← Chapters

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း (၂၇၈) လုပ်ကြံသူတစ်ယောက် ရှိနေတယ်

အိုယန်မိသားစုအိမ်သို့ ရောက်ရှိချိန်တွင် ပင်မနတ်ဘုရား လဲ့ယန်သည် ထိုနေရာ၌ စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်ပေ၏။

ချန်ဖုန်း ပြန်လာသည်ကို မြင်သောအခါ လဲ့ယန်က အလျင်အမြန် နှုတ်ဆက်လိုက်သည်။

"နန်းတော်သခင်..."

"ဘာဖြစ်လို့လဲ..."

ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။

တစ်ဖက်လူသည် ကျိုတို၌ ပုန်းအောင်းနေသော်လည်း ယေဘုယျအားဖြင့် ၎င်းတို့ကိုယ်၎င်းတို့ ထုတ်ဖော်ပြသလေ့ မရှိချေ။

လဲ့ယန်က အလျင်အမြန် ပြောဆိုလိုက်သည်။

"ကျွန်တော်တို့လူတွေက နယ်စပ်ပြင်ပမှာ ပိုင်ရိဟန်ကို လိုက်လံရှာဖွေနေကြပေမဲ့ သူက အရမ်း အစွမ်းထက်လွန်းနေတယ်... ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ငါးယောက် ဝိုင်းထားရင်တောင် သူ့ကို မယှဉ်နိုင်ကြဘူး... ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့လူတချို့ ဒဏ်ရာရခဲ့ပြီး တချို့ဆို သေတောင်သေသွားခဲ့ကြတယ်... မနေ့ကဆိုရင် သူ့ရဲ့ ခြေရာကို လုံးဝ ဆုံးရှုံးသွားခဲ့ပြီ... အခုထိ ပိုင်ရိဟန်ရဲ့ ခြေရာကို မတွေ့ရသေးဘူး..."

ပိုင်ရိဟန်။

ယခင် အဇူရာနန်းတော်သခင်။

ချန်ဖုန်း၏ ဖခင် ကွယ်လွန်ပြီးနောက် ပိုင်ရိဟန်သည် အဇူရာနန်းတော်ကို ဆယ်စုနှစ်များစွာကြာအောင် သိမ်းပိုက်ထားခဲ့လေ၏။

ချန်ဖုန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"သူက နောက်ကြောင်းပြန်လှည့်ပြီး ငါ့ကို ပစ်မှတ်ထားလာမှာကို မင်း ကြောက်နေတာလား..."

"ဟုတ်ပါတယ်..."

လဲ့ယန်က ခေါင်းညိတ်လိုက်၏။

"ကျွန်တော်တို့က သူ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့တာဆိုတော့ သူ့ရဲ့စရိုက်ကို အရမ်းကောင်းကောင်း သိပါတယ်... သူက အငြိုးအတေးကြီးတဲ့ လူမျိုးပါ... ဒီအခြေအနေကို ကြည့်ရရင် ပိုင်ရိဟန်ရဲ့ အရင်ဒဏ်ရာတွေက လုံးဝနီးပါး သက်သာသွားလောက်ပြီ..."

"သူ့ကို ဆက်ပြီး ခြေရာခံလိုက်..."

ချန်ဖုန်းက ခဏတာ တွေးတောလိုက်ပြီးနောက် ပြောဆိုလိုက်သည်။

"သူ့ရဲ့ တည်နေရာကို သိရပြီးရင် အလျင်စလို လှုပ်ရှားဖို့ မကြိုးစားနဲ့... ငါ့ကို အကြောင်းကြားဖို့ မမေ့နဲ့နော်... ပိုင်ရိဟန်မှာ အနည်းဆုံး ဧကရာဇ်အဆင့် စွမ်းအားရှိတယ်..."

"နားလည်ပါပြီ..."

