← Chapters

အခန်း ၅၂၇

Vol. 53 Ch. 527

အခန်း ၅၂၇

Vol. 53 Ch. 527

အခန်း (၅၂၇)

ကလေးငယ်များ၏ စိတ်ခံစားချက်ဆိုသည်မှာ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာတတ်သလို လျင်မြန်စွာပင် ပျောက်ကွယ်သွားလေ့ရှိပေသည်။

နောက်တစ်နေ့ နံနက်ခင်းအရုဏ်တက်ချိန်၌ ထုရှန်းကျင်းစီသည် သူမ၏ခံစားချက်များကို ဘေးဖယ်ထားလိုက်ပြီး စာသင်ကြားရန်အတွက် ချန်းရွှယ်တောင်ထွတ်ဆီသို့ ထွက်ခွာလာခဲ့လေ၏။

သူမ၏ စာကြည့်ဆောင်အစေခံဖြစ်သော ရှောင်မိုအနေဖြင့်လည်း သဘာဝကျစွာပင် နောက်မှ လိုက်ပါသွားရချေပြီ။

ချန်းရွှယ်တောင်ထွတ်ပေါ်တွင် မိစ္ဆာမျိုးနွယ် ကလေးငယ်များဖြင့် ပြည့်နှက်နေပြီး ချန်းရွှယ်စာသင်ဆောင်က အခြေခံပညာရပ်များကို သင်ကြားပေးလေသည်။

ဤမိစ္ဆာမျိုးနွယ် မျိုးဆက်သစ်လူငယ်များက လုံလောက်စွာ သင်ယူတတ်မြောက်သွားသည်နှင့်တပြိုင်နက် ပိုမိုမြင့်မားနက်နဲသော အသိပညာရပ်များကို ဆက်လက်သင်ယူရန် အခြားသော တောင်ထွတ်များဆီသို့ ပြောင်းရွှေ့သွားကြမည် ဖြစ်ပေသည်။

စာသင်ဆောင်အတွင်း၌ ထုရှန်းကျင်းစီသည် သူမနှင့်ရွယ်တူ ကလေးငယ်များစွာကို တကယ်ပင် မြင်တွေ့လိုက်ရလေ၏။

ယောကျ်ားလေးများရော မိန်းကလေးများပါ ပါဝင်နေချေပြီ။

ဤမိစ္ဆာကလေးငယ်များသည် မိစ္ဆာနိုင်ငံတော်၏ တော်ဝင်မိသားစုမှ မျိုးဆက်များဖြစ်စေ (သို့မဟုတ်) ဂိုဏ်းချုပ်အသီးသီး၏ ကလေးများဖြစ်စေ တစ်ခုမဟုတ် တစ်ခုဖြစ်ကြပြီး သူတို့၏ သွေးဆက်နွယ်မှုများက အလွန်အမင်း အထင်ကြီးလောက်စရာ ကောင်းနေလေတော့သည်။

ထုရှန်းကျင်းစီသည် သူမ၏မွေးနေ့ပွဲသို့ တက်ရောက်ခဲ့ကြသော ချန်ကျွယ်၊ မီးမိစ္ဆာနိုင်ငံတော်၏ ပထမမင်းသား လိုဟော် နှင့် လဲ့ဟောက်ဂိုဏ်းချုပ်၏ ရင်းနှီးသောတပည့်ဖြစ်သည့် လဲ့ချိုး တို့ကိုပင် မြင်တွေ့လိုက်ရပေသည်။

ထုရှန်းကျင်းစီကို မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးများက အံ့အားသင့်ဝမ်းသာမှုများဖြင့် တောက်ပသွားကြပြီး သူမကိုနှုတ်ဆက်ရန် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ထွက်လာခဲ့ကြလေ၏။

စာသင်ဆောင်အတွင်းရှိ အခြားသော ကလေးငယ်များကလည်း သူတို့၏အကြည့်များကို ထုရှန်းကျင်းစီထံသို့ လှည့်လာကြချေပြီ။

အခြားသော မိစ္ဆာမျိုးနွယ် မိန်းကလေးငယ်များပင်လျှင် ထုရှန်းကျင်းစီက လှပကြောင်း တွေးတောမိကြလေသည်။

