← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉ အန်အက်စ်အေ (NSA)

"နင် အသက်ရှင် နေသေးတာပဲ... ဘုရားသခင် ကို ကျေးဇူးတင်ပါတယ်..."

ဖုန်းထဲမှ ထူးဆန်းသော အသံများ ထွက်ပေါ်မလာသည်ကို ကြားလိုက်ရသောအခါ လေစီက နှာခေါင်းရှုံ့လိုက်ပြီး မေးမြန်းလိုက်သည်။

"လစ်ဒီယာနဲ့ ကစားပွဲတောင် မစရသေးဘူးလား... ဒါမှမဟုတ် ပြီးတောင် ပြီးသွားပြီလား..."

"နင့်ရဲ့ နောက်ဆုံး စကားက ငါ့ကို စော်ကားလိုက်တာပဲ လေစီ..."

ရိုအန်က မျက်လုံးတစ်ချက် လှန်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ငါ ဘာမှမဖြစ်ပါဘူး... ခဏနေမှ ထပ်ပြောကြတာပေါ့..."

ဖုန်းချလိုက်ပြီးနောက် ရိုအန်က ခါးကိုင်းကာ မြေပြင်ပေါ်သို့ ကျသွားသော အပ်ချည်အပ်ကို ကောက်ယူလိုက်သည်။ အပ်ချည်အပ်ကို ကြည့်ရင်း ရိုအန်က ရယ်မောကာ မေးလိုက်သည်။

"ဒီနေ့ည မင်းက ငါ့ကို တကယ့် အံ့ဩစရာ လက်ဆောင်ကြီး တစ်ခု ပေးလိုက်တာပဲ အချစ်လေး... ဒါက ဘာဆေးလဲ..."

"သောက်ကျိုးနည်းပဲ..."

မြေပြင်ပေါ်တွင် ပုံကျနေသော လစ်ဒီယာက တီးတိုး ကျိန်ဆဲလိုက်သည်။ မျက်နှာပေါ်ရှိ အရက်များကို သုတ်ဖယ်လိုက်ပြီးနောက် ခေါင်းမော့ကာ ရိုအန်ကို မျက်စောင်း တစ်ချက် ထိုးလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ရှင်းပြလေသည်။

"အဆိပ် မဟုတ်ဘူး... လူကို ချက်ချင်း သတိလစ် မေ့မြော သွားစေနိုင်တဲ့ ဆေးရည် တစ်မျိုးပဲ..."

"သတိလစ် မေ့မြော သွားရုံ သက်သက်ပဲ ဟုတ်လား..."

ရိုအန်၏ မျက်ခွံများ တစ်ချက် လှုပ်ရှားသွားသည်။ ခါးကိုင်းကာ အနည်းငယ် ညစ်နွမ်းသွားသော်လည်း လှပနေဆဲ ဖြစ်သော လစ်ဒီယာကို ကြည့်ပြီး ပြုံးလျက် မေးလိုက်သည်။

"မင်းပြောတာကို ငါ ယုံမယ် ထင်နေလား..."

"ဟက်..."

လစ်ဒီယာက နှာခေါင်းရှုံ့လိုက်ပြီး ဆံပင်များကို နောက်သို့ သပ်တင်ကာ ဖြူဖွေးသော လည်ပင်းကို ဖော်ပြလိုက်သည်။

"မယုံရင် ငါ့ကို တစ်ချက်လောက် ထိုးကြည့်လိုက်လေ..."

"ကောင်းပြီလေ..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် တောက်ပသွားပြီး လက်ကို မြှောက်ကာ လစ်ဒီယာ၏ လည်ပင်းဆီသို့ အပ်ချည်အပ်ဖြင့် တိုက်ရိုက် ထိုးစိုက်လိုက်တော့သည်။

"ဖ..."

