အခန်း ၃၂၆
Vol. 33 Ch. 326
အခန်း ၃၂၆ - ရွှမ်ယွမ် နန်းတော် ပွင့်လန်းလာခြင်း
မူလက ဗလာကျင်းနေသော လေဟာနယ်ကြီးမှာ အက်ကွဲပြိုဆင်းသွားပြီး ရူးသွပ်ကြမ်းတမ်းသော စွမ်းအားများ လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။
ရွှေရောင် အလင်းတန်းများ စုဆောင်းလာပြီး ပင်လယ်သမုဒ္ဒရာကြီးအလား ကျယ်ပြန့်ခမ်းနားလှသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ပြိုကွဲသွားသော လေဟာနယ်ထဲမှ ပိုမို ခမ်းနားကြီးကျယ်သော နန်းတော်ကြီးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။
ထက်မြက်ပြီး လွှမ်းမိုးချုပ်ချယ်နိုင်သော စွမ်းအားများကြောင့် ဤလေဟာနယ်ကြီးမှာ လုံးဝ တောင့်ခံနိုင်စွမ်းမရှိဘဲ ဤရူးသွပ်ကြမ်းတမ်းမှုအောက်တွင် တစ်ကြိမ်ပြီးတစ်ကြိမ် ပြိုကွဲပျက်စီးနေရသည်။
နန်းတော်ကြီး၏ ပတ်ပတ်လည်တွင် မြူခိုးငွေ့များ လှည့်ပတ်နေပြီး တောက်ပသော ကြယ်အလင်းရောင်များဖြင့် တန်ဆာဆင်ထားကာ ခမ်းနားထည်ဝါပြီး လေးနက်သော အရှိန်အဝါများက မျက်နှာဆီသို့ ရိုက်ခတ်လာသည်။
အပေါ်ဘက်တွင် ရွှေရောင်တောက်ပနေသော 'ရွှမ်ယွမ် နန်းတော်' ဟူသည့် စာလုံးကြီးသုံးလုံးက အမြင့်ဆုံးသော ဘုန်းတန်ခိုးအာဏာကို ဖြာထွက်နေပြီး ၎င်း၏ ထက်မြက်မှုကို မည်သူမျှ တည့်တည့်မကြည့်ရဲအောင် ဖြစ်စေသည်။
"ဒါ... ဘာတွေဖြစ်နေတာလဲ..."
ဤမြင်ကွင်းကြောင့် နောက်လိုက်များမှာ အနည်းငယ် ထိတ်လန့်သွားကြသည်။
"ရွှမ်ယွမ် နန်းတော်... ကြည့်ရတာ နောက်ခံက သာမန်မဟုတ်ဘူးပဲ..."
"စုစုပေါင်း အထပ် ကိုးဆယ့်ကိုးထပ် ရှိတယ်... ငါတို့ ဝင်ရမှာလား..."
"မရဘူး... ငါ ခုနလေးတင် စမ်းကြည့်ပြီးပြီ... ဘာလို့လဲတော့ မသိဘူး ဝင်ပေါက်က မပွင့်သေးဘူး..."
ရုတ်တရက် ထွက်ပေါ်လာသော နန်းတော်ကြီး၏ အဆုံးအစမဲ့ ဖိအားကြောင့် သူတို့မှာ မိမိကိုယ်ကို သေးငယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရချိန်တွင် လူတိုင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ သေချာပေါက် အံ့အားသင့်သွားခြင်းပင် ဖြစ်သည်။
ထို့နောက် ၎င်းအတွင်းမှ အကျိုးအမြတ် တစ်ခုခု ရရှိနိုင်မလား ဟူ၍ တွေးတောမိကြခြင်းမှာ မွေးရာပါ တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။
သို့သော် ဝင်ပေါက်မှ ဝင်ရောက်၍ လုံးဝ မရနိုင်ကြောင်း သူတို့ တွေ့ရှိသွားကြသည်။
'ဒါက ဒီမစ်ရှင်နဲ့များ သက်ဆိုင်နေမလား...'
