အခန်း ၄၈
Vol. 5 Ch. 48
အခန်း ၄၈ ဘောပင်
"တီ... တီ... တီ..."
ဖုန်းထဲမှ ပြတ်တောက်သွားသော အသံကို ကြားလိုက်ရသော်လည်း ကလီမင့် က သိပ်ပြီး အရေးမစိုက်ပေ။ ဖိုင်တွဲကို အတွင်းရေးမှူး ထံသို့ ပြန်ပေးလိုက်ပြီး မည်သည့် ခံစားချက်မျှ မပါဝင်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
"ရိုအန် ဂရင်းဝုဒ် ဆိုတဲ့ လူကို အမြဲတမ်း စောင့်ကြည့်နေပါ..."
"ဟုတ်ကဲ့ပါ အရာရှိကြီး..."
အတွင်းရေးမှူး က ဖိုင်တွဲကို ယူကာ လှည့်ထွက်သွားလေသည်။ ကလီမင့် က ခေါင်းငုံ့ကာ အခြား အစီရင်ခံစာ တစ်စောင်ကို ဆက်လက် ဖတ်ရှုနေရင်း မိမိကိုယ်ကို တီးတိုး ရေရွတ်လိုက်သည်။
"အချိန်တိုလေး အတွင်းမှာ ကွင်းဆက် လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့တယ် ဆိုတော့... တကယ်ပဲ အရည်အချင်း ရှိတဲ့ လူတော် တစ်ယောက်ပါပဲ... ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးဘူး..."
ရာထူး အဆင့်အတန်း မပြည့်မီသေးဘူး ဆိုသည်မှာ ဗီရိုနီးစ် ကို အကြောင်းပြချက် ပေးရန် သက်သက်သာ ဖြစ်လေသည်။
ကလီမင့် အနေဖြင့် ရိုအန် ၏ လျှောက်ထားချက်ကို ပယ်ချရသည့် အဓိက အကြောင်းရင်းမှာ... ရိုအန် ယခုတစ်ကြိမ် လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်း သည် ကံကောင်းမှု ကြောင့်လား သို့မဟုတ် တကယ်ပဲ အမှုကို ဖော်ထုတ်နိုင်စွမ်း ရှိသည့် အရည်အချင်း ကြောင့်လား ဆိုသည်ကို အတိအကျ မသိရှိရသေးသောကြောင့် ပင် ဖြစ်သည်။
ကမ္ဘာပေါ်ရှိ မှုခင်း အများအပြား ကို ဖော်ထုတ်နိုင်ခဲ့ခြင်း သည် အမှုကို စုံစမ်းစစ်ဆေးသူ စုံထောက်များ၏ ကံကောင်းမှု များနှင့်လည်း သက်ဆိုင်နေလေ့ ရှိပေသည်။
ရိုအန် အနေဖြင့် ဖိုင်တွဲထဲတွင် ဖော်ပြထားသော ရေကန်တွင်း အမျိုးသမီး အလောင်း ကွင်းဆက် လူသတ်မှုကြီး ကို အချိန်တို အတွင်း ထပ်မံ ဖော်ထုတ်နိုင်ခြင်း မရှိသရွေ့တော့ လျှောက်ထားချက် ကို အချိန် အတိုင်းအတာ တစ်ခု အထိ ဆက်လက် စောင့်ဆိုင်းခိုင်းထားရန်သာ ဆုံးဖြတ်လိုက်သည်။
အခြား တစ်ဖက်တွင် ဗီရိုနီးစ် က ဖုန်းချလိုက်ပြီးနောက် ရင်ထဲရှိ ဒေါသမီးများကို ဖိနှိပ်ထားကာ အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေလိုက်သည်။ နောက်ဆုံးတွင် ရာထူး အဆင့်အတန်း မပြည့်မီသေးဘူး ဆိုသည်မှာ အကြောင်းပြချက် သက်သက်သာ ဖြစ်ကြောင်း ဗီရိုနီးစ် လည်း ကောင်းစွာ ခန့်မှန်းမိသွားသည်။
သို့သော် ခန့်မှန်းမိ၍လည်း ဘာမှ ထူးခြားလာမည် မဟုတ်ပေ။ အမှုဖော်ထုတ်ရန် ဆိုသည်မှာ ရိုအန် ကိုယ်တိုင် လုပ်ဆောင်မှသာ ဖြစ်နိုင်မည် ဖြစ်သည်။
"မနက်ဖြန် သြဂတ်စ် ကို အကြောင်းကြားလိုက်မှပဲ..."