ပိုင်ရိဟန်သည် အဇူရာနန်းတော်ကို ဆယ်စုနှစ်များစွာကြာအောင် ဦးဆောင်နိုင်ခဲ့ပေ၏။ အကယ်၍ တစ်စုံတစ်ယောက်၏ စွမ်းအားက မခိုင်မာပါက အောက်ဘက်ရှိ ပင်မနတ်ဘုရားဆယ်ပါးကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

ချန်ဖုန်းသည် အိုယန်မိသားစု နေအိမ်ဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်ပြီး သူ၏မျက်မှောင်များ မသိမသာ တွန့်ချိုးသွားလေသည်။ သူ၏ စွမ်းအားများ မြင့်တက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်အပေါ် ခံစားသိရှိနိုင်စွမ်းမှာလည်း အလွန်အမင်း စူးရှလာခဲ့ပေ၏။

လွန်ခဲ့သော အခိုက်အတန့်လေးက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသည်။

အလွန် တိတ်ဆိတ်လွန်းနေသည်။

ဤအချိန်၌ အဘိုးကြီးအိုယန်နှင့် အခြားသူများသည် များသောအားဖြင့် ကုမ္ပဏီကိစ္စများနှင့် အလုပ်ရှုပ်နေလေ့ရှိပြီး သူ၏အဒေါ်ဖြစ်သူက အဘွားအိုယန်ကို အပြင်ဘက်သို့ လမ်းလျှောက်ထွက်ရန် အဖော်ပြုပေးလေ့ရှိပေ၏။ အစေခံများမှလွဲ၍ တစ်အိမ်လုံးတွင် မည်သူမျှ မရှိသလောက်ပင် ဖြစ်သည်။

သို့သော် ဤမျှလောက်အထိတော့ တိတ်ဆိတ်မနေသင့်ချေ။

"ကောင်းပြီ... မင်း သွားလို့ရပြီ..."

၎င်းတို့ စကားပြောနေစဉ်မှာပင် ချန်ဖုန်းသည် အိမ်ထဲသို့ လျှောက်သွားလိုက်သည်။

လဲ့ယန်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လက်သွားပြီးနောက် သူလည်း အလျင်အမြန် ထွက်ခွာသွားလေ၏။

ထိုအချိန်၌ ချန်ဖုန်း မိခင်၏ အခန်းထဲတွင် အမှောင်ရိပ်တစ်ခု ပုန်းအောင်းနေခဲ့ပေသည်။

တစ်ဖက်လူက သူ၏ အငွေ့အသက်ကို လုံးဝ ဖုံးကွယ်ထားပြီး အသံတစ်ချက်မျှ မထွက်ခဲ့ချေ။ သူ ဤနေရာတွင် ပုန်းအောင်းနေခဲ့သည်မှာ ငါးနာရီတိတိ ရှိနေပြီ ဖြစ်၏။

ဤငါးနာရီအတွင်း ဆီးသွားချင်စိတ်ကို ပြင်းပြစွာ ခံစားနေရသော်လည်း သူက လုံးဝ မလှုပ်ရှားဘဲ အတင်းအကျပ်

ထိန်းချုပ်ထားခဲ့လေသည်။

သူ လှုပ်ရှား၍မရနိုင်ချေ။

အဘယ်ကြောင့်ဆိုသော် သူ၏ သားကောင် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေသောကြောင့်ပင်။

"ဒေါက်..."

အခန်းဆီသို့ ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရ၏။ အမျိုးသား၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း တောင့်တင်းသွားကာ အသက်ရှူနှုန်းပင် မြန်ဆန်လာခဲ့ပေသည်။

"ဒေါက်... ဒေါက်..."

ခြေသံများသည် တံခါးဝသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အခန်းထဲသို့ ဝင်လာတော့မည့်အချိန်၌ အမျိုးသား၏ လက်ထဲတွင် ဓားမြှောင်တစ်လက် ရုတ်တရက် ပေါ်လာပြီး သူ၏ အငွေ့အသက်များသည်လည်း ချက်ချင်း မြင့်တက်သွားလေ၏။

"သတ်..."

သူက တိုးတိတ်စွာ ဟိန်းဟောက်လိုက်သည်။

ထို့နောက် တံခါးဆီသို့ ချက်ချင်း ပြေးထွက်သွားလေ၏။

သို့သော် တံခါးဝသို့ ရောက်ရှိချိန်တွင် လဟာပြင်ကိုသာ သူ တွေ့ရှိလိုက်ရပြီး ခြေသံများမှာလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့ပေသည်။

‘ဘာတွေ ဖြစ်နေတာလဲ…’

မည်သို့ပင်ဆိုစေ ထိုအမျိုးသားသည် မြေကမ္ဘာလုပ်ကြံသူများစာရင်းတွင် နံပါတ်တစ် လုပ်ကြံသူဖြစ်ပြီး Seven Kills အဖွဲ့အစည်းမှာမူ ထိုစဉ်က နံပါတ်သုံးနေရာတွင်သာ ရှိခဲ့ပေသည်။

