← Chapters

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း (၂၇၃) အဇူရာကွင်းပြင် ပေါက်ကွဲသွားခြင်း

"မနက်ဖြန် ပြန်လာခဲ့လေ... သမီး ပြန်မလာတာ လအတော်ကြာနေပြီဆိုတော့ အမေ သမီးကို တွေ့ချင်လို့... မနက်ဖြန် ငါတို့ဆီ ဧည့်သည်တွေ လာမှာဆိုတော့ သမီးကို သူတို့နဲ့ မိတ်ဆက်ပေးမယ်... အဲဒါက သမီးရဲ့ အနာဂတ် တိုးတက်မှုအတွက် အထောက်အကူ ဖြစ်လိမ့်မယ်... ဒါနဲ့ သမီး ပုံမှန်သွားနေကျ လမ်းက ပြင်နေတယ်ဆိုတော့ ဖန်ကျိလမ်း ကနေပဲ မောင်းလာခဲ့နော်... နေ့လယ်စာ စားဖို့ အမြန်ဆုံး ပြန်လာခဲ့ဖို့ ကြိုးစားပါ..."

"ဖန်ကျိလမ်း လား..."

ကျီရွှယ်အာ ပြင်းထန်စွာ တုန်ရီသွားခဲ့ပေ၏။

“ချန်ဖုန်း ရည်ညွှန်းခဲ့တာက ဖန်ကျိလမ်း ကို မဟုတ်ဘူးလား... တိုက်ဆိုင်လိုက်တာ…”

သူမကို ပိုပြီး အံ့အားသင့်သွားစေတာက…

“တကယ်လို့ ငါ မနက်ဖြန် အိမ်ကို ကားမောင်းပြန်မယ်ဆိုရင် ပုံမှန် အချိန်ဇယားအရ မွန်းတည့်ချိန်လောက်မှာ ဖန်ကျိလမ်း ကို ရောက်သင့်တယ်လေ…”

“ဖန်ကျိလမ်း... ကားမောင်းတာ... ဆယ့်နှစ်နာရီ…”

ဤအဓိက အချက်သုံးချက်က ကျီရွှယ်အာ ၏ ကြက်သီးမွေးညင်းများကို ထသွားစေခဲ့တော့သည်။

တကယ်ပဲ တိုက်ဆိုင်တာလား

ဆိုတာ သူမ မသိခဲ့ချေ။

“ငါ အဲဒီအကြောင်းကို တွေးတောင် မတွေးရဲဘူး…”

“တကယ်လို့ ချန်ဖုန်းက ငါ့ကို သိပြီး ငါ့ရဲ့ လူနေမှုပုံစံကို ရင်းနှီးတယ်ဆိုရင် ငါ ပုံမှန် အိမ်ကို ဘယ်အချိန် ပြန်လေ့ရှိလဲဆိုတာ သူက တွက်ချက်နိုင်လိမ့်မယ်…ငါ ဖန်ကျိလမ်း နားကို ဘယ်အချိန် ရောက်ခဲ့လဲ... ဒါတွေကို တွက်ချက်လို့ ရနိုင်တာပဲ…”

“ဒါပေမဲ့ အဓိကအချက်က... ငါ ဒီလူနဲ့ ဒီနေ့မှ တွေ့တာလေ...

ဒါက တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလိုက်တာ…”

"တကယ်ပဲ တိုက်ဆိုင်တာ များလား..."

ကျီရွှယ်အာ ၏ လှပသော မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့၏။

ချန်ဖုန်းက အစောပိုင်းတုန်းက သူမကို သတိပေးနေပုံရတယ် ဇာတ်လမ်းက အမှန်ဖြစ်စေ၊ အမှားဖြစ်စေ မနက်ဖြန် အိမ်သို့ ကားမောင်းမပြန်ရန် သူမ၏ နှလုံးသားထဲတွင် ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။ ပြီးတော့ အချိန်တွေကိုလည်း လွှဲထားရမယ် တတ်နိုင်သမျှ စောစော ထွက်ဖို့ ကြိုးစားရမယ်။

သူမ ခဏတာ တွေးတောလိုက်ပြီးနောက် ရုတ်တရက် ရှန်ယန်းယန်း၏ နံပါတ်ကို ထပ်မံခေါ်ဆိုလိုက်၏။ ၎င်းတို့နှစ်ဦးသည် ယခုလေးတင် ဖုန်းနံပါတ်များ ဖလှယ်ခဲ့ကြခြင်း ဖြစ်ပေသည်။

"ရွှယ်အာ... ဘာဖြစ်လို့လဲ..."

