အခန်း ၃၈၇
Vol. 35 Ch. 387
အခန်း (၃၈၇) နိုဘယ်ဆု
"ဘုရားရေ…"
"ဘုရားရေ…"
"ဒါက လုံးဝ ယုံနိုင်စရာမရှိဘူး…"
"အိုး… ဒါက လုံးဝ ယုံနိုင်စရာမရှိဘူး…"
"မင်းတို့အားလုံးက ဘာအတွက် အသုံးကျတာလဲ… အရူးကောင်တွေ…"
"တရုတ်က ကင်ဆာရောဂါ ကုသရေးဆေးကို တကယ်ပဲ တီထွင်ထုတ်လုပ်နိုင်ခဲ့တာပေါ့…"
"ဒီလောက် အရေးကြီးတဲ့ သတင်းအချက်အလက်ကို မင်းတို့က ဘယ်လိုလုပ် မသိရတာလဲ…"
"ချီး…"
"ဒါက ကင်ဆာရောဂါ ကုသရေးဆေးကွ… ကင်ဆာကို ကုသပေးနိုင်တဲ့ အရာပဲ… ဒါက ဘယ်လောက် အရေးကြီးလဲဆိုတာ မင်းတို့ သိကြရဲ့လား…"
"တရုတ်က ဒီအရာကို တီထွင်ထုတ်လုပ်လိုက်နိုင်တာက အခြေအနေ တစ်ခုလုံးကို လုံးဝ ပြောင်းလဲသွားစေတယ်ဆိုတာ မင်းတို့ သတိထားမိရဲ့လား…"
"သောက်ချီး… ငါ့လူတွေအားလုံးက ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ…"စမစ်သည် ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"ဒါက… ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီး… ဒါက ကျွန်တော်တို့ရဲ့ အမှားမဟုတ်ပါဘူး…"
"ဒါတွေအားလုံးက တရုတ်က လူတွေ အရမ်း လျှို့ဝှက်လွန်းနေတာကြောင့်ပါ…ဒါက ကျွန်တော်တို့ စုံစမ်းဖို့ ခက်ခဲလွန်းပါတယ်…"
"ပြီးတော့ သူတို့က ကင်ဆာရောဂါကို ကုသနိုင်တဲ့ဆေးကို တကယ် တီထွင်နိုင်ခဲ့ရင်တောင် ဘာဖြစ်လဲ…"
"ကျွန်တော်တို့က သူတို့ဆီကနေ တင်သွင်းလိုက်ရုံပဲ မဟုတ်ဘူးလား… ပြီးတော့မှ ဈေးတင်ပြီး ပြန်ရောင်းမယ်လေ… ဒါက ကျွန်တော်တို့ ပိုက်ဆံရှာဖို့အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်လာမှာပါ…"
ဂျက်က အကြံပြုလိုက်သည်။
"အိုး… မင်းက ကိစ္စတွေက အဲဒီလောက် ရိုးရှင်းတယ်လို့ ထင်နေတာလား…"
"သောက်ချီး… တရုတ်က ဆေးတစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ပြီဆိုတော့ အဲဒီဆေးက သေချာပေါက် သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေမှာပေါ့… တကယ်လို့ ထုတ်လုပ်ရေး နည်းလမ်းသာ မရှိဘူးဆိုရင် ဆေးတစ်မျိုးကို ပုံတူကူးဖို့ဆိုတာ အရမ်း ခက်ခဲတယ်ဆိုတာကို ငါ ကောင်းကောင်း သိထားတယ်…"
"အခု ငါတို့က တရုတ်ကို နယ်ပယ်ပေါင်းစုံမှာ ပိတ်ဆို့အရေးယူမှုတွေ လုပ်နေတာလေ… အဲဒါက တရုတ်ဘက်က ကင်ဆာရောဂါ ကုသရေးနည်းလမ်းတွေကို ငါတို့ဆီ မပေးအောင် တားဆီးထားသလို ဖြစ်သွားမှာ မဟုတ်ဘူးလား…"
"ဟူးး…"
"ဒါက လုံးဝ ကြောက်စရာကောင်းလွန်းတယ်…"
"ဒီလို နောက်ဆုံးပေါ် နည်းပညာက ငါတို့လက်ထဲကနေ မဟုတ်ဘဲ တရုတ်ဆီကနေ ထွက်ပေါ်လာတာပဲ…"
