← Chapters

သေဆုံးမှု

Vol. 24 Ch. 325

သေဆုံးမှု

Vol. 24 Ch. 325

အခန်း (၃၂၅) : သေဆုံးမှု

ဝမ်ဝေ့က သူ့အိမ်သူ ပြန်လာပြီးသည့်နောက်တွင် မီးထိန်းချုပ်ရေး ပညာရပ်နှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်များကို မည်သို့ရယူရမည်ကို စဉ်းစားလိုက်သည်။ ယခုတွင် သူက ထိုနည်းစနစ်၏ အရင်းအမြစ်၊ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး သဘောတရားတစ်ခု ကောက်ချက်ချထားလေသည်။ ကံဆိုးစွာဖြင့် သူ့တွင် လုံလောက်သည့် သက်သေအထောက်အထား မရှိသေးပေ။

သူ့အလိုလိုသိစိတ်က ထိုကျင့်ကြံရေး နည်းစနစ်သည် ဤဂိုဏ်းသို့ ကျူးကျော်လာရသည့် သူ့ရည်ရွယ်ချက်နှင့် ပတ်သက်နေကြောင်း ပြောပြနေလေ၏။ ထို့ကြောင့် သူက ကြိုတင်အစီအစဉ်တစ်ခု ပြုလုပ်ပြီးသည့်အခါ တခြားတစ်ခုကို လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်သည်။

ယနေ့စစ်ဆေးမှုအတွင်း ပါဝင်စစ်ဆေးခံသူ တစ်ယောက်က သူ့အာရုံကို ဖမ်းစားသွားလေသည်။ အတိအကျဆိုရလျှင် သူ ဖော်စပ်သည့်ဆေးလုံးက သူ့အာရုံကို ဖမ်းစားသွားခြင်း ဖြစ်၏။ ထိုလူက အံ့ဖွယ်အင်္ဂါရပ် အစာထိုးဆေးလုံးဟု ခေါ်သည့် ဆေးလုံးကို ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။

အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်၏ လူသားအဆင့်တွင် အတွင်းအင်္ဂါ လေ့ကျင့်ရေးက အခက်ခဲဆုံး ဖြစ်စဉ်တစ်ခု ဖြစ်၏။ တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့်မတူဘဲ ဒဏ်ရာရသွားသည်နှင့် ပြန်လည်ကုသဖို့ ခက်ခဲသလို ထာဝရဒဏ် ဖြစ်သွားနိုင်သည်။

အကယ်၍ သင့်တော်သည့် ပမာဏအထိ မလေ့ကျင့်ပေးထားနိုင်လျှင် ကျင့်ကြံသူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ရောက်ရှိသည့်အခါ သူတို့၏ ခန္ဓာကိုယ်များက စည်းမျဉ်း၏ သန့်စင်ခြင်းကို ခံရသည့်အခါ သူတို့၏ အတွင်းအင်္ဂါများက ချက်ချင်းဆိုသလို ပျက်စီးသွားကာ သေခြင်းတရားကို ဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့် အံ့ဖွယ်အင်္ဂါရပ် အစားထိုးဆေးလုံးက အသုံးဝင်လာခြင်း ဖြစ်၏။ ထိုအရာကို သုံးစွဲထားသည်နှင့် ကျင့်ကြံသူတစ်ဦးက စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည်ရှိသည့် အံ့ဖွယ်အင်္ဂါရပ် အတု တစ်ခုကို ချက်ချင်းပြန်လည် ပေါက်လာနိုင်စေသည်။

ထိုဆေးလုံးကို အသုံးပြုခြင်းက ကျင့်ကြံဆင့်ကို ခိုင်မာစေမည် မဟုတ်သောကြောင့် လေဟာနယ်ဖြိုခွင်းခြင်း အဆင့်သည် ကျင့်ကြံရေးလမ်းစဉ်၏ အဆုံးသတ် ဖြစ်သွားလိမ့်မည်။ ထို့အပြင် ထိုသို့လုပ်စဉ်အခါ ကျရှုံးနိုင်ချေလည်း မြင့်မား၏။ မည်သို့ပင်ဆိုစေကာမူ ပါရမီနည်းပါးသည့် လူများစွာက ထိုဆေးလုံးကို အသက်ကယ်ဆေးအဖြစ် အသုံးပြုနေကြသေးသည်။

