အခန်း ၂၇၆
Vol. 28 Ch. 276
အခန်း (၂၇၆) ကျီရွှယ်အာ၏ သံသယများ
ယနေ့ ကျီရွှယ်အာ သည် ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး သူမ၏ ဆံပင်များကို မြင်းမြီးပုံစံ စည်းနှောင်ထားကာ အဖြူရောင် အပေါ်ထပ်ကို ဝတ်ဆင်ထားပေ၏။
သူမသည် ချန်ဖုန်းကို မြင်ချိန်တွင် အလျင်အမြန် လက်ဝှေ့ယမ်းပြပြီး မေးလိုက်သည်။
"ဘာသောက်မလဲ..."
"ဘာဖြစ်ဖြစ် ရပါတယ်..."
ချန်ဖုန်းသည် ကော်ဖီကို အထူးတလည် နှစ်သက်ခြင်း မရှိချေ။ အရင်က ဆင်းရဲတုန်းက သောက်စရာ ကော်ဖီမှ မရှိခဲ့တာ ဒါက ချမ်းသာတဲ့သူတွေ သောက်တဲ့အရာလေ။
ကျီရွှယ်အာ က သူ့အတွက် အမေရိကာနို တစ်ခွက် မှာပေးလိုက်၏။
ထို့နောက် သူမက ချန်ဖုန်းအား စပ်စုသော အကြည့်ဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။
"ယန်းယန်းက နင် ကျောင်းမှာ တော်တော် နာမည်ကြီးတယ်လို့ ပြောတယ်နော်... ငါ နင့်အကြောင်း တစ်ခါမှ မကြားဖူးပါဘူး..."
ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။
"မင်းက ဒုတိယနှစ်မှာ ကျောင်းက ထွက်သွားတာ မဟုတ်ဘူးလား..."
"ငါက ကျောင်းမှာ သိပ်ပြီး နာမည်ကြီးတဲ့ သူတော့ မဟုတ်ပါဘူး... ယန်းယန်း ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့... ငါ့မှာ အရည်အချင်းတွေ နည်းနည်းပါးပါး ရှိရုံပါပဲ..."
"အော်..."
ကျီရွှယ်အာ ချက်ချင်းပင် စိတ်ဝင်စားကာ မေးမြန်းတော့သည်။
"နင်က ဂူကျန်း ကို အရမ်းကောင်းကောင်း တီးနိုင်တယ်လို့ ငါ ကြားတယ်... အနုပညာဌာနက ဆရာမကု တောင် ကျောင်းရဲ့ ပွဲမှာ နင့်ကို အရမ်း ချီးကျူးခဲ့သေးတယ်လေ..."
“ပီးတော့ နင်က ဆေးပညာကိုလည်း သိတယ်... အဲဒီနှစ်ခုအပြင် နင် တခြားဘာတွေ လုပ်နိုင်သေးလဲ…
ချန်ဖုန်းက ကော်ဖီတစ်ငုံ သောက်လိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်၏။
"မင်း ပြောနိုင်သမျှ စွမ်းရည်အားလုံးကို အခြေခံအားဖြင့် ငါ သိပါတယ်..."
"ကြွားနေပြန်ပြီ..."
ကျီရွှယ်အာ သည် သူမ၏ မေးစေ့ကို လက်ဖဝါးဖြင့် ထောက်ထားလိုက်သည်။ သူမက သူ့ကို စိုက်ကြည့်ကာ လုံးဝ စကားပြောစရာမဲ့ဖြစ်နေသည့်ဟန်ဖြင့် မေးမြန်းလိုက်၏။
"နင် သေနတ်ပစ်နိုင်လား..."
"ရပါတယ်..."