ရှန်ယန်းယန်းလည်း အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။ သူမတို့နှစ်ယောက် အခုလေးတင် လမ်းခွဲခဲ့ကြတာလေ ဘာလို့ အခု ဖုန်းပြန်ဆက်ရတာလဲ။

ကျီရွှယ်အာ က အလျင်အမြန် ပြောဆိုလိုက်သည်။

"ယန်းယန်း... ချန်ဖုန်း နင်နဲ့အတူ ရှိလား... ငါ သူ့ကို ကိစ္စလေးတစ်ခု ပြောစရာရှိလို့..."

"ဟင်..."

ရှန်ယန်းယန်း လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေ၏။ ‘ဒါဆို သူက ဒီလို အချိတ်အဆက် လုပ်သွားတာလား... ဘုရားရေ... ဒီနှစ်ယောက်က စကားနှစ်ခွန်းပဲ ဖလှယ်ခဲ့ရသေးတာ မဟုတ်ဘူးလား…’ဟု သူမတွေးရင်း အံ့သြသွားလေတော့၏။

ချန်ဖုန်းမှာ ရုပ်ဖြောင့်ပြီး ကောင်းမွန်သော စီးပွားရေးအမြင်နှင့် ခိုင်မာသော အဆက်အသွယ် ကွန်ရက်ရှိကြောင်း ရှန်ယန်းယန်း သိထားသော်လည်း…

ဒါပေမဲ့ ကျီရွှယ်အာ က ဒါတွေကို ဘာမှမသိဘူးလေ မိန်းကလေးတစ်ယောက်က တကယ်ပဲ ဒီလိုနီးနဲ့ အပိုးပန်းခံရနိုင်တာလား။

သူမက သူမ၏ ဘေးရှိ ချန်ဖုန်းထံသို့ ဖုန်းကို မကျေမနပ် မျက်နှာအမူအရာဖြင့် ကမ်းပေးလိုက်၏။

"နင့်နဲ့ပြောချင်လို့တဲ့…”

"ငါ့ကို ရှာတာလား..."

ချန်ဖုန်းလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ပေသည်။ ဖုန်းပေါ်ရှိ နာမည်ကို မြင်ပြီးနောက် သူ ထပ်မံ၍ မျက်မှောင်ကြုတ်လိုက်၏။

"ဟလို... ဒါ ချန်ဖုန်း ပါ... ဘာကိစ္စရှိလို့လဲ..."

"ချန်ဖုန်း... ငါ့ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... တာ့တာ..."

ထိုသို့ ပြောဆိုပြီးနောက် ကျီရွှယ်အာ သည် ချက်ချင်း ဖုန်းချသွားလေ၏။

"တစ်ခုခုတော့ မှားနေပြီ..."

ချန်ဖုန်းသည် မငြီးတွားဘဲ မနေနိုင်တော့ဘဲ ရှန်ယန်းယန်းထံသို့ ဖုန်းကို ပြန်ပေးလိုက်သည်။

တစ်ဖက်လူက ဖုန်းခေါ်ဆိုရခြင်း၏ အဓိကအချက်ကို သူ နားမလည်နိုင်ခဲ့ချေ။ ရိုးရိုးရှင်းရှင်း ကျေးဇူးတင်ကြောင်း ပြောရုံသက်သက်ပဲလား။ မည်သို့ပင်ဆိုစေကာမူ သူ ဘာမှ ဖွင့်ဟမပြောခဲ့ပါဘူး... စနစ်ရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖော်ထုတ်ခံရမှာ မဟုတ်ဘူး။

ချန်ဖုန်းက အချိန်ကို စစ်ဆေးလိုက်၏။ ညစာစားရန် အချိန် အနည်းငယ် စောနေသေးသဖြင့် ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ကို ခေါ်ကာ အနီးရှိ မြစ်ကမ်းဘေးတစ်လျှောက် လမ်းလျှောက်ထွက်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤအမျိုးသမီးနှစ်ဦးသည် သူ၏ ကုမ္ပဏီကို စီမံခန့်ခွဲပေးရန် အလွန် ကြိုးစားပမ်းစား အလုပ်လုပ်ပေးခဲ့ကြလေ၏။