"ဒါက ခြိမ်းခြောက်မှုတစ်ခုဆိုတာ မင်းတို့ သတိထားမိရဲ့လား…"
"မင်းတို့ကောင်တွေ တစ်ခုခု စဉ်းစားဖို့ လိုနေပြီ… ငါ ဒီကင်ဆာရောဂါ ကုသရေးနည်းလမ်းကို သေချာပေါက် ရယူရမယ်…"
စမစ်က ဟိန်းဟောက်လိုက်၏။
"ဒါက ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီး… ကျွန်တော်တို့ ဖြေရှင်းမယ့် နည်းလမ်းတစ်ခုကို စဉ်းစားကြည့်ဖို့ပဲ တတ်နိုင်ပါလိမ့်မယ်…"
"ဒါပေမဲ့ ကျွန်တော် မေးချင်တာက တရုတ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်မယ့် လက်ရှိ အစီအစဉ်က အချိန်ဇယားအတိုင်းပဲ ဆက်သွားနေသေးတာလား…"
ဂျက်က မေးမြန်းလိုက်သည်။
"အဲဒီကိစ္စကို ငါ ဂရုမစိုက်ဘူး… ဒါက မင်းရဲ့ကိစ္စပဲ မင်းလုပ်ချင်တာလုပ် အဲဒါက ငါနဲ့ ဘာမှမဆိုင်ဘူး…"
စမစ်သည် သူ၏ လက်ကို ဖြန့်ကားကာ ပြောဆိုလိုက်လေ၏။
ထို့နောက် သူသည် ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။
ဂျက်သည် နေထိုင်မကောင်းသည့်ဟန်ဖြင့် သူ၏ နဖူးကို ပွတ်သပ်လိုက်ပေ၏။
"ဂျက်… လာကြည့်ပါဦး…"
"ငါတို့နိုင်ငံက လူတွေလည်း ကင်ဆာရောဂါ ကုသခွင့်ရဖို့အတွက် တရုတ်ရဲ့ ကင်ဆာရောဂါ ကုသရေးနည်းပညာကို မိတ်ဆက်ပေးဖို့ မရေမတွက်နိုင်တဲ့ လူတွေက အခု ချီတက် ဆန္ဒပြနေကြပြီ…"
"ဟူးး… အင်တာနက်ပေါ်က မှတ်ချက်တွေကို ကြည့်ပါဦး… ငါတို့က တရုတ်ကို ဘာလို့ သွားစော်ကားခဲ့ရတာလဲဆိုပြီး သူတို့က မေးခွန်းထုတ်နေကြတယ်…"
"ငါတို့ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် တရုတ်က ငါတို့အတွက် ကင်ဆာရောဂါ ကုသရေးကို ဖွင့်ပေးဖို့ စဉ်းစားမှာ မဟုတ်တာ အရမ်းကို သေချာနေပြီ…"
" ဒါက ပြဿနာတစ်ခုပဲ… ငါတို့ရဲ့ ထောက်ခံမှုနှုန်းက အလျင်အမြန် ကျဆင်းလာနေပြီ…"
"ချီးပဲ…"
ဤစကားများကို ကြားပြီးချိန်တွင် ဂျက်သည် ပို၍ပင် ဒေါသထွက်သွားခဲ့ချေသည်။
"ကျစ်… ဒီအမှိုက်ကောင်တွေ… သူတို့က ငါတို့ကိုတောင် ပြန်ပြီး ခြိမ်းခြောက်ရဲတယ်ပေါ့…"
"ဒါက ကြီးမားတဲ့ ကိစ္စတစ်ခုပဲ… သူတို့လို သာမန်လူတွေက ဘာတွေများ သိလို့လဲ…"
"ဘာလို့လဲဆိုတော့…"
"ကောင်းပြီ… သက်ဆိုင်ရာ နိုဘယ်ဆု ကော်မတီဝင်တွေကို ငါ့အတွက် မြန်မြန် ဆက်သွယ်ပေးစမ်း… သူတို့နဲ့ ငါ လူကိုယ်တိုင် တွေ့ဆုံချင်တယ်…"
ဂျက်က ပြောဆိုလိုက်၏။
ဘာကြောင့်လဲဟု မမေးမြန်းပါနှင့်။
ဂျက်၏ အမိန့်ကို ရရှိပြီးချိန်တွင် ထိုလူသည် နိုဘယ်ဆု ကော်မတီကို အကြောင်းကြားရန် အလျင်အမြန် ထွက်ခွာသွားခဲ့ပေသည်။
ထိုအဖွဲ့သည် ခမ်းနားကြီးကျယ်သော ညစာစားပွဲကို စားသောက်ပြီးနောက် စတင် ဆွေးနွေးကြလေ၏။