ခေတ္တမျှ စဉ်းစားပြီးနောက် ဗီရိုနီးစ် က ဤကိစ္စကို ရိုအန် ထံ တိုက်ရိုက် မပြောပြတော့ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား မနက်ဖြန် သြဂတ်စ် ကို ခေါ်ယူ တွေ့ဆုံပြီး ရေကန်တွင်း အမျိုးသမီး အလောင်း ကွင်းဆက် လူသတ်မှုကြီး ကို အမြန်ဆုံး ဖော်ထုတ်ရန် ဖိအားပေး အမိန့်ပေးလိုက်မည် ဖြစ်သည်။
အကယ်၍ ထိုအမှုကိုသာ အချိန်တို အတွင်း အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပါက ကလီမင့် အနေဖြင့်လည်း ဆက်လက် ငြင်းပယ်နေရန် အကြောင်းပြချက် မရှိတော့ဘဲ ရိုအန် လည်း ရန်ပုံငွေအဖွဲ့ အတွင်းသို့ အဆင်ပြေ ချောမွေ့စွာ ဝင်ရောက်နိုင်မည် ဖြစ်လေသည်။
"ဟက်..."
ဗီရိုနီးစ် က နှာခေါင်းရှုံ့လိုက်ပြီး စားပွဲအောက်မှ မှတ်စုစာအုပ် အဖြူလေး တစ်အုပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ယနေ့ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ထိုစာအုပ်လေးထဲတွင် မှတ်တမ်းတင် ရေးမှတ်လိုက်သည်။
'ကလီမင့် က အကြောင်းပြချက် အမျိုးမျိုး ပေးပြီး ရိုအန် ဂရင်းဝုဒ် ကို ရန်ပုံငွေအဖွဲ့ ထဲ ဝင်ခွင့် မပြုခဲ့...'
ထိုစာကြောင်း၏ အထက်ဘက်တွင်မူ အောက်ပါ စာကြောင်းကို ရှင်းလင်း ထင်ရှားစွာ ရေးမှတ်ထားလေသည်။
'သြဂတ်စ် က ရုံးသုံးကားကို ကိုယ်ကျိုး အတွက် သုံးစွဲပြီး အလုပ် အသွားအပြန် မှာ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အက်စ်ယူဗီ ကားကို မောင်းနှင် သွားလာခဲ့...'
မီးလျှံဘုရင်မ ဘား...
ရိုအန် နှင့် လစ်ဒီယာ တို့ ညစာ စားပြီးနောက် စတုတ္ထထပ် ရှိ မန်နေဂျာ ရုံးခန်းသို့ တိုက်ရိုက် ပြန်လာခဲ့ကြသည်။
ဘား၏ မြေညီထပ်ရှိ ပေါက်ကွဲထွက်မတတ် ဆူညံနေသော ဂီတသံများ၊ မီးရောင် စူးစူးများ နှင့် ကွဲပြားစွာ မန်နေဂျာ ရုံးခန်း အတွင်း၌ အလွန် တိတ်ဆိတ် ငြိမ်သက်နေပြီး အလွန် ညင်သာ ငြိမ့်ညောင်းသော ကခုန်ရန် ဂီတသံစဉ် လေးများသာ ထွက်ပေါ်နေလေသည်။
ရိုအန် က လစ်ဒီယာ ၏ ခါးကို ဖက်ထားပြီး ဂီတသံစဉ် နှင့်အတူ တစ်ယောက် မျက်လုံး တစ်ယောက် စူးစိုက်ကြည့်ကာ ခြေလှမ်းများကို ညင်သာစွာ ရွှေ့ပြောင်းနေကြသည်။
"သိလား ရိုအန်..."
