← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

🍄 Chapter 173

သို့သော် လုံလောက်မှု ရှိမရှိကိုမူ ယန်ကျောက်အား မေးမြန်းရန်လိုအပ်ပေသည်။

ဤသည်မှာ သာယာဖွယ်ရာအခြေအနေတစ်ခု မဟုတ်သော်လည်း မာနကို မျိုသိပ်ကာ အိမ်ပြန်ယူရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။

ယန်ကျောက်က ဖုန်းထဲတွင် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ချန်မေ့လန်ကို မေးလိုက်၏။

“လုကျင်းယွီ ငါတို့ဆီရောက်နေပြီလား၊ ရဲဘော်တစ်ယောက်ရဲ့အစ်မက မွန်တာဂတ်တွေ ရောင်းနေတယ်၊ မင်းလိုချင်သေးလား”

‘ဒီလိုအချိန်မျိုးမှာ သူက မွန်တာဂတ်အကြောင်း ပြောနေသေးတယ် ဟုတ်လား'

ချန်မေ့လန်က ငြင်းလိုက်သည်။

“မလိုချင်ဘူး”

ယန်ကျောက်သည် အသက်ပြင်းပြင်း တစ်ချက်ရှူကာ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် တစ်ဖက်လိုင်းမှ ရှန်ရှီလေယူလေသိမ်း ပြင်းပြင်းနှင့် ဩရှရှအသံကြီးရှိသော အမျိုးသားတစ်ဦးက ပြောလိုက်သည်ကို ကြားလိုက်ရသည်။

“သူတို့ ပြောတာတော့ ဇာစလေးတွေနဲ့ ညအိပ်ဝတ်စုံတဲ့...”

‘ဇာစလေးတွေနဲ့ ညအိပ်ဝတ်စုံ' ဟူသော စကားလုံးများကို ရှန်ရှီလေယူလေသိမ်းဖြင့် ပြောလိုက်သောအခါ လုံးဝကို ရယ်စရာကောင်းလှသည်။

ချန်မေ့လန်သည် ပုံမှန်အတိုင်းသာ စကားပြောနေခဲ့ပြီး ရယ်မောရန်စိတ်ကူးမရှိခဲ့ချေ။

သို့သော် ထိုစကားစုက သူမကို ရယ်မိလုနီးပါး ဖြစ်သွားစေခဲ့သည်။

ယန်ကျောက်လည်း ဆက်ပြော၍မရတော့ချေ။

သူသည် ဖုန်းကို ရုတ်တရက် ချလိုက်ပြီး သူ့ရှေ့တွင် ပြုံးဖြီးဖြီးဖြင့် ရပ်နေသော အသားဖြူဖြူ ချောမောသော အမျိုးသားကို မော့ကြည့်လိုက်သည်။

ဤသူမှာ ယန်ကျောက်၏စစ်တပ်မှ ရဲဘော်ဟောင်း ရှုန်းတာ့ဖောင်ဖြစ်ပြီး စစ်တပ်မှအနားယူပြီးနောက် စီးပွားရေးလောကသို့ ဝင်ရောက်ကာ ယခုအခါ ကန်ထရိုက်တာတစ်ဦး ဖြစ်နေပြီး သူ၏ရဲဘော်ဟောင်းများထဲတွင် အောင်မြင်မှုအရှိဆုံးသူများထဲမှ တစ်ဦးဖြစ်သည်။

သူသည် ယန်ကျောက်နှင့် စကားလာပြောရင်း မရီးအတွက် အဝတ်အစားတစ်စုံ ပေးလိုခဲ့ခြင်းဖြစ်သည်။