"မစ္စတာဂျက်… ဘယ်လေတိုက်လို့ ဒီရောက်လာရတာလဲ…"
မုတ်ဆိတ်ဖြူနှင့် ပရော်ဖက်ဆာတစ်ဦးက မေးမြန်းလိုက်သည်။
"ဟားဟား… မစ္စတာအိုဝင်… ဒီနေ့ ခင်ဗျားတို့ အားလုံးကို အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် ဖိတ်ကြားလိုက်တာပါ…"
"ဒီသတင်းကို ခင်ဗျားတို့ အားလုံး မြင်ပြီးလောက်ပြီလို့ ကျွန်တော် ထင်ပါတယ်…"
"တရုတ်က စုယွမ်ဟာ ကင်ဆာရောဂါ ကုသမှုကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီလေ…"
"ဒါက ကမ္ဘာ့ယဉ်ကျေးမှု အထွတ်အထိပ်ရဲ့ ထုတ်ကုန်တစ်ခုပဲ…"
"ခင်ဗျားတို့ ဘယ်လို ထင်ကြလဲ…"
ဂျက်က မေးမြန်းလိုက်၏။
"အိုး… မစ္စတာဂျက်… သေချာပေါက် ကျွန်တော်တို့ ကြားပြီးပါပြီ…"
"ဒါက လုံးဝကို မယုံနိုင်စရာပဲ…"
"ဒီလိုအရာမျိုးကို ဒီလောက် ငယ်ရွယ်တဲ့ လူငယ်တစ်ယောက်ကနေပြီး တရုတ်မှာ ပထမဆုံး သုတေသန လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးမိခဲ့ဘူး…"
"ဒါက တကယ်ကို အံ့သြစရာပါပဲ…"
အိုဝင်က ပြောဆိုလိုက်သည်။
"ဟုတ်ပါတယ်… ဟူးး… အကြောက်ဆုံး အရာက ဒီလို အဆင့်မြင့် သုတေသန ရလဒ်တွေက ကျွန်တော်တို့ဆီက မဟုတ်ဘဲ တရုတ်ဆီက ဖြစ်နေတာပါပဲ…"
"ဒါက တကယ်ကို စိုးရိမ်စရာပဲ…"
"တရုတ်မှာ ဒီနည်းပညာ ရှိနေတာက ကျွန်တော်တို့အတွက် မကောင်းဘူး…"
ဂျက်သည် ဝိုင်နီတစ်ငုံ သောက်လိုက်ပေ၏။
"အိုး… ခင်ဗျားက ဘာလို့ အဲဒီလို ပြောရတာလဲ…"အိုဝင်က မေးလိုက်သည်။
"မစ္စတာအိုဝင်… ခင်ဗျား ကျွန်တော့်ရှေ့မှာ ဟန်ဆောင်နေစရာ မလိုပါဘူး…"
"ခင်ဗျားကိုယ်တိုင်က ကင်ဆာရောဂါ တိုက်ဖျက်ရေး ဆေးဝါးတွေ ထုတ်လုပ်တဲ့ အရမ်းကြီးမားတဲ့ ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားတာလေ… တရုတ်ကသာ အစုလိုက်အပြုံလိုက် အပြည့်အဝ ထုတ်လုပ်နိုင်သွားခဲ့ရင် ခင်ဗျားရဲ့ ကုမ္ပဏီက ဘယ်လောက်တောင် ကြီးမားတဲ့ ထိုးနှက်ချက်ကို ခံရမလဲဆိုတာ ခင်ဗျား သိပါတယ်…"
"ဒါကြောင့် ဒီနေ့ ခင်ဗျားတို့ အားလုံးကို ညစာစားဖို့ ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ကျွန်တော်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ချင်တဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ…"
"အဲဒါက ဒီနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို စုယွမ်ဆီ ပေးအပ်ချင်လို့ပါ…"
ဂျက်က ပြုံး၍ ပြောဆိုလိုက်၏။