အနီရောင် ဂါဝန်ကို ဝတ်ဆင်ထားသော လစ်ဒီယာ က ခြေလှမ်းများကို ရွှေ့ပြောင်းရင်း ညာဘက်လက်ဖြင့် ရိုအန် ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ကာ တွေဝေ မိန်းမူးနေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
"မနေ့ညက ရှင့်ကို ပထမဆုံး အကြိမ် တွေ့လိုက်ရကတည်းက... ဒီလို ဖြစ်လာလိမ့်မယ် ဆိုတာ ကျွန်မ သိနေခဲ့တယ်..."
"ကိုယ်လည်း အတူတူပဲ အချစ်လေး..."
ဂီတသံစဉ် နှင့်အတူ ရိုအန် ၏ ညာဘက်လက် ကလည်း လစ်ဒီယာ ၏ ခါးပေါ်တွင် ညင်သာစွာ ပွတ်သပ် ရွှေ့လျားနေပြီး ပြုံးလျက် ဆိုသည်။
"မနေ့က မင်းကို ပထမဆုံး စတွေ့တဲ့ အချိန်ကတည်းက... ကိုယ့်ရဲ့ နှလုံးသားထဲမှာ တစ်သက်လုံး ဖျက်ပစ်လို့ မရနိုင်တော့မယ့် အရာတစ်ခုကို မင်း ထွင်းထုသွားခဲ့ပြီ ဆိုတာ သိလိုက်ရတယ်..."
စကားလုံး လှလှလေးများကို အလွယ်တကူ ပြောဆိုနေရင်း ရိုအန် က လေစီ ကို စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ လေစီ က သူ့ကို အကျင့်ပျက်အောင် သင်ပေးလိုက်ခြင်း ဖြစ်သည်ဟု အပြစ်ဖို့လိုက်လေသည်။
ဘား အပြင်ဘက် ကားထဲတွင် လှဲလျောင်းနေသော လေစီ တစ်ယောက် မည်သို့ ခံစားနေရမည်ကို ရိုအန် မသိနိုင်ပေ။
"ကျွန်မ ရှင့်အတွက် လက်ဆောင်လေးတွေ ပြင်ဆင်ထားတယ် အချစ်လေး..."
ရိုအန် ၏ စကားကို ကြားလိုက်ရသောအခါ လစ်ဒီယာ ၏ မျက်နှာပေါ်ရှိ အပြုံးများက ပို၍ တောက်ပလာသည်။ ရိုအန် ၏ တင်ပါးကို အားပါးတရ တစ်ချက် ဆွဲညှစ်လိုက်ပြီး လှည့်ထွက်သွားကာ ရုံးခန်း ဘေးဘက်ရှိ တံခါးကြီးကို ဆွဲဖွင့်လိုက်သည်။
အိပ်ခန်း အတွင်းရှိ ဗဟိုချက် တွင် နွေးထွေး သက်သောင့်သက်သာ ရှိပုံပေါ်သော ကုတင်ကြီး တစ်လုံး ရှိနေသည်။ ကုတင်၏ ဘယ်ဘက် ဘေးတွင် အဝတ်အစားများ အပြည့် ချိတ်ဆွဲထားသော အဝတ်ချိတ်စင် တစ်ခု ရှိသည်။
ညာဘက် ဘေးတွင်မူ ရေခဲတုံးများ ထည့်ထားသော ပုံးတစ်ခု အတွင်း၌ အရက်ပုလင်း အချို့ကို စိမ်ထားပြီး ဘေးနားတွင် ရေနွေးငွေ့များ ထွက်ပေါ်နေသော ကော်ဖီဖျော်စက် တစ်လုံး လည်း ရှိနေလေသည်။
လစ်ဒီယာ က ကုတင်ကြီးပေါ်တွင် ဝင်ထိုင်လိုက်ပြီး ခြေချိတ်လိုက်သည်။ ပြုံးရွှင်သော မျက်နှာထားဖြင့် ဘေးနားရှိ အဝတ်ချိတ်စင် ကို လက်ညှိုးထိုးပြကာ ဆိုသည်။
"ရိုအန်... မနက်ဖြန် မနက်လင်းတဲ့ အခါကျရင် ဒီအဝတ်အစား တွေကို ထပ်မမြင်ချင်တော့ဘူး... ရှင် လုပ်နိုင်မလား..."
