အနှစ်သာရ ဆေးဝါးပညာရပ်
Vol. 24 Ch. 323
အခန်း (၃၂၃) : အနှစ်သာရ ဆေးဝါးပညာရပ်
ဝမ်ဝေ့က သူ့ဘာသာသူ တည်ငြိမ်အောင် လုပ်ပြီးသည့်နောက်တွင် အလျင်မလိုဘဲ အချိန်ယူဖို့ ဆုံးဖြတ်လိုက်သည်။ သူက ဖြစ်စဉ်ကို တတ်နိုင်သမျှ မြန်ဆန်အောင် လုပ်မည် ဖြစ်သော်လည်း သူ ကျရှုံးလျှင်ပင် အဆင်ပြေပေသည်။ ကိစ္စကြီးကြီးမားမား မဟုတ်ပေ။
ထို့အပြင် သူ့စိတ်ထဲ အတွေးတစ်ခုလည်း ရှိနေပြီးသား ဖြစ်၏။
အလဲအလှယ် မျှော်နန်းဆောင်တွင် မူလဆေးလုံးတာအိုဂိုဏ်း၏ ထူးကဲသော နာမည်အကျော်ကြားဆုံး ဆေးလုံးတစ်လုံး ဖြစ်သည့် ဇာမဏီနှလုံးသားဆေးလုံးကို ဂိုဏ်းအကျိုးပြုမှတ်များဖြင့် လဲလှယ်နိုင်ကြောင်း မြင်ခဲ့ရသည်။
ဆေးဝါးပညာရှင်များက တခြားသူများနှင့် ယှဉ်လျှင် သဘာဝအားဖြင့် အားနည်းကြပြီး သူတို့က အချိန်အများစုကို ဆေးဖော်စပ်ခြင်းဖြင့်သာ ကုန်ဆုံးလေ့ ရှိကြသည်။ ထို့ကြောင့် ရှေးခေတ်အချိန်အခါကတည်းက သူတို့က အန္တရာယ်ကျရောက်လာသည့်အခါ သူတို့အသက်ကို ကယ်တင်ဖို့အတွက် နည်းလမ်းကောင်းများအပေါ် အာရုံစိုက်ထားခဲ့ကြသည်။
ဆေးဝါးပညာရှင်အများစုက ကုသဖို့ လိုအပ်လာသည့်အခါမျိုး၌ ကုသရေးဆေးလုံးအများစုကို ဆောင်ထားလေ့ရှိကြသော်လည်း သူထို့ ထုတ်မသုံးနိုင်ခင် အသတ်ခံနိုင်ရချေလည်း ရှိသေးသည်။ ထို့ကြောင့် ထိုပြဿနာကို ဖြေရှင်းလိုသည့် မူလဆေးလုံးတာအိုဂိုဏ်း၏ ဆေးဝါးပညာရှင်များက ဖြေရှင်းနည်းကို ထုတ်ဖော်လာကြသည်။ ထိုအရာက ဇာမဏီနှလုံးသား ဆေးလုံး ဖြစ်၏။
နာမည်တွင် ဇာမဏီ ပါဝင်နေသော်လည်း ဆေးလုံးဖော်စပ်နည်းက ဒဏ္ဍာရီလာ ပင်ကိုနတ်ဆိုးဖြင့် မသက်ဆိုင်ပေ။
ဆေးလုံးတွင် ဆေးဝါးပညာရှင်၏ နှလုံးသားထဲ အသက်ဓာတ် သိမ်းဆည်းထားနိုင်သည့် ဆေးလုံး ဖြစ်ပေသည်။
သူတို့ဒဏ်ရာရသွားသည်နှင့် ထိုအသက်ဓာတ်ကို ထုတ်လွှတ်ကာ ချက်ချင်းဆိုသလို ကုသနိုင်လိမ့်မည်။ ဤသည်က ဆေးဝါးပညာရှင်များအတွက် ခန္ဓာသန့်စင်သူများနှင့် တူညီသည့် အားကောင်းသော ကုသနိုင်စွမ်း ရရှိသည့် နည်းလမ်း ဖြစ်၏။