ကျိုးဟန် ခန့်မှန်းတွေးတောနေစဉ် သူလည်း အနည်းငယ် နားမလည်နိုင်ဖြစ်ကာ မစ်ရှင် ဇယားကွက်ကို အလျင်စလို ဖွင့်၍ ကြည့်ရှုလိုက်သည်။
[မစ်ရှင် - ရွှမ်ယွမ် ဧကရာဇ်မင်း ၏ စမ်းသပ်မှု (၁)]
[မစ်ရှင် ဖော်ပြချက် - သင်၏ အံ့မခန်း စွမ်းဆောင်ရည် များကြောင့် ရွှမ်ယွမ် ဧကရာဇ်မင်း ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့ပါသည်... ယခု ရွှမ်ယွမ် နန်းတော် ၏ ဝင်ပေါက်ကို ဖွင့်လှစ်ပြီး ၎င်းအတွင်းသို့ ဝင်ရောက်ကာ အထပ် ၉၉ ထပ်သို့ အောင်မြင်စွာ ရောက်ရှိမှသာ မစ်ရှင် ပြီးမြောက် အောင်မြင်မည် ဖြစ်ပါသည်]
[မစ်ရှင် အချိန်ကန့်သတ်ချက် - ၈ နာရီ]
[မစ်ရှင် ဆုလာဘ် - ဖြတ်ကျော်နိုင်မှု စွမ်းဆောင်ရည် အပေါ် မူတည်၍ သင့်လျော်သော အမှတ်ပေး အကဲဖြတ်မှု ကို ရရှိမည် ဖြစ်ပါသည်... အကဲဖြတ်မှု အဆင့်များကို A မှ SSS အဆင့် အထိ ခွဲခြားထားပြီး အဆင့်မြင့်လေလေ ဆုလာဘ် ပိုမို ကြီးမားလေလေ ဖြစ်ပါသည်]
[သတိပေးချက် - အကဲဖြတ်မှု အဆင့် SSS သို့ ရောက်ရှိပါက လျှို့ဝှက် ဆုလာဘ် များကို ရရှိမည် ဖြစ်သဖြင့် မိမိ၏ စွမ်းအားများကို လုံးဝ ဖုံးကွယ် မထားပါနှင့်]
'ထင်တဲ့အတိုင်းပဲ... ရွှမ်ယွမ် နန်းတော် ထွက်ပေါ်လာတာက ဒီမစ်ရှင် အတွက် သီးသန့် ဖန်တီးထားတာပဲ...'
မစ်ရှင် ဖော်ပြချက်ကို မြင်တွေ့လိုက်ရချိန်တွင် အခြားသူများ ဝင်ပေါက်ကို အဘယ်ကြောင့် ဖွင့်မရသနည်း ဆိုသည်ကို ကျိုးဟန် နားလည်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့တွင် ရွှမ်ယွမ် ဧကရာဇ်မင်း ၏ စမ်းသပ်မှုကို ခံယူရန် အရည်အချင်း မရှိသောကြောင့် ပင်ဖြစ်သည်။
ယခု လုပ်ဆောင်ရမည့် အရာမှာ ရွှမ်ယွမ် နန်းတော် ကို ဖွင့်လှစ်ပြီး မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်ပင် ဖြစ်သည်။
"စနစ်... ဝင်ပေါက်ကို ဘယ်လို ဖွင့်ရမလဲ..."
ဝင်ပေါက် နေရာသို့ ရောက်ရှိသွားချိန်တွင် ၎င်းအပေါ်၌ နက်နဲဆန်းကြယ်လှသော ရှေးဟောင်း အစီအရင် တစ်ခု ရှိနေလေသည်။
[အလွန် လွယ်ကူပါသည်... သင်၏ ခန္ဓာကိုယ် အတွင်းရှိ ပြည့်ဝသော အစစ်အမှန် နဂါး သွေးမျိုးဆက် ကို အသက်ဝင်စေပြီး အစီအရင် အတွင်းသို့ ထည့်သွင်းပေးလိုက်ရုံသာ ဖြစ်ပါသည်]
"ကောင်းပြီ..."
