← Chapters

အခန်း ၃၉၈

Vol. 40 Ch. 398

အခန်း ၃၉၈

Vol. 40 Ch. 398

အခန်း ၃၉၈။ ဝက်ဝံကြောင်လေးများ၏ နိဗ္ဗာန်ဘုံနှင့် ပြင်ပမှ ကျူးကျော်သူ

ရွှီယန်က ချိုင့်ခွက်အနက်ကြီးထဲသို့ ဝင်ရောက်သွားလေသည်။

ဤနေရာရှိ နေရာလပ်က အတော်လေး ကျယ်ဝန်းသော်လည်း နှိုင်းယှဉ်ကြည့်လျှင် အနည်းငယ် ပိတ်လှောင်နေလေသည်။

သေချာစွာ ကြည့်ရှုလိုက်ရာ တောရိုင်း သစ်သီးပင် အများအပြား ရှိနေပြီး သေးငယ်သော ဘယ်ရီသီးလေးများ သီးပွင့်နေသည်ကို မြင်တွေ့ရလေသည်။

ဤနေရာက တကယ်ကို အလွန် ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပြီး ဝက်ဝံကြောင်လေးများ အတွက် အနေတော်ပင် ဖြစ်လေသည်။

၎င်းတို့တွင် ကာကွယ်နိုင်စွမ်း အနည်းငယ်မျှပင် မရှိဘဲ အသက်ရှင် နေထိုင်နိုင်ရန်မှာ သဘာဝတရား၏ ဖန်တီးပေးမှု အပေါ်တွင်သာ လုံးဝ မှီခိုနေရခြင်း ပင် ဖြစ်လေသည်။

ဒရုန်းကလည်း အောက်သို့ ပျံသန်း ဆင်းသက်လာခဲ့သည်။

ထိုစဉ်မှာပင် အလွန် ချစ်စရာ ကောင်းသော ဝက်ဝံကြောင်လေး တစ်ကောင်က သစ်ပင် တစ်ပင်ပေါ်မှ ရုတ်တရက် ခုန်ဆင်းလာပြီးနောက် ရွှီယန်၏ ခြေထောက် အနားသို့ တောက်လျှောက် ပြေးလာတော့သည်။

ကောင်လေးက ရွှီယန်၏ အနားသို့ ရောက်လာပြီးနောက် အနည်းငယ် သတိထားနေဟန်ဖြင့် ပတ်ဝန်းကျင်ကို စူးစမ်း ကြည့်ရှုနေလေသည်။

ဝက်ဝံကြောင်လေး ထွက်ပေါ်လာသည်ကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ အင်တာနက်သုံးစွဲသူများ မှာ ချက်ချင်းပင် အံ့အားသင့် ဝမ်းသာသွားကြတော့သည်။

[ဟိုဘက်ကို ကြည့်လိုက်... ဝက်ဝံကြောင်လေး ပဲ]

[ဘုရားရေ... အရမ်း ချစ်စရာ ကောင်းတာပဲ]

[ဒီမှာ ဝက်ဝံကြောင်လေး တွေ ရှိနေသေးတာလား... တောရိုင်း က ကောင်လေး တွေလား]

[ငါ ဘယ်တော့လောက် မှ မွေးလို့ ရမှာလဲ]

[လောင်ရွှီ... မင်း ဝက်ဝံကြောင်လေး ကို မွေးထားတာ... ဥပဒေ နဲ့ ငြိစွန်းတယ် ဆိုတာ သိရဲ့လား]

အောက်သို့ ဆင်းလာသည်နှင့် တစ်ပြိုင်နက် ဝက်ဝံကြောင်လေး နှင့် တွေ့ဆုံရလိမ့်မည်ဟု ရွှီယန် မမျှော်လင့်ထားခဲ့ချေ။

တာဝန် ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

ဤကောင်လေး က တကယ်ကို ချစ်စရာ ကောင်းလှပြီး အထူးသဖြင့် ဝိုင်းစက်ကာ အမွေးအမျှင်များ ထူထပ်နေသော အသားဖတ် လက်ဖဝါး ခြေဖဝါး လေးခု နှင့် ဖောင်းပွနေသော အမြီးကြီး က ပို၍ပင် လူကို အချစ်ပိုစေလေသည်။

ရွှီယန်က ဤကောင်လေးကို ကြည့်ရင်း စကားဆိုလိုက်သည်။

"ကျွန်တော် ကြိုပြီး ရှင်းပြထားပါရစေ... ကျွန်တော် နဲ့ ဒီဝက်ဝံကြောင်လေး က ဘာပတ်သက်မှု မှ မရှိပါဘူး"