ကံဆိုးစွာဖြင့် နှစ်များစွာ ကြာလာသည့်အခါ ဆေးလုံး၏ ပါဝင်ပစ္စည်းများက အလွန်ရှားပါးလာခဲ့ကြသည်။ ယခုတွင် ထိုဆေးလုံးကို လဲလှယ်ဖို့ နည်းလမ်းနှစ်ခု ရှိလေသည်။ ပထမတစ်ခုက မူလဆေးလုံးတာအိုဂိုဏ်း၏ ဤမျိုးဆက်တွင် ကောင်းကင်အလိုဆန္ဒကို ပါဝင်ယှဉ်ပြိုင်သည့် ကောင်းကင်ရွေးချယ်ခံ တစ်ယောက် ဖြစ်ရန် ဖြစ်သည်။
ဝမ်ဝေ့က သူသည် ပါရမီကောင်းကောင်းပြသကာ ဂိုဏ်း၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာရမလားဟု စတင်စဉ်းစားလိုက်သည်။ သို့သော်လည်း သူက သေချာစဉ်းစားမိပြီးနောက် ထိုအတွေးကို ပယ်ဖျက်လိုက်၏။
မူလဆေးလုံးတာအိုဂိုဏ်း၏ လက်ရှိအခြေအနေများက ရှုပ်ထွေးလွန်းလှသည်။ သူ့ဆရာက ဂိုဏ်းချုပ် ဖြစ်သော်လည်း အာဏာနည်းလွန်းလှပြီး ဖူချိုက်ယွင်နှင့် ဆက်တိုက်ဆိုသလို တိုက်ခိုက်နေရသည်။
အကယ်၍ သူသာ ဂိုဏ်း၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာပါက ဖူချိုက်ယွင်သည် အရာအားလုံး လုပ်မည်ကို ကြိုတင်မြင်နေရသည်။ သူက သူ့ကို သတ်ဖို့ ကြိုးစားမည်သာမက သူ ရရှိမည့် အရင်းအမြစ် အရေအတွက်ကိုလည်း လျှော့ချပစ်လိမ့်မည်။
သူက တာအိုအခွင့်အလမ်းဂိုဏ်း သို့မဟုတ် တခြားဧကရာဇ်မျိုးနွယ်များလိုမျိုး အဆင့်အတူတူ ဆက်ဆံခံရမည် မဟုတ်ပေ။
ထို့အပြင် ဂိုဏ်း၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာခြင်းက သူ့ကို အာရုံစိုက်ဖို့ ဆွဲဆောင်လိုက်သလို ဖြစ်ပေမည်။ သူ့မြင့်တက်မှုက ဖူချိုက်ယွင်နှင့် သူ့အင်အားစုကို ဆက်တိုက်ဆန့်ကျင်နေသလို ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဝမ်ဝေ့က သူ့ကံကြမ္မာခိုးယူခြင်း နည်းစနစ်အပေါ် ယုံကြည်ထားသော်လည်း မလိုလားအပ်သည့် စွန့်စားမှုမျိုး မလုပ်ချင်ပေ။
ထို့ကြောင့် သူ့အတွက် ကျန်ရှိသည့် တစ်ခုတည်းသော အချက်မှာ ဂိုဏ်း၏ အကျိုးပြုမှတ်များ စုဆောင်းခြင်းသာ ဖြစ်၏။ ထိုဖြစ်စဉ်က အချိန်ကြာမြင့်မည် ဖြစ်သော်လည်း သူသာ ကောင်းကောင်းမွန်မွန် လုပ်နိုင်ပါက အဆင်ပြေလိမ့်မည်။
