← Chapters

အခန်း ၃၉၇

Vol. 40 Ch. 397

အခန်း ၃၉၇

Vol. 40 Ch. 397

အခန်း ၃၉၇။ တောင်နက်ပိုင်းမှ ရှုခင်း... ရှားပါးအဆင့် တာဝန်

ရွှီယန်က လယ်ယာခြံဝင်းတွင် ရက်အနည်းငယ်ခန့် အနားယူလိုက်သည်။

ယခုအခါ လယ်ယာခြံဝင်းအတွက် သူ အများကြီး ပူပန်နေရန် မလိုအပ်တော့ဘဲ သူ၏ နေ့စဉ်ဘဝမှာ တိရစ္ဆာန်များကို ပြုစုပျိုးထောင်ခြင်းသာ ဖြစ်လေသည်။

စီးပွားဖက် အချို့နှင့် အဆက်အသွယ် ကောင်းကောင်း ထိန်းသိမ်းထားရန်သာ လိုအပ်သည်။ သူဌေးလုပ်ရခြင်းက ဤသို့ပင် ဖြစ်လေသည်။

ရက်အနည်းငယ် အနားယူပြီးနောက် ရွှီယန်က အပြင်သို့ ခရီးထွက်ရန် ပြင်ဆင်လိုက်သည်။

သူက ရှန်ဟိုင်းသို့ အရင်ဆုံး သွားရောက်ပြီးနောက် ထိုင်ဝမ်ကျွန်းဘက်သို့ ဆက်လက်သွားရောက်ကာ ချစ်သူကိစ္စကို အတည်ပြု ဆွေးနွေးခဲ့သည်။

ကိစ္စများက အလွန် ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး အခက်အခဲ သိပ်မရှိခဲ့ပေ။

မိန်းကလေးဘက်မှ မိဘများကို စကားကောင်းများစွာ ပြောပေးထားသောကြောင့် ဖြစ်မည်ထင်ရပြီး သူမ၏ မိဘများကလည်း အလွယ်တကူပင် သဘောတူခွင့်ပြုခဲ့ကြသည်။

ထို့နောက် ရှန်ဟိုင်းသို့ ပြန်ရောက်သောအခါ သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက ပို၍ပင် ရင်းနှီး နီးကပ်လာခဲ့သည်။

အမျိုးသားများ အနေဖြင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ရှိရန်က အဓိက သော့ချက်ပင် ဖြစ်သည်။ လုပ်ငန်း အောင်မြင် တိုးတက်ပြီး စရိုက်ကောင်းမွန်ကာ ရုပ်ရည် သန့်ပြန့်ပါက အဆင့်မြင့် အိမ်ထောင်ဖက်ကို ရှာတွေ့နိုင်ခြေ အလွန် များပြားလှပေသည်။

လမ်းတစ်လျှောက်လုံး မည်သည့် အခက်အခဲမှ မရှိဘဲ အလွန် အဆင်ပြေ ချောမွေ့ခဲ့လေသည်။

အလုပ်များ ပြီးစီးသွားသောအခါ ရွှီယန်က ဟိမဝန္တာ တောင်တန်းဆီသို့ သွားရောက်ရန် ရည်ရွယ်လိုက်သည်။

ယခုအခါ လယ်ယာခြံဝင်း၏ လုပ်ငန်းများ တည်ငြိမ်နေပြီ ဖြစ်ရာ ရွှီယန်၏ အလုပ် အာရုံစိုက်မှု ကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ အပြင်သို့ ထွက်ကာ ရတနာရှာဖွေခြင်းနှင့် စွန့်စားသွားလာခြင်းက သူ၏ ဘဝကို အရောင်အသွေး စုံလင်စေခဲ့သည်။

မွန်းလွဲပိုင်းတွင် ဟွမ်ဖူမြစ်ကမ်းဘေးရှိ ကော်ဖီဆိုင် တစ်ဆိုင်တွင် ထိုင်လျက် ထိုင်ခုံကို မှီကာ ကော်ဖီ တစ်ခွက် သောက်သုံးရင်း ယခင်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည် တွေးတောနေမိရာ အတော်လေး လွတ်လပ် ပေါ့ပါးသည်ဟု ခံစားရလေသည်။