ချန်ဖုန်းက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
ထိုအချိန်က သူသည် သေနတ်ပစ်စွမ်းရည် အမျိုးမျိုးကို လဲလှယ်ရယူခဲ့ပြီး ၎င်းတို့အားလုံးနီးပါးမှာ မာစတာအဆင့်တွင် ရှိနေကြပေ၏။
ကျီရွှယ်အာ ၏ မျက်လုံးများ လင်းလက်သွားပြီး ကော်ဖီကို တစ်ကျိုက်တည်းနှင့် အကုန်သောက်လိုက်လေသည်။
ထို့နောက် သူမသည် သူ့ကို အပြင်ဘက်သို့ ဆွဲခေါ်ကာ ပြောဆိုလိုက်၏။
"လာ... ငါတို့ သေနတ်ပစ် သွားကစားရအောင်..."
"ငါက ပညာရှင် တစ်ယောက်နော်... နင် ငါ့ကို အနိုင်ယူနိုင်မယ်လို့ ငါ မယုံဘူး..."
“...”
ချန်ဖုန်းမှာ စကားပြောစရာမဲ့ဖြစ်သွားခဲ့သည်။ မိန်းကလေးတစ်ယောက်က သေနတ်ပစ်တာကို သဘောကျလိမ့်မည်ဟု သူ တကယ် မထင်မှတ်ထားခဲ့ချေ။
မကြာမီမှာပင်... ၎င်းတို့နှစ်ဦးသည် သေနတ်ပစ်ကွင်းတစ်ခုသို့ ရောက်ရှိသွားကြ၏။
သေနတ်ပစ်ကွင်းတစ်ခုလုံးမှာ အလွန် ကြီးမားပြီး ၎င်းကို တည်ဆောက်ရန် ဒေါ်လာ သန်းရာနှင့်ချီ ကုန်ကျခဲ့သည်ဟု ဆိုကြပေသည်။
သေနတ်ပစ်ကွင်းမှာ အသင်းဝင်မှသာ ဝင်ခွင့်ရှိသော နေရာဖြစ်ပြီး အသင်းဝင်များသာ ဝင်ရောက်ခွင့် ရှိသည်။
ကျီရွှယ်အာ ကိုယ်တိုင်က အသင်းဝင်တစ်ဦးဖြစ်ပြီး ဤနေရာသို့ အမြဲလာနေကျသူ ဖြစ်ပုံရပေ၏။ သူမက လက်ကိုင်သေနတ်တစ်လက်ကို ရွေးချယ်ကာ စမ်းသပ်ကြည့်လိုက်သည်။
ချန်ဖုန်းက ပြောနိုင်ပေသည်။ တစ်ဖက်လူ၏ ကိုယ်နေဟန်ထားနှင့် လှုပ်ရှားမှုများမှာ အလွန် စံချိန်မီနေပြီး ၎င်းက အချိန်အတော်ကြာ လေ့ကျင့်ထားကြောင်း ဖော်ပြနေပေ၏။
ကျီရွှယ်အာ က သူ့အား ရုတ်တရက် လှမ်းကြည့်လိုက်သည်။
"နင် အရင် စမ်းကြည့်မလား..."
"မလိုပါဘူး..."
ချန်ဖုန်းက ခေါင်းခါလိုက်၏။
သူ၏အမြင်တွင် ကျီရွှယ်အာ နှင့် ယှဉ်ပြိုင်ရခြင်းမှာ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ရိုက်နှက်နေသကဲ့သို့ ဖြစ်ပေသည်။
ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုက ရုတ်တရက် လျှောက်လာကာ ပြောလိုက်သည်။
"ရွှယ်အာ... နင် ဒီကိုလာမယ်ဆိုတာ ဘာလို့ ငါ့ကို မပြောတာလဲ..."
"သခင်လေး နန်ကုန်းရိ..."
ကျီရွှယ်အာ ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့၏။ ဤလူက အမြဲတမ်း သူမအပေါ် တွယ်ကပ်နေသောကြောင့် သူမက ဤလူကို မနှစ်သက်ချေ။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက နန်ကုန်းမိသားစု ကလေ နန်ကုန်းမိသားစု ရဲ့ လူငယ်အချို့က လူသိရှင်ကြား ထွက်ပေါ်လေ့မရှိပေမဲ့ ကျန်တဲ့သူတွေက အများပြည်သူ ရှေ့မှောက်မှာ ရှားရှားပါးပါးပဲ ပေါ်လာတတ်သည်။ ဒါ့အပြင် နန်ကုန်းမိသားစု က နှစ်ရာနဲ့ချီတဲ့ သမိုင်းကြောင်းရှိတယ်လေ။
တစ်ဖက်လူကို မစော်ကားလိုသဖြင့် ကျီရွှယ်အာ သည် တင်းမာသော မျက်နှာထားဖြင့်သာ ပြောဆိုနိုင်တော့၏။
"သခင်လေး နန်ကုန်းရိ... ငါ့ရဲ့ သေနတ်ပစ်တာကို လာမနှောင့်ယှက်ပါနဲ့..."