ဝမ်ဝေ့က ထိုနေရာအထိ စဉ်းစားပြီးနောက် ထိုဆေးလုံးကို ကြားသာကြားဖူးပြီး တစ်ခါမှမမြင်ဖူးကြောင်း အမှတ်ရသွားသည်။ အကြောင်းမှာ ဆေးဖော်စပ်နည်းက မူလဆေးလုံးတာအိုဂိုဏ်းတွင်သာ တည်ရှိ၍ ဖြစ်သည်။

ထိုတပည့် ထိုဆေးလုံးဖော်စပ်သည်ကို ကြည့်ရှုပြီးသည့်နောက်တွင် သူ့အနေနှင့် သူ့ကျူးကျော်မှုသည် ထင်ရသည်ထက်ပို၍ အရေးကြီးလေကြောင်း သဘောပေါက်သွားလေသည်။ သူ့အခြေအနေဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းတွင် မရှိသည့် ဆေးဖော်စပ်နည်းများကို ခိုးယူဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်ပေသည်။

ဆေးဝါးပညာအရ ဖြစ်စေ၊ သို့မဟုတ် တခြားသော အမွေအနှစ်များအရ ဖြစ်စေ တာအိုအခွင့်အလမ်းဂိုဏ်းတွင် ဧကရာဇ်အဆင့်ဖြစ်သည့် ပြီးပြည့်စုံသော အမွေအနှစ် ရှိလေသည်။ အကြောင်းမှာ လီမိသားစု၏ ဒုတိယမဟာဧကရာဇ် လီကျန့်၏ အားထုတ်မှုကြောင့်သာ ဖြစ်၏။ ထိုသူက အထွေထွေလေ့လာရေး ဧကရာဇ်ဟု နာမည်ကို ခံယူခဲ့သည်။

သူ့နာမည်အတိုင်း ထိုဧကရာဇ်က သူ့ဘဝတွင် အရာများစွာကို လေ့လာရသည်ကို စိတ်ဝင်စားလေသည်။ သူက ဆေးဖော်စပ်ခြင်း၊ အဆောင်ပြုလုပ်ခြင်း၊ လက်နက်ထုဆစ်ခြင်း၊ အစီအရင်၊ ဂမ္ဘီရ၊ ယင်ယန်တွက်ချက်ခြင်း၊ ရုပ်သေးရုပ်၊ ဆေးပင်ပြုစုပျိုးထောင်နည်း၊ သားရဲပြုစုပျိုးထောင်နည်း၊ သားရဲထိန်းချုပ်နည်း အစရှိသဖြင့် လေ့လာခဲ့သည်။

သူက စာပေပညာရပ်မျိုးလို ဖြစ်သည့် ကဗျာ၊ လက်ရေးလှ၊ စစ်တုရင်၊ စစ်တပ်ဗျူဟာများစွာကိုလည်း လေ့လာခဲ့လေသည်။ သူ၏ ရှည်လျားလှသည့် ပါရမီနှင့် သက်တမ်းဖြင့် အရာများစွာကို လေ့လာခဲ့သည်။

သူက တာအိုကို ဓာတ်ငါးပါးဖြင့် သက်သေပြခဲ့ပြီး ဓာတ်ငါးပါး အုတ်မြစ်ကျမ်းကို ဖန်တီးခဲ့သော်လည်း သူက မဟာဧကရာဇ် ဖြစ်လာပြီးသည့်နောက်တွင်ပင်  အမျိုးမျိုး လေ့လာခြင်းအား မရပ်တန့်လိုက်ပေ။

တာအိုအခွင့်အလမ်းဂိုဏ်းတွင် ဆေးဖော်စပ်နည်းများ၊ သူတို့ကိုယ်တိုင် ကျွမ်းကျင်ပါရမီရှင်များအား ပြုစုပျိုးထောင်နိုင်သည့် သင်္ကေတများအကြောင်း သိနေသည့် အကြောင်းအရင်းမှာ သူ့ကြောင့်သာ ဖြစ်၏။ အထွေထွေလေ့လာရေး ဧကရာဇ်က တစ်ယောက်တည်းဖြင့် ဂိုဏ်း၏ အုတ်မြစ်ကို မြှင့်တင်ပေးခဲ့သည်။

