← Chapters

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း (၂၇၂) နောက်ဆုံး ကျောင်းရဲ့အလှလေး ပေါ်လာခြင်း

သူမသည် စီးပွားရေးတွင် အလွန် စွမ်းဆောင်ရည် ရှိပေ၏။ သူမ၏ စွမ်းရည်များကို တိုးတက်စေရန်အတွက် ဤလုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်လာရန်လည်း သူမ မျှော်လင့်ထားပေသည်။ အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်းစဉ်တွင် ဘဏ်မှ ချေးငွေ သန်းဆယ်ဂဏန်း ရယူခြင်း ပါဝင်ကြောင်း ယွင်ထင် ယခင်က ကြားဖူးထားလေ၏။

ပြီးတော့ အိမ်ဆောက်ဖို့ သန်းငါးဆယ် သုံးမယ် အဲဒီနောက်မှာ အိမ်ကို သန်းဆယ်ဂဏန်းလောက် ခန့်မှန်းတန်ဖိုးနဲ့ ဘဏ်မှာ ပေါင်နှံမယ် သူတို့က လေထဲကနေ ယွမ်သန်းငါးဆယ် ဖန်တီးလိုက်တာပဲ။

ဒီလုပ်ရပ်က ရှက်စရာကောင်းပေမဲ့ ဒါက အိမ်ခြံမြေလုပ်ငန်းဟာ အခုထိ အမြတ်အစွန်း အရမ်းများနေသေးတယ်ဆိုတာကို ပြသနေတာပဲလေ။

"လာ... မင်းတို့ကို ငါ လိုက်ပြမယ်..."

ကျိုတိုသို့ ရောက်ရှိကတည်းက ချန်ဖုန်းသည် မြို့ကို သေချာစွာ မလေ့လာရသေးချေ။ အလည်အပတ် လာရောက်တိုင်းမှာ အလျင်စလို ကိစ္စများသာ ဖြစ်ခဲ့ပေသည်။

၎င်းတို့သုံးဦး ထွက်ခွာရန် ပြင်ဆင်နေချိန်မှာပင် ရှန်ယန်းယန်း၏ မျက်နှာသည် ရုတ်တရက် စိတ်လှုပ်ရှားသွားလေ၏။

ထိုနောက် သူမက ခြေဖျားထောက်ကာ အဝေးဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်။

"ကျီရွှယ်အာ... ဒီမှာ... ဒီဘက်မှာ..."

ချန်ဖုန်းက အဝေးသို့ လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် မြင်းမြီးပုံစံ ဆံပင်စည်းထားပြီး ဂျင်းဘောင်းဘီတိုနှင့် အဖြူရောင် အပေါ်ထပ်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ရှိနေပေသည်။ သူမ၏ ခါးမှာ သေးသွယ်ပြီး အသားအရေမှာလည်း ဖြူဝင်းနေ၏။ သူမ၏ ရုပ်ရည်အသွင်အပြင်မှာ အနည်းဆုံး အမှတ် ၉၀ သို့မဟုတ် ထိုထက်မက ရှိရမည် ဖြစ်သည်။ အဓိကအချက်မှာ ဤကဲ့သို့သော မိန်းကလေးမျိုးသည် ကြည့်လေပိုလှလေဖြစ်ပြီး သူမ၏ အသွင်အပြင်ကို မြင်မြင်ချင်းကတည်းက မေ့ဖျောက်၍မရနိုင်လောက်အောင် ဖြစ်နေခြင်းပင်။

"မင်း သူ့ကို သိလို့လား..."

ချန်ဖုန်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။

‘ရှန်ယန်းယန်းက ဘယ်လိုလုပ် ကျိုတိုမှာ အသိအကျွမ်းတွေ ရှိနေရတာလဲ’

“နင် သူ့ကို မမှတ်မိဘူးလား…” ရှန်ယန်းယန်း အနည်းငယ် အံ့အားသင့်သွားခဲ့ပေသည်။

သူမ၏ အကြည့်များသည် အဝေးရှိ ပုံရိပ်နှင့် ချန်ဖုန်းအကြား ဟိုဟိုဒီဒီ ရွေ့လျားသွားခဲ့ပြီး စကားပြောစရာမဲ့ဖြစ်စွာဖြင့် ပြောဆိုလိုက်၏။

"သူက ငါတို့ရဲ့ တက္ကသိုလ် အတန်းဖော်လေ... နင်က ဘယ်လိုလုပ် သူ့ကို မမှတ်မိရတာလဲ... အဲဒီလို မဖြစ်သင့်ဘူးလေ... ပေ့ဟူတက္ကသိုလ် က ကျောင်းသားတိုင်း ကျီရွှယ်အာ အကြောင်းကို ကြားဖူးထားသင့်တယ်... နင့်ဆီမှာ တစ်ခုခုတော့ မှားနေပြီ..."

