← Chapters

အခန်း ၃၉၀

Vol. 35 Ch. 390

အခန်း ၃၉၀

Vol. 35 Ch. 390

အခန်း (၃၉၀) ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ခြင်း

"ကျောင်းအုပ်ကြီး... ကျွန်တော်က ခင်ဗျားရဲ့ ညီအရင်းလေ..."

"ခင်ဗျား အရမ်း အလုပ်ကြိုးစားပြီး ကိုယ်ကျိုးစွန့်တယ်ဆိုတာကို ကျွန်တော် သေချာပေါက် သိတာပေါ့..."

"နေ့တိုင်း ခင်ဗျား ညသန်းခေါင်အထိ အလုပ်လုပ်နေရတာကို ခင်ဗျားရဲ့ ညီတစ်ယောက်အနေနဲ့ ကျွန်တော် အကုန် မြင်တွေ့နေရတာပါ..."

ဆိုင်ပိုင်ရှင်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။

"ဟေး... ဒါက ကျောင်းတည်ဆောက်ရေးအတွက် ပိုက်ဆံ လိုအပ်နေလို့ မဟုတ်ဘူးလား..."

"ဒါမှမဟုတ်ရင် ကျောင်းသားတွေမှာ ကောင်းမွန်တဲ့ သင်ယူမှု ပတ်ဝန်းကျင် ရှိမှာ မဟုတ်ဘူး... ပြီးတော့ ကျောင်းအုပ်ကြီး တစ်ယောက်အနေနဲ့ ငါက..."

"ငါက ဘယ်လိုလုပ်ပြီး ဒါကို သည်းခံနိုင်ရက်မှာလဲ..."

ကျောင်းအုပ်ကြီး ချန်ဟူက ကြီးစွာသော စိတ်သောကဖြင့် ပြောလိုက်ချေသည်။

"ကျောင်းအုပ်ကြီး... အခု နေလို့ကောင်းသွားပြီ... ဒီနေ့ ညီလေးအချို့ ရောက်လာကြတယ်... သူတို့က ပရဟိတအတွက် သီးသန့် လာကြတာပါ..."

"ကျောင်းက ရုန်းကန်နေရတာကို သူတို့မြင်ပြီး ကျွန်တော်တို့ကို ပိုက်ဆံ လှူချင်နေကြတယ်..."

"ဒါက ပရဟိတအတွက်ပါ..."

"ခင်ဗျားရဲ့ ခွင့်ပြုချက်မပါဘဲ သူတို့ကို ဒီကို ကျွန်တော် ခေါ်လာခဲ့မိပါတယ်...လိုအပ်ရင် ကျွန်တော့်ကို အပြစ်ပေးလိုက်ပါ..."

ဆိုင်ပိုင်ရှင်က တိုက်ရိုက်ပင် ပြောဆိုလိုက်လေ၏။

"ချန်ပေါင်... မင်းက ပိုပိုပြီး ဆိုးရွားလာနေပြီ... တခြားလူတွေကို ငါတို့က ဘယ်လိုလုပ်ပြီး ဆက် ဒုက္ခပေးနေလို့ ရမှာလဲ... မင်းကိုယ်မင်း မှန်တယ်လို့ ထင်နေတာလား..."

ကျောင်းအုပ်ကြီး ချန်ဟူက သူ့အား ဆူပူကြိမ်းမောင်းလိုက်သည်။

ဤစကားများကို ကြားပြီးချိန်တွင် စုယွမ်နှင့် အခြားနှစ်ဦးမှာ ဆက်လက် စောင့်ဆိုင်းမနေနိုင်တော့ဘဲ ဝင်ရောက်ပြောဆိုလိုက်ကြပေ၏။

"ကျောင်းအုပ်ကြီး... ကျွန်တော်တို့က ဖိတ်ကြားမခံရဘဲ ရောက်လာခဲ့တာပါ... ဒီလူက စေတနာနဲ့ လုပ်တာမို့ သူ့ကို အခုလို ဆူပူနေစရာ မလိုပါဘူး..."

စုယွမ်သည် ပြုံးလျက် လျှောက်သွားကာ ပြောလိုက်သည်။

"သူတို့က ပရဟိတ အလုပ်လာလုပ်တဲ့ ညီလေးတွေပါ..."