လည်ပင်းမှ ထွက်ပေါ်လာသော သဲ့သဲ့လေး နာကျင်မှုကို ခံစားလိုက်ရသောအခါ လစ်ဒီယာ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ သို့သော် စကားလုံး တစ်လုံးမျှပင် အဆုံးတိုင်အောင် မပြောနိုင်လိုက်ဘဲ မျက်လုံးများ ပြန်လည် ပိတ်သွားကာ အနောက်သို့ လဲကျသွားတော့သည်။

လစ်ဒီယာ၏ ရင်ဘတ်ကို လက်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ နှလုံး ခုန်နေဆဲ ဖြစ်ပြီး သေဆုံးသွားခြင်း မရှိကြောင်း ရိုအန် အတည်ပြုလိုက်နိုင်သည်။ ရိုအန်က ခေါင်းညိတ်လိုက်သည်။

"တကယ်ကြီး အဆိပ် မဟုတ်ဘူးပဲ..."

လစ်ဒီယာက အပ်ချည်အပ်ပေါ်တွင် အဆိပ် မရှိကြောင်း ပြောဆိုပြီး ဆံပင်များကို သပ်တင်ကာ ကိုယ်တိုင် စမ်းသပ်ခံရန် ပြသလိုက်ကတည်းက စကားကို ရိုအန် အနေဖြင့် တစ်ဝက်ခန့် ယုံကြည်သွားခဲ့ပြီး ဖြစ်သည်။ လောကတွင် အသက်ကို အရင်းနှီးခံပြီး လောင်းကြေးထပ်မည့် သူများ ရှိတတ်ကြသော်လည်း လစ်ဒီယာ ကဲ့သို့သော အမျိုးသမီးမျိုး ကတော့ ထိုကဲ့သို့သော လူစားမျိုး လုံးဝ မဖြစ်နိုင်ချေ။

တစ်ချိန်တည်းမှာပင် လစ်ဒီယာ၏ အစစ်အမှန် ကိုယ်ရေး နောက်ခံမှာ လျှို့ဝှက် အေးဂျင့် မဟုတ်သကဲ့သို့ သူလျှို လည်း လုံးဝ မဖြစ်နိုင်ကြောင်း ရိုအန် ခန့်မှန်းမိလိုက်သည်။ ရာခိုင်နှုန်း အများစု အရ မဟုတ်နိုင်ခြင်း သာ ဖြစ်ပြီး ရာနှုန်းပြည့် အတည်ပြု၍တော့ မရနိုင်သေးပေ။

အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှသည်။ လစ်ဒီယာတွင် ငွေကြေး ရှိသည်၊ ရုပ်ရည် လှပသည်၊ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်ပြီး အသက် သုံးဆယ် အရွယ် ဆိုသည်မှာလည်း အိုမင်းနေသော အရွယ် မဟုတ်ချေ။ လစ်ဒီယာ စားသောက် အသုံးပြုနေသော ပစ္စည်းများက ကမ္ဘာပေါ်တွင် အကောင်းဆုံး အရာများ မဟုတ်သော်လည်း တန်ဖိုးပေါသော ပစ္စည်းများတော့ လုံးဝ မဟုတ်ပေ။ လစ်ဒီယာ၏ နေ့စဉ် ဘဝ နေထိုင်မှု ပုံစံက ဇိမ်ခံခြင်း ဟူသော စကားလုံး နှင့်သာ လုံးဝ ကိုက်ညီ နေလေသည်။

ထို့အပြင် မီးလျှံဘုရင်မ ဘားသည် နယူးယောက် မြို့ တစ်မြို့လုံး အနေဖြင့် ကြည့်မည် ဆိုပါက အဆင့် သတ်မှတ်ချက် အတွင်း မပါဝင်နိုင်သော်လည်း မန်ဟက်တန် ရပ်ကွက် အတွင်း၌မူ အတော်လေး နာမည်ကြီးသော နေရာတစ်ခု ဖြစ်လေသည်။ ဤကဲ့သို့သော အမျိုးသမီးမျိုးက လျှို့ဝှက် အေးဂျင့် လုံးဝ မဖြစ်နိုင်ပေ။ လျှို့ဝှက် အေးဂျင့်များ၏ အခြေခံ လိုအပ်ချက်မှာ အခြားသူများ၏ အာရုံစိုက်မှုကို မခံရစေရန် ပင် ဖြစ်သည်။

