← Chapters

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း (၂၇၁) အဘွား၏ နက်နဲသော အကြံအစည်များ

ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ ရောက်ရှိလာမှုက အိုယန်မိသားစု၏ လေထုကို ပြန်လည်သက်ဝင်

လှုပ်ရှားသွားစေခဲ့သည်။

လူတစ်စုသည် ၎င်းတို့ရှေ့ရှိ လှပသော အမျိုးသမီးနှစ်ဦးအား မျက်လုံးပြူးကာ စိုက်ကြည့်နေကြ၏။ ၎င်းတို့သည် အလွန်လည်း စပ်စုချင်နေကြပေသည်။

ချန်ဖုန်း သိကျွမ်းသော မိန်းကလေးများအားလုံးက အဘယ်ကြောင့် ဤမျှ လှပပြီး အချိုးအစား ပြေပြစ်နေရသနည်း။

အဘိုးကြီးအိုယန်က ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။

"ချန်လေး... သူတို့ကို ငါတို့နဲ့ မိတ်ဆက်မပေးတော့ဘူးလား..."

"အဘိုး... သမီးနာမည်က ရှန်ယန်းယန်း ပါ..."

ရှန်ယန်းယန်းသည် အခြားသူများကို မည်သို့ ခေါ်ဝေါ်ရမည်ကို မသိသောကြောင့် ချန်ဖုန်း ခေါ်ဝေါ်သည့်အတိုင်းသာ လိုက်လံခေါ်ဝေါ်လိုက်ခြင်း ဖြစ်ပြီး ၎င်းက သူမတို့အကြားရှိ အကွာအဝေးကို တိုတောင်းသွားစေရန်လည်း ကူညီပေးလိမ့်မည် ဖြစ်သည်။

သူမက ပြုံးလျက် ပြောဆိုလိုက်၏။

"သမီးက ချန်ဖုန်းရဲ့ တက္ကသိုလ် အတန်းဖော်ပါ... အခုမှ ဘွဲ့ရခါစဖြစ်ပြီး အခု ချန်ဖုန်းရဲ့ ထျန်ဖုန်းလုပ်ငန်းစု ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်..."

ချန်ဖုန်းတွင် ငယ်သူငယ်ချင်း စေ့စပ်ထားသူ ရှိကြောင်းကို သူမ သိရှိထားသဖြင့် ယခုအချိန်၌ မည်သည့် ရမ်းကားသော ပတ်သက်မှုမျိုးကိုမျှ မပြုလုပ်ရဲချေ။

ယွင်ထင်ကလည်း တိုးတိတ်စွာ ပြောဆိုလိုက်သည်။

"အဘိုး... သမီးနာမည်က ယွင်ထင် ပါ... ချန်ဖုန်းက သမီးရဲ့ သူဌေးဖြစ်ပြီး လက်ရှိမှာ သူ့ရဲ့ ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်..."

လှပသော အမျိုးသမီး စီအီးအို နှစ်ဦးတဲ့လား…

ထို့အပြင် ၎င်းတို့ တာဝန်ယူထားသော ကုမ္ပဏီများအားလုံးမှာ ဘီလီယံရာနှင့်ချီ တန်ဖိုးရှိပေသည်။ အဘိုးကြီးအိုယန်မှာ ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့၏။

‘ငါ့ဘဝတစ်သက်တာလုံး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ရပေမဲ့ အိုယန်မိသားစုက ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေက ဒီမိန်းကလေးနှစ်ယောက်ထဲက တစ်ယောက်လောက်တောင် အင်အားမကြီးပါလား’

