အခန်း ၃၇၂
Vol. 34 Ch. 372
အခန်း (၃၇၂) Six Starလုပ်ငန်းစု၏ အစီအစဉ်များ
မကြာမီမှာပင် ကင်ဆာကုသရေး အစီအစဉ် စတင်ခဲ့ပေသည်။
နှစ်ပတ်တာ ကာလအတွင်း မတူညီသော ရောဂါလက္ခဏာများရှိသည့် လူနာအများအပြားသည် မတူညီသော သက်ဆိုင်ရာ ကုသမှုများကို ခံယူကြရမည် ဖြစ်၏။
"ရွံစရာကောင်းလိုက်တာ…"
"ဒါက လွန်လွန်းတယ်…"
"ဂိုဏ်းအတွက် ငါ သွေးတွေ ချွေးတွေ ရင်းခဲ့ရတာကို သူတို့က ငါ့ကို ဒီလိုဆက်ဆံတယ်ပေါ့…"
ဖုန်ဖေးသည် ဝင်လာသော မက်ဆေ့ခ်ျကို ကြည့်ရင်း ဒေါသတကြီး ဖြစ်နေခဲ့သည်။
အထက်တွင် ဖော်ပြထားသော မက်ဆေ့ခ်ျက သူ့အား စွန့်ပစ်လိုက်ပြီဖြစ်ကြောင်း ညွှန်ပြနေပေ၏။
၎င်းသည် လုံးဝ ဒေါသထွက်စရာကောင်းလွန်းလှသည်။
အဖမ်းခံရမည့် အန္တရာယ်ကို စွန့်စားကာ Lithography စက်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို သူ ပေးပို့ခဲ့သော်လည်း ရလဒ်ကမူ…
ဖုန်ဖေးသည် သူ၏ကိုယ်သူ လူပြက်တစ်ဦးကဲ့သို့ ခံစားရကာ အလွန်အမင်း နာကြည်းနေခဲ့၏။ အကယ်၍ ထိုအချိန်ကသာ အာမခံချက်တစ်ခုခု ရယူထားခဲ့ပါက သူ ယခုကဲ့သို့ အကျပ်အတည်း ရောက်နေမည် မဟုတ်ချေ။
"နေပါဦး… ဘာလို့ ဒီလောက်လေးပဲ ရရတာလဲ…"
သူ၏အကောင့်ထဲသို့ ဝင်လာသော ယွမ် နှစ်သိန်းကို မြင်ချိန်တွင် ဖုန်ဖေး ပို၍ ဒေါသထွက်သွားခဲ့သည်။
ယွမ် နှစ်သန်း ဖြစ်သင့်သော်လည်း ဘာကြောင့် ယွမ် နှစ်သိန်း ဖြစ်သွားရသနည်း။ ဆယ်ဆတောင် လျော့နည်းနေခဲ့၏။
ဖုန်ဖေးသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြိုလှဲကျသွားတော့သည်။
"ယွမ် နှစ်သိန်းအတွက် ငါက ဒီလောက်အထိ အောက်တန်းကျကျ လုပ်ခဲ့ရတာလား…"
ရုတ်တရက် သူ၏ အခန်းတံခါး ပွင့်ထွက်သွားပြီး စည်ပင်စည်းကမ်းထိန်းသိမ်းရေးဌာနမှ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အရာရှိများ အလျင်အမြန် ဝင်ရောက်လာကြလေ၏။
"ဝန်ကြီးကျောက်…"
"ဝန်ကြီးကျောက်… ဘာတွေဖြစ်နေတာလဲ… ဘာဖြစ်လို့လဲ…"
ဖုန်ဖေးသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့သော်လည်း တည်ငြိမ်အောင်သာ ကြိုးစားနေနိုင်ခဲ့သည်။
ဝန်ကြီးကျောက်က လူအများအပြားကို အဘယ်ကြောင့် ခေါ်ဆောင်လာသနည်းဆိုတာကို သူ နားမလည်နိုင်ခဲ့ချေ။
"ဖုန်ဖေး… မင်းက ဒီလိုပြောရဲသေးတယ်ပေါ့…"
"မင်းဘာလုပ်ခဲ့လဲဆိုတာ မင်းကိုယ်မင်း မသိဘူးလား…"
ကျောက်ဟွေ့ဟွမ်က အေးစက်စွာ ပြောလိုက်၏။
"အာ… ဝန်ကြီးကျောက်… ကျွန်တော် ဘာများလုပ်ခဲ့လို့လဲ…"