"သူက ကျွန်တော့် အနားကို သူ့ဘာသာ လာကပ်တာပါ"

"အားလုံးပဲ သေချာ ကြည့်ကြည့်ပါ... သူက တစ်ခုခု ကို ရှောင်ပုန်း နေတဲ့ ပုံပေါက်နေတယ်"

"မဟုတ်ရင် ဒီလောက်တောင် ကြောက်နေမှာ မဟုတ်ဘူး"

အင်တာနက်သုံးစွဲသူများ ကလည်း ဤအချိန်တွင် ဝက်ဝံကြောင်လေး ၏ ပုံမှန် မဟုတ်သော အခြေအနေကို သတိထားမိသွားကြသည်။

ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းနေပြီး မျက်နှာ အမူအရာ တွင်လည်း ထိတ်လန့် ပြာယာခတ် နေမှုများ ပြည့်နှက်နေသည်ကို ခံစားမိကြလေသည်။

ပတ်ဝန်းကျင် တွင် ကြောက်မက်ဖွယ် ကောင်းသော အရာ တစ်ခုခု ရှိနေကြောင်း သေချာလှပေသည်။

ရွှီယန်က ဤကောင်လေးကို တိုက်ရိုက်ပင် ပွေ့ချီလိုက်ပြီးနောက် စကားဆက်ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ နားလည်မှု အရ ဆိုရင် ဒီသဘာဝ ချိုင့်ခွက် အနက်ကြီး က ဝက်ဝံကြောင်လေး တွေ ရှင်သန် နေထိုင်တဲ့ နေရာ ဖြစ်လောက်တယ်... အထဲက ဧရိယာ ကလည်း တော်တော် ကျယ်ဝန်းပြီး သူတို့ သွားလာ လှုပ်ရှားဖို့ အတွက် လုံလောက်တယ်"

"ဒါပေမဲ့ အခုတော့ တစ်ခုခု ဝင်လာတဲ့ ပုံပဲ"

"ဘာအကောင်လဲ ဆိုတာကိုတော့ မသိရသေးဘူး"

ရွှီယန်၏ အကြည့်များက ပတ်ဝန်းကျင် အရပ်လေးမျက်နှာ ဆီသို့ လှည့်လည် ကြည့်ရှုနေလိုက်သည်။

သူ့တွင် စနစ်၏ တာဝန် ရှိနေသဖြင့် ဤနေရာတွင် သားရဲတိရစ္ဆာန် ရှိနေကြောင်းကို သဘာဝ အရ သိရှိထားလေသည်။

ထိုသားရဲတိရစ္ဆာန် က အတိအကျ မည်သည့် အကောင် ဖြစ်မည်ကို ရွှီယန် စဉ်းစားနေမိသည်။

ဝက်ဝံကြောင်လေး က ရွှီယန်၏ ပွေ့ချီထားမှုကို ခံနေရသော်လည်း ရုန်းကန်ခြင်း မရှိဘဲ မျက်နှာ အမူအရာ တွင် သတိထားဟန်ဖြင့် ပတ်ဝန်းကျင်ကိုသာ ကြည့်ရှုနေလေသည်။

ဤကောင်လေး က ရွှီယန်ကို မကြောက်ရွံ့သော်လည်း ဝင်ရောက် ကျူးကျော်လာသော ထိုသားရဲတိရစ္ဆာန်ကို အလွန် ကြောက်ရွံ့နေကြောင်း သိသာလှပေသည်။

ရွှီယန် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ သိုင်းဝတ္ထုများ ထဲတွင် ဆိုပါက ဓားပြများက ရွာကို ဝင်ရောက် သတ်ဖြတ်နေချိန်တွင် ဇာတ်လိုက် က ပေါ်ထွက်လာကာ ကယ်တင်သည့် ဇာတ်လမ်းမျိုး နှင့်ပင် တူညီနေလေသည်။

"သူ တော်တော် လန့်သွားတယ်"

"ထူးခြားတဲ့ အခြေအနေ မရှိဘူး ဆိုရင် ဒီနေရာမှာ ကျူးကျော်သူ တစ်ကောင် ရှိနေလောက်တယ်"

ရွှီယန်က ဝက်ဝံကြောင်လေးကို ပွေ့ချီထားလျက် သေချာစွာ စစ်ဆေး ကြည့်ရှုနေလိုက်သည်။

သူ ကျူးကျော်သူကို ရှာမတွေ့သေးသော်လည်း အခြား ဝက်ဝံကြောင်လေး တစ်ကောင်၏ အသေကောင်ကို မြင်တွေ့လိုက်ရသည် ရွှီယန်က အနားသို့ လျှောက်သွားကာ ကြည့်ရှုလိုက်ရာ ဤဝက်ဝံကြောင်လေး မှာ အသားများ အားလုံး စားသောက် ခံထားရပြီး ဖြစ်လေသည်။

