← Chapters

အခန်း ၃၇၄

Vol. 34 Ch. 374

အခန်း ၃၇၄

Vol. 34 Ch. 374

အခန်း (၃၇၄) ထူးဆန်းမှုများ**

"မဟုတ်ဘူး... ငါက လမ်းကို ပုံမှန်ဖြတ်ကူးနေတာကို မင်းက လာတိုက်သွားတာလေ..."

"အခု မီးနီနေတယ်ဆိုတာ မင်း သိလား..."

"မင်းက ငါတို့နှစ်ယောက်စလုံးကို တိုက်သွားပြီး ဒီမှာ မောက်မာနေသေးတယ်ပေါ့..."

"မင်း အတိအကျ ဘာလိုချင်နေတာလဲ..." တိုက်ခံရ၍ လဲကျသွားသော လူငယ်လေးက ဒေါသတကြီး ပြောလိုက်၏။

"ဟက်... မင်းက ငါ့ကားကို လာတိုက်ပြီးတော့ ငါ့ကို လာငြင်းနေသေးတယ်ပေါ့..."

"ကောက်ကျစ်ပြီး အရှက်မရှိတဲ့ တာ့ရှား(တရုတ်)လူမျိုးတွေ... မင်းတို့က သေချင်နေတာလား..." လီကျန်းရှီးက အထင်သေးသော အကြည့်ဖြင့် ပြောလိုက်သည်။

"မင်း... မင်းက အရင် ငါ့ကို လာတိုက်တာလေ..." တိုက်ခံရသော လူငယ်လေးသည် ထိုအမျိုးသား၏ အရှက်ကင်းမဲ့မှုကြောင့် ပို၍ပင် ဒေါသထွက်သွားခဲ့လေ၏။

ထိုဧရိယာသည် လျင်မြန်စွာ ကျပ်တည်းလာပြီး စောင့်ကြည့်နေသူ လူအုပ်ကြီးကို ဆွဲဆောင်သွားခဲ့ပေသည်။

"ဘာတွေဖြစ်နေတာလဲ... လူတစ်ယောက်ကို တိုက်မိပြီးတာတောင် ဘာလို့ ဒီလောက် မောက်မာနေရတာလဲ..."

"ဒီလူက တာ့ရှား(တရုတ်)လူမျိုးနဲ့ မတူဘူး..."

"ဘယ်လောက်တောင်လဲ လွန်လွန်းလဲ... သူ အဲဒီလူကို ဘာလုပ်လိုက်လဲ ကြည့်လိုက်ဦး... သူက အမှားလည်း ဝန်မခံတဲ့အပြင် အရမ်းကို မောက်မာနေသေးတယ်... သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ..." ကြည့်ရှုနေသူ အားလုံးက လီကျန်းရှီးအား ဝေဖန်လိုက်ကြ၏။

"ဟက်... မင်းတို့လို အောက်တန်းကျတဲ့ တာ့ရှား(တရုတ်)လူမျိုးတွေက ငါ့ကို ဝေဖန်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ... သေချင်နေကြတာလား..."

"ငါ ဘယ်သူလဲဆိုတာ မင်းတို့ သိလား..."

"ငါက တောင်ကိုရီးယားကကွ..." လီကျန်းရှီးက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"အို... ငါက အရေးကြီးတဲ့ သူတစ်ယောက်များလားလို့... ဒီလို ကောင်စုတ်လေးပါလား..."

"လက်အောက်ခံ နိုင်ငံငယ်လေးက ကောင်စုတ်လေးက ဘာတွေများ မောက်မာနေရတာလဲ..."

"သူ့ကိုယ်သူ တကယ် အထူးတလည်များ မှတ်နေလား မသိဘူး..."

သူ့ကို အံ့သြစေသည်မှာ ပတ်ဝန်းကျင်ရှိ လူများက လုံးဝ ဂရုမစိုက်ခြင်းပင် ဖြစ်ပေ၏။

"မဟုတ်ဘူး... ငါပြောတာ သေချာကြားရဲ့လား..."