ညဘက် စုယွီထုံ၏ အိမ်သို့ ပြန်ရောက်သောအခါ အတူတကွ ချစ်ကြည်နူးကြပြီး ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပါ ရွှင်လန်း ချမ်းမြေ့သွားခဲ့ရသည်။

ထို့နောက် ရွှီယန်က ရည်မှန်းထားသော နေရာဆီသို့ စတင် ထွက်ခွာလာခဲ့တော့သည်။

ဤတစ်ကြိမ် သွားရောက်မည့် နေရာမှာ နှင်းဖုံးဒေသ ဖြစ်သော ဟိမဝန္တာ တောင်ခြေ ပင် ဖြစ်သည်။

သူ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်တွင် တောတောင်များထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နွေရာသီ အစပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ရာ ရာသီဥတုက အလွန် သာယာနေလေသည်။

ဤဘက်တွင် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ များပြားသဖြင့် နေရောင်ခြည်က အလွန် ပူပြင်းလွန်းပြီး အနည်းငယ် စူးရှသော သဘောမျိုး ရှိလေသည်။ ခရမ်းလွန်ရောင်ခြည် အားကောင်းမှုကလည်း မနိမ့်ကျလှပေ။

ကံကောင်းစွာဖြင့် ရွှီယန်တွင် ကျွမ်းကျင်မှု ရှိနေသဖြင့် နေရောင်ခြည် တိုက်ရိုက် ကျရောက်မှုကို မကြောက်ရွံ့ချေ။ ရိုးရိုးရှင်းရှင်း ပြောရမည် ဆိုလျှင် နေလောင်၍ အသားမည်းသွားမည် မဟုတ်ဘဲ အသားအရေ ကလည်း မူလကတည်းက ကောင်းမွန်နေခြင်း ပင် ဖြစ်သည်။ ဤအရာကို အခြားသူများ အနေဖြင့် အားကျ၍ မရနိုင်ချေ။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် တစ်ပြိုင်နက် လူအရေအတွက်က တဟုန်ထိုး မြင့်တက်လာခဲ့သည်။

[လောင်ရွှီ က ဘယ်ကို ရောက်နေပြန်တာလဲ]

[နေရာ ခန့်မှန်းကြမယ်... ဒါ ဘယ်တောင်လဲ ဆိုတာ အားလုံး ခန့်မှန်းကြည့်ကြ]

[နောက်ဆုံးတော့ လိုက်ဖ်လွှင့်ပြီပဲ... အစ်ကိုကြီး သွားတဲ့ နေရာတိုင်းက အန္တရာယ် များတဲ့ နေရာတွေ ချည်းပဲ... တကယ် ကြမ်းတာပဲ]

[ဒါ ပြည်တွင်း မှာပဲ ရှိသေးတာလား]

ကွန်မန့်စာသားများက ရူးသွပ်စွာ စီးဆင်းလာခဲ့သည်။

ရွှီယန်က အလွန် သက်သောင့်သက်သာ ရှိနေပြီး အတွင်းဘက်သို့ လမ်းလျှောက် ဝင်ရောက်ရင်း အားလုံးကို ပြောလိုက်သည်။

"အခု ကျွန်တော် က ပြည်တွင်းက တောင်တန်း တစ်ခု ထဲမှာ ရောက်နေတာပါ... ဒီထဲမှာ လေးငါးရက်လောက် နေဖို့ စီစဉ်ထားတယ်"

"ဒီဘက်က အတော်လေး ဘေးကင်းလုံခြုံ ပါတယ်... အဆိပ်ရှိတဲ့ မြွေတွေနဲ့ အင်းဆက် တွေကို နည်းနည်း သတိထားရင် ရပါပြီ"

"ဒီနေရာ က ဘယ်နေရာလဲ ဆိုတာကို အားလုံး ခန့်မှန်းကြည့်လို့ ရတယ်"

စကားသံ အဆုံးတွင် ကွန်မန့်စာသားများ က ရူးသွပ်စွာ လှုပ်ရှားလာတော့သည်။

တောင်မှ မြောက် အနောက်မှ အရှေ့ အထိ နေရာစုံကို ခန့်မှန်းနေကြလေသည်။

မတတ်နိုင်ချေ။ တရုတ်နိုင်ငံတွင် တောင်တန်းများ အလွန် များပြားလွန်းလှပေသည်။ မြို့ကြီး အများစု၏ ဆင်ခြေဖုံး နေရာများတွင်ပင် တောင်ကုန်း အနည်းငယ် ရှိတတ်ပြီး ပြည်နယ် တစ်ခုလုံး နီးပါး တောင်တန်းများ သက်သက် ဖြစ်နေသည်ကို ပြောစရာပင် မလိုတော့ချေ။