အဘွားအိုယန် သည်လည်း သူမ၏ရှေ့ရှိ အလှလေနှစ်ဦးအား ပျော်ရွှင်သော မျက်နှာအမူအရာဖြင့် ကြည့်ရှုလိုက်သည်။ သူမက တစ်စုံတစ်ရာကို တွေးမိသွားပုံရပေ၏။ သူမသည် အိမ်ထဲသို့ အလျင်အမြန် ဝင်သွားပြီး လက်ကောက်နှစ်ကွင်းကို ကိုင်ဆောင်ကာ ပြန်ထွက်လာခဲ့သည်။ သူမသည် ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ကို ဘယ်နှင့်ညာမှ အသီးသီး ဆွဲခေါ်လိုက်၏။

ထို့နောက် အဘွားအိုယန်က ပြုံးလျက် ပြောဆိုလိုက်သည်။

"ယန်းယန်း၊ ရှောင်ထင်... ဒါက သမီးတို့ ဒီကို ပထမဆုံးအကြိမ် လာတာဆိုတော့ သမီးတို့ကို ပေးစရာ ကောင်းကောင်းမွန်မွန် ဘာမှမရှိဘူး... ဒါက ငါတို့ အိုယန်မိသားစုရဲ့ လက်ဆင့်ကမ်း အမွေအနှစ်ပါ... သမီးတို့ တစ်ယောက်ကို တစ်ကွင်းစီ ယူထားလိုက်နော်... အားမနာပါနဲ့..."

"ရှင်..."

ရှန်ယန်းယန်းနှင့် ယွင်ထင်တို့မှာ မြှောက်ပင့်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြ၏။

သူမတို့သည် ချန်ဖုန်းနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကြပြီး စံအိမ်တစ်ခုတည်းတွင်ပင် အတူနေထိုင်ကြသော်လည်း သူမတို့က ဆက်ဆံရေးကို တရားဝင် အတည်ပြုထားတာမျိုး တစ်ခါမှ မရှိခဲ့ဘူးလေ။

အခု အဘွားအိုယန် က ဘာကို ဆိုလိုချင်နေတာလဲ... သူမတို့နှစ်ယောက်လုံးကို ချန်ဖုန်း၏ ဇနီးများအဖြစ် သဘောထားနေတာလား။

"အဘွား... ဒါက... ဒါက မသင့်တော်ပါဘူး... လက်ဆောင်က အရမ်း တန်ဖိုးကြီးလွန်းပါတယ်..."

မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ အိုယန်မိသားစု၏ လက်ဆင့်ကမ်း အမွေအနှစ် ဖြစ်ရာ ဤလက်ဆောင်၏ အရေးပါမှုကို ရှန်ယန်းယန်း နားလည်ထားပေသည်။ ထို့အပြင် အဘွားအိုယန်၏ အတွေးများကိုလည်း သူမ နားလည်ထားပေ၏။

ယွင်ထင်၏ မျက်နှာအမူအရာမှာလည်း ထူးဆန်းနေခဲ့သည်။

"အဘွား... တကယ်တော့ အဘွားရဲ့ မျိုးဆက်သစ်တွေအနေနဲ့ သမီးတို့ကသာ အဘွားကို လက်ဆောင်ပေးသင့်တာပါ..."

"ရပါတယ်... ကျေးဇူးပြုပြီး လက်ခံလိုက်ပါ..."

အဘွားအိုယန်က ဒေါသထွက်ချင်ယောင် ဆောင်လိုက်၏။

"တကယ်လို့ သမီးတို့ လက်မခံဘူးဆိုရင် အဘွား ဒေါသထွက်တော့မှာနော်..."

"အဘွား... သမီးတို့ လက်ခံလိုက်ပါ့မယ်..."

