← Chapters

အခန်း ၃၇၁

Vol. 34 Ch. 371

အခန်း ၃၇၁

Vol. 34 Ch. 371

အခန်း (၃၇၁) ကမ္ဘာတစ်ဝန်း ဟိုးလေးတကြော်ဖြစ်သွားခြင်း

"ချီးး… ဘာတွေဖြစ်ကုန်တာလဲ…"

"တာ့ရှား(တရုတ်)နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာ တိုးတက်မှုက ဘာလို့ ဒီလောက်တောင် မြန်ဆန်နေရတာလဲ…"

USနိုင်ငံမှ စမစ်သည် စာရွက်စာတမ်းထဲရှိ အစီရင်ခံစာကို လုံးဝ နားမလည်နိုင်စွာဖြင့် ကြည့်ရှုလိုက်၏။

(အရင်ပိုင်းက ပိုလန်လို့မှားယွင်းသုံးခဲ့မိပါတယ်)

“တာ့ရှား(တရုတ်)ရဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာက...

ဘာလို့ ဒီလောက် အရှိန်အဟုန်နဲ့ တိုးတက်လာရတာလဲ...

ဒီအတွက် အကြောင်းရင်းကို တစ်ယောက်ယောက် ငါ့ကို ရှင်းပြနိုင်မလား...”

စမစ်သည် ထိုအကြောင်းကို အကြိမ်ကြိမ် စဉ်းစားနေသော်လည်း အဖြေကို ရှာမတွေ့နိုင်ခဲ့ချေ။

“အိုး...

တကယ်လို့ ဒါတွေအားလုံးသာ အမှန်ဖြစ်နေတယ်ဆိုရင်...

ငါတို့က ဘာလို့ ဒီလိုမျိုး နည်းပညာတိုးတက်မှုကို မစွမ်းဆောင်နိုင်ခဲ့ရတာလဲ...”

စမစ်က သူ၏ လက်အောက်ငယ်သားများကို တစ်ယောက်ပြီးတစ်ယောက် စိုက်ကြည့်ကာ လေးလံသော လေသံဖြင့် မေးလိုက်၏။

"ချစ်လှစွာသော ခေါင်းဆောင်ကြီး… ဒါက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး…"

"အဓိကပြဿနာက တာ့ရှား(တရုတ်)က ဒီတိုးတက်မှုကို အတည်မပြုရသေးတာပါပဲ…"

"ဒါတွေက အစစ်အမှန် ဟုတ်မဟုတ်ဆိုတာ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး…"

ကော်မရှင်နာဂျက်က ပြန်လည်ဖြေကြားလိုက်သည်။

“ဟမ်...

ဒီစာရွက်စာတမ်းပေါ်မှာ စုယွမ် ဆိုတဲ့ နာမည်ကို ငါ ထပ်တွေ့ပြန်ပြီ...ပြီးခဲ့တဲ့တစ်ခေါက် တာ့ရှား(တရုတ်)ရဲ့ Lithography စက် စီမံကိန်းကို ဦးဆောင်ခဲ့တဲ့သူကလည်း ဒီနာမည်ပဲ မဟုတ်ဘူးလား...”

စမစ်၏ မျက်မှောင်ကြုတ်သွားခဲ့၏။

“တာ့ရှား(တရုတ်)ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ စဉ်းစားဖို့ မင်းတို့ကို ရက်အတော်ကြာ အချိန်ပေးထားခဲ့တယ်...

ဒါတောင် အခုအချိန်အထိ နည်းလမ်းတစ်ခုတောင် မစဉ်းစားနိုင်သေးဘူးလား...”

စမစ်က လက်အောက်ငယ်သားများကို စူးစူးရှရှ စိုက်ကြည့်ရင်း အေးစက်သော လေသံဖြင့် မေးလိုက်၏။

"ဟမ့်… မင်းတို့က တကယ်ကို အရည်အချင်းမရှိတာပဲ… မင်းတို့ကို တုံးတယ်လို့တောင် ငါ မခေါ်ချင်တော့ဘူး…"

"ဒီလို ရိုးရှင်းတဲ့ကိစ္စလေးကိုတောင် မင်းတို့ ဘယ်လိုလုပ် စဉ်းစားလို့မရဖြစ်နေရတာလဲ…"