ဝမ်ဝေ့က ကြိုတင်ပြီး အစီအစဉ်ကို ချမှတ်ပြီးသည့်နောက်တွင် နောက်သုံးလတိုင်တိုင် ဆေးလုံးများဖော်စပ်ပြီး နောင်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်လိုက်သည်။ ထို့နောက် သူက ထွက်လာလိုက်၏။
သူက စမ်းသပ်ရေး မျှော်နန်းဆောင်သို့ ဦးတည်လိုက်သည်။ သူ့ရည်မှန်းချက်က သူ့ဆေးဝါးပညာရှင် အဆင့်ကို မြှင့်တင်ဖို့ ဖြစ်သည်။
ဆေးဝါးပညာရှင် အဖွဲ့အစည်းခေါင်းဆောင်၏ တပည့်တစ်ယောက် ဖြစ်ရခြင်းအတွက် အရေးသာချက်တစ်ခုမှာ တခြားသူများနှင့် မတူဘဲ သူက သူ့အဆင့်ကို စစ်ဆေးဖို့အတွက် အဖွဲ့ခွဲများ သို့မဟုတ် ပင်မအဖွဲ့အစည်းဆီ သွားဖို့ မလိုအပ်ပေ။ သူက ဂိုဏ်းတွင်သာ လုပ်နိုင်ပြီး သတင်းအချက်အလက်က သက်ဆိုင်ရာလူများဆီ ပေးပို့ပေးမည် ဖြစ်၏။
ဝမ်ဝေ့က သူ့ဦးတည်ရာသို့ ပျံသန်းလာလိုက်စဉ် လူနှစ်ဦး ယှဉ်ပြိုင်နေသည်ကို ဝိုင်းကြည့်နေသည့် လူအုပ်ကြီးအား မြင်လိုက်ရသည်။
ယှဉ်ပြိုင်နေသည့် ထိုနှစ်ဦးအနက် တစ်ဦးက သူ့ အာရုံကို ဖမ်းစားသွားသည်။ ထိုသူက ရှေ့တွင် ဆေးပြင်းမီးဖို ထားကာ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး ဖြစ်၏။ ထိုမိန်းကလေးက သေချာအာရုံစိုက်ထားပြီး ဆေးလုံးကို ဖော်စပ်နေလေသည်။ သူ့အနီးနားတွင် ဆေးပင် ပါဝင်ပစ္စည်းဒါဇင်မျှ ရှိနေသည့် တစ်ဖက်လူနှင့် မတူဘဲ သူမတွင် ရာချီ ရှိနေလေသည်။ အတိအကျဆိုရလျှင် အမျိုးအမည် ၃၂၀ ဖြစ်၏။
သူမက ပါဝင်ပစ္စည်းများကို ဆေးမီးပြင်းဖိုအတွင်း ထည့်ကာ မီးတောက်ကို ထိန်းချုပ်ပြီး အညစ်အကြေးများကို လောင်မြိုက်လိုက်သည်။ ထို့နောက် သူတို့ကို အတူတကွ ရောလိုက်၏။ သူမက ပါဝင်ပစ္စည်း ၃၂၀ လုံးကို မှန်ကန်သည့် အချိုးအစားအတိုင်း ရောနှောလိုက်သည်။
နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် တစ်ဖက်လူက ဆေးလုံးအပေါ် သင်္ကေတများ ရေးထွင်းနေပြီ ဖြစ်သော်လည်း သူမက ပါဝင်ပစ္စည်းများမှ အညစ်အကြေးများကို ဖယ်ရှားထားနေပြီး ရောနှောနေဆဲသာ ဖြစ်သည်။ အရာအားလုံးပြီးဆုံးသွားသည့်အခါ သူမက ဆေးရည်အား ဆေးလုံးအဖြစ် စတင်ဖွဲ့စည်းလိုက်သည်။