ရှန်ယန်းယန်းက ကလူကျီစယ်သည့်ဟန်ဖြင့် လျှာလေးထုတ်ပြလိုက်သည်။

ဘေးတွင် ရပ်နေသော ယွင်ထင်သည် ဖျော့တော့စွာ ပြုံးလိုက်ပြီး လက်ကောက်ကို သူမ၏ လက်ကောက်ဝတ်တွင် အမှတ်တမဲ့ ဝတ်ဆင်လိုက်၏။

ချန်ဖုန်း တစ်ယောက်တည်းသာ လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်နေခဲ့ပေသည်။

‘ဘာတွေ ဖြစ်သွားတာလဲ... အဘွားဆီမှာ လက်ဆင့်ကမ်း အမွေအနှစ်တွေ တော်တော်များများ ရှိနေပုံရတယ်... ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရှန်ကွမ်ယွဲ့ ကို တစ်ကွင်း ပေးခဲ့ပြီး အခု နောက်ထပ် နှစ်ကွင်း ထပ်ထုတ်လာပြန်ပြီလား...

လက်ကားရောင်းနေတာလား…’ဟု သူတွေးလိုက်၏။

သူ တုံ့ပြန်မှု မပြုလုပ်နိုင်မီမှာပင် အဘွားအိုယန်က အိပ်ခန်းဆီသို့ လျှောက်သွားရင်း တီးတိုးရေရွတ်နေသည်ကို သူ ကြားလိုက်ရ၏။

"ဒီလောက်နဲ့ မလုံလောက်သေးဘူး... နောက်တစ်နေ့ကျရင် အဘိုးကြီးဆီကနေ နောက်ထပ် အကွင်းနည်းနည်းလောက် ဝယ်ရဦးမယ်..."

‘စွကြိုးနဲ..’

သူ အကြားအာရုံ မမှားခဲ့ကြောင်း ချန်ဖုန်း လုံးဝ သေချာနေခဲ့ပေသည်။ အဘွားက ဘယ်အချိန်ကတည်းက လှည့်ကွက်တွေ သုံးဖို့ သင်ယူခဲ့တာလဲ။

‘အဓိကအချက်က အဘွားက `လက်ဆင့်ကမ်း အမွေအနှစ်´ တွေ အများကြီးကို ပေးလိုက်တယ်ဆိုတော့... နောက်ပိုင်းကျရင် သူမတို့ကို ငါက ဘယ်လို ကိုင်တွယ်ရမှာလဲ...

တကယ်လို့ သူတို့တွေ အချင်းချင်း တကယ် ဆုံမိသွားကြရင်... ရှုပ်ထွေးတဲ့ မြင်ကွင်းကြီး ဖြစ်မသွားဘူးလား…

ချီးပဲ... တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလိုက်တာ…’

နောက်ပိုင်းအချိန်များတွင် အမျိုးသမီးနှစ်ဦးသည် အိုယန်မိသားစုမှ အခြားလူများကိုလည်း နှုတ်ဆက်ခဲ့ကြပြီး အဒေါ်ဖြစ်သူ အိုယန်နာလန်နှင့် အရင်းနှီးဆုံး ဖြစ်သွားကြလေ၏။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးမှာ အမျိုးသမီးများ ဖြစ်ကြသည်။ ပြီးတော့ အားလုံးက လှပတဲ့ အမျိုးသမီးတွေလေ။

အဒေါ်ဖြစ်သူက ရုပ်ဖျက်စွမ်းရည်ကို သိရှိထားကြောင်း ရှန်ယန်းယန်း ကြားသိရချိန်တွင် သူမ လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေ၏။ အထူးသဖြင့် အိုယန်နာလန်၏ မျက်နှာသည် မကြာခဏ ပြောင်းလဲသွားသည်ကို မြင်ရချိန်တွင် သူမသည် အိုယန်နာလန်၏ မျက်နှာကို လက်လှမ်းကာ မကိုင်တွယ်ဘဲ မနေနိုင်ခဲ့ချေ။

"ဒါက... ဒါက ဘယ်လိုလုပ်လိုက်တာလဲ..."