သို့သော်လည်း ထိုအရာက သီးသန့်ပြုလုပ်ထားသည့် အတတ်ပညာများ၏ ဂိုဏ်းနှင့်တော့ မယှဉ်နိုင်သေးပေ။ ဂိုဏ်းက များစွာတွင် လိုအပ်နေသေး၏။ သို့သော်လည်း ဝမ်ဝေ့က သူက ထိုသီးသန့်ဂိုဏ်းများနှင့် သူ့ ကိုယ်ပိုင်ဂိုဏ်း၏ အုတ်မြစ်ကြားက ကွာဟချက်ကို လျှော့ချနိုင်ဖို့ ပြီးပြည့်စုံသော အခွင့်အရေးကို ရလာကြောင်းတွေ့ရှိလိုက်သည်။ အနည်းဆုံးတော့ ဆေးဝါးပညာရပ်တွင် ဖြစ်၏။

ထိုသို့ သဘောပေါက်ပြီးသည့်နောက်တွင် သူက ဤနေရာတွင် နေထိုင်ရင်း ဆေးဖော်စပ်နည်းများစွာကို တတ်နိုင်သမျှ များများ သင်ယူဖို့ ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဖြစ်နိုင်ပါက သူက သူ့အဆင့်အတန်းဖြစ်သည့် ဂိုဏ်းချုပ်တပည့်ဟူသော အဆင့်အတန်းကို အသုံးချရမည်။

သူက အနာဂတ်အတွက် ပြီးပြည့်စုံသော အစီအစဉ်ကို ချမှတ်ပြီးသည့်နောက်တွင် ဆေးဝါးဖော်စပ်ခြင်းသို့ ပြန်လည် အာရုံရောက်သွားလေသည်။ သူက ဤအချိန်ကိုယူကာ တခြားသော အတတ်ပညာများကိုလည်း လေ့လာဖို့ အချိန်ယူလိုက်သည်။ လတ်တလောနှစ်များ၌ သူက အတော်လေး ပျင်းရိနေခဲ့၏။

……………

ကောင်းကင် ဘုံဗိမာန်နယ်မြေ

လီကျွင်းက သူ့ရှေ့မှ တပည့်အား ကြည့်ကာ မေးလိုက်သည် “ ပြီးပြီလား”

“ ဟုတ်ကဲ့ ပြီးပါပြီ။ အချိန်တစ်နှစ်ကျော်အကြာနဲ့ အရင်းအမြစ်များစွာ ယူပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ပြီးမြောက်သွားခဲ့ပါပြီ”

“ အဲလိုဆိုရင် အခု စတင်ရမဲ့အချိန်ပဲ”

အချိန်စိစစ်မှု ကွာဟချက်ကြောင့် အသင်္ချေအင်ပါယာကမ္ဘာတွင် သုံးလတာမျှ ကြာမြင့်သေးသော်လည်း ဤနေရာတွင် တစ်နှစ်ခွဲ ကြာမြင့်သွားလေပြီ။

ထိုစဉ်အတွင်း နတ်ဘုရားများက လီကျွင်းတို့၏ အုပ်စုကို မရပ်မနား ရှာဖွေနေကြသည်။ အနည်းဆုံးတော့ ပထမပိုင်းတွင် ဖြစ်၏။

သူတို့က လပိုင်းခန့် ရှာဖွေပြီး ဘာမှမတွေ့ရှိသည့်နောက်တွင် နတ်ဘုရားအများစုက စတင်၍ လက်လျှော့လာကြသည်။ သူတို့အတွက် သူတို့က မြင့်မြတ်ကာ စွမ်းအားကြီးသည့် သက်ရှိများ မဟုတ်ပါလော။ သူတို့အနေနှင့် ထိုသို့နိမ့်ကျသည့်သူများကို ရှာဖွေရင်း ဘယ်လိုလုပ် အချိန်ကုန်ဆုံးချင်မည်နည်း။