ယန်ကျောက်၏ဇနီးမှာ မည်သူဖြစ်ကြောင်း သူ မသိသော်လည်း ပေးရန်ကြိုးစားနေခြင်းဖြစ်သည်။

ယခု သူ ပြန်ရန် ပြင်နေလေပြီ။

ရှုန်းတာ့ဖောင်ကို ပြန်လွှတ်ပြီးနောက် ယန်ကျောက်က မာပေါ်ကို သွားရှာလေသည်။

“ငါ အပ်ထားတဲ့ဓာတ်ပုံတွေ ကူးပြီးပြီလား”

မာပေါ်က အံဆွဲထဲမှ ဓာတ်ပုံတစ်ပုံကို ဆွဲထုတ်ကာ စားပွဲပေါ်သို့ပစ်ချလိုက်သည်။

“ဗိုလ်ကြီးယန်၊ ဒီအိမ်က ဘယ်ကရောက်လာတာလဲ၊ အရမ်းညစ်ပတ်နေတာပဲ”

ယန်ကျောက် ပြန်မဖြေချေ။

သူသည် ဓာတ်ပုံများကိုယူကာ ယန်ရှီရှန်း၏ ကျောက်မီးသွေးခြံသို့ စက်ဘီးစီးသွားခဲ့သည်။

ယနေ့နံနက်က သူသည် ယန်ရှီရှန်းထံဖုန်းဆက်ကာ ယန်စန်းယဲ့နှင့် အခြားရွာလူကြီးအချို့ကို ဖိတ်ကြားပေးရန် ပြောခဲ့သည်။

သူလည်း ကျောက်မီးသွေးခြံသို့လာမည်ဖြစ်ပြီး အားလုံးတွေ့ဆုံကာ ကိစ္စအချို့ကို ဆွေးနွေးနိုင်ရန် ဖြစ်သည်ဟု သူက ဆိုသည်။

ယန်ရှီရှန်းသည် အကြောင်းရင်းကို နားမလည်သော်လည်း ဝမ်းသာအားရ သဘောတူခဲ့သည်။

မည်သို့ပင်ဆိုစေ ဗိုလ်ကြီးယန် သူ၏ကျောက်မီးသွေးခြံသို့ လာရောက်လည်ပတ်ခြင်းမှာ ကျောက်မီးသွေးသူဌေးတစ်ဦးအတွက် ကြီးမားသော ဂုဏ်ကျက်သရေတစ်ခုပင်ဖြစ်သည်။

ယန်ကျောက် ရောက်လာသောအခါ ယန်ရှီရှန်းသည် လူတိုင်းကို လက်ဖက်ရည်၊ စီးကရက်များဖြင့် ဧည့်ခံနေလေသည်။

ယန်ရှီရှန်းက ပြုံးလျက် နှုတ်ဆက်လိုက်၏။

“လာ အစ်ကို၊ ထိုင်ပါဦး၊ လက်ဖက်ရည် သောက်ပါဦး”

ယန်ကျောက်သည် ဓာတ်ပုံအပုံလိုက်ကို လူကြီးများထံသို့ တစ်ပုံချင်းစီ ဝေငှပေးလိုက်ပြီး အထူးသဖြင့် အဓိကအခန်း၏ ဓာတ်ပုံတစ်ပုံကို ယန်စန်းယဲ့ထံသို့ ပေးလိုက်သည်။

ဓာတ်ပုံထဲတွင် ရှစ်ပါးနတ်မင်းစားပွဲပေါ်၌ လဲကျနေသော ပင်းဖန်းဆိုဒါပုလင်းများ၊ ဖိတ်စင်နေသော ကိုကာကိုလာများနှင့် မစင်များနှင့်တူနေသော ဘီစကွတ်များ ပြည့်နှက်နေသည်။

လူကြီးများအားလုံး ဓာတ်ပုံကို မြင်သောအခါ သူတို့၏လက်များ တုန်ယင်လာတော့သည်။

ခဏတာ ကြည့်ရှုပြီးနောက် လူမိုက်ယန်စန်းယဲ့၏ မျက်လုံးများပင် နီရဲလာလေသည်။ သူက ယန်ကျောက်ကို ဓာတ်ပုံဖြင့် ရိုက်လိုက်သည်။

