← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

🍄 Chapter 174

သို့သော် ယန်ကျောက်မှာ စက်ဘီးဖြင့် ထွက်ခွာသွားပြီဖြစ်သည်။

အဘိုးအိုများသည် အဝေးကြီးမလျှောက်နိုင်ကြသဖြင့် ရှီရှန်းကို ရွာသို့အမြန်ပြန်ရန် အားလုံးက တိုက်တွန်းနေကြသည်။

သို့သော် သူတို့ လမ်းမလျှောက်နိုင်သဖြင့် အကယ်၍ တစ်ယောက်ယောက် လဲကျသွားပါက ယန်ရှီရှန်းက ကူညီထူမပေးရမည် ဖြစ်သည်။

အကယ်၍ တစ်ယောက်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပါက ယန်ရှီရှန်းက ဆေးဖိုးပေးရမည်ဖြစ်သည်။

စက်ရုံတွင် ထရပ်ကားကြီးတစ်စီး ရှိသည်။

ယန်ရှီရှန်းသည် အဘိုးအို ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို ထရပ်ကားပေါ်သို့သာ ကူညတင်ပေးလိုက်၏။

အကွာအဝေးမှာ သိပ်မလှမ်းလှသော်လည်း ယန်ရှီရှန်း ရောက်ရှိလာချိန်တွင် ယန်ကျောက်မှာ ရွာအဝင်ဝတွင် ရှိနေဆဲဖြစ်သည်။

သူသည် ယန်ကျောက်ကိုကျော်တက်ရန် လီဗာနင်းလိုက်ပြီး ကျောက်မီးသွေးခြံ ရှေ့တွင် ကားရပ်လိုက်သည်။

အနည်းငယ် ဟန်ရေးပြပြီးနောက်တွင် ယန်ရှီရှန်းသည် အမှားတစ်ခုလုပ်မိသွားကြောင်း သဘောပေါက်လိုက်သည်။ ယန်ကျောက် ရောက်မလာသေးဘဲ အဘိုးအိုများက ထရပ်ကားပေါ်မှ ဆင်းလိုနေကြ၏။

သူက သူတို့ကို တစ်ယောက်ချင်းစီ သယ်ချပေးရတော့ပေမည်။

လုကျင်းယွီသည် လူကြီးသူမများကို ရိုသေလေးစားပြီး ကလေးသူငယ်များအား စောင့်ရှောက်ရာတွင် အမြဲတမ်း ကောင်းမွန်စွာ လုပ်ဆောင်လေ့ရှိသည်။

သူသည် ကျောက်မီးသွေးခြံရှေ့တွင် တိုက်ဆိုင်စွာရှိနေပြီး အဘိုးအိုများကို ကူညီရန် အပြေးအလွှား ရောက်လာလေသည်။

ချန်မေ့လန်သည် ထရပ်ကားကြီး၏အသံကို ကြားလိုက်ရသဖြင့် တံခါးကို ဖွင့်ကာ ကလေးအချို့နှင့်အတူ တံခါးဝတွင် ရပ်နေလေသည်။

လုကျင်းယွီသည် အလွန် စိတ်အားထက်သန်စွာဖြင့် အဘိုးအိုများကို အဘိုးဟု ခေါ်ဝေါ်ကာ သူတို့၏အနံ့အသက်များကို ဂရုမစိုက်ဘဲ သယ်ပိုး၊ တွဲကူပေးနေသဖြင့် ယန်စန်းယဲ့က ယန်ရှီရှန်းကိုပင် မေးလိုက်သေး၏။

“ဒီလူက မဆိုးဘူးပဲ၊ သူက ငါတို့ရွာကလား၊”

ယန်ရှီရှန်းသည် ကျောက်မီးသွေးလုပ်ငန်းကိုသာ လုပ်ကိုင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းကို မလုပ်ကိုင်သဖြင့် လုကျင်းယွီကိုမသိချေ။