ကျိုးဟန် ခေါင်းညိတ်လိုက်ပြီး မုန်တိုင်း နဂါးဘုရင် ၏ စွမ်းအားများကို လှုံ့ဆော်လိုက်လေသည်။
"ဝုန်း"
နောက်တစ်စက္ကန့်တွင် မိုးကြိုးပစ်လွှတ်လိုက်သကဲ့သို့ လေးလံသော အသံကြီး ထွက်ပေါ်လာပြီး ပေတစ်ရာခန့် မြင့်မားသော ကြေးဝါ တံခါးကြီး နှစ်ချပ်မှာ ဖြည်းညှင်းစွာ ပွင့်ဟလာလေသည်။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံ တစ်ခုလုံးတွင် အလင်းတန်းများ လှုပ်ရှားသွားပြီး ကောင်းကင် အထက်သို့ တိုက်ရိုက် ထိုးတက်သွားလေသည်။
ရွှေရောင် အလင်းတန်းများ စုစည်းသွားကာ ဝေဝါးသော ပုံရိပ်ယောင် တစ်ခု ကောင်းကင်ထက်တွင် မတ်မတ်ရပ်နေပြီး အမြင့်ဆုံးသော လွှမ်းမိုးချုပ်ချယ်မှုများ ပါဝင်နေကာ ဤကောင်းကင်နှင့် မြေကြီး၏ ဘုရင်ကြီး တစ်ပါးအလား ငြင်းဆန်၍ မရနိုင်သော စိတ်ဆန္ဒများကို ပိုင်ဆိုင်ထားလေသည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် တောင်တန်း မြစ်ပြင်များ ပြိုကွဲသွားပြီး ကြယ်တာရာများ တုန်လှုပ်သွားလေသည်။
ဤကဲ့သို့ လွှမ်းမိုးချုပ်ချယ်မှုနှင့် ဘုန်းတန်ခိုးအာဏာကြီးမားမှုက ရှိုးလော် တစ္ဆေနယ်မြေ တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့လေသည်။
မကြာမီ နေရာတိုင်းမှ မတူညီသော အံ့သြ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
"ဟိုး... ဘုရားရေ..."
"ဘာတွေ ဖြစ်နေတာလဲ... အရမ်း အစွမ်းထက်တဲ့ စွမ်းအားကြီး ပါလား..."
"အံ့မခန်းပဲ... ဒီလို စွမ်းအားမျိုးက အထွတ်အထိပ် အဆင့် အစွမ်းထက်သူတွေပဲ ပိုင်ဆိုင်နိုင်တာ ဖြစ်မယ်..."
"ကောင်းကင်ကနေ ထူးခြားတဲ့ မြင်ကွင်းတွေ ပေါ်လာပြီ... အစွမ်းထက်တဲ့ ရတနာ တစ်ခုခု ထွက်ပေါ်လာတာ ဖြစ်မယ်..."
"သွားကြစို့... အကျိုးအမြတ် တစ်ခုခု ရနိုင်မလား သွားကြည့်ကြရအောင်..."
"ဟားဟား... ကြီးမားတဲ့ ကံကြမ္မာ အခွင့်အရေး ကြီးပဲ... ဒါ ငါတို့ ဂျပန် လူမျိုးတွေ ပိုင်ဆိုင်ရမယ့် အရာပဲ..."
"ရတနာတွေက ငါတို့ ကိုရီးယား နိုင်ငံက ပိုင်ဆိုင်တာ... ငါတို့ ခွန်းဂျီယောင်းပဲ ပိုင်ဆိုင်ဖို့ ထိုက်တန်တယ်..."
ထို့နောက် ဝင်ရောက်လာသော ကစားသမား အားလုံး၏ ပစ်မှတ်မှာ တစ်ခုတည်းသာ ဖြစ်သွားပြီး ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် ရှိရာ အရပ်သို့ တိုက်ရိုက် ဦးတည် ပြေးလွှားလာကြလေသည်။
နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့် ဤကဲ့သို့ ထူးခြားသော မြင်ကွင်းမျိုးမှာ သဘာဝကျကျပင် သာမန် မဟုတ်နိုင်ရာ လူတိုင်းက လက်လွတ်ခံမည် မဟုတ်ပေ။
အကယ်၍ ကံကောင်းမှုများ ပေါက်ကွဲထွက်လာပြီး ကံကြမ္မာ အခွင့်အရေး တစ်ခုခု ရရှိသွားပါက တိုက်ရိုက် ကောင်းကင် ပျံတက်သွားမည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် ရှိုးလော် တစ္ဆေနယ်မြေ မှ ဒေသခံများမှာလည်း သည်းခံနိုင်စွမ်း မရှိတော့ချေ။
စွမ်းအား မြင့်မားသူ ဖြစ်လေလေ ထိုစွမ်းအင်၏ ကြောက်မက်ဖွယ် ကောင်းပုံကို ပိုမို နားလည် သဘောပေါက်လေလေ ပင်ဖြစ်သည်။
"သွေးတစ္ဆေ ဂိုဏ်းက အကြီးအကဲတွေ အားလုံး စုဝေးကြ..."
"ဒီလို ထူးခြားတဲ့ မြင်ကွင်းမျိုး ရှိုးလော် တစ္ဆေနယ်မြေမှာ ထွက်ပေါ်လာမှတော့ ငါတို့ တစ္ဆေ နတ်ဘုရား နန်းတော်က သေချာပေါက် ရယူရမယ်..."
