← Chapters

အခန်း ၃၈၁

Vol. 35 Ch. 381

အခန်း ၃၈၁

Vol. 35 Ch. 381

အခန်း (၃၈၁) လီရှန်းဟယ်၏ အတွေးများ

"ငါ… ငါ…"

"ငါ့မှာ ဂုဏ်သိက္ခာမရှိဘူးလို့ ထင်နေတာလား… မင်းကို ငါ အမိန့်မပေးနိုင်ဘူးလို့ ထင်နေတာလား…"

လီကျန်းရှီးသည် ဒေါသထွက်လွန်းသဖြင့် အသံများပင် တုန်ယင်နေချေပြီ။

"ပြောစမ်း… Six Starလုပ်ငန်းစုမှာ နင်က ဘာရာထူးရှိလို့လဲ…"

"တကယ်လို့ နင့်မှာ ဘာရာထူးမှ မရှိဘူးဆိုရင် အခုချက်ချင်း ငြိမ်ငြိမ်ထိုင်နေပြီး စကားတစ်ခွန်းမှ ဝင်မပြောတာ အကောင်းဆုံးပဲ…"

မန်နေဂျာ လီမေ့ကျူက ပြတ်သားစွာ ပြောလိုက်၏။

"မင်း…"

လီကျန်းရှီးသည် အကြီးအကျယ် ဒေါသထွက်သွားသော်လည်း မန်နေဂျာ လီမေ့ကျူ၏ စကားများက မှန်ကန်နေပေ၏။

သူ၏ လက်ထဲတွင် မည်သည့် တရားဝင်ရာထူးမှ ရှိမနေခဲ့ချေ။ Six Starလုပ်ငန်းစုရှိ သန့်ရှင်းရေးလုပ်သားများကိုပင် သူ အမိန့်ပေးနိုင်စွမ်း မရှိခဲ့ပေ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ဘဲ စုယွမ်၏ အကြည့်များနှင့် ဆုံတွေ့ချိန်တွင် လုံးဝ အရှက်ရသွားသလို ခံစားလိုက်ရသည်။

"စုယွမ်…"

"ဒီတော့ ဘာဖြစ်လဲ…"

"မင်းက ဒီလောက် မြင့်မားတဲ့ ဈေးနှုန်းကို ခေါ်ထားတာ… တကယ်ပဲ အရောင်းအဝယ်ဖြစ်မယ်လို့ ထင်နေတာလား…"

"မင်း တွေးလွန်နေပြီ…"

လီကျန်းရှီးက သူ၏စိတ်ထဲတွင် တွေးတောလိုက်၏။

မန်နေဂျာ လီမေ့ကျူသည် သူမ၏ ခံစားချက်များကို ထိန်းချုပ်လိုက်ပြီးနောက် အနည်းငယ် ပြုံးကာ ထိုင်ချလိုက်ပြီး စကားစတင်လိုက်သည်။

"အားလုံးကို ရယ်စရာဖြစ်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်…"

"ကျွန်မတို့ Six Starလုပ်ငန်းစုက ဒီကိုလာတာ စေတနာအပြည့်နဲ့ပါ… လုံးဝကို ရိုးသားတဲ့ စေတနာအပြည့်နဲ့ လာခဲ့တာပါ…"

"လီကျန်းရှီးက Six Starလုပ်ငန်းစုရဲ့ ဝန်ထမ်းမဟုတ်တဲ့အတွက် သူ့စကားတွေက အတည်မယူလို့ ရပါတယ်… ဥက္ကဋ္ဌစုက စီးပွားရေးလောကရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်ဆိုတော့ သူ့ကို အလေးထားပြီး စိတ်ထဲထားနေစရာ မလိုပါဘူး…"

"ကျွန်မတို့ အတွင်းပိုင်း ဆွေးနွေးကြတုန်းက ယွမ် နှစ်ဘီလီယံဆိုတဲ့ ဈေးနှုန်းကို တွေးတောင် မတွေးရဲခဲ့ပါဘူး…"