"Lithography စက် လုပ်ငန်းအတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့တာပါ… အခုဆို ပထမဆုံး Lithography စက်တွေကိုတောင် ထုတ်လုပ်နေပြီပဲ… ကျွန်တော် လုပ်ခဲ့တာဆိုလို့ ခွင့်နှစ်ရက် ယူခဲ့တာလေးပါပဲ…"
"ဒါက ဘာမှမဆိုင်ဘူး မဟုတ်လား…"
"တကယ်လို့ ဝန်ကြီးကျောက်က ဒီလို အသေးအဖွဲ ကိစ္စလေးအတွက် ကျွန်တော့်ကို အပြစ်ပေးမယ်ဆိုရင် အဲဒါက အရမ်းကို…"
"ဟုတ်တယ်မလား… ဝန်ကြီးကျောက်…"
"ခေါင်းတလားကို မမြင်မချင်း မင်းက မျက်ရည်ကျမယ့်ပုံ မပေါ်ဘူးပဲ…"
"စုယွမ် ပြောတာမှန်တယ်… မင်းက တကယ်ကို သစ္စာဖောက်ပဲ…"
ကျောက်ဟွေ့ဟွမ်၏ မျက်နှာအမူအရာမှာ အေးစက်ကာ တင်းမာနေဆဲပင်။
"စုယွမ်… ဥက္ကဋ္ဌစု… ဘာဖြစ်လို့လဲ… ဥက္ကဋ္ဌစုနဲ့ ကျွန်တော်နဲ့က ဆက်ဆံရေးကောင်းပါတယ်…"
ဖုန်ဖေးက ဆက်လက်၍ ဆင်ခြေပေးနေခဲ့သည်။
"ဟမ်… ဒါက မင်းရဲ့ သစ္စာဖောက်မှုအတွက် သက်သေပဲ…"
"ဖုန်ဖေး… မင်းက သူလျှိုတစ်ယောက်လို ပြုမူပြီး Lithography စက်နဲ့ ပတ်သက်တဲ့ အရေးကြီး သတင်းအချက်အလက်တွေကို ပေါက်ကြားစေခဲ့တယ်… ကံကောင်းလို့ ကြီးမားတဲ့ ဆိုးကျိုးတွေ မဖြစ်ပေါ်ခဲ့တာ… အဲဒီလိုမှမဟုတ်ရင် အခြေအနေတွေက အခုလိုမျိုး ရိုးရှင်းနေမှာ မဟုတ်ဘူး…"
"သွားကြစို့… မင်းရဲ့ အထက်လူကြီးရော တပည့်တွေအကြောင်းရော အားလုံးကို ဝန်ခံလိုက်… မင်း ဝန်ခံပြီးတာနဲ့ သက်ညှာခွင့်ရအောင် ငါတို့ ကြိုးစားပေးမယ်…"
ကျောက်ဟွေ့ဟွမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လူနှစ်ဦးက ဖုန်ဖေးအား ချက်ချင်းပင် ဖမ်းဆီးလိုက်ကြ၏။
"မဟုတ်ဘူး… ကျွန်တော် မှားသွားပါတယ်… ဝန်ကြီးကျောက်… ကျွန်တော် မှားသွားပါတယ်…"
"ဘာလို့လဲ…"
ဖုန်ဖေးသည် အကြိမ်အနည်းငယ် ရုန်းကန်လိုက်ပြီးနောက် ပျော့ခွေသွားတော့သည်။ သူ ပြီးဆုံးသွားခဲ့ပြီ။ သူ၏ သူလျှိုလုပ်ငန်းကို ရှာဖွေတွေ့ရှိသွားချိန်တွင် သူ၏ဘဝသည်လည်း လုံးဝ ပြီးဆုံးသွားခဲ့ပေပြီ။
အချိန်များသည် နောက်တစ်နေ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။
ပထမဆုံး တရားဝင် အသုံးပြုမည့် Lithography စက်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပေသည်။
၎င်းသည် ကြီးမားသော အောင်မြင်မှုကြီးတစ်ခုဟုပင် ဆိုနိုင်ချေသည်။
ယင်းကို ကျင်းတူးစံတော်ချိန် နံနက် ၁၀ နာရီတွင် ကြေညာခဲ့၏။
ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။ ကမ္ဘာကြီးသည် တုန်လှုပ်ချောက်ချားမှုထဲ ကျရောက်နေပေ၏။