ထင်သည့် အတိုင်းပင် အလွန် ဆိုးရွားသော အဖြစ်ဆိုး တစ်ခု က ဤနေရာတွင် ဖြစ်ပျက်နေခြင်း ပင် ဖြစ်လေသည်။

အကယ်၍ ပြင်ပမှ ဝင်ရောက် စွက်ဖက်မှုသာ မရှိပါက ၎င်းတို့ နှစ်ဖက်စလုံး၏ ဇာတ်သိမ်း က သေချာပေါက် အလွန် အဖြစ်ဆိုး နှင့် ရင်ဆိုင်ရမည် ဖြစ်လေသည်။

[ဝက်ဝံကြောင်လေး ရဲ့ အသေကောင်ပဲ... ဘုရားရေ... သနားစရာ ကောင်းလိုက်တာ... ဒါ ဘာအခြေအနေ လဲ]

[ဒါ ဘယ်သူ လုပ်တာလဲ... အရမ်း လွန်လွန်းတယ်]

[သဘာဝလောက မှာ ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား... ဝက်ဝံကြောင်လေး က ဘာမှ ပြန်ခုခံနိုင်တဲ့ စွမ်းရည် မှ မရှိတာ... အစားခံရမှာ ပေါ့]

[ဒီဘက် ပတ်ပတ်လည် တွေက တောင်တွေချည်းပဲကို... သားရဲတိရစ္ဆာန် က ဘယ်ကနေ ရောက်လာတာလဲ]

ကွန်မန့်စာသားများ မှတစ်ဆင့် အားလုံးက တစ်ယောက်တစ်ပေါက် ဆွေးနွေး ပြောဆိုနေကြလေသည်။

ရွှီယန် ကတော့ ဆက်လက်၍သာ စောင့်ကြည့် အကဲခတ် နေလိုက်သည်။

သူ၏ အမြင်အာရုံ က အလွန် ကောင်းမွန်လှရာ မကြာခင်မှာပင် ရွှီယန် က ပစ်မှတ်ကို ရှာတွေ့သွားခဲ့သည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ၏ မျက်လုံး အကြည့်များ က ရုတ်တရက် ပြောင်းလဲသွားပြီးနောက် ခေါက်တုတ် တစ်ချောင်းကို လျင်မြန်စွာ ထုတ်ယူလိုက်တော့သည်။

အောက်သို့ ပြုတ်ကျလာခဲ့သော အကောင်မှာ ကျားသစ် တစ်ကောင် ဖြစ်ပြီး ကျားသစ် အစစ် တစ်ကောင် ပင် ဖြစ်လေသည်။

လင့်ဇ် သို့မဟုတ် တိမ်ကျားသစ် ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ကျားသစ် ဖြစ်နေလိမ့်မည် ဟု မမျှော်လင့်ထားခဲ့ချေ။

ဤအရာက အလွန် အန္တရာယ် များလှပေသည်။

ရွှီယန်၏ ယခုလက်ရှိ ကျားသစ် အပေါ် မြင်တွေ့ထားမှုမှာ ကျားသစ်ပေါက်လေး ရှောင်ဟွာ တို့ မိသားစု အပေါ်တွင်သာ ရပ်တန့်နေခဲ့ပြီး ယခုကဲ့သို့ မျက်နှာတွင် ကြမ်းကြုတ် ရက်စက်မှုများ အပြည့် ပါဝင်နေသော ကျားသစ် တစ်ကောင်နှင့် ရုတ်တရက် ကြုံတွေ့လိုက်ရသောအခါ သူ ချက်ချင်းပင် သတိထားလာမိတော့သည်။

[လောင်ရွှီ... ဘာဖြစ်လို့လဲ... ဘာရှာတွေ့လို့လဲ]

အင်တာနက်သုံးစွဲသူများ က ကျားသစ်ကို ရှင်းလင်းစွာ မမြင်တွေ့လိုက်ရသဖြင့် တစ်ခဏချင်း အနည်းငယ် တွေဝေသွားကြလေသည်။

ဒရုန်း၏ ကင်မရာ လှည့်သွားသော အခါမှသာ တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်း ထဲတွင် အလွန် ကြမ်းကြုတ်သော ကျားသစ် ခေါင်းကြီး တစ်ခု က ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့တော့သည်။