"စုယွမ်ဆိုတဲ့ ဒီလူကို ငါတို့ မဖြစ်မနေ အပြစ်ပေးရမယ်…"

"အဲဒီကောင်က တကယ်ကို ယုတ်မာလွန်းတယ်…"

"သူတို့က အဆင့်မြင့် Lithography စက်တစ်ခုကို တကယ်ကြီး ဖန်တီးလိုက်ကြတယ်… ဒါက ငါ့ရဲ့ အရင်လုပ်ရပ်တွေကို အလွန်အမင်း ရှက်စရာကောင်းသွားစေတယ်…"

"ဘယ်သူက ဘုရင်လဲ ဘယ်သူက မိဖုရားလဲဆိုတာကို သူ သိအောင် ငါ လုပ်ပြရမယ်…"

"ဆေးဘက်ဆိုင်ရာ နယ်ပယ်တွေအပါအဝင် အဆင့်မြင့်နည်းပညာ အားလုံးကို တာ့ရှား(တရုတ်)ဆီ လိုင်စင်ချထားပေးတာ ရပ်လိုက်… သူတို့ကို ဘယ်ဆေးဘက်ဆိုင်ရာ ပစ္စည်းမှ မရစေနဲ့…"

"ကင်ဆာရောဂါအကြောင်းကို ငါ့ထက်ပိုသိတဲ့သူ မရှိဘူး… ပြီးတော့ သူတို့က ကင်ဆာရောဂါ ကုထုံးကို တီထွင်နိုင်မယ်ဆိုတာကို ငါ မယုံဘူး…"

"မှတ်ထား… မင်းတို့ ဖယ်ရှားခဲ့တဲ့ နည်းပညာကုမ္ပဏီကြီးတွေကို အကြောင်းကြားလိုက်… စုယွမ်ကို ဘယ်လိုနည်းနဲ့မဆို သူတို့ ငွေကြေးထောက်ပံ့ထားတာကို ငါမသိစေနဲ့… အဲဒီလိုမှမဟုတ်ရင် သူတို့ကို အတော်လေး အထိနာသွားအောင် ငါ လုပ်ပစ်မယ်…"

ခေါင်းဆောင်ကြီး စမစ်က ပြောလိုက်၏။

အောက်ရှိလူများသည် ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်ကြသည်။

"ခနလေး… ငါ တစ်ခုခုကို မေ့သွားတော့မလို့…"

"တာ့ရှား(တရုတ်)မှာ ငါတို့ရဲ့ သူလျှိုတွေ ရှိနေသေးတယ် မဟုတ်လား… ဒီသူလျှိုက အရမ်းကို အရည်အချင်းမရှိဘူး… သူ့ကို ငါတို့ ဆက်မသုံးသင့်တော့ဘူး…"

"သူ့ကို ပိုက်ဆံနည်းနည်းပေးပြီး ငါတို့နဲ့ ဝေးဝေးနေဖို့ ပြောလိုက်…"

စမစ်က ပြောပြီးနောက် လှည့်ထွက်သွားတော့သည်။

"ချီး… တာ့ရှား(တရုတ်)… အဆင့်မြင့်နည်းပညာမှာ သူတို့က ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက်လာရတာလဲ… သူတို့ကို ဘုရားသခင်ကများ ကူညီနေတာလား…"

"မင်းတို့ တာ့ရှား(တရုတ်)က တိတ်တဆိတ် အင်အားတိုးချဲ့နေမှတော့ ငါတို့ ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့တော့…"

"ခေါင်းဆောင်ကြီးရဲ့ အမိန့်အတိုင်း တာ့ရှား(တရုတ်)အပေါ် အပြည့်အဝ ပိတ်ဆို့အရေးယူမှု စတင်ဖို့ အကြောင်းကြားစာ ထုတ်ပြန်လိုက်ပါ…"

နာရီအနည်းငယ် အကြာတွင် အင်တာနက်ပေါ်၌ ကြီးမားသော ဆူပူအုံကြွမှုကြီးတစ်ခု ဖြစ်ပွားသွားခဲ့ပေ၏။