"သူက တောင်ကိုရီးယားကနေ လာတာလေ... မင်းတို့ တာ့ရှား(တရုတ်)လူမျိုးတွေက သူ့ကို ဝေဖန်ဖို့ နေရာမရှိဘူး..." ပြဿနာကို လာရောက်ကြည့်ရှုသော မိန်းကလေးတစ်ဦးသည် လီကျန်းရှီး၏ မည်သူမည်ဝါဖြစ်ကြောင်း ကြားလိုက်ရသဖြင့် သူ့ဘက်မှ ချက်ချင်း ဝင်ပြောလိုက်လေသည်။

"နေပါဦး... မင်းက ဘယ်ကလဲ... မင်းလည်း ကိုရီးယားကပဲလား... မတော်တဆမှုကို ဖြစ်စေခဲ့တဲ့ သူ့ဘက်ကနေ မင်းက ဘာလို့ ဝင်ပြောနေရတာလဲ..." တစ်စုံတစ်ယောက်က ညည်းညူလိုက်၏။

“ဟမ့်...

ငါလည်း ဖြစ်ချင်တာပေါ့...

ဒါပေမဲ့ တောင်ကိုရီးယား ရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဒီလောက်လွယ်လွယ် ရမယ်လို့ ထင်နေလား...

သူက မွန်မြတ်တဲ့ တောင်ကိုရီးယား က အထက်တန်းလွှာ အမျိုးသားတစ်ယောက်...

နင်တို့လို အောက်တန်းစားတွေနဲ့ ဘယ်လိုလုပ် တူနိုင်မှာလဲ... နားလည်ရဲ့လား...

နင်တို့လို လူမျိုးတွေက ဒီမှာ ရပ်ပြီး စကားပြောဖို့တောင် မထိုက်တန်ဘူး...

ကြားနေရတာတောင် နားညစ်တယ်...

ပြီးတော့...

သူက ဝင်တိုက်တယ်ဆိုတာကို နင်တို့ ဘာနဲ့ သက်သေပြနိုင်လဲ...

အဖြစ်အပျက်တစ်ခုလုံးကို ငါ ကိုယ်တိုင် မြင်ခဲ့တာ...

အဲဒီ မျက်စိမပါတဲ့ကောင် နှစ်ယောက်ကသာ တမင် ဝင်တိုက်ခဲ့တာ...”

အမျိုးသမီးက မျက်နှာမူရာမဲ့စွာ ပြောလိုက်၏။

“မင်း...အရှက်မရှိလိုက်တာ...တကယ်ကို အရှက်မရှိတာပဲ...

ဒီလောက်အထိ ပြောင်ပြောင်တင်းတင်း လိမ်ပြောရဲတာက တကယ် ရှက်စရာကောင်းတယ်...”

အမျိုးသမီး၏ မျက်နှာပြောင်တိုက်သော စကားများကို ကြားလိုက်ရချိန်တွင် ပတ်ဝန်းကျင်ရှိ လူအများက မျက်မှောင်ကြုတ်သွားကြပြီး သူမအပေါ် ရွံရှာစက်ဆုပ်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြလေ၏။

"ဟားဟား... ဒီလှပတဲ့ မိန်းမပျိုလေးက ရှင်းလင်းပြေလည်အောင် တကယ် လုပ်တတ်တာပဲ... အဲဒါက လူကောင်းတွေ လုပ်တဲ့ အလုပ်ပဲ..."

"မင်းတို့ တာ့ရှား(တရုတ်)လူမျိုးတွေက တကယ်ကို ကျေးဇူးကန်းတာပဲ... ငါလို မွန်မြတ်တဲ့ နိုင်ငံခြားသားတစ်ယောက်ကို ဘယ်လို ဖားရမလဲဆိုတာကိုတောင် မသိကြဘူး..."