လခွမ်း ထိုအကောင်မှာ ကျားသစ်ပင် ဖြစ်လေသည်။

ဤသည်မှာ တကယ့် ကျားသစ် အစစ် တစ်ကောင် ဖြစ်ပြီး နိုင်ငံတော် အဆင့် တစ် ကာကွယ် စောင့်ရှောက်ရမည့် တိရစ္ဆာန် ဖြစ်ကာ ခန္ဓာကိုယ် အချိုးအစား က ပြေပြစ်ပြီး ထွားကျိုင်း သန်စွမ်းလှပေသည်။

၎င်းက ရွှီယန်ကို သတိထားမိသွားခဲ့ပြီ ဖြစ်ရာ ချက်ချင်းပင် အစွယ်များကို ထုတ်ပြကာ တိုးညင်းသော ဟိန်းဟောက်သံများ အဆက်မပြတ် ပြုလုပ်နေတော့သည်။

ကျားသစ် အတွက်တော့ ဤနေရာရှိ နေရာလပ် က အလွန် သေးငယ်လှပေသည်။

၎င်းက ဤနေရာကို မိမိ၏ နယ်မြေ အဖြစ် သတ်မှတ်ထားခဲ့ပြီ ဖြစ်ရာ ရွှီယန် ကျူးကျော် ဝင်ရောက်လာသည်ကို မြင်သောအခါ သတိထားသည့် ပုံစံမျိုး ပြသကာ သူ့ကို မောင်းထုတ်ချင်နေခြင်း ပင် ဖြစ်လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ အင်တာနက်သုံးစွဲသူများ မှာ ချက်ချင်းပင် စိုးရိမ် ထိတ်လန့်လာကြတော့သည်။

ဤတိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်း က အတော်လေး ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းလှပေသည်။

ရွှီယန်က ကျားသစ်ကို တည်ငြိမ်စွာ ကြည့်ရင်း နောက်ဆက်တွဲ လုပ်ဆောင်ရမည့် ကိစ္စများကို တွက်ချက်နေလိုက်သည်။

ဤတာဝန် က တကယ်ကို ခက်ခဲလှပေသည်။

ကျားသစ် တစ်ကောင်ကို တောင်ပေါ်ရှိ ချိုင့်ခွက် အနက်ကြီး ထဲမှနေ၍ အပြင်သို့ ခေါ်ထုတ်သွားရန် ဆိုသည်မှာ အခက်အခဲ အဆင့်က သာမန်လောက် မြင့်မားသည် မဟုတ်ချေ။

တစ်နည်းအားဖြင့် ပြောရမည် ဆိုလျှင် အနည်းဆုံးတော့ ဤကျားသစ်ကို အနိုင်ယူနိုင်မှသာ ရမည် ဖြစ်လေသည်။

သို့သော် ကြောင်မျိုးရင်း တိရစ္ဆာန်များ၏ တိုက်ခိုက်နိုင်စွမ်း က အလွန် ပြင်းထန်လွန်းလှပြီး အပြေးအမြန်နှုန်း ကလည်း မြန်ဆန်သဖြင့် လက်ဗလာဖြင့် သတ်ပုတ်ရမည် ဆိုပါက ဒဏ်ရာ ရရှိမည်ကို ရှောင်လွှဲ၍ မရနိုင်ချေ။

လူသားများ က တိုက်ခိုက် သတ်ပုတ်ရာတွင် အမြဲတမ်း အထိအခိုက် မရှိဘဲ အပြည့်အဝ အနိုင်ရရှိရန် အစွမ်းကုန် ကြိုးစားတတ်ကြသဖြင့် လက်တွန့် ခြေတွန့် ဖြစ်နေတတ်ကြလေသည်။

ကျားသစ် က သစ်ပင်ပေါ်မှနေ၍ ဖြည်းညင်းစွာ ဆင်းလာခဲ့ပြီး ၎င်း၏ အကြည့်များ က ရွှီယန်ကို စူးစိုက် ကြည့်နေကာ မျက်နှာပေါ်ရှိ ခြိမ်းခြောက်လိုသော အရိပ်အယောင် များ က ပို၍ပို၍ ထင်ရှားလာခဲ့သည်။

ဤကျားသစ် က အချိန်မရွေး ခုန်အုပ် တိုက်ခိုက်တော့မည့် အနေအထား ဖြစ်နေပြီ ဆိုတာကို အင်တာနက်သုံးစွဲသူများ က မြင်တွေ့ သိရှိနေကြပြီ ဖြစ်သည်။

"ဒီကျားသစ် က တော်တော် ကြမ်းတာပဲ... ငါ့အိမ်က ရှောင်ဟွာ က ဒီလောက် မကြမ်းဘူး"