ချန်ပေါင်က မိတ်ဆက်ပေးလိုက်၏။

"အိုး... ညီလေးတို့ပဲ..."

"တကယ်ပါပဲ..."

"ငါ့ညီက အမြဲတမ်း မလိုအပ်ဘဲ စိုးရိမ်နေတတ်ပြီး မင်းတို့အားလုံးကို ခေါ်လာခဲ့တာပဲ..."

"ရိုးရိုးသားသား ပြောရရင် ငါတို့ကျောင်းက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်... ဒါပေမဲ့ ငါက ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးချင်တယ်... ဒါကြောင့် မင်းတို့ကို ဒုက္ခမပေးတော့ပါဘူး..."

ကျောင်းအုပ်ကြီး ချန်ဟူက ပြောဆိုလိုက်သည်။

"အိုး... ဒါဆိုရင်လည်း ကျွန်တော်တို့ သွားတော့မယ်..."

စုယွမ်က ခေါင်းညိတ်လိုက်ပြီးနောက် ထွက်ခွာရန် လှည့်ထွက်သွားခဲ့လေ၏။

ကျောင်းအုပ်ကြီး ချန်ဟူနှင့် ချန်ပေါင်တို့သည် အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ချန်ပေါင်မှာ စက္ကန့်အနည်းငယ်မျှ ကြက်သေ သေသွားခဲ့ပေသည်။

"ဒါက..."

"ဒါက မမှန်ဘူးလေ..."

"သူတို့က ဘယ်လောက်တောင် ကိုယ်ကျိုးစွန့်လဲဆိုတာကို မြင်ပြီးရင် ပိုက်ဆံ လှူဒါန်းဖို့အတွက် အစပျိုးပေးသင့်တာ မဟုတ်ဘူးလား..."

"သူတို့က ဘာလို့ ဒီလိုကြီး ထွက်သွားရတာလဲ..."

ကျောင်းအုပ်ကြီး ချန်ဟူသည် လက်ထဲသို့ ရောက်လာခါနီး ငွေများကို လက်လွတ်မခံချင်သောကြောင့် ချန်ပေါင်အား အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက်ကို အလျင်အမြန် ပေးလိုက်လေ၏။

ချန်ပေါင်သည် လျင်မြန်စွာ ရှေ့သို့ တက်သွားပြီး စုယွမ်နှင့် အခြားနှစ်ဦးကို တားဆီးလိုက်သည်။

"ညီလေး... ညီလေး..."

"ငါ့အစ်ကိုက ခေါင်းမာတဲ့ လူတစ်ယောက်ပါ... ကျေးဇူးပြုပြီး သူ့ကို စိတ်ထဲမထားပါနဲ့... ငါတို့ကျောင်းရဲ့ အခြေအနေကို မင်းတို့ မြင်တဲ့အတိုင်းပါပဲ... သူတို့ တကယ်ကို ပိုက်ဆံ အများကြီး လိုအပ်နေပါတယ်..."

"ကျေးဇူးပြုပြီး အထဲဝင်ပါ ညီလေးတို့... လက်ဖက်ရည်လေး ဘာလေး သောက်ပါဦး..."

ချန်ပေါင်သည် စုယွမ်အား ကျောင်းအုပ်ကြီး၏ ရုံးခန်းထဲသို့ ဆွဲခေါ်သွားခဲ့ပေ၏။

"ကျောင်းအုပ်ကြီး... သူတို့က ပရဟိတ အလုပ်လုပ်ဖို့ ဒီကို ရောက်နေတာလေ..."

"ပရဟိတဆိုတာ ခင်ဗျား တစ်ကိုယ်ရည်အတွက် မဟုတ်ဘဲ ကျောင်းသားတွေ အားလုံးကို ကူညီဖို့အတွက်ပါ..."

"မျက်နှာပျက်မှာ စိုးရိမ်ရုံသက်သက်နဲ့ ပရဟိတ ရန်ပုံငွေကို ခင်ဗျားက ဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်ရတာလဲ... အတန်းဖော်တွေအပေါ် ခင်ဗျား မှန်ကန်စွာ လုပ်ဆောင်ခဲ့တယ်လို့ ထင်နေတာလား... ကျောင်းသားတွေအပေါ် ခင်ဗျား မှန်ကန်စွာ လုပ်ဆောင်ခဲ့တယ်လို့ ထင်နေတာလား..."