ပိုမို ဗဟုသုတကြွယ်ဝသော ယွင်ထင်က ရယ်မောလျက် ပြောဆိုလိုက်သည်။

"မျက်နှာပေါ်က အပ်စိုက်ပွိုင့်တချို့ကို ထိန်းချုပ်တာက လူတစ်ယောက်ရဲ့ ရုပ်ရည်အသွင်အပြင်ကို ပြောင်းလဲစေနိုင်တယ်လို့ ငါ ကြားဖူးတယ်... တကယ်လို့ မိတ်ကပ်လိမ်းခြယ်မှု နည်းစနစ်တချို့နဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုရင် ရုပ်ဖျက်တာကို အောင်မြင်နိုင်မယ် မဟုတ်ဘူးလား..."

"အနီးစပ်ဆုံးပါပဲ..."

အိုယန်နာလန်က ခေါင်းညိတ်လိုက်၏။

"ကျွမ်းကျင်သူတွေအတွက်တော့ ရုပ်ဖျက်တယ်ဆိုတာ အရမ်း ရိုးရှင်းပါတယ်... အဲဒီလောက်အထိ အပင်ပန်းခံနေစရာ မလိုပါဘူး..."

၎င်းတို့ စကားပြောနေစဉ်မှာပင် သူမသည် သူမ၏ မျက်နှာကို လက်ဝါးဖြင့် သုတ်လိုက်ရာ ချက်ချင်းပင် ရှန်ယန်းယန်း၏ ရုပ်ရည်အသွင်အပြင်သို့ ပြောင်းလဲသွားတော့၏။

နောက်တစ်စက္ကန့်တွင် ယွင်ထင်၏ ရုပ်ရည်အသွင်အပြင်သို့ ထပ်မံပြောင်းလဲသွားပြန်သည်။

လူနှစ်ဦးမှာ မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြပေ၏။ တကယ်တော့ အိုယန်နာလန်သည် ဤအရာကို အစပြုမှုတစ်ခုအဖြစ် အသုံးပြုကာ ကမ္ဘာလောက၏ အခြားတစ်ဖက်ခြမ်းအကြောင်းကို ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ ပိုမိုသိရှိနားလည်စေရန် ဆန္ဒရှိခဲ့ခြင်းသာ ဖြစ်လေသည်။

အကယ်၍ ၎င်းတို့က အနာဂတ်တွင် ချန်ဖုန်း၏ဘေး၌ ဆက်နေမည်ဆိုပါက ထိုအလွန်အစွမ်းထက်သော လူများနှင့် မလွဲမသွေ ပက်သက်ဆက်နွယ်ရမည် ဖြစ်ပေ၏။

ထိုအချိန်၌ ချန်ဖုန်းက အကြောင်းအရာကို ပြောင်းလဲကာ မေးမြန်းလိုက်သည်။

"မင်းတို့က ကျိုတိုကို စီးပွားရေးကိစ္စနဲ့ ခရီးထွက်လာတာလား... ကုမ္ပဏီမှာ ကျိုတိုနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိတယ်လို့ ငါ မမှတ်မိပါဘူး..."

"အသစ်စတင်ထားတဲ့ စီးပွားရေးလုပ်ငန်းလေ..."

ယွင်ထင်က မကျေမနပ် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက နင် ကုမ္ပဏီရုံးချုပ်ကို ကျိုတိုမှာ ထားမယ်လို့ ပြောခဲ့တယ် မဟုတ်လား... ဒီနေ့ ယန်းယန်းနဲ့ ငါက အဲဒါကို လာစစ်ဆေးတာလေ... ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကုမ္ပဏီရုံးချုပ် အဆောက်အအုံအတွက် သင့်တော်တဲ့ နေရာတစ်ခုကို ရွေးချယ်ဖို့ပါပဲ..."

"ဟုတ်တယ်... ဟုတ်တယ်..."