အဝတ်ချိတ်စင် ပေါ်ရှိ အဝတ်အစား အထည် သုံးဆယ်ခန့်ကို ကြည့်ရင်း ရိုအန် ၏ မျက်ခုံးများ တစ်ချက် ပင့်သွားပြီး ပြုံးလျက် ဖြေလိုက်သည်။
"သေချာတာပေါ့..."
သို့သော် ရိုအန် က ကုတင် ရှိရာသို့ ချက်ချင်း လျှောက်မသွားသေးဘဲ ဘောင်းဘီကို အနည်းငယ် ပင့်တင်လိုက်ပြီး ဘေးနားရှိ ရေချိုးခန်း ကို လက်ညှိုးထိုးပြကာ ပြုံးလျက် ဆိုသည်။
"စောစောက ညစာ စားတုန်းက အဝတ်အစား တွေမှာ အနံ့ နည်းနည်း စွဲလာလို့... ကိုယ် အရင် ရေသွားချိုးလိုက်ဦးမယ်... အတူတူ ချိုးကြမလား..."
"မချိုးတော့ဘူး... ရှင်ပဲ အရင် သွားချိုးလိုက်ပါ..."
လစ်ဒီယာ က ခေါင်းခါ ငြင်းဆန်လိုက်ပြီး ရိုအန် ကို အရင် သွားချိုးရန် အချက်ပြလိုက်သည်။ ရိုအန် အတွက် ကြီးမားသော အံ့ဩစရာ လက်ဆောင် တစ်ခု ပြင်ဆင်ပေးမည် ဟုလည်း ပြောလိုက်သေးသည်။
"စောင့်နေမယ်နော် အချစ်လေး..."
ရေချိုးခန်း ထဲသို့ ဝင်ရောက်သွားသော ရိုအန် ၏ ကျောပြင်ကို ကြည့်ရင်း လစ်ဒီယာ က လေထဲမှ အနမ်း တစ်ပွင့် ပေးလိုက်ပြီး မျက်နှာပေါ်ရှိ အပြုံးများက အနည်းငယ် မှေးမှိန် သွားတော့သည်။
ရေချိုးခန်း အတွင်းမှ ရေကျသံကို ကြားလိုက်ရသောအခါ လစ်ဒီယာ က အိပ်ခန်း အတွင်းမှ ထွက်ခွာ၍ ဘေးနားရှိ ရုံးသုံး စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ စားပွဲပေါ်ရှိ ခဲတံဘူး ထဲမှ ဘောပင် တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ကုတင် ဘေးသို့ ပြန်လည် ရောက်ရှိလာပြီးနောက် ရေခဲပုံး ထဲမှ အရက် တစ်ပုလင်းကို ထုတ်ယူကာ အရက်ခွက် နှစ်ခွက် ထဲသို့ ငဲ့ထည့်လိုက်သည်။ ဘောပင်ကို အရက်ခွက် တစ်ခွက်ဆီသို့ တည့်မတ်စွာ ချိန်ရွယ်လိုက်ပြီး ညင်သာစွာ ဖိနှိပ်လိုက်ရာ အကြည်ရောင် အရည် အချို့က ဘောပင် ထိပ်ဖျားမှ တစ်ဆင့် ဖြည်းညင်းစွာ စီးကျလာပြီး ခွက်ထဲရှိ အရက် များတွင် ဂယက်များ ထသွားစေတော့သည်။
အရက်ခွက်ကို ကိုင်ကာ ညင်သာစွာ လှုပ်ခါလိုက်ပြီးနောက် လစ်ဒီယာ ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ ဘောပင် ကို ကုတင် အောက်သို့ အလွယ်တကူ ပစ်ချလိုက်ပြီး ရေခဲတုံး များ ရှိရာသို့ လက်ဆန့်ထုတ် လိုက်သည်။
လစ်ဒီယာ က နှုတ်ခမ်းထောင့်များကို ကွေးတက်ကာ တီးတိုး ပြောဆိုလိုက်သည်။
"အရက်ခွက် ထဲကို ရေခဲတုံးလေး နည်းနည်း ထည့်လိုက်ရင်... အရသာ ပိုကောင်းသွားမှာပဲ..."