“ဆုဝမ်က အဲဒီအိမ်မှာ လဝက်ပဲနေခဲ့ရတာ၊ ကောင်စုတ် ယန်ကျောက်၊ အဲဒီအိမ်ကို ဒီလောက်တောင် အမှိုက်ပုံဖြစ်အောင် မင်းဘယ်လိုလုပ် ခွင့်ပြုထားရတာလဲ၊”

ယန်ကျောက်သည် ခေါင်းငုံ့ပေးကာ ယန်စန်းယဲ့အား သူ့ခေါင်းကို ရိုက်ခွင့်ပြုထားလိုက်သည်။

လူကြီးများအားလုံးက သူ့ကို ဓာတ်ပုံများဖြင့် စတင်ရိုက်နှက်ကြလေတော့သည်။

ယန်ကျောက်သည် မျက်လုံးများကို မှိတ်ထားပြီး အသံတစ်ချက်မျှ မထွက်ခဲ့ချေ။

သူ့မိခင်သည် သေလုမျောပါး အချိန်ရောက်မှသာ ထိုအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး ထိုအချိန်က ယန်ကျောက်သည် သူ၏ စစ်တပ်တာဝန်များကြောင့် အိမ်သို့မပြန်နိုင်ခဲ့ပေ။

သူမ၏ ခင်ပွန်းနှင့် အစ်ကိုကြီးနှစ်ယောက်က သူမကို လာရောက်ကြည့်ရှုခဲ့သော်လည်း အလုပ်တာဝန်များကြောင့် မြို့တော်သို့ အလျင်အမြန် ပြန်သွားခဲ့ကြရသည်။

အဘွားအိုမှာ မြေးများကို နောက်ဆုံးအကြိမ် မတွေ့ရဘဲ ကွယ်လွန်သွားခဲ့ရရှာသည်။

သို့သော် တစ်သက်လုံး ဆင်းရဲဒုက္ခခံခဲ့ရသော အဘွားအိုသည် နောက်ဆုံးတွင် အပြာရောင်အုတ်ချပ်များနှင့် အမိုးကြွပ်ပြားများဖြင့် တည်ဆောက်ထားသော အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ခဲ့ရသည်။

ထိုအချိန်က သူမ အလွန် ပျော်ရွှင်ခဲ့ရပြီး အဓိက အခန်းရှိ ကန်ကုတင်ကြီးပေါ်တွင် အိပ်ပျော်နေစဉ် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရွာလူကြီးများက ယန်ကျောက်ကိုရိုက်နှက်နေကြပြီး သူလည်း ဤသို့ အပြစ်ပေးခံရထိုက်သည်ဟု ခံစားရသည်။

စစ်တပ်မှ ပြောင်းရွှေ့လာကတည်းက သူသည် အမြဲတမ်း အလုပ်များနေခဲ့၏။

ကျင်းတုန်းခရိုင်၏ လုံခြုံရေးမှာ ကောင်းမွန်လာသော်လည်း သူ့ကမိခင်၏အိမ်ကိုမူ ဤကဲ့သို့ ပျက်စီးယိုယွင်းသည့်အခြေအနေသို့ ရောက်ရှိစေခဲ့သည်။ သူသည် ရိုက်နှက်ခံရထိုက်ပေသည်။

ယန်စန်းယဲ့က ဒေါသတကြီး ပြောလိုက်၏။

“ယန်ကျောက်ရဲ့ ဇနီးဟောင်းနာမည်က ဘယ်သူလဲ၊ ငါတို့ သူ့ကို မောင်းထုတ်ရမယ်၊ သူ့ကို နှင်ထုတ်ဖို့ ငါကိုယ်တိုင်သွားမယ်”

