← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉) - ဖောက်ထွင်းမြင်နိုင်ခြင်း ၃

"ဒါဆို... ဒီအကြောင်းကို တခြားနယ်မြေက လူတွေကိုပါ ပြောပြသင့်သေးလား။"

ရွှီရှင်းနှင့် ကျိချောင်းယန်တို့ နှစ်ဦးသည် ဤကိစ္စကို စတင်ဆွေးနွေးကြတော့၏။

နောက်ဆုံးတွင်...

နှစ်ယောက်သား လောလောဆယ် မထုတ်ဖော်သေးရန် ဆုံးဖြတ်လိုက်ကြလေသည်။

ဤသတင်းအချက်အလက် ကွာဟချက်ကို အသုံးချပြီး မိမိတို့ဘက်က အသာစီးရနိုင်သမျှ ရယူပြီးမှသာ အခြားသူများအား အသိပေးမည်ဟု ဆုံးဖြတ်ခဲ့ကြပေသည်။

ဆောင်းရာသီကို ကျော်ဖြတ်နိုင်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ရှင်ကျန်သူများ အားလုံး ပူးပေါင်း၍ နှင်းတောင်အစီအရင်ကြီး ၃၀ ကို အသက်သွင်းရန် လိုအပ်သော်လည်း နယ်မြေပြိုင်ဆိုင်မှု ဆိုသည့် အခြေအနေမှာ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့်...

မိမိတို့၏ အသာစီးအနေအထားကို အပြည့်အဝ သေချာစေရန် လိုအပ်ပေသည်။

သို့သော်...

အခြားနယ်မြေများရှိ ထိပ်တန်းအင်အားကြီးများအနက်ခရမ်းရောင်မြေဩဇာ ပိုင်ဆိုင်ထားသူများ ရှိခဲ့လျှင် ၎င်းတို့လည်း ခရမ်းရောင်ဘယ်ရီသီးကို စိုက်ပျိုးပြီး ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိထားနိုင်ပေသည်။

သို့သော်...ထိုဖြစ်နိုင်ခြေမှာ အလွန်နည်းပါး၏။

ခရမ်းရောင်မြေဩဇာသည် လူတိုင်း ဝယ်ယူနိုင်သော ပစ္စည်း မဟုတ်ပေ။

၃၀% လျှော့ဈေး ရှိသည့်တိုင် ဈေးနှုန်းမှာ အမှတ် ၁၄,၀၀၀ အထိ ရှိနေဆဲ ဖြစ်သည်။

ရွှီရှင်းတောင် အခြေအနေအမျိုးမျိုး တိုက်ဆိုင်ကာ အခွင့်အရေးများစွာကို အသုံးချနိုင်ခဲ့မှသာ ဤမျှများပြားသော အမှတ်ပမာဏကို ရရှိခဲ့ခြင်း ဖြစ်လေသည်။

အခြားနယ်မြေများတွင် ထိပ်ဆုံးအဆင့်ရှိသော အင်အားကြီးများပင်လျှင် ခရမ်းရောင်မြေဩဇာကို ဝယ်ယူနိုင်လောက်သည့် အမှတ်ပမာဏ ရှိချင်မှ ရှိနိုင်ပေလိမ့်မည်။

ထို့အပြင်...

ဝယ်ယူနိုင်ခဲ့သည်ဆိုစေကာမူ အနီရောင်ဘယ်ရီသီးကို အတိအကျ ရွေးချယ်စိုက်ပျိုးမှသာ ဤရလဒ်ကို ရရှိနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဤသတင်းအချက်အလက် ကွာဟချက်ကို အသုံးချပြီး အသာစီးရအောင်လုပ်ထားခြင်းက ပိုမိုသင့်တော်ပေသည်။

ဘာပဲဖြစ်ဖြစ်နည်းလမ်းကို ရှာတွေ့ထားပြီးဖြစ်သည့်အတွက်

အလျင်စလို ထုတ်ဖော်ပြောဆိုရန် မလိုအပ်သေးပေ။

"ဟုတ်သားပဲ..."