လစ်ဒီယာ၏ အပြုအမူများ၊ လှုပ်ရှားမှုများ နှင့် ဆွဲဆောင်မှု အပြည့် ရှိနေသော မျက်နှာသွင်ပြင်က လျှို့ဝှက် အေးဂျင့် တစ်ယောက်၏ အခြေခံ သတ်မှတ်ချက် များကို လုံးဝ ဖောက်ဖျက် နေလေသည်။ သူလျှို တစ်ယောက် ဆိုလျှင်လည်း မဖြစ်နိုင်ပေ။ အစောပိုင်းက ပြောခဲ့သလိုပင် အက်ဖ်ဘီအိုင် အနေဖြင့် လစ်ဒီယာကို စုံစမ်း စစ်ဆေးခဲ့ဖူးသည်။ အကယ်၍ လစ်ဒီယာ သာ တကယ်ပဲ သူလျှို တစ်ယောက် ဖြစ်နေမည် ဆိုပါက အက်ဖ်ဘီအိုင် အနေဖြင့် ဘာပြဿနာမှ ရှာမတွေ့ခဲ့ဘူး ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

လျှို့ဝှက် အေးဂျင့် နှင့် သူလျှို ဖြစ်နိုင်ချေ များကို ဖယ်ရှားလိုက်ပြီးနောက် လစ်ဒီယာ၏ ကိုယ်ရေး နောက်ခံ အတွက် နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုသာ ကျန်ရှိတော့သည်။ ယင်းမှာ အတိတ်ဘဝ က ရိုအန်၏ အလုပ်အကိုင် ဖြစ်သော လူသတ်သမား ပင် ဖြစ်လေသည်။

သို့သော် လစ်ဒီယာ၏ ကိုယ်ခံပညာ စွမ်းရည်က သာမန်မျှသာ ဖြစ်ပြီး နေ့စဉ် ဘားအတွင်း သွားလာ လှုပ်ရှားနေမှု များကို ကြည့်လျှင် သိုသိပ်မှု မရှိဘဲ လူသိရှင်ကြား ဖြစ်လွန်းလှသည်။ ကမ္ဘာပေါ်တွင် မည်သည့် လူသတ်သမား မှ ဤကဲ့သို့ ပြုမူ နေထိုင်မည် မဟုတ်ပေ။ ထို့အပြင် လူသတ်သမားဟောင်း တစ်ဦး ဖြစ်သော ရိုအန် ကိုယ်တိုင် ပင်လျှင် လစ်ဒီယာ ထံမှ လူသတ်သမား တစ်ယောက်၏ အငွေ့အသက်မျိုး ကို အနည်းငယ်မျှပင် မခံစားရချေ။

ဖြစ်နိုင်ချေ အားလုံးကို ဖယ်ရှားလိုက်ပြီးနောက် လစ်ဒီယာ၏ အစစ်အမှန် ကိုယ်ရေး နောက်ခံက တကယ်တမ်း ဘာဖြစ်မည် ဆိုသည်ကို ရိုအန် တစ်ယောက် အချိန်တို အတွင်း စဉ်းစား၍ မရနိုင်တော့ပေ။ မစဉ်းစားတတ်လျှင်လည်း ဆက်မစဉ်းစားတော့ဘဲ ထားလိုက်ရန် သာ ဆုံးဖြတ်လိုက်သည်။ လောလောဆယ် သတိလစ် မေ့မြောနေရုံ သက်သက်သာ ဖြစ်ရာ ခဏနေ လစ်ဒီယာ သတိပြန်လည် လာချိန်တွင် တိုက်ရိုက် မေးမြန်းလိုက်ရုံသာ ဖြစ်လေသည်။