ဤအချိန်တွင် ရွှီယန်က တည်ငြိမ်စွာပင် စကားတစ်ခွန်း ပြောလိုက်သည်။

ရှောင်ဟွာ က ကျားသစ်များ အထဲတွင် ထူးခြားသော အကောင် တစ်ကောင် ဖြစ်ပြီး အူကြောင်ကြောင် နိုင်သော မျက်လုံးဝိုင်းကြီးများ နှင့် ကြည့်ရသည်မှာ အလွန် ချစ်စရာ ကောင်းကာ ကြမ်းကြုတ် ရက်စက်သော ခံစားချက်မျိုး အနည်းငယ်မျှပင် မရှိချေ။

ထို့အပြင် ၎င်း က အမဲလိုက်လေ့ အလွန် ရှားပါးလှပြီး သားရဲတိရစ္ဆာန် တစ်ကောင်၏ ဩဇာ အာဏာ မျိုးလည်း မရှိဘဲ သာမန် ကြောင်ကြီး တစ်ကောင် သက်သက်သာ ဖြစ်လေသည်။

ဤကျားသစ် ကို ကြည့်လိုက်ပါက ထပ်မံ၍ ကြမ်းကြုတ်စရာ မရှိလောက်အောင်ပင် ကြမ်းကြုတ် ရက်စက်နေလေသည်။

ကျားသစ် က တိုးညင်းစွာ ဟိန်းဟောက်လျက် ရွှီယန်၏ အနားသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာတော့သည်။

ရွှီယန် ကတော့ ဘာမှ မဖြစ်သော်လည်း ရွှီယန်၏ ရင်ခွင်ထဲရှိ ဝက်ဝံကြောင်လေး မှာ အလွန် လန့်ဖြတ်သွားသဖြင့် အလျင်စလို ရုန်းထွက်လာခဲ့ပြီးနောက် အမြီးကို လှုပ်ခါလျက် လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

ဤချစ်စရာ ကောင်းသော ကောင်လေးများ မှာ ကျားသစ်၏ ခြောက်လှန့်မှု ကြောင့် အလွန် ကြောက်လန့် နေကြလေသည်။

သစ်တောထဲတွင် အခြား ဝက်ဝံကြောင်လေး များ အများအပြား ရှိနေသေးသော်လည်း အားလုံးက သစ်ခေါင်းပေါက် များထဲတွင် ပုန်းအောင်းနေကြပြီး လုံးဝ ထွက်မလာရဲကြချေ။

ကျားသစ် က ဤနေရာ သို့ ကြောက်ရွံ့ ထိတ်လန့်မှု များစွာကို ယူဆောင်လာပေးခဲ့ခြင်း ပင် ဖြစ်လေသည်။

ကျားသစ် က ရွှီယန် ရှိရာဘက်သို့ ဆက်လက် ချဉ်းကပ်လာနေဆဲ ဖြစ်သည်။

ရွှီယန် ကတော့ အေးစက်စက် ဖြင့်သာ ကြည့်ရှုနေလိုက်သည်။

'ဓားထုတ် သုံးရင် ငါ ရာနှုန်းပြည့် အနိုင်ရနိုင်တယ်... ပြီးတော့ သိပ်လည်း ဒဏ်ရာ ရမှာ မဟုတ်ဘူး... ဒါပေမဲ့ ကျားသစ် တော့ သေသွားလိမ့်မယ်'

'တုတ် သုံးရင် သူ့ကို မောင်းထုတ်နိုင်မယ်... ဒါပေမဲ့ ငါ့ရဲ့ လက်မောင်း ကို ကျားသစ် ရဲ့ လက်သည်း နဲ့ အကုပ်ခံရနိုင်ခြေ အရမ်း များတယ်... နောက်ဆက်တွဲ ကျားသစ် ကို အပြင် သယ်ထုတ်သွားချင်ရင်လည်း မဖြစ်နိုင်တော့ဘူး'

'ဝက်ဝံကြောင်လေး တွေကို ကယ်တင်ဖို့ အတွက် ကျားသစ် တစ်ကောင်ကို သတ်ပစ်ရမယ် ဆိုရင်တော့ ငါ အဲဒီလို လည်း မလုပ်ရက်ဘူး'

သူက စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက် စဉ်းစားနေလိုက်သည်။

နောက်ဆုံးတွင်တော့ ရွှီယန်က သက်ပြင်း တစ်ချက် ချလိုက်တော့သည်။

မတတ်နိုင်ချေ။ ဤကဲ့သို့သော အခြေအနေမျိုး နှင့် ကြုံတွေ့ရချိန်တွင် ကျားသစ် ကိုကော ဝက်ဝံကြောင်လေး ကိုပါ သူ ကယ်တင်ရမည်သာ ဖြစ်လေသည်။