ရွှီရှင်း ရုတ်တရက် လူတစ်ယောက်ကို သတိရသွား၏။

မိုးရာသီကာလအတွင်း လူတစ်ယောက် ပြောခဲ့သည့် စကားသည် သူ၏ အာရုံကို ဖမ်းစားခဲ့ဖူးပေသည်။

ထိုလူသည်...

မိုးရာသီတစ်လျှောက်လုံး...

သစ်ပင်အိမ် အမိုးပေါ်တွင် တစ်ရက်နှင့်တစ်ညလုံး လဲလျောင်းနေခဲ့သော်လည်း မကောင်းသော လက္ခဏာဘာမှ မပေါ်ခဲ့သူ ဖြစ်သည်။အခန်း (၅၆၀) - ဖောက်ထွင်းမြင်နိုင်ခြင်း ၄

သူသည် ချီရွှယ်ဖေး ဖြန့်ဝေပေးခဲ့သော ဆေးလုံးများကိုပင် မဝယ်ယူခဲ့ဘဲ "ဒီဆေးတွေကို တခြားလိုအပ်တဲ့သူတွေအတွက် ချန်ထားလိုက်မယ်"ဟု ပြောခဲ့ဖူးလေသည်။

ဒီလိုလူမျိုးက...

နှင်းတောင်ကို အပြင်ဘက်လမ်းကြောင်းကနေ တက်ဖို့ အသင့်တော်ဆုံးသူ ဖြစ်ပေသည်။

အကြောင်းမှာ...

သူသည် အပူချိန်မြင့်ခြင်း၊ အပူချိန်နိမ့်ခြင်းတို့၏ သက်ရောက်မှုကို ခုခံနိုင်သည့် ကိုယ်ခန္ဓာဖွဲ့စည်းပုံ ရှိနိုင်ခြေ အလွန်များသောကြောင့် ဖြစ်ပေသည်။

"သူ့နာမည်က...ဘာပါလိမ့်"

ရွှီရှင်း ခဏမျှ စဉ်းစားလိုက်၏။

"ဟုတ်ပြီ..."

နျိုဖူကွေ့ ဆိုလားပဲ...။

အလွန်ရိုးရှင်းသော နာမည်တစ်ခု ဖြစ်ပေသည်။

ရွှီရှင်းသည် စာရင်းကို ချက်ချင်း ဖွင့်ကြည့်လိုက်ရာ စက္ကန့်အနည်းငယ်အကြာတွင်ထိုနာမည်ကို တွေ့လိုက်ရ၏။

စာရင်းထဲတွင် ရှိနေသေးသည်ဆိုတော့ သူ မသေသေးသလို

သူတို့ထံ လာရောက်ခိုလှုံထားသူလည်း မဟုတ်သေးပေ။

ဒါဆို...

သူ၏ သစ်ပင်အိမ်သည် အတော်လေး ဝေးနေပေမည်။

အနီးမှာသာဆိုလျှင် နှင်းတောင်အစီအရင်ကို အသက်သွင်းဖို့ သိပ်အကျိုးမရှိပေ။

ဝေးလေအစီအရင်ကို အသက်သွင်းဖို့ ပိုသင့်တော်လေ ဖြစ်သည်။

အခြေအနေအားလုံးကလည်းတော်တော်လေး ကိုက်ညီနေ၏။

ရွှီရှင်းသည် နျိုဖူကွေ့ထံသို့ သီးသန့်စာတိုတစ်စောင် ပို့လိုက်၏။

"ခင်ဗျားရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားနေတာလား"

သူက တိုက်ရိုက်ပင် မေးလိုက်ချေသည်။

သို့သော်...

တစ်ဖက်က ချက်ချင်း ပြန်မဖြေခဲ့ပေ။

အခြားအလုပ်တစ်ခုခု လုပ်နေခြင်းလည်း ဖြစ်နိုင်သည်။

ဒါကလည်း ပုံမှန်ပင်။

အကြောင်းမှာ စူးစမ်းရှာဖွေသူအဖွဲ့ဝင်များလို ဆက်သွယ်ရေးလက်ပတ်ကို လူတိုင်း မပိုင်ဆိုင်ကြပေ။

ဒီအချိန်မှာ သစ်ပင်အိမ်အတွင်းရှိ ဖန်သားပြင်ကို

မကြည့်ဖြစ်လျှင် စာတိုရောက်လာသည်ကို ချက်ချင်း သိနိုင်မည် မဟုတ်ပေ။

ရွှီရှင်းသည် စက္ကန့်သုံးဆယ်ခန့် စောင့်လိုက်ပြီး ထိုကိစ္စကို ခဏ ဘေးဖယ်ထားလိုက်၏။

ထို့နောက်...