ရိုအန်က တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ သတိလစ် မေ့မြောနေသော လစ်ဒီယာကို ပွေ့ချီကာ ကုတင်ပေါ်သို့ တင်ပေးလိုက်သည်။ ဘေးနားရှိ အဝတ်ချိတ်စင် မှ အနက်ရောင် ခြေအိတ် အချို့ကို အလွယ်တကူ ဆွဲယူလိုက်ပြီး အထပ်ထပ် ခေါက်ကာ လစ်ဒီယာ၏ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်၍ ကုတင် ခေါင်းရင်းတွင် တင်းကျပ်စွာ ချည်နှောင် လိုက်သည်။ ခြေထောက်များကိုလည်း ထိုနည်းတူစွာ ချည်နှောင် လိုက်သည်။

ထို့နောက် ရိုအန်က အိပ်ခန်း အတွင်းမှ ထွက်ခွာ၍ မန်နေဂျာ ရုံးခန်း အတွင်းရှိ ရုံးသုံး စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ လစ်ဒီယာ၏ အစစ်အမှန် ကိုယ်ရေး နောက်ခံ နှင့် သက်ဆိုင်သော သတင်း အချက်အလက် များကို စတင် ရှာဖွေ လှန်လှော လေတော့သည်။

မိနစ် အနည်းငယ် ကြာပြီးနောက် လစ်ဒီယာက ဖြည်းညင်းစွာ သတိပြန်လည် လာသည်။

လက်နှင့် ခြေထောက်များ ချည်နှောင် ခံထားရကြောင်း ခံစားလိုက်ရသောအခါ လစ်ဒီယာ၏ ရင်ခုန်သံများ ရုတ်တရက် မြန်ဆန် သွားသည်။ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှား ကြည့်လိုက်ရာ အဝတ်အစားများ အပြည့်အစုံ ရှိနေသေးကြောင်း တွေ့လိုက်ရသောအခါမှ လစ်ဒီယာ၏ စိတ်အခြေအနေက အနည်းငယ် ငြိမ်သက် သွားတော့သည်။

'ခွေးကောင်...'

လစ်ဒီယာက သွားများကို တင်းတင်း ကြိတ်ကာ မိမိကို ချည်နှောင်ထားသော ခြေအိတ်များကို အသံမထွက်စေဘဲ ရုန်းထွက်ရန် ကြိုးစားရင်း တစ်ချိန်တည်းမှာပင် ရိုအန်ကို စိတ်ထဲမှ အကြီးအကျယ် ကျိန်ဆဲနေသည်။ နောင်တစ်ချိန်တွင် ရိုအန်ကို မေ့မရနိုင်လောက်အောင် နာကျင်သည့် သင်ခန်းစာ တစ်ခု ပေးရန်လည်း ဆုံးဖြတ် လိုက်သည်။

ထိုအချိန်မှာပင် ရိုအန်က မန်နေဂျာ ရုံးခန်း အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းကို မြင်တွေ့လိုက်ရသောအခါ လစ်ဒီယာက လှုပ်ရှားမှု များကို အလျင်အမြန် ရပ်တန့်လိုက်ပြီး သတိမရသေးသည့် အလား မျက်လုံးများကို ပိတ်ကာ ဟန်ဆောင် နေလိုက်သည်။

"ဆက်ပြီး ဟန်ဆောင် မနေပါနဲ့တော့ အချစ်လေး..."

လစ်ဒီယာ နှင့် နိုးပြီလား မနိုးသေးဘူးလား ဆိုသည့် ကစားပွဲကို ရိုအန် ဆက်မကစားချင်တော့ပေ။ ရုံးသုံး စားပွဲ ၏ လျှို့ဝှက် အံဆွဲ အတွင်းမှ ရှာဖွေ တွေ့ရှိခဲ့သော စောစောက လစ်ဒီယာ အသုံးပြုခဲ့သည့် ဘောပင် နှင့် ပုံစံတူ ဘောပင် တစ်ချောင်းကို လက်ထဲတွင် ကိုင်ဆောင်လာသည်။

ထိုဘောပင်ကို လက်ထဲတွင် ကိုင်ဆောင်ကာ ရိုအန်က လစ်ဒီယာ၏ ဘေးနား ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ပြုံးလျက် ဆိုသည်။

"နိုးနေပြီ ဆိုမှတော့ ငါတို့ စကားလေး ဘာလေး ပြောကြတာပေါ့... ကဲ ပထမဆုံး မေးခွန်း... မင်းက တကယ်တမ်း ဘယ်လို လူစားမျိုးလဲ..."