"ဒါပေမဲ့ ၄.၅ ဘီလီယံဆိုတဲ့ ဈေးနှုန်းကတော့ တကယ့်ကို မိုးထိအောင် မြင့်မားနေလွန်းပါတယ်…"

"တကယ်လို့ ယွမ်ဟိုင်လုပ်ငန်းစုဆီက 7nm Lithography စက်ကို ဒီဈေးနဲ့ ဝယ်မယ်ဆိုရင် တွက်ခြေကိုက်မှာ မဟုတ်ပါဘူး… ဒီဈေးနဲ့ဆိုရင် 3nm ဒါမှမဟုတ် 2nm Lithography စက်ကိုတောင် ဝယ်လို့ရနိုင်ပါတယ်…"

"ဒါကြောင့် အားလုံး အေးအေးဆေးဆေး ထိုင်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မယ့် သင့်တော်တဲ့ ဈေးနှုန်းတစ်ခုကို ဆွေးနွေးကြဖို့ မျှော်လင့်ပါတယ်…"

မန်နေဂျာ လီမေ့ကျူက အကြံပြုလိုက်၏။

"ဟားဟားဟား…"

"ဒါက ဒါရိုက်တာလီ ပြောတဲ့အတိုင်းပဲလေ…"

"ဆွေးနွေးဖို့ အခွင့်အရေး ရှိတာ သေချာပါတယ်…"

"အရင်က ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ ၃ ဘီလီယံဆိုတဲ့ ဈေးနှုန်းက အရမ်းကောင်းပါတယ်…"

"ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ တခြားလူတွေကြောင့် ကိစ္စတွေ ရှုပ်ထွေးသွားခဲ့တယ်…"

"ကျွန်တော် ရုတ်တရက် စိတ်ပြောင်းသွားပြီ…"

"Six Starလုပ်ငန်းစုက ဒီတစ်ခေါက် ဝယ်ယူမယ့် Lithography စက်က တစ်လုံးကို ၄.၅ ဘီလီယံ ကျသင့်ရပါမယ်…"

"ဒါက ကျွန်တော် ပေးနိုင်တဲ့ အနိမ့်ဆုံးဈေးပဲ…"

စုယွမ်က ပြုံး၍ ပြောလိုက်သည်။

"ဥက္ကဋ္ဌစု… ဒါက နောက်စရာ မဟုတ်ပါဘူး…"

"၄ ဘီလီယံဆိုတာ မိုးထိအောင် မြင့်နေတဲ့ ဈေးနှုန်းတစ်ခုဆိုတာ ဥက္ကဋ္ဌစုရော ကျွန်မပါ သိကြပါတယ်…"

"Six Starလုပ်ငန်းစုက ဒါကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး…"

"တကယ်လို့ ဥက္ကဋ္ဌစုက ဒီလိုပဲ တွေးနေမယ်ဆိုရင် ဒီအရောင်းအဝယ်ကို ဆက်မလုပ်ချင်တော့ဘူးလို့ပဲ မှတ်ယူရမှာပါပဲ…"

မန်နေဂျာ လီမေ့ကျူက ပြောဆိုလိုက်၏။

"တကယ်လို့ ကျွန်မတို့ သဘောတူညီမှု မရနိုင်ဘူးဆိုရင် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်တာ အကောင်းဆုံးပဲလို့ ထင်ပါတယ်…"

မန်နေဂျာ လီမေ့ကျူသည် ၄.၅ ဘီလီယံဆိုသော ဈေးနှုန်းကို သဘာဝကျကျပင် လက်မခံနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူတို့၏ ဘတ်ဂျက်ထက် အများကြီး ကျော်လွန်နေသောကြောင့် ဖြစ်ပေ၏။