ရုပ်ဆင်းသဏ္ဌာန်လှပသော ကလေးငယ်များသည် ယေဘုယျအားဖြင့် သူငယ်ချင်းဖွဲ့လိုသူ ပေါများတတ်သည် မဟုတ်ပါလော။

သူတို့အိမ်မှ လူကြီးများက ထုရှန်းကျင်းစီနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် အထူးတလည် မှာကြားထားခဲ့ခြင်းကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ထို့ကြောင့် ထုရှန်းကျင်းစီကို မြင်သည်နှင့်တပြိုင်နက် ဤကလေးငယ်များအားလုံးက သူမနှင့် စကားမည်သို့စမည်ကို တွေးတောနေကြလေတော့သည်။

သို့သော် သူတို့အတွက် ထူးဆန်းနေသည်မှာ သူမ၏အနောက်မှ စာကြည့်ဆောင်အစေခံက ဘာကြောင့် လူသားမျိုးနွယ်တစ်ဦး ဖြစ်နေရသနည်းဆိုသည့် အချက်ပင် ဖြစ်ပေသည်။

သို့ရာတွင် ဝန်ခံရမည်ဆိုလျှင်။

ထိုလူသားမှာလည်း ရုပ်ရည်သန့်စင်လေ၏။

သို့တိုင်အောင် သူက မည်မျှပင် ရုပ်ရည်သန့်စင်နေပါစေ သာမန်လူသားတစ်ယောက်မျှသာ ဖြစ်ချေပြီ။

များမကြာမီ ချန်းရွှယ်တောင်ထွတ်တစ်ခွင်သို့ ခေါင်းလောင်းသံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ဆရာဖြစ်သူက စာသင်ဆောင်အတွင်းသို့ အချိန်ကိုက် ဝင်ရောက်လာလေတော့သည်။

ဤဆရာသည် စာပေတာအိုကံကြမ္မာကို ပိုင်ဆိုင်ထားသော်ငြားလည်း သူ၏နဖူးထက်ရှိ ဦးချိုများက သူ၏မိစ္ဆာမျိုးနွယ် အမှတ်အသားကို ဖော်ပြနေပေသည်။

ရှောင်မိုနှင့် အခြားသော အစေခံများမှာ ခန်းမအတွင်း၌ စာသင်ကြားခွင့်မရှိသဖြင့် သူတို့သည် ခြံဝင်းအပြင်ဘက်သို့ထွက်ကာ အပြင်မှနေ၍သာ နားထောင်ရလေ၏။

အတွင်းဘက်မှ ဆရာဖြစ်သူ၏ သင်ကြားပို့ချချက်ကို နားထောင်နေရင်းဖြင့် ရှောင်မိုက အခြားအစေခံများကိုလည်း အာရုံစိုက်နေခဲ့ချေပြီ။

ထိုအစေခံများအားလုံးက ရှောင်မိုအား အထင်သေးရွံရှာသော အကြည့်များဖြင့် ကြည့်ရှုနေကြလေသည်။

သူ၏လူသားဖြစ်တည်မှုကို သူတို့က အထင်အမြင်သေးနေကြကြောင်း ရှောင်မို သိရှိထားပေသည်။

ဤခံစားချက်မှာ ပုံမှန်အားဖြင့် ထမင်းစားပွဲပေါ်တွင် ဟင်းလျာတစ်ခုအဖြစ် ပါဝင်နေကျအရာတစ်ခုက ရုတ်တရက် အကြောင်းပြချက်မရှိဘဲ သူတို့ဘေးရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်နေသည်နှင့် တူညီနေလေတော့သည်။

သူတို့သာ ထုရှန်းအိမ်တော်ကို ပြစ်မှားမိမည်ကို မကြောက်ရွံ့ကြဘူးဆိုပါက သူ၏အပေါ် ပြဿနာရှာရန် သေချာပေါက် ကြိုးစားပြီးလောက်ပြီဖြစ်ကြောင်း ရှောင်မို ခံစားမိလိုက်လေ၏။

သူ၏စိတ်ကို စုစည်းလိုက်ပြီးနောက် ရှောင်မိုက စာသင်ဆောင်အတွင်းသို့ ကြည့်ရှုလိုက်ကာ ဆရာဖြစ်သူ၏ သင်ခန်းစာများကိုသာ ဆက်လက်နားထောင်နေလိုက်ချေပြီ။

သူမ၏စားပွဲတွင် ထိုင်နေသော ထုရှန်းကျင်းစီသည် အစပိုင်း၌ အာရုံစိုက်၍ နားထောင်နေခဲ့သော်လည်း များမကြာမီမှာပင် ငြီးငွေ့လာလေတော့သည်။

"ဆရာပြောတဲ့ စကားလုံးတိုင်းကို ငါက ရှင်းရှင်းလင်းလင်း နားလည်နိုင်ပေမဲ့ ဘာဖြစ်လို့ အဲဒါတွေကို ပေါင်းစပ်လိုက်တဲ့အခါကြမှ ငါ နားမလည်နိုင်တော့တာလဲ"

ထုရှန်းကျင်းစီက သူမ၏မေးစေ့လေးကို ထောက်ထားလိုက်ရာ သူမ၏မျက်နှာထားက အနည်းငယ် ညှိုးငယ်နေပုံရပေသည်။

များမကြာမီ ထုရှန်းကျင်းစီသည် သူမ၏အကြည့်များကို ရှောင်မိုထံသို့ ရွှေ့လိုက်ပြီး သူ့အား လျှို့ဝှက်စွာ လက်လှမ်းပြလိုက်လေ၏။

ယင်းကိုမြင်သောအခါ ရှောင်မိုက အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ထုရှန်းကျင်းစီကို သင်ခန်းစာအပေါ် အာရုံစိုက်ရန် အချက်ပြသည့်အနေဖြင့် ခေါင်းခါယမ်းပြလိုက်ချေပြီ။

သို့သော် ထုရှန်းကျင်းစီက နှာမှုတ်လိုက်ပြီး သူမ၏မေးစေ့ကို မော့ကာ ဖြူဖွေးနူးညံ့သော လက်ကလေးကို ဆန့်တန်းလိုက်ပြီး ရှောင်မိုနှင့် ငါးလုံးတန်း ကစားလိုနေလေတော့သည်။

ကျင်းစီ၏ ကစားချင်နေသော ဟန်ပန်ကိုမြင်သောအခါ ရှောင်မိုက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူမကို မသိချင်ယောင်ဆောင်ကာ ဆရာ၏သင်ခန်းစာအပေါ်၌သာ ကိုယ်တိုင် ဆက်လက်အာရုံစိုက်နေလိုက်ပေသည်။

"တကယ်ပါပဲ... အဲဒီမှာ နားထောင်စရာ ဘာရှိလို့လဲ။ ရှောင်မိုက ဘာလို့ ဒီလောက်တောင် အလေးအနက်ထားနေရတာလဲ။ နင်က အနာဂတ်မှာ မိန်းကလေးတွေ လှည့်စားတာခံရမှာကို ကြောက်နေလို့လား"

ထုရှန်းကျင်းစီက သူမ၏နှုတ်ခမ်းလေးကို ဆူလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်လေ၏။

သို့ရာတွင် ရှောင်မိုက သူမကို ဂရုမစိုက်သဖြင့် သူမလည်း အလေးအနက်သာ ဆက်လက်နားထောင်နေရလေတော့သည်။

သို့သော် ဆရာဖြစ်သူ၏ အသံက သိပ်ချော့တေးတစ်ပုဒ်အလား ဖြစ်နေသဖြင့် ထုရှန်းကျင်းစီကို အိပ်ငိုက်လာစေချေပြီ။

များမကြာမီမှာပင် ထုရှန်းကျင်းစီ၏ ခေါင်းလုံးလုံးလေးက ကြက်ကလေးတစ်ကောင် ဆန်စပါးကောက်စားနေသည့်အလား တငိုက်ငိုက် တမျဉ်းမျဉ်း ဖြစ်လာလေတော့သည်။

တစ်မှေးအိပ်ပျော်နေသော မိန်းကလေးငယ်ကို ဆရာဖြစ်သူက လျင်မြန်စွာပင် သတိပြုမိသွားပေသည်။

ဆရာဖြစ်သူက လျှောက်လာခဲ့ပြီး ကူကယ်ရာမဲ့စွာဖြင့် ကြိမ်လုံးကိုကောက်ကိုင်ကာ သူမ၏စားပွဲခုံကို ခေါက်လိုက်လေ၏။

ထုရှန်းကျင်းစီသည် ထိတ်လန့်တကြား တုန်တက်သွားပြီး သူမ၏အမြီးလေးပင် ကြောက်ရွံ့မှုကြောင့် ဖောင်းကားသွားကာ ချက်ချင်းပင် လန့်နိုးသွားချေပြီ။

ထုရှန်းကျင်းစီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြားကလေးများက သူမကို ရယ်မောနေကြသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ပါးပြင်လေးများက အလိုအလျောက် နီရဲသွားလေတော့သည်။

နောက်ဆုံးတွင် တစ်မနက်ခင်းလုံး အောင့်အည်းသည်းခံပြီးနောက် ကျောင်းဆင်းသွားခဲ့ပေသည်။

ပင်ပန်းနွမ်းနယ်နေသော ထုရှန်းကျင်းစီက စားပွဲခုံပေါ်သို့ မှောက်ချလိုက်ပြီး သူမ၏ခေါင်းထဲတွင် အူနေသကဲ့သို့ ခံစားလိုက်ရလေ၏။

သူမက အရာများစွာကို ကြားခဲ့ရသလို ခံစားရသော်လည်း တကယ်တမ်းတွင် သူမက ဘာတစ်ခုမှ မှတ်မိမနေသကဲ့သို့ ဖြစ်နေချေပြီ။

"နင့်နာမည်က ထုရှန်းကျင်းစီလား"

ထုရှန်းကျင်းစီက သူမ၏ခြံဝင်းသို့ ပြန်ရန် ရည်ရွယ်နေစဉ်မှာပင် မိန်းကလေးငယ်အချို့က သူမထံသို့ လျှောက်လာပြီး မေးမြန်းလိုက်လေသည်။

"အင်း... ငါက ထုရှန်းကျင်းစီပါ။ ဘာကိစ္စရှိလို့လဲ" ထုရှန်းကျင်းစီက သိချင်စိတ်ဖြင့် သူမ၏ခေါင်းလေးကို စောင်းကာ မေးလိုက်ပေသည်။

"ကျင်းစီ... နင်က အရမ်းလှတာပဲ။ ငါတို့နဲ့အတူတူ သွားကစားမလား" နောက်ထပ်မိန်းကလေးငယ်တစ်ဦးက မေးလိုက်လေ၏။ "မက်မွန်ပန်းတောင်ထွတ်ပေါ်မှာ မက်မွန်ပန်းတွေ အများကြီး ပွင့်နေတယ်လို့ ကြားတယ်။ အရမ်းလှတယ်တဲ့"

"မက်မွန်ပန်း သွားကြည့်မလို့လား" ထုရှန်းကျင်းစီ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပျော်ရွှင်စွာဖြင့် သူမ၏ခေါင်းလေးကို ညိတ်ပြလိုက်လေသည်။ "ကောင်းပြီ... ကောင်းပြီ။ ငါ နေ့လယ်စာစားပြီးတာနဲ့ ရှောင်မိုနဲ့အတူ နင်တို့ကိုလာရှာပြီး အတူတူ သွားကြတာပေါ့"

"ရှောင်မို ဟုတ်လား" ဟွာမေ့အမည်ရသော မိန်းကလေးငယ်က နားမလည်နိုင်စွာ မေးလိုက်ချေပြီ။ "ငါတို့စာသင်ဆောင်ထဲမှာ ဘယ်သူက ရှောင်မိုလို့ ခေါ်တာလဲ"

"ရှောင်မိုက ငါ့သူငယ်ချင်းလေ။ သူက ပြတင်းပေါက်အပြင်ဘက်မှာ ရပ်နေတာ။ ကြည့်လိုက်လေ"

စကားပြောနေစဉ်မှာပင် ထုရှန်းကျင်းစီက စာသင်ဆောင်အပြင်ဘက် ခပ်လှမ်းလှမ်းတွင် စောင့်ဆိုင်းနေသော ရှောင်မိုကို လက်ညှိုးထိုးပြလိုက်ပေသည်။

"ကျင်းစီ... သူက လူသားတစ်ယောက်လေ။ ငါတို့ရဲ့စုဝေးမှုမှာ ပါဝင်ဖို့ သူက အရည်အချင်းမှ မပြည့်မီတာ"

"ဟုတ်တယ်... ဟုတ်တယ်။ လူသားတွေက အရမ်းညစ်ပတ်တယ်လို့ ငါ့အမေက ပြောဖူးတယ်။ ကျင်းစီ... နင်က ဘာဖြစ်လို့ လူသားတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်နေရတာလဲ"

"အင်း... လူသားတွေက အောက်တန်းကျတဲ့ သတ္တဝါတွေလို့ ငါ့အဖေ ပြောတာကိုလည်း ငါ ကြားဖူးတယ်"

"ကျင်းစီ... နင် တခြားဘယ်သူ့ကိုမဆို ခေါ်လာလို့ရပေမဲ့ လူသားတစ်ယောက်ကိုတော့ ခေါ်လာလို့မရဘူး"

ရှောင်မိုက အစေခံတစ်ယောက်ဖြစ်နေသည့်အပြင် လူသားတစ်ဦးဖြစ်နေကြောင်းကို မြင်သောအခါ မိန်းကလေးငယ်များ၏ မျက်နှာထားများက ချက်ချင်းပင် ပြောင်းလဲသွားပြီး တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပြောဆိုလာကြလေတော့သည်။

သူတို့၏စကားများကို ကြားသောအခါ ထုရှန်းကျင်းစီ၏ မျက်ခုံးများက ပိုမိုတွန့်ချိုးသွားပြီး သူမ၏မျက်လုံးများက ဒေါသထွက်လာချေပြီ။ "နင်တို့ ဘာတွေပြောနေတာလဲ။ ရှောင်မိုကို အဲဒီလိုပြောတာ ငါ ခွင့်မပြုနိုင်ဘူး။ ဘာမက်မွန်ပန်းလဲ... ဒီသခင်မလေးက မသွားဘူး။ ဖယ်ကြ... ငါ နင်တို့ကို သဘောမကျဘူး"

ထိုသို့ပြောဆိုပြီးနောက် ထုရှန်းကျင်းစီက သူမ၏စာအုပ်များကို ပိုက်ကာ ကုလားထိုင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ရန်လိုနေသော ကြက်မပေါက်စလေးတစ်ကောင်အလား အပြင်သို့ ထွက်သွားလေတော့သည်။

"ဟင်... ကျင်းစီ"

အခြားမိန်းကလေးငယ်များမှာ ထိုနေရာ၌ပင် မှင်တက်သွားကြပေသည်။ မိစ္ဆာမျိုးနွယ်ဝင်တစ်ဦးက လူသားတစ်ယောက်ကြောင့် ဘာဖြစ်လို့ ဒေါသထွက်ရသနည်းဆိုသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြလေ၏။

"ဘာဖြစ်လို့လဲ။ သူတို့က သခင်မလေးကို အနိုင်ကျင့်ကြလို့လား"

ထုရှန်းကျင်းစီက စာသင်ဆောင်အပြင်ဘက်သို့ ထွက်လာပြီးနောက် ရှောင်မိုက နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"ဟင့်အင်း... သူတို့က ငါ့ကို အနိုင်မကျင့်ပါဘူး" ထုရှန်းကျင်းစီက နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သူမ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်လေ၏။ "သူတို့က ငါ့ကို မက်မွန်ပန်းသွားကြည့်ဖို့ ခေါ်နေကြတာ"

"အဲဒါ ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား" ရှောင်မိုက ပြုံးလိုက်ပေသည်။ "သခင်မလေး သူငယ်ချင်း အသစ်တွေ အများကြီး ထပ်ရနိုင်တာပေါ့"

"ငါ မသွားဘူး" ထုရှန်းကျင်းစီက နှာမှုတ်လိုက်ချေပြီ။

"ဘာဖြစ်လို့လဲ" ရှောင်မိုက ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားလေတော့သည်။

"ဘာအကြောင်းပြချက်မှ မရှိဘူး။ ငါ မသွားချင်လို့ မသွားတာပဲ"

ထုရှန်းကျင်းစီက သူမ၏ရင်ခွင်ထဲမှ စာအုပ်များကို ရှောင်မို၏ ကျောဘက်ရှိ ဝါးသေတ္တာထဲသို့ ထည့်လိုက်ပြီး သူ၏အင်္ကျီလက်စကိုဆွဲကာ ကျောင်းတော်ဝင်း၏ ထွက်ပေါက်ဆီသို့ လျှောက်သွားလေ၏။

"သွားကြစို့... ငါတို့ သူတို့နဲ့ သွားမကစားဘူး။ အိမ်ပဲ ပြန်မယ်"

All Chapters