ဤတောင်တန်းများ ကလည်း ပုံစံ ဆင်တူကြသဖြင့် မှန်ကန်အောင် ခန့်မှန်းနိုင်မည် ဆိုပါက ထူးဆန်းနေမည်သာ ဖြစ်လေသည်။

ရွှီယန်က ကွန်မန့်စာသားများကို ခဏမျှ ကြည့်ရှုလိုက်ပြီး မှန်အောင် ခန့်မှန်းနိုင်သူ မရှိသည်ကို မြင်သောအခါ ခေါင်းခါရမ်းလိုက်သည်။

ထို့နောက် ရွှီယန်က မြေကွက်လပ် တစ်ခုကို ရှာတွေ့သွားပြီး အနားသို့ လျှောက်သွားကာ မတ်စောက်သော ကျောက်ကမ်းပါး ၏ အမြင့်ပိုင်း နေရာတွင် ရပ်လျက် အဝေးဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဟိုဘက်ကို အားလုံး ကြည့်လိုက်... နှင်းတောင် ရှိတယ်"

ဒရုန်း၏ ကင်မရာက အဝေးဆီသို့ ရိုက်ကူးပြသလိုက်သည်။

အလွန် ဝေးကွာသော နေရာတွင် အနည်းငယ် ဝေဝါးနေသော နှင်းတောင် တစ်ခုက ကောင်းကင်ယံ တွင် ပေါ်လွင်နေပြီး ကြည့်ရသည်မှာ အနည်းငယ် စိတ်ကူးယဉ် ဆန်နေလေသည်။

အကွာအဝေး ဝေးကွာလွန်းသဖြင့် အကြမ်းဖျင်း ပုံသဏ္ဍာန် ကိုသာ မြင်တွေ့နိုင်လေသည်။ နတ်ဘုံနတ်နန်း တစ်ခု နှင့်ပင် တူနေလေသည်။

အားလုံးက အနည်းငယ် ရင်းနှီးကျွမ်းဝင် နေသည်ဟု ခံစားလိုက်ရပြီး ယခင်က ခွန်းလွန်တောင်တန်း သို့ တက်ရောက်ခဲ့စဉ်က ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ခဲ့ဖူးသည့် အလားပင်။

[တိဘက် ကို သွားတာလား]

[ဒါက ဘာတောင်ကြီးလဲ... သစ်ပင်ပန်းမန် တွေက အရမ်း ကောင်းလွန်းတယ်]

[သူ သွားတဲ့ နေရာတွေက အမြဲတမ်း နည်းနည်း ထူးဆန်းနေတတ်တယ်]

ရွှီယန်က အချိန်ဆွဲ မနေတော့ဘဲ အဖြေကို တိုက်ရိုက်ပင် ပြောပြလိုက်သည်။

"ဒီနေရာ က ဟိမဝန္တာ တောင်တန်း ပါ... ကျွန်တော်တို့ နိုင်ငံရယ်... အိန္ဒိယ နဲ့ နီပေါ တို့ရဲ့ နယ်စပ် မှာ ရှိတာ"

"အခု ကျွန်တော် က ပြည်တွင်း နယ်နိမိတ် ထဲမှာပဲ လှုပ်ရှား သွားလာနေတာပါ... နယ်စပ် ကို သေချာပေါက် ကျော်သွားမှာ မဟုတ်ပါဘူး"

"ဟိမဝန္တာ တောင်တန်း က ကျွန်တော်တို့ ဘက်မှာ မြေပြင် အနေအထား အများကြီး ပိုမြင့်ပြီး အပေါ်စီး ကနေ နေရာယူထားတာ... သူတို့ ဘက်ကတော့ မြေပြင် အနေအထား နိမ့်တယ်"

"အဲဒါကြောင့် ရှုခင်း က သိပ်ပြီး မတူညီဘူး"

"ဒီနေရာ ရဲ့ မြေပြင် အနေအထား က ပိုပြီး ရှုပ်ထွေးတယ်... မတ်စောက်တဲ့ ကျောက်ကမ်းပါး တွေ ပိုများတယ်"

