန်းသို့ တက်သွားခဲ့၏။
စိုက်ပျိုးခန်းအတွင်း၌ အပြာရောင်အသီးအများစုသည် အားလုံး မှည့်နေပြီ ဖြစ်သည်။
ပန်းသီးများနှင့်လိမ္မော်သီးများမှာအပြာရောင်အလင်း ထုတ်လွှတ်လျက် သစ်ပင်ငယ်များ၏ အကိုင်းများပေါ်တွင် ပြည့်နှက်နေကြသည်။
"အီး"
ခဲခဲလေးလည်း အပေါ်ထပ်သို့ တက်လာပြီးအသီးပင်များကို လှည့်ပတ်ကြည့်ကာ ရွှီရှင်း၏ ဘောင်းဘီကို ဆွဲလိုက်၏။
ရွှီရှင်းက အပြာရောင် ပန်းသီးတစ်လုံး ခူးပြီး ပေးလိုက်လေသည်။
ခဲခဲကိုယ်တိုင် ခူးလျှင် သာမန်အသီးသာ ဖြစ်ပေမည်။
သူ ခူးပေးမှသာ အပြာရောင်အဆင့် အကျိုးသက်ရောက်မှု ရှိလာမည် ဖြစ်သည်။
ခဲခဲလေးက ချက်ချင်း ထိုင်ချလိုက်ပြီးပန်းသီးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ စားလိုက်လေတော့သည်။
မျက်နှာပေါ်တွင် ကျေနပ်အားရသည့် အမူအရာ ပေါ်လာလေသည်။
ရွှီရှင်းကတော့ခရမ်းရောင်အလင်း ထုတ်လွှတ်နေသော ချုံပုတ်ရှေ့သို့ လျှောက်သွားလိုက်၏။
ထိုချုံပုတ်ပေါ်တွင်ကြီးမားပြီး ခရမ်းရောင်အလင်း တောက်ပနေသော အနီရောင်ဘယ်ရီသီးများ ကို မြင်လိုက်ရပေသည်။
ခရမ်းရောင် ဘယ်ရီသီးတွေပါလား...
ဤသည်မှာဧရာမ သစ်ပင်အိမ်ကြီးမှလွဲ၍ ခရမ်းရောင်အဆင့် အပင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
ယခင်ကအပြာရောင် မြေဩဇာထဲတွင် စိုက်ထားပါကခရမ်းရောင်အပင်များ ပေါက်လာနိုင်မည်ဟု သူ ထင်ခဲ့ဖူးသည်။
သို့သော် ယခုကြည့်ရသည်မှာ ထိုမျှ မလွယ်ကူပေ။
အပြာရောင်မြေမှခရမ်းရောင်အပင် တစ်ပင်မှ မပေါက်ခဲ့ပေ။
ခရမ်းရောင်မြေထဲမှသာဤခရမ်းရောင် ဘယ်ရီပင် ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။
ရွှီရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် ခရမ်းရောင်အလင်း ထုတ်လွှတ်နေသော ဘယ်ရီသီးတစ်လုံးကို ခူးလိုက်၏။
[အနီရောင်ဘယ်ရီသီးအကြီး (ခရမ်းရောင်) တိုက်ရိုက်စားသုံးနိုင်သော အသီးတစ်မျိုး။ ချဉ်ချိုအရသာရှိပြီး အလွန်ရှားပါးသော အဆင့်မြင့် အစားအစာဖြစ်သည်။ အမြင်အာရုံကို အလွန်အားကောင်းစွာ မြှင့်တင်ပေးနိုင်သည်။ စားသုံးပြီးနောက် (၁၅) မိနစ်ကြာ အထူးစွမ်းရည် ဖောက်ထွင်းမြင်နိုင်ခြင်း ကို ရရှိမည်။]
ရွှီရှင်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့သည်။
"ဖောက်ထွင်းမြင်နိုင်ခြင်းဆိုပါလား"
ဒါပေမယ့်နောက်တစ်စက္ကန့်တွင် သူ ရုတ်တရက် သတိရသွား၏။
ဖောက်ထွင်းမြင်နိုင်ခြင်း...