"သူ့ကို ကြည့်လိုက်စမ်း... သူက မင်းတို့အားလုံးအတွက် စံပြပဲ... တကယ်လို့ ဒီလှပတဲ့ မိန်းမပျိုလေးသာ ငါ့နိုင်ငံမှာဆိုရင် သူနဲ့ တွဲရတာကို ငါ ပျော်မိမှာပဲ..." လီကျန်းရှီးက ရယ်မောရင်း ပြောလိုက်၏။

"တကယ်လား... အစ်ကို... ရှင်နဲ့ တကယ် တွဲလို့ရမှာလား..." ၎င်းကို ကြားချိန်တွင် အမျိုးသမီးမှာ ဝမ်းသာအားရ ပြုံးရွှင်သွားခဲ့လေသည်။

"သေချာတာပေါ့... ဒါပေမဲ့ မင်းက ငါတို့ တောင်ကိုရီးယား မိသားစုဝင် တစ်ယောက်ဖြစ်မှ ရမယ်..."

"ဒီလိုမှပေါ့..."

"မင်းတို့က ငါ့ကားကို ပျက်စီးစေခဲ့တာ... ငါ့ကို ပိုက်ဆံ ပြန်ပေးစရာ မလိုဘူးလား..." လီကျန်းရှီးက သူ ဝင်တိုက်ထားသော မြေပြင်ပေါ်မှ လူနှစ်ဦးကို ကြည့်လိုက်သည်။

"မင်း..." လူငယ်လေးနှစ်ဦးမှာ အလွန် ဒေါသထွက်သွားသဖြင့် ရင်ဘတ်များပင် နာကျင်လာခဲ့၏။

ကားတိုက်ခံရပြီးနောက် လျော်ကြေးပေးရမည်ဆိုသည်ကို လုံးဝ မကြားဖူးခဲ့ချေ။ မည်သည့် အကြောင်းပြချက်များဖြင့်နည်း။

"မင်းတို့ကို ငါ ပြောမယ်... ဒါက အမှန်တရားပဲ..."

"ငါ့ရဲ့ အဆင့်အတန်းက မင်းတို့ထက် မြင့်မားတဲ့အတွက် ငါ ဘာလုပ်လုပ် အမှန်ပဲ..."

"အမှိုက်ကောင်တွေ... မျက်စိကန်းနေတဲ့ ကောင်တွေ..."

"ဘာလာကြည့်နေတာလဲ..."

"မင်းတို့ အားလုံးက ငါ့ကို အရှင်လတ်လတ် စားပစ်ချင်နေတဲ့အတိုင်း ကြည့်နေကြတယ်ပေါ့... မင်းတို့ကိုယ်မင်းတို့ ဘယ်သူလို့ ထင်နေကြတာလဲ..."

"မင်းတို့ကို နောက်ထပ် အမှန်တရားတစ်ခု ပြောပြမယ်... ငါက Six Starလုပ်ငန်းစုရဲ့ ဆက်ခံသူပဲ..."

"ငါက အနာဂတ်မှာ Six Starလုပ်ငန်းစုကို လွှဲပြောင်းရယူမယ့်သူကွ..."

"ဒီမှာ ငါ့ကို အော်ရဲသေးတယ်ပေါ့... မင်းတို့က တကယ် မျက်စိကန်းနေတာပဲ..."

"သောက်ကျိုးနည်းပဲ..." လီကျန်းရှီးသည် ထွက်သွားရန် ကားပေါ်သို့ တက်ရင်း ပြောလိုက်၏။

"အဲဒီမှာ ရပ်လိုက်စမ်း... မလှုပ်နဲ့..."

"မင်းက လူကို တိုက်ပြီး ဒီတိုင်း ထွက်သွားဖို့ တွေးနေတာလား... မင်း သွားလို့မရဘူး..." ဖြောင့်မတ်သော ဦးလေးကြီး တစ်ဦးသည် ရှေ့သို့ ထွက်လာကာ လီကျန်းရှီးအား ဖမ်းဆွဲလိုက်လေသည်။

ဖြန်း...