"နင်..."

လစ်ဒီယာက မျက်လုံးများ ပွင့်လာပြီး ဒေါသတကြီး အော်ဟစ် ဆဲဆိုရန် ပြင်လိုက်စဉ်မှာပင် ရိုအန်က ဘောပင် ကို ညှစ်ချလိုက်သည်။

အရည် တစ်စက် က ဘောပင် ထဲမှ ထွက်လာပြီး လစ်ဒီယာ၏ ပါးပြင်ပေါ်သို့ ကျရောက် သွားသည်။ ရိုအန်က အလွန် နူးညံ့ သိမ်မွေ့သော လေသံ၊ နွေးထွေးသော အပြုံးဖြင့် ဆိုသည်။

"စကားကို ရိုင်းရိုင်းစိုင်းစိုင်း မပြောရဘူးနော် အချစ်လေး..."

"ငါ..."

ဘောပင် က မိမိ၏ ပါးစပ် နှင့် တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်လိုက်ရသောအခါ လစ်ဒီယာ တစ်ယောက် အလွန်အမင်း ထိတ်လန့်သွားပြီး နောက်သို့ မသိစိတ်၏ စေ့ဆော်မှု အရ ဆုတ်ခွာရန် ကြိုးစားလိုက်သည်။ သို့သော် လက်နှင့် ခြေထောက်များ ချည်နှောင် ခံထားရသဖြင့် ရွှေ့ပြောင်းနိုင်သည့် အကွာအဝေး က အလွန် ကန့်သတ် ခံထားရသည်။ အခြေအနေကို သဘောပေါက် သွားပြီးနောက် လစ်ဒီယာက အသံကုန် အော်ဟစ် လိုက်တော့သည်။

"ငါက အန်အက်စ်အေ ရဲ့ အဆင့်မြင့် သတင်းပေး တစ်ယောက် ပါ..."

'ဟင်...'

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

အန်အက်စ်အေ ၏ အရှည်ကောက်မှာ အမျိုးသား လုံခြုံရေး အေဂျင်စီ ပင် ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် ရှိပြီး ဖက်ဒရယ် အစိုးရ၏ ထောက်လှမ်းရေး အဖွဲ့အစည်း တစ်ခု ဖြစ်လေသည်။

ရိုအန်၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မပေါ်လွင်သည်ကို မြင်သောအခါ လစ်ဒီယာက ရိုအန် မယုံကြည်ဘူး ဟု ထင်မှတ်သွားပြီး အလျင်အမြန် ရှင်းပြလေသည်။

"ဒါ တကယ်ပါ... ငါ နင့်ကို လိမ်မပြောပါဘူး... နင် ဒီဖုန်းနံပါတ်ကို ဆက်သွယ်ပြီး မေးကြည့်လို့ ရပါတယ်... တစ်ဖက်က လူက ငါ့ရဲ့ တာဝန်ခံ ပါ... သူမက ငါ့ရဲ့ ကိုယ်ရေး နောက်ခံကို သက်သေပြ ပေးနိုင်ပါတယ်..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရိုအန်က လက်ထဲရှိ ဘောပင်ကို လစ်ဒီယာ၏ မျက်နှာ အနီးမှ ယာယီ ဖယ်ရှားလိုက်သည်။ လစ်ဒီယာ၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ ပြတ်သားသော လေသံဖြင့် မေးမြန်းလိုက်သည်။

"မင်းတို့ လုံခြုံရေး အေဂျင်စီ က ဘာလို့ ငါ့ကို ပစ်မှတ်ထား ရတာလဲ..."

"လုံခြုံရေး အေဂျင်စီ က နင့်ကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး... အခု ကိစ္စ အားလုံးက ငါ့ရဲ့ ကိုယ်ပိုင် အစီအစဉ် သက်သက်ပါ..."