တာ့ရှား(တရုတ်)မှ သတင်းတစ်ပုဒ်သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် ရေပန်းစားသော ရှာဖွေမှုများ၏ ထိပ်ဆုံးသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ… တာ့ရှား(တရုတ်)က တကယ်ပဲ ကင်ဆာကို အနိုင်ယူတော့မှာလား… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"

"ဘုရားရေ… တကယ်လို့ ဒါကသာ အမှန်ဆိုရင် တကယ်ကို အံ့သြစရာကောင်းမှာပဲ…"

"ဟုတ်တယ်… မနေ့က ဥက္ကဋ္ဌစုယွမ်က တာ့ရှား(တရုတ်)ရဲ့ 7nm Lithography စက် ထုတ်လုပ်မှုမှာ အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ခဲ့တာကို ငါ မှတ်မိသေးတယ်… အခု သူက ကင်ဆာကို အနိုင်ယူဖို့ လှုပ်ရှားမှုတစ်ခုကိုတောင် စတင်နေပြီပဲ… ဘာလို့ ငါတို့နိုင်ငံမှာ သူလိုလူမျိုးတွေ မရှိရတာလဲ…"

"ဟာသလုပ်နေတာလား… ငါတို့ တောင်ကိုရီးယားမှာတောင် ဒီလိုလူမျိုး မရှိတာကို သူတို့ တာ့ရှား(တရုတ်)က ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက်လာနိုင်မှာလဲ… ကမ္ဘာပေါ်မှာ ဆေးဘက်ဆိုင်ရာအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ငါတို့မှာတောင် ဒီလိုနည်းပညာမျိုး မတီထွင်နိုင်သေးတာ… တာ့ရှား(တရုတ်)က ကြွားလုံးထုတ်နေတာပဲ ဖြစ်ရမယ်…"

"ဟုတ်တယ်… တာ့ရှား(တရုတ်)က တကယ်ကို အောက်တန်းကျတယ်… သူတို့က တခြားသူတွေကို လမ်းလွဲအောင် ဒီလို သတင်းမှားတွေကို အမြဲ ဖြန့်နေကျပဲ… ဒါက လုံးဝ လက်ခံနိုင်စရာ မရှိဘူး…"

တာ့ရှား(တရုတ်)၏ ဤကဲ့သို့သော အပြုအမူကို လူအများက သပိတ်မှောက်သင့်ပေသည်။

“အဓိပ္ပာယ်မရှိတာတွေ ဆက်မပြောကြနဲ့...ဒီကိစ္စက အမှန်ဖြစ်နိုင်ခြေ အရမ်းမြင့်တယ်...ဘာလို့လဲဆိုတော့...စုယွမ်ရဲ့ ဇာတိနိုင်ငံက ငါတို့ တောင်ကိုရီးယား ဖြစ်နိုင်တယ်...

တကယ်လို့ အဲဒါသာ အမှန်ဆိုရင်...Lithography စက် စီမံကိန်းနဲ့ ဒီကင်ဆာကုသရေး နည်းပညာ...

ဒီဖြစ်ရပ်နှစ်ခုစလုံးရဲ့ နောက်ကွယ်မှာ စုယွမ် တစ်ယောက်တည်း ရှိနေတာလည်း ဖြစ်နိုင်တယ်...”

အင်တာနက်ပေါ်တွင် ၎င်းနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများစွာ ရှိနေခဲ့ချေ၏။

တာ့ရှား(တရုတ်)ရှိ အင်တာနက်စာမျက်နှာများမှာလည်း ပွက်လောရိုက်နေပေသည်။

"တကယ်လား… ဥက္ကဋ္ဌစုက တကယ်ပဲ အဲဒီလောက် အံ့သြစရာကောင်းတာလား…"

"သူ့ကို ဥက္ကဋ္ဌစုလို့ မခေါ်ကြနဲ့တော့… နတ်ဘုရားစူးလို့ ခေါ်ကြ…"

"တကယ်လို့ ဒါကသာ အမှန်ဆိုရင် ကင်ဆာလူနာအားလုံး ကိုယ်စား ဥက္ကဋ္ဌစုကို ကျွန်တော် ကျေးဇူးတင်ပါတယ်…"

"ဒီစမ်းသပ်မှုတွေမှာ ပါဝင်ဖို့ ကျွန်တော် ဆန္ဒရှိပါတယ်… ဘယ်လို စာရင်းသွင်းရမလဲ…"