တစ်ချိန်တည်းမှာပင် ယွမ်ဟိုင်လုပ်ငန်းစုကို တရားဝင် တည်ထောင်ခဲ့ပြီး စုယွမ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပေသည်။
၎င်းသည် Lithography စက်များ၏ ထုတ်လုပ်မှု၊ သုတေသနနှင့် အရောင်းပိုင်းအတွက် တာဝန်ယူရမည် ဖြစ်၏။
စုယွမ်သည် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။
ထို့အပြင် နံနက် ၁၀ နာရီတွင် စုယွမ်သည် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ပထမဆုံး ချစ်ပ်ပြားအသုတ်ကို ပြသခဲ့ပေသည်။
ဤ 7nm Lithography စက်သည် ယနေ့ကမ္ဘာပေါ်ရှိ အဆင့်မြင့်ဆုံး နည်းပညာများကို ပေါင်းစပ်ထားခြင်း ဖြစ်၏။
ထုတ်လုပ်လိုက်သော မိုဘိုင်းဖုန်း ချစ်ပ်ပြားများ၏ စွမ်းဆောင်ရည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
၎င်းကို ယနေ့ခေတ် 3-nanometer ချစ်ပ်ပြားများနှင့်ပင် နှိုင်းယှဉ်နိုင်ချေသည်။
3nm ချစ်ပ်ပြားများကို ယှဉ်ပြိုင်နိုင်သည့် 7nm Lithography စက်ကို အသုံးပြုကာ ထုတ်လုပ်ထားသော ထုတ်ကုန်တစ်ခု… ၎င်းသည် မယုံနိုင်လောက်အောင် စွမ်းဆောင်ရည်ကောင်းမွန်လွန်းလှ၏။
အကယ်၍ ဤLithography စက်ကိုသာ ရောင်းချနိုင်ပါက ၎င်းသည် ကမ္ဘာတစ်ဝန်းရှိ အဆင့်မြင့်နည်းပညာ လုပ်ငန်းတစ်ခုလုံးအပေါ် အကြီးအကျယ် ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
Lithography စက် မိတ်ဆက်ပွဲတွင် လူများစွာ မျက်ရည်ကျခဲ့ကြရသည်။
နှစ်ပေါင်းများစွာ ပြင်ပပိတ်ဆို့မှုများ ကြုံတွေ့ခဲ့ရပြီးနောက် နောက်ဆုံးတွင် တာ့ရှား(တရုတ်)သည် ၎င်းတို့၏ ကိုယ်ပိုင် Lithography စက်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်၏။
ဤသည်မှာ အလွန် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
"ဒီနေ့ကစပြီး တာ့ရှား(တရုတ်)က ငါတို့အပေါ် ပြင်ပအင်အားစုတွေရဲ့ ပိတ်ဆို့မှုနဲ့ ဖိနှိပ်မှုတွေကို ဘယ်တော့မှ ကြောက်ရွံ့နေတော့မှာ မဟုတ်ဘူး…"
"Lithography စက်က ပထမဆုံးတစ်ခုပဲ ရှိပါသေးတယ်…"
"ကုမ္ပဏီရဲ့ နောက်ထပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာက ကွန်ပြူတာ ချစ်ပ်ပြားတွေ၊ အဆင့်မြင့် ဂရပ်ဖစ်ကတ်တွေနဲ့ ငါတို့ နာမည်တပ်နိုင်တဲ့ တခြား အဆင့်မြင့်နည်းပညာ ထုတ်ကုန်တိုင်းအပေါ် အာရုံစိုက်သွားမှာပါ…"
"တာ့ရှား(တရုတ်)က သေချာပေါက် တိုးတက်လာပါလိမ့်မယ်…"