"ဟုတ်လို့လား... ဒါဆိုလည်း ကိုယ် ကူထည့်ပေးမယ်လေ..."
ရိုအန် က လစ်ဒီယာ ၏ ဘေးနားမှ ရေခဲတုံး တစ်တုံးကို ကောက်ယူလိုက်ပြီး အရက်ခွက် ထဲသို့ ညင်သာစွာ ထည့်ပေးလိုက်သည်။
"..."
သူမ၏ မျက်နှာပေါ်တွင် အံ့ဩ ထိတ်လန့်မှုများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသောအခါ ရိုအန် ၏ မျက်နှာပေါ်ရှိ အပြုံးများက လုံးဝ ပျောက်ကွယ် မသွားဘဲ ပြန်လည် မေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ အချစ်လေး... မင်းက ရေခဲတုံး လိုချင်တယ် ဆိုလို့ မဟုတ်ဘူးလား..."
အစောပိုင်း ကတော့ လစ်ဒီယာ သည် မိမိ၏ ခန္ဓာကိုယ်ကိုသာ မက်မောနေခြင်း ဖြစ်ပြီး အခြား ရည်ရွယ်ချက် မရှိလောက်ဘူး ဟု ရိုအန် အနေဖြင့် အနည်းငယ် မျှော်လင့်ထားခဲ့သေးသည်။
သို့သော် အတိတ်ဘဝ က လူသတ်သမား တစ်ဦး၏ ကျွမ်းကျင်မှု များကို အသုံးပြု၍ ရေချိုးခန်း ထဲမှ အသံမထွက်စေဘဲ တိတ်တဆိတ် ထွက်လာခဲ့ပြီး လစ်ဒီယာ က အရက်ခွက် ထဲသို့ ဆေးခတ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ၏ ရင်ထဲတွင် သက်ပြင်း တစ်ချက် ချလိုက်မိသည်။
'မျှော်လင့်ထားတဲ့ အတိုင်းပဲ... လစ်ဒီယာ ရဲ့ အရင် ခင်ပွန်းတွေ သေဆုံးမှု က မတော်တဆ လုံးဝ မဖြစ်နိုင်တော့ဘူး...'
သို့သော် ရိုအန် တစ်ယောက် အလွန် နားမလည်နိုင် ဖြစ်နေရသည်။ လစ်ဒီယာ က ဘာကြောင့် ပစ်မှတ်ထား ရသနည်း။
ယခု လက်ရှိ အချိန်တွင် ရိုအန် ၌ ငွေကြေး မရှိသလို အိမ်နှင့် ကားလည်း မရှိချေ။ နောက်ခံ အသိုင်းအဝိုင်း မရှိသည့် အပြင် မိဘများ ကလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ အလုပ်သွားလျှင် လုပ်ဖော်ကိုင်ဖက် ၏ ကားကို စီးရပြီး အိပ်လျှင်လည်း ဟိုတယ်တွင်သာ အိပ်ရသည်။ မျက်နှာလေး ခန့်ညား နေသည်မှ လွဲ၍ ဘာမှ မရှိသော လူတစ်ယောက် သက်သက်သာ ဖြစ်လေသည်။
ပစ်မှတ်ထားပြီး ဘာလုပ်မည်နည်း။ အက်ဖ်ဘီအိုင် ဌာန အတွင်းမှ သတင်း အချက်အလက်များ ခိုးယူခိုင်း မည်လား။
ထိုသို့ ဆိုလျှင်လည်း အက်ဖ်ဘီအိုင် အစား စီအိုင်အေ (CIA) ထံ သွားရောက် ချဉ်းကပ်ခြင်း က ပို၍ သင့်တော်မည် မဟုတ်ပါလား။
"အချစ်လေး... ရှင် အထင်လွဲ နေပါပြီ..."
ဘေးနားတွင် အပြုံးများ ပြည့်နှက်နေသော ရိုအန် ကို ကြည့်ရင်း လစ်ဒီယာ က ရင်ထဲမှ အထိတ်တလန့် ဖြစ်မှုများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။ ဘယ်ဘက်လက် ကို မသိမသာ လှုပ်ရှားလိုက်ပြီး မျက်နှာပေါ်တွင် လှပသော အပြုံးများကို ပြန်လည် ဖော်ဆောင်လိုက်သည်။
"ဒါက သာမန် စိတ်ကြွဆေးရည် လေးတွေပါ... ဒီနေ့ည ကျွန်မတို့ နှစ်ယောက်လုံး ပိုပြီး ပျော်ရွှင်ရအောင်လို့..."