"မင်းတို့ ထူးဆန်းတယ်လို့ မထင်ဘူးလား… ဥက္ကဋ္ဌစုက နည်းပညာနယ်ပယ်မှာ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ငါ မငြင်းပါဘူး… ဒါပေမဲ့ သူက ရုတ်တရက်ကြီး ကင်ဆာရောဂါအပေါ် အာရုံစိုက်လာတာက လုံးဝ မသက်ဆိုင်သလို ဖြစ်မနေဘူးလား…"

"အခုလောလောဆယ် ထွက်ထားတဲ့ စာရင်းကို ကြည့်လိုက်ဦး… အားလုံးက ဆေးဘက်ဆိုင်ရာနယ်ပယ်က ထိပ်တန်းပုဂ္ဂိုလ်တွေချည်းပဲ မဟုတ်ဘူးလား… ပြီးတော့ စမ်းသပ်မှုမှာ ပါဝင်နေတဲ့ လက်ရှိ လူနာတွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ဦး…"

"တကယ်လို့ ဒါက အမှန်မဟုတ်ဘူးဆိုရင် အဘိုးစူးက ဘာလို့ စမ်းသပ်မှုမှာ ပါဝင်မှာလဲ…"

"ဟုတ်တယ်မလား… အဘိုးစူးတောင် စမ်းသပ်မှုမှာ ပါဝင်ခဲ့တာကို… တချို့လူတွေက အတုလို့ ပြောနေကြတုန်းပဲ…"

"စမ်းသပ်မှုက နှစ်ပတ် ကြာမယ်လို့ ပြောထားတယ်… နှစ်ပတ်ကြာပြီးရင် အားလုံး နားလည်သွားကြလိမ့်မယ်…"

အင်တာနက်ပေါ်တွင် ဤကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုများစွာ ရှိနေသော်လည်း လူအများစုမှာမူ မျှော်လင့်တကြီး စောင့်စားနေကြဆဲ ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ဤကိစ္စသည် ကြီးမားလွန်းလှပေ၏။

အကယ်၍ ကင်ဆာရောဂါအတွက် ကုထုံးတစ်ခုကို အမှန်တကယ် တွေ့ရှိသွားပါက ၎င်းသည် အလွန်ကြီးမားသော ပံ့ပိုးကူညီမှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ ယင်းက

လူသားမျိုးနွယ်အတွက် သဘာဝရန်သူတစ်ဦး လျော့နည်းသွားမည် ဖြစ်ချေသည်။

USနိုင်ငံရှိ ထိပ်တန်းဆေးဘက်ဆိုင်ရာကုမ္ပဏီ ခိုမေအုပ်စု။

ခေါင်းဆောင်ကြီး၏ အမိန့်ကို မြင်ချိန်တွင် ဥက္ကဋ္ဌယော့ခ်သည် နက်ရှိုင်းသော တွေးတောမှုထဲသို့ ကျရောက်သွားခဲ့၏။

"သူဌေး… တာ့ရှား(တရုတ်)မှာ ကင်ဆာကို အနိုင်ယူနိုင်တဲ့ နည်းပညာရှိတယ်လို့ တကယ်ထင်လို့လား…"

လက်ထောက်ဖြစ်သူက သူ၏ မျက်နှာပေါ်တွင် သံသယများ အပြည့်ဖြင့် မေးလိုက်သည်။

"ဒါက အမှန်ဖြစ်ဖို့တော့ မလိုပါဘူး…"

"ငါ တာ့ရှား(တရုတ်)မှာ အချိန်အတန်ကြာ နေဖူးတယ်… အဲဒီကလူတွေက ကောက်ကျစ်စဉ်းလဲတာမျိုး မရှိပေမဲ့ သူတို့က အရမ်းကို ဉာဏ်ပညာရှိကြတယ်…"

"ငါတို့ သူ့ကို အထင်မသေးသင့်ဘူး…"

ယော့ခ်က တွေးတွေးဆဆဖြင့် ပြောလိုက်၏။

"အိုး… အဲဒီလိုဆိုရင် ခေါင်းဆောင်ကြီးရဲ့ အမိန့်တွေကို ငါတို့ ဘယ်လို အကောင်အထည်ဖော်သင့်လဲ…"

"ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ ငါတို့ရဲ့ အကြီးမားဆုံး ဖောက်သည်က တာ့ရှား(တရုတ်)လေ… တကယ်လို့ ငါတို့က တာ့ရှား(တရုတ်) ဈေးကွက်ကို စွန့်လွှတ်လိုက်မယ်ဆိုရင် အမြတ်ငွေ အများကြီး ဆုံးရှုံးရလိမ့်မယ်…"

လက်ထောက်က ဆက်၍ မေးလိုက်သည်။

.