ကံဆိုးစွာဖြင့် ဤကမ္ဘာက အတော်လေး ဝါစဉ်ကြီးလိုက် သဘောကို ဆောင်လေသည်။ အထွတ်အထိပ် နတ်ဘုရားများက အခြားသူများကို ရှာဖွေခိုင်းထားသောကြောင့် သူတို့က ပွင့်လင်းမြင်သာ မငြင်းနိုင်ပေ။ ထို့ကြောင့် နတ်ဘုရားငယ်များက အနည်းငယ်မျှသာ လုပ်ပြီး သူတို့လက်အောက်ရှိ လေဟာနယ် နတ်ဘုရားများကို အားအပြည့်သုံးကာ ရှာဖို့အမိန့်ပေးထားသည်။

ပထမပိုင်းတွင် လေဟာနယ်နတ်ဘုရားများကလည်း အားအကုန်သုံး၍ ရှာဖွေခဲ့ကြသည်။ သို့သော်လည်း ဤရှာဖွေမှုက အရာမထင်ခဲ့ပေ။ သူတို့ကလည်း သူတို့လက်အောက်မှ အစစ်အမှန် နတ်ဘုရားများကိုခိုင်းကာ ရှာဖွေခိုင်းခဲ့သည်။

ဤနည်းဖြင့် အထက်ပိုင်း နတ်ဘုရားများက သူတို့၏ လက်အောက်ခံများကိုသာ အမိန့်ပေးထားကြပြီး သူတို့ကမူ ပျင်းရိနေကြလေသည်။ အဆုံးသတ်တွင် သေမျိုးထက် အနည်းငယ်သာ ထူးခြားမှုရှိသည့် မြင့်မြတ်ကျောင်းဆောင်အဆင့် ကျင့်ကြံသူများကသာ လိုက်လံရှာဖွေနေကြရသည်။

အထွတ်အထိပ် နတ်ဘုရားများအတွက်မူ အများစုက ဂရုမစိုက်ကြပေ။ သူတို့က ထိုအပြင်လူများသည် သူတို့ကမ္ဘာမှ ထွက်သွားပြီဟု တွေးနေကြ၏။ ကံကြမ္မာနတ်ဘုရားမ၏ ရှေးဖြစ်ဟောချက်နှင့် ပတ်သက်လာသည့်အခါ သူမက မှားယွင်းနေလေသည်ဟုသာ သူတို့က ယုံကြည်ကြသည်။

အကယ်၍ သူသာ ထိုအစည်းအဝေးတွင် မိခင်နတ်ဘုရားအကြောင်း ထည့်မပြောခဲ့လျှင် လူအများစုက သူမကို ယုံကြည်ကြမည် မဟုတ်ပေ။

ယနေ့ကား ကောင်းကင် ဘုံဗိမာန်ကမ္ဘာ၏ လူများအတွက် သာမန်နေ့ရက်သာ ဖြစ်နေလေသည်။ နတ်ဘုရားများသည် ထိုသို့သာ အတူတူတွေးခဲ့ကြ၏။ အများစုက သူတို့က နေ့စဉ် မိနစ်သုံးဆယ်မှ တစ်နာရီကြား ရှာဖွေပြီးနောက် သူတို့၏ ကောင်းကင်ဘုံဗိမာန်သို့သာ ပြန်သွားကြသည်။ သို့သော်လည်း သူတို့ထိန်းချုပ်မှုအောက် လွတ်ကင်းသွားသည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။

သေခြင်းတရား နတ်ဘုရား အုပ်စိုးသည့်  မရဏနယ်မြေတွင် မြေကြီးမှ ကောင်းကင်အထိ စက်ဝန်းသဏ္ဌာန် သင်္ကေတများစွာ ပေါ်ထွက်လာလေသည်။ ထိုအရာများက နယ်မြေတစ်ခုလုံးကို အုပ်လွှမ်းသွားလေ၏။

“ အစီအရင်လား” သေခြင်းတရားနတ်ဘုရားက အမူအရာ ပျက်ယွင်းစွာဖြင့် ရေရွတ်လိုက်သည်။ သူက ချက်ချင်းဆိုသလို လှုပ်ရှားချင်သော်လည်း နောက်ကျသွားခဲ့လေပြီ။

အစီအရင်က အသက်ဝင်လာပြီး မရဏနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ချက်ချင်းဆိုသလို နတ်ဘုရားများက မိုးမြေကြားရှိ အပြောင်းအလဲကို ခံစားမိလိုက်ကြသည်။ အထူးသဖြင့် လေဟာနယ်နတ်ဘုရားနှင့် အထက်ဖြစ်ကြသည်။