ထို့ကြောင့် ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို ယာယီ ပိတ်လိုက်ပြီးနောက် လူကောင်းကတ် ကို အသုံးပြုရန် ရွေးချယ်လိုက်တော့သည်။

လူကောင်းကတ် မှာ ရွှီယန်၏ အသက်ကယ် ဖဲချပ် ဖြစ်ပြီး အသက်အန္တရာယ် နှင့် ကြုံတွေ့ရချိန်တွင် အသုံးပြုရန် အမြဲတမ်း ချန်လှပ်ထားခဲ့ခြင်း ပင် ဖြစ်လေသည်။

ယခု သုံးလိုက်ရသည် လည်း သုံးလိုက်ရခြင်း ပင်။ အဆိုးဆုံး အနေဖြင့် ကျားများ ဝက်ဝံညို များ ရှိသော နေရာများသို့ ယာယီ မသွားဘဲ နေလိုက်ပါက ရပြီ ဖြစ်လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ရခြင်း မှာလည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် မြင်ကွင်း က ရှင်းပြရန် ခက်ခဲသောကြောင့် ပင် ဖြစ်လေသည်။

ဤအချိန် ဤအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်များ မှာ ကြောင်အမ်းအမ်း ဖြစ်သွားကြရတော့သည်။

ဘာအခြေအနေ လဲဟူ၍ တွေးနေကြသည်။

စိတ်လှုပ်ရှားစရာ ကောင်းနေတဲ့ အချိန်ကြီး ကို ဘယ်လိုလုပ် မျက်နှာပြင် က အမည်းရောင် ဖြစ်သွားရတာလဲဟု အံ့သြနေကြသည်။

လောင်ရွှီ တစ်ယောက် ဒုက္ခ ရောက်သွားပြီ လားဟု စိုးရိမ်နေကြသည်။

လောင်ရွှီ ရေ မင်း ဒီနေရာမှာ တော့ ဒုက္ခ မရောက်စေနဲ့နော်ဟု ဆုတောင်းနေကြသည်။

ကွန်မန့်စာသားများ မှတစ်ဆင့် အင်တာနက်သုံးစွဲသူများ မှာ အဆက်မပြတ် အံ့ဩ ထိတ်လန့်နေကြပြီး တချို့ လူများ က အမွှေးတိုင် ပင် စတင် ထွန်းညှိနေကြပြီ ဖြစ်လေသည်။

တကယ်တမ်းတွင် လူကောင်းကတ် ကို အသုံးပြုလိုက်ပြီးနောက် ကျားသစ် က ချက်ချင်းပင် ရုပ်ရည် သန့်ပြန့်လာပြီး ရွှီယန်ကို တိုက်ခိုက်မည့် အကြံအစည်များ လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

မျက်နှာ အမူအရာ ကတော့ အေးစက်နေဆဲ ဖြစ်ပြီး ရှောင်ဟွာ လိုမျိုးတော့ အဲဒီလောက် ချစ်စရာ မကောင်းချေ။

ကျားသစ် များ တွင်လည်း ရုပ်ရည် အနိမ့်အမြင့် ရှိလေရာ ရှောင်ဟွာ ၏ ရုပ်ရည် က အလွန် မြင့်မားပြီး ဤကျားသစ် ကတော့ အနည်းငယ် လျော့ကျနေလေသည်။

သေချာသည်ကတော့ ကြောင်မျိုးရင်း တိရစ္ဆာန် ဖြစ်ရာ ရှောင်ဟွာ လောက် မလှပသော်လည်း ကြောင်ကြီး တစ်ကောင် ဖြစ်သဖြင့် ကြည့်ရသည်မှာ ချစ်စရာ ကောင်းနေဆဲပင် ဖြစ်လေသည်။

ကျားသစ် က ရွှီယန်၏ အနားသို့ တက်ကြွစွာ ချဉ်းကပ်လာခဲ့ပြီး ရွှီယန်က ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးကာ စကားဆိုလိုက်သည်။

"ရပြီ... မင်း အောက်ကို ပြုတ်ကျလာပြီး ဒီမှာ ပိတ်မိနေတယ် ဆိုတာကို သိပါတယ်"

"မင်းရဲ့ ပုံစံကို ကြည့်ရတာ အပြင် ထွက်ချင်နေတဲ့ ပုံပဲ"

"ဒီလောက် သေးငယ်တဲ့ နေရာလေး မှာ မင်းကို ပိတ်လှောင်ထားရင်တောင် ပိတ်လှောင် သေသွားနိုင်တယ်"

"မင်း သူတို့ကို စားလို့ ကုန်သွားရင် ဒီနေရာမှာပဲ ငတ်သေရတော့မှာ သေချာတယ်"

"ငါ မင်းကို အပြင် ခေါ်သွားပေးပါ့မယ်"