ဒါက... အခု သူတို့ အလိုအပ်ဆုံး စွမ်းရည်တစ်ခုပင်။
အခန်း ၅၅၆ ပြီး။
အခန်း (၅၅၇) - ဖောက်ထွင်းမြင်နိုင်ခြင်း
ခရမ်းရောင်အဆင့် အနီရောင်ဘယ်ရီသီးကြီးများ သည် မျက်လုံးနှင့် သက်ဆိုင်သော အထူးစွမ်းရည်တစ်မျိုးကို ပေးစွမ်းနိုင်၏။
အပြာရောင်အဆင့် ဘယ်ရီသီးများ ပေးစွမ်းသည့် ညအမြင်စွမ်းရည် သည် အမြင်အာရုံကို မြှင့်တင်ပေးရုံသာ ဖြစ်သည်။
ကမ္ဘာမြေပေါ်တွင် ဇီးကွက်ကဲ့သို့သော တိရစ္ဆာန်များသည် မူလကတည်းက ညအမြင်စွမ်းရည် ရှိကြပြီး လူသားများလည်း နည်းပညာအကူအညီဖြင့် ထိုစွမ်းရည်ကို ရရှိနိုင်ကြ၏။
သို့သော်...
ဖောက်ထွင်းမြင်နိုင်ခြင်း ကတော့ မတူပေ။
ညအမြင်စွမ်းရည်နှင့် နှိုင်းယှဉ်ပါက...
၎င်းသည် သဘာဝနိယာမကိုပင် ကျော်လွန်သည့် စူပါစွမ်းအား တစ်မျိုးဟုပင် ဆိုနိုင်ပေသည်။
ဒါဆိုခရမ်းရောင်အဆင့် အသီးတွေက လူသားတွေကို စူပါစွမ်းအားတွေ ပေးစွမ်းနိုင်တာလား။
အမှန်တကယ်ပင် ထိုသို့ဖြစ်၏။
ဤခရမ်းရောင်အသီး၏ သက်ရောက်မှုသည်ခရမ်းရောင်အဆင့် လက်နက်များ၏ အထူးစွမ်းရည်များနှင့် အလွန်ဆင်တူနေပေသည်။
အပြာရောင်အဆင့် အသီးများနှင့် ကိရိယာများသည်ရှင်ကျန်သူများကို ခန္ဓာကိုယ်စွမ်းအား မြှင့်တင်ပေးခြင်း၊ခွန်အားတိုးစေခြင်း
သက်လုံပြန်လည်ဖြည့်တင်းပေးခြင်းနှင့်စိတ်ပိုင်းဆိုင်ရာ အားဖြည့်ပေးခြင်း စသည့် ပုံမှန် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ကိုသာ ပေးစွမ်းနိုင်ပေသည်။
သို့သော်...
ခရမ်းရောင်အဆင့် အသီးများ၊ ချပ်ဝတ်တန်ဆာများနှင့် လက်နက်များကတော့ လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွန်သည့် အထူးစွမ်းရည်များ ကို ပေးစွမ်းနိုင်ကြပေသည်။
ဥပမာ ရေအောက်တွင် လွတ်လပ်စွာ သွားလာနိုင်ခြင်း၊အသက်စွမ်းအင်ကို စုပ်ယူနိုင်ခြင်း၊ဒဏ်ရာမှ သွေးထွက်ခြင်းကို ချက်ချင်း ရပ်တန့်စေနိုင်ခြင်းနှင့်ဖောက်ထွင်းမြင်နိုင်ခြင်းတို့ပင်။
ဤအရာများအားလုံးသည် စူပါစွမ်းအားများ မဟုတ်ပါလား။
ထို့အပြင်ဤ ဖောက်ထွင်းမြင်နိုင်ခြင်း စွမ်းရည်သည်အခုအချိန်တွင် အချိန်ကိုက် ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။
စူးစမ်းရှာဖွေသူများ အားလုံးသည် နှင်းထုအောက်တွင် ဖုံးကွယ်နေသော ဖြတ်လမ်းဝင်ပေါက် ကို မည်သို့ ရှာဖွေရမည်ကို စိုးရိမ်နေကြဆဲ ဖြစ်၏။
ထိုအချိန်မှာပင်ဤ ခရမ်းရောင် ဘယ်ရီသီးကြီး ပေါ်လာခဲ့၏။
ဒီအသီးရှိနေပြီဆိုလျှင် နှင်းအောက်မှာ ဘာရှိနေလဲဆိုတာ မြင်နိုင်မလားမသိချေ။
စမ်းကြည့်ရအောင်...။
ရွှီရှင်းသည် ချက်ချင်းပင် ချုံပုတ်ပေါ်ရှိ ခရမ်းရောင်ဘယ်ရီသီးများအားလုံးကို ခူးလိုက်၏။
ခရမ်းရောင်အဆင့် ဘယ်ရီသီးများ၏ ထွက်နှုန်းမှာအပြာရောင်အဆင့်များထက် များစွာ နည်းပါး၏။
ချုံပုတ်တစ်ပင်လုံးတွင် စုစုပေါင်း ၁၈ လုံးသာ သီးခဲ့ပေသည်။
သို့သော်...