စကားတစ်ခွန်းမျှ မဆိုဘဲ လီကျန်းရှီးသည် သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပေ၏။

"သောက်ကျိုးနည်း... မင်းရဲ့ ညစ်ပတ်နေတဲ့ လက်တွေကို ငါ့ဆီကနေ ဖယ်စမ်း..." လီကျန်းရှီးက ရွံရှာစွာဖြင့် ပြောလိုက်သည်။

"မင်း... မင်းက လူကို ရိုက်ရဲတယ်ပေါ့..." လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများတွင် ဒေါသနှင့် အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့၏။

"ငါ မင်းကို ရိုက်တော့ ဘာဖြစ်လဲ... ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို ရိုက်မှာပဲ..."

"ငါ မင်းကို ပြောပြမယ်... ဒီနေ့ ငါ မင်းကို ရိုက်လိုက်တာက မင်းအတွက် ဂုဏ်ယူစရာပဲ... အဲဒါကြောင့် မင်းက ငါ့ကို ပြန်ပြောခွင့်ရှိတယ်..."

"မင်းက ပြန်ချရဲတယ်ပေါ့... တကယ်လို့ မင်းက ပြန်ချရင် အဲဒါက နှစ်ဦးနှစ်ဖက် ရန်ဖြစ်တာပဲ... မင်း လုပ်ရဲမလုပ်ရဲ ကြည့်ကြသေးတာပေါ့..." လီကျန်းရှီးက ဆက်လက်၍ ရန်စလိုက်သည်။

"လမ်းပိတ်နေတဲ့ ခွေးနှစ်ကောင်... ငါတို့ တောင်ကိုရီးယားမှာ 'ခွေးကောင်းဆိုတာ လမ်းမပိတ်ဘူး' ဆိုတဲ့ စကားပုံ ရှိတာကို မင်းတို့ မသိဘူးလား..."

"ငါ့လမ်းကနေ ဖယ်လိုက်စမ်း..." လီကျန်းရှီးက မောက်မာစွာ ဆက်ပြောလိုက်၏။

"ဟုတ်တယ်... လမ်းဖယ်လိုက်..." စောစောက ဝင်ပြောခဲ့သော အမျိုးသမီးက ပြောလိုက်ပြီး သူမလည်း ရှေ့သို့ ထွက်လာခဲ့လေသည်။

"မင်း... မင်းက ရှင်းရှင်းလင်းလင်းကြီး တာ့ရှား(တရုတ်)နိုင်ငံသား ဖြစ်နေတာကို ဘာလို့ လူတိုက်တဲ့သူဘက်ကနေ ဝင်ပြောနေရတာလဲ..."

"မင်း မရှက်ဘူးလား..." လဲကျနေသော လူငယ်လေးက ပြောလိုက်၏။

"အဲဒီတော့ ဘာဖြစ်လဲ... မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ..."

"ငါက ဒီမွန်မြတ်တဲ့သူကို သေချာပေါက် ကူညီမှာပဲ... မင်းလို အရှုံးသမားကိုတော့ ငါ လုံးဝ ဂရုစိုက်နေမှာ မဟုတ်ဘူး..."

"ပြီးတော့ မင်းဘေးက ကောင်မလေး... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ကြံဖို့ ကြိုးစားနေတယ်ပေါ့... အခု တိုက်ခံလိုက်ရပြီ မဟုတ်လား... မှတ်ရော..." အမျိုးသမီးက ဆူပူလိုက်ရာ ပတ်ဝန်းကျင်ရှိ လူများမှာ အလွန် ဒေါသထွက်သွားကြလေ၏။

"လီဟူ... အောက်ကို ဆင်းသွားလိုက်..." စုယွမ်သည် အဖြစ်အပျက် အားလုံးကို မြင်တွေ့ခဲ့ရသည်။ ဤလီကျန်းရှီးသည် အလွန်အမင်း မောက်မာလွန်းလှပေ၏။

ပြီးခဲ့သည့်အကြိမ်က ကျင်းတူးတက္ကသိုလ်တွင် သူ့ကို ပညာပေးခဲ့သော်လည်း ယခုထက်တိုင် သူ၏ အကျင့်စရိုက်များ ပြောင်းလဲသွားခြင်း မရှိသေးသည်ကို သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။

"မင်းတို့ မသွားကြသေးဘူးလား..."

