← Chapters

တိကျမှု

Vol. 24 Ch. 324

တိကျမှု

Vol. 24 Ch. 324

အခန်း (၃၂၄) : တိကျမှု

ဝမ်ဝေ့က ခဏတာ ပျံသန်းပြီးနောက်တွင် ဦးတည်ရာသို့ ရောက်ရှိသွားလေသည်။ သူက စာမေးပွဲ ဖြေဆိုသူများ လက်ခံရာစားပွဲများရှိရာဆီ ဦးတည်လိုက်ပြီး သူ့စစ်ဆေးမှုအတွက် စာရင်းသွင်းလိုက်သည်။

ဆေးဝါးပညာရှင် အဖွဲ့အစည်း၏ စည်းမျဉ်းများအရ ပါဝင်စစ်ဆေးခံသည့် သူတိုင်းက အခကြေးငွေပေးဖို့ လိုအပ်လေသည်။ ထိုစစ်ဆေးမှုက အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ စစ်ဆေးခ ပေးရမည်သာ ဖြစ်၏။ လော့ချန်၏ ဆရာနှင့် အဆင့်အတန်းဖြင့် လျှော့ဈေးရရှိလိုက်သည်။ ကံဆိုးစွာဖြင့် အလကားတော့ မဟုတ်ပေ။

ဝမ်ဝေ့က တိတ်တဆိတ် ညည်းညူလိုက်သည်။ သူက ချမ်းသာသော်လည်း လော့ချန်က မချမ်းသာပေ။ ထို့ကြောင့် သူက နာကျင်နေဟန် အမူအရာဖြင့် စစ်ဆေးမှုအတွက် အခကြေးငွေကို ပေးလိုက်သည်။

ထိုစဉ် စာရင်းသွင်းပြီးသည့် ဖြစ်စဉ်တစ်ခုအတွင်း သူက တခြားလူများ ကြည့်နေသည့် ထူးထူးဆန်းဆန်း အကြည့်များကို လျစ်လျူရှုထားလေသည်။ သူက သူတို့၏ အကြောင်းအရင်းများကို ခန့်မှန်းမိလေ၏။

လော့ချန်က အဆင့်နိမ့် အဆင့်(၂) ဆေးဝါးပညာရှင်မှလွဲ၍ တခြားမဟုတ်ပေ။ ယခုတွင် သူ သဘာဝလွန်အဆင့်သို့ တက်လှမ်းပြီး သုံးလကြာပြီးသည့်နောက်တွင် သူက အလယ်အလတ်အဆင့် (၂) ဆေးဝါးပညာရှင် ဖြစ်လာဖို့ စာရင်းသွင်းနေခြင်း ဖြစ်၏။

ဝမ်ဝေ့က သူတို့၏ စကားများကို လျစ်လျူရှုကာ တခြားသူများကဲ့သို့ တန်းစီလိုက်သည်။ သူ့မျက်လုံးက ပတ်ဝန်းကျင်ကို ကြည့်ရှုနေပြီး သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသည်။ သူက လူတစ်ယောက်အား စိတ်ညှို့ကာ သူ့ဆီ ချဉ်းကပ်လာစေပြီး ထွက်မသွားခင်အထိ စကားဝိုင်းတစ်ခု ပြောခဲ့သည်။

ထို့နောက် သူ့အလှည့် စောင့်ဆိုင်းနေသည်။ ထို စောင့်ဆိုင်းမှုက သုံးနာရီကြာ ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင် ဝမ်ဝေ့က တခြားသော ငါးယောက်နှင့်အတူ အခန်းကျယ်ကြီးတစ်ခုထဲ ဝင်ရောက်သွားခဲ့သည်။ သူ ပထမဆုံး သတိပြုမိသည့်အရာမှာ လေထဲတွင် မြောလွင့်နေသည့် လူအိုကြီးငါးယောက် ရှိနေခြင်း ဖြစ်၏။