ချန်ပေါင်သည် စုယွမ်နှင့် အခြားနှစ်ဦးအတွက် လက်ဖက်ရည် တစ်ခွက်စီ ငှဲ့ပေးလိုက်ပြီးနောက် ကျောင်းအုပ်ကြီး ချန်ဟူကို ဆူပူကြိမ်းမောင်းလိုက်သည်။

"ဘာလို့လဲ..."

"ဒါက ငါ့အမှားပါ..."

ကျောင်းအုပ်ကြီး ချန်ဟူက နောင်တရစွာဖြင့် ပြောဆိုလိုက်၏။

"ငါ့ရဲ့ ဂုဏ်သိက္ခာကြောင့် အလှူငွေကို မလိုချင်ခဲ့တာပါ... ငါ့ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုတွေနဲ့ ကျောင်းကို သေချာ တည်ဆောက်သွားမယ်လို့ တွေးထားခဲ့တာ..."

"ဒါပေမဲ့ အခုကြည့်ရတာ ငါက အရမ်း ရိုးအလွန်းခဲ့ပုံပေါ်တယ်..."

"လူကြီးမင်းတို့... စောစောက ငါ ရိုင်းစိုင်းမိသွားတယ်..."

"မင်းတို့သုံးယောက်ကို ငါ တောင်းပန်ပါတယ်..."

"ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကြောင့် ကျောင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်မခံနိုင်ဘူးလေ..."

ကျောင်းအုပ်ကြီး ချန်ဟူက အလွန် ရိုးသားသည့်ဟန်ဖြင့် ပြောလိုက်ချေသည်။

"ကျောင်းအုပ်ကြီးချန်ရဲ့ မြင့်မြတ်တဲ့ စရိုက်လက္ခဏာက တကယ်ကို လေးစားစရာပါပဲ..."

"ကျောင်းက လက်ရှိမှာ ပိုက်ဆံ ဘယ်လောက် လိုအပ်နေလဲလို့ ကျွန်တော် မေးချင်ပါတယ်..."

စုယွမ်က မေးမြန်းလိုက်၏။

"ငါတို့ ယွမ် သုံးသန်းလောက် ထပ်လိုအပ်နေသေးတယ်..."

ကျောင်းအုပ်ကြီး ချန်ဟူက အလျင်အမြန် ပြောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် လောဘများ တောက်ပနေခဲ့ပေသည်။

"အိုး... ဒါက သိပ်မများပါဘူး..."

"ယွမ် သုံးသန်းတည်းပါပဲ..."

စုယွမ်က ပြုံးလိုက်သည်။

"မင်းရဲ့ နာမည်ကို ငါ မသိရသေးဘူးနော်..."

ကျောင်းအုပ်ကြီး ချန်ဟူက ပြောလိုက်၏။

"ကျွန်တော့် မျိုးရိုးနာမည်က စု ပါ..."

စုယွမ်က ဖြေကြားလိုက်သည်။

"မစ္စတာစု... တကယ်လို့ မင်းက ငါတို့ကျောင်းအတွက် ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် မင်းကို ငါ အလွန်အမင်း ကျေးဇူးတင်မိမှာပါ... ကျောင်းသားတွေအားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်..."

ကျောင်းအုပ်ကြီး ချန်ဟူက ရိုးသားဟန်ဖြင့် ပြောဆိုလိုက်၏။

"အင်း..."

"ဒါကို အခု မပြောကြရအောင်..."

"ကျောင်းမှာ ဆောက်လက်စ အိပ်ဆောင်သစ်တစ်ခု ရှိနေတယ် မဟုတ်လား..."

"ဒါက ပရဟိတ ပရောဂျက်တစ်ခု ဖြစ်ရမယ်နော်..."

"ကျွန်တော်တို့ သွားကြည့်လို့ ရမလား..."