ရှန်ယန်းယန်း၏ လှပသော ခြေတံများကို ချိတ်ထားလိုက်ရာ ပြီးပြည့်စုံသော အကွေးအကောက်လေးက ချက်ချင်း ပေါ်လွင်သွားခဲ့ပေသည်။ သူမက ပြုံးလျက် ပြောဆိုလိုက်၏။

"ဟိုလိုဂရမ် ရုပ်လုံးကြွနည်းပညာ ထုတ်ကုန်တွေနဲ့ အမာရွတ်ပျောက်ဆေး တွေက ကျိုတိုမှာ အရမ်း ရောင်းကောင်းနေတယ်လေ... ဖြန့်ချိသူ အများအပြားက အော်ဒါတင်ဖို့ အလုအယက် ဖြစ်နေကြတယ်... တကယ်လို့ ငါတို့က ဒီချန်နယ်တွေကို အပြည့်အဝ တည်ဆောက်နိုင်မယ်ဆိုရင် ငါတို့ရဲ့ အမြတ်ငွေက အနည်းဆုံး နှစ်ဆလောက် တိုးလာနိုင်တယ်..."

"ကောင်းပြီလေ..."

ချန်ဖုန်းသည် ရှန်ယန်းယန်းထံမှ အကြည့်လွှဲလိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။

"နေ့လယ်စာစားဖို့ အချိန်လိုပါသေးတယ်... အရင်ဆုံး သွားကြည့်ရအောင်... တကယ်လို့ သင့်တော်တဲ့ နေရာတစ်ခု ရှိရင် ဒီနေ့ပဲ ဝယ်လိုက်လို့ ရတယ်လေ..."

ရှန်ယန်းယန်းက အိုယန်နာလန်၏ လက်မောင်းကို ဆွဲကာ မေးမြန်းလိုက်သည်။

"အန်တီ... သမီးတို့နဲ့ လိုက်ခဲ့ချင်လား..."

"မလိုက်တော့ပါဘူး... သမီးတို့ပဲ သွားကြပါ..."

အိုယန်နာလန်သည် ၎င်းတို့ စီးပွားရေးအကြောင်း ဆွေးနွေးနေကြမှန်း သိသောကြောင့် ၎င်းတို့ကို အနှောင့်အယှက် မပေးခဲ့ချေ။ သူမသည် ပညာရှိစွာပင် ထွက်သွားလေ၏။

မကြာမီမှာပင် ၎င်းတို့သုံးဦးသည် မြို့လယ်ခေါင်ဆီသို့ ကားမောင်းထွက်လာခဲ့ကြသည်။

ဘွဲ့ရပြီးသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရှန်ယန်းယန်း၏ စတိုင်မှာ ပိုမို ရင့်ကျက်လာပြီး ယွင်ထင်မှာလည်း ရင့်မှည့်နေသော မက်မွန်သီးတစ်လုံးပမာ ဖြစ်နေပေ၏။

လှပသော အမျိုးသမီးနှစ်ဦးသည် ချန်ဖုန်း၏နောက်သို့ လိုက်ပါလာရာ ပတ်ဝန်းကျင်ရှိ လူများထံမှ မနာလိုသော အကြည့်များကို ဆွဲဆောင်နိုင်ခဲ့လေသည်။

ဒီနှစ်ယောက်က တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပတဲ့ အမျိုးသမီးတွေပဲ... သူတို့ထဲက တစ်ယောက်ကို ပိုင်ဆိုင်ရဖို့အတွက် မိန်းမတစ်ယောက်ရဲ့ ခြေရင်းမှာ သေရမယ်ဆိုရင်တောင် ဝမ်းသာအားရ သေဆုံးပေးကြလိမ့်မည်။

မိနစ်နှစ်ဆယ် ကြာပြီးနောက် ၎င်းတို့သည် ဖန်ကူးပလာဇာ သို့ ရောက်ရှိသွားကြပေ၏။ ကျိုတို၏ အလယ်ဗဟိုနီးပါးတွင် တည်ရှိသော ဤအဆောက်အအုံသည် ကြမ်းပြင်ဧရိယာအရ ကျိုတိုတွင် အမြင့်ဆုံး အဆောက်အအုံလည်း ဖြစ်ပေသည်။