သူတို့အားလုံးတွင် မုတ်ဆိတ်ရှည်၊ ဆံပင်ရှည်များ ရှိကြပြီး နေလောင်ထားသည့် အသားအရည်မျိုး ရှိလေသည်။ အကြောင်းမှာ သူတို့က ဆေးဝါးဖော်စပ်ရေးအတွက် မီးပြင်းပြင်းများ ရှိရာဆီ အမြဲတမ်းနေနေ၍ ဖြစ်လောက်သည်။ ထို့အပြင် သူတို့အနားမှ ဆေးနံ့ပြင်းပြင်းလည်း ထွက်ပေါ်နေ၏။

ထိုလူအိုကြီး ငါးယောက်က ပါဝင်စစ်ဆေးခံသူများအား ကြည့်ပြီးနောက် ဝမ်ဝေ့ဆီ အကြည့်ရပ်သွားလေသည်။ သို့သော် လျစ်လျူရှုသွားလေ၏။ အကြီးအကဲ ဖန်းလဲ့ဟုခေါ်သည့် အလယ်ရှိ လူအိုကြီးက ပြောလိုက်သည်။

“ မင်းတို့အားလုံးလည်း စည်းမျဉ်းတွေ အကုန်လုံးကို သိမှာပါ။ မင်းတို့က မြေကမ္ဘာ အလယ်အလတ်အဆင့် ဆေးလုံးကို ဖော်စပ်ပြရမယ်။ အဲဒီစစ်ဆေးမှုကို အောင်မြင်ဖို့ မင်းတို့တွေက သာမန်အရည်အသွေး အဆင့် ဆေးလုံး သုံးလုံး ဖော်စပ်နိုင်ဖို့ လိုတယ်။ ပေးထားတဲ့ အချိန်အတွင်းမှာ မင်းတို့တွေ အလိုရှိသလောက် ဆေးဖော်စပ်လို့ရတယ်။ အခု မင်းတို့ရဲ့ ပါဝင်ပစ္စည်းတွေကို ပြကြ”

ခြောက်ယောက်လုံးက သူတို့ဆေးဝါးဖော်စပ်မှုအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ထုတ်ပြလိုက်သည်။ ထိုအခါ လူငါးယောက်လုံးက အံ့ဖွယ်အသိစိတ်ဖြင့် ဘာမှမှားယွင်းခြင်း မရှိကြောင်း၊ လိမ်ညာခြင်း မရှိကြောင်း စစ်ဆေးလိုက်သည်။

နောက်ဆုံးတွင် အကြီးအကဲ ဖန်းလဲ့က လက်ဝှေ့လိုက်သည့်အခါ သာမန်ပုံစံ ဆေးပြင်းမီးဖို ခြောက်ခုက သူတို့စစ်ဆေးခံလူများရှေ့တွင် ပေါ်ထွက်လာသည်။

အဖွဲ့အစည်း၏ စည်းမျဉ်းများအရ စစ်ဆေးမှုက ပါဝင်စစ်ဆေးခံသူများအား သူတို့၏ အစစ်အမှန် အရည်အသွေး ပြသနိုင်ဖို့အတွက် သာမန်ဆေးပြင်းမီးဖိုကိုသာ အသုံးပြုကြရသည်။

ဝမ်ဝေ့ သူ့ရှေ့ရှိ ဆေးပြင်းမီးဖိုကို စမ်းသပ်ပြီးနောက် နက်နဲအဆင့်နိမ့် မူလပစ္စည်းကလွဲ၍ ဘာမှမဟုတ်ကြောင်း သိလိုက်သည်။

အားလုံးက စည်းမျဉ်းအတူတူ ကန့်သတ်ထားသည့်အတွက် သူက ဘာမှမပြောတော့ပေ။ သူက ပင်ကိုစွမ်းရည်ကို အသက်သွင်းလိုက်သည့်အခါ သူ့ ခန္ဓာကိုယ်အနှံ့ သင်္ကေတအမြောက်အများ ပေါ်ထွက်လာလေ၏။