ကောင်းကင်ဘုရင်အဆင့်စာရင်းလောက် မကောင်းမွန်သော်လည်း ၎င်းတို့၏ စွမ်းအားမှာ မဆိုးရွားလှချေ။ ယခုအခါတွင်မူ ၎င်းက ပစ်မှတ်ကိုပင် မျက်ခြေပြတ်သွားခဲ့ပြီတဲ့လား။

ထိုစဉ် သူ၏အနောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

“မင်း ငါ့ကို ရှာနေတာလား…”

ချန်ဖုန်းသည် တစ်ဖက်လူ သတိမထားမိဘဲ အခန်းထဲတွင် တိတ်ဆိတ်စွာ ပေါ်လာခဲ့ပေသည်။ သူက မျက်လုံးကို မှေးကြည့်လိုက်ရင်း သူ၏ မျက်နှာအမူအရာမှာ ယုံကြည်နိုင်လောက်စရာ မရှိအောင် လှောင်ပြောင်နေသည့်ပုံ ပေါက်နေလေသည်။

"မင်း..."

အမျိုးသားသည် သူ၏ ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရပေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း ပြင်းထန်စွာ တုန်ရီသွားသည်။ သူက တစ်ဖက်လူ မည်သည့်အချိန်က ပေါ်လာခဲ့သည်ကိုပင် သူ မသိရှိခဲ့ချေ။ ဤသည်မှာ သူ့အတွက် အသက်အန္တရာယ်ရှိသော အမှားတစ်ခု ဖြစ်ပေသည်။

"နယ်စပ်ပြင်ပက လုပ်ကြံသူအဖွဲ့အစည်းလား..."

ချန်ဖုန်းက ခေါင်းမခါဘဲ မနေနိုင်ခဲ့ချေ။

"နယ်စပ်ပြင်ပ လုပ်ကြံသူအဖွဲ့အစည်းတွေကို ကောင်းကင်၊ မြေကမ္ဘာ၊ အနက်ရောင်နဲ့ အဝါရောင်ဆိုပြီး စာရင်းလေးခု ခွဲခြားထားတယ်... ပြီးခဲ့တဲ့တစ်ခေါက်က မြေကမ္ဘာစာရင်းမှာ နံပါတ်သုံးအဆင့်ရှိတဲ့ Seven Kills အဖွဲ့အစည်းကို ငါ ရှင်းလင်းပစ်ခဲ့တယ်... မင်းကရော ဘယ်အဖွဲ့အစည်းကလဲ..."

ဤစကားကို ကြားချိန်တွင် အမျိုးသားက အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်လေ၏။

သူ အသက်ပြင်းပြင်း မရှူဘဲ မနေနိုင်ခဲ့ချေ။ သူ ချက်ချင်း ထွက်ပြေးတော့သည်။ တစ်ဖက်လူမှာ အဇူရာနန်းတော်သခင် ဖြစ်နေလိမ့်မည်ဟု သူ တကယ်ပင် မထင်မှတ်ထားခဲ့ပေ။

သို့သော် ရှေ့ခြံဝင်းထဲမှ ပြေးထွက်သွားသည်နှင့် တစ်ပြိုင်နက် တံခါးဝတွင် ဓားကြီးတစ်လက်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦး စောင့်ကြပ်နေသည်ကို သူ တွေ့လိုက်ရ၏။

သူ၏ နှုတ်ခမ်းများ ထပ်မံတွန့်ကွေးသွားပြန်သည်။

‘ဘာဖြစ်သွားတာလဲ ဒီလူ ခုနလေးတင် ထွက်သွားတာကို ငါ သေချာပေါက် မြင်လိုက်ရတာလေ ဘယ်လိုလုပ် ပြန်ပေါ်လာရတာလဲ…’

သူ သွားကို တင်းတင်းကြိတ်လိုက်လေသည်။ သူ၏ အငွေ့အသက်များ အမြင့်ဆုံးအထိ ပေါက်ကွဲထွက်လာပြီး တိုးတိတ်သော ဟိန်းဟောက်သံနှင့်အတူ သူ၏လက်ထဲရှိ ဓားမြှောင်က လေထုကို ထိုးဖောက်ကာ လဲ့ယန်ထံသို့ ပြေးဝင်သွားတော့၏။

"ဟွန့်..."