သူ၏ အကြည့်က အသီးအားလုံး ခူးပြီးသား ခရမ်းရောင်တောက်ပနေသည့် အနီရောင်ဘယ်ရီချုံ ပေါ်သို့ ရောက်သွားလေသည်။

ထိုချုံကို ကြည့်ရင်း...

သူ၏ စိတ်ထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။

အပင်ပြောင်းစိုက်ကြည့်ရမယ်...။

အပင်ပြောင်းစိုက်ခြင်း၏ အောင်မြင်နှုန်းက မြင့်မားခြင်း မရှိပေ။

သို့သော်...

ယနေ့ သူ့မှာ ကံကောင်းခြင်းတိုးမြှင့်မှု ရှိနေ၏။

လက်ထဲက ဂေါ်ပြားသည် ယခုအချိန်တွင် ၅၀% သာ အောင်မြင်အောင်အစေ့ဖော်နိုင်ပေသည်။

ကံကောင်းမှုတိုးမြှင့်ခြင်းနှင့် ပေါင်းလိုက်လျှင် အောင်မြင်နိုင်ခြေ ဘယ်လောက်အထိ မြင့်တက်သွားမည်လဲသူမသိချေ။

ရွှီရှင်း လက်များပင် ယားလာ၏။

ဖြစ်နိုင်တာကဒီတစ်ခါ တကယ် အောင်မြင်သွားနိုင်သည်။

ဒါကခရမ်းရောင်အဆင့် ဘယ်ရီချုံပင် ဖြစ်သည်။

အောင်မြင်စွာ အပင်ပြောင်းစိုက်နိုင်ခဲ့လျှင်အကျိုးအမြတ်က အလွန်ကြီးမားပေမည်။

ခရမ်းရောင်မြေဩဇာ တစ်ခု၏ ဈေးနှုန်းကအမှတ် ၂၀,၀၀၀ ဖြစ်ရာ ယခုအချိန်တွင် အမှတ်ဆိုင်မှသာ အရေအတွက်ကန့်သတ်ထား၍ ဝယ်ယူနိုင်ပေသည်။

သူ့အနေနှင့် ဒုတိယ ခရမ်းရောင်မြေဩဇာကို ဝယ်ယူနိုင်သော အခြေအနေ မရှိသေးချေ။

ဒါပေမယ့်...

အပင်ကိုသာ ပြောင်းစိုက်နိုင်ခဲ့လျှင် ထိုမြေဩဇာတစ်ခု၏ တန်ဖိုးက အလွန်မြင့်မားသွားပေမည်။

သို့သော် မအောင်မြင်ခဲ့လျှင်...

ရွှီရှင်းသည် ဘယ်ရီချုံရှေ့တွင် ရပ်နေပြီး စိတ်ထဲ၌ အတော်လေး ချီတုံချတုံ ဖြစ်နေပေသည်။

"...အီး"

နောက်မှ ရပ်ကြည့်နေသော ခဲခဲလေးပင် ခေါင်းလေး စောင်းသွား၏။

ရွှီရှင်း ဘာကြောင့် ဒီလောက်ကြာအောင် မလှုပ်မယှက် ရပ်နေသည်ကို နားမလည်နိုင်ပေ။

နောက်ဆုံးတွင်...

ရွှီရှင်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။

အပင်ပြောင်းစိုက်မယ်...

တစ်ခါ စမ်းကြည့်လိုက်မယ် အောင်မြင်ရင်အမြတ်ပဲ။

မအောင်မြင်ခဲ့ရင်တောင် ပြဿနာမရှိပေ။

လက်ထဲမှာ အသီး ၁၈ လုံး ရှိနေသေးသည့်အတွက် တခြားအပင်တွေကို စမ်းစိုက်ဖို့ လုံလောက်သေးသည်။

ချမယ်ကွာ..ကံပဲ..။

သူသည် သံမဏိဂေါ်ပြား ကို ထုတ်ယူလိုက်ပြီး ဘယ်ရီချုံကို တူးဖော်ရန် ပြင်လိုက်ပေသည်။

သို့သော်...