စုယွမ်က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်၏။
ဤစကားလုံးများသည် တာ့ရှား(တရုတ်)ပြည်သူ အားလုံး၏ နှလုံးသားထဲတွင် ဟိန်းညံသွားခဲ့ပေသည်။ရေတွက်၍မရနိုင်သော လူအများအပြားမှာ စိတ်လှုပ်ရှားသွားခဲ့ကြသည်။
"အားပေးပါတယ်…"
"ငါတို့ တာ့ရှား(တရုတ်)ကြီးက နောက်ဆုံးတော့ ဒီနေ့ကို ရောက်အောင် စောင့်နိုင်ခဲ့ပြီပဲ…"
"မိုက်တယ်… အရမ်းမိုက်တယ်…"
"သူတို့ကို ဖြုတ်ချလိုက်…"
အင်တာနက်ပေါ်တွင် အသုံးပြုသူအားလုံးသည် ဤအခိုက်အတန့်ကို စောင့်ကြည့်နေခဲ့ကြ၏။
စုယွမ်သည် နောက်ထပ် ဂုဏ်ပုဒ်တစ်ခုကို ရရှိခဲ့ပြီး တာ့ရှား(တရုတ်)၏ ယွမ်ဟိုင်လုပ်ငန်းစု ဥက္ကဋ္ဌ ဖြစ်လာကာ အလွန် မြင့်မားသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိသွားခဲ့ပေသည်။
တာ့ရှား(တရုတ်)မှ ထုတ်လုပ်သော 7nm Lithography စက်သည် ပြင်ပ ပိတ်ဆို့မှုများကို ချိုးဖျက်နိုင်ခဲ့ပြီး ယခုအခါ ပြောင်းလဲ၍မရသော အမှန်တရားတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။
တာ့ရှား(တရုတ်) Lithography စက်ကို အသုံးပြုကာ ထုတ်လုပ်ထားသော ချစ်ပ်ပြားများကို ကမ္ဘာတစ်ဝန်းရှိ မိုဘိုင်းဖုန်းကုမ္ပဏီများနှင့် ဆက်စပ်လုပ်ငန်းများထံသို့ ပေးပို့ခဲ့ပြီး ဖြစ်သည်။
တောင်ကိုရီးယား။
"ဘာ… တာ့ရှား(တရုတ်)က ပိတ်ဆို့မှုတွေကို ဖောက်ထွက်ပြီး Lithography စက်ကို တီထွင်လိုက်တယ်ပေါ့… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"
"သေစမ်း… ဒါက သေချာပေါက် သတင်းအမှားပဲ… သေချာပေါက် သတင်းအမှားပဲဖြစ်ရမယ်…"
"ငါတို့ တောင်ကိုရီးယားတောင် မဖန်တီးနိုင်တာကို သူတို့က ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ… ဒါက လိမ်ညာမှုတစ်ခု ဖြစ်ရမယ်…"
"သေစမ်း… တာ့ရှား(တရုတ်)က မကြာသေးခင်က ဘာတွေ လုပ်နေတာလဲ… ပထမက ကင်ဆာကို အနိုင်ယူတယ်… ပြီးတော့ ဟိုဟာလုပ်တယ် ဒီဟာလုပ်တယ်… သူတို့က ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်နေရတာလဲ…"
"ဒီစုယွမ်က အတိအကျ ဘယ်သူလဲ… သူက ဒီလောက် ကြီးကျယ်တဲ့အရာတွေကို ဘယ်လိုများ အောင်မြင်အောင် လုပ်နိုင်ခဲ့တာလဲ… သူ့ရဲ့ ပံ့ပိုးကူညီမှုတွေအပေါ် အခြေခံရင် ကမ္ဘာပေါ်မှာ အထူးချွန်ဆုံးပုဂ္ဂိုလ်လို့ ခေါ်တာတောင် လုံလောက်မှာ မဟုတ်ဘူး မလား…"
“စုယွမ်... ဥက္ကဋ္ဌစုက ငါတို့လိုပဲ တောင်ကိုရီးယား က လာတာ...သူ့ရဲ့ဇာတိမြေကလည်း တောင်ကိုရီးယား မှာ ရှိရမယ်...