အဖြေကို ကြားသောအခါ အားလုံးက အနည်းငယ် အံ့အားသင့်သွားကြသည်။

'ဟိမဝန္တာ တောင်တန်း... သူက ဧဝရတ် တောင်ထွတ် ကို တက်မလို့လား'

ရွှီယန်က လက်ခါပြလိုက်သည်။

"ဧဝရတ် တောင်ထွတ် ကို မတက်ပါဘူး... ကျွန်တော် က တောင်ထဲက ရှုခင်း တွေကိုပဲ စိတ်ဝင်စားတာပါ... ကန့်သတ်ချက် တွေကို စိန်ခေါ်ရတာကို စိတ်မဝင်စားဘူး"

"အပေါ်မှာ က အေးလည်း အေးသလို လေလည်း အရမ်း တိုက်တယ်"

"ဒါပေမဲ့ ဒီရာသီ ကတော့ တောင်တက်ဖို့ အသင့်တော်ဆုံး ရာသီ ပါပဲ"

သူက ဤသို့ဖြင့် အရှေ့သို့ ဆက်လက် လျှောက်သွားလိုက်သည်။

ထို့နောက် အမြင့်ပေ နှစ်ဆယ်ကျော်ခန့် ရှိသော မတ်စောက်သည့် ကျောက်ကမ်းပါး တစ်ခုကို လက်ဗလာဖြင့် တွယ်တက်သွားခဲ့သည်။ ခြောက်ထပ်တိုက် တစ်လုံး၏ အမြင့် မှာ နှစ်ဆယ် မီတာကျော်ခန့် ရှိလေသည်။

နှစ်ဆယ် မီတာကျော် ဆိုသည်မှာ နားထောင်ကြည့်ရုံဖြင့် မမြင့်မားလှသော်လည်း တကယ်တမ်း မျက်မြင် ကိုယ်တွေ့ မြင်တွေ့ရချိန် တွင်တော့ လုံးဝ ကွာခြားသော ခံစားချက်မျိုး ပေးစွမ်းနိုင်လေသည်။

ဒရုန်းက အမြင့်ပိုင်း မှနေ၍ ရိုက်ကူးနေပြီး အင်တာနက်သုံးစွဲသူများက သူ ဤမျှ တည်ငြိမ်စွာ အပေါ်သို့ တွယ်တက်နေသည်ကို မြင်သောအခါ တစ်ယောက်ချင်းစီ ထပ်မံ၍ စိုးရိမ် ထိတ်လန့်လာကြပြန်သည်။

'အောက်ကိုသာ ပြုတ်ကျသွားရင် ရွာထဲမှာ အသုဘ ဆွမ်းကျွေး စားရတော့မှာပဲ'

'သူ တစ်ယောက်တည်းပဲ ဒီလောက် လုပ်ရဲတာ'

ရွှီယန်ကတော့ တကယ်တမ်းတွင် ဘာမှ မထူးဆန်းသကဲ့သို့သာ ခံစားရလေသည်။ သူက တောင်တက်ကြိုး တစ်ခွေကို ယူဆောင်လာခဲ့ပြီး ကြိုးကို ခါးတွင် ချည်နှောင်ကာ အခြား တစ်ဖက်ကို ကျောပိုးအိတ် တွင် ချည်ထားလိုက်သည်။

သူ အပေါ်သို့ ရောက်သွားသော အခါမှသာ ကျောပိုးအိတ်ကို အပေါ်သို့ ဆွဲတင်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ဗလာဖြင့် ကျောက်တောင် တွယ်တက်ရခြင်း ၏ အခက်အခဲ မှာ အများကြီး လျော့ကျသွားခဲ့လေသည်။

အပေါ်သို့ ရောက်သွားသောအခါ အရှေ့ဘက်ရှိ ရှုခင်း က အလွန် လှပနေလေသည်။

အရှေ့သို့ ထပ်မံ လျှောက်သွားလိုက်ရာ ကောင်းကင်ပြာရောင် ပန်းခင်းကြီး တစ်ခုကို မြင်တွေ့လိုက်ရပြန်သည်။

ပန်းခင်း များ ဆိုသည်မှာ တောတောင် ရှာဖွေရာတွင် မျှော်လင့်မထားသော ပျော်ရွှင်မှု တစ်ခု ဖြစ်ပြီး မြင်တွေ့လိုက်ရတိုင်း စိတ်နှလုံး ကလည်း လိုက်ပါ၍ ရွှင်လန်း ချမ်းမြေ့သွားတတ်လေသည်။