မိမိ၏ လျှို့ဝှက်ချက်များ အားလုံး ပေါက်ကြားသွားပြီ ဖြစ်ကြောင်း သိရှိသွားသော လစ်ဒီယာက သက်ပြင်း တစ်ချက် ချလိုက်ပြီး ဆက်လက် ဖုံးကွယ် မထားတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။

"ငါက နင့်ကို အသုံးချပြီး... အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့က စုံထောက် မိုနာ အီဗန် ကို ချဉ်းကပ်ချင်လို့ပါ..."

မိုနာ အီဗန်၏ ဖခင် ဖြစ်သူ အမည်မှာ ဂျာဗာရီ အီဗန် ဖြစ်ပြီး စီအိုင်အေ ၏ နိုင်ငံခြား ဒေသ တစ်ခုရှိ စစ်ဆင်ရေး ဌာနခွဲမှ စစ်ဆင်ရေး အကြံပေး အရာရှိ တစ်ဦး ဖြစ်လေသည်။

လွန်ခဲ့သော တစ်နှစ်ခန့်က မိုနာ၏ ဖခင် ဦးဆောင်သော စစ်ဆင်ရေး တစ်ခုတွင် မျှော်မှန်းထားသည်ထက် ပိုမို များပြားသော လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် နောက်ပိုင်း စုံစမ်း စစ်ဆေးမှုများအရ ထိုစစ်ဆင်ရေး တွင် ငွေကြေး အမြောက်အမြား ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် စီအိုင်အေ သည် စစ်ဆင်ရေး ပြီးဆုံးသွားပြီးနောက် မိုနာ၏ ဖခင်ကို စနစ်တကျ စုံစမ်း စစ်ဆေးမှုများ စတင် ပြုလုပ်ခဲ့လေသည်။

"ဒါက မင်းတို့ အန်အက်စ်အေ နဲ့ ဘာဆိုင်လို့လဲ..."

ဤနေရာသို့ ရောက်သောအခါ ရိုအန်က အနည်းငယ် သံသယ ဝင်သွားသည်။ မိုနာ၏ ဖခင်က ငွေကြေး အလွဲသုံးစား လုပ်ခဲ့သည် ဆိုလျှင်တောင်မှ ဒါက စီအိုင်အေ၏ ကိုယ်တွင်း ပြဿနာ သက်သက်သာ ဖြစ်ပြီး အန်အက်စ်အေ ဝင်ရောက် စွက်ဖက်ရန် မလိုအပ်ပေ။ ထို့အပြင် စီအိုင်အေ တွင် ငွေကြေး အလွဲသုံးစား လုပ်သည့် ကိစ္စများက များပြားလွန်းလှရာ မိုနာ၏ ဖခင် တစ်ယောက်တည်း သာ ရှိသည် မဟုတ်ချေ။

"နင် ပြောတာ မှန်ပါတယ်... ဒီအထိ ကတော့ တကယ်ကို အန်အက်စ်အေ နဲ့ မသက်ဆိုင် သေးပါဘူး..."

လစ်ဒီယာက ခေါင်းညိတ် ထောက်ခံလိုက်ပြီး ရိုအန်၏ စကားကို သဘောတူလိုက်သည်။ သို့သော် ဆက်လက်၍ ရှင်းပြလေသည်။ လွန်ခဲ့သော ခြောက်လခန့်က အန်အက်စ်အေ သည် လော့စ်အိန်ဂျလိစ် ဒေသရှိ ရာဇဝတ် ဂိုဏ်း တစ်ခုကို ကြားဖြတ် ဖမ်းဆီးနေစဉ် အတွင်း ရာဇဝတ် ဂိုဏ်းခေါင်းဆောင် တစ်ဦး၏ ပါးစပ်မှ ဂျက္ကရယ် ဂျွန် ဆိုသည့် နာမည် တစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

ထို ဂျက္ကရယ် ဆိုသူမှာ မှတ်တမ်းများ အရ မိုနာ၏ ဖခင် ဦးဆောင်သော ကျရှုံးသွားသည့် စစ်ဆင်ရေး တွင် ကျဆုံးသွားခဲ့သော စစ်သားများ အနက်မှ တစ်ဦး ပင် ဖြစ်လေသည်။

All Chapters