အဲဒီလို မဟုတ်ရင်...သူ ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နိုင်မှာလဲ...”
"ဒီလိုပဲ ဖြစ်ရမယ်လို့ ငါ ထင်တယ်…"
"ဟုတ်တယ်… သူက ငါတို့ တောင်ကိုးရီးယားကပဲ ဖြစ်ရမယ်…"
ကိုးရီးယားအင်တာနက်အသုံးပြုသူများမှာ ဆူပူအုံကြွနေခဲ့ကြသည်။
သို့သော် Six Starလုပ်ငန်းစုမှာမူ ဆက်လက်၍ ငြိမ်ထိုင်မနေနိုင်တော့ချေ။
သူတို့သည် တာ့ရှား(တရုတ်)မှ ချစ်ပ်ပြားကို စမ်းသပ်ပြီး ဖြစ်ပေ၏။
တစ်ညလုံး စဉ်းစားတွေးတောပြီးနောက် Six Starလုပ်ငန်းစု၏ အကြီးအကဲသည် ထိုကိစ္စကို ဆွေးနွေးရန်အတွက် တာ့ရှား(တရုတ်)သို့ တစ်စုံတစ်ယောက်အား စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။
"မေ့ကျူး… မင်းက လုပ်ငန်းစုကို ကိုယ်စားပြုပြီး ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဖို့ တာ့ရှား(တရုတ်)ကို သွားရမယ်… ငါတို့က တာ့ရှား(တရုတ်)ရဲ့ Lithography စက်ကို အသုံးပြုခွင့် မဖြစ်မနေ ရယူရမယ်…"
Six Starလုပ်ငန်းစု၏ အကြီးအကဲက ပြောလိုက်၏။
"ကောင်းပါပြီ… သခင်လေးက တာ့ရှား(တရုတ်)မှာ ရှိနေတုန်းပဲ… သူ့ကိုပါ ကျွန်မတို့နဲ့ လိုက်ခိုင်းရမလား…"
မန်နေဂျာ လီမေ့ကျူးက ပြောလိုက်သည်။
"ခွေးကောင်လေး… အဲဒီ ပုန်ကန်တတ်တဲ့သားကို သွားပြီး သူ့ဆီမှာ သင်ယူခိုင်းလိုက်… ပြီးတော့ စုယွမ်က ဘယ်လိုမျိုးလဲဆိုတာ ကြည့်ခိုင်းလိုက်… အသက်အရွယ်တူတူကို ဘယ်လိုလုပ် ဒီလောက်တောင် ကွာခြားနေရတာလဲဆိုတာ သူ သိပါစေ…"
"ဒါပေမဲ့ မှတ်ထား… မင်းက စုယွမ်ကို လေးလေးစားစား ဆက်ဆံရမယ်… သူက သာမန်လူ မဟုတ်ဘူး…"
Six Starလုပ်ငန်းစု ဥက္ကဋ္ဌက ပြောလိုက်ပေသည်