"ဒါရိုက်တာလီ… ခင်ဗျားက Six Starလုပ်ငန်းစုရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သလို လီရှန်းဟယ်ရဲ့ ညီမလည်း ဖြစ်တယ်… Six Starလုပ်ငန်းစုထဲမှာ ခင်ဗျားရဲ့ ဩဇာအာဏာက တကယ်ကို ကြီးမားပါတယ်…"

"ခင်ဗျားက တည်ထောင်သူပြီးရင် ဒုတိယအာဏာအရှိဆုံးနဲ့ တခြားလူတွေအားလုံးထက် အထက်မှာရှိနေတယ်လို့ ပြောလို့ရပါတယ်…"

"ဒါပေမဲ့ အဆုံးမှာတော့ ခင်ဗျားရဲ့အထက်မှာ လူတစ်ယောက် ရှိနေသေးတယ်လေ…"

"ခင်ဗျားက ဒီဈေးနှုန်းကို သဘောမတူပေမဲ့ ခင်ဗျားရဲ့အထက်လူကြီးကရော ဘယ်လိုသဘောရမလဲ…"

"ကျွန်တော် ပေးထားတဲ့ တရားမျှတတဲ့ ဈေးနှုန်းကို သူ သဘောတူသင့်တယ်…"

စုယွမ်က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

"အင်း…ဥက္ကဋ္ဌကတော့ သေချာပေါက် သဘောတူလိမ့်မယ်…"

"ဥက္ကဋ္ဌစု… ကျွန်မ ရှင့်ကို လုံးဝ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ…"

"ဥက္ကဋ္ဌက ကျွန်မကို တရုတ်ငွေ ယွမ် ဘီလီယံ ၂၀ ဘတ်ဂျက် ပေးထားတာပါ… ဒါပေမဲ့ ရှင်တောင်းတဲ့ ဈေးနှုန်းက ဘီလီယံ ၂၇ အထိ ရောက်နေပြီ…"

" ၇ ဘီလီယံဆိုတာ သေးငယ်တဲ့ ပမာဏမဟုတ်ပါဘူး…"

မန်နေဂျာ လီမေ့ကျူသည် စုယွမ် အဘယ်ကြောင့် ဤသို့ ပြောဆိုနေကြောင်းကို နားမလည်နိုင်အောင် ဖြစ်နေခဲ့ချေသည်။

"မန်နေဂျာလီ… ရိုးရှင်းပါတယ်… အရာရာက ပြောင်းလဲသွားနိုင်တယ်လေ…"

"စီးပွားရေးဆိုတာ ဒီလိုပဲ မဟုတ်ဘူးလား… မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့ ကိစ္စတွေက အမြဲတမ်း ပိုများနေတတ်တာပဲ…"

"မန်နေဂျာလီအနေနဲ့ ကျွန်တော်ပြောတဲ့ စကားကို စဉ်းစားကြည့်ပြီး ဖုန်းတစ်ချက် ဆက်ကြည့်လို့ ရပါတယ်…"

"ဥက္ကဋ္ဌလီက ဒီဈေးနှုန်းကို သဘောတူလိမ့်မယ်လို့ ကျွန်တော် ထင်တယ်…"

စုယွမ်သည် လီရှန်းဟယ်၏ အားနည်းချက်ကို ဆုပ်ကိုင်ထားနိုင်သဖြင့် သဘာဝကျကျပင် အလွန် ယုံကြည်မှု ရှိနေခဲ့၏။

"ဒါက…"

မန်နေဂျာ လီမေ့ကျူမှာ တုံ့ဆိုင်းသွားလေသည်။

ဈေးနှုန်း မေးမြန်းရန် ဖုန်းဆက်ရမည်လော။ ဤသည်မှာ စွမ်းဆောင်ရည် ကင်းမဲ့ခြင်းကို ပြသနေသည်မဟုတ်လော။ သို့သော် စုယွမ်သည် ဥက္ကဋ္ဌ သဘောတူမည်ဖြစ်ကြောင်း အဘယ်ကြောင့် ဤမျှ သေချာနေရသနည်း။ ဤအချက်က မေးခွန်းထုတ်စရာအချို့ကို ဖြစ်ပေါ်လာစေပေ၏။