သိပ်မကြာခင် နှစ်ယောက်လုံးက ပြီးဆုံးသွားပြီး ဆေးလုံးများကို ထုတ်ပြလာကြသည်။ သူတို့ သန့်စင်ထားသည်က မြေကမ္ဘာထိပ်တန်းအဆင့် ဖြစ်သည့် ကမ္ဘာဦးစိတ်ဝိညာဉ် ဖွဲ့စည်းရေးဆေးလုံး ဖြစ်သည်။ ဤဆေးလုံးက ကမ္ဘာဦးစိတ်ဝိညာဉ်အား ပို၍ သိပ်သည်းစေကာ အင်အားကောင်းလာစေသည်။
ယှဉ်ပြိုင်သူနှစ်ယောက်လုံးက သူတို့၏ ဆေးဖော်စပ်မှု ပြီးဆုံးသွားသည့်အခါ ဆေးပြင်းမီးဖိုကို တစ်ပြိုင်နက် ဖွင့်လိုက်ပြီး နှိုင်းယှဉ်ကြည့်ကြသည်။ ကောင်လေးက ဆေးလေးလုံးကို ဖော်စပ်နိုင်ပြီး သုံးလုံးက သာမန်အရည်အသွေးဖြစ်ကာ တစ်လုံးက သာလွန်အရည်အသွေး ဖြစ်လေသည်။
ကောင်မလေးက ဆေးခြောက်လုံးအနက် လေးလုံးက သာမန်အရည်အသွေး ဖြစ်ပြီး နှစ်လုံးက သာလွန်အရည်အသွေး ဖြစ်လေသည်။ ထို့ကြောင့် အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးသား ဖြစ်၏။
ကောင်လေးက အေးစက်စွာ သရော်လိုက်ပြီး “ မင်း နိုင်တော့ရော ဘာလုပ်ရမှာလဲ။ ဒီကမ္ဘာကို သင်္ကေတ ဆေးဝါးပညာရပ်နဲ့ အုပ်စိုးထားတာ။ မင်းတို့ အနှစ်သာရ ဆေးဝါးပညာရပ်က လူတွေအတွက် နေရာမရှိဘူး။ မင်း ဘဝမှာ ဘယ်တော့မှ အဆင့် ၃ ဆေးဝါးပညာရှင် ဖြစ်လာမှာ မဟုတ်ဘူး။”
ထိုသို့ပြောပြီးသည့်နောက်တွင် သူက လှည့်မကြည့်ဘဲ လှည့်ထွက်သွားလေသည်။ ပြိုင်ပွဲကို ကြည့်နေသည့်သူများကလည်း သက်ပြင်းချကာ ထွက်သွားကြ၏။ ကောင်မလေးအတွက်မူ သူမက တစ်လျှောက်လုံး ငြိမ်သက်နေလေသည်။
ထိုစဉ် ပြိုင်ပွဲကို ကြည့်ရှုနေသည့် ဝမ်ဝေ့က သူ့စိတ်ထဲ ဂိုဏ်း၏ စာကြည့်တိုက်နှင့် လျှို့ဝှက်မှတ်တမ်းခန်းမှ အနှစ်သာရ ဆေးဝါးပညာရပ်အကြောင်း ဖတ်ဖူးသည်ကို အမှတ်ရလိုက်သည်။
ရှေးဟောင်းဧကရာဇ်ခေတ်တွင် ဝမ်ဝေ့၏ ဘိုးဘေး ဧကရာဇ်ချီယွင်က တာအိုဖခင်ကြီးဆိုသော ဘွဲ့ထူးကို ရကာ ခေတ်ကို စတင်ခဲ့သည်။ လူများစွာကလည်း ဘိုးဘေးဂုဏ်ပုဒ်အတွက် ယှဉ်ပြိုင်ကြ၏။ ထိုလူများထဲတွင် ဆေးဝါးဘိုးဘေးဟူသော ဂုဏ်ပုဒ်ကို လိုချင်ကြသည့် ဆေးဝါးပညာရှင်များစွာ ပါဝင်လေသည်။