ဤပမာဏသည်လည်း လုံလောက်နေပြီ ဖြစ်သည်။
"...အီး"
ပန်းသီးကို ကိုက်စားနေသော ခဲခဲလေးသည်ရုတ်တရက် အစာစားခြင်းကို ရပ်လိုက်ပြီး ခေါင်းမော့ကာ ရွှီရှင်းကို ကြည့်လိုက်၏။
ထို့နောက်...
လက်ထဲတွင် ကိုင်ထားသော အပြာရောင်ပန်းသီးကိုပင် ပစ်ချလိုက်ပြီးရွှီရှင်းဆီသို့ အမြန်ပြေးလာပေသည်။
"အီး...အီး..."
၎င်းသည် မတ်တပ်ရပ်ကာ ရွှီရှင်း၏ ဘောင်းဘီကို လက်နှစ်ဖက်ဖြင့် ဖမ်းဆွဲထားရင်း သူ့လက်ထဲတွင် ကိုင်ထားသော ခရမ်းရောင်ဘယ်ရီသီးကြီးများကို မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေတော့သည်။
အမြီးကြီးကိုလည်း အဆက်မပြတ် လှုပ်ယမ်းနေပြီး
တကျီကျီ နှင့် အသံထွက်ကာ ချွဲနေတော့သည်။
"အီး...အီး..."
ဒီကောင်မလေးကတော့ ခရမ်းရောင်အသီးကို မြင်လိုက်တာနဲ့
အပြာရောင်အသီးကိုတောင် ပစ်ချပြီး သူ့ကို လာချွဲနေတော့သည်။
"ဒါတော့ မင်းကို မပေးနိုင်ဘူး။ ဒီအသီးမှာ အရေးကြီးတဲ့ အသုံးဝင်မှု ရှိနေသေးတယ်။"
ရွှီရှင်းက အမြန်ပင် ဘယ်ရီသီးများကို ကျောပိုးအိတ်ထဲ ထည့်သိမ်းလိုက်၏။
သို့သော်...
ခဲခဲလေးကတော့ လက်မလျှော့သေးပေ။
သူ့နားတွင် လိုက်လံလှည့်ပတ်ရင်းအဆက်မပြတ် ချွဲနေဆဲ ဖြစ်သည်။
နောက်ဆုံးတွင်ရွှီရှင်းက..."နောက်ဆို အပြာရောင်ဘယ်ရီသီးတွေ အများကြီး စားလို့ရအောင် ပေးမယ်"ဟု ကတိပေးလိုက်မှသာခဲခဲလေးက စိတ်ကျေနပ်သွားပြီး ခရမ်းရောင်ဘယ်ရီသီးကို ထပ်မတောင်းတော့ပေ။
၎င်းသည် မူလနေရာသို့ ပြန်သွားကာတစ်ဝက်သာ ကျန်တော့သည့် အပြာရောင်ပန်းသီးကို ပြန်ကောက်ယူလိုက်တော့သည်။
ထို့နောက်...