ရှန်ယန်းယန်း၏ သံသယဖြစ်ဖွယ် အကြည့်ကို မြင်ချိန်တွင် ချန်ဖုန်းက သက်ပြင်းချကာ ပြောဆိုလိုက်သည်။

"ငါ တကယ်ပဲ သူ့ကို မသိဘူး... ကျီရွှယ်အာ... ကျီရွှယ်အာ... နေပါဦး..."

သူ၏ အကြည့်များ ရုတ်တရက် ထိုဘက်သို့ လှည့်သွားလေ၏။ ထို့နောက် ချန်ဖုန်း ပါးစပ် အဟောင်းသား ဖြစ်သွားတော့သည်။

"ပေ့ဟူတက္ကသိုလ် မှာ ကျောင်းရဲ့အလှလေး စာရင်း အဆင့်သတ်မှတ်ချက် ရှိတယ်... မင်းရယ်၊ ရှောင်မန်ချီ ရယ်၊ ဝူထုံ ရယ်... ပြီးတော့ မပေါ်လာသေးတဲ့ နောက်ဆုံးတစ်ယောက်က ကျီရွှယ်အာ လား..."

"ဟုတ်တယ်လေ..."

ရှန်ယန်းယန်းက ရယ်မောလိုက်၏။

"ကျီရွှယ်အာ က ဒုတိယနှစ်မှာ ကျောင်းက ထွက်သွားတာ... နင် သိတယ်လို့ ငါ ထင်နေခဲ့တာ... နင်တို့ ယောက်ျားလေးတွေက အမြဲတမ်း ချောမောလှပတဲ့ မိန်းကလေးတွေကို အာရုံစိုက်နေကြတာ မဟုတ်ဘူးလား..."

“...”

ချန်ဖုန်း၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားခဲ့ပေသည်။ ‘တစ်ဖက်လူရဲ့ မျိုးရိုးနာမည်က ကျီ တဲ့လား... အဓိက မြင့်မြတ်တဲ့ မိသားစုတွေထဲက တစ်ခုဖြစ်တဲ့ ကျီမိသားစု နဲ့များ တစ်ခုခု ပတ်သက်နေမလား မသိဘူး…’ဟု သူတွေးလိုက်၏။

သူသည် ယခင်က ရှန်ကွမ်ဖန်ယွင် အား ကျီမိသားစု ကိစ္စတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ဘဲ တစ်ဖက်လူက လဝက်အတွင်း အဖြေပေးမည်ကို စောင့်ဆိုင်းမည်ဟု ကတိပေးထားခဲ့လေ၏။

‘ဒါပေမဲ့ ဒါဆို ငါက ကျီရွှယ်အာ နဲ့ သိကျွမ်းလို့ မရဘူးလို့ ဆိုလိုတာလား…’

ဤအချိန်၌ ကျီရွှယ်အာ လည်း လျှောက်လာခဲ့သည်။ ကျောင်းရဲ့အလှလေး များမှာ အချင်းချင်း သိကျွမ်းပြီးသား ဖြစ်ကြပေ၏။

ကျီရွှယ်အာ မှာလည်း အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့သည်။

"ရှန်ယန်းယန်း... နင် ကျိုတိုမှာ ဘာလုပ်နေတာလဲ..."

"ငါ ကျိုတိုကို စီးပွားရေးကိစ္စလေးတွေ ဖြေရှင်းဖို့ လာတာလေ..."

ရှန်ယန်းယန်းက သူမ၏ လက်မောင်းကို ကိုင်ကာ ပြောဆိုလိုက်၏။

"ငါတို့ နောက်ဆုံး တွေ့ပြီးကတည်းကဆို နှစ်နှစ်ကျော်တောင် ရှိနေပြီ... နင် ဘယ်လိုနေလဲ... တစ်ယောက်ယောက်များ ရှာတွေ့ပြီလား..."

"မရှာတွေ့သေးပါဘူး..."