ထိုအချိန်တွင် ဆေးဝါးပညာ တည်ရှိသည့် တစ်ခုတည်းသော ပုံစံမှာ ကောင်လေးပြောသွားသည့် အနှစ်သာရ ဆေးဝါးပညာရပ် ဖြစ်သည်။ အကြောင်းမှာ ဆေးလုံးအပေါ် သင်္ကေတများ သုံးသည့် အတွေးအခေါ်မျိုးက မတည်ရှိသေးပေ။ သင်္ကေတများကို အဆောင်များ ပြုလုပ်ရာတွင်၊ လက်နက်များ သန့်စင်ရာနှင့် အစီအရင်များတွင်သာ အသုံးပြုလေ့ရှိကြသည်။
အနှစ်သာရ ဆေးဝါးပညာရပ်က သုံးစွဲလိုက်သူအား သက်ရောက်မှုရှိဖို့အတွက် ဆေးပင်အမျိုးမျိုးကို ပေါင်းစပ်ရပြီး သင်္ကေတအပေါ် မှီခိုထားခြင်းမျိုး မရှိပေ။ ထိုစဉ် အချိန်အခါက ဤသို့သော ဆေးဝါးမျိုးက တန့်ယွမ်ဧကရာဇ် ပေါ်ထွက်လာပြီး သင်္ကေတဆေးဝါးကို မဖန်တီးလိုက်ခင်အထိ အဓိကသုံးစွဲမှု ဖြစ်ခဲ့သည်။
အနှစ်သာရ ဆေးဝါးပညာရပ်နှင့် မတူဘဲ သင်္ကေတဆေးဝါးပညာရပ်တွင် အရေးသာချက်များစွာ ရှိလေသည်။ တစ်ခုက ဖြစ်စဉ်အတွင်း ပါဝင်ပစ္စည်းအနည်းငယ်သာ လိုအပ်ခြင်း ဖြစ်၏။ ဆေးတစ်လုံး၏ ပါဝင်ပစ္စည်းအနည်းငယ်ကို အသုံးပြုနိုင်သ၍ သင်္ကေတများဖြင့် ကျန်သည့် အရံပါဝင်ပစ္စည်းများကို အစားထိုးနိုင်လေသည်။
အနှစ်သာရ ဆေးဝါးပညာရပ်အတွက်မူ ဆေးလုံးတစ်လုံးချင်းစီက အရံပါဝင်ပစ္စည်းများ ရာချီ လိုအပ်တတ်ကြသည်။ ထို့အပြင် ဆေးလုံးက အဆင့်မြင့်လေလေ ပါဝင်ပစ္စည်းက ပို၍များလေလေ ဖြစ်၏။ ဤသို့သော ဆေးဝါးပညာရပ်က အရင်းအမြစ် လောင်ကျွမ်းနေခြင်းသာ ဖြစ်လေသည်။ အကြောင်းမှာ ဆေးဝါးပညာရှင် တစ်ဦးချင်းစီက ဆေးလုံးကို အောင်အောင်မြင်မြင် မဖော်စပ်နိုင်ခင် စစ်ဆေးမှုများ၊ အမှားများ လိုအပ်၍ ဖြစ်သည်။
အနှစ်သာရ ဆေးဝါးပညာရပ်နှင့် ပတ်သက်လာသည့်အခါ ကျရှုံးမှုတိုင်းက ပါဝင်ပစ္စည်းရာချီ သို့မဟုတ် ထောင်ချီကို ဆုံးရှုံးစေနိုင်သည်။ ထိုအကြောင်းကြောင့် ဆေးဝါးပညာရပ်က လူတချို့သာ ပါဝင်နိုင်သည့် အထက်တန်းစား ပညာရပ်တစ်ခုဖြစ်ခဲ့ပြီး ချမ်းသာသူများသာ ဖြစ်လာနိုင်ကြသည်။
ထို့နောက် တန့်ယွမ်ဧကရာဇ်က သင်္ကေတ ဆေးဝါးပညာရပ်ကို ဖန်တီးလိုက်သည်။ ဤနည်းလမ်းက ဆေးဝါးပညာရှင်အတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို လျှော့ချပေးနိုင်သည်။ ထိုအကြောင်းကြောင့် ဆေးဝါးပညာရပ်က ဤကမ္ဘာ၏ ပင်မ ဖြစ်လာခဲ့သည်။