ကျိုတိုရှိ ထျန်ဖုန်းလုပ်ငန်းစု ၏ ရုံးချုပ် တည်နေရာနှင့် ပတ်သက်၍မူ သူ ကိုယ်တိုင် အဆောက်အအုံတစ်ခု ဆောက်လုပ်ရန် ဆုံးဖြတ်ထားပြီး မြေဝယ်ယူသည့် ကိစ္စကို ယွင်ထင်အား လွှဲအပ်ထားလိုက်ပေသည်။ ပရောဂျက် အချိန်ဇယားအရ တစ်နှစ်အတွင်း အရာအားလုံး ပြီးစီးသင့်တယ်လေ ဘာပဲဖြစ်ဖြစ် သူ့မှာ ပိုက်ဆံ ပြတ်လပ်နေတာမှ မဟုတ်တာ။

ဟိုလိုဂရမ် ရုပ်လုံးကြွနည်းပညာ ရဲ့ ထုတ်ကုန်တွေက အခု လက်ဆွဲပူပူလို ရောင်းကောင်းနေပြီး သူက အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းတစ်ခုကို တီထွင်ဖို့ ချက်ချင်း ပြင်ဆင်နေတာဆိုတော့ နောက်ထပ် လူကြိုက်များမှု လှိုင်းလုံးတစ်ခုကို သေချာပေါက် ဖြစ်ပေါ်စေမှာပဲ အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ အပါအဝင်ပေါ့။

ချန်ဖုန်းက ထိုနည်းပညာကို စစ်ဘက်ဆိုင်ရာဌာန သို့ ပေးအပ်ခဲ့ပြီး ထုတ်ကုန်မျိုးဆက်တစ်ခုကို တီထွင်ရာတွင် ကူညီပေးခဲ့သော်လည်း သူသည် အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ တစ်စုံကိုပင် ဖန်တီးခဲ့သေး၏။

ပြန်လည်တုံ့ပြန်မှုအနေနဲ့ ဝန်ကြီးကျန်း ကလည်း ထျန်ဖုန်းလုပ်ငန်းစု အတွက် ဆုကြေးငွေ ယွမ် ဘီလီယံ ၅၀ လျှောက်ထားပေးခဲ့တယ်လေ။

ဒီနည်းပညာနဲ့ ယှဉ်လိုက်ရင် ယွမ် ဘီလီယံ ၅၀၀ ဆိုသည်မှာ များပြားလှသည် မဟုတ်သော်လည်း ၎င်းမှာ ဟွာရှအစိုးရထံမှ စေတနာထားမှု သင်္ကေတတစ်ခုဖြစ်သောကြောင့် ချန်ဖုန်းသည် ထိုအရာအတွက် စိတ်အနှောင့်အယှက် မဖြစ်တော့ဘဲ ဟွာရှနိုင်ငံအတွက် လှူဒါန်းမှုတစ်ခုအဖြစ်သာ သဘောထားလိုက်ပေသည်။

ညနေ ၅ နာရီတွင် ၎င်းတို့သုံးဦးသည် အိုယန်မိသားစု သို့ ပြန်လာခဲ့ကြ၏။ အိုယန်နာလန်လည်း အစားအသောက်များကို ပြင်ဆင်ထားပြီး ၎င်းတို့ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

သို့သော် ချန်ဖုန်း ဝင်လာချိန်တွင်

အဘိုးကြီးအိုယန်က သူ့ကို ဘေးသို့ဆွဲခေါ်ကာ ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။

"ချန်လေး... မင်းရဲ့ အဘွားက အရမ်း လောလွန်းတယ်... တကယ်ကို လောလွန်းတယ်..."

"ဘာဖြစ်လို့လဲ..."

ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားခဲ့ပေသည်။

အဘိုးကြီးအိုယန်က တိုးတိတ်စွာ ပြောဆိုလိုက်၏။

"ရှောင်ယွဲ့ က စောစောက ဖုန်းဆက်ပြီး နယ်စပ်ကနေ မကြာခင် ပြန်ရောက်တော့မှာဖြစ်ပြီး ငါတို့ဆီကို လာလည်ချင်တယ်လို့ ပြောတယ်..."