ကျီရွှယ်အာ က မျက်လုံးလှန်ပြကာ ပြောဆိုလိုက်သည်။

"ငါ ဒုတိယနှစ်တုန်းက ငါ့မိသားစု ကုမ္ပဏီက ငါ ပြန်လာပြီး ကူညီပေးဖို့ လိုအပ်လို့လေ... ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး ကုမ္ပဏီကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေခဲ့တာ... ရည်းစားရှာဖို့ အချိန်ဘယ်က ရမှာလဲ... ဒါ့အပြင် ငါ့မိသားစုက..."

ရှန်ယန်းယန်းက "ဘာဖြစ်လို့လဲ..."ဟု မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး..."

ကျီရွှယ်အာ က ပြုံးလိုက်၏။

ဒီနေရာမှာ တက္ကသိုလ် အတန်းဖော်တွေနဲ့ ဆုံရတာ အရမ်း ဝမ်းသာဖို့

ကောင်းတယ်လေ။

လှပသော အမျိုးသမီးနှစ်ဦးသည် ထိုနေရာတွင် ရပ်ကာ စကားပြောဆိုနေကြလေသည်။

ထို့နောက် ရှန်ယန်းယန်းက ယွင်ထင်နှင့် ချန်ဖုန်းတို့ကို သူမနှင့် မိတ်ဆက်ပေးလိုက်၏။

ချန်ဖုန်းအကြောင်း ပြောချိန်တွင် သူမက ရယ်မောလျက် ပြောဆိုလိုက်သည်။

"ရွှယ်အာ... သူကလည်း နင့်ရဲ့ အတန်းဖော်လေ... သူက အရင်တုန်းက ကျောင်းမှာ အရမ်း နာမည်ကြီးတဲ့ သူတစ်ယောက်ပဲ... ကျောက်တုန်းလိုင် တောင် သူ့ကို အရှုံးပေးခဲ့ရတာလေ..."

ကျီရွှယ်အာ သည် ကျောက်တုန်းလိုင် အကြောင်းကို ကြားဖူးထားပေ၏။ သူက ရှန်ယန်းယန်း ကို တက္ကသိုလ်တက်နေစဉ် တစ်လျှောက်လုံး လိုက်ခဲ့တယ်လို့ ပြောကြတယ်လေ။

ကျီရွှယ်အာ၏ မျက်နှာအမူအရာ ချက်ချင်းပင် ထူးဆန်းသွားပြီး ရှန်ယန်းယန်းအနီးသို့ ကပ်ကာ တိုးတိတ်စွာ မေးမြန်းလိုက်သည်။

"ယန်းယန်း... သူက နင့်ရဲ့ ရည်းစားတော့ မဟုတ်ဘူးမလား..."

"မ မဟုတ်ပါဘူး..."

ရှန်ယန်းယန်း၏ မျက်နှာပေါ်တွင် ပြာယာခတ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူမက အလျင်အမြန် လက်ဝှေ့ယမ်းကာ ငြင်းလိုက်သည်။

၎င်းတို့နှစ်ဦး စကားပြောနေစဉ်မှာပင် နောက်ထပ် ဗီဒီယို မက်ဆေ့ခ်ျတစ်ခု ပေါ်လာခဲ့ရာ ချန်ဖုန်း၏ မျက်နှာအမူအရာကို ထူးဆန်းသွားစေခဲ့ပေသည်။ သူ ခဏတာ တုံ့ဆိုင်းနေပြီးနောက် မေးမြန်းလိုက်၏။

"မစ္စကျီ... တကယ်လို့ မေးခွင့်ပြုမယ်ဆိုရင် မင်းရဲ့ ဇာတိမြို့က ဘယ်မှာလဲ..."

"ဘာကိစ္စရှိလို့လဲ..."

ကျီရွှယ်အာ ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။ သူမနှင့် ချန်ဖုန်းတို့သည် ကျောင်းတစ်ကျောင်းတည်းမှ ဘွဲ့ရခဲ့ကြသော်လည်း ၎င်းတို့သည် အမှန်တကယ် သိကျွမ်းကြသည် မဟုတ်ချေ။ ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာ တစ်ယောက်ယောက်က ကိုယ့်ရဲ့ အိမ်လိပ်စာကို မေးတာက မသင့်တော်ဘူး မဟုတ်ဘူးလား။

အထူးသဖြင့် ရှန်ယန်းယန်း ရဲ့ ရှေ့မှာလေ... သူမ သိနိုင်ပေ၏။

ရှန်ယန်းယန်းနှင့် ချန်ဖုန်းတို့ကြားတွင် တစ်ခုခုတော့ ရှိနေရမည်။

‘သူက ဟိုဘက်ဒီဘက် ဖောက်ပြန်ချင်နေတာပဲ...