ပန်းသီးကို ဖြည်းဖြည်းချင်း ကိုက်စားရင်း သနားစရာ မျက်ဝန်းလေးများဖြင့် ရွှီရှင်းကို လှမ်းကြည့်နေပေတော့သည်။အခန်း (၅၅၈) - ဖောက်ထွင်းမြင်နိုင်ခြင်း ၂
"ငါ့ကိုအဲ့လို ကြည့်နေလည်း အကျိုးမရှိဘူးနော်"
ရွှီရှင်းက မတတ်သာသလို ပြောလိုက်လေသည်။
ဒါက ခရမ်းရောင်အဆင့် အသီး ဖြစ်သည်။
သူကိုယ်တိုင်ပင် အလွယ်တကူ စားပစ်ဖို့ နှမြောနေသေးသည်။
ပထမဆုံး ဒီဖောက်ထွင်းမြင်နိုင်ခြင်း စွမ်းရည်က ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ စမ်းသပ်ကြည့်ရဦးမည်။
စမ်းသပ်ဖို့အတွက် တစ်လုံးသုံးရသည်က အနည်းငယ် နှမြောစရာကောင်းပေမယ့်မဖြစ်မနေ လုပ်ရမည့်ကိစ္စ ဖြစ်ပေသည်။
"အီး အီး"
ရွှီရှင်းက ခဲခဲလေး၏ ရှေ့တည့်တည့်မှာပင် ခရမ်းရောင်ဘယ်ရီသီးကို ပါးစပ်ထဲ ထည့်စားလိုက်တော့သည်။
ဒါကို မြင်လိုက်ရသော ခဲခဲလေးလည်း ချက်ချင်း စိတ်ကောက်သွားလေသည်။
၎င်းသည် လက်ထဲမှ အပြာရောင်ပန်းသီးကို အားပါးတရ တစ်ကိုက်ကိုက်လိုက်ပြီး ခန္ဓာကိုယ်လေးကို လှည့်ကာအပင်အိုးနောက်သို့ ပြေးသွားကာ ပုန်းနေလိုက်တော့သည်။
မမြင်ရရင် မခံစားရတော့ဘူး...။
ဒီကောင်မလေးကတော့တကယ် စိတ်ကောက်သွားတာလား။
နှာခေါင်းသေးသေးလေးတောင် တဆတ်ဆတ် လှုပ်နေသေးတယ်။
ခဏ...ဘယ်လိုဖြစ်တာလဲ။
အပင်အိုးနောက်မှာ ပုန်းနေတဲ့ ခဲခဲလေးကို ငါ မြင်နေရသေးတာပဲ။
ဖောက်ထွင်းမြင်နိုင်ခြင်းက တကယ် အလုပ်လုပ်နေပြီ။
ရွှီရှင်းသည် မျက်လုံးတစ်ဝိုက်၌ အေးမြလန်းဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
မျက်လုံးများကို စိုစွတ်အေးမြစေသည့် အငွေ့အသက်တစ်ခုက ဖုံးလွှမ်းထားသလို ခံစားရပြီးအလွန်သက်သောင့်သက်သာ ရှိလှပေသည်။
မျက်စိပင်ပန်းမှု သက်သာစေသော မျက်စိမက်စ် တပ်ထားသလိုမျိုး ဖြစ်နေ၏။
ထို့အပြင်...
သစ်ပင်အိမ်၏ နံရံကိုပါ ဖောက်ထွင်းမြင်နိုင်လာပြီးအပြင်ဘက် မြင်ကွင်းကို တိုက်ရိုက် မြင်တွေ့နိုင်လာသည်။
ရွှီရှင်းက အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာတတိယထပ် ဧည့်ခန်းအတွင်း၌ မီမီက ၎င်း၏ လက်ဖဝါးကြီးဖြင့် ဧရာမဥကြီးကို ညင်သာစွာ တွန်းနေလေသည်။
ဧရာမဥကြီးကလည်း ပစ်တိုင်းထောင်အရုပ်ကဲ့သို့ ရှေ့နောက် ယိမ်းနေပေသည်။
ထိုအခါ ငွေရောင်ဘုရင်ကလည်း စိတ်ဝင်စားသွားပြီးလက်ဖြင့် တစ်ချက် ထပ်တွန်းလိုက်၏။
ဆက်ပြီး အောက်ကို ကြည့်လိုက်ရာဒုတိယထပ်ရှိ အလုပ်ရုံများကို မြင်လိုက်ရပေသည်။
အလုပ်စားပွဲများစွာကို ကဏ္ဍအလိုက် ခွဲထား၏။
ထပ်ပြီး အောက်ကို ကြည့်လိုက်သော်လည်း ထို့ထက် မမြင်နိုင်တော့ပေ။
ဒုတိယထပ်အထိသာ မြင်နိုင်၏။
ကြည့်ရသည်မှာ ဒီ ဖောက်ထွင်းမြင်နိုင်ခြင်း စွမ်းရည်၏ အကန့်အသတ်က ဒီလောက်ပဲ ဖြစ်ပုံရပေသည်။
သို့သော်...