"တစ္ဆေ လောက ဧကရာဇ် မင်းဆက်က စစ်သူကြီးတွေ အားလုံး သတ်မှတ်ထားတဲ့ နေရာမှာ စုဝေးကြ..."
အင်အားစု အသီးသီးမှ လူများမှာ လက်သီးလက်မောင်း တန်းကာ ဝေစု တစ်ခု ရယူနိုင်ရန် ပြင်ဆင်နေကြလေသည်။
"အစ်ကိုကြီး... အပြင်ဘက်မှာ လူတွေ အများကြီး ရောက်လာကြပြီ..."
"တစ္ဆေ နယ်မြေက လူတွေလည်း ပါသလို ကစားသမား တချို့လည်း ပါတယ်..."
ကျန်းရှောင်ပိုင်က အလျင်စလို သတင်းပို့လိုက်လေသည်။
သူတို့သည် ခုနလေးတင် ကျိုးဟန်၏ ပါးစပ်မှတစ်ဆင့် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို သိရှိထားကြသဖြင့်...
ယခုအခါ ကျိုးဟန်၏ မစ်ရှင် အတွက် အနည်းငယ် စိုးရိမ် ပူပန်နေကြလေသည်။
မည်သို့ပင်ဆိုစေ ဤကဲ့သို့ ကျယ်ပြန့်သော ထူးခြားသည့် မြင်ကွင်းမျိုးက ပေးစွမ်းနိုင်သော တုန်လှုပ်မှုမှာ အလွန် ကြီးမားလှသဖြင့် မြောက်မြားစွာသော လူများကို ဆွဲဆောင်နိုင်မည်မှာ သေချာလှပေသည်။
လူများလာသည်နှင့်အမျှ အပြောင်းအလဲ များစွာလည်း ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလား။
"ကိစ္စမရှိဘူး... သူတို့ကို လာခိုင်းလိုက်ပါ..."
ကျိုးဟန်က လက်ဝှေ့ယမ်းပြလိုက်ပြီး ထိုနေရာတွင် တင်ပျဉ်ခွေ ထိုင်နေကာ သူ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာ ပြောင်းလဲမှုမျှ မရှိချေ။
တစ္ဆေ နယ်မြေ အတွင်း၌ အစွမ်းထက်သူ များစွာ ရှိနေမည်မှာ သေချာလှပေသည်။
ဤသည်က မစ်ရှင်၏ အခက်အခဲကို ပိုမို မြင့်မားသွားစေမည် ဖြစ်သော်လည်း...
ကျိုးဟန် အနေဖြင့် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ဆန့်ကျင်ဘက် အနေဖြင့် ခန္ဓာကိုယ် အတွင်းရှိ သွေးများမှာ ပိုမို ပူလောင် ဆူပွက်နေလေသည်။
အစစ်အမှန် အစွမ်းထက်သူ တစ်ယောက် ဆိုသည်မှာ စိန်ခေါ်မှုများကို ကြောက်ရွံ့မည် မဟုတ်ဘဲ ရေတွက်၍ မရနိုင်သော အရိုးစုများ အပေါ်တွင် နင်းလျှောက်ပြီးမှသာ ဘုရင် ပလ္လင် ပေါ်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါလား။
ထို့အပြင် ဤအခွင့်အရေးကို အသုံးချကာ သူ၏ ဝိညာဉ် တံခွန် အတွက် အဓိက ဝိညာဉ် နေရာများကို ကောင်းစွာ ဖြည့်တင်းနိုင်မည် ဖြစ်လေသည်။
စနစ်၏ အသိပေးချက် အရ ရွှမ်ယွမ် နန်းတော် ပွင့်လန်းလာပြီးနောက် ဝင်ရောက်နိုင်ရန် နာရီဝက်ခန့် စောင့်ဆိုင်းရမည် ဖြစ်သဖြင့်သာ...
ကျိုးဟန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက အစောကတည်းက ဝင်ရောက်သွားခဲ့ပြီ ဖြစ်လေသည်။
"ဟင်... မင်းက ဟန်အစ်ကိုလား..."
"မင်း ဘယ်လိုလုပ် ဒီလောက် စောစော ရောက်နေတာလဲ..."