ဒီအကြောင်းပြောရမယ်ဆိုရင်... သူက ဧည့်ခန်းထဲရှိ ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ကို ထပ်မံကြည့်ရှုလိုက်သည်။

"ချန်လေး... ရိုးရိုးသားသား ပြောစမ်းပါ... အဲဒီနှစ်ယောက်က မင်းရဲ့ ရည်းစားတွေ မဟုတ်ဘူးမလား..."

"လောလောဆယ်တော့ မဟုတ်သေးပါဘူး..."

ချန်ဖုန်းမှာ စကားပြောစရာမဲ့ဖြစ်သွားခဲ့၏။

သူသည် ရှန်ယန်းယန်းနဲ့ရော ယွင်ထင်နှင့်ပါ တရားဝင် ဆက်ဆံရေး စတင်ထားခြင်း လုံးဝ မရှိသေးချေ။ သို့သော် သူမတို့နှစ်ဦးလုံးသည် ယခုအခါ အဘွားဖြစ်သူက ပေးထားသော လက်ကောက်များကို ဝတ်ဆင်ထားကြပြီး ၎င်းတို့မှာ ရှန်ကွမ်ယွဲ့ ၏ လက်ကောက်နှင့် လုံးဝတူညီနေပေသည်။

‘တကယ်လို့ ရှန်ကွမ်ယွဲ့ သာ ဒါကို မြင်သွားရင် ငါ မှန်နေရင်တောင် ငါ့ကိုယ်ငါ ရှင်းပြနိုင်မှာ မဟုတ်ဘူးလေ...

ချီးပဲ... ဒီရှုပ်ထွေးတဲ့ မြင်ကွင်းကြီးက အရမ်း မြန်မြန်ဆန်ဆန်ကို ဖြစ်ပေါ်လာတာပဲ... အဘွား... အို အဘွားရယ်... အဘွား တကယ်ကို လောလွန်းခဲ့တာပဲ…’ချန်ဖုန်းတစ်ယောက် တွေးရင်း ဗျာများသွားတော့၏။

လောလောဆယ်တွင် နယ်စပ်မှာ ဘေးကင်းသင့်သည်ဟု ချန်ဖုန်းလည်း ခန့်မှန်းမိပေ၏။ ထိုသို့မဟုတ်ပါက ရှန်ကွမ်ယွဲ့သည် နယ်စပ်သို့ သွားရောက်ပြီးနောက် ချက်ချင်း ပြန်လာမည် မဟုတ်ချေ။

၎င်းတို့နှစ်ဦး စကားပြောနေစဉ်မှာပင် လှပသော ပုံရိပ်တစ်ခုက အပြင်ဘက်မှ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ သူမက ကုတ်အင်္ကျီရှည်ကြီးကို ဝတ်ဆင်ထား၏။ အရမ်းကို ကြည့်ကောင်းသလို သူမက အားကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေခဲ့ပေသည်။

သို့သော် သူမ အိုယန်မိသားစု အတွင်းသို့ ဝင်ရောက်လာချိန်တွင် သူမ၏ အငွေ့အသက်မှာ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

၎င်းမှာ စစ်မြေပြင်မှ ယခုလေးတင် ပြန်ရောက်လာသော ရှန်ကွမ်ယွဲ့ ပင် ဖြစ်လေသည်။

"ရှောင်ယွဲ့... သမီး ပြန်ရောက်လာပြီပဲ... မြန်မြန် ဝင်ခဲ့လေ..."

အဘိုးကြီးအိုယန်က ရယ်မောလိုက်၏။

ရှန်ကွမ်ယွဲ့ကို အလျင်အမြန် ခေါ်လိုက်သည်။

"အဘိုးနဲ့ အဘွား..."

ရှန်ကွမ်ယွဲ့က ညင်သာစွာ ရယ်မောလိုက်၏။

အဘွားအိုယန် သည်လည်း သူမ လုပ်ခဲ့သော မိုက်မဲသည့် အပြုအမူကို မှတ်မိသွားပေသည်။ သူမသည် မူလက ထိုမိန်းကလေးများအားလုံးကို သဘောကျပြီး ၎င်းတို့အားလုံး သူမ၏ မြေးချွေးမများ ဖြစ်လာနိုင်၊ မနိုင် သိရှိလိုခဲ့ခြင်း ဖြစ်၏။

‘ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒါက မဖြစ်နိုင်ဘူးလေ...