သူတို့က သူတို့၏ ကောင်းကင်ဘုံဗိမာန်ကို မဆက်သွယ်နိုင်ကြတော့ပေ။ ဆိုလိုသည်မှာ သူတို့က သူတို့အင်အား တိုးတက်လာပြီး သူတို့ဘာသာသူတို့ ပြန်လည်ကုစားဖို့အတွက် လေဟာနယ်စွမ်းအားကိုလည်း ထုတ်မသုံးကြတော့ပေ။

ပို၍အရေးကြီးသည်မှာ သူတို့က အစီအရင်က လေဟာနယ်ကို ပိတ်ဆို့ထားသည့်အတွက် သူတို့ ဘုံဗိမာန်ထဲကိုပင် မဝင်ရောက်နိုင်တော့ပေ။  ထိုဘုံဗိမာန်အတွင်းရှိ နတ်ဘုရားများက သူတို့ကိုယ်တိုင်လည်း ထွက်မသွားနိုင်ဘဲ ပိတ်ဆို့ခံရကြောင်း သဘောပေါက်သွားလေသည်။

ကောင်းကင်တွင် အနက်ရောင် စွမ်းအားတစ်ခု ပေါ်ထွက်လာကာ အနက်ရောင် ဝတ်ဆင်ထားသည့် လူလတ်အမျိုးသားတစ်ဦးက ပေါ်ထွက်လာသည်။ သူက သေခြင်းတရား နတ်ဘုရား ဖြစ်၏။ သူ့ကောင်းကင်ဘုံဗိမာန်က သူနှင့်ပေါင်းစပ်ထားသောကြောင့် သူက အာကာပြင် အတားအဆီးကို ချိုးဖောက်ဖို့ စည်းမျဉ်းစွမ်းအားကို အသုံးပြုနိုင်လေသည်။

ကံဆိုးစွာဖြင့် သူ တစ်ယောက်တည်းသာ ထွက်လာနိုင်လေ၏။ သတင်းကောင်းမှာ သူက သူ့ဘုံဗိမာန်၏ စွမ်းအားကို အသုံးပြုနိုင်ဆဲ ဖြစ်၏။

သေခြင်းတရား နတ်ဘုရားက သူ့နယ်မြေကို ကြည့်လိုက်ပြီးသည့်နောက် မရဏတိုင်းပြည်ထဲ ယုံကြည်မှုစွမ်းအား အစုစည်းဆုံး နေရာအများစုတွင် နေရာယူထားသည့် တပ်များစွာကို မြင်လိုက်ရသည်။

မီးတိုင်းပြည်ကဲ့သို့ မရဏနယ်မြေတွင် အားအကောင်းဆုံး အင်အားစုမှာ သေခြင်းတရား နတ်ဘုရား ဖန်တီးထားပြီး သူ့မျိုးဆက်များ အုပ်စိုးနေသည့် တိုင်းပြည် ဖြစ်ပေသည်။ အထွတ်အထိပ် နတ်ဘုရားအများစုက ထိုနိုင်ငံရေးပုံစံကို အသုံးချကာ သူတို့၏ နယ်မြေကို အုပ်စိုးသည်မှာ ယုံကြည်မှုစွမ်းအား ပိုမိုစုပ်ယူဖို့ ပိုလွယ်ကူ၍ ဖြစ်သည်။

သူက အကြည့်တစ်ချက်တည်းဖြင့် ထိုတပ်မဟာ၏ အရှိန်အဝါသည် သေချာလေ့ကျင့်ထားပြီး လက်ရွေးစင်များ ဖြစ်ကြောင်း ပြောနိုင်လေ၏။ သူ့နတ်ဘုရားများက ထိုလူများအတွက် ပြိုင်ဘက် မဟုတ်ပေ။ ထို့ကြောင့် သူက ဝင်စွက်ဖက်ဖို့ ပြင်လိုက်သည်။

သို့သော်လည်း သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသည်နှင့် ရွှေနီရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက သူ့ရှေ့တွင် ပေါ်ထွက်လာသည်။ သေခြင်းတရားနတ်ဘုရားက ထိုလူငယ်လေးဆီမှ ရင်းနှီးသော အငွေ့အသက်အပြင် ကြောက်မက်ဖွယ် တိုက်ခိုက်ရေး အငွေ့အသက်ကို ခံစားမိနေသည်။