သစ်ပင်အိမ် နှစ်ထပ်စာကို ဖောက်ထွင်းမြင်နိုင်သည်ဆိုတော့မဆိုးလှချေ။
ရွှီရှင်းသည် သစ်ပင်အိမ်အစွန်းသို့ လျှောက်သွားပြီး နှင်းဖုံးနေသော မြေပြင်ကို စူးစိုက်ကြည့်လိုက်၏။
ချက်ချင်းပင် နှင်းထုအောက်ရှိ မြေပြင်ကို သူ၏ မျက်စိရှေ့တွင် ထင်ရှားစွာ မြင်လာရပေသည်။
တကယ်ပဲ နှင်းအောက်က မြေပြင်ကို မြင်နိုင်နေချေပြီ။
တကယ့်ကို မျှော်လင့်မထားတဲ့ အကျိုးအမြတ်ပင်။
လွန်ခဲ့သောသုံးရက်ကတည်းက စိုက်ထားတဲ့ ခရမ်းရောင်ဘယ်ရီသီးက ရင့်မှည့်လာတာနဲ့ တစ်ပြိုင်နက် ဒီလို အရေးကြီးတဲ့အချိန်မှာ အသုံးဝင်လာမယ်လို့ မထင်ထားခဲ့မိချေ။
ရွှီရှင်းသည် ချက်ချင်းပင် ကျိချောင်းယန်ထံ ဆက်သွယ်ပြီး ခရမ်းရောင်ဘယ်ရီသီး၏ အကျိုးသက်ရောက်မှုကို အသေးစိတ် ပြောပြလိုက်တော့သည်။
"ဒါဆို..."
"အခု ငါတို့မှာ ဖြတ်လမ်းဝင်ပေါက်ကို အမြန်ရှာနိုင်တဲ့ နည်းလမ်း ရသွားပြီ။"
"ခရမ်းရောင်ဘယ်ရီသီး တစ်လုံးပဲ လိုတယ်။"
ရွှီရှင်းက အကျဉ်းချုပ် ပြောလိုက်၏။
"...ခရမ်းရောင်ဘယ်ရီသီးမှာ ဒီလို အစွမ်းရှိမယ်လို့ မထင်ထားဘူး။"
ကျိချောင်းယန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ အံ့ဩစွာဖြင့် ပြောလာ၏။
"တကယ့်ကို တိုက်ဆိုင်လွန်းတယ်"
"ဒါပေမယ့်..."
"ပြန်စဉ်းစားကြည့်ရင်တော့ အဓိပ္ပာယ်ရှိပါတယ်"
"အဓိပ္ပာယ်ရှိတယ်လား..."
ရွှီရှင်းက မေးလိုက်၏။
"ခရမ်းရောင် မြေဩဇာကို...ဒီဆောင်းရာသီ စတင်ပြီးမှ အမှတ်ဆိုင်ထဲမှာ ရောင်းချလာတာ မဟုတ်လား။"
"ဒါကြောင့်...ဒီခရမ်းရောင် မြေဩဇာ ပေါ်လာရတဲ့ ရည်ရွယ်ချက်က ငါတို့ကို ခရမ်းရောင်ဘယ်ရီသီး စိုက်ပျိုးခွင့်ပေးပြီး နှင်းတောင်ရဲ့ ဖြတ်လမ်းဝင်ပေါက်ကို ရှာဖွေနိုင်အောင် စီစဉ်ထားတာ ဖြစ်နိုင်တယ်။"
ကျိချောင်းယန်က သုံးသပ်ကာရှင်းလိုက်သည်။
တကယ်လည်း ဟုတ်ပေသည်။
အမှတ်လုံလောက်နေသရွေ့ဘယ်သူမဆို ခရမ်းရောင်မြေဩဇာကို ဝယ်ယူနိုင်၏။
ဝယ်မဝယ်ဆိုသည်ကတော့ စဉ်းစားမိ မစဉ်းစားမိပေါ်ပဲ မူတည်ပေသည်။
"ကြည့်ရတာ...အမှတ်ဆိုင်မှာ အသစ်ထပ်ထည့်ပေးလာတဲ့ ပစ္စည်းတွေက နှင်းလျှောစီးဘုတ်၊မျက်မှန်၊ချိတ်ကြိုး၊ခရမ်းရောင်မြေဩဇာ..ဒါတွေအားလုံးက ဒီအဆင့် လှုပ်ရှားမှုအတွက် အရေးကြီးတဲ့ အထောက်အကူတွေချည်းပဲ"
ရွှီရှင်းက သက်ပြင်းချရင်း ပြောလိုက်၏။
သူ အခုမှ နားလည်သွားချေပြီ။
အမှတ်ဆိုင်ထဲတွင် ဈေးကြီးသော သီးသန့်ပစ္စည်းများကို အသစ်ထည့်ပေးခြင်းသည်လုံးဝ အကြောင်းမဲ့ မဟုတ်ခဲ့ပေ။
ထိုပစ္စည်းတိုင်းသည်အဆင့်လိုက် ပေါ်ပေါက်လာသော စမ်းသပ်မှုများနှင့် တိုက်ရိုက်ဆက်စပ်နေခဲ့ခြင်း ဖြစ်နေတော့သည်။
အခန်း ၅၅၈ ပြီး။