သို့သော် သူနှင့် ရင်းနှီးနေသည်ဟု ခံစားရပြီး မကြာသေးမီက တုန်းဖန်အုပ်စုသို့ မကြာခဏသွားရောက်နေသူ ဖြစ်ရမည်ဟု တွေးလိုက်သည်။

ထိုစဉ် လုကျင်းယွီက ပြုံးလျက်ဝင်ပြောလိုက်သည်။

“ကျွန်တော်က ဆောက်လုပ်ရေး လုပ်ငန်း လုပ်ပါတယ်၊ တုန်းဖန်အုပ်စုမှာ မကြာသေးမီက ပရောဂျက်ကြီးတစ်ခု ရှိနေလို့ ကျွန်တော် လက်ခံလုပ်ဆောင်ဖို့ စီစဉ်နေတာပါ”

ကန်ထရိုက်တာများသည် အမြဲတမ်း ကြွားလုံးထုတ်ရန်လိုအပ်ပြီး အထူးသဖြင့် ငွေရှိကြောင်း ကြွားဝါလေ့ရှိသည်။

စီးပွားရေးလုပ်ငန်းများ ရရှိရန်အတွက် လူတိုင်းနှင့် မိတ်ဆက်လေ့ရှိကြ၏။

ထို့ကြောင့် ဤကိစ္စတွင် လုကျင်းယွီသည် ယန်ရှီရှန်းထက်ပင် ပို၍ကျွမ်းကျင်လေသည်။

အဘိုးအိုတစ်ဦးက မှတ်ချက်ချလိုက်၏။

“ကန်ထရိုက်တာလား၊ အဲဒါက ကျောက်မီးသွေးသူဌေးထက်တော့ နည်းနည်းပိုကောင်းတာပေါ့၊ ငါတို့မေ့လန်လည်း ပရောဂျက်သေးသေးလေးတွေ လုပ်နေတာမဟုတ်ဘူးလား၊

မင်းတို့နှစ်ယောက် နောင်ကျရင် တစ်ယောက်နဲ့တစ်ယောက် ကူညီစောင့်ရှောက်သင့်တယ်”

အဆက်အသွယ်များပြုလုပ်ရန် အခွင့်အရေးကို မြင်သောအခါ လုကျင်းယွီက အလျင်အမြန် ပြောလိုက်သည်။

“ချန်မေ့လန်နဲ့ ကျွန်တော်က ရွာတစ်ရွာတည်းသားတွေပါ၊ အတူတူကြီးပြင်းလာကြတာ၊ သူက မိန်းမတစ်ယောက်ဆိုတော့ သိပ်အများကြီး မသိဘူးလေ၊

ဆောက်လုပ်ရေး ပရောဂျက်တွေနဲ့ ပတ်သက်ပြီး သူ့ကို ကျွန်တော် ကူညီစောင့်ရှောက်ပေးပါ့မယ်”

အဘိုးအိုများက ချက်ချင်းပင် ‘အို... လုကျင်းယွီက လူကောင်းတစ်ယောက်ပဲ' ဟု တွေးလိုက်ကြသည်။

သို့သော် ယန်ရှီရှန်း၏ မျက်လခုံးများ တွန့်ချိုးသွားလေသည်။ တုန်းဖန် အုပ်စုအတွက် ပရောဂျက်များ လုပ်ဆောင်သည်ဆိုသည်မှာ သူသည် ဖန်ရှန်နှင့် အဆက်အသွယ်ရှိနေခြင်းပင်ဖြစ်သည်။

ရန်သူ၏သူငယ်ချင်းသည် ရန်သူပင်ဖြစ်၏။ ယန်ရှီရှန်းသည် လုကျင်းယွီနှင့် ပတ်သက်၍ ရင်တွင်း၌ မှတ်သားထားလိုက်လေသည်။