"အော်... ဟုတ်လား..."
ရိုအန် က သူမကို ပြုံးလျက် စိုက်ကြည့်နေပြီး သူမ၏ နောက်ကျောကို လက်ညှိုးထိုးပြကာ ဆိုသည်။
"စကားပြောတဲ့ အချိန်မှာ မင်းရဲ့ ဘယ်ဘက်လက် က အဲ့ဒီ အပ်ချည်အပ် ကိုသာ ကိုင်မထားဘူး ဆိုရင်... မင်းပေးတဲ့ အကြောင်းပြချက် က ပိုပြီး ယုံကြည်ချင်စရာ ကောင်းနေမှာပဲ..."
"သောက်ကျိုးနည်းပဲ..."
ရိုအန် ၏ စကားကို ကြားလိုက်ရသောအခါ လစ်ဒီယာ က တီးတိုး ကျိန်ဆဲလိုက်ပြီး ဆက်လက်၍ ဟန်ဆောင် မနေတော့ချေ။ မျက်လုံးများ အတွင်း၌ အေးစက်သော အလင်းရောင် တစ်ချက် တောက်ပသွားပြီး ညာဘက်လက် က အရက်ခွက် ကို ရိုအန် ၏ မျက်နှာဆီသို့ အားကုန် ပစ်ပေါက်လိုက်သည်။
ရိုအန် ၏ အမြင်အာရုံကို ကွယ်ဝှက်ရန် ကြိုးစားလိုက်ခြင်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဘယ်ဘက်လက် က အပ်ချည်အပ် ကို ကိုင်ဆောင်ကာ ရိုအန် ၏ လည်ပင်းဆီသို့ တိုက်ရိုက် ထိုးစိုက်လိုက်တော့သည်။ လှုပ်ရှားမှု က အလွန် ရိုးရှင်း ထိရောက်လှပြီး လုံးဝ တုံ့ဆိုင်းနေခြင်း မရှိချေ။
ဝမ်းနည်းစရာ ကောင်းသည်မှာ လစ်ဒီယာ က အရက်ခွက် ထဲသို့ ဆေးခတ်နေသည်ကို မြင်တွေ့လိုက်ရကတည်းက ရိုအန် အနေဖြင့် သူမ အပေါ် လုံးဝ ယုံကြည်မှု မရှိတော့ဘဲ သတိထား နေခဲ့ခြင်း ပင် ဖြစ်သည်။
လစ်ဒီယာ လှုပ်ရှားလိုက်သည့် တစ်ခဏမှာပင် ရိုအန် က စားပွဲပေါ်ရှိ နောက်ထပ် အရက်ခွက် တစ်ခွက်ကို ကောက်ယူလိုက်ပြီး မိမိ၏ လည်ပင်း ရှေ့တွင် ကာကွယ်လိုက်သည်။ လစ်ဒီယာ ၏ လက်ထဲရှိ အပ်ချည်အပ် ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် သူမ၏ ညာဘက်လက် ကို အားကုန် ဆုပ်ကိုင်လိုက်သည်။ အရက်ခွက် ၏ အဝကို သူမ ဘက်သို့ လှည့်ကာ အားကုန် ခါယမ်းလိုက်ရာ အရက်များက လစ်ဒီယာ ၏ မျက်နှာ တစ်ပြင်လုံးသို့ ချက်ချင်း ပက်ဖြန်းသွားတော့သည်။
"တီ... တီ... တီ..."
လစ်ဒီယာ တစ်ယောက် မြေပြင်ပေါ်သို့ ပုံကျသွားချိန်မှာပင် ရိုအန် ၏ ဖုန်းက ရုတ်တရက် မြည်လာသည်။ အိတ်ကပ် ထဲမှ ထုတ်ကြည့်လိုက်ရာ လေစီ ထံမှ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
"ဟယ်လို…”