သူက ထိုအရာဖြင့် ချက်ချင်းဆိုသလို သူ ရွေးချယ်ထားသည့် ဆေးလုံးဖော်စပ်မှုအတွက် လိုအပ်သည့် အချိုးအစားများကို ချက်ချင်းသဘောပေါက်သွားသည်။ သူ ရွေးချယ်ထားသည့် ဆေးလုံးက ကံကြမ္မာ တိုးမြှင့်ရေး ဆေးလုံး ဖြစ်၏။ ထိုဆေးလုံး၏ ရည်ရွယ်ချက်မှာ ကျင့်ကြံသူ၏ ကံကြမ္မာကောင်း မီးတောက်၏ စွမ်းအားကို တိုးမြှင့်ပေးနိုင်ဖို့ ဖြစ်ပြီး အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်အဆင့်တွင် သူတို့၏ခန္ဓာကိုယ် လေ့ကျင့်ပေးနိုင်သည့် အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်ရန် ဖြစ်သည်။

ထိုဆေးလုံးက ကျင့်ကြံသူများကြားတွင် အတော်လေး နာမည်ကြီးလှပြီး အလယ်အလတ်နှင့် အဆင့်မြင့်ကြားတွင် ရှိသောကြောင့် ဖော်စပ်ဖို့ ခက်ခဲလှသည်။

ဝမ်ဝေ့က သူ့ ပင်ကိုစွမ်းရည်ကို ထုတ်သုံးပြီးသည့်နောက်တွင် အကဲဖြတ်သူငါးဦးက အံ့ဩသွားခြင်း မရှိပေ။ အကြောင်းမှာ ဆေးဝါးပညာရှင်အများစုက သူတို့အား ဆေးလုံးဖော်စပ်ဖို့ရာ ကူညီပေးနိုင်သည့် ပင်ကိုစွမ်းရည်မျိုး ရရှိနိုင်၍ ဖြစ်သည်။ ထိုအဖွဲ့ထဲတွင် သူ့ပင်ကိုစွမ်းရည် ထုတ်သုံးသည့် နောက်ထပ် လူတစ်ယောက်လည်း ရှိသေးသည်။

တစ်ခုတည်းသော ကွဲပြားမှုမှာ ထိုလူက အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်အဆင့်သို့ ရောက်နေပြီဖြစ်၍ သူ့ခန္ဓာကိုယ်တွင် သင်္ကေတများ ပေါ်ထွက်လာခြင်း မရှိပေ။ ဝမ်ဝေ့က အားလုံးကို လျစ်လျူရှုလိုက်ပြီးနောက် ဆေးဖော်စပ်ခြင်းတွင်သာ အာရုံစိုက်ထားလိုက်သည်။ သူက သူ့ဆေးဖော်စပ်နည်း၏ ပြီးပြည့်စုံသော အချိုးအစားကို ရရှိဖို့ စွမ်းရည်ကို အသုံးပြုပြီးသည့်နောက်တွင် သူက မရပ်တန့်လိုက်သေးပေ။ ထိုအစား သူက တိကျမှု စွမ်းရည်ဖြင့် အညစ်အကြေးများကို ဖယ်ရှားဖို့ ပြီးပြည့်စုံသည့် နည်းလမ်းကို ရှာလိုက်သည်။

မီးတောက်ကိုလည်း ထိန်းချုပ်ပြီးနောက် ဆေးပင်များကို အရည်အဖြစ် ပြောင်းကာ တစ်သားတည်း ရောနှောလိုက်ပြီး ဆေးလုံးအဖြစ် မဖွဲ့စည်းခင် သူတို့ကို ရောစပ်လိုက်သည်။

နောက်ဆုံးတွင် သူ လိုအပ်သည့် သင်္ကေတများကို ရေးထွင်းလိုက်၏။

ဝမ်ဝေ့က ပြီးဆုံးသွားသည့်နောက်တွင် သာမန်အရည်အသွေး သုံးလုံးနှင့် သာလွန်အရည်အသွေး ဆေးနှစ်လုံးတို့ကို ရရှိလာသည်။ အကဲဖြတ်သူက ဆေးလုံးများကို စစ်ဆေးပြီးသည့်နောက် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး အလယ်အလတ်အဆင့် (၂) ဆေးပညာရှင် အမှတ်အသားကို ထုတ်ပေးလာသည်။

သူ့အဆင့်အတန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များက မူလဆေးလုံးတာအိုဂိုဏ်းရှေ့ရှိ မြို့တွင် တည်ရှိသည့် အဖွဲ့အစည်း၏ ပင်မသတင်းစုစည်းရေးဆီ ရောက်ရှိသွားလိမ့်မည်။