[ပန်းခင်းကြီး ရှိတယ်]

[ဓာတ်ပုံ ရိုက်ရင် သေချာပေါက် အရမ်း လှမှာပဲ]

အင်တာနက်သုံးစွဲသူများ က ချက်ချင်းပင် စိတ်လှုပ်ရှား လာကြတော့သည်။ ဤရှုခင်း က အလွန် လှပလွန်းလှပေသည်။

သာမန် တောင်ပေါ် ရှုခင်းများ က ကြည့်ရှုစရာ သိပ်မရှိလှသော်လည်း ဤမျှ ကြီးမား ကျယ်ပြန့်သော အမည်မသိ ပန်းငယ်လေးများဖြင့် ဖွဲ့စည်းထားသည့် ပန်းခင်းကြီး မှာတော့ အလှအပ ခံစား ကြည့်ရှုနိုင်စွမ်း က အများကြီး ပိုမို မြင့်မားလှပေသည်။

ရွှီယန်က အရှေ့သို့ ခြေနှစ်လှမ်းခန့် တိုးသွားကာ ပန်းခင်းကြီးကို ကြည့်ရင်း ပြောလိုက်သည်။

"တကယ်ကို လှပတာပဲ... လေတိုက်လာရင် ပန်းရနံ့ သင်းသင်းလေး တွေကိုတောင် ရှူရှိုက်မိတယ်"

"ဒီနေရာ က ပန်းတွေက လူတွေရဲ့ အနှောင့်အယှက် တစ်စုံတစ်ရာ မှ မရှိဘဲ ဒီလိုမျိုး လွတ်လွတ်လပ်လပ် ပွင့်လန်း နိုင်ကြတာ"

မြင်ကွင်း က အလွန် အဓိပ္ပာယ် ပြည့်ဝနေပြီး ဖော်ပြ၍ မရနိုင်လောက်အောင်ပင် သက်သောင့်သက်သာ ရှိလှပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် မည်သူက စတင်၍ 'ကျွန်တော့် ကိုယ်စား လွတ်လပ်ခွင့် ယူပေးပါ' ဟု ရေးသားလိုက်သည် မသိချေ။ ထို့နောက် မျက်နှာပြင် တစ်ခုလုံး တွင် 'ကျွန်တော့် ကိုယ်စား လွတ်လပ်ခွင့် ယူပေးပါ' ဟူသော ကွန်မန့်စာသားများ အပြည့်အနှက် ဖြစ်သွားတော့သည်။

အားလုံးက သံမဏိ မြို့ပြကြီး ထဲတွင် ပိတ်လှောင် ခံနေကြရပြီး အလုပ်ခွင် များနှင့် ကျောင်းများတွင် ပိတ်မိနေကြကာ အပြင်သို့ ထွက်သွားရန် အချိန် လုံးဝ မရှိကြချေ။ ဤခေတ်ကြီး က ဤမျှလောက်ပင် မတရား လွန်းလှပေသည်။

ထို့ကြောင့် အခြားသူများ လွတ်လပ်စွာ စူးစမ်းရှာဖွေ နေသည်ကို မြင်သောအခါ အားလုံးက 'ကျွန်တော့် ကိုယ်စား လွတ်လပ်ခွင့် ယူပေးပါ' ဟူသော သက်ပြင်းချသံ များကိုသာ ထုတ်ဖော်နိုင်ကြတော့သည်။

အကယ်၍ ငွေပိုရှာနိုင်ပြီး အလုပ်က သက်သာကာ အားလပ်ရက် များများ ရမည် ဆိုပါက မည်သူမဆို အပြင်ထွက် လည်ပတ်ချင်ကြမည်သာ ဖြစ်သည်။

သို့သော် ယခုအခါ ခဲရာခဲဆစ် ရရှိလာသော အားလပ်ရက် ကလေး တွင်ပင် နှစ်ရက်ခန့် အိပ်စက် အနားယူရုံဖြင့် အားအင် ပြည့်ဝလာခြင်း မရှိသေးသဖြင့် အပြင်ထွက် လည်ပတ်ရန် ခွန်အား လုံးဝ မရှိကြချေ။

ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု မှတစ်ဆင့် သာ ပျော်ရွှင်မှု များကို ရှာဖွေနိုင်ကြတော့သည်။

ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု က ဤအချက်ကို စွမ်းဆောင်နိုင်ခဲ့ပြီး အားလုံး က အားလပ်ချိန် ရတိုင်း သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ရောက် ကြည့်ရှုတတ်ကြလေသည်။ ခံစားချက် ကလည်း မဆိုးလှချေ။

ရွှီယန်က ပန်းခင်းကြီး ၏ ဘေးတွင် အချိန် အတန်ကြာအောင် ရပ်နေလိုက်သည်။

အချိန် အနေတော် ရောက်သောအခါ သူက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ထုတ်ယူကာ ရတနာရှာဖွေရေး တာဝန်ကို စတင်ရန် ရွေးချယ်လိုက်သည်။

သူ၏ အတွေ့အကြုံ အရ ဆိုလျှင် ရတနာရှာဖွေရေး အဆင့် ကောင်းမွန်သော ဒေသသို့ ပထမဆုံး အကြိမ် ရောက်ရှိလာပါက ရှားပါးအဆင့် ရတနာရှာဖွေရေး တာဝန်ကို အမြဲတမ်း စတင်နိုင်လေ့ ရှိသည်။

အမှန်တကယ်ပင် သူ ခန့်မှန်းထားသည့် အတိုင်း ဖြစ်လာခဲ့သည်။

[ရှားပါးအဆင့် ရတနာရှာဖွေရေး တာဝန်ကို စတင်ပါပြီ... ဝက်ဝံကြောင်လေး များကို ကယ်တင်ပါ]

[တာဝန် အကြောင်းအရာ... တောရိုင်း ဝက်ဝံကြောင်လေး များ၏ နယ်မြေမှာ မြေပြင် အနေအထား ပျက်စီးသွားမှု ကြောင့် သားရဲတိရစ္ဆာန် များ ကျူးကျော် ဝင်ရောက်လာသဖြင့် ဝက်ဝံကြောင်လေး များ၏ အရေအတွက်မှာ လျင်မြန်စွာ လျော့ကျနေပါသည်... ပိုင်ရှင် အနေဖြင့် သားရဲတိရစ္ဆာန် များကို နှင်ထုတ်ကာ ဝက်ဝံကြောင်လေး များကို ကာကွယ်ပေးပါ]

[မှတ်ချက်... အပြုသဘောဆောင်သော လူသားများ၏ ဝင်ရောက် စွက်ဖက်မှုသည် ဇီဝမျိုးစုံမျိုးကွဲ များကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် အကျိုးပြုပါသည်]

[တာဝန် ဆုလာဘ်... ကျပန်း ကျွမ်းကျင်မှု တစ်ခု... ကျပန်း စုဆောင်းရေး ပစ္စည်း တစ်ခု... ရှေးဟောင်း ရတနာ မြေပုံ တစ်ချပ်]

[တာဝန် ဆုလာဘ်... ဝက်ဝံကြောင်လေး ၏ ခင်မင်မှု တစ်ခု]

ရှားပါးအဆင့် တာဝန် ကို အောင်မြင်စွာ စတင်နိုင်ခဲ့ပြီ ဖြစ်သည်။

ဤတာဝန်ကို မြင်သောအခါ ရွှီယန် လည်း အနည်းငယ် မှင်တက်သွားရသည်။

'ဝက်ဝံကြောင်လေး တွေကို ကယ်တင်ရမယ်...'

ဝက်ဝံကြောင်လေး များမှာ မွေးရာပါ အလွန် ချစ်စရာ ကောင်းသော သတ္တဝါလေးများ ဖြစ်ကြလေသည်။

ရွှီယန်က ယခင်က မြင်တွေ့ခဲ့ဖူးပြီး အထူးပင် မွေးမြူချင်ခဲ့သော်လည်း နှမြောစရာ ကောင်းသည်မှာ နိုင်ငံတော် အဆင့် နှစ် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် ဖြစ်နေသည့် အပြင် မြောက်ပိုင်း ဒေသတွင် မွေးမြူရန် မသင့်တော်သဖြင့် နောက်ဆုံးတွင် ရက်ကွန်းလေး တစ်ကောင်ကိုသာ မွေးမြူလိုက်ရခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ကောင် ၏ ကွာခြားချက် က အလွန် ကြီးမားလှပေသည်။