"သောက်ကျိုးနည်း... မင်းတို့ကို ငါ တိုက်သတ်ပစ်မယ်..." လီကျန်းရှီးက ကားပေါ်တက်ရင်း ပြောလိုက်သည်။

သူ ကားတံခါးကို ဖွင့်လိုက်ချိန်မှာပင် လက်တစ်ဖက်က သူ့ကို ရုတ်တရက် ဖမ်းဆွဲလိုက်၏။ အနောက်သို့ ဆွဲချလိုက်လေသည်။

"သောက်ကျိုးနည်း..."

"ဘယ်သူလဲ..."

"မင်းက သေချင်နေတာလား..." လီကျန်းရှီး ယိုင်လဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ပေ၏။

သူ ဒေါသတကြီး လှည့်ကြည့်လိုက်ရာ အလွန် ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရလေသည်။

"မင်း..."

"မင်းက ဘယ်သူလဲ..." လီကျန်းရှီးသည် ဤလူကို မှတ်မိရန် ကြိုးစားလိုက်သော်လည်း မည်သို့မျှ စဉ်းစား၍မရနိုင်ခဲ့ချေ။

"ဟားဟား.. ငါ ဘယ်သူလဲဆိုတာကို ဒီလောက်မြန်မြန် မေ့သွားပြီလား..." လီဟူက လီကျန်းရှီး၏ ခေါင်းကို ပုတ်လိုက်၏။

လီကျန်းရှီးသည် ချက်ချင်းပင် မူးဝေကာ တွေဝေသွားတော့သည်။ လူများစွာ၏ အရှေ့တွင် သူ့ကို ကလေးတစ်ယောက်လို ဆက်ဆံကာ ခေါင်းကို ပုတ်လိုက်ခြင်းပင် ဖြစ်၏။ ဤသည်မှာ ဗြောင်ကျကျ စော်ကားလိုက်ခြင်းပင်။

"မင်း..."

သူ ကျိန်ဆဲတော့မည့်ဆဲဆဲတွင် သူ၏အနောက်ရှိ ကားပေါ်မှ တစ်စုံတစ်ယောက် ဆင်းလာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ သူ၏ မျက်ခုံးများ ချက်ချင်း တွန့်ချိုးသွားတော့၏။

"ဒါ မင်းကိုး..." လီကျန်းရှီး၏ မျက်လုံးများထဲတွင် စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ရှိနေခဲ့ပေသည်။

ကမ္ဘာကြီးက ကျဉ်းမြောင်းလွန်းလှပေ၏။

"သခင်လေးလီ... ဒီနေ့ လူတစ်ယောက်ကို တိုက်ပြီးတာတောင် ဒီအတိုင်း ထွက်သွားလို့ရမယ် ထင်နေတာလား..."

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ... Six Starလုပ်ငန်းစုရဲ့ ဆက်ခံသူဆိုတဲ့ ဂုဏ်ပုဒ်က ဒီနေရာမှာ အသုံးမဝင်ဘူး..." စုယွမ်က အေးစက်စွာ ပြောလိုက်သည်။

"နင်က ဘယ်သူလဲ... သူလိုလူမျိုးကို ဒီလိုပြောရဲတယ်ပေါ့... သူက တောင်ကိုရီးယားကဆိုတာ မသိဘူးလား..." စုယွမ်၏ စကားများကို ကြားချိန်တွင် အမျိုးသမီးမှာ လုံးဝ အံ့အားသင့်သွားခဲ့လေသည်။

All Chapters