"သေနတ်ပစ်တာလား..."
သခင်လေး နန်ကုန်းရိ က ဘေးတွင်ရှိသော ချန်ဖုန်းအား ရုတ်တရက် ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်သည်။
"သူ့နောက်ကို လိုက်နေတာလား... သူက ထုံထိုင်းပြီး သေနတ်ပစ်တတ်မယ့်ပုံလည်း မပေါ်ပါဘူး..."
“ရွှယ်အာ... ငါ နင်နဲ့အတူ ခဏလောက် ကစားပေးရမလား... ဒီသေနတ်ပစ်ကွင်းက ငါ့ဟာဆိုတာ နင် သိပါတယ်... တကယ်လို့ နင် ငါ့ကို နိုင်ရင် ငါ ဒီသေနတ်ပစ်ကွင်းကို နင့်ကို ပေးမယ်... ဘယ်လိုလဲ…”
ကျီရွှယ်အာ သည် စကားပြောရန် အခွင့်အရေးပင် မရခဲ့ချေ။ အနီးတွင် ရပ်နေသော ချန်ဖုန်းက ရုတ်တရက် ပြောဆိုလိုက်၏။
"ငါ မင်းနဲ့ လောင်းမယ်... မင်းရဲ့ သေနတ်ပစ်ကွင်းကို လောင်းကြေးထပ်မယ်..."
"ဘာ..."
“ဟားး…ဟားး”
သခင်လေး နန်ကုန်းရိ သည် ခဏတာ မှင်တက်သွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်တော့၏။ ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ သူ ခံစားလိုက်ရသည်။
"မင်းက ငါနဲ့ လောင်းချင်တာ သေချာလို့လား... ငါ့ရဲ့ သေနတ်ပစ်ကွင်းက ယွမ် သန်း ၃၀၀ တန်တယ်... တကယ်လို့ မင်း ရှုံးရင် ယွမ် သန်း ၃၀၀ ထုတ်ပေးနိုင်မလား..."
သခင်လေး နန်ကုန်းရိ ၏ နောက်တွင်လည်း လူအချို့ ရှိနေပေ၏။ လူတိုင်းက ရယ်မောလိုက်ကြသည်။
"ဟီးဟီး... ငါတို့ရဲ့ အစ်ကိုရိ က နိုင်ငံလုံးဆိုင်ရာ သေနတ်ပစ်ပြိုင်ပွဲမှာ အနိုင်ရထားတာလေ... ကောင်လေး... မင်းက သေနတ်ကိုတောင် တစ်ခါမှ မကိုင်ဖူးဘူး မဟုတ်လား..."
"ဟုတ်တယ်... ငါတို့ရဲ့ အစ်ကိုရိ ကို အနိုင်ရဖို့ မင်းမှာ အခွင့်အရေး လုံးဝမရှိဘူး..."
"တကယ်လို့ သူ တကယ်ရှုံးသွားရင် ယွမ် သန်း ၃၀၀ ထုတ်ပေးနိုင်မလားဆိုတာ ကြည့်ကြတာပေါ့..."
"..."
ကျီရွှယ်အာ ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့၏။ ချန်ဖုန်းက သခင်လေး နန်ကုန်းရိ နှင့် ယှဉ်ပြိုင်ရန် သဘောတူလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
သူမက တိုးတိတ်စွာ ပြောဆိုလိုက်သည်။
"ချန်ဖုန်း... အဆင်အခြင်မဲ့တာတွေ မလုပ်ပါနဲ့... သခင်လေး နန်ကုန်းရိ က နင် ထင်သလို ရိုးရှင်းတဲ့သူ မဟုတ်ဘူး... သူ့ရဲ့ သေနတ်ပစ်စွမ်းရည်က အရမ်းကောင်းတယ်... ငါတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး..."