ဤသည်မှာ ဤတာဝန်၏ အခက်ခဲဆုံး နေရာပင် ဖြစ်ပြီး ကျားသစ် တစ်ကောင်ကို ချိုင့်ခွက် အနက်ကြီး ထဲမှနေ၍ အပြင်သို့ ခေါ်ဆောင်သွားရန် ပင် ဖြစ်လေသည်။

ကံကောင်းစွာဖြင့် ရွှီယန် တွင် ပစ္စည်း ကိရိယာများ အလုံအလောက် ရှိနေလေသည်။

ကျားသစ် က လမ်းခုလတ် တွင် တစ်ခုခု အပြောင်းအလဲ ဖြစ်ပေါ်လာမည်ကို ကာကွယ်ရန် အတွက် ရွှီယန်က ယခင်က ဆုလာဘ် အဖြစ် ရရှိထားသော ဆေးသေတ္တာ ကို ထုတ်ယူလိုက်ပြီးနောက် မေ့ဆေး တစ်လုံးကို ထုတ်ယူကာ ကျားသစ် ကို တိုက်ရိုက်ပင် ထိုးသွင်းပေးလိုက်တော့သည်။

ဤကောင်လေး ကလည်း တုံ့ပြန်ချိန် မရလိုက်သဖြင့် ခုခံ ငြင်းဆန်ခြင်း မရှိခဲ့ချေ။

တုံ့ပြန်ချိန် ရလာသော အခါတွင်တော့ မူးဝေ ရီဝေ ဖြစ်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားခဲ့ပြီ ဖြစ်လေသည်။

နောက်ဆက်တွဲ အနေဖြင့် အခက်ခဲဆုံး အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ရွှီယန်က ကြိုးကို အသုံးပြု၍ ကျားသစ် ကို မိမိ၏ ကျောပေါ်တွင် မြဲမြံစွာ ချည်နှောင်လိုက်ပြီးနောက် စောစောက ဆင်းလာခဲ့သော နေရာသို့ ပြန်သွားကာ တောင်တက်ကြိုးကို ကိုင်လျက် အပေါ်သို့ စတင် တွယ်တက်တော့သည်။

'တကယ်ကို အဓိပ္ပာယ်မဲ့လွန်းတယ်'

'ငါ က ဟိမဝန္တာ တောင်တန်း မှာ ကျားသစ် တစ်ကောင်ကို ကျောပိုးပြီး တောင်တက်နေရတယ်'

'ဒါကို အပြင်မှာ သွားပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး'

'အဓိက အချက် က လိုက်ဖ်လွှင့် လို့လည်း မရဘူး... မဟုတ်ရင် ရဲစခန်း က လူတွေ ရဲ့ ခေါ်ယူ စစ်ဆေးတာကို သေချာပေါက် ခံရမှာပဲ'

'ကိုယ့်ဘာသာကိုယ် သိနေရင် ရပါပြီ'

ရွှီယန် က ဤမျှ များပြားလှသော ကိစ္စရပ်များကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သော်လည်း ယခု ကိစ္စမှာ အတော်လေး အဓိပ္ပာယ်မဲ့လွန်းသည် ဟု ခံစားနေရဆဲပင် ဖြစ်လေသည်။

သို့သော် မတတ်နိုင်ချေ။

တာဝန် က ဤကဲ့သို့သော တာဝန်မျိုး ပင် ဖြစ်ရာ လူကောင်းကတ် နှင့် မေ့ဆေး တို့ ပေါင်းစပ် အသုံးပြုလိုက်ရသဖြင့် ဤတာဝန်ကို အထိတ်တလန့် ဖြစ်ခဲ့ရသော်လည်း အန္တရာယ် ကင်းကင်းဖြင့် ပြီးမြောက် အောင်မြင်နိုင်ခဲ့လေသည်။

ဤသို့ ကြည့်မည် ဆိုလျှင် ပစ္စည်း ကိရိယာ များကို များများ စုဆောင်းထားမှ ရမည် ဖြစ်လေသည်။

နောက်ပိုင်းတွင် မထင်မှတ်ထားသော အကျိုးသက်ရောက်မှု များ ရှိလာနိုင်လေသည်။

သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု က အလွန် ကောင်းမွန်လှရာ ကျားသစ်ကို သယ်ဆောင်၍ တောင်တက်ရခြင်း မှာလည်း မည်သည့် ပြဿနာ မှ မရှိချေ။

မကြာခင်မှာပင် ရွှီယန် က ချိုင့်ခွက် အနက်ကြီး ထဲမှနေ၍ အပေါ်သို့ ရောက်ရှိလာခဲ့ပြီး ကျားသစ်ကို သစ်ပင် တစ်ပင်၏ ဘေးတွင် ချထားလိုက်ကာ သက်ပြင်း တစ်ချက် ချလိုက်တော့သည်။