ချုံကို မတူးမီမှာပင် နားထဲ၌ စနစ်အသံ ပေါ်ထွက်လာ၏။

[အပြာရောင်အဆင့် ဂေါ်ပြားဖြင့် ခရမ်းရောင်အဆင့် အပင်ကို ပြောင်းစိုက်နေသည်။ အောင်မြင်နှုန်းသည် ၃၀% အထိ ကျဆင်းသွားမည်။ ကျေးဇူးပြု၍ သေချာစဉ်းစားပါ။]

"..."

ရွှီရှင်းသည် ချက်ချင်း လက်ကိုရပ်လိုက်၏။

၃၀% ပဲလား..။

ဒီနှုန်းက အရမ်းနည်းလွန်းပေသည်။

ကံကောင်းမှုတိုးမြှင့်ထားသည့်တိုင် သူ မယုံရဲသေးပေ။

သူ့မှာ ခရမ်းရောင်အဆင့် ဂေါ်ပြား လိုအပ်နေခြင်းပင်။

ခရမ်းရောင်ဂေါ်ပြား ပြုလုပ်ရန် ခရမ်းရောင် သစ်သားတစ်တုံး

နှင့်ခရမ်းရောင် သံမဏိတုံးတစ်တုံးလိုအပ်ပေသည်။

ထိုနှစ်ခုလုံးကို သစ်ပင်အိမ်အူတိုင်ဖြင့်အဆင့်မြှင့်နိုင်ပေသည်။

ထို့အပြင်...

အခုလေးတင် အသုံးပြုပြီးသား အူတိုင်သည်လည်းစွမ်းအင် ပြန်ပြည့်သွားပြီ ဖြစ်၏။

"ခရမ်းရောင်ဂေါ်ပြားလုပ်လိုက်တာပေါ့"

ဘယ်လိုပဲဖြစ်ဖြစ်ဒါက ကိရိယာဖြစ်သည့်အတွက်နောင်လည်း ဆက်တိုက် အသုံးပြုရဦးပေမည်။

ရွှီရှင်းသည် စွမ်းအင်ပြည့်နေသော အူတိုင်နှစ်ခုကို ယူလာပြီးသစ်ပင်အိမ်ထဲသို့ ပြန်ဝင်ကာထုတ်လုပ်ရေးအခန်းသို့ သွားလိုက်၏။

ထုတ်လုပ်ရေးအခန်းတွင် ခရမ်းရောင်အဆင့် ကိရိယာပြုလုပ်ခြင်း၏ အောင်မြင်နှုန်းမှာ ၈၀% ဖြစ်ပေသည်။

သို့သော်...

ယနေ့ ကံကောင်းမှုတိုးမြှင့်ထားသောကြောင့် သူ့မှာ ယုံကြည်မှုအပြည့် ရှိနေ၏။

မျှော်လင့်ထားသည့်အတိုင်းအလွန်ချောမွေ့စွာဖြင့် ခရမ်းရောင်အဆင့် ဂေါ်ပြား ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့၏။

[ဂေါ်ပြား (ခရမ်းရောင်အဆင့်) ရွှေရောင်အဆင့်နှင့် အောက်ရှိ မြေသားအားလုံးကို တူးဖော်နိုင်သည်။မြေထဲရှိ အပင်မျိုးစေ့ကို ၁၀၀% ရရှိနိုင်သည်။ရွှေရောင်အဆင့် အပင်များကို ၃၀% ဖြင့် ပြောင်းစိုက်နိုင်သည်။ခရမ်းရောင်အဆင့် အပင်များကို ၆၀% ဖြင့် ပြောင်းစိုက်နိုင်သည်။အခြားအဆင့် အပင်အားလုံးကို ၁၀၀% ဖြင့် ပြောင်းစိုက်နိုင်သည်။]

"ဝိုး..."