ထို့အပြင် သူ၏ မိသားစု နောက်ခံကြောင့် သူသည် ငယ်စဉ်ကတည်းက သေနတ်များနှင့် အလွန် ရင်းနှီးကျွမ်းဝင်ခဲ့ပေ၏။ သူသည် မျက်စိမှိတ်ပြီးပင် သေနတ်ကို တပ်ဆင်နိုင်လေသည်။
"ဟင်..."
ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ‘ဒီကောင် နန်ကုန်းရိ ကလည်း လျှို့ဝှက်မိသားစု က ဖြစ်နေမလား…’ဟု တွေးရင်း သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ရယ်မောကာ ပြောဆိုလိုက်၏။
"ရပါတယ်... ငါလည်း သေနတ်ပစ်ကွင်း တစ်ခု လိုချင်နေတာ... ငါ ရှုံးချင်မှ ရှုံးမှာပါ... ပြီးတော့ သူလည်း နိုင်ချင်မှ နိုင်မှာလေ..."
"အရမ်း မောက်မာတာပဲ..."
သခင်လေး နန်ကုန်းရိ ၏ မျက်နှာအမူအရာမှာ အတော်လေး ကြည့်ရဆိုးနေခဲ့၏။ အကယ်၍ သူ၏ မိသားစုကသာ အပြင်တွင် ပြဿနာမရှာရန် မပြောထားခဲ့ပါက သူ၏ ဒေါသနှင့်ဆိုလျှင် အစောကြီးကတည်းက ပေါက်ကွဲနေလောက်ပြီ ဖြစ်ပေသည်။
"မင်း ဒါကို သေချာ စဉ်းစားသင့်တယ်... တကယ်လို့ မင်းရှုံးရင် ယွမ် သန်း ၃၀၀ ထုတ်ပေးနိုင်မလား..."
"ပြဿနာမရှိဘူး..."
ချန်ဖုန်းသည် အမြဲတမ်းလိုလို ဂရုမစိုက်သည့်ဟန်ဖြင့် နေနေခဲ့၏။ ယွမ် သန်း ၃၀၀ ဆိုသည်မှာ သူ့အတွက် ယွမ် ၃၀၀ မျှသာ ဖြစ်နေသည့်အလား။
"ကောင်းပြီ..."
သခင်လေး နန်ကုန်းရိ က ဖျော့တော့စွာ ပြုံးလိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကို ငွေလာပေးချင်နေသောကြောင့် သူ အလွန် ဝမ်းသာနေခဲ့၏။
"စည်းမျဉ်းတွေကို သေချာ သတ်မှတ်ကြရအောင်... ရိုးရိုးရှင်းရှင်းလေးပဲ လုပ်မယ်..."
"အပြင်ဘက်က ရွေ့လျားနေတဲ့ ပစ်မှတ်ကို မြင်လား... သေနတ်တစ်လက်၊ ကျည်ဆန် ဆယ်တောင့်၊ တပ်ဆင်တာကနေစပြီး ပစ်မှတ်ကို ထိတဲ့အထိပေါ့..."
"အချိန်အတိုဆုံးအတွင်း ပစ်မှတ်ကို အများဆုံးထိတဲ့သူက နောက်ဆုံး အနိုင်ရရှိသူပဲ..."
ထိုစကားကို ကြားလိုက်ရချိန်တွင်...