လဲ့ယန်က အေးစက်စွာ နှာမှုတ်လိုက်သည်။

သူက သူ၏ ဓားကြီးကို ကန့်လန့်ဖြတ် ရမ်းခါလိုက်၏။ ပြင်းထန်သော လေပြင်းတစ်ချက် ဟိန်းဟောက်သွားပြီး ထိုအမျိုးသားအား ချက်ချင်း လွင့်စင်သွားစေခဲ့သည်။ သူ ချက်ချင်းပင် သွေးတစ်ပွက် အန်ထုတ်လိုက်ရလေ၏။

လဲ့ယန်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး သူ၏အပေါ်သို့ ပြင်းထန်စွာ နင်းကာ မေးလိုက်သည်။

"ပြောစမ်း... မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ..."

"အဲဒါ... အဲဒါက အဇူရာနန်းတော်..."

"ချီးပဲ..."

လဲ့ယန်က ထပ်မံ၍ နင်းလိုက်ပြန်၏။

"ငါက အဇူရာနန်းတော်က လူတစ်ယောက်ကွ... အဇူရာနန်းတော်သခင်ကို သတ်ဖို့အတွက် လုပ်ကြံသူတွေကို ငှားမယ်လို့ မင်း ထင်နေတာလား..."

အမျိုးသားမှာ ငိုလုနီးပါး ဖြစ်သွားလေသည်။ ‘ငါ့ရဲ့ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်တွေကိုတောင် စွန့်လွှတ်ပြီး ငါ့ရဲ့ အလုပ်ရှင်က ဘယ်သူလဲဆိုတာကို ပြောပြနေတာကို... အနည်းဆုံးတော့ ငါပြောချင်တာကို အဆုံးထိ ပြောခွင့်ပြုပါဦး…’ဟု သူ့မှာ ဝမ်းနည်းပက်လက် တွေးလိုက်၏။

ဤသို့ဖြစ်လာမည်ဟု သူ တကယ်ကို မထင်မှတ်ထားခဲ့ချေ။ ‘ငါ နောက်ဆုံးတော့ မစ်ရှင်တစ်ခု ရခဲ့ပြီ... ဒါပေမဲ့ ငါ သတ်ရမယ့်လူက အဇူရာနန်းတော်သခင် ဖြစ်နေတယ်ပေါ့လေ…’ဟု သူ့မှာ တွေးလေလေ ဝမ်းနည်းနေတော့သည်။

သူ၏ ကိုယ်ပိုင်စွမ်းအားမှာ ကောင်းကင်ဘုရင်အဆင့်တွင်သာ ရှိပေ၏။ ပင်မနတ်ဘုရားဖြစ်သော လဲ့ယန်ကိုပင် သူ အနိုင်မယူနိုင်ချေ။ အဇူရာနန်းတော်သခင်နှင့် ရင်ဆိုင်ရချိန်တွင် ထွက်ပြေးရုံမှလွဲ၍ အခြားရွေးချယ်စရာ ရှိမည် မဟုတ်ဘူး မဟုတ်လော။

အမျိုးသားက နာကျင်မှုကို အတင်းအကျပ် အောင့်ခံကာ အလျင်အမြန် ပြောဆိုလိုက်သည်။

"အဲဒါက အဇူရာနန်းတော်ရဲ့ အရင်နန်းတော်သခင် ပိုင်ရိဟန်ပါ... ပိုင်ရိဟန်ဆီကနေ မစ်ရှင်တစ်ခု ရခဲ့တာပါ... အိုယန်မိသားစု မြေးဖြစ်သူရဲ့ ခေါင်းကို ဝယ်ချင်တယ်လို့ သူပြောခဲ့တယ်..."

"ပိုင်ရိဟန်လား..."