“ဟားဟား...

ဂျေမီ... မင်းက ငယ်သေးတော့ ဒီလိုကိစ္စတွေကို ကောင်းကောင်း နားမလည်သေးဘူး...

တကယ်တော့ ဒီကိစ္စက အရမ်း ရိုးရှင်းပါတယ်...

ဒါတွေအားလုံးက ခေါင်းဆောင်ကြီးရဲ့ အမိန့်အတိုင်း လုပ်ဆောင်ခဲ့တာပဲ...ငါတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် မဟုတ်ဘူး...

တကယ်လို့ တာ့ရှား(တရုတ်)က ကင်ဆာကို ကုသနိုင်တဲ့ နည်းပညာကို မတီထွင်နိုင်ခဲ့ဘူးဆိုရင်...

ငါတို့က သူတို့အပေါ် ပိတ်ဆို့အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်...

ဒါပေမဲ့...

တကယ်လို့ ဒီသတင်းသာ အမှန်ဖြစ်နေတယ်ဆိုရင်...

ပိတ်ဆို့အရေးယူမှုတွေကို ပြန်ရုပ်သိမ်းလိုက်လို့လည်း ရတာပဲ မဟုတ်လား...

သူတို့ရဲ့ သဘောထားကို ငါ ကောင်းကောင်း နားလည်တယ်...

တကယ်လို့ ငါတို့က နစ်နာသူလို ဟန်ဆောင်ပြီး...

ဒီကိစ္စရဲ့ တာဝန်အားလုံးကို ခေါင်းဆောင်ကြီးအပေါ် ပုံချလိုက်မယ်ဆိုရင်...ပြဿနာက အလွယ်တကူ ပြေလည်သွားမှာပဲ...”

"အဲဒီအချိန်ရောက်ရင် မင်းက ခေါင်းဆောင်ကြီးတစ်ယောက်အနေနဲ့ တကယ်ပဲ ယုံကြည်မှု ရှိနေဦးမှာလား…"

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါတို့အပေါ် သိပ်ပြီး သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး…"

"ငါတို့က ကမ္ဘာ့ထိပ်တန်း ဆေးဘက်ဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်ပြီး တာ့ရှား(တရုတ်)က အသုံးပြုနေတဲ့ အဆင့်မြင့် ကင်ဆာနှိမ်နင်းရေးဆေးဝါး အားလုံးက ငါတို့ထုတ်လုပ်ထားတာချည်းပဲ…"

"ပိတ်ဆို့အရေးယူမှု အချိန်အတိုင်းအတာတစ်ခု ကြာပြီးတဲ့နောက်မှာ ဈေးနှုန်းတွေ မြှင့်တင်ဖို့ ငါတို့ အခွင့်အရေး ရလာလိမ့်မယ်… အတိုချုပ်ပြောရရင် ဒီကိစ္စက ငါတို့ကို လုံးဝ အန္တရာယ် မဖြစ်စေပါဘူး…"

ယော့ခ်က ဖျော့တော့သော အပြုံးတစ်ခုဖြင့် ပြောလိုက်ပေသည်။

အကယ်၍ တာ့ရှား(တရုတ်)က ကင်ဆာရောဂါအတွက် ကုထုံးတစ်ခုကို အမှန်တကယ် တီထွင်နိုင်ခဲ့ပါက သူတို့ ကိုယ်တိုင် ထိုနေရာသို့ သွားရောက်ကာ တောင်းပန်ပြီး ပြဿနာကို ဖြေရှင်းနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ တာ့ရှား(တရုတ်)မှ ထိုလူမိုက်များသည် အပြစ်များကို ကိုယ်တိုင် ခံယူကြမည် မဟုတ်ချေ။

All Chapters