ယန်ကျောက်က ရှင်းပြလိုက်သည်။

“ကျွန်တော်လည်း အိမ်ကိုပြန်ယူဖို့ စီစဉ်ထားပါတယ်၊ ဒါပေမယ့် ရွာခေါင်းဆောင်တွေက ထောက်ခံပေးမှာ မဟုတ်ဘူးလို့ ထင်တယ်”

အခြားလူကြီးတစ်ဦးက ချက်ချင်းဝင်ပြောလာသည်။

“အဲဒါ အဓိပ္ပာယ်မရှိတဲ့ စကားပဲ၊ ငါက ခေါင်းဆောင်တွေရဲ့ ဘိုးဘေးပဲ၊ ဒီအိမ်ကို ပြန်ယူပြီး သူတို့ကို အခုချက်ချင်းနှင်ထုတ်ရမယ်”

လမ်းပင် သေချာမလျှောက်နိုင်တော့သော အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ် အဘိုးအိုအချို့သည် သူတို့၏တောင်ဝှေးများကို ထောက်ကာ မတ်တတ်ရပ်လိုက်ကြပြီး အားလုံးက တညီတညွတ်တည်း ပြောဆိုနေကြသည်။

“ဒါက ရှီရှန်းရဲ့အိမ်နဲ့ မတူဘူးလေ၊ ကွာရှင်းလို့ ပိုင်ဆိုင်မှု ခွဲဝေတာကတစ်ပိုင်း၊ ဒါပေမယ့် သူတို့က အိမ်ကို ဒီလိုမျိုး အမှိုက်ပုံဖြစ်အောင် ဘယ်လိုလုပ် လုပ်ရက်ရတာလဲ”

“ဒါသာ သူတို့ကိုယ်ပိုင်အိမ်ဆိုရင် ဒီလိုမျိုး ညစ်ပတ်အောင်ထားရဲပါ့မလား”

ယန်ကျောက်က ယန်ရှီရှန်း၏ကျောကို ပုတ်ရင်း ပြောလိုက်၏။

“ဒီနေ့ ငါ လုကျင်းယွီနဲ့ အိမ်ကိစ္စညှိနှိုင်းမယ်၊ ဦးလေးယန်၊ ဦးလေးတို့အားလုံး ကျွန်တော့်အိမ်ကို အရင်သွားကြပါ၊ ကျွန်တော် မကြာခင် အရောက်လာခဲ့မယ်၊

ရှီရှန်း၊ မင်းက လူကြီးတွေကို ကားနဲ့ ပြန်ပို့ပေးလိုက်၊ ငါက စက်ဘီးနဲ့ အနောက်ကနေ လိုက်လာခဲ့မယ၊”

ယန်ရှီရှန်းမှာ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ ယန်ကျောက်က သူ့အိမ်ကို သိမ်းပိုက်ထားခြင်းမှာလည်း ဥသြငှက်က ကျီးကန်းကို အသိုက်ထဲမှ ကန်ထုတ်လိုက်ခြင်းမျိုးပင်။

သို့သော် ထိုအချိန်က ယန်ကျောက်သည် လက်ပိုက်ကာ အလွန်ယုတ္တိတန်စွာ ပြောဆိုခဲ့သဖြင့် ရွာလူကြီးများအားလုံးက သဘောတူ ခေါင်းညိတ်ခဲ့ကြသည်။

ယခုအခါ ယန်ကျောက်သည် သူ့မိသားစုအိမ်ကို သိမ်းပိုက်ထားသော ဥသြငှက်ကို နှင်ထုတ်လိုနေပြီး ၎င်းမှာလည်း အလွန်ယုတ္တိတန်နေပြန်သည်။

‘ပါးစပ်တစ်ပေါက်၊ နှုတ်ခမ်းနှစ်လွှာ…. သူက ဘယ်လိုလုပ် ကိစ္စတွေကို ပြောင်းပြန်လှန်နိုင်ပြီး အမြဲတမ်း မှန်ကန်နေရတာလဲ'

All Chapters