ရွှီရှင်း၏ မျက်လုံးများ တောက်ပသွားချေပြီ။

ဒီခရမ်းရောင်ဂေါ်ပြားကတကယ့်ကို အစွမ်းထက်လွန်းလှ၏။

ဒါကခရမ်းရောင်အထက် အဆင့် ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ရွှေရောင်အဆင့်ပင်။

ဒီလောကကို ရောက်လာပြီး အတော်ကြာမှ သူ ခရမ်းရောင်အဆင့် ပစ္စည်းများကို ရရှိလာခဲ့၏။

သို့သော် ခရမ်းရောင်အဆင့်ဆိုသည့် အယူအဆကိုတော့ သစ်ပင်အိမ် ဆောက်တုန်းကတည်းက သိထားခဲ့သည်။

အကြောင်းမှာသူ၏ သစ်ပင်အိမ်ကိုယ်တိုင်က ခရမ်းရောင်အဆင့် ဖြစ်သောကြောင့်ပင်။

ဒါပေမယ့် ရွှေရောင်အဆင့် ဆိုတာကိုတော့ ယခုမှ ပထမဆုံး ကြားဖူးခြင်းပင်။

ခရမ်းရောင်အထက်မှာ ပိုမြင့်တဲ့ အဆင့်တောင် ရှိသေးပါလား..။

ခရမ်းရောင်အဆင့်က စူပါစွမ်းအားတွေကို ပေးနိုင်နေပြီဆိုတော့ရွှေရောင်အဆင့်ကရော ဘယ်လောက်အထိ အံ့ဩစရာ ဖြစ်နေမလဲမသိဘူး..။

သို့သော်...

အခု အရေးကြီးတာက အဲ့ဒါ မဟုတ်သေးပေ။

အရေးကြီးဆုံးက ဒီခရမ်းရောင်ဂေါ်ပြားက အပြာရောင်အဆင့် အပင်များကို ၁၀၀% ပြောင်းစိုက်နိုင်ပြီး ခရမ်းရောင်အဆင့် အပင်များကို ၆၀% အောင်မြင်မှုနှုန်းဖြင့် ပြောင်းစိုက်နိုင်ခြင်း ဖြစ်သည်။

ဒါဆို စိုက်ခင်းထဲက အပြာရောင်အပင်အားလုံးကို စိတ်ကြိုက် ပြောင်းစိုက်နိုင်ပြီပေါ့...။

သစ်ပင်အိမ်အပြင်ရှိ ညောင်ပင်ကိုလည်း ၁၀၀% ဖြင့် ပြောင်းစိုက်နိုင်တော့မည်။

ဒီဂေါ်ပြားကိုသာ စောစောကတည်းက လုပ်ထားခဲ့လျှင် တတိယအသုတ် အပြာရောင်အပင်တွေတောင် အခုချိန်မှာ စိုက်ထားပြီးလောက်ချေပြီ။

ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ သူ၏ အကြည့်က ဘယ်ရီချုံပေါ်သို့ ပြန်ရောက်သွား၏။

၆၀% အောင်မြင်နှုန်း နဲ့ ကံကောင်းမှုတိုးမြှင့်ခြင်း...

ဒီလောက်ဆိုပြဿနာ မရှိလောက်တော့ဘူး။

သူသည်ခရမ်းရောင်ဂေါ်ပြားကို ကိုင်ကာ ချုံပုတ်ကို အောက်ဘက်မှ စတင် တူးဖော်လိုက်၏။

[အနီရောင်ဘယ်ရီ မျိုးစေ့ ×၁ ရရှိသည်။]

[ခရမ်းရောင်အဆင့် အနီရောင်ဘယ်ရီချုံ ×၁ ရရှိသည်။ ၂၄ နာရီအတွင်း ပြောင်းစိုက်ရန် လိုအပ်သည်။]

[ခရမ်းရောင်အဆင့် အပင်များသည် အပြာရောင်အဆင့်နှင့် အထက်ရှိ မြေသားများပေါ်တွင်သာ မူလအဆင့်ကို ထိန်းသိမ်းနိုင်သည်။ အစိမ်းရောင်အဆင့်နှင့် အောက်ရှိ မြေသားများတွင် စိုက်ပျိုးပါက အဆင့်ကျဆင်းသွားမည်။]