"ဟားဟား… စုယွမ်… မင်းက ပိုက်ဆံရူး ရူးနေတာလား…"

"မင်းက ၄.၅ ဘီလီယံဆိုတဲ့ ဈေးနှုန်းကို တကယ်ကြီး တောင်းဆိုရဲတယ်ပေါ့…"

"ငါ့အဖေက ဘယ်သူလဲသိလား… သူက ကမ္ဘာပေါ်မှာ ထိပ်တန်းအဆင့်ရှိတဲ့ ဩဇာအာဏာရှင်တစ်ယောက်ပဲ…"

"သူက စီးပွားရေးလောကရဲ့ တကယ့် ထိပ်သီးပုဂ္ဂိုလ်ကြီးပဲ… ဒီဈေးနှုန်းက ဘာကို ကိုယ်စားပြုလဲ… ဘာအဓိပ္ပာယ်လဲဆိုတာကို သူ နားမလည်ဘူးလို့ ထင်နေတာလား…"

"လည်သလိုလို လုပ်မနေနဲ့… အဲဒီဈေးနှုန်းက လုံးဝ မဖြစ်နိုင်ဘူး…"

"တကယ်လို့ မင်းက Six Starလုပ်ငန်းစုကို မစော်ကားချင်ဘဲ နောင်တစ်ချိန်မှာ ငါတို့နဲ့ စီးပွားရေး ဆက်လုပ်ချင်သေးတယ်ဆိုရင် နှစ်ဘီလီယံပဲ ယူလိုက်…"

လီကျန်းရှီးက အခွင့်အရေးကို ချက်ချင်း အသုံးချကာ ဝင်ရောက်ပြောဆိုလိုက်သည်။

သို့သော် ဤနေရာရှိ မည်သူကမျှ သူ့အား ဂရုစိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ကြချေ။

"မန်နေဂျာလီ… ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က ဘာလဲ…"

စုယွမ်က မေးမြန်းလိုက်၏။

"ကောင်းပြီ… ကျွန်မ အခုပဲ ဖုန်းဆက်လိုက်မယ်…"

"တကယ်လို့ ကျွန်မအစ်ကိုသာ သဘောမတူဘူးဆိုရင် ဒီအကြောင်းကို ဆက်ပြောနေစရာ အကြောင်းမရှိတော့ဘူးနော်…"

မန်နေဂျာ လီမေ့ကျူက သူ့အား သတိပေးလိုက်သည်။

"အန်တီ… ဘာလို့ ဒီလောက်တောင် တုံးအနေရတာလဲ… အဖေ့ရဲ့ စိတ်သဘောထားကို အန်တီ မသိဘူးလား… ဒီလိုအချိန်မျိုးမှာ ဒီလိုဖုန်းဆက်တာက ဆူခံရဖို့ တောင်းဆိုနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား…"

လီကျန်းရှီးသည် အလွန်အမင်း ဝေခွဲမရ ဖြစ်နေခဲ့သည်။ သူမအနေဖြင့် ဤဈေးနှုန်းအတွက် ခွင့်ပြုချက်တောင်းခံရန် အဘယ်ကြောင့် ဖုန်းဆက်ရမည်နည်း။ ဤသည်မှာ ရယ်စရာကောင်းလွန်းလှသည် မဟုတ်လော။

"ပါးစပ်ပိတ်ထား…"

မန်နေဂျာ လီမေ့ကျူသည် လီကျန်းရှီးကို အလွန် ရွံရှာသွားပေ၏။ နှစ်ဖက်စလုံး သဘောတူညီမှု ရရှိလုနီးပါး အခြေအနေတွင် ဤလူက ဝင်ရောက် နှောင့်ယှက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် တကယ့်ကို ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုပေးနေခဲ့ချေသည်။