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး အသံထဲတွင် အနည်းငယ် တွေဝေ တုံ့ဆိုင်းနေမှုများ ပါဝင်နေလေသည်။
အဓိက အကြောင်းရင်းမှာ ကျိုးဟန်သည် မုန်တိုင်း နဂါးဘုရင်၏ သွေးမျိုးဆက်ကို နိုးထစေခဲ့ပြီးနောက် သူ၏ ကိုယ်နေဟန်ထားမှာ ပိုမို လွှမ်းမိုးချုပ်ချယ်လိုသော အသွင်သို့ ပြောင်းလဲသွားသဖြင့် ရုတ်တရက် မှတ်မိရန်ပင် ခက်ခဲနေသောကြောင့် ပင်ဖြစ်သည်။
ကျိုးဟန် ဘာမှ မပြောတော့ချေ။ ဤ ရွှမ်ယွမ် နန်းတော် ကြီးကို သူကိုယ်တိုင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ရာ သူ မစောဘဲ မည်သူ စောမည်နည်း။
မော့ကြည့်လိုက်ရာ လူတစ်စု ရောက်ရှိလာပြီး ဦးဆောင်လာသူ အချို့ကို သူ အနည်းငယ် မှတ်မိနေလေသည်။ ၎င်းတို့မှာ ဒေသ ၇၀၀ မှ ကျောက်ရီထျန်း ၊ လုံအောက် ၊ လျန်ဖေးဖန် ၊ ရဲ့လျန် ညီအစ်ကို လေးယောက် ပင်ဖြစ်သည်။
"ကျွတ် ကျွတ် ကျွတ်... ဟန်အစ်ကိုက တစ်နေ့တခြား ပိုချောလာပါလား..."
ရဲ့လျန်က ပြုံး၍ ပြောလိုက်လေသည်။ သူကိုယ်တိုင်လည်း အတော်လေး ချောမောသော်လည်း ကျိုးဟန်နှင့် နှိုင်းယှဉ်လိုက်ချိန်တွင် အရောင်အဝါ မှေးမှိန်သွားရလေသည်။
"ဟန်အစ်ကို... မင်းရဲ့ စွမ်းအားတွေ ပိုပြီး အစွမ်းထက်လာတဲ့ ပုံပဲ..."
"ငါတို့ ညီအစ်ကို လေးယောက်ရဲ့ စွမ်းအားတွေကလည်း အလျင်အမြန် တိုးတက်လာခဲ့တယ်..."
"ငါတို့ အမြဲတမ်း ဟန်အစ်ကို ဆီကနေ အကြံဉာဏ် တောင်းချင်နေတာ... ငါတို့ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
လုံအောက်က ပြုံး၍ ပြောလိုက်လေသည်။
မြေအောက် နန်းတော် အပျက်အစီး အတွင်း၌ ကျိုးဟန်၏ အစွမ်းထက်မှုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးနောက် ကျိုးဟန်သည် သူတို့ အမီလိုက်ရန် ရည်မှန်းထားသော ပစ်မှတ် တစ်ခု ဖြစ်လာခဲ့လေသည်။ ထို့ကြောင့် ဤကဲ့သို့ အကြံဉာဏ် တောင်းခံရန် သူတို့ အလွန် လိုလားနေကြခြင်း ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း ကံကြမ္မာ အခွင့်အရေး များစွာကို ရရှိခဲ့ပြီး တိုက်ခိုက်ရေး စွမ်းအားများ ကြီးမားစွာ မြင့်တက်လာခဲ့သဖြင့် သူတို့ လေးယောက် ပူးပေါင်း တိုက်ခိုက်မည် ဆိုပါက အရေးနိမ့်မည် မဟုတ်ဟု ထင်မှတ်ထားသောကြောင့် ပင်ဖြစ်သည်။
"မင်းတို့ သေချာပြီလား... ငါ့ဆီကနေ အကြံဉာဏ် တောင်းချင်တာ..."
ကျိုးဟန် အနည်းငယ် စကားပြောရခက်သွားပြီး အရှေ့ရှိ ညီအစ်ကို လေးယောက်ကို တစ်ချက် အကဲခတ် ကြည့်လိုက်လေသည်။ ကိုယ်ပေါ်ရှိ ဝတ်စုံများမှာ ဘုရင်အဆင့် အရည်အသွေး သာ ရှိပြီး မှော်လက်နက် အချို့မှာတော့ အရည်အသွေး မဆိုးလှချေ။
သို့သော် သာမန် ယှဉ်ပြိုင် တိုက်ခိုက်မှုတွင် သဘာဝကျကျပင် မှော်လက်နက်များကို အသုံးပြုမည် မဟုတ်ချေ။
ဤသို့ဆိုလျှင် သူ၏ အဖွဲ့ထဲမှ နောက်လိုက် တစ်ယောက်ကို ကျပန်း ဆွဲထုတ်လိုက်လျှင်ပင် သူတို့ကို အသေအလဲ ရိုက်နှက်နိုင်မည် ပင်ဖြစ်သည်။