စုယွမ်က မေးမြန်းလိုက်သည်။

"ဒါက..." ကျောင်းအုပ်ကြီး ချန်ဟူနှင့် ချန်ပေါင်တို့သည် ရှင်းလင်းစွာပင် အနည်းငယ် အနေခက်သွားခဲ့ကြ၏။ ဘာပဲဖြစ်ဖြစ် ဤပရောဂျက်ကို သူ၏ယောက်ဖက ကန်ထရိုက်ယူထားခြင်းဖြစ်ပြီး အသုံးပြုထားသော ပစ္စည်းများအားလုံးမှာ အလွန် အရည်အသွေး ညံ့ဖျင်းနေသောကြောင့် ဖြစ်ပေသည်။

သို့သော် ဤသည်မှာ သူတို့ထံ အလကား ရောက်လာမည့် ယွမ် သုံးသန်း ဖြစ်နေပေ၏။ မိမိ၏ သားပေါက်လေးကို စွန့်စားမှုမရှိဘဲ ဝံပုလွေတစ်ကောင်ကို ဖမ်း၍မရနိုင်ချေ။

စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် ကျောင်းအုပ်ကြီး ချန်ဟူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ..."

"ပရောဂျက်ကို သွားကြည့်ကြတာပေါ့... အဲဒီလိုဆိုရင် မစ္စတာစုအနေနဲ့ ငါတို့ကျောင်း ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပိုနားလည်လာမှာပါ..."

ထိုသို့ ပြောဆိုပြီးနောက် သူသည် အပြင်ဘက်သို့ ဆက်လက် လျှောက်သွားခဲ့လေ၏။

အပြင်ဘက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လမ်းပိတ်ရပ်နေသော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။

"ကျောင်းအုပ်ကြီးချန်..."

"ဒီနှစ် ကျောင်းသား ထောက်ပံ့ကြေးတွေ ဘယ်ရောက်သွားလဲလို့ ကျွန်မ မေးချင်ပါတယ်..."

"ဘာလို့ ကျွန်မတို့ မိသားစုက အရမ်း ဆင်းရဲနေတာတောင် ကျောင်းသား ထောက်ပံ့ကြေး မရနိုင်ရတာလဲ..."

"ဒါက ဘာအဓိပ္ပာယ်လဲ... အပြင်မှာ ကားရှိတဲ့ မိသားစုတွေက နှစ်တိုင်း ကျောင်းသား ထောက်ပံ့ကြေးတွေ ရနေပြီး စက်ဘီးတစ်စီးပဲ တတ်နိုင်တဲ့ ကျွန်မတို့ မိသားစုကကျတော့ မရဘူးတဲ့လား..."

"ဒါက အဓိပ္ပာယ်ရှိတယ်လို့ ရှင် ထင်နေတာလား..."

"ဒါရိုက်တာဝမ်က ရှင့်ရဲ့ သူငယ်ချင်းကောင်း ဖြစ်နေရင်တောင် ယုံချင်ယုံ မယုံချင်နေ ကျွန်မက ဒါကို ဖော်ထုတ်ပစ်မယ်..."

အမျိုးသမီးက ရှင်းလင်းစွာ မကျေမနပ်ဖြစ်လျက် ပြောဆိုလိုက်ချေ၏။

"မင်းက ဒီလိုပြောရဲတယ်ပေါ့..."

"တခြားလူတွေကို အသရေဖျက်ဖို့ အထဲဝင်လာဖို့ ဘယ်သူက မင်းကို ခွင့်ပြုချက် ပေးထားလို့လဲ..."

ချန်ပေါင်သည် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားခဲ့လေသည်။

"ဟက်... ကျွန်မက ဝင်ချင်တဲ့အချိန် ဝင်လာလို့ ရတယ်..."

အမျိုးသမီးက အန်တုသည့်ဟန်ဖြင့် ပြောလိုက်၏။

ဤအခိုက်အတန့်တွင် ကျောင်းအုပ်ကြီး ချန်ဟူမှာ အလွန်အမင်း ထိတ်လန့်သွားခဲ့ပေသည်။ သူသည် လျင်မြန်စွာ ပြုံးလိုက်ပြီး ပြောဆိုလိုက်၏။

"ကျောင့းသားမိဘာ... စိတ်မပူပါနဲ့... ငါတို့ရဲ့ ပညာသင်ဆု ခွဲဝေမှုက တရားမျှတပြီး ဖြောင့်မတ်ပါတယ်..."

"မလောပါနဲ့..."