ဝမ်ဝေ့က စစ်ဆေးရေး မျှော်နန်းဆောင်မှ ထွက်လာပြီးသည့်နောက်တွင် သူ့ အံ့ဖွယ်အသိစိတ်ဖြင့် အမှတ်အသားပြားအား ကြည့်လိုက်ပြီး သူ ဤအဆင့်အတန်းဖြင့် ရရှိနိုင်မည့် အကျိုးအမြတ်များကိုပါ စစ်ဆေးကြည့်လိုက်သည်။

ပထမတစ်ချက်အနေဖြင့် သူက ဂိုဏ်းအကျိုးပြုမှတ် ရာချီ ရရှိမည် ဖြစ်၏။ ထိုအရာက သိပ်မများသော်လည်း ဘာမှမရသည်ထက်စာလျှင် ပို၍ကောင်းပေသည်။

သို့သော်လည်း ထိုအမှတ်အသားပြား၏ အကြီးမားဆုံး အရေးသာချက်မှာ အသုံးပြုနိုင်သည့် လျှော့ဈေး ဖြစ်၏။ ဂိုဏ်းမှ ဆေးပင်ဝယ်ယူခြင်း သို့မဟုတ် အဖွဲ့အစည်းမှ တိုက်ရိုက်ဝယ်ယူခြင်း သို့မဟုတ် သူ တာဝန်များ ပို့ဆောင်ရာတွင် လျှော့ဈေး ရရှိနိုင်သည်။

ထိုအရာက အားလုံး မဟုတ်သေးပေ။ ဆေးဝါးနှင့် မသက်ဆိုင်သည့် နေရာအများစုတွင် သူတို့သာ အမှတ်အသားပြားကို ပြလိုက်၍ ကျွမ်းကျင်အတတ်ပညာပိုင်းဆိုင်ရာ လျှော့ဈေးကို ရရှိနိုင်လေသည်။ နမူနာအားဖြင့် ကူးသန်းရေးအစီအရင် အသုံးပြုသည့်အခါမျိုး၊ နတ်ဆိုးသားရဲပျံ ငှားရမ်းသည့်အခါမျိုး သို့မဟုတ် ဝမ်ဝေ့ ဖန်တီးထားသည့် ယာဉ်များကို အသုံးပြုသည့်အခါတွင်လည်း ဤအမှတ်အသားပြားဖြင့် လျှော့ဈေး ရရှိနိုင်သည်။

နောက်ဆုံး၌ အမှတ်အသားပြားတွင် သူတို့၏ အဆင့်ပေါ် မူတည်၍ အသုံးပြုသူအား ကာကွယ်ပေးနိုင်သည့် အစီအရင်မျိုး ပါရှိ၏။ ဝမ်ဝေ့၏ အမှတ်အသားပြားတွင် အစီအရင်က သူ့အား ထိပ်သီး အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်အဆင့်၏ အားကောင်းသော တိုက်ကွက်ကို တားဆီးပေးနိုင်သည်။

ဝမ်ဝေ့ သိထားသလောက် အဆင့် ၃ အမှတ်အသားပြားက အလွန်အဖိုးတန်လှသည်။ အကြောင်းမှာ ထိုအရာက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်ရုံသာမက လေဟာနယ်ဖြိုခွင်းခြင်း အဆောင်အဖြစ်လည်း အသုံးပြုနိုင်ပေသည်။ ဤနည်းဖြင့် ဆေးဝါးပညာရှင်က အန္တရာယ်ကျရောက်လာပါက ထွက်ပြေးနိုင်လေသည်။ အကယ်၍ တစ်ဖက်လူက လေဟာနယ်ကို ပိတ်ဆို့ထားလျှင်ပင် သူတို့က ချိုးဖောက်ကာ ထွက်ပြေးနိုင်သေး၏။

အမှတ်အသားပြားက ကျွမ်းကျင်အတတ်ပညာရှင်များ အဖွဲ့အစည်းထဲ ဝင်ရောက်လိုသည့် အကြောင်းအရင်းထဲမှ တစ်ခုဖြစ်ပေသည်။ အထူးသဖြင့် လေလွင့်ကျင့်ကြံသူ အများစု ဖြစ်၏။ ထိုအမှတ်အသားပြားက သူတို့အတွက် ဒုတိယအသက်နှင့် တူညီလေသည်။