ဝက်ဝံကြောင်လေး ၏ ထူထဲသော ခြေဖဝါး နှင့် လက်ဖဝါး များက ကြည့်ရုံဖြင့် အထူးပင် ချစ်စရာ ကောင်းလှပေသည်။

ဟိမဝန္တာ တောင်တန်း တွင် တောရိုင်း ဝက်ဝံကြောင်လေး များ အများအပြား ရှိလေသည်။

သို့သော် ဤကောင်လေးများ၏ တိုက်ခိုက်ရေး စွမ်းရည် က အလွန် အားနည်းလွန်းလှပြီး ချစ်စရာ ကောင်းအောင် နေပြတတ်သည်မှ လွဲ၍ ဘာမှ မလုပ်တတ်ကြဘဲ အလွန်ဆုံး လက်ကို မြှောက်ကာ မိမိကိုယ်ကို ပိုမို ကြီးမား သယောင် ဟန်ဆောင်ပြတတ်ရုံ သာ ရှိသဖြင့် အရေအတွက် မှာ တဖြည်းဖြည်း နှင့် ရှားပါးလာခဲ့ခြင်း ပင် ဖြစ်သည်။

'တောရိုင်း ဝက်ဝံကြောင်လေး တွေ တကယ် ရှိနေသေးတယ် လို့ မထင်ထားခဲ့ဘူး... သွားကြည့်လို့တော့ ရတယ်'

ရွှီယန်က စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ အရင်ဆုံး ဤတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်မည်ဟု ရည်ရွယ်လိုက်သည်။

ထို့ကြောင့် ရွှီယန်က ဤသို့ဖြင့် အတွင်းဘက်သို့ တောက်လျှောက် ဝင်ရောက်သွားကာ ရည်မှန်းထားသော နေရာဆီသို့ ဦးတည် လျှောက်သွားလိုက်သည်။

ဤဘက်ရှိ ရှုခင်း က အလွန် ကောင်းမွန်နေဆဲ ဖြစ်ပြီး သစ်ပင် ပန်းမန်များ ထူထပ်ကာ ကြည့်ရှုရသည်မှာ စိတ်နှလုံး ရွှင်လန်း ချမ်းမြေ့စေလေသည်။

ဝက်ဝံကြောင်လေး များ နေထိုင်ရန် သင့်တော်သော နေရာ ဖြစ်ရာ သဘာဝ အရ ရောက်ရှိရန် ထိုမျှလောက် မလွယ်ကူလှချေ။

ရွှီယန် က အနားသို့ ချဉ်းကပ်သွားပြီး ကြည့်ရှုလိုက်သော အခါမှသာ ဤနေရာမှာ ချောက်ကမ်းပါး အောက်ရှိ သဘာဝ ချိုင့်ခွက် တစ်ခု အတွင်းတွင် ဖြစ်ကြောင်း သတိထားမိလိုက်သည်။

ပတ်ပတ်လည် တွင် မတ်စောက်သော ကျောက်ကမ်းပါး များသာ ရှိနေပြီး အောက်သို့ ဆင်းရန် လမ်းကောင်း လုံးဝ မရှိချေ။ အောက်သို့ ဆင်းချင်ပါက ကျောက်တောင် တွယ်ဆင်းရန် သာ ရှိလေသည်။

အောက်သို့ ကျောက်တောင် တွယ်ဆင်းရခြင်း က အပေါ်သို့ တက်ရသည် ထက် အများကြီး ပိုမို ခက်ခဲလှသဖြင့် ဤတာဝန်၏ အခက်အခဲ အဆင့်မှာ အတော်လေး မြင့်မားလှပေသည်။

"ဒီလိုကိုး... ချိုင့်ခွက် တစ်ခု ဖြစ်နေလို့ တခြား တိရစ္ဆာန် တွေ ဝင်လို့ မရတာကြောင့် ဝက်ဝံကြောင်လေး တွေက အထဲမှာ ကောင်းကောင်း ရှင်သန် နေထိုင်နိုင်ခဲ့တာ"

"ဒါပေမဲ့ ဘယ်လို ဖြစ်သွားလဲ မသိဘူး... သားရဲတိရစ္ဆာန် တစ်ကောင် ဝင်သွားတယ်"