"မင်းရဲ့ အခြေအနေအရဆိုရင် ဒီနှစ်အတွက် မင်းရဲ့ ပညာသင်ဆုက ယွမ် သုံးထောင် ဖြစ်သင့်တယ်... ငါက ကြိုပြီး ပေးထားလိုက်ပါ့မယ်... စိတ်မပူပါနဲ့... ပညာသင်ဆုကို အလွဲသုံးစားလုပ်ရဲတဲ့ ဘယ်သူ့ကိုမဆို ငါက ပထမဆုံး ကန့်ကွက်မယ့်သူပါပဲ..."

ကျောင်းအုပ်ကြီး ချန်ဟူသည် ယွမ် သုံးထောင်ကို အမျိုးသမီးထံသို့ ဝန်လေးစွာဖြင့် လွှဲပြောင်းပေးလိုက်လေသည်။

"ဒီလိုမှပေါ့..."

"ကျောင်းအုပ်ကြီးချန်က မောက်မာပြီး ဗိုလ်ကျတတ်တယ်လို့ လူတိုင်းက ပြောကြပေမဲ့ အဆုံးမှာတော့ သူက တော်တော်လေး အကြောင်းအကျိုး ဆီလျော်ပုံရပါတယ်..."

အမျိုးသမီးက ပြောလိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့ပေ၏။

"ငါ့ရဲ့ အမြင်မတော်တဲ့ ပုံစံအတွက် ခွင့်လွှတ်ပေးကြပါ..."

"ဆင်းရဲပြီး ဝေးခေါင်တဲ့ ဒေသတွေကနေ လူဆိုးတွေ ထွက်လာတတ်တယ် ဆိုတဲ့ စကားပုံလိုပါပဲ... ငါတို့ကျောင်းရဲ့ ပညာသင်ဆုတွေကို တရားမျှတစွာ ခွဲဝေပေးထားပါတယ်... တချို့လူတွေက မရတဲ့အခါ ငါတို့ကို အသရေဖျက်တတ်ကြပြီး အဲဒါကို ငါတို့က ကျင့်သားရနေပါပြီ..."

ကျောင်းအုပ်ကြီး ချန်ဟူက ပြောဆိုလိုက်သည်။

"ဟားဟားဟား... ကျွန်တော် နားလည်ပါတယ်... ပရောဂျက်ကို သွားကြည့်ကြမလား..."

စုယွမ်သည် စိတ်ထဲမထားသည့်ဟန်ဖြင့် ရယ်မောလိုက်၏။

ထို့နောက် လူငါးဦးသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆီသို့ လျှောက်သွားခဲ့ကြလေသည်။

လမ်းတစ်ဝက်သို့ ရောက်ချိန်တွင် ကျောင်းအုပ်ကြီး ချန်ဟူသည် အဖွဲ့ထဲမှ လူတစ်ယောက် ပျောက်နေကြောင်းကို ရုတ်တရက် သတိပြုမိသွားခဲ့ပေ၏။ သူသည် အလျင်အမြန် ရပ်တန့်ကာ မေးမြန်းလိုက်သည်။

"ဘာလို့ ငါတို့ ညီလေးတစ်ယောက် ပျောက်နေတာလဲ..."

စုယွမ်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ကျောက်ထျန်း တစ်ယောက်သာ အဖွဲ့ထဲတွင် မရှိတော့ကြောင်း သတိပြုမိလိုက်သည်။ ယင်းက သက်သေအထောက်အထားများ သွားရောက် စုဆောင်းနေခြင်းပင် ဖြစ်ပေ၏။

"ဟုတ်တယ်... သူ့ဗိုက်က သိပ်နေလို့မကောင်းလို့ အိမ်သာသွားတယ်... ဆေးသောက်ဖို့ ကားဆီ ပြန်သွားရမယ် ထင်တယ်... ဒါကြောင့် သူ့အတွက် စိတ်မပူပါနဲ့..."

စုယွမ် စကားပြောအပြီးတွင် ကျောင်းအုပ်ကြီး ချန်ဟူမှာ စိတ်သက်သာရာ ရသွားခဲ့လေသည်။

မကြာမီမှာပင် ထိုအဖွဲ့သည် အိပ်ဆောင် အဆောက်အအုံ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိသွားခဲ့ကြလေတော့သည်။

All Chapters