ကျီရွှယ်အာ ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
သခင်လေး နန်ကုန်းရိ သည် သေနတ်ပစ် လုပ်ငန်းနယ်ပယ်တွင် အမြန်ဆုံး သေနတ်တပ်ဆင်သူ ဖြစ်ပြီး ၎င်းက သူ့ကို ပြိုင်ဘက်များထက် အစောပိုင်း အားသာချက်တစ်ခု ပေးစွမ်းနိုင်ပေသည်။
‘ချန်ဖုန်းက သေချာပေါက် ရှုံးတော့မှာပဲ…’
သခင်လေး နန်ကုန်းရိ ၏ စွမ်းရည်များသည် ထူးခြားကြောင်း တစ်ဖက်လူအား သူမ ရှင်းလင်းစွာ ပြောပြခဲ့ပြီးဖြစ်သော်လည်း တစ်ဖက်လူက လုံးဝ ဂရုမစိုက်ခဲ့ချေ။ အခုချိန်ထိ သူက စိုးရိမ်နေတဲ့ပုံ လုံးဝမပေါ်ပေ။
ချန်ဖုန်းကို သူမ နားမလည်နိုင်တော့ကြောင်း ကျီရွှယ်အာ ရုတ်တရက် သဘောပေါက်သွားလေ၏။
တစ်နာရီခန့် အကြာက...
ချန်ဖုန်း၏ နောက်ခံကို စုံစမ်းရန် သူမ တစ်ယောက်ယောက်ကို စေခိုင်းထားခဲ့သော်လည်း ယခုအချိန်အထိ သူက အကြောင်းမပြန်သေးချေ။
အခုထိ မည်သူမှ ဖုန်းမကိုင်ပေ ဒီအချက်က ကျီရွှယ်အာ ကို ပိုပြီး သံသယဖြစ်လာစေခဲ့သည်။ ချန်ဖုန်းက အပေါ်ယံမှာ ပေါ်နေသလို တကယ်ပဲ ရိုးရှင်းရဲ့လား။ သူက တက္ကသိုလ် ကျောင်းသား ဆိုတာကော တကယ်ပဲလား။
အဲဒီလိုမှ မဟုတ်ရင် စုံစမ်းခံရတဲ့သူအကြောင်း ဘာလို့ အခုထိ သတင်းမရသေးတာလဲ။
မနေ့က ဖန်ကျိလမ်း မှာ ယာဉ်တိုက်မှုဖြစ်မယ်ဆိုတာကို သူက ဘယ်လိုလုပ် သိနေတာလဲ။
အရာအားလုံးက ကျီရွှယ်အာ ၏ သံသယများကိုသာ ပိုမို ပြင်းထန်လာစေခဲ့ပေ၏။
ဤအချိန်၌... သခင်လေး နန်ကုန်းရိ သည် လက်ကိုင်သေနတ်တစ်လက်ကို ရွေးချယ်ပြီးဖြစ်လေသည်။ ဤသေနတ်မှာ သူ၏ ကိုယ်ပိုင် အသုံးပြုရန်အတွက် ဖြစ်၏။ ၎င်း၏ ကိုင်တွယ်ရသည့် ခံစားချက်ကို စမ်းသပ်ပြီးနောက် သူက ပြောဆိုလိုက်သည်။
"ဒါပဲ..."
ချန်ဖုန်းသည် ဘေးမှ လက်ကိုင်သေနတ်တစ်လက်ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး စားပွဲပေါ်သို့ ပစ်ချကာ ပြောလိုက်၏။
"ငါ ဒါကိုပဲ သုံးမယ်..."
သခင်လေး နန်ကုန်းရိ က ပြုံးလိုက်သည်။ ချန်ဖုန်းကို ဘယ်လိုပဲကြည့်ကြည့် သေနတ်ပစ်နိုင်မည့်သူနှင့် မတူချေ။ သူသည် သူရွေးချယ်ထားသော သေနတ်ကိုပင် စမ်းသပ်မကြည့်ခဲ့ချေ။ သူက အရင်က စကားကြီးစကားကျယ်တွေ ပြောခဲ့ပေမဲ့ တကယ်တမ်းကျတော့ သူက လုံးဝ အတွေ့အကြုံမရှိတဲ့ လူသစ်တစ်ယောက်ပဲ...
သူက ယှဉ်ပြိုင်လိုစိတ်ကိုပင် ဆုံးရှုံးသွားခဲ့လေ၏။ လုံးဝ စိန်ခေါ်မှု မရှိဘူး။