ခရမ်းရောင်အဆင့် အပင်တစ်ပင်ကို သူ အောင်မြင်စွာ ပြောင်းစိုက်နိုင်ခဲ့လေပြီ။

အခန်း ၅၆၀ ပြီး။

အခန်း (၅၆၁) - ရှင်ကျန်သူများကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်း

ခရမ်းရောင်အဆင့် အပင်များကို အပြာရောင်အဆင့်နှင့် အထက်ရှိ မြေဆီလွှာများတွင်သာ ပြောင်းစိုက်နိုင်သည်ဆိုသောအချက်မှာ ရွှီရှင်း မျှော်လင့်ထားပြီးသား ဖြစ်သည်။

နောက်ဆုံးတော့ အဆင့်နိမ့် မြေဆီလွှာများတွင် ပါဝင်သော အာဟာရဓာတ်များက ထိုအပင်များ၏ ဆက်လက်ကြီးထွားမှုကို မထောက်ပံ့နိုင်သောကြောင့် ဖြစ်သည်။

သူသည် ပတ်ဝန်းကျင်ရှိ အပြာရောင်အဆင့် အပင်များကို တစ်ချက်ကြည့်လိုက်ပြီး...

အပြာရောင်အဆင့် အနီရောင်ဘယ်ရီချုံ တစ်ပင်ကို ရွေးချယ်လိုက်၏။

လက်တစ်ချက် လှုပ်လိုက်ရုံဖြင့် ထိုချုံကို တူးထုတ်လိုက်ပြီး

၎င်းနေရာတွင် ခရမ်းရောင်အဆင့် အနီရောင်ဘယ်ရီချုံ ကို ပြောင်းစိုက်လိုက်လေသည်။

ပြီးပြည့်စုံသွားချေပြီ။

အပင်ပြောင်းစိုက်ခြင်းလည်း အောင်မြင်ခဲ့၏။

အသီးများ ခူးပြီးနောက် ဗလာကျင်းသွားသော ခရမ်းရောင်အဆင့် စိုက်ခင်း ကို ကြည့်လိုက်ပြီး သူသည် အက်ပရီကော့

သီး မျိုးစေ့ တစ်စေ့ကို ထုတ်ယူကာ စိုက်ပျိုးလိုက်ချေသည်။

အပြာရောင်အဆင့် အက်ပရီကော့အသီး၏ အာနိသင်မှာ ကိုယ်လက်စွမ်းအားကို ဖြည်းဖြည်းချင်း ပြန်လည်ဖြည့်တင်းပေးခြင်း ဖြစ်ပေသည်။

ဒါဆို...

ခရမ်းရောင်အဆင့် အက်ပရစ်သီးက ကိုယ်လက်စွမ်းအားနှင့် သက်ဆိုင်သော အထူးစွမ်းရည်တစ်မျိုး ကို ပေးနိုင်လောက်၏။

ရွှီရှင်းသည် ထိုအသီး၏ အကျိုးသက်ရောက်မှုကို အမြန်ဆုံး သိချင်နေပြီ ဖြစ်သည်။

သို့သော်...

အက်ပရီကော့ ပင်သည် သစ်ပင်အမျိုးအစား ဖြစ်သောကြောင့်

ချုံပင်များထက် ကြီးထွားချိန် ပိုကြာတတ်ပေသည်။

အကြောင်းမှာ ပထမဦးစွာ သစ်ပင်တစ်ပင်လုံး အပြည့်အဝ ကြီးထွားရမည်။

ထို့နောက်မှသာအပွင့်ပွင့်ပြီး အသီးသီးမည် ဖြစ်သည်။

ထို့ကြောင့် ကြီးထွားချိန်သည် အနီရောင်ဘယ်ရီသီး၏ နှစ်ဆခန့် ကြာမြင့်ပေမည်။

အကြမ်းဖျင်းအားဖြင့်...ငါးရက်ခန့် လိုအပ်၏။

အချိန်ကတော့ အနည်းငယ် ကြာလွန်းပေသည်။

အမှတ်သာလုံလောက်လျှင် လုဖေးအာနှင့် မာဟုန်ဝေတို့၏ ခရမ်းရောင်အဆင့် မြေဆီလွှာများကို ဝယ်ယူချင်မိသည်။

အကယ်၍...