မျှော်နန်းဆောင်မှ ထွက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ဂူသို့ ပျံသန်းသွားလိုက်သည်။ သို့သော်လည်း လမ်းတစ်ဝက်တွင် သူ့အား ဆက်သွယ်ရေးအဆောင်မှ အသိပေးချက်ကို ရလိုက်၍ ဦးတည်ချက်ကို ပြောင်းလဲလိုက်သည်။

“ တပည့်က ဆရာကို ဂါရဝပြုပါတယ်” ဝမ်ဝေ့က ဦးညွှတ်လိုက်သည်။

“ ရှောင်ဝူ … မင်းအဆင့်တိုးသွားတဲ့ အကြောင်း ကြားတယ်။ ဂုဏ်ပြုပါတယ်” ယဲ့လောင်က ပြောလိုက်သည်။

ကြည့်ရတာ ငါ့ဆရာရဲ့ အာဏာက ငါ ထင်ထားသလောက်တော့ မဆိုးဘူးပဲ။ ငါ့ စမ်းသပ်မှုပြီးတာ မိနစ်ပိုင်းလေးပဲရှိပေမဲ့ သူက သတင်းတောင်ရနေပြီ။ ဒါပေမဲ့ သူ့ ခန္ဓာကိုယ်အပြုအမူနဲ့ လေသံအရ ငါ့ရဲ့ ဆေးဝါးပညာ ရုတ်ချည်းတိုးတက်လာတာကို သိချင်နေပုံပဲ။

ဝမ်ဝေ့က တွေးလိုက်ရင်း တောက်တောက်ပပ ပြုံးကာ ပြောလိုက်သည်

“ ဒါက ပင်ကိုစွမ်းရည်ကြောင့်ပါပဲ။ အရင်ဆုံး ကျွန်တော်က ဆေးဝါးပညာအတွက် ဆေးပင်တွေရဲ့ ပြီးပြည့်စုံတဲ့ အချိုးအစားကိုပဲ အသုံးပြုခဲ့တာ။ အဲဒီနောက်ပိုင်းကျတော့ ကျွန်တော်လည်း ဆေးပင်ထဲက အညစ်အကြေးတွေကို ဖယ်ရှားဖို့ ဒီနည်းလမ်းကိုလည်း အသုံးပြုရင် ဘယ်လိုလဲဆိုပြီးတော့ တွေးကြည့်ပြီးတော့ လုပ်ကြည့်တော့ အလုပ်ဖြစ်နေခဲ့တယ်။

ကျွန်တော် ယုံတောင် မယုံကြည်နိုင်ဘူး။ အခု ကျွန်တော်ဆီမှာ အစီအစဉ်တွေ အများကြီး ရှိတယ်။ ကျွန်တော် ဒီဟာနဲ့ မီးတောက်ကိုလည်း ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်မယ် တူတယ်။ ပိုအရေးကြီးတာက သင်္ကေတတွေ ရေးထိုးတဲ့အခါမှာပဲ။ ဒါသာ အောင်မြင်သွားရင် နောင်အနာဂတ်တွင် ဘယ်လိုတွေ တိုးတက်သွားမလဲဆိုတာ ကျွန်တော်လည်း မခန့်မှန်းတတ်ဘူး။”

ယဲ့လောင်က တတွတ်တွတ်ပြောနေသည့် သူ့တပည့်အား ကြည့်ကာ သူ့ အကြည့်များလည်း တောက်ပသွားသော်လည်း သူ့မျက်နှာထားက နဂိုအတိုင်းသာ ကျန်ရှိသေးလေ၏။ အကယ်၍ သူ့တပည့်သာ သူ့ပင်ကိုစွမ်းရည်ကို ထိုအဆင့်ထိ တိုးမြှင့်နိုင်လျှင် ဆေးဝါးပါရမီက မယုံနိုင်လောက်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားလိမ့်မည်။