ယန်ကျောက်သည် လူတိုင်းကို သူ၏ခြံဝင်းအတွင်းသို့ ဖိတ်ခေါ်ပြီးနောက် ရှောင်ဝမ်နှင့် ရှောင်လန်တို့ကို ရွာပါတီအတွင်းရေးမှူးနှင့် အခြားရွာခေါင်းဆောင်များအား သွားရောက်ဖိတ်ခေါ်ရန် ခိုင်းစေလိုက်သည်။

သူသည် အိမ်ထဲမှ ကုလားထိုင်များထုတ်လာပေးပြီး လျှပ်စစ်မီးဖိုကြီးတစ်ခုကိုလည်းထုတ်ကာ ရေနွေးတည်ခြင်း၊ စွန်ပလွံသီးများကင်ခြင်း၊ ဘယ်ရီသီးများ စိမ်ခြင်းတို့ကို ပြုလုပ်ကာ အဘိုးအိုများသောက်ရန် လက်ဖက်ရည် ဖျော်ပေးလေသည်။

ချန်မေ့လန်၏ စိတ်ထဲတွင်မူ ရှန်ရှီလေယူလေသိမ်းဖြင့် ပြောလိုက်သော “ဇာစလေးတွေနဲ့ ညအိပ်ဝတ်စုံ” ဆိုသည့် စကားက စွဲထင်နေဆဲဖြစ်သည်။

ယန်ကျောက် ဗီဒိုထဲတွင် စွန်ပလွံသီးများ ရှာဖွေနေစဉ် သူမက တိတ်တဆိတ် မေးလိုက်၏။

“ကျွန်မအတွက် တကယ်ပဲ ညအိပ်ဝတ်စုံ ဝယ်လာတာလား”

ယန်ကျောက်က တုံ့ပြန်လိုက်သည်။

“အင်း”

ချန်မေ့လန် တွေးလိုက်မိသည်မှာ ‘ပိုက်ဆံတွေ ဖြုန်းတီးပစ်လိုက်တာပဲ၊ ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်အတွက် သင့်တော်တဲ့ ညအိပ်ဝတ်စုံကို ဘယ်လိုလုပ်ဝယ်ပေးနိုင်မှာလဲ’ ဟူ၍ဖြစ်သည်။

သူမသည် လာရောက်လည်ပတ်သော လူကြီးများအတွက် သရေစာများ ရှာဖွေပေးခြင်း၊ နေကြာစေ့များနှင့် မြေပဲများ ထုတ်လာပေးခြင်းတို့ဖြင့် အလုပ်များနေသည်။

သူမက ရှောင်ဝမ်ကို စီးကရက်ဝယ်ရန် အရေးပေါ်စေလွှတ်လိုက်ပြီး စီးကရက်ဘူးများဖောက်ကာ အဘိုးအိုများကို တစ်လိပ်စီ မီးညှိပေးလေသည်။

သူမတွင် ငွေများလည်း အဆင်သင့်ရှိနေပြီး လုကျင်းယွီထံသို့ အချိန်မရွေးပေးနိုင်ရန် ယွမ် ၂၀,၀၀၀ တိတိ ပြင်ဆင်ထားသည်။

ယန်ကျောက်အတွက်ဆိုလျှင် ချန်မေ့လန်သည် ပထမတပ်ဖွဲ့ရှိ အိမ်ဟောင်းအတွက် လုကျင်းယွီက စွန့်လွှတ်ရန်ဆန္ဒရှိပါက ယွမ် ၂၀,၀၀၀ ပေးရန် ဆန္ဒရှိနေသည်။

လုကျင်းယွီသည် ယန်ကျောက်၏တံတောင်ဖြင့် တွန်းပို့မှုကြောင့် အလယ်ဗဟိုသို့ ရောက်ရှိသွားပြီး ယန်ကျောက်က သူ့ကို လူကြီးများနှင့် တရားဝင်မိတ်ဆက်ပေးလိုက်သည်။