"ဟမ့်…"

လီကျန်းရှီးသည် နာကြည်းနေသော အမူအရာဖြင့် သူ၏ ပါးစပ်ကို ပိတ်လိုက်ပြီး ခုံတွင် ဝင်ထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဒါက ကောင်းပါသည်။ အကယ်၍ သူ၏ဖခင်သာ ဤကိစ္စကို သိရှိသွားပါက သေချာပေါက် ဒေါသထွက်မည်ဖြစ်ပြီး စုယွမ်အား ပစ်မှတ်ထားရန် အခွင့်အရေးတစ်ခု ရှာဖွေပေလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာပင်။

ထို့နောက် မန်နေဂျာ လီမေ့ကျူသည် အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားပြီး ဖုန်းနံပါတ်တစ်ခုကို အမြန် နှိပ်လိုက်သည်။ Six Starလုပ်ငန်းစု၏ အကြီးအကဲ လီရှန်းဟယ်ဆီသို့ ဖြစ်ပေ၏။

"ဟယ်လို… မေ့ကျူ… အခြေအနေတွေ ဘယ်လိုရှိလဲ…"

"အခု ညှိနှိုင်းမှုတွေ ဘယ်အဆင့်ထိ ရောက်နေပြီလဲ…"

"လက်ရှိ အခြေအနေက ဘယ်လိုလဲ…"

လီရှန်းဟယ်၏ အသံမှာ အလွန် စိုးရိမ်နေသော်လည်း မျှော်လင့်ချက်များစွာလည်း ပါဝင်နေခဲ့သည်။

"အစ်ကို… အခြေအနေတွေ မကောင်းဘူး…"

"ပထမတော့ ကျွန်မတို့ သုံးဘီလီယံ ဈေးနှုန်းနဲ့ ဆွေးနွေးခဲ့ပြီး နှစ်ဖက်စလုံးက အရမ်းကို ကျေနပ်နေခဲ့ကြတယ်… ဒါပေမဲ့…"

မန်နေဂျာ လီမေ့ကျူက ခဏတာ ရပ်တန့်လိုက်၏။

"ဘာဖြစ်လို့လဲ… တစ်ခုခု ဖြစ်သွားလို့လား…"

လီရှန်းဟယ်က အလျင်အမြန် မေးမြန်းလိုက်သည်။

“ဟုတ်တယ်...ကျန်းရှီးက ဒီနေ့ ဒီကို လေ့လာဖို့လိုက်လာတာလေ...ဒါပေမဲ့ သူက ဈေးနှုန်းကို ယွမ် နှစ်ဘီလီယံ အထိ တိုက်ရိုက် လျှော့ခေါ်လိုက်တဲ့အပြင်...

တစ်ဖက်ကုမ္ပဏီကိုတောင် ခြိမ်းခြောက်ပြောဆိုခဲ့ပါသေးတယ်...”

ဤလုပ်ရပ်က စုယွမ်အား တိုက်ရိုက် ဒေါသထွက်သွားစေခဲ့သည်။

"သူက ဘာပဲဖြစ်ဖြစ် ရောင်းမယ့်ပုံ မပေါ်တော့ဘူးလို့ ထင်တယ်… သူက ၄. ၅ ဘီလီယံကို တောင်းဆိုနေတယ်…"

"ကျွန်မ သဘောမတူပေမဲ့ သူက အစ်ကို့ဆီ ဖုန်းဆက်ပြီး အစ်ကို့သဘောထားကို မေးခိုင်းနေတယ်…"

"ဒါက…"

မန်နေဂျာ လီမေ့ကျူက ဖြည်းညင်းစွာ ပြောလိုက်သည်။

"အိုး… ငါ သဘောပေါက်ပြီ…"

"အဲဒီ မိုက်မဲတဲ့ခွေးသား…"

လီရှန်းဟယ်က အေးစက်စွာ ပြောဆိုလိုက်လေသည်။

All Chapters