ယဲ့လောင်က ထိုအရာကို ကြားပြီး စိတ်လှုပ်ရှားလာလေသည်။ ဤသည်က မူလကျင့်ကြံရေးအနေဖြင့် မူလနည်းစနစ် တစ်ခု ဖြစ်ပေသည်။ မှန်ကန်သည့် ပင်ကိုစွမ်းရည်ဖြင့် သာမန်လူတစ်ယောက်ကပင် သူတို့၏ စွမ်းရည်ကို သင့်တော်သည့်အနေအထားသို့ ရောက်ရှိနိုင်သရွေ့ ထူးကဲလာနိုင်သည်။

“ ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်” ယဲ့လောင်က ထိုစကားကို သုံးကြိမ်တိုင်တိုင် ပြောလိုက်သည် “ မင်း လုပ်တာ ကောင်းတယ် … ရှောင်ချန် …  မင်းက ဆရာ့ကို စိတ်မပျက်စေဘူး”

အခုတော့ ငါ ဒီလူရဲ့ သံသယဝင်မှုကို ဖယ်ရှားနိုင်လိုက်ပြီ။ ပြီးတော့ အခုကစပြီးတော့ ပါရမီထုတ်ပြဖို့ ငါ စိတ်ပူနေစရာ မလိုတော့ဘူး။

ဝမ်ဝေ့က လော့ချန်၏ ပင်ကိုစွမ်းရည်ကို ပြသပြီး ဆရာဆီမှ အရေးသာမှုကို ရယူဖို့ စီစဉ်ထားလေသည်။ ထိုအခါဤနေရာမှ သူ့ရည်မှန်းချက် ရောက်ရှိဖို့ အခွင့်အလမ်း တိုးမြင့်လာလိမ့်မည်။ အမှန်အတိုင်းပြောရလျှင် သူက ထိုပါရမီကို ဖွံ့ဖြိုးအောင် လုပ်ဖို့အတွက် အတွေးအများကြီး ရှိပြီး နမူနာအားဖြင့် နောင်အနာဂတ်တွင် သူက တိကျစွမ်းရည်နှင့် တခြားအရာများတွင်လည်း အသုံးပြုချင်ဖူးသည်။ နမူနာအားဖြင့် ရုပ်ပိုင်းဆိုင်ရာခွန်အားအပေါ် သက်ရောက်ဖို့ ပြီးပြည့်စုံသည့် နည်းလမ်း၊ မူလအဆီအနှစ်ကို ထိန်းချုပ်ဖို့ ပြီးပြည့်စုံသည့် နည်းလမ်း၊ ဝိညာဉ်ကို ထိန်းချုပ်နိုင်မည့် ပြီးပြည့်စုံသည့် နည်းလမ်း အစရှိသဖြင့် ဖြစ်သည်။

နောက်ဆုံးတွင် သူက စည်းမျဉ်းကိုပင် ထိန်းချုပ်နိုင်သည့် တိကျသည့် နည်းလမ်းကို ရှာဖွေနိုင်သည်။

လော့ချန်၏ စွမ်းရည်က ဆေးဝါးပညာရပ်တွင် ကန့်သတ်ထားဟန်ပေါ်သော်လည်း ယခုဝမ်ဝေ့က ထိုအနေအထားထိ ရောက်အောင် လုပ်မည်။ အကယ်၍ သူသာ အောင်မြင်သွားပါက ထိုစွမ်းရည်ကို လော့ချန်အား သူ့ခန္ဓာကိုယ် ပြန်ပေးပြီးသည့်နောက်တွင်ပင် ပြန်ပေးမည် မဟုတ်ပေ။ အကယ်၍  သူ ကျရှုံးသွားပါက သူက ထိုသက်ရောက်မှုမျိုး ရှိသည့် ကျင့်ကြံရေးနည်းစနစ်ကို ဖန်တီးဖို့ ကြိုးစားကြည့်ရမည်။

ဧကရီဝူက သူမ၏ စကြဝဠာ စည်းတံဆိပ်ဖြင့် လုပ်ခဲ့သလို ဖြစ်၏။

ယဲ့လောင်၏ ချီးကျူးမှုကို ခံယူပြီးနောက် ဝမ်ဝေ့က ပျော်ရွှင်သလို အနည်းငယ် ရှက်ရွံ့သည့် မျက်နှာထားမျိုး လုပ်ထားလေသည်။ သူ့အပေါ် တုံ့ဆိုင်းသည့် အမူအရာတစ်ခု ပေါ်ထွက်လာ၏။