တကယ်လို့ ငါသာ သူမတို့အားလုံးကို ဆုံးရှုံးလိုက်ရရင်ကော... အဲဒါက ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်မသွားဘူးလား…’ဟု တွေးရင်း သူမ နောင်တရတော့သည်။

"ရှောင်ယွဲ့... ငါတို့ ညစာစားတော့မလို့... သမီး ပြန်လာမယ့်အချိန်ကို စောင့်နေကြတာ..."

အိုယန်နာလန်က ချန်ဖုန်းအား လျှို့ဝှက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းခါယမ်းလိုက်ရင် သူမဘာသာ တွေးလိုက်၏။ ‘ဒီရှုပ်ထွေးမှုတွေကို နင့်ဘာသာနင် ဖြေရှင်းရတော့မယ်…’

၎င်းမှာ ရှန်ယန်းယန်းနှင့် ယွင်ထင်တို့က ဒဏ္ဍာရီလာ ငယ်သူငယ်ချင်း စေ့စပ်ထားသူကို တရားဝင် တွေ့ဆုံရသော ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။

သူမက အရမ်းကို လှပတာပဲ တကယ်လို့ သူမသာ ကျောင်းမှာဆိုရင် ကျောင်းရဲ့အလှလေး ဖြစ်ဖို့ အရမ်း လွယ်ကူမှာပဲ။

အရေးအကြီးဆုံးအချက်က တစ်ဖက်လူမှာ ထူးခြားတဲ့ အငွေ့အသက် ရှိနေတယ် သူမက ဘုရင်မတစ်ပါးလို တောက်ပနေတာပဲ။

ရှန်ယန်းယန်းသည် ဤအပိုင်းတွင် တကယ်ကို နိမ့်ကျနေခဲ့ပေ၏။

"မင်္ဂလာပါ... ကျွန်မက ရှန်ယန်းယန်း ပါ... ချန်ဖုန်းရဲ့ တက္ကသိုလ် အတန်းဖော်ပါ..."

ရှန်ယန်းယန်းမှာ တည်ငြိမ်ပြီး သဘောထားကြီးကာ လူတိုင်းကို နှုတ်ဆက်ရန် ဦးဆောင်လိုက်သည်။

ယွင်ထင်၏ ဖိအားများမှာ အတော်လေး လျော့ကျသွားခဲ့၏။ သူမနှင့် ချန်ဖုန်း အတူတကွ ရှိနေရန် ခက်ခဲမည်ကို သူမ သိထားသောကြောင့် ထိုခံစားချက်များကို ရင်ဘတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားလိုက်လေသည်။

သူမက တိုးတိတ်စွာ ပြောဆိုလိုက်၏။

"မင်္ဂလာပါ... ကျွန်မနာမည်က ယွင်ထင် ပါ... ချန်ဖုန်းရဲ့ အဆင့်မြင့် ကိုယ်ပိုင်အိမ်တော်ထိန်းပါ..."

"မင်္ဂလာပါ... ကျွန်မက ရှန်ကွမ်ယွဲ့ ပါ... ချန်ဖုန်းရဲ့... စေ့စပ်ထားသူပါ..."

ရှန်ကွမ်ယွဲ့၏ စကားများက လူတိုင်းကို အနည်းငယ် အံ့အားသင့်သွားစေခဲ့ပေသည်။

ဒါက အချုပ်အခြာအာဏာ ကြေညာတာနဲ့ တူနေတယ် မဟုတ်လား။

ချန်ဖုန်း၏ နှုတ်ခမ်းများလည်း တွန့်ကွေးသွားခဲ့၏။ ‘စေ့စပ်ထားသူ ဟုတ်လား... သူမက ဘယ်အချိန်တုန်းက ငါနဲ့ စေ့စပ်ထားသူ ဖြစ်သွားရတာလဲ…’

ညစာစားပွဲတွင် လေထုမှာ အလွန် ထူးဆန်းနေခဲ့၏။ လှပသော အမျိုးသမီးသုံးဦးသည် စကားတစ်ခွန်းမျှ မဟဘဲ ထိုနေရာတွင် ထိုင်နေကြပေသည်။

ချန်ဖုန်း တစ်ယောက်တည်းသာ ၎င်းတို့၏ ပန်းကန်များထဲသို့ ဟင်းများကို ဆက်တိုက် ထည့်ပေးနေခဲ့သည်။

ဒီရှုပ်ထွေးတဲ့ မြင်ကွင်းကြီးက အရမ်း မြန်မြန်ဆန်ဆန်ကို ရောက်လာတာပဲ။

All Chapters