ခရမ်းရောင်မြေဆီလွှာ အလုံအလောက်သာ ရှိခဲ့မည်ဆိုလျှင် သူ၏ ခရမ်းရောင်အဆင့် သံမဏိဂေါ်ပြား နှင့် ကံကောင်းမှုတိုးမြှင့်ခြင်း ကို ပေါင်းစပ်လိုက်ပါက ခရမ်းရောင်အဆင့် အပင်များကို

အမြောက်အများ ပြောင်းစိုက်နိုင်လောက်သည်။

"..."

ရုတ်တရက် အခြားစူးစမ်းရှာဖွေသူများလည်း ခရမ်းရောင်မြေဆီလွှာ ဝယ်ယူပြီးအပင်များ စိုက်ထားကြမလားဟု သူ တွေးမိသွား၏။

အဲဒီလိုဆိုရင် သူ့ရဲ့ ကံကောင်းမှုတိုးမြှင့်ခြင်း ကို အသုံးချပြီး

အပင်တွေကို ပြောင်းစိုက်ပေးနိုင်ပေသည်။

လီဝမ်ရှီးနဲ့ ကျိချောင်းယန်တို့ကတော့ သေချာပေါက် ဝယ်ထားလောက်သည်။

တခြားသူတွေကတော့ အမှတ်မလုံလောက်တာကြောင့် ခရမ်းရောင်မြေဆီလွှာ ဝယ်နိုင်ဖို့ မဖြစ်နိုင်လောက်သေးပေ။

နောက်ဆုံး ကျန်တဲ့လူတွေက သားရဲလှိုင်းတိုက်ခိုက်မှုကို ကျော်ဖြတ်နိုင်ခဲ့တာကအဓိကအားဖြင့် ဝမ်ကွေ့ရှင်း၏ စွမ်းရည် ကြောင့်ပင် ဖြစ်သည်။

ဒါ့ကြောင့် သားရဲတွေကို သတ်ဖြတ်ရာမှ ရရှိခဲ့သည့် အမှတ်အများစုမှာ သူမဆီမှာပဲ ရှိနေလောက်ပေသည်။

လက်ရှိအချိန်မှာ အမှတ်အများဆုံး ပိုင်ဆိုင်ထားသူက ဝမ်ကွေ့ရှင်းပဲ ဖြစ်နိုင်၏။

ရွှီရှင်းထက်တောင် ပိုချမ်းသာနေနိုင်သေးသည်။

ဒါပေမယ့် အမှတ်ဆိုင်ထဲက အရေးကြီးတဲ့ပစ္စည်း အများစုက

ဝယ်ယူနိုင်တဲ့ အရေအတွက် ကန့်သတ်ထားတဲ့ ပစ္စည်းတွေပင်။

ဒါကြောင့် အမှတ်ဘယ်လောက်များများ ရှိနေပါစေ အသုံးချနိုင်တာက အကန့်အသတ် ရှိနေဆဲ ဖြစ်သည်။

ဒီအကြောင်းကို တွေးမိလိုက်ရင်း ရွှီရှင်း၏ စိတ်ထဲတွင် အကြံသစ်တစ်ခု ပေါ်လာခဲ့ချေသည်။

လီဝမ်ရှီးတို့လို စူးစမ်းရှာဖွေသူအဖွဲ့ဝင်တွေကို သူ့ရဲ့ သစ်ပင်အိမ် ကာကွယ်ရေးနယ်မြေအတွင်းမှာ ကပ်ပါးသစ်ပင်အိမ်တွေ ဆောက်ခိုင်းလိုက်မယ်ဆိုရင်...