“ ရှောင်ချန် … မင်းစိတ်ထဲ တစ်ခုခုများ ရှိလို့လား”

“ ဆရာ ကျွန်တော် မီးထိန်းချုပ်ရေး ပညာရပ်အကြောင်းကို စဉ်းစားနေတာပါ”

“ ပြဿနာ တစ်ခုခုများ ရှိလို့လား။ တကယ်လို့ မင်း နားမလည်တာ ရှိရင် ဆရာရှင်းပြပေးမယ်”

“ အဲလိုတော့ မဟုတ်ပါဘူး။ ကျွန်တော် စစ်ဆေးမှုအတွက် စောင့်နေတုန်း ကျန့်ယွိဆိုတဲ့ နာမည်နဲ့ တပည့်တစ်ဦးက ကျွန်တော်ဆီ ချဉ်းကပ်လာတယ်။ ကျွန်တော်နဲ့ သူနဲ့ စကားပြောပြီးတော့ သူက ကျွန်တော် ကျင့်ကြံတဲ့ ကျင့်ကြံရေး နည်းစနစ်ကို စိတ်ဝင်စားနေတဲ့ပုံပဲ။ ကျွန်တော်လည်း မသိပေမဲ့ ဒီနည်းစနစ်က လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်လို့ ခံစားမိနေတယ်”

ယဲ့လောင်က ထိုအရာကို ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ သူ ရရှိထားသည့် သတင်းအချက်အလက်အရ တစ်ယောက်ယောက်က ရှောင်ဝူဆီ ချဉ်းကပ်လာသည်မှာ အမှန်ဖြစ်၏။ ထိုလူက ဖူချိုက်ယွင်၏ အင်အားစုထဲမှ ဖြစ်နေလေသည်။

သူ တစ်ခုခုများ သံသယရှိသွားတာလား…

ယဲ့လောင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည် “ မင်း ဘာမှစိုးရိမ်စရာ မလိုဘူး။ မင်း ၆လွှာအထိ ကျင့်ကြံပြီး ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ရောက်တဲ့အခါ အရာအားလုံးကို သိလာလိမ့်မယ်”

“ ဆရာ ကျွန်တော်ရဲ့ ပင်ကိုစွမ်းရည် ပေါင်းစပ်မှုနဲ့ဆိုရင် ၆လွှာကို မကြာခင် ရောက်တော့မယ် တူတယ်”

မီးထိန်းချုပ်ရေး ပညာရပ်သည် ထူးဆန်းသည့် နည်းစနစ်တစ်ခု ဖြစ်ပြီး မီးထိန်းချုပ်နိုင်စွမ်းကို ပြသနိုင်ရုံသာမက ကျင့်ကြံရေးနည်းစနစ် တစ်ခုအဖြစ်လည်း အသုံးပြုနိုင်လေသည်။ ထို့ကြောင့် လုံလုံလောက်လောက် ပါရမီရှိသရွေ့  သတ်မှတ်ထားသည့် ကျင့်ကြံဆင့်မရောက်ပဲ မြင့်မားသည့် အဆင့်သို့ ရောက်ရှိဖို့  ဖြစ်နိုင်လေသည်။

“ မင်းက သိချင်တာကို ဆရာနားလည်ပါတယ်” ယဲ့လောင်က ပြောလိုက်သည် “ ဒါပေမဲ့ မင်း နားလည်ထားရမယ်။ တချို့လိုအပ်ချက်တွေက သင့်တော်တဲ့ အင်အားမရှိဘဲ သိခွင့် မရှိဘူး”

ကြည့်ရတာ ငါ ဒီနည်းစနစ်ရဲ့ လျှို့ဝှက်ချက်ကို မြန်မြန်သိရဖို့ တခြားနည်းလမ်းရှာမှ ထင်တယ် …

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး သူ့ဆရာနှင့် စကားအနည်းငယ် ပြောပြီးနောက် သူ့ဂူသို့ ပြန်သွားလေသည်။

All Chapters