“သူကတော့ ကျွန်တော့်ဇနီးဟောင်း ကျိုးရွှယ်ချင်းရဲ့ခင်ပွန်း လုကျင်းယွီပါ၊ ပထမတပ်ဖွဲ့က အိမ်မှာ နေနေတဲ့သူပေါ့”

ဤစကားကို ကြားသည်နှင့်တစ်ပြိုင်နက် လုကျင်းယွီအပေါ် ထားရှိသော အဘိုးအိုများ၏အကြည့်များနှင့် မျက်နှာအမူအရာများမှာ ချက်ချင်းပြောင်းလဲသွားလေသည်။

ယန်ကျောက်က ချောင်းတစ်ချက်ဟန့်ပြီး စကားဆက်ပြောလိုက်သည်။

“ပထမတပ်ဖွဲ့က အိမ်က ကျွန်တော့်အိမ် မဟုတ်ဘူး၊ ကျွန်တော့်အမေရဲ့အိမ်ပါ၊ အရင်က ကျိုးရွှယ်ချင်းနဲ့ ကျွန်တော် ဆွေးနွေးတုန်းက သူ့ကို ယူခွင့်ပြုခဲ့တယ်၊

ဒါပေမယ့် သန့်သန့်ရှင်းရှင်း ထားရမယ်လို့ ပြောခဲ့တယ်၊ သူကလည်း အိမ်ကို သေချာ စောင့်ရှောက်ပါ့မယ်လို့ ကတိပေးခဲ့တယ်၊

ဒီနေ့တော့ အိမ်ရဲ့ အခြေအနေ ဘယ်လိုရှိနေလဲဆိုတာ အားလုံး မြင်တွေ့ပြီးပြီပဲ၊ လုကျင်းယွီ၊ အိမ်ကို ငါ ပြန်ယူချင်တယ်၊ ပြန်ပေးပါ”

သူသည် လုကျင်းယွီ၏အမြင်ကို တောင်းဆိုနေခြင်းမဟုတ်ဘဲ အသိပေးနေခြင်းသာ။

“အဲဒါ မဟုတ်သေးဘူးလေ ဗိုလ်ကြီးယန်၊ ခင်ဗျားက ဘာလို့ အိမ်ကိုပြန်ယူရမှာလဲ”

ဤအချိန်အထိ လုကျင်းယွီသည် အိမ်ကို ညစ်ပတ်အောင်ထားခြင်းကြောင့် ယန်ကျောက်အား ဒေါသထွက်စေခဲ့ကြောင်း နားမလည်သေးချေ။

ယန်ကျောက် စကားမပြောနိုင်မီ ယန်စန်းယဲ့က ဝင်ပြောလိုက်သည်။

“အဲဒါက လူတွေနေဖို့အိမ်ကွ၊ ဝက်တွေ လူးလှိမ့်ဖို့ ဝက်ခြံမဟုတ်ဘူး၊ မင်းလို ဝတ်ကောင်းစားလှတွေ ဝတ်ထားတဲ့ မြည်းချေးကောင်က ဝတ်စုံပြည့်ဝတ်ထားပြီး အိမ်ကိုကျတော့ ဝက်ခြံလိုဖြစ်အောင် လုပ်ထားတယ်၊

ပြီးတော့ မင်းက မေးရဲသေးတယ်ပေါ့လေ၊ အခုချက်ချင်း ဒီကနေ ထွက်သွားစမ်း”

လုကျင်းယွီသည် သေချာပေါက် ထွက်မသွားလိုသော်လည်း ယန်ကျောက်၏ ခြိမ်းခြောက်နေသောအမူအရာကို မြင်သောအခါ သူသည် ဆက်လက် ငြင်းခုံမနေတော့ဘဲ တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။

“ဒါဆိုရင် ပိုက်ဆံအကြောင်း ပြောကြတာပေါ့”

သူက ချက်ချင်းပင် ယွမ် ၂၀,၀၀၀ တောင်းဆိုကာ ငွေညှစ်ရန်ကြိုးစားလေတော့သည်။

All Chapters