သူက ဆေးဝါးဘိုးဘေးအနေဖြင့် တာအိုကို သက်သေပြကာ ဂုဏ်ပုဒ်ကို လုပ်ယူနိုင်ခဲ့သည်။ ဤသို့သော ဆေးဝါးပညာရပ်မျိုးက အသင်္ချေအင်ပါယာကမ္ဘာတွင် ကျင့်ကြံသည့် သမာသမတ် လမ်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။ သမိုင်းကြောင်းမှတ်တမ်းများမှ ဝမ်ဝေ့က ထိုအချိန်အခါက အနှစ်သာရ ဆေးဝါးပညာရပ်သည် လူအများကျင့်ကြံထားသောကြောင့် အလွန်အားကောင်းသော ဆေးဝါးပညာရပ်မျိုး ဖြစ်၏။
ဆေးဝါးဘိုးဘေးက ထိုအရာကို မဆန့်ကျင်သလို ထိုအရာမှ သင်ယူကာ အရေးသာချက်များကို ကောက်နှုတ်ပြီး သင်ကြားပို့ချခဲ့သေးသည်။
ကံဆိုးစွာဖြင့် သူ့မျိုးဆက်များက သူ့လောက် စိတ်ထားပွင့်လင်းခြင်း မရှိပေ။ မူလဆေးလုံးတာအိုဂိုဏ်း၏ တခြားသော ဧကရာဇ်များကလည်း ထိုပညာရပ်ကို ဖိနှိပ်ဖို့အတွက် လမ်းစဉ်များ ချမှတ်လာကြသည်။
သူတို့က ဆေးဖော်စပ်နည်းများကို ဖျက်ဆီးပစ်ပြီး အနှစ်သာရ ဆေးဝါးပညာရပ် ပညာရှင်များ၏ ဂုဏ်သတင်းများကို ဖျက်ဆီးကာ ကမ္ဘာထံ သူတို့၏ အကျိုးပြုမှုများလည်း ပယ်ဖျက်ခဲ့သည်။ ထိုစဉ်အထိ ကိစ္စများက အတော်လေး ဆိုးရွားနေပြီ ဖြစ်၏။ အနှစ်သာရ ဆေးဝါးပညာရပ်အတွက် တစ်ခုတည်းသော ကျန်ရှိသည့် ဆေးဖော်စပ်နည်းမှာ နက်နဲထိပ်တန်းအဆင့် ဆေးလုံးထိသာ ဖြစ်သောကြောင့် အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်ကြသည်။
ထို့ကြောင့် မူလဆေးလုံးတာအိုဂိုဏ်းက မဟာဧကရာဇ်တစ်ပါးကို မမွေးထုတ်နိုင်သည့်အခါမှသာ အနှစ်သာရ ဆေးဝါးပညာရပ်က အသက်ရှူဖို့ အခွင့်အလမ်း ရလာခဲ့၏။ သို့သော်လည်း လူများစွာမရှိဘဲ သူတို့ဖော်စပ်နိုင်သည့် အမြင့်ဆုံးဆေးလုံးမှာ မြေကမ္ဘာထိပ်တန်းအဆင့် ဆေးလုံးအထိသာ ဖြစ်ပေသည်။
ဝမ်ဝေ့က လေထဲတွင် ပျံသန်းရင်း ဆေးဝါးဘိုးဘေးနှင့် သင်္ကေတ ဆေးဝါးပညာရပ်အကြောင်း စဉ်းစားလိုက်သည်။ သူ ဖတ်ရှုထားသည့် မှတ်တမ်းများအရ အနှစ်သာရ ဆေးဝါးပညာရပ်သည် အဆုံးမဲ့ကမ္ဘာအားလုံး မဟုတ်လျှင်ပင် ကမ္ဘာအများစု၏ ပင်မနည်းလမ်းအဖြစ် အသုံးပြုကြလေသည်။