"ဘာလို့လဲ… ဒီကောင်က ကျွန်တော်တို့အတွက် အရမ်းကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတာကို ကျွန်တော်တို့က ဘာလို့ သူ့ကို နိုဘယ်ဆု ပေးရမှာလဲ…"
"မမျှော်လင့်ထားတဲ့ အခြေအနေမျိုး မရှိဘူးဆိုရင် တရုတ်က လူတွေကို ဆုတွေ မပေးဖို့ ကျွန်တော်တို့ အရင်က သဘောတူညီချက် လုပ်ထားခဲ့တယ်လေ…"
"ပြီးတော့ သူတို့ဘာသာ သူတို့ အစပျိုးပြီး ဆုတွေ ပေးနေတာက နိုဘယ်ဆု ရတဲ့အချိန်မှာ ကျွန်တော်တို့ကို မျက်နှာပျက်စေတာ မဟုတ်ဘူးလား…"
အိုဝင်က ပြန်လည် ချေပလိုက်သည်။
"မစ္စတာအိုဝင်… ခင်ဗျားရဲ့ တွေးခေါ်ပုံက မမှန်ဘူး…"
"နိုဘယ်ဆုဆိုတာ ဘာလဲ… လူတိုင်း လက်ခံရရှိချင်တဲ့ အမြင့်ဆုံးဆုကြီးလေ…"
နိုဘယ်ဆုဆိုသည်မှာ မည်သူမဆို လိုချင်တောင့်တကြသည့် အမြင့်ဆုံး ဂုဏ်ပြုဆုတစ်ခု ဖြစ်၏။
ကြီးမြတ်သည်ဟု သတ်မှတ်ခံရသော ခေါင်းဆောင် စမစ်ပင်လျှင် ထိုဆုကို ရရှိရန် ဆန္ဒရှိနေခဲ့လေသည်။
"နိုဘယ်ဆု ခန်းမဆိုတာ သိပ္ပံဆိုင်ရာ ထူးချွန်မှုရဲ့ ခန်းမတစ်ခုဖြစ်ပြီး လုပ်ငန်းနယ်ပယ် အားလုံးအတွက် အလင်းရောင်ပေးတဲ့ မီးပြတိုက်တစ်ခုပဲ…"
"ပြောစမ်းပါ… ဘယ်သူက ဒီလိုဂုဏ်သိက္ခာမျိုးကို မလိုချင်ဘဲ နေမှာလဲ…"
"တရုတ်မှာ နိုဘယ်ဆု ရဖူးတဲ့ လူအရေအတွက်က အမြဲတမ်း အရမ်းကို နည်းပါးလွန်းတယ်…"
"သူတို့ရဲ့ မျက်နှာကို ကယ်တင်ဖို့ နိုဘယ်ဆုတစ်ခုကို အပြင်းအထန် လိုအပ်နေတာပဲ…"
"ဒီအချက်ကို သုံးပြီးတော့ စည်းကမ်းချက်တွေကို ညှိနှိုင်းဖို့ ဒီဆုကို အသုံးပြုလို့ ရတယ်လေ…"
ဂျက်က ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုလိုက်၏။
ကင်ဆာရောဂါ ကုသရေးအတွက် နိုဘယ်ဆုတစ်ခုနှင့် ဖလှယ်ရခြင်းမှာ သေချာပေါက် တန်ဖိုးရှိပေ၏။ စုယွမ်သည် ဤကဲ့သို့သော ဂုဏ်သိက္ခာကို သဘာဝကျကျပင် လက်ခံလိမ့်မည်။ ထိုနည်းအားဖြင့် သူသည် နည်းပညာကို ရယူနိုင်ပြီး ကုမ္ပဏီတစ်ခု စတင်ကာ ငွေကြေးမြောက်မြားစွာ ရှာဖွေနိုင်မည် ဖြစ်သည်။
"ကျွတ်…"
"ဒါပေမဲ့ သူက သဘောတူပါ့မလား…"
အိုဝင်က သံသယဖြင့် မေးမြန်းလိုက်သည်။
အကယ်၍ သူသာ ဤနည်းပညာကို ပိုင်ဆိုင်ထားပါက သူ၏ ဆေးဝါးကုမ္ပဏီသည် အမြင့်အသစ်တစ်ခုသို့ ရောက်ရှိသွားနိုင်ပေ၏။ ဤနည်းပညာသည် လုံးဝ မနာလိုစရာ ကောင်းလွန်းလှချေသည်။
"စိတ်မပူပါနဲ့… ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်…"
"အဲဒီအချိန်ရောက်ရင် ခင်ဗျားက စစ်ဆေးရေး ခရီးစဉ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ကို သွားပြီး စုယွမ်နဲ့ ဆွေးနွေးပွဲတွေ လုပ်ရမယ်…"
"ဒီနည်းပညာကို ကျွန်တော် သေချာပေါက် ရယူရမယ်…"