ချန်ဖုန်းကလည်း ဖြည်းညင်းစွာ လျှောက်လာခဲ့ပေ၏။ မမျှော်လင့်ဘဲ သူက ပြဿနာသွားမရှာခဲ့သော်လည်း တစ်ဖက်လူက သူ့ကို ပြဿနာလာရှာရန် အစပျိုးခဲ့လေသည်။ ချန်ဖုန်းအား ဇဝေဇဝါဖြစ်စေခဲ့သောအရာမှာ ပိုင်ရိဟန်အနေဖြင့် သူ အလွန်အစွမ်းထက်ကြောင်း သိသင့်ပြီး အနည်းဆုံးတော့ ပင်မနတ်ဘုရားအဆင့်မဟုတ်သဖြင့် သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ကြောင်း သိထားသင့်သည်။

သို့သော် ယခုအခါတွင်မူ ၎င်းက ပင်မနတ်ဘုရားအဆင့်ပင် မရှိသော လုပ်ကြံသူတစ်ဦးကို အမှန်တကယ် ငှားရမ်းခဲ့သည်တဲ့လား။ ဤသည်မှာ သူ့အတွက် အဆက်မပြတ် ပြဿနာဖန်တီးရန်လား။

ချန်ဖုန်း မြေပြင်ပေါ်ရှိ အမျိုးသားအား နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"သူ့ကို သတ်လိုက်... ကျိုတိုက လုပ်ကြံသူ အဖွဲ့အစည်း အားလုံးကို ရှင်းလင်းပစ်..."

လဲ့ယန်က သူ၏ခြေထောက်ကို ရုတ်တရက် အားစိုက်နင်းချလိုက်သည်။ လုပ်ကြံသူ အမျိုးသားသည် ထိတ်လန့်နေသော အကြည့်များဖြင့် သူ ချက်ချင်း အသတ်ခံလိုက်ရလေ၏။

ထို့နောက် လဲ့ယန်က အလောင်းကို အလျင်အမြန် ရှင်းလင်းပစ်ပြီး ခြံဝင်းထဲသို့ ပြန်လာခဲ့သည်။

လုပ်ကြံသူ အိုယန်မိသားစုအိမ်ထဲသို့ ခိုးဝင်လာချိန်တွင် အစေခံများကို သတိလစ်ရုံသာ လုပ်ခဲ့ပြီး မည်သူမျှ မသေဆုံးခဲ့ချေ။

"နန်းတော်သခင်... စီစဉ်မှုတွေ အကုန်လုံး လုပ်ပြီးသွားပါပြီ... လက်ရှိအချိန်အထိ ကျိုတိုကို ခိုးဝင်လာတဲ့ လုပ်ကြံသူ သိပ်အများကြီး မရှိသေးပါဘူး... ကြည့်ရတာ ပိုင်ရိဟန်က ခင်ဗျားကို တကယ် သတ်ချင်တဲ့ ရည်ရွယ်ချက် မရှိဘူးနဲ့တူတယ်..."

ချန်ဖုန်းက ခေါင်းခါကာ ပြောလိုက်၏။

"သာမန်လုပ်ကြံသူတွေက ငါ့အတွက် အသုံးမဝင်ဘူးဆိုတာ သူ သိတယ်လေ... ဒီအချိန်အတွင်းမှာ သူ လုပ်စရာ တခြားကိစ္စတွေ ရှိနေလောက်တယ်... အဲဒါကြောင့် ငါ့ကို အလုပ်ရှုပ်နေအောင် လုပ်ကြံသူတွေကို သုံးနေတာပဲ... အဲဒီလိုဆိုရင် သူ့ကို ရင်ဆိုင်ဖို့ ငါ့မှာ ခွန်အားရှိတော့မှာ မဟုတ်ဘူး…”

ထို့နောက် သူက အေးစက်စွာ နှာမှုတ်လိုက်သည်။

"ဒီနေ့ကစပြီး ပိုင်ရိဟန်ရဲ့ မစ်ရှင်ကို ယူရဲတဲ့ ဘယ်သူမဆို ငါနဲ့ သေခန်းပြတ်ရန်သူ ဖြစ်လာလိမ့်မယ်ဆိုပြီး သတင်းထုတ်ပြန်လိုက်မယ်... ပြီးတော့ နောက်ထပ် သတင်းတစ်ခု ထပ်ပို့မယ်... ပိုင်ရိဟန်ရဲ့ ခေါင်းအတွက် ယွမ်သန်းတစ်သောင်း ပေးဖို့ ငါ ဆန္ဒရှိတယ်လို့... သူက ငါ့ကို အခက်တွေ့အောင် လုပ်နေတာဆိုတော့ သူ့ကိုလည်း ဒုက္ခရောက်အောင် ငါ လုပ်ပေးမယ်..."

"နားလည်ပါပြီ..."

လဲ့ယန်ကလည်း ချက်ချင်း အလျင်အမြန်ပင် အမိန့်ပေးလိုက်လေသည်။

All Chapters