ခဏကြာ စဉ်းစားပြီးနောက်တွင် ဤအငွေ့အသက်က သူနှင့်ဆင်တူကြောင်း သဘောပေါက်သွားသည်။ ဤသည်က မရဏအငွေ့အသက် ဖြစ်၏။

“ မင်းက ငါတို့ကမ္ဘာကို ကျူးကျော်လာတဲ့ အပြင်လူ ဖြစ်ရမယ်”

“ မှန်တယ်”

လီကျွင်းက တည်ငြိမ်စွာဖြင့်ပြောပြီး တစ်ဖက်လူအား ခေါင်းစခြေဆုံးကြည့်လိုက်သည်။

“ ခင်ဗျားတို့လည်း သိမှာပါ။ ကိစ္စတွေက ဒီလိုမျိုးရှုပ်ထွေးပြီးတော့ သွေးသံရဲရဲ ဖြစ်စရာ မလိုဘူး။ ခင်ဗျားတို့ နတ်ဘုရားတွေကသာ ကျုပ်တို့နဲ့ ပူးပေါင်းမယ်လို့ ပြောတာနဲ့ ကျုပ်တို့ ရည်မှန်းချက် ပြီးမြောက်သွားတာနဲ့ ဒီကမ္ဘာကနေ ထွက်သွားပေးမယ်။ ခင်ဗျားတို့လည်း ခင်ဗျားတို့ ကြိုက်သလောက် အုပ်စိုးကြပေါ့”

“ အဲဒီရည်မှန်းချက်က ဘာများဖြစ်မလဲ”

“ ဘာမှမပြောနိုင်ဘူး”

“ ဟား…ဟား…ဟား…” သေခြင်းတရား နတ်ဘုရားက လှောင်ရယ်မောလိုက်သည် “ မင်းစကားတွေက မလေးနက်ဘူး။ တကယ်လို့ မင်းတို့က ပူးပေါင်းချင်တယ်ဆိုရင် ငါတို့ကို ဆက်သွယ်ပြီးတော့ မင်းရဲ့ လိုအပ်ချက်နဲ့အခြေအနေကို ပြောပြရမှာပဲ”

“ ခင်ဗျားက ဒီဟာပြောတာ တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်။ ဒါပေမဲ့ စကြဝဠာကြီးရဲ့ အခြေခံကျတဲ့ အမှန်တရားတစ်ခုက အင်အားတူတဲ့ လူတွေကပဲ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းနိုင်တာလေ”

သေခြင်းတရား နတ်ဘုရားက ထိုစကားကိုကြားပြီးနောက် အမူအရာ ပျက်ယွင်းသွားလေသည်။ ထို့နောက် သူက အသံကို မြှင့်ပြောလိုက်သည်။

“ မင်းက အားအကောင်းဆုံး နတ်ဘုရားကို သတ်ပြီးတော့ မင်းတို့စွမ်းအားကို ပြချင်တယ်ပေါ့။ ပြီးတော့ကျတော့ ဆက်သွယ်ပြီးတော့ သံတမန်ရေးရာ ညှိနှိုင်းချင်တယ်ပေါ့”

လီကျွင်းက ခဏတာ ရပ်တန့်လိုက်ပြီးနောက် “ အရှင်းဆုံးပြောရရင် ခင်ဗျားက အားအကောင်းဆုံး နတ်ဘုရားမှန်း မသိဘူး။ ကျုပ်တို့က ခင်ဗျားနယ်မြေက ဒီအထွတ်အထိပ် နတ်ဘုရားတွေထဲမှာ အကြီးဆုံးပိုင်နက်မလို့ တိုက်ခိုက်လိုက်ရုံပဲ”

ဤအဖြေက သေခြင်းတရား နတ်ဘုရားအား ဒေါသထွက်သွားစေသည်။ တစ်ဖက်လူက ဆိုလိုရင်းက သိသာလှ၏။ သူတို့အတွက် နတ်ဘုရားများ အားကောင်းခြင်း၊ အားမကောင်းခြင်းက အရေးမပါပေ။ အားလုံးက အသတ်ခံရမည်သာ ဖြစ်၏။

All Chapters