ဆေးဝါးနည်းစနစ် အများစုက ထိုအရာမှ ပြောင်းလဲထားခြင်းသာ ဖြစ်၏။ ဆေးဝါးပညာအတွက် သင်္ကေတများကို အသုံးပြုခြင်းက မတည်ရှိပေ။ သူ ဖတ်ရှုထားသည့် စာအုပ်တစ်အုပ်တွင်မူ သင်္ကေတဆေးဝါး သဘောတရားသည် ဆေးဝါးဘိုးဘေးက ဖန်တီးထားခြင်း ဖြစ်ပြီး တခြားကမ္ဘာအသိုင်းအဝိုင်းများအထိ ဖြန့်ထားသည်ဟု ဖော်ပြထား၏။
“ ငါ ဖတ်ထားတဲ့ တန့်ယွမ်ဧကရာဇ်ရဲ့ အချက်အလက်တွေအပေါ်မှာ မူတည်ပြီးတော့ ဒီလူက အပေါ်ယံမှာ မြင်ရသလောက် မရိုးရှင်းဘူးလို့ ဘာလို့ ခံစားနေရတာပါလိမ့်”
ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် မိန်းကလေးထွက်သွားသည်ကိုသာ ကြည့်နေလိုက်သည်။
သူကိုယ်တိုင်ကလည်း သင်္ကေတ ဆေးဝါးပညာရပ်သည် ဤကမ္ဘာ၏ ပင်မဖြစ်လာသည်ကို သဘောတူလေသည်။ ဆေးဝါးပညာရှင် မွေးထုတ်ပေးဖို့ လိုအပ်သည့် အရင်းအမြစ်များအပေါ် မူတည်နေသောကြောင့် အနှစ်သာရ ဆေးဝါးပညာရပ်သာ ပင်မနည်းလမ်း ဖြစ်နေမည်ဆိုလျှင် အချိန်များစွာ ကြာပြီးသည့်နောက်တွင် အရင်းအမြစ်များ မည်မျှဖြုန်းတီးပစ်မည်ကို စဉ်းစားကြည့်နိုင်လေသည်။ ပြောရလျှင် သင်္ကေတ ဆေးဝါးပညာရပ် မရှိဘဲ သမိုင်းကြောင်းက ဆေးဝါးပညာရှင် အမြောက်အများ ပေါ်ထွက်လာမည် မဟုတ်ပေ။
သူက မူလဆေးလုံးတာအိုဂိုဏ်း၏ မဟာဧကရာဇ်များသည် လွန်လွန်းသည်ဟု ထင်မိသော်လည်း ထိုလူများက အရင်းအမြစ်များ ဖြုန်းတီးမှုကို သူတို့ အပြုအမူများ၏ အကြောင်းပြချက်များအဖြစ် အသုံးပြုကြလေသည်။
သို့သော် ဝမ်ဝေ့က သူတို့သည် ကံကောင်းမှုအတွက်သာ လုပ်နေကြောင်း သိလေ၏။
သူတို့ဘိုးဘေး ဖန်တီးထားသော သင်္ကေတ ဆေးဝါးပညာရပ်သည် ပင်မနည်းလမ်း ဖြစ်လာခြင်းအားဖြင့် သူတို့ဂိုဏ်းသည် မြောက်များစွာသော ချီကံကောင်းမှုများ ချီးမြှင့်ခံရမည်ဖြစ်ပြီး ခေတ်များစွာ ကြာသည့်တိုင် သူတို့၏ အသက်ရှင်မှုကို အာမခံနိုင်လိမ့်မည်။
ထိုများပြားလှသည့် ချီကံကောင်းမှုများ မရှိလျှင် သူတို့ဂိုဏ်းက မဟာဧကရာဇ်များစွာကို မွေးထုတ်နိုင်လိမ့်မည် မဟုတ်ဘဲ အစီအရင် ဖန်တီးခဲ့သည့် ဂိုဏ်းလိုမျိုး ဆိုးဆိုးရွားရွား ဖြစ်သွားလိမ့်မည်။
ထို့နောက် ဝမ်ဝေ့က ခေါင်းအသာခါပြီးနောက် သူ့ဦးတည်ရာသို့ ဆက်လက်ပျံသန်းသွားလိုက်သည်။