ဟွန်း... လူယုတ်မာပဲ…’

ရှန်ယန်းယန်းပင်လျှင် ချန်ဖုန်းအား အံ့အားသင့်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်လေသည်။ ‘သူက ကျီရွှယ်အာ ကိုများ သဘောကျသွားတာလား…’ဟု သူမတွေးလိုက်၏။

"ဘာမှမဟုတ်ပါဘူး..."

ချန်ဖုန်းက အကြောင်းပြချက်တစ်ခုကို ပေါ့ပေါ့ပါးပါး ဖန်တီးလိုက်၏။

"ကျိုတိုက ဖန်ကျိလမ်း မှာ မကြာခဏ ယာဉ်တိုက်မှုတွေ ဖြစ်လေ့ရှိတယ်လို့ ငါ ကြားဖူးတယ်... တကယ်လို့ မစ္စကျီက မနက်ဖြန် အဲဒီကို ဖြတ်သွားဖို့ ရှိရင် လမ်းလွှဲသွားတာ အကောင်းဆုံးပဲ... အဲဒီမှာ ကုန်တင်ကားကြီးတွေ အများကြီး ရှိနေတယ်... အထူးသဖြင့် ဒီရက်ပိုင်းတွေမှာပေါ့... တကယ်လို့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ရင် လူတွေ သေချာပေါက် သေဆုံးနိုင်တယ်လေ... ဟုတ်တယ်... အထူးသဖြင့် မွန်းတည့်ချိန်လောက်မှာ... ဒါကို မှတ်ထားပါ..."

ယခုလေးတင် ပေါ်လာသော ဗီဒီယိုမှာ ကျီရွှယ်အာ မနက်ဖြန် မွန်းတည့်ချိန်တွင် ဖန်ကျိလမ်းသို့ ဦးတည်သွားနေစဉ် ဖြစ်ပွားမည့် ယာဉ်တိုက်မှုအကြောင်း ဖြစ်ပေ၏။ ကားတိုက်မိပြီး ယာဉ်မောင်း သေဆုံးသွားသည်။

"ရှုပ်ထွေးလိုက်တာ..."

ကျီရွှယ်အာ ၏ မျက်နှာအမူအရာ အနည်းငယ် မှိုင်းညို့သွားခဲ့သည်။

သူမ သဘောပေါက်သွားလေ၏။

‘ဒီချန်ဖုန်းဆိုတဲ့ကောင်က ငါ့ကို အနားကပ်ဖို့ ကြိုးစားနေတာပဲ... ဘာ ဖန်ကျိလမ်း လဲ... ဘာ ယာဉ်တိုက်မှုလဲ... မွန်းတည့် အချိန်တောင် ရှိသေးတယ်လား... အရမ်းကို ကောင်းကောင်းပြောတတ်တာပဲ... ငါ မနက်ဖြန် ငါ့ဇာတိမြို့ကို ပြန်မှာလည်း မဟုတ်သလို ဖန်ကျိလမ်း ကိုလည်း ဖြတ်သွားမှာ မဟုတ်ဘူး... ပြီးတော့ ငါ ကားလည်း မောင်းမှာ မဟုတ်ဘူး... ဒါက ငါနဲ့ ဘာဆိုင်လို့လဲ…’ဟု သူမတွေးလိုက်လေ၏။

ကျီရွှယ်အာက "ယန်းယန်း... ငါ လုပ်စရာလေး ရှိလို့... ငါတို့ အားတဲ့အချိန်ကျမှ ပြန်ပြောကြတာပေါ့..."ဟု ပြောပြီး အလျင်အမြန် ထွက်သွားလေးတော့သည်။

ရှန်ယန်းယန်းအား နှုတ်ဆက်ပြီးနောက် ကျီရွှယ်အာ သည် အလျင်အမြန် ထွက်သွားလေ၏။

"ချန်ဖုန်း..."

ရှန်ယန်းယန်းက သူ့အား မနာလိုသည့် အရိပ်အယောင်ဖြင့် ကြည့်ကာ သူမ၏ နှုတ်ခမ်းကို ကိုက်လျက် မေးမြန်းလိုက်သည်။

"နင်... နင် ရွှယ်အာ ကို သဘောကျနေတာ မဟုတ်လား..."

"နင် ဘာတွေ တွေးနေတာလဲ..."