အဲဒီလိုဆိုရင် သူ့ရဲ့ ပင်မသစ်ပင်အိမ် ကနေတစ်ဆင့် စူးစမ်းရှာဖွေသူအဖွဲ့ဝင်အားလုံးကို အပြည့်အဝ ချိတ်ဆက်နိုင်သွားပေမည်။

ဒီလိုနဲ့ကမ္ဘာ့စနစ်ကလည်း သူတို့အားလုံးကို မဟာမိတ်များ အဖြစ် အသိအမှတ်ပြုလာပေမည်။

အဲဒီအချိန်ကျ သူတို့အချင်းချင်းအမှတ်တွေ လက်ဆောင်ပေးနိုင်ပြီးအမှတ်တွေ အပြန်အလှန် လဲလှယ်နိုင်ပေမည်။

ဒါတင်မကသေးပေ သူတို့တင် မဟုတ်ချေ။

ရွှီရှင်း၏ စိတ်ထဲတွင် မြေပုံတစ်ခု ပေါ်လာကာ မြေပုံပေါ်တွင် လီဝမ်ရှီးဘက်၌ အစိမ်းရောင်အမှတ်များ အများအပြားကို မြင်တွေ့နိုင်ပေသည်။

၎င်းတို့အများစုမှာ သူမ၏ သစ်ပင်အိမ်မှ နှစ်ကီလိုမီတာခန့် အကွာရှိ နေရာတစ်ခုတွင် စုဝေးနေကြပေသည်။

ထိုနေရာသည် သတ္တုတွင်းဖြစ်ရမည်။

ရွှီရှင်းက စူးစမ်းရှာဖွေသူအဖွဲ့ဝင် အားလုံးကို ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်တန်ဆာ တပ်ဆင်ပေးရန် စီစဉ်ထားသောကြောင့် လီဝမ်ရှီးသည် လူအားလုံးကို သတ္တုတူးဖော်ရန် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပေသည်။

လီဝမ်ရှီး၏ သစ်ပင်အိမ် ကာကွယ်ရေးနယ်မြေအတွင်း ခိုလှုံနေသော ရှင်ကျန်သူများအားလုံးသည်လည်း မြေပုံပေါ်တွင် အစိမ်းရောင်အမှတ်များ အဖြစ် ပေါ်နေကြ၏။

ဤအချက်က...

လီဝမ်ရှီးတစ်ဦးတည်းသာ မဟုတ်ဘဲ သူမ၏ သစ်ပင်အိမ် ကာကွယ်ရေးနယ်မြေအတွင်း နေထိုင်နေသော ရှင်ကျန်သူများပါ မဟာမိတ်များအဖြစ် အသိအမှတ်ပြုခံထားရကြောင်း ဖော်ပြနေပေသည်။

ဒါဆို...

အကယ်၍ ရွှီရှင်းသာ စူးစမ်းရှာဖွေသူအဖွဲ့ဝင်အားလုံးကို မိမိ၏ သစ်ပင်အိမ်မှတစ်ဆင့် ချိတ်ဆက်လိုက်နိုင်မည်ဆိုလျှင်စူးစမ်းရှာဖွေသူအဖွဲ့ဝင်အားလုံးတင်မကဘဲ ၎င်းတို့၏ သစ်ပင်အိမ်များအောက်တွင် ခိုလှုံနေသော ရှင်ကျန်သူများအားလုံးလည်း မဟာမိတ်အကျိုးခံစားခွင့်များ ကို ရရှိလာကြမည် ဖြစ်သည်။

၎င်းတို့သည် အခြားသူများ၏ သစ်ပင်အိမ်အတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့် မရှိသေးသော်လည်း သစ်ပင်အိမ်ထဲသို့ ဝင်ရောက်ပြီးသည်နှင့် သစ်ပင်အိမ်ကို စီမံခန့်ခွဲနိုင်သလို အမှတ်များကိုလည်း အပြန်အလှန် လွှဲပြောင်းလဲလှယ်နိုင်ကြပေမည်။

ဒီလိုဆိုလျှင်...

သူတို့အားလုံးသည် တကယ့် အဖွဲ့အစည်းကြီးတစ်ခု အဖြစ် တည်ဆောက်နိုင်သွားပေတော့မည်။

ဒီအကြောင်းကို တွေးမိလိုက်သည့်အခါ ရွှီရှင်းသည် မကြာမီ ရောက်လာတော့မည့် လူများကို ပို၍ပင် မျှော်လင့်လာမိတော့သည်။

သူ့စိတ်ထဲတွင်...

သူတို့သည် လူမျိုးစုတစ်စုကို စတင်တည်ထောင်တော့မည့်အလား ခံစားလိုက်ရတော့၏။

All Chapters