"အဖျက်စွမ်းအား အပြည့်အဝ နဲ့ ဖျက်ဆီး သလိုမျိုး ဖြစ်သွားလို့ ဝက်ဝံကြောင်လေး တွေ တော်တော်များများ သတ်ဖြတ် ခံလိုက်ရတာ"

"အကယ်၍ ဝက်ဝံကြောင်လေး တွေ အကုန်လုံး စားခံလိုက်ရရင် ဒီသားရဲတိရစ္ဆာန် လည်း အပြင်ထွက်လို့ မရဘဲ ငတ်သေရတော့မှာပဲ"

"သူ့ကို အပြင်ထုတ်ပေးလိုက်ရင် နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့"

ရွှီယန် က အတော်လေး ဉာဏ်ကောင်းလှပေသည်။ ရိုးရှင်းစွာ အကဲဖြတ် ခွဲခြမ်း စိတ်ဖြာကြည့်လိုက်ရုံဖြင့် ကိစ္စ၏ အစအဆုံးကို ရှင်းလင်းစွာ နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ဤတာဝန်၏ အခက်အခဲ က မည်သည့် နေရာတွင် ရှိကြောင်းကိုလည်း သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုအချက်မှာ ထိုသားရဲတိရစ္ဆာန်ကို အပြင်သို့ ထုတ်ယူနိုင်ရန် ပင် ဖြစ်လေသည်။

ဝက်ဝံကြောင်လေး ကို စားနိုင်စွမ်း ရှိသည့် ဤကောင် က သာမန် အကောင် မဟုတ်ကြောင်း သေချာလှပေသည်။ ကြောင်မျိုးရင်း တိရစ္ဆာန် ဖြစ်မည်ဟု ခန့်မှန်းရလေသည်။

"ကျားသစ် မဟုတ်ရင် လင့်ဇ် ဒါမှမဟုတ် ကာရာကယ် ကြောင် တွေ ဖြစ်လောက်တယ်"

"ဒီနေရာက ဒီလောက် မြင့်တာကို တကယ် ကယ်ချင်တယ် ဆိုရင် သူ့ကို သယ်ထုတ်လာမှ ရမှာ"

"ဒီကိစ္စ ကလည်း လွယ်ပါတယ်... တကယ်သာ ဆိုရင် ရဲတိုင်လိုက်ရုံပဲ... ဒီလို ကိစ္စမျိုး ကို ရဲတွေ က ဖြေရှင်းပေးမှာပဲ"

"စနစ် ရဲ့ ဟာကွက်ကို အသုံးချသလို ဖြစ်သွားပြီး ဆုလာဘ် မပေးဘဲ နေမလား ဆိုတာကိုတော့ မသိဘူး"

ရွှီယန်က စိတ်ထဲတွင် ထပ်မံ တွက်ချက်နေမိပြန်သည်။

အလုပ် လုပ်ရာတွင် အမြဲတမ်း နည်းလမ်း ရှိရမည် ဖြစ်သည်။ အတင်းအကျပ် ဇွတ်လုပ်၍ မရနိုင်ချေ။

သေချာ ရှင်းလင်းအောင် စဉ်းစားပြီးမှ ကိုင်တွယ် ဖြေရှင်းပါက အတော်လေး လွယ်ကူသွားမည် ဖြစ်သည်။

ရွှီယန်က တောင်ပေါ်ရှိ ချိုင့်ခွက် အနက်ကြီး ထဲသို့ ငုံ့ကြည့်ကာ ပြောလိုက်သည်။

"ဒီထဲမှာ တော်တော်လေး ထူးဆန်းတယ်... အဲဒီမှာ တစ်ခုခု ရှိနေတယ်"

"ကျွန်တော် အောက်ဆင်းပြီး ကြည့်မလို့"

"ကံကောင်းလို့ ကြိုး ပါလာတယ်"

ရွှီယန်က ပြောသည်နှင့် တစ်ပြိုင်နက် ချက်ချင်း စတင် လုပ်ဆောင်တော့သည်။ ကြိုးကို သစ်ပင်ကြီး တစ်ပင်၏ သစ်စည်တွင် ခိုင်ခံ့စွာ ချည်နှောင်လိုက်ပြီးနောက် သူက ချိုင့်ခွက် အနက်ကြီး ထဲသို့ ဆင်းသွားရန် ပြင်ဆင်လိုက်တော့သည်။

All Chapters