ချန်ဖုန်းမှာ အနည်းငယ် စကားပြောစရာမဲ့ဖြစ်သွားခဲ့၏။

"ငါက ကူညီချင်ရုံ သက်သက်ပါပဲ... ဟုတ်ပြီလား... ဒါနဲ့ ယန်းယန်း... နင် ကျီရွှယ်အာ အကြောင်း ဘယ်လောက် သိလဲ..."

"ကြည့်ပါဦး... နင်က သူ့ကို စိတ်မဝင်စားဘူးလို့ ပြောပြီး အခု သူ့အကြောင်း စမေးနေပြီလေ..."

ရှန်ယန်းယန်းက နှုတ်ခမ်းဆူလိုက်သည်။

“ဟွန်း... ယောက်ျားတွေက တကယ်ကို လူယုတ်မာကြီးတွေချည်းပဲ... နင်က ငါ့လို လှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရှေ့မှာ ရပ်နေတာတောင် ငါ့ကို မရွေးချယ်ဘဲ တခြား အမျိုးသမီးတွေကို လိုက်ကြည့်နေသေးတယ်…”

"ဟားဟားး… မကြည့်တော့ပါဘူး... ပြန်ကြစို့..."

ချန်ဖုန်းက ရယ်မောလိုက်ပြီး သူမ၏ ပါး​ကို လက်လှမ်းကာ ဆွဲညှစ်လိုက်ရင်း ပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ကျီရွှယ်အာ အား သတိပေးခဲ့ပြီး ဖြစ်ပေသည်။ တစ်ဖက်လူက ဂရုစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ သူနဲ့ မဆိုင်တော့ချေ။

…

ကျီရွှယ်အာ သည် သူမ၏ နေအိမ်သို့ ပြန်လာခဲ့သည်။ ပေ့ဟူတက္ကသိုလ် ၏ ကျောင်းသူအလှလေး များအနက်မှ တစ်ဦးအနေဖြင့် သူမ၏ ရုပ်ရည်အသွင်အပြင်မှာ လုံးဝ ထူးချွန်ပြောင်မြောက်လှပေ၏။

သူမ အကြောင်းပြချက်တစ်ခုခုကြောင့် ပေ့ဟူမှာ တက္ကသိုလ်တက်ခဲ့ပေမဲ့ ဒုတိယနှစ်မှာ ကျောင်းကထွက်ပြီး ကျိုတိုကို ပြန်လာခဲ့ရတယ်။

ဒီနှစ်တွေ တစ်လျှောက်လုံးမှာ…

ကျောင်းမှာပဲဖြစ်ဖြစ်၊ စည်ကားတဲ့ မြို့ကြီးပြကြီးမှာပဲဖြစ်ဖြစ် လူအများအပြားက ကိုယ့်ရဲ့ ပန်းတိုင်တွေကို ကိုယ်စီ လိုက်ရှာနေကြတယ်လေ။

ကျီရွှယ်အာ သည် ချမ်းသာသော လူငယ်အများအပြားနှင့် ဆုံတွေ့ခဲ့ဖူးပေ၏။ စကားစမြည် ပြောဆိုဖို့ ကြိုးစားတဲ့ နည်းလမ်းပေါင်းစုံကို သူမ မြင်ဖူးပါသည်။ သူမ ပြောရမယ်ဆိုရင် ဒီနေ့ ချန်ဖုန်း လူတွေကို ချဉ်းကပ်တဲ့ပုံစံက အခြေခံအကျဆုံး ပိုးပန်းတဲ့ နည်းလမ်းပဲ။

သူမတွင်လည်း ချန်ဖုန်းနှင့် ပတ်သက်၍ အနည်းငယ် အဆိုးမြင်သော ပထမဆုံး အထင်အမြင် ရှိခဲ့ပေသည်။ ကျီရွှယ်အာ သည် သူမ၏ ဒေါက်မြင့်ဖိနပ်များကို ချွတ်ကာ သက်တောင့်သက်သာရှိသော ဖိနပ်တစ်ရန်ကို လဲစီးလိုက်ပြီး ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ကွေးကွေးလေး ထိုင်နေလိုက်၏။ သူမက ဒီမှာ တစ်ယောက်တည်း နေတာလေ။

သူမ တီဗီကြည့်ရန် ပြင်လိုက်ချိန်မှာပင် မိခင်ဖြစ်သူက ဖုန်းခေါ်လာခဲ့သည်။

"ရွှယ်အာ... မနက်ဖြန် အားလား..."

"အားပါတယ်... ဘာဖြစ်လို့လဲ အမေ..."

ကျီရွှယ်အာ က အမှတ်တမဲ့ မေးမြန်းလိုက်ပေ၏။

All Chapters