ယွင်ထင်က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

"ဒီအဆောက်အအုံက တန်ဖိုး ဘီလီယံ ၃၀ လောက်ရှိပြီး ထျန်ဖုန်းလုပ်ငန်းစု ရုံးချုပ်အတွက် အသင့်တော်ဆုံး နေရာပဲ... ဒါပေမဲ့ ဒီအဆောက်အအုံကို ဝယ်ဖို့က နည်းနည်း ခက်ခဲလိမ့်မယ်... ဒါက ရန်ပုံငွေ ပြဿနာ မဟုတ်ဘဲ အဆောက်အအုံရဲ့ မူလပိုင်ရှင်က ရောင်းဖို့ ဆန္ဒရှိချင်မှ ရှိမှာမို့လို့ပါပဲ..."

"အမှန်ပဲ..."

ချန်ဖုန်းက ခေါင်းညိတ်လိုက်၏။

အဆောက်အအုံ၏ တည်နေရာ ကောင်းမွန်သောကြောင့် ငှားရမ်းမရမည်ကို စိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။ ငှားရမ်းခက အရမ်းကြီး မပြင်းထန်သရွေ့ အများအားဖြင့် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူးလေ။

ခနစဥ်းစားပီးနောက် ချန်ဖုန်းက ပြောလိုက်သည်။

"ဒီလို လုပ်ကြတာပေါ့... ငါတို့ ဒီအဆောက်အအုံကို ဝယ်ဖို့ မလိုပါဘူး... ငါတို့မှာ ရန်ပုံငွေ အလုံအလောက် ရှိနေတော့ တခြားနေရာက မြေတစ်ကွက်ကို ဝယ်လို့ရတာပဲလေ... ပြီးရင် အဲဒါကို စီးပွားရေးစင်တာ တစ်ခုအဖြစ် ဖော်ဆောင်မယ်... ဒါမှမဟုတ်ရင် ထျန်ဖုန်းလုပ်ငန်းစု ရဲ့ ရုံးချုပ်အဖြစ် အဆောက်အအုံကြီးတစ်ခု ဆောက်လုပ်နိုင်တယ်လေ... အမြင့်နဲ့ ပတ်သက်ပြီးတော့ သတ်မှတ်ချက်က သိပ်မမြင့်ပါဘူး... ဖန်ကူးပလာဇာ ထက် ပိုမြင့်ရင် ရပြီ..."

"ဒါက..."

ယွင်ထင် ချက်ချင်းပင် ဆွံ့အသွားခဲ့ပေ၏။

သူမ ယခင်က ထိုသို့ ဘယ်သောအခါမှ မတွေးတောခဲ့ဖူးချေ။

အခု ပြန်တွေးကြည့်တော့ အဲဒါက သေချာပေါက် ဖြစ်နိုင်ချေ ရှိတယ်လေ။

မြေတစ်ကွက်ဝယ်၊ ဖွံ့ဖြိုးတိုးတက်အောင် လုပ်၊ ပြီးရင် အဆောက်အအုံတွေကို ငှားရမ်း၊ ဒါမှမဟုတ် ပိုနေတဲ့ အဆောက်အအုံတွေကို ရောင်းချ ဒါက တကယ့်ကို အမြတ်ကြီးစားပဲ ဒါပေမဲ့ ဒါက အိမ်ခြံမြေ အရောင်းအဝယ် ကဏ္ဍထဲမှာ ပါဝင်သွားပြီလေ။ ဒါဆို ချန်ဖုန်းက အိမ်ခြံမြေ လုပ်ငန်းထဲကို ဝင်ရောက်လာတော့မှာလား။

ယွင်ထင်သည် သူမ၏ ရင်ဘတ်အကွေးအကောက်ကို မတ်လိုက်ပြီး သူမ၏ နှလုံးသားထဲတွင် ရုတ်တရက် မျှော်လင့်ချက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

All Chapters