နောက်ဆုံးတော့ ကိစ္စ ပြီးသွားခဲ့ပြီ ဖြစ်သည်။

တကယ်တမ်းတွင် ဤဘက်သို့ ကယ်ဆယ်ရေး အဖွဲ့ကို ခေါ်လိုက်၍လည်း ရသော်လည်း ဤနေရာကို လူများ ရှာတွေ့သွားပါက ဝက်ဝံကြောင်လေး များ၏ လုံခြုံရေး ကို ထိခိုက်လာမည်ကို ရွှီယန် စိုးရိမ်မိလေသည်။

ကယ်ဆယ်ရေး အဖွဲ့ ထဲတွင် လူဆိုးများ မပါဝင်ကြောင်း အာမခံ၍ မရနိုင်ချေ။

ယခုကဲ့သို့ပင် မိမိ တစ်ယောက်တည်း သာ ဤနေရာကို သိရှိနေခြင်း က အကောင်းဆုံး ပင် ဖြစ်လေသည်။

ဤတောင်ပေါ်ရှိ ချိုင့်ခွက် က ဝက်ဝံကြောင်လေး များ အတွက်တော့ သာယာလှပသည့် နိဗ္ဗာန်ဘုံ တစ်ခု ဖြစ်နေဆဲပင် ဖြစ်လေသည်။

၎င်းတို့ အနေဖြင့် အသက်ရှင် နေထိုင်နိုင်ရန် မှာလည်း မလွယ်ကူလှရာ ဤနေရာတွင်သာ ကောင်းမွန်စွာ ဆက်လက် ရှင်သန် နေထိုင်ကြပါစေ ဟု တွေးတောလိုက်သည်။

ဤအရာ အားလုံးကို လုပ်ဆောင်ပြီးနောက် ရွှီယန်က သစ်ပင်ကို မှီလျက် ခဏမျှ အနားယူလိုက်ပြီးနောက် ကျားသစ် ကို မေ့ဆေး ပြယ်စေသော ဆေးတစ်လုံး ထပ်မံ ထိုးပေးလိုက်သည်။

စနစ်မှ ရရှိသော ပစ္စည်းများ ဖြစ်ရာ အကျိုးသက်ရောက်မှု က အထူး ကောင်းမွန်လှပေသည်။

ကျားသစ် က လျင်မြန်စွာပင် သတိပြန်လည် လာခဲ့သည်။

၎င်းက တွေဝေ မိန်းမော နေသော မျက်နှာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ရာ ကြည့်လေလေ ပို၍ တွေဝေသွားလေလေ ပင် ဖြစ်လေသည်။

ထို့နောက် ၎င်းက ထိုတောင်ပေါ်ရှိ ချိုင့်ခွက် ထဲမှ ထွက်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတိထားမိသွားပုံ ရပြီး ချက်ချင်းပင် မတ်တတ်ထရပ်ကာ နောက်ကို လှည့်မကြည့်တော့ဘဲ အရှေ့သို့ တောက်လျှောက် ပြေးထွက်သွားတော့သည်။

ထို့နောက် တိုက်ရိုက်ပင် အဝေးသို့ ပြေးထွက်သွားပြီး ပြန်လည် ရောက်ရှိမလာတော့ချေ။

"တကယ်ကို သွေးအေးတာပဲ... လူကောင်းကတ် သုံးထားတာတောင် အလကားပဲ"

ရွှီယန်က မနေနိုင်ဘဲ ညည်းတွား ပြောဆိုလိုက်မိသည်။

ထို့နောက်မှသာ သူက တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ဖွင့်လိုက်ပြီး အားလုံးကို မိမိ ရောက်ရှိနေသော နေရာရှိ မြင်ကွင်းကို ပြသလိုက်သည်။

ရွှီယန် က ကျားသစ် ထွက်ပြေးသွားပြီ ဖြစ်ကြောင်းနှင့် သူ လည်း အပေါ်သို့ ပြန်တက်လာခဲ့ပြီ ဖြစ်ကာ အရာအားလုံး အဆင်ပြေကြောင်း ကိုသာ ပြောပြလိုက်သည်။

အင်တာနက်သုံးစွဲသူများ ထံတွင် မေးခွန်းများစွာ ရှိနေသော်လည်း အတိအကျ ဘာတွေ ဖြစ်ပျက်ခဲ့ကြောင်းကိုတော့ ရွှီယန် တစ်ယောက်တည်း သာ သိရှိလေတော့သည်။

All Chapters