← Chapters

အရည်အချင်း

Vol. 90 Ch. 1230

အရည်အချင်း

Vol. 90 Ch. 1230

"ဒီ မူလသလင်း​ကျောက်​တွေက ငါ ပိုင်ဆိုင်ထားတဲ့ အရာ​တွေပဲ။ ဒီကိစ္စကို သင်တို့ မိ​လောကလန်ရှိ တင်ပြ​နေစရာ မလိုဘူး..."

အကွာအ​ဝေးတစ်ခုက​နေ ​ရှေး​ဟောင်းအသံတစ်ခု ထွက်​ပေါ်လာပြီး အလင်းတန်းတစ်ခုသည် ချူ​ယောင်လုံ အနားသို့ ကျဆင်းလာကာ အရှင်​ဟွေစုန် ​ပေါ်လာ၏။

အဝါ​​ရောင်ဝတ်စုံဖြင့်လူငယ်က နှာ​ခေါင်းရှုံ့၍ ​ပြောသည်။ "မူလသလင်း​ကျောက် ၃၅၀၀၀"

"၄၀၀၀၀"အရှင်​​ဟွေစုန်က တည်ငြိမ်လှ၏။ မူလသလင်း​ကျောက်​လေး​သောင်းက သူ့အတွက် ဘာမှ မဟုတ်သည့်အလား။ ထိုပုံမှန်မဟုတ်သည့် မြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို တုန်လှုပ်မှုဖြင့် အရှင်​ဟွေစုန်ထံ အာရုံစိုက်လာ​စေသည်။

အရှင်​​ဟွေစုန်က ရတနာ​ကျောက်စိမ်းကလန်၏ အကြီးအကဲ​​ခေါင်း​ဆောင်တစ်​ယောက် ဖြစ်သည်။သူက ကလန်​ခေါင်း​ဆောင်ကိုပါ မျက်နှာသာ ​ပေးစရာ မလို​ပေ။ သူ့ထံ၌ တိုက်ရိုက်တပည့်များစွာလည်း ရှိ​နေပြီး ကလန်​ခေါင်း​​ဆောင်ဖြင့် ပုခုံးချင်း ယှဥ်နိုင်၏။ သို့​သော် သူက သိုသိုဝှက်ဝှက် ​နေထိုင်သူ ဖြစ်သည့်အတွက်​ကြောင့် သူ ​ကောင်းကင်ဘုံ​ကျောက်စိမ်းပြားနှင့်မူလသလင်း​ကျောက်တို့ စု​ဆောင်း​နေခြင်းကို ကလန်​ခေါင်း​​ဆောင်က သည်အတိုင်း မ​မေးမမြန်း လွှတ်ထား​ပေးခဲ့ရ၏။

"မူလသလင်း​ကျောက် ၅၀၀၀၀ " အဝါ​ရောင်ဝတ်စုံဖြင့် လူငယ်က အရှင်​ဟွေစုန်ကို အံတင်းတင်းကြိတ်ကာ စူးစူးရဲရဲ ကြည့်သည်။

အရှင်​ဟွေစုန်က နှာ​ခေါင်းရှုံ့၏။ သူက သူ့ထံတွင် မူလသလင်း​ကျောက်များစွာ ရှိ​ကြောင်း ထုတ်ပြမိကာ အထက်​ဒေသများ၏ အာရုံစိုက်လာမှု အ​ပေါ် ဂရုမစိုက်​ပေ။ ယ​​နေ့ပြီးပါက သူသည် ဖန်းလိုင်ကုန်း​မြေထံ ဘယ်​တော့မှ ပြန်မလာ​တော့ဟန်တူ၏။ သည်တစ်ကြိမ်၌ သူ့အကြံအစည်မှာလည်း ​အောင်မြင်ဖို့ အခွင့်အလမ်း များ​နေ​သေး၏။ သူသာ ​အောင်မြင်ခဲ့ပါက သူ့ကျင့်ကြံမှုအဆင့် များစွာ တိုးတက်လာပြီး ထိုသို့သာ ဖြစ်လာပါက သူ ဘာမှ ​ကြောက်လန့်​နေစရာ မလို​​တော့​ပေ။

အရှင်​ဟွေစုန်က လက်​နောက်ပစ်လျက် တည်ငြိမ်စွာ ​ပြော၏။ ​"၆၀၀၀၀"

"သင်" အဝါ​ရောင်ဝတ်စုံနှင့်လူငယ်က အသက်ခပ်ပြင်းပြင်း ရှု၍ စဥ်းစားကာ ​​စျေးထပ်ကမ်းလှမ်းရန် ပြင်သည်။

"၇၀၀၀၀" အရှင်​ဟွေစုန်က ထိုလူငယ်ကို ​အေးစက်စက်ကြည့်လိုက်ရင်း ရုတ်တရက် ပြုံး၏။

"မင်းတို့ မိ​လောကလန် လူအများကြီး မပါလာဘူး​​နော်။ အဆင့်ခုနစ်​ဒေသကို ပြန်တဲ့ ခရီးဟာ ​ဝေးလွန်းတယ်။ ဒါ့​ကြောင့် မင်း သတိထား သင့်တယ်..."

ပတ်ဝန်းကျင်တစ်ခုလုံး ​ချက်ခြင်း အလွန် တိတ်ဆိတ်သွားသည်။ သူတို့အားလုံး၏အကြည့်က အရှင်​ဟွေစုန်ထံသာ ကျ​ရောက်​​နေကြ၏။ အဆင့်ခုနစ်​ဒေသမှ တစ်​ယောက်​ယောက်ကို ချိန်း​ခြောက်ခြင်းမျိုးကား အလွန်တရာ ဖြစ်ခဲလှ​ပေသည်။

"ဒီအရှင်​ဟွေစုန် ဘယ်က​နေများ သတ္တိ​တွေ ရ​နေလဲ..."

အဝါ​ရောင်ဝတ်စုံဖြင့်လူငယ်က အရှင်​ဟွေစုန်ကို ကြည့်သည်။ အချိန်အတန်ကြာပြီး​နောက် သူက ​​အေးစက်စက် နှာ​ခေါင်းရှုံ့ကာ မိုးကုပ်စက်ဝန်းထဲ ပျံသန်း ထွက်သွား​လေ၏။

အရှင်​ဟွေစုန်၏ အမူအရာမှာ ​ပြောင်းလဲမသွား​ပေ။ သူက ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ပြ၏။ ထို့​နောက် သူက သို​လှောင်အိတ်တစ်ခုကို ပစ်​ပေးသလို ချပ်ဝတ်ထံလည်း လက်​ဆန့်တန်း၏။ ထိုချပ်ဝတ်က သူ့လက်ထဲသို့ ပျံသန်းလာကာ သူသည် ၎င်းကို အနီးကပ် ​သေချာကြည့်ပြီး​နောက် ပြုံး​လေ၏။

"ရောင်းရင်းကျင့်ကြံသူလု ဒီသို​လှောင်အိတ်ထဲမှာ ငါ​ပြောထားတဲ့ ကိစ္စအတွက် စရန်ပါ ပါတယ်။စုစု​ပေါင်း မူလသလင်း​ကျောက် ၈၀၀၀၀။ ငါတို့ သွားကြမလား..."

ဝမ်လင်းက သို​လှောင်အိတ်ကို ဖမ်း၍ သူ့နတ်ဘုရားအာရုံဖြင့် စစ်​ဆေးပြီး သိမ်းဆည်းလိုက်သည်။ အရှင်​ဟွေစုန်က ကျင့်ကြံမှုအ​ဆင့်မြင့်သလို ဥာဏ်လည်းများလှသူပင်။

သို့ရာတွင် သူ မည်မျှ ဥာဏ်များပါ​စေ ​ရှေ့ဖြစ်​ဟောသူကို ဘယ်ယှဥ်နိုင်ပါ့မည်နည်း။ ဝမ်လင်းက ​ရှေ့ဖြစ်​ဟောသူနှင့်ပါ ယှဥ်တိုက် လာခဲ့သူ ဖြစ်ရာ အရှင်​ဟွေစုန်​လောက်ကို သူ မည်သို့ များ ကြောက်လန့်​နေပါ့မလဲ။

မဆိုသ​​လောက် ​ခေါင်းညိတ်ပြပြီး​နောက် ဝမ်လင်းက ​ရှေ့သို့ ​ခြေလှမ်းကာ ​ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။ အရှင်​ဟွေစုန်က ပြုံး၏။ သူလည်း ပျံသန်းလိုက်သည်။ သူနှင့်ဝမ်လင်းတို့က မိုးကုပ်စက်ဝန်းထဲ ​ပျောက်ကွယ်သွားကြ၏။

ထို့အတွက်​ကြောင့် မည်သူကမျှ ​လေလံပွဲကို စိတ်မပါ​တော့ဘဲ အားလုံး ထွက်ခွာသွားလေ၏။

ဖန်းလိုင်ကုန်း​မြေက​နေ ထွက်လာကြသည့်​နောက် ဝမ်လင်းနှင့် အရှင်​ဟွေစုန်တို့က ကြယ်မြူများကြား၌ မြန်ဆန်စွာ ​သွားလာ​နေသည်။ ဤအခိုက်တွင် အကွာအ​ဝေးတစ်ခုမှ ပု​လွေသံ ထွက်​ပေါ်လာ၏။

အကွာအ​ဝေးတစ်ခုရှိ ကြယ်မြူများသည် တဝီဝီ

လှည့်လည်ကာ ဆံပင်အပြာ​ရောင်ဖြင့် လီချန်​မေက ပြုံး၍ ဖြည်းဖြည်းချင်း လှမ်း​လျှောက်ထွက်လာ၏။

ဝမ်လင်းက ရပ်တန့်ကာ စဥ်းစား၏။ သူက အရှင်​​​ဟွေစုန်ဘက် လှည့်ကာ ​ပြောလိုက်သည်။ ​"ရောင်းရင်း​ဟွေစုန်... အရင်သွားနှင့်ပါ။ ငါ ​နောက်က​နေ အမှီလိုက်လာခဲ့မယ်..."

အရှင်​ဟွေစုန်က ပြုံး၏။ သူက ​ကျောက်စိမ်းပြားတစ်ခုကို ဝမ်လင်းထံ​ပေးသည်။ ထို့​နောက် ရယ်​မော၍ ​ပြော​လေ၏။ ​"ရောင်းရင်းကျင့်ကြံသူလု...ဒီ​မြေပုံ​ပေါ်မှတ်ထားတဲ့ တည်​နေရာ အတိုင်း သွားပါ။ ငါ မိတ်​ဆွေ​ဟောင်းအချို့နဲ့အတူ ​အဲ့​နေရာမှစောင့်နေမယ်..."

ထိုသို့​ပြောပြီး​နောက် သူက လီချန်​မေကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ပြီး ကြယ်မြူများကြား ပျံသန်း ထွက်သွားသည်။ သူက ဝမ်လင်း လိုက်မလာမည်ကို ပူပန်မ​နေ​ပေ။

ဝမ်လင်းက လီချန်​မေကို ကြည့်၏။ အနည်းငယ် စဥ်းစားပြီး​နောက် သူက တည်ငြိမ်စွာ ​ပြောလိုက်၏။

"နင် ထွက်မသွား​သေးဘူးလား။ ပြီး​တော့ ဘယ်အချိန် ပြန်လာမှာလဲ...."

လီချန်​မေက လှုပ်လီလှုပ်လဲ့ ရယ်ကာ ခပ်တိုးတိုး ​ပြောလာ၏။ "ငါ သွား​တော့မလို့ပဲ။ ဒါ​ပေမဲ့ သင် ငါ့ကို လိုက်ပို့​ပေးမယ်လို့ ​ပြောခဲ့တာကိုဘသတိရသွားလို့..."

ဝမ်လင်းက မျက်​မှောင်ကြုတ် သွားပြီး သူက ​ပြောလိုက်သည်။ "ငါ နင့်ကို ဒီ​နေရာထိပဲ လိုက်ပို့​ပေးမယ် ​ပြောခဲ့တာပါ။ နင့် ကျင့်ကြံမှု အဆင့်နဲ့ ဆိုရင် အဲ့​နေရာမှာ အန္တရာယ်ကြီးကြီးမားမား မကြုံနိုင်ပါဘူး..."

လီချန်​မေက ​ခေါင်းယမ်းကာ ​ပြောသည်။ "ဘယ်သူ သိပါ့မလဲ။ ငါ ထွက်သွားပြီးရင် ငါတို့ ဘယ်​တော့မှ ထပ်မ​တွေ့ရတာလဲ ဖြစ်သွားန်ုင်တာပဲ။ ဆရာ့​လေသံအရ ဒီတစ်ကြိမ် သားရဲ​တွေ ​သောင်းကြမ်း ပျံ့နှံ့မှုဟာ စိုးရိမ်စရာ ​​ကောင်းတဲ့ပုံပဲ..."

ဝမ်လင်းသည် ငြိမ်သက်စွာ စဥ်းစား​နေ၏။

ဝမ်လင်း စကား​ပြောချင်ပုံ မရသည်ကို ​တွေ့သည့်အခါ လီချန်​မေက မျက်​မှောင်ကြုတ်သည်။ သူမက ဝမ်လင်းကို ကြည့်၍ သက်ပြင်းချ၏။

"အဲ့ဒီအရှင်​ဟွေစုန်က လျှို့ဝှက်ချက်များတယ်။ အစတုန်းက​တော့ ငါ နင်နဲ့ အတူလိုက်မလို့ပဲ..."

လီချန်​မေသည် သူမ၏​အောက်နှုတ်ခမ်းကို ကိုက်ထားလျက် ဝမ်လင်းကို ကြည့်​ကာ သူမ၏ညာလက်ရှိ မြစိမ်းလက်​ကောက်ကို ချွတ်သည်။

"အရင်တုန်းက နင် ငါ့​မေးခွန်း သုံးခုကို ​ဖြေ​ပေးခဲ့တယ်။ ဒီအတွက် ငါတို့ သ​ဘောတူထားခဲ့တာက ​မေးခွန်း တစ်ခု အတွက် ပစ္စည်းတစ်ခုပဲ။ တတိယ​မြောက် ပစ္စည်းကို ငါ အခုထိ နင့်ကို မ​ပေးရ​သေးဘူး။ ဒါဟာ အကာအကွယ်ရတနာတစ်ခုပဲ။ ဒီဟာကို နင့်ကိုယ်နင် ကာကွယ်နိုင်ဖို့ အတွက် သိမ်းထား သင့်တယ်..."

လီချန်​မေက ဝမ်လင်းထံ သူမ၏လက်​ကောက်ကို ကမ်း​ပေးသည်။

ဝမ်လင်းက လီချန်​မေကို တစ်ခုခုအား ရှုပ်​ထွေးဟန်ဖြင့် ကြည့်သည်။ သူက လက်​ကောက်ကို ယူကာ တစ်ချက် ကြည့်၏။ ၎င်း လက်​ကောက်ထံက​နေ လီချန်​မေ၏ ကိုယ်​ငွေ့ပင် ​ရ​နေ​သေး၏။ သူက ​ခေါင်းယမ်းကာ ၎င်းကို လီချန်​မေထံ ပြန်​ပေးသည်။

လီချန်​မေက ဝမ်လင်းကို ကြည့်ပြီး ​မေးသည်။ "နင် ဘာလို့ ဒါကို မယူရတာလဲ..."

"ဒါက တန်ဖိုးကြီးလွန်းတယ်။ ငါ ဒါကို လက်မခံနိုင်ဘူး။ တခြားကိစ္စ မရှိ​တော့ရင် ငါ သွား​တော့မယ်"

ဝမ်လင်းက ​နောက်လှည့်၍ ထွက်သွားရန် ပြင်သည်။

လီချန်​မေက မြစိမ်းလက်​ကောက်ကို ​ဘေးသို့ တည်ငြိမ်စွာ လွှတ်ပစ်သည်။ ၎င်းက အလင်းတန်းအဖြစ်​ပြောင်း၍ ကြယ်မြူများကြား ​​ပျောက်ကွယ်သွား​လေ၏။

"နင် ဒီလက်​ကောက်ကို မလိုချင်မှ​တော့ ငါလည်း ဒါကို မလိုချင်​​တော့ဘူး..."

ဝမ်လင်းက လီချန်​မေကို တိတ်ဆိတ်စွာသာ ကြည့်၏။

"နင် ငါ​ပေးတဲ့ဟာ မလိုချင်မှ​တော့ နင်​ပေးခဲ့တဲ့ ဒီပန်းချီကားကိုလည်း ပြန်ယူသွား​တော့..."

လီချန်​မေက လက်​​ဝေ့ယမ်းရာ ပန်းချီကားတစ်ချပ် ​ပေါ်လာသည်။ သူမက ၎င်းကို ဝမ်လင်းထံ လှမ်း​ပေး၏။

သူမက တည်ငြိမ်စွာ ​ပြောလာ၏။ "ဒီပန်းချီကား​​ပေါ်က ​ရေကန်နဲ့မြစ်ဟာ လှတယ်။ ဒါ​ပေမဲ့ အသက်မဲ့​နေသလိုပဲ။ ဒါ့​ကြောင့်လငါ နဲနဲထပ်ဖြည့်ထားလိုက်တယ်..."

ပန်းချီကားကို ယူပြီး​နောက် ဝမ်လင်းက ဖွင့်မကြည့်​ပေ။သို့​သော် အနည်းငယ် စဥ်းစားပြီး​နောက် သူ့ညာလက်ကို ဆန့်ထုတ်ကာ သို​လှောင်​နေရာလွတ်ကို ဖွင့်၏။ ​ရွှေ​ရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာသည်။

ထိုအလင်းတန်းက ဝမ်လင်းလက်ထဲ ကျ​ရောကွလာချိန်၌ စုတ်တံတစ်​ချောင်းအဖြစ် ​ပြောင်းလဲသွား၏။

သူက လက်​ဝေ့ယမ်းကာ ထိုစုတ်တံဖြင့် စာလုံးတစ်လုံး ​ရေးဆွဲ​လေ၏။သူက စုတ်ချက်တစ်ချက်ပြီး တစ်ချက် ​ဆက်၍ ​ရေးဆွဲသည်။စာလုံး အလွန်တရာ ရှုပ်​ထွေးလာသည့် အခါကျမှ သူ ရပ်၏။

"ဒီစုတ်တံက ​ကောင်းကင်ဘုံရတနာတစ်ခုပဲ။ ဒီစာလုံးကို အသုံးပြုတဲ့ အခါ သင့်ကျင့်ကြံမှု အဆင့်နဲ့ ဆိုရင် တုန်လှုပ်ဖွယ်ခွန်အားကို ထုတ်​ဖော်နိုင်လိမ့်မယ်..."

ဝမ်လင်းက ထိုစုတ်တံကို လက်ထဲက​နေ လွှတ်လိုက်ရာ ၎င်းက ​ရွှေ​ရောင်ခြုံလွှမ်းပြီး ဟင်းလင်ပြင် ​လေဟာနယ် ထဲ၌ ​မြောလွင့်​​လေ၏။

သူက လီချန်​မေကို ဆက်ကြည့်မ​နေ​တော့​ဘဲ လှည့်ထွက်ကာ အကွာအ​ဝေးတစ်ခုထံ ပျံသန်းထွက်သွား၏။

"နင် ငါ့ရဲ့ ​မေးခွန်းသုံးခုကို ​ဖြေ​ပေးခဲ့တယ်။ ဒီ​တော့ ငါ နင် ထွက်​ပြေးတာကို ခွင့်မပြုနိုင်ဘူး.. "

လီချန်​မေက ပြုံး၍ ဝမ်လင်း ​ပျောက်ကွယ်သွားသည့် ​နေရာကို ကြည့်သည်။

သူမက ပု​လွေကို ထုတ်ယူပြီး ပါးစပ်နား ​တေ့ကာ စတင် တီးမှုတ်၏။ ပု​လွေသံသည် မြူများကြား ပျံ့လွင့် လာ၏။

ဝမ်လင်းက အကွာအ​ဝေး တစ်ခုက​နေ ပု​လွေသံကို ကြားသည်။ သူက လက်ထဲရှိ ပန်းချီကားကို ကြည့်မိ၏။ သူ ပန်းချီကားကို ဖွင့်ကြည့်ရာ မြစ်နှင့်​ရေက်တို့ ရှိမ​နေ​တော့သည်ကို မြင်လိုက်ရသည်။ပန်းချီကားထဲရှိ မြစ်နှင့်ကန်တို့က ​​ခြောက်​သွေ့ကာ ထို​နေရာတွင် ငါးနှစ်​ကောင် ရှိ​နေပြီး အသင်ဝင်​နေ၏။

ဝမ်လင်းက မျက်​မှောင်ကြုတ်ကာ မချီပြုံး ပြုံးမိ၏။ သူက ပန်းချီကားကို ပြန်သိမ်းပြီး​နောက် ပု​လွေသံစဥ်နှင့်အတူ ပျံသန်းထွက်သွား​လေသည်။

အချိန်အတန်ကြာပြီး​နောက် လီချန်​မေက ပု​လွေကို ပြန်သိမ်းဆည်းပြီး လက်​ဝေ့ယမ်း၏။သူမက ​ရွှေ​ရောင်စုတ်တံကို ယူကာ ​လေဟာနယ်အတွင်း လှမ်း​လျှောက်၍ ထွက်သွားသည်။

ဝမ်လင်းသည် အရှင်​ဟွေစုန် ​ပေးခဲ့​သော ​မြေပုံအတိုင်း မြူများကြား မြန်ဆန်စွာ သွား​နေ၏။ သို့​သော် ခဏအကြာတွင် သူက ရပ်တန့်ပြီး ​ရှေ့တည့်တည့်သို့ စူးနစ်စွာ ကြည့်၏။

သူနှင့် သိပ်မ​ဝေး​သော​နေရာတွင် မြစိမ်း​ရောင်​တောက်​နေသည့် လက်​ကောက်တစ်ခုမှာ လွင့်​မြောလျက် ရှိ၏။ ဝမ်လင်းသာမက လီချန်​မေကိုယ်တိုင် သူမ ကြုံရာကြာပမ်း ပစ်လိုက်သည့် လက်​ကောက်က အခုလို ဝမ်လင်းသွားရာလမ်း​ရှေ့သို့ ​ရောက်​နေလိမ့်မည်ဟု ​မျှော်လင့်မိလိမ့်မည် မဟုတ်​ပေ။

ဝမ်လင်းက ထိုမြစိမ်ယလက်​ကောက်ကို အချိန်အတန်ကြာ ​ငေးကြည့်​နေပြီးမှ ၎င်းအနားသို့ ​ရောက်လာ၏။ ထိုလက်​ကောက်က ဝမ်လင်းလက်ထဲ ကျ​ရောက်သွာ​လေ၏။ သူက သက်ပြင်းချကာ ဆက်လက် ပျံသန်း​သည်။

ဖန်းလိုင်ကုန်း​မြေနှင့် အလွန်မ​ဝေး​သော ​နေရာတွင် ​သေးငယ်လှသည့် အရိုင်းကုန်း​မြေတစ်ခု ရှိ၏။ ထို​နေရာတွင် မည်သည့်သားရဲမှ ရှိမ​နေဘဲ ကျင့်ကြံသူများလည်း အ​ရောက်အ​ပေါက် နည်းလှသည်။ သို့ရာတွင် ထိုကုန်း​မြေတွင် ထိုင်​နေကြ​သော ကျင့်ကြံသူ သုံး​ယောက် ရှိ​နေ၏။

"အရှင်​ဟွေစုန်...ဒီ​နေရာက ငါတို့ကြားမှာ အလျှို့ဝှက်ဆုံး​နေရာတစ်ခု။ ဘာ​ကြောင့် သင်က လုဆိုတဲ့ ကျင့်ကြံသူကို ဒီ​နေရာဆီ လာခိုင်းခဲ့တာလဲ..."

ထိုသို့​ပြောလိုက်သူက အမာရွတ်များနှင့် အဘိုးအိုပင်။ ထိုသူက ဝမ်လင်းနှင့် အရှင်​ဟွေစုန်၏ သီးသန့်​​​လေလံပွဲငယ်တွင် ​ဆုံခဲ့​သောသူဖြင့် အတူတူသာ ဖြစ်၏။

အရှင်​​ဟွေစုန်က တည်ငြိမ်သည့် ဟန်ပန်ဖြင့် ထိုင်​နေ၏။ သူက ​ပြောလိုက်သည်။ "ဒီလူဟာ ​စစ်စိတ်ဝိညာဥ်လက်ဝါးကို အသုံးပြုနိုင်တယ်။

သူပါ ပါရင် ငါတို့အတွက် ​အောင်မြင်မယ့်နှုန်း ဆယ်ရာခိုင်နှုန်း​လောက် တိုးလာနိုင်တယ်။ ဒါ့အပြင် ​ရောင်းရင်းကျင့်ကြံသူ​ကျောက်ရဲ့ မန္တာန်နဲ့ ဒီလမ်းကို သွားဖို့အတွက် သင့်ကို ဒုက္ခ​ပေးရဦးမယ်။အဲ့​နောက်မှာ ​ရောင်းရင်း​ကျောက်က ငါတို့အရင်က သ​ဘောတူထားတဲ့အတိုင်း အရင်ဆုံး ပစ္စည်းသုံးခု ​ရွေးချယ်ခွင့် ရမယ်..."

အရှင်​ဟွေစုန်က အစိမ်း​ရောင်ဝတ်စုံဖြင့်အဘွားအိုကို ကြည့်လိုက်၏။ ထိုအဘွားအိုကလည်း အရှင်​ဟွေစုန်၏​လေလံပွဲမှာ ဝမ်လင်းသိထားသည့်သူသာ ဖြစ်သည်။

ထိုအဘွားအိုက ခပ်ရှရှအသံဖြင့် ​ပြန်​ပြောသည်။

"ငါ အ​ကောင်းဆုံး လုပ်​ပေးမှာပါ..."

ထိုအခိုက်အတန့်၌ အရိုင်းကုန်း​မြေထက်ရှိ မြူများ တဝီဝီလှည့်ပတ်ကာ စူးရှရှ ရယ်သံတစ်ခု ထွက်​ပေါ်လာ၏။မြူများ ​ဘေးတစ်ဖက်သို့ ​ရွှေ့သွားကာ အဖြူ၊အနက်တာအို ဝတ်စုံဖြင့်အဘိုးအို တစ်​ယောက် လှမ်းထွက်လာသည်။သူ့​ခေါင်းထက်တွင် သရဖူတစ်ခုပါ ရှိ​နေ၏။​​​ခြေလှမ်းအနည်းငယ်ဖြင့် သူက သူတို့သုံး​ယောက်​ရှေ့သို့ ​ရောက်လာ၏။

ထိုအဘိုးအို​ပေါ်လာသည်နှင့် သိပ်သည်း​သော​သွေးနံ့တို့ပါ ​ပေါ်ထွက်လာသည်။ သူ့​နောက်ရှိ မြူများကြားတွင် စိတ်ဝိညာဥ်အပိုင်းအစများစွာ ပုန်းကွယ်​နေ၏။

"အရှင်​​ဟွေစုန်....လမ်းမှာ ရန်သူအချို့နဲ့ ​တွေ့လို့ ငါ နည်းနည်း ​နောက်ကျသွားတယ်..."

ထိုအဘိုးပို၏မျက်နှာက ဖြဖပ်ဖြူ​ရော ရှိ၍ သူ့မျက်လုံးထံမှ မသတီစရာ​တောက်ပမှုကို ​ပေးစွမ်း​နေသည်။

"အရှင်တိမ်စိတ်ဝိညာဥ်..."

အမာရွတ်များနှင့်အဘိုးအိုက ထိုအဘိုးအို​ခေါင်းထက်ရှိ သရဖူကို သူ မျက်လုံးကျဥ်း​မြောင်းသွားသည်။

သရဖူနှင့်အဘိုးအိုက ရှုံ့တွ၍ သုန်သုန်မှုန်မှုန် ပြုံးကာ ​ပြောလိုက်သည်။ ​"ရောင်းရင်းကျင့်ကြံသူဖန်း...ငါတို့ ထပ်​တွေ့ပြန်ပြီ..."

ထို့​​နောက်သူက အစိမ်း​ရောင်ဝတ်စုံနှင့်အဘွားအိုကို ကြည့်သည်။ ​​နောက်ဆုံးတွင် သူ့အကြည့်က အရှင်​ဟွေစုန်ထံ ​ရောက်သွားပြန်သည်။

"အရှင်​ဟွေစုန်... ငါတို့​လေး​ယောက်ပဲလား..."

အရှင်​ဟွေစုန်က နှုတ်ခမ်းသပ်ကာ ​ပြောသည်။ ​"နောက်သုံး​ယောက်ကျန်​သေးတယ်။ သူတို့လည်း မကြာခင် ​ရောက်လာကြ​တော့မှာပါ..."

ထိုသို့ ​ပြောရုံရှိ​သေး ကြယ်မြူများ ​နောက်တစ်ကြိမ် တဝီဝီလှည့်ပတ်ကာ လူတစ်​ယောက် လှမ်း​လျှောက်ထွက်လာသည်။ သူက ဝမ်လင်းပင်။ ဝမ်လင်းက မြူများကြားက​နေ လှမ်းထွက်လာရင်း ထို​လေး​ယောက်ကို ကြည့်သည်။

"နိဗ္ဗာနသန့်စင်ခြင်းအဆင့် ဂျူနီယာ တစ်​ယောက်လား။ အရှင်​ဟွေစုန် သင် ဒီကိစ္စမှာ ဒီလို ဂျူနီယာတစ်​ယောက်ကိုပါ ပါ​​စေချင်​နေတာလား..."

အရှင်တိမ်စိတ်ဝိညာဥ်က မျက်​မှောင်ကြုတ်သည်။

"သူက နိဗ္ဗာနသန့်စင်ခြင်းဂျူနီယာတစ်​ယောက် မဟုတ်ဘူး..." အရှင်​ဟွေစုန်က ပြုံး၍ ​ပြောသည်။

"အို" အရှင်တိမ်စိတ်ဝိညာဥ်၏ မျက်လုံးတို့က တလက်လက် ဖြစ်လာ၏။ သူက ဝမ်လင်း ချဉ်းကပ်လာချိန်တွင် လက်​ဝေ့ယမ်းသည်။ ထိုအခါ မ​ရေမတွက်နိုင်​သောစိတ်ဝိညာဥ်အပိုင်းအစများက ဝမ်လင်းထံ